အခန်း ၃၇
Vol. 4 Ch. 37
ဖန်းယွဲ့သည် ယုံရခက်ဖြစ်နေမိသည်။
ဤသည်မှာ ရူးသွပ်မှုတစ်ခုပင် မဟုတ်သလော။ ရုပ်ရှင်ရိုက်ရန်နှင့်ရုပ်မြင်သံကြားစီမံကိန်းတစ်ခုအတွက် ရင်းနှီးမြှုပ်နှံမှုများအားလုံးကို စီမံရန် အနည်းဆုံး မန်နေဂျာအဆင့် ဝန်ထမ်းတစ်ဦးလိုအပ်သည်။ သို့ပါလျက် အဘယ်ကြောင့် အလုပ်သင်တစ်ဦးကို ထိုကဲ့သို့သောတာဝန်ပေးနေရပါသနည်း။ အချစ်ရေးတွင် အမျိုးသားတစ်ဦးကြောင့် အသိဉာဏ်မဲ့ခဲ့ပြီးနောက် ယခုအခါတွင် မိန်းကလေးသူငယ်ချင်းအတွက်ပါ အလားတူဖြစ်နေပြီလော။
သို့သော် ဝူလျောင်နှင့် ချောင်ရန်တို့သည် အကင်းပါးစွာဖြင့် နောက် ဆုတ်သွားကြပြီး ဤအခြေအနေကို အံ့အားသင့်ဟန်မပြခဲ့ကြပေ။ သူတို့သည် ယန်ရှီကို သူတို့၏ ဌာနများသို့ အောင်မြင်စွာ ဆွဲခေါ်နိုင်ခြင်းမရှိသည်ကိုသာ နောင်တရနေဟန်ရှိသည်။ ဖန်းယွဲ့သည် ဤကမ္ဘာကြီးသည် တဖြည်းဖြည်းနှင့် ပိုမိုကာ အဓိပ္ပါယ်မဲ့လာနေသည်ဟု ခံစားမိလိုက်ရသည်။
ကျင်းထောင်တို့သည်ကား ပထမဆုံးငွေပေးချေမှုကို ရရှိပြီးဖြစ်ကာ ရိုက်ကူးရေးအတွက်ပြင်ဆင်မှုများ စတင်နေပြီဖြစ်သည်။ သရုပ်ဆောင်ရွေးချယ်မှု၊ ရိုက်ကူးမည့်နေရာစီစဉ်မှု၊ ထုတ်လုပ်ရေးအဖွဲ့စုစည်းမှုစသည့် အလုပ်များအားလုံးသည် ယခုအခါ လုပ်ငန်းစဉ်အတိုင်း လုပ်ဆောင်နေကြပြီဖြစ်သည်။ အလားတူပင် ယန်ရှီ၏ ကြီးကြပ်ရေးမှူးအလုပ်သည်လည်း စတင်လုပ်ဆောင်ရန်လိုအပ်နေပြီ ဖြစ်သည်။ ဖန်းယွဲ့သည် အကူအညီမဲ့စွာဖြင့် သက်ပြင်းချလိုက်မိသည်။ အကယ်၍ ထိုအမျိုးသမီးသာ ဆုံးဖြတ်ပြီးပါက သူမကဲ့သို့သော သာမန်ဝန်ထမ်းတစ်ဦးအနေဖြင့် လိုက်နာရုံသာရှိသည်။
ကျုံချင်းယွီသည် Mအမှတ်တံဆိပ်ကြော်ငြာရိုက်ကူးရန်အတွက် အခြားအစီအစဉ်များရှိနေသေးသဖြင့် Starry Brilliance တွင် အချိန်အကြာကြီး မနေခဲ့ပေ။
ယန်ရှီသည်လည်း သူမ၏အလုပ်ကို စတင်လုပ်ဆောင်ရန်လိုအပ်နေပြီဖြစ်သည်။ ကျင်းထောင်နှင့် ရှောင်းယွီတို့သည် "The Bottom Line" နှင့်သက်ဆိုင်သော စာရွက်စာတမ်းအများစုကို ယူလာပေးခဲ့ကြပြီး ယန်ရှီသည် ထိုဖိုင်များနှင့်အတူ စီမံကိန်းဌာနသို့ အစီရင်ခံရန် ထွက်ခွာလာခဲ့သည်။ လမ်းတွင် ရှန့်ရှင်းဟယ်နှင့် တွေ့ဆုံခဲ့သည်။
