← Chapters

Chapter 8

Vol. 1 Ch. 8

Chapter 8

Vol. 1 Ch. 8

ထိုညတွင် ယန်ရှီ အဆောင်သို့ပြန်မသွားခဲ့ချေ။

နွေရာသီ‌ကျောင်းပိတ်ရက်ဖြစ်သည့်အတွက် အတန်းတက်စရာမရှိပေ။ သူမ၏ အခန်းဖော်သည့်လည်း အိမ်သို့မပြန်တော့ဘဲ အဆောင်မှာပဲ နေမည်ဟု ပြောသည်။ ယန်ရှီအား စိတ်ပူနေသော ကျုံချင်းယွီသည် သူမကို သူ့၏ တိုက်ခန်းအကျယ်ကြီးထံသို့ ခေါ်လာခဲ့သည်

ထိုညတွင် ယန်ရှီနှင့် ကျုံချင်းယွီ တို့ တစ်ခန်းတည်းအိပ်ခဲ့ကြသည်။

နောက်မနက်တွင် ယန်ရှီ တံခါးခေါက်သံ‌ေကြာင့် နိုးလာခဲ့သည်။အိပ်ပုတ်ကြီးသော ကျုံချင်းယွီသည် စောင်တွေကြားမှာလူးလိမ့်နေခဲ့ပြီး တံခါးခေါက်သံကို လစ်လျူရှုကာ ဆက်အိပ်နေသည်။

ယန်ရှီအိပ်ချင်မူးတူးဖြင့် နာရီထကြည့်လိုက်သည်။ ၇နာရီထိုးပြီ။

ဆက်တိုက်ခေါက်နေသောတံခါးခေါက်သံဟာ ပိုပိုကျယ်လာသည်။

မထူးတော့သည့်အဆုံး ယန်ရှီ အိပ်ရာကထကာ တံခါးဖွင့်ရန် ဧည့်ခန်းထံသို့ ဦးတည်လျှောက်လှမ်းလာခဲ့သည်။

အပြင်ဘက်တွင် “အတူခရီးသွားကြစို့”အဖွဲ့သားများနှင့် ဝန်ထမ်းများ စုဝေးရပ်နေကြသည်။ ဦးဆောင်လာသူမှာ PD (ထုတ်လုပ်မှုဒါရိုက်တာ) ဖြစ်ပြီး၊ ဗီဒီယိုရိုက်ရမည့်ကင်မရာအဖွဲ့ဟာလည်း အစီအစဉ်အတိုင်း ပြင်ဆင်နေသည်။

ရှိုးရိုက်ကူးချိန်ဟာ မနက် ၈ နာရီဖြစ်သော်လည်း ရိုက်ကူးရေးအဖွဲ့သည် စောရောက်နေခဲ့သည်။အမျိုးသမီးအနုပညာရှင်များ၏ မိတ်ကပ်မပါသည့်မျက်နှာနှင့် အမျိုးသားအနုပညာရှင်များ၏ အိပ်နေသည့်ပုံစံ စသည်ဖြင့် ပုံမှန်နေ့စဉ်ဘဝနေထိုင်မှုတွေကို ရိုက်ကူးဖို့ ရောက်ချလာခြင်းဖြစ်သည်။

ဤအစီအစဉ်ကို ကြည့်ရှုသူများသည် အထူးစိတ်ဝင်စားကြပြီး၊ မနက်စောစောဖြစ်သော်လည်း တိုက်ရိုက်ထုတ်လွှင့်မှုကိုကြည့်ရှုသူအများအပြား ရှိနေပြီးဖြစ်သည်။

[ကျုံချင်းယွီ အရှက်ကွဲမှာကို ကြည့်ဖို့အဆင်သင့်ပဲ]

[ကျုံချင်းယွီ ဒီလိုရိုက်ကူးရေးရှိမှန်းမသိတာ သေချာတယ်၊ “အနုပညာလောကရဲ့ဘုရင်မ”က မိတ်ကပ်မပါ filtersမပါရတဲ့မျက်နှာက သိပ်ကိုကြည့်ရဆိုးမှာပဲ]

[သူမရဲ့ရုပ်ရည်က သာမာန်ပါပဲ၊ ဒါတောင် ရဲ့လော့ယီနဲ့ ဒုတိယသခင်လေးပေတို့ရဲ့ဆက်ဆံရေးကို ဝင်ဖျက်ဖို့ ကြံရဲတယ်။ရွံစရာပဲ]

[သူမကမနာလိုဖြစ်‌ေနတာလေ၊ ဘာလို့ဆို လော့ယီက ဒုတိယသခင်လေးပေရဲ့ အချစ်ကိုရထားပြီး သူမထက်ပိုလှနေလို့၊ ဒါကြောင့် သူ လော့ယီကို ရိုက်လိုက်တာ]

လူတိုင်းသည် ကျုံချင်းယွီ၏ မိတ်ကပ်မလိမ်းထားသည့် မျက်နှာကို စောင့်မျှော်နေကြသည်။ တံခါးဖွင့်ပေး ပြီးသည်နှင့် တခြားအရာများ ဘာမှမစဉ်းစားပဲ ကင်မရာမန်းများနှင့် ဝန်ထမ်းများသည် တစ်ပြိုင်နက်တည်း ဝင်လာကြသည်။

သို့သော် screen ပေါ်မှာ ပေါ်လာခြင်းသည် ကျုံချင်းယွီ၏ ပုံပျက်နေသည့်ပုံစံမဟုတ်ဘဲ ယုန်ပုံလေးတွေပါသည့် ညအိပ်ဂါဝန်ဝတ်ထားသော ကောင်မလေးတစ်ယောက်သာဖြစ်သည်။သူမ၏ အသားအရေဟာ နှင်းစလေးတွေလို ကြည်တောက်နေပြီး၊သူမ၏ သွယ်လှသော လက်မောင်းများ ၊အနည်းငယ်ရှုပ်ပွနေသည့် ဆံပင်နှင့် လန့်သွားသောပုံစံလေးဟာ အခုမှအိပ်ရာမှ နိုးလာဟန် ရှိသည်။

[ဝေါင်း—ကျုံချင်းယွီက မိတ်ကပ်မပါဘဲ ဒီလောက်‌ေတာင်လှတာလား]

[ယုန်လေးလိုမျိုး ချစ်ဖို့ကောင်းလိုက်တာ ငါသူမပါးလေးကိုဆွဲလိုက်ချင်တယ်]

[နေပါအုံ ။သူက ကျုံချင်းယွီနဲ့မတူဘူး။Entertainment industry ရဲ့ မိတ်ကပ်က ဒီလောက်တောင် ပြောင်းလဲလို့ရတာလား]

[မျက်စိကန်းနေကြတာလား အဲ့ဒါကျုံချင်းယွီမဟုတ်ဘူး]

အိမ်ထဲသို့ ပြေးဝင်လာသည့် ဝန်ထမ်းများသည် ရုတ်တရတ်ရပ်သွားသည်။ခဏအကြာတွင် ဝန်ထမ်းတစ်ယောက်သည်။

“ဆောရီးပါ၊ ဒါက ကျုံချင်းယွီရဲ့အိမ်မလား၊ ကျွန်တော်တို့က “အတူခရီးသွားကြစို့”ထုတ်လုပ်ရေးအဖွဲ့သားတွေပါ” ဟုပြောလာသည်။

ဒါဟာ ယန်ရှီအတွက် ပထမဆုံးကင်မရာရှေ့ထွက်တာဖြစ်ပြီး တကယ်ကို ရှက်သွားသည်။ သူမသည် ညအိပ်ဂါဝန်ကို ရှက်ကိုးရှက်ကန်းဆုပ်ကိုင်လိုက်ကာ

“ချင်းယွီက အိပ်‌ေနတုန်းပါ၊ ကျွန်မ သွားနှိုးပေးမယ်နော်”

တိုက်ခန်းသည် စတုရန်းမီတာ ၅၀၀ ကျော်ကျယ်ဝန်းလှပြီး၊ အဖွဲ့သားအကုန်လုံးဝင်ဖို့တောင် နေရာလုံလောက်သည်။ PDသည် ယန်ရှီနောက်လိုက်ကာ အိပ်ခန်းဘက်သို့ဦးတည်သွားသည်။ ကင်မရာမန်းတော်တော်များများသည် ဧည့်ခန်းထဲတွင် ကင်မရာများနှင့် စက်ပစ္စည်းတွေတပ်ဆင်နေကြသည်။

PD က စိတ်ဝင်စားသလို မေးလာသည်။

“မင်းက အနုပညာရှင်လား၊ ဒါမှမဟုတ် ဒီခရီးမှာ ကျုံချင်းယွီရဲ့ပါတနာလား”

ယန်ရှီက စိတ်ရှည်ရှည်နှင့် ဖြေသည်။

“မဟုတ်ပါဘူး။ ကျွန်မကအနုပညာရှင်မဟုတ်ပါဘူး” ပြီးနောက် ကင်မရာသို့ ပြန်ကြည့်ကာ

“မင်္ဂလာပါ၊ ကျွန်မက ယန်ရှီပါ ချင်းယွီရဲ့ မိတ်ဆွေဖြစ်ပြီး ဒီအစီအစဉ်မှာအတူတူပါဝင်သွားမှာပါ”

[အနုပညာရှင်မဟုတ်တဲ့သူက ဒီလောက်တောင်လှတာလား]

[ကျုံချင်းယွီလည်း လှတယ် သူနဲ့ရင်းနှီးတဲ့လူတွေအကုန်လုံးလည်းလှကြတယ်၊ ငါလည်းလှချင်လိုက်တာ]

[မဟုတ်လောက်ပါဘူး ဒီမိန်းကလေးက Starlight Entertainment ကအသစ်ကလေးနေမှာ သူတို့ရှုယန်ယန်ကို အစားထိုးဖို့ တင်ပေးကြတာနေမယ်]

[အမှန်ပဲ!ရှုယန်ယန် ရိုက်ကူးရေးမတိုင်ခင် တုန်းက ချက်ချင်းကြီးနေမကောင်းဖြစ်တယ်ဆိုတာ မဖြစ်နိုင်ဘူးမလား အခု ကျုံချင်းယွီ ရဲ့ သူငယ်ချင်းကလည်း ဒီလောက်လှပြီး ထင်ပေါ်လွန်းတယ်၊ အဲလိုလှတဲ့သူတွေက များများစားစားမရှိဘူးလေ...]

[ကံဆိုးလိုက်တဲ့ ရှုယန်းယန်လေး၊ သူမ‌တော့ အထုတ်ခံရတော့မှာပဲ]

အိပ်ခန်းထဲ ဝင်လိုက်ချိန်မှာကျုံချင်းယွီက စောင်ပုံတွေထဲတွင် အိပ်စက်နေတုန်းဖြစ်သည်။

ယန်ရှီ လိုက်ကာဆွဲဖွင့် လိုက်ပြီးနောက် နေရောင်သည် အခန်း၏ ကြမ်းပြင်မှ မျက်နှာကြက်အထိ ဖြာကျလာသည်။

ဝန်ထမ်းများသည် ကျုံချင်းယွီ၏ မိတ်ကပ်မလိမ်းထားသော မျက်နှာကို ရိုက်ကူးရန် အရမ်းတက်ကြွနေကြသည်။ သူမသည် “အနုပညာလောကရဲ့ ဘုရင်မ” ဆိုပြီး လူသိများသူဖြစ်ပြီး၊ ရသစုံရှိုးများတွင် ပေါ်ဖူးခြင်း မရှိသေး‌သောကြောင့် မိတ်ကပ်မလိမ်းထားသည့် ပုံများအား ပါပါရာဇီများ အနေနှင့် မြင်ဖူးခြင်း မရှိသေးပေ။

ထုတ်လုပ်ရေးအဖွဲ့သည် #GoddessWithoutMakeup ဟူသည့် hashtag နှင့် လူမှုမီဒီယာမှာအုံကြွ‌အောင်လုပ်ရန် ဤကဲ့သို့နံနက်စောစောတွင် လာခဲ့ကြခြင်း ဖြစ်သည်။

ကျုံချင်းယွီ၏ မိတ်ကပ်မလိမ်းထားသော မျက်နှာမှာ လှနေခဲ့လျှင် လူတိုင်းပျော်ရလိမ့်မည်။

မလှဘူးဆိုရင်တော့… ပိုပြီး စိတ်ဝင်စားစရာတွေ ဖြစ်သွားနိုင်တယ်။

ထုတ်လုပ်‌ေရးအဖွဲ့၏ အတွေ့အကြုံအရ သာမာန်လှသည့် လူတွေဟာ မိတ်ကပ်မပါသည့် အခါ ကြည့်ရဆိုးလှသည်။

ယန်ရှီသည် ကုတင်အစွန်းတွင်ထိုင်ကာ ကျုံချင်းယွီကို ဖြည်းဖြည်းချင်း လှုပ်နှိုးလိုက်သည်

“ချင်းယွီ၊ ထုတ်လုပ်ရေးအဖွဲ့ ရောက်‌နေပြီ ထတော့လေ”

ကျုံချင်းယွီသည် မိမိအိပ်နေချိန် လာနှိုးခြင်းအား မကြိုက်ပေ။ ရိုက်ကွင်း စတင်ခုံပေါ်တွင် အိပ်နေစဥ် ဝန်ထမ်းတစ်ဦးသည် သူမအား လာနှိုးသောကြောင့် မခံနိုင်အောင်ပြောဆို၍ ထိုသူကို မျက်ရည်ထွက်အောင် ဆဲဖူးသည်။

ဤသတင်းမှာ အကြီးအကျယ်ဖြစ်သွားပြီးနောက် ကျုံချင်းယွီကို ပရိသတ်များသည် နာမည်ဆိုးနှင့်စသိလာခဲ့သော အချိန်လည်းဖြစ်သည်။

[သွားပါပြီ ကျုံချင်းယွီ အခုထိမနိုးသေးဘူး ယန်ရှီတော့ သတိထားမှရမယ်]

[ယန်ရှီက ကျုံချင်းယွီရဲ့ သူငယ်ချင်းမဟုတ်ဘူးလား ဘာလို့ သူမကို နှိုးရင်မကြိုက်တာကို မသိရတာလဲ]

[သေချာသွားပြီ ယန်ရှီက Starlight Entertainment ရဲ့ အနုပညာရှင်အသစ်ပဲ သူတို့က ကျုံချင်းယွီကို အသုံးချပြီး ယန်ရှီကို နာမည်ရအောင်လုပ်နေတာ]

[ကျုံချင်းယွီလိုမိန်းမက ဘယ်တော့မှ သူငယ်ချင်းရှိလာမှာမဟုတ်ဘူး!]

ယန်ရှီသည် ကျုံချင်းယွီမျက်လုံးဖွင့်သောအခါ နေရောင်မစူးစေရန် လက်ဖြင့် ကာထားပေးလိုက်သည်။

ကျုံချင်းယွီမှာမူ အိပ်ရာထရန်စိတ်ကူးရှိပုံတောင်မရချေ။

“ငါပင်ပန်းနေလို့ ဆက်အိပ်လိုက်ဦးမယ်”

ယန်ရှီက

“မနေ့က နင်ပဲ 7 နာရီမှာနိုးဖို့ ပြောခဲ့တာမလား မိတ်ကပ်ပြင်ရမယ်၊ မနက်စာလည်း စားရမယ်၊ အထုပ်အပိုးတွေပြင်ရဦးမယ်‌လေ အခုမှမထရင် နောက်ကျတော့မယ်နော်”

ကျုံချင်းယွီ စိတ်ညစ်လာသည်။ပြန်ပြောရန်ပြင်သည့် အချိန် ယန်ရှီကိုတွေ့လိုက်သောအခါ ပြောချင်သော စကားများကို ပြန်မြိုချလိုက်သည်။ သူမမျက်နှာကိုလည်း စောင်နှင့်ဖုံးထားလိုက်သည်။

နှစ်စက္ကန့်အကြာမှာပဲ သူမသည် စောင်ကိုလှန်လိုက်ကာ အိပ်ရာမှ ထလာသည်။ မျက်နှာမှာ စိတ်ညစ်နေပုံပေါ်ပြီး တံခါးမှာရပ်‌နေသည့် ဝန်ထမ်းဘက်ကိုတောင် မကြည့်ပဲ ရေချိုးခန်းထဲသို့ တန်းပြီးဝင်သွားသည်။

ထုတ်လုပ်ရေးအဖွဲ့သား‌များနှင့် တိုက်ရိုက် ကြည့်နေသည်ါ ပရိတ်သတ်များမှာ အံ့ဩသွားကြသည်။

[ကျုံချင်းယွီက ဒီအတိုင်းနိုးလာတာလား၊စိတ်မတိုပဲနဲ့လေ]

[ငါက သူ့ကိုလာနှိုးတဲ့သူတွေကို ဒေါသထွက်တက်တယ် ထင်ထားတာ]

[သူမအခု စိတ်ငြိမ်နေပုံရတယ် သူမ အိပ်ရာကနေ တစ်မိနစ်တောင်မနေဘဲ တန်းထတာပဲ၊ငါသာဆို ဆယ်မိနစ်လောက်ထပ်နေအုံးမှာ]

[ဒါက ကျုံချင်းယွီရဲ့ မိတ်ကပ်မပါတဲ့မျက်နှာလား သူမရဲ့ အသားအရေက နို့လိုဖြူဖွေးပြီး၊ မျက်တော‌င်‌ေတွကလည်း အရှည်ကြီးပဲ!]

[အားကျလိုက်တာ ကျုံချင်းယွီရဲ့ မိတ်ကပ်မပါတဲ့မျက်နှာက တကယ်လှတာပဲ၊ ငါတောင် ဘက်ပြောင်းချင်လာပြီ!]

ဒီအစီအစဉ်၏ PD သည် Internshipမှ မကြာသေးခင်တွင် ရာထူးတိုးခံထားရသူဖြစ်ပြီး S-tier ရသစုံရှိုးကို တာဝန်ပေးခံရထားရသူဖြစ်သည်။သို့သော် ကျုံချင်းယွီအား ရိုက်ရန် တာဝန်ပေးခံရသည်နှင့် လက်လျော့ချင်နေပြီ ဖြစ်သည်။

အကြောင်းက ကျုံချင်းယွီဟာ အနုပညာလောတွင် မကောင်းသတင်းများသာရှိသောကြောင့်ဖြစ်သည်။အတင်းအဖျင်း‌စကားများအရ သူမဟာ ထိန်းချုပ်ရခက်ခဲပြီးစိတ်ကြီးသူလို့ ပြောကြသည်။PDသည် သူ့ကင်မရာကို ဖျက်စီး‌ပစ်မှာ‌ကြောက်၍ သူမနှင့် တွေ့လျှင်ပင် ချွေးပြန်နေသူဖြစ်သည်။

သို့သော် မျှော်လင့်ထားသည်နှင့် မတူပဲ ကျုံချင်းယွီဟာ မည်သည့်ဒေါသမှ ထွက်မလာချေ။

ဒါဆိုသူမက ဖော်ရွေတာလား?

PD၏ ကင်မရာသည် ကျုံချင်းယွီ မနက်အိပ်ရာထမှစ၍ မျက်နှာသစ်ပြီးသည် အထိ အရာအားလုံးကို ရိုက်ကူးယူနိုင်ခဲ့သည်။ ကြည့်ရှုသူတချို့သည် သူမမျက်နှာဟာ သဘာဝအတိုင်းလှတာမဟုတ်ဘဲ မိတ်ကပ်လိမ်းထားတာလို့ မှတ်ချက်ပေးကြသည်။ သို့သော် သူမ မျက်နှာသစ်လိုက်သော အခါမှာတွင် ကြည့်ရှုသူအားလုံး တိတ်ဆိတ်သွားသည်။

ကျုံချင်းယွီဟာ တကယ်ကိုလှသည်။ မျက်နှာပေါ်ရှိ ရေစက်လေးများမှာ သူမ၏ မျက်နှာ ဘယ်လောက်စိုပြေသလဲဆိုတာ သက်သေပြနေသလိုပင်။ မျက်နှာကို ဖိလိုက်လျှင် ရေအနည်းငယ်ထွက်လာမည့်အတိုင်း…

PDသည် မိတ်ကပ်မလိမ်းထားသည့် မင်းသမီးတွေအများကြီး ရိုက်ဖူးသူဖြစ်သည်။ များသောအားဖြင့် သူတို့သည် “မိတ်ကပ်မလိမ်းထားဘူး” ဟုပြောသော်လည်း၊ မိတ်ကပ်ပညာရှင်များနှင့် နောက်ကွယ်တွင် ခပ်ပါးပါးလိမ်းထားကြသူများသာ။ တကယ်လက်တွေ့မှာ မိတ်ကပ်မလိမ်းပဲလှသည့် အမျိုးသမီးအနုပညာရှင် တော်တော်နည်းသည်။

ရေချိုးပြီးသည်နှင့် ယန်ရှီနှင့် ကျုံချင်းယွီတို့သည် ဧည့်ခန်းသို့ ထွက်လာကြသည်။ အိမ်အကူများသည် မနက်စာများပင် ပြင်ဆင်ထားပြီးကြလေပြီ။

စားစရာများမှာ အလွန်များသည်။ ယန်ရှီ စား၍မကုန်တော့ပေ။ ကျုံချင်းယွီသည် မင်းသမီးဖြစ်သောကြောင့် ကိုယ်အလေးချိန်ထိန်းထားရမည်ဖြစ်သည့်အတွင် အနည်းငယ်ပဲ စားသည်။ ယန်ရှီသည် ဝန်ထမ်းများအာ “လာစားလေ”ဟု အတူတူစားရန် ဖိတ်ခေါ်သည်။

PD တစ်ချက် စဉ်းစားလိုက်ပြီးနော် “စားလို့ရပါ့မလား” ဟု မေးခဲ့သည်။

အိမ်အကူပြင်ပေးထားသည့် မနက်စာ‌များသည် အလွန်တန်ဖိုးကြီးပြီး စားကောင်းမည့် အစားအစာတွေချည်းဖြစ်သည်။ ဝန်ထမ်းများသည် စားချင်သော်လည်း အတူတူစားရန်အတွက် လက်မခံရဲပေ။

ကျုံချင်းယွီသည် သူတို့ကို လက်ရမ်းပြပြီး

“ဘာလို့အားနာ နေတာလဲ ဒါက မင်းတို့စားနေကျ နေ့လည်စာဘူးတွေထက်ပိုစားကောင်းတယ် လာစားကြ ကုန်သွားရင် ငါထပ်မှာပေးမယ် ငါဒီလောက်နဲ့ မွဲမသွားပါဘူး”

ကျုံချင်းယွီပြောပြီးသည်နှင့် ဝန်ထမ်းများ စိတ်အေးသွားကြပြီး အားနာမနေတော့ပေ။

သူတို့မှာ မနက်အစောကြီးလာရခြင်းဖြစ်သောကြောင့် မနက်စာမစားရသေး၍ အရမ်းကို ဗိုက်ဆာနေကြသည်။

စားပွဲပေါ်မှ မနက်စာဟာ အချို၊အစပ် အမျိုးအစားစုံလင်အောင် ခင်းကျင်းထားသည်။ အားလုံးစားသောက်ကြပြီး မလောက်သည် အခါတွင် ကျုံချင်းယွီက ထပ်မှာပေးသည်။

[ဝိုး၊ဒီကိတ်‌ေလးတွေက အရမ်းစား‌ေကာင်းတယ်နော်!

ငါ ယန်ရှန်းအိမ်ယာ မှာစားဖူးတာလေးနဲ့ တူတယ် 】

【တူရုံပါပဲ ယန်ရှန်း ကတော့ အချက်အပြုတ်အထူးကောင်းတဲ့ပုဂ္ဂလိကစားသောက်ဆိုင်မလို့ မနက်စာတစ်ခါစားရင် ယွမ်တစ်ထောင်‌ေလာက်ကျတယ်။】

【ယန်ရှန်းအိမ်ယာ ကနေ ဝယ်‌ေ‌ကျွးတာဆိုရင်‌ေတာ့ ကျုံချင်းယွီက လူအများကြီးကို‌မနက်စာ‌ေကျွးရတာနဲ့တင် တော်‌ေတာ်ကုန်ကျမှာပဲ】

【ငါအခုလေးတင် ဖုန်းဆက် မေးပြီးပြီး ယန်ရှန်း ကနေ ဝယ်‌ေကျွးတာမဟုတ်ဘူးတဲ့】

【ဒါဆိုရင် ဒါကလေကြီးတာပဲ။ ယွမ်ထောင်ချီတန်တဲ့ မနက်စာမကျွေးနိုင်လို့ တူတာကိုပဲဝယ်ကျွေးတာပဲ။ မဟုတ်ရင် ဒီ‌ေလာက်လူအများကြီးကို ဘယ်သူက သဘောထားကြီးကြီး အကုန်ကျခံဝယ်‌ေကျွးမှာလဲ။】

All Chapters