ကျွန်မနာမည်က ယန်ရှီ ပါ။ ကျွန်မမှာ အချစ်ဆုံး သူငယ်ချင်းမတစ်ယောက်ရှိပေမယ့် သူကကျွန်မကိုဆို ဘယ်တော့မှ မလေးစားဘူး။ အပြင်ထွက်စားတဲ့အခါတိုင်း သူကဈေးကြီးတဲ့ဆိုင်တွေပဲ ရွေးလေ့ရှိတော့ ပိုက်ဆံအိတ်ဟောင်းလောင်းနဲ့ ကျွန်မက ငိုချင်စိတ်ပေါက်ပေါက်သွားရသည်။ သူငယ်ချင်းမ - "ငါ့ကတ်နဲ့ရှင်းလိုက်။ ငါအကုန်ဒကာခံမယ်” ကျွန်မ - [ခံပြင်းစွာဖြင့်] ဒါဆိုတခြားသူတွေက ငါ့ကို ဘယ်လိုမြင်မလဲ! ရှော့ပင်းထွက်ရင်လည်း သူကကျွန်မကို ဇိမ်ခံပစ္စည်းဆိုင်တွေဆီပဲ အမြဲဆွဲခေါ်သွားလေ့ရှိသည်။ သူငယ်ချင်းမ - "ငါဒီအိတ်ကို တစ်ခါပဲ သုံးရသေးတယ်။ ရော့၊ ယူလိုက်တော့။ အိုး ပြီးတော့ ဒီအိတ်ရော ဟိုအိတ်ရော၊ နင်အကုန်ယူလိုက်တော့!” ကျွန်မ - [ခံပြင်းစွာဖြင့်] ဒါဆိုငါကဘာလဲ၊ အမှိုက်ပုံးလား! ရည်းစားနဲ့ပြတ်ပြီး အသည်းကွဲနေတဲ့ အချိန်မှာတောင် သူက ကျွန်မဘေးနား ဘယ်တော့မှ မနေပေးခဲ့ဘူး။ သူငယ်ချင်းမ - "ငါအခုတလော အရမ်းအလုပ်ရှုပ်နေလို့။ နင်ဘာသာနင် အပြင်ထွက်လည်ပြီး စိတ်ပြေလက်ပျောက်ဖြစ်သွားအောင် ပျော်လိုက်နော်!” Alipay အသိပေးချက် - ယွမ်တစ်သိန်း လက်ခံရရှိပါသည်။ ကျွန်မ - [ခံပြင်းစွာဖြင့်] ပိုက်ဆံနဲ့ သူငယ်ချင်းသံယောဇဉ်ကို အစားထိုးနိုင်ပါ့မလား။ ကျွန်မ - [ညည်းညူရင်း လက်ခံလိုက်] ကောင်းပြီလေ၊ အစားထိုးလို့ရရင်လည်း ရမှာပေါ့။ ဒါပေမယ့် တစ်နေ့ကျတော့ ကျွန်မ သတိဝင်လာခဲ့သည်။ ကျွန်မနေနေတာက ဝတ္ထုတစ်ပုဒ်ထဲမှာမှန်း သဘောပေါက်သွားခဲ့သည်။ ကျွန်မရဲ့ အချစ်ဆုံးသူငယ်ချင်းကတော့ ဝတ္ထုထဲက အမျိုးသမီး ဇာတ်ပို့ဇာတ်ကောင် ဗီလိန်မတစ်ယောက် ဖြစ်နေခဲ့သည်။ သူကျွန်မနားမှာနေဖို့ အချိန်မရှိတာက ဇာတ်လိုက်နောက်ကို အသည်းအသန် လိုက်နေလို့ပဲ— သူ့ကို ဘယ်တော့မှ ပြန်မချစ်လာမယ့် လူတစ်ယောက်ကိုပေါ့။ အဆုံးသတ်ကျ သူမဟာ အချစ်ရော၊ ပိုက်ဆံတွေရော၊ ပိုင်ဆိုင်မှုတွေရော အကုန်ဆုံးရှုံးသွားခဲ့ပြီး ဝေးလံတဲ့ကျွန်းတစ်ကျွန်းကို အနှင်ခံလိုက်ရကာ ကန်စွန်းဥတူးရင်း နေသွားခဲ့ရသည်။ ဒီလိုကျိန်စာသင့်နေတဲ့ ဝတ္ထုဇာတ်ကြောင်းကြောင့် ကျွန်မတို့ရဲ့ သူငယ်ချင်းသံယောဇဉ်တွေအကုန် ပျက်စီးသွားပြီး ကျွန်မနဲ့ ကျွန်မရဲ့ အချစ်ဆုံးသူငယ်ချင်းကြားမှာ ပိုက်ဆံပဲကျန်ရစ်ခဲ့တာ ဖြစ်ရမယ်! ကျွန်မသူ့ကို ကယ်မှဖြစ်မယ်။ "နင် နင်နဲ့စေ့စပ်ထားတဲ့သူနဲ့ ရန်ဖြစ်ထားတာလား။ အိုး၊ ငါ့မှာသာ နင်လိုချစ်စရာကောင်းတဲ့ စေ့စပ်ချစ်သူလေး ရှိမယ်ဆိုရင် ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် နင့်ကိုလုံး၀ဥဿုံ ယုံကြည်မိမှာပဲ!” "ငါအဆင်ပြေပါတယ်၊ နင့်ရဲ့ စေ့စပ်ထားသူကြီးက ငါ့ကိုစကားနှစ်ခွန်းသုံးခွန်း ပြောလိုက်ရုံပါပဲ။ ငါလန့်ပြီး အထပ်၂၀ကနေ ပြုတ်ကျမလိုတောင် ဖြစ်သွားသေးတယ်… ဘာရယ်လို့လည်း မဟုတ်ပါဘူး..." "နင့်မှာ စေ့စပ်ထားတဲ့သူရှိမှန်း ငါသိပါတယ်။ ငါနင့်ကို အနှောင့်အယှက် မပေးပါဘူး။ ငါ့ဘာသာငါ ဖြေရှင်းနိုင်ပါတယ်— မိုးမိတာတို့၊ ဗိုက်အောင့်တာတို့—ငါအကုန် အဆင်ပြေပါတယ်။ နင်သူ့ဆီသာ သွားလိုက်ပါ..." သူငယ်ချင်းမ - [မျက်ရည်တွေဝဲလျက်] ယန်ရှီက ငါ့ကိုလိုအပ်နေတယ်! ဇာတ်လိုက် - ဒါကဘယ်လိုတောင်...ပိလော့ချွင်းမျိုးလဲ။ (Note - “ပိလော့ချွင်း" လက်ဖက်စိမ်းတစ်မျိုးဖြစ်ပြီး ဒီနေရာတွင် ကိုးရို့ကားရား ရယ်စရာအခြေအနေကို ဖော်ပြရန် အသုံးပြုထားခြင်းဖြစ်သည်။)