ယခင်က သူမလုပ်ရမည့် အလုပ်တာဝန်အသစ်နှင့်ပတ်သက်၍ ကျုံချင်းယွီနှင့်ဆွေးနွေးနေရသဖြင့် သူ့ကို နှုတ်မဆက်ဖြစ်ခဲ့ပေ။ ရှန့်ရှင်းဟယ်ကို မြင်သောအခါ ယန်ရှီသည် စိတ်အားထက်သန်စွာဖြင့် လက်ယမ်းပြလိုက်သည်။
"ဒါရိုက်တာကျင်းနဲ့ ဇာတ်ညွှန်းရေးဆရာရှောင်းတို့ ထွက်သွားပြီလားရှင်က ဘာလို့ ဒီမှာရှိနေသေးတာလဲ၊ လမ်းပျောက်နေတာလား"
ယန်ရှီသည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရင်း ထပ်မံ၍ ပြောလိုက်သည်။
"ကျွန်မက Starry Brilliance ကို တစ်ခါတလေမှ လာဖြစ်တာလေ၊ ဒါပေမဲ့ ဓာတ်လှေကားက အဲဒီဘက်မှာရှိတယ်ထင်တယ်"
ရှန့်ရှင်းဟယ်သည် ယန်ရှီတစ်ယောက် စာရွက်စာတမ်းများနှင့်ပြည့်နေသော လက်ဆွဲအိတ်ကို သယ်ရခက်နေသည်ကို သတိထားမိသောအခါ ချက်ချင်းဆိုသလိုပင် ကူညီပေးရန် အနားသို့ရောက်လာသည်။
"မင်းကိုစောင့်နေတာ"
"ကျွန်မကိုလား"
ယန်ရှီတစ်ယောက် အံ့အားသင့်သွားသည်။
"ကျေးဇူးတင်ပါတယ်"
ရှန့်ရှင်းဟယ်သည် သူမကို ငုံ့ကြည့်ရင်း ရိုးသားသော လေသံဖြင့် ပြောလိုက်သည်။ ဤရုတ်တရက်ကျေးဇူးတင်စကားသည် အခြားသူများအတွက် နားမလည်နိုင်မည်ဖြစ်သော်လည်း ယန်ရှီကမူနားလည်သည်။
"ရှင်ကိုယ်တိုင်ကြိုးစားလို့ ဒီလို နေရာရခဲ့တာပါ၊ ကျွန်မလည်း ဘာမှမလုပ်ပေးခဲ့ပါဘူး ၊ရှင်က အမျိုးသားဇာတ်ဆောင်ဖြစ်ဖို့ ထိုက်တန်ပါတယ်"
သူမသည် တောက်ပသည့် အပြုံးဖြင့် ပြန်ပြောလိုက်သည်။
အမှန်တကယ်တမ်းတွင် ယန်ရှီသည် ကျုံချင်းယွီ၏ ရင်းနှီးမြှုပ်နှံမှုတွင် အဆင်ပြေချောမွေ့စေရန်အတွက် လုပ်ခဲ့သည်ဟုသာ ခံစားရသည်။ ရင်းနှီးမြှုပ်နှံသူများက သရုပ်ဆောင်ရွေးချယ်မှုကို ဝင်မစွက်ဖက်သေးသရွေ့ ရှန့်ရှင်းဟယ်သည်သာ အမြဲတမ်း အမျိုးသားဇာတ်ဆောင်ဖြစ်နေမည်သာဖြစ်သည်။ ထူးချွန်ပြီး ကြိုးစားအားထုတ်သူများသည် သူတို့၏ ကြိုးစားအားထုတ်မှု၏ ရလဒ်ကို ခံစားပိုင်ခွင့်ရှိသည်။ ဤကမ္ဘာတွင် တရားမျှတမှုအနည်းငယ်လည်း ရှိသင့်သည် မဟုတ်ပါလော။
"ကျွန်မ အခု စီမံကိန်းဌာနကို အစီရင်ခံဖို့ သွားရဦးမယ် ၊ဒီကနေစပြီး ကျွန်မတို့ မကြာခဏတွေ့ရမှာပါ"
ယန်ရှီသည် ရှန့်ရှင်းဟယ်ကို မျက်စပစ်ပြလိုက်ပြီး သူ့ထံမှ စာရွက်စာတမ်းပုံးကို ပြန်ယူလိုက်သည်။
"ရှင်လည်း ဆက်ပြီး ကြိုးစားပါနော်"
ထို့နောက် ယန်ရှီသည် စီမံကိန်းဌာနဘက်သို့ လျှောက်သွားလိုက်သည်။
ရှန့်ရှင်းဟယ်သည် သူမ၏ပြန်လည်ထွက်ခွာသွားသော ပုံရိပ်ကို စိတ်လှုပ်ရှားမှုများစွာဖြင့် ကြည့်ရှုနေခဲ့သည်။ ကြာရှည်စွာ ကြည့်နေပြီးနောက် ခေါင်းငုံ့ချလိုက်ကာ တိုးတိုးညည်းတွားလိုက်သည်။
"ဟုတ်တယ် ငါအကောင်းဆုံးကြိုးစားရမယ်"
စီမံကိန်းဌာနအတွင်းသို့ ဝင်ရောက်ပြီးနောက် ယန်ရှီသည် သူမ၏ များလှစွာသော အလုပ်များထဲသို့ နှစ်မြုပ်သွားခဲ့သည်။ ဖန်းယွဲ့သည် တာဝန်ယူမှုရှိသော ကြီးကြပ်ရေးမှူးတစ်ယောက်ဖြစ်သည်။ တစ်ခါတရံ မိန်းကလေးပရိတ်သတ်များနှင့် ပျော်ပါးနေတတ်သော်လည်း အလုပ်ကို အလေးအနက်ထားသည်။ ယန်ရှီတွင် ကြီးကြပ်ရေးမှူးအတွေ့အကြုံမရှိသေးသည်ကို ထောက်ထားပြီး ဖန်းယွဲ့သည် အတွေ့အကြုံရှိသော မန်နေဂျာတစ်ဦးကို သူမကို လမ်းညွှန်ပေးရန် တာဝန်ပေးခဲ့သည်။
ယန်ရှီသည် သူမ၏ အခန်းကဏ္ဍကို လျင်မြန်စွာ သဘောပေါက်သွားခဲ့သည်။ ကျင်းထောင်သည် "The Bottom Line" အတွက် အလုပ်အများစုကို ကြိုတင်စီစဉ်ပြီးသားဖြစ်နေသဖြင့် ယန်ရှီ၏ ကြီးကြပ်ရေးမှူးအလုပ်သည် အလွန်ခက်ခဲမနေခဲ့ပေ။
ထိုအတောအတွင်း ရှန့်ရှင်းဟယ်သည် Starry Brilliance ကုမ္ပဏီထဲမှ ထွက်ခွာသွားခဲ့သည်။ အဆောက်အဦဝင်ပေါက်တွင် ကျုံချင်းယွီ၏ လက်ထောက် မုန့်လေးနှင့် တွေ့ဆုံခဲ့သည်။ မုန့်လေးသည် အရောင်စုံပါသော နေကာဂျာကင်ကို ဝတ်ဆင်ထားပြီး ဘေ့စ်ဘောဦးထုပ်ကို ဆောင်းထားသည်။ သူမက ရှန့်ရှင်းဟယ်ကို မြင်သောအခါ သူ့ထံသို့ ပြေးလာခဲ့သည်။
"မင်္ဂလာပါ ဆရာရှန့် ကျွန်မက မုန့်လေးပါ၊ လက်ထောက်ကျုံရဲ့လက်ထောက်ပါ အစ်မကျုံက ရှင့်အမေ နေမကောင်းဖြစ်နေလို့ ဟိုင်မြို့ကို ပြောင်းပြီး ဆေးကုဖို့ လိုနေတယ်လို့ ပြောပါတယ်၊ ရှင်စိတ်မရှိဘူးဆိုရင် သူ့အခြေအနေလေး တစ်ချက်မေးလို့ရမလား၊ ကျုံစီးပွားရေးလုပ်ငန်းစုက ဆရာဝန်များအများကြီးနဲ့ အဆက်အသွယ်ရှိတာမလို့ အကောင်းဆုံးဆေးရုံမှာ ကုသမှုခံယူနိုင်အောင် စီစဉ်ပေးနိုင်ပါတယ်"
ရှန့်ရှင်းဟယ်သည် သံသယဝင်မိသွားသည်။
"ဒါအရမ်းဒုက္ခပေးရာရောက်မနေဘူးလား"
ကျုံချင်းယွီသည် သူမ၏ နောက်အချိန်ဇယားအတွက် မအားမလပ်ဖြစ်နေပြီး သူမ၏ကားသည် Starry Brilliance ဝင်ပေါက်တွင် ရပ်ထားသည်။ ရှန့်ရှင်းဟယ်၏ဘေးမှ ဖြတ်သွားရင်းဖြင့် Dအဆင့်တံဆိပ် နေကာမျက်မှန်ကို တပ်လိုက်ပြီး သူ့ကို စောင်းငဲ့ကြည့်လိုက်သည်။
"ဒုက္ခပေးတယ်တဲ့လား၊ ရှင် ယန်ရှီကိုကောင်းကောင်းဆက်ဆံနေသရွေ့ ဘာဒုက္ခမှမရောက်ဘူး"
ရှန့်ရှင်းဟယ်သည် စိတ်ရှုပ်ထွေးမိသွားသည်။ မုန့်လေးက အမြန်ရှင်းပြလိုက်သည်။
"လက်ထောက်ကျုံပြောချင်တာက ရှင့်အနေနဲ့ ရိုက်ကူးရေးမှာ အကောင်းဆုံးလုပ်နေသရွေ့ ဘာဒုက္ခမှ မရောက်ဘူးဆိုတဲ့သဘောပါ၊ ရှင့်ကို ဘာမှစိတ်ပူစရာမရှိအောင် ကျွန်မတို့က ကူညီနေတာပါ"
ထို့နောက် မုန့်လေးက ကျုံချင်းယွီ၏ အင်္ကျီလက်ကို ဆွဲရင်း တီးတိုးစကားဆိုလိုက်သည်။
"လက်ထောက်ကျုံ ယန်ရှီက ရှန့်ရှင်းဟယ်ကို သဘောကျတဲ့အကြောင်း ဝန်မခံရသေးဘူးထင်တယ်၊ အစ်မက ဒီလိုမျိုး ရုတ်တရက်ကြီး ပြောပြလိုက်ရင် သူရှက်သွားမှာပေါ့"
ကျုံချင်းယွီစဉ်းစားကြည့်သည်။ ယန်ရှီသည် ယခင်က စိတ်ကူးယဉ်ဇာတ်ကောင်များကိုသာ စိတ်ဝင်စားခဲ့သည်။ ယခုအခါတွင် သူမသည် တစ်စုံတစ်ယောက်အပေါ် ခံစားချက်များရှိနေပြီဖြစ်သည်။
ထိုသူသည် သူမအခန်းဖော်၏ချစ်သူဖြစ်သည်။ ဤအချစ်ရေးအသစ်အတွက် သူမစိတ်လှုပ်ရှားနေမည်မှာ သေချာသည်။
မုန့်လေးမှန်သည်။ အရာရာကို အလျင်မလိုဘဲ ဖြည်းဖြည်းချင်းလုပ်သင့်သည်။
ကားသည် ကျုံချင်းယွီဘေးသို့ရောက်လာသောအခါ သူမက နောက်ထိုင်ခုံမှ မြွေအရေခွံဖြင့်လုပ်ထားသော အိတ်တစ်လုံးကို ယူလိုက်ကာ မုန့်လေးထံသို့ ပစ် ပေးလိုက်သည်။
"ဒါက Mအမှတ်တံဆိပ်ပစ္စည်းတစ်ခုပဲ အခု မင်းပိုင်ပြီ၊ ရှန့်ရှင်းဟယ်ရဲ့ မိခင်ကို ကောင်းကောင်းဂရုစိုက်ပေးလိုက်"
မုန့်လေးသည် ဝမ်းသာသွားသည်။ မြွေအရေခွံအိတ်သည် Mအမှတ်တံဆိပ်၏ ထုတ်ကုန်အသစ်ဖြစ်ပြီး ပြန်ရောင်းလျှင်ပင် ယွမ်တစ်သိန်းနီးပါးရနိုင်သည်။
"ကျေးဇူးတင်ပါတယ် လက်ထောက်ကျုံ၊ ကျွန်မအကောင်းဆုံးလုပ်လိုက်ပါမယ်"
မုန့်လေး၏ အကူအညီဖြင့် ရှန့်ရှင်းဟယ်သည် သူ၏မိခင်ကို ဟိုင်မြို့သို့ခေါ်ဆောင်လာခဲ့ပြီး ကျုံစီးပွားရေးလုပ်ငန်းစုပိုင်ဆိုင်သည့် ကိုယ်ပိုင်ဆေးရုံတွင် ထားရှိခဲ့သည်။ ဆေးရုံအုပ်ကြီးကိုယ်တိုင် ရှန့်ရှင်းဟယ်၏ မိခင်ကို လက်ခံခဲ့ပြီး ကျွမ်းကျင်ဆရာဝန်ဆယ်ယောက်ကျော်ပါဝင်သော အဖွဲ့ဖြင့် အကောင်းဆုံးကုသမှုပေးရန် တိုင်ပင်ဆွေးနွေးခဲ့ကြသည်။ ရှုပ်ထွေးမည့်လုပ်ငန်းစဉ်သည် အလွန်ချောမွေ့စွာပြီးဆုံးသွားသည်။
ဆေးရုံတွင်နေစဉ် ရှန်းမားမားက စိတ်ပူနေမိသည်။
"သာလေးရှင်းဟယ် သူနာပြုတွေပြောတာကြားတာတော့ ဒါကကိုယ်ပိုင်ဆေးရုံတဲ့၊ ဒီမှာနေရင် တစ်ရက်ကို ယန်းသောင်းချီပေးရတယ်တဲ့ မများလွန်းဘူးလား၊ မားမားက ပုံမှန်ဆေးရုံတတ်ရလည်း ရပါတယ်"
"မားမား စိတ်မပူပါနဲ့"
ရှန့်ရှင်းဟယ်က သူမကိုအားပေးလိုက်သည်။
"ဒါက ရင်းနှီးမြှုပ်နှံတဲ့သူရဲ့ ဆေးရုံပါ၊ သူက သားကို ရိုက်ကူးရေးမှာအာရုံစိုက်နိုင်အောင်လို့ ကူညီပေးနေတာပါ"
"မားမား သားအမျိုးသားဇာတ်လိုက်နေရာရသွားပြီ၊ နောက်ထပ် ရက်နည်းနည်းလောက်နေရင် ရိုက်ကူးရေးစလိမ့်မယ်"
ရှန့်မားမား၏ အသံထဲတွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။
"သားက အမျိုးသားဇာတ်ဆောင်နေရာရသွားပြီလား၊ သိပ်ကောင်းတာပေါ့
မင်းရင်းနှီးမြှုပ်နှံသူက တကယ်ကောင်းတဲ့သူပဲ၊ ရှင်းဟယ်ရေ သူက ငါတို့ကို အများကြီးကူညီပေးခဲ့တာ၊ မင်းက အကောင်းဆုံး သရုပ်ဆောင်ပြီး သူတို့ကို ကျေးဇူးဆပ်ရမယ် နော်"
ရှန့်ရှင်းဟယ်က ခိုင်မာတည်ကြည်စွာဖြင့် ခေါင်းညိတ်လိုက်သည်။
"ကျွန်တော် သေချာချာလုပ်မှာပါ"
အတူခရီးသွားကြစို့တီဗွီအစီအစဉ်သည် တိုက်ရိုက်ထုတ်လွှင့်မှုနှင့် အသင့်မှတ်တမ်းတင်ထားသော အစီအစဉ်များကို ပေါင်းစပ်ထားသည့် ရှိုးတစ်ခုဖြစ်သည်။ ပြင်သစ်သို့ခရီးထွက်ပြီးနောက် ပထမဆုံးအပိုင်းထုတ်လွှင့်သည့်ညတွင် အဆင့်သတ်မှတ်ချက်များအလွန်ကောင်းသည်။ ဧည့်သည်လေးဦး၏ ခရီးသွားပုံစံများသည် ကြည့်ရှုသူများအကြား ဆွေးနွေးမှုများစွာဖြစ်စေပြီး ပါဝင်သည့် နာမည်ကြီးသူများလည်း အကျိုးအမြတ်များရရှိခဲ့သည်။
ကျုံချင်းယွီသည် ပရိတ်သတ်အများဆုံးရရှိခဲ့သည်။ အစီအစဉ်မှတစ်ဆင့် ကြည့်ရှုသူများသည် အလိုလိုက်ခံထားရ၍ ပျက်စီးနေသော်လည်း သဘောထားကြီးသည့် အမျိုးသမီးငယ်တစ်ဦး၏ အကြောင်းကို သိရှိလာကြသည်။ သူမနှင့် ယန်ရှီတို့၏ ဆက်ဆံရေးကို အားကျသဖြင့် ကျုံးချင်းယွီ၏ လူကြိုက်များမှုမှာလည်း သိသိသာသာတိုးတက်လာခဲ့သည်။
ရဲ့လော့ယီသည် ပထမအပိုင်းတွင် ဝိုင်ခြံ၌ ကြွားဝါပြောဆိုမိသဖြင့် နစ်နာခဲ့ရသော်လည်း ချက်ချင်းတောင်းပန်လိုက်သဖြင့် အွန်လိုင်းပေါ်ရှိ ဝေဖန်မှုများ လျော့ကျသွားခဲ့သည်။ အစီအစဉ်တွင်ပါဝင်သည့် တတိယကျော်ကြားသူ ချင်းလီသည်လည်း ပရိတ်သတ်အတော်များများရရှိခဲ့သည်။ ပြည်ပမှပြန်ရောက်ပြီးမကြာမီ Mအမှတ်တံဆိပ်၏ အားကစားဝတ်စုံကို ကြော်ငြာရန် ကမ်းလှမ်းမှုရရှိခဲ့သည်။
Mအမှတ်တံဆိပ်ကုမ္ပဏီသည် ချင်းလီကို အချိန်ကြာမြင့်စွာစောင့်ကြည့်နေသော်လည်း သူသည် ဒုတိယအဆင့်ကျော်ကြားသူဖြစ်ပြီး နာမည်မလုံလောက်ဟု ယူဆကာ ဆုံးဖြတ်ချက်ချရန် နှောင့်နှေးခဲ့သည်။ သို့သော် ချင်းလီသည် ကန်းပေါ်ယဲ့နှင့်အတူ အစီအစဉ်တွင်ပါဝင်ပြီး အားကစားလိုက်စားလိုသည့် ခံစားချက်ကို ပွင့်ပွင့်လင်းလင်းထုတ်ဖော်ပြသလိုက်သည့်အခါ Mအမှတ်တံဆိပ်ကုမ္ပဏီကလည်း ဆုံးဖြတ်ချက်ချလိုက်တော့သည်။
ချင်းလီသည် ဤအခွင့်အရေးကို အလွန်တန်ဖိုးထားသည်။ ကြော်ငြာရိုက်ကူးခွင့်ရခဲ့သည်မှာ သူ့အတွက်ဂုဏ်ဆာစရာဖြစ်ခဲ့သည့်အပြင် ရဲ့လော့ယီသည်လည်း Mအမှတ်တံဆိပ်ကိုယ်စားလှယ်ဖြစ်သဖြင့် သူမနှင့်အတူ ကြော်ငြာရိုက်ကူးနိုင်ပြီဖြစ်သည်။ Mအမှတ်တံဆိပ်ကုမ္ပဏီ၏ စတူဒီယိုတွင် ချင်းလီသည် ရဲ့လော့ယီကို တွေ့လိုက်သည်။
ပြင်သစ်သို့ခရီးထွက်ပြီး ရက်အနည်းငယ်သာကြာသေးသော်လည်း ချင်းလီအတွက် နှစ်ပေါင်းများစွာကြာသကဲ့သို့ ခံစားရသည်။ သူမ၏ မွှေးပျံ့သောရနံ့သည် စွဲလမ်းစေသောဆေးဝါးတစ်မျိုးကဲ့သို့ သူ့ကို အသိမသာဆွဲဆောင်နေခဲ့သည်။
ရဲ့လော့ယီသည် ပန်းနုရောင်အားကစားဝတ်စုံကို ဝတ်ဆင်ထားပြီး ဝန်ထမ်းများကို နူးညံ့စွာနှုတ်ဆက်နေသည်။
သူမက ချင်းလီထံသို့ချဉ်းကပ်လာပြီး အပြုံးချိုချိုတစ်ခုကို ပြုံးပြလိုက်သည်။
"အစ်ကိုချင်း တွေ့ရတာဝမ်းသာပါတယ်"
ကျင်းလီ၏နှလုံးသားက တစ်ချက်ဆောင့်ခုန်သွားသည်။
"တွေ့ရတာဝမ်းသာပါတယ်"
Mအမှတ်တံဆိပ်ကိုယ်စားလှယ်များအဖြစ် သူတို့နှစ်ဦးသည် ကြော်ငြာအတွက် လိုအပ်သည့်ဇာတ်ကွက်များရိုက်ကူးရန် လိုအပ်သည်။ ကင်မရာရှေ့တွင် လူတိုင်းသိသည်မှာ သရုပ်ဆောင်နေကြခြင်းသာဖြစ်ပြီး လိုအပ်သည့်အတိုင်းလုပ်ရုံသာဖြစ်သည်။
သို့သော် ရိုက်ကူးရမည့်အချိန်ရောက်သည်အထိ ချင်းလီသည် စိတ်လှုပ်ရှားနေဆဲဖြစ်သည်။
သူသည် ရဲ့လော့ယီနှင့် နီးကပ်လာသည်နှင့်အမျှ သူမ၏ရနံ့သည် ပိုမိုဆွဲဆောင်လာပြီး သူ၏အာရုံများကို လျင်မြန်စွာဖမ်းစားခဲ့သည်။ သူမ၏ခါးကို ဖက်ကိုင်လိုက်သောအခါ ချင်းလီသည် ရင်ထဲတွင် နူးညံ့သောခံစားမှုတစ်ခုကို ရုတ်တရက်ခံစားလိုက်ရသည်။
သူ၏လည်ချောင်းသည် ခြောက်သွေ့လာသကဲ့သို့ ခံစားနေရပြီး ခက်ခက်ခဲခဲဖြင့် တံတွေးမျိုချရန် အားစိုက်နေရသည်။
ရဲ့လော့ယီက သူမ၏သွယ်လျသောလက်ဖြင့် ချင်းလီ၏ လည်စိကို ညင်သာစွာ တို့ထိလိုက်ပြီး နွေးထွေးသောအသက်ရှူသံက ချင်းလီ ၏ နားထဲသို့ ညင်သာစွာဝင်ရောက်သွားသည်။
"အစ်ကိုချင်း ရှင့်လည်ပင်းက လည်စေ့က သိပ်ကို စွဲမက်စရာကောင်းတာပဲ"
ချင်းလီ၏ စိတ်ထဲတွင် မရိုးမရွခံစားချက်မျိုး ခံစားလာမိသည်။ သူ၏ ဗိုက်ထဲတွင် မီးလောင်ကျွမ်းနေသကဲ့သို့ ခံစားနေရသည်။သူ့မျက်လုံးများက ရဲ့လော့ယီ၏ အပြစ်ကင်းစင်သောမျက်နှာကလေးနှင့် နွေဦးရာသီ၏ စတော်ဘယ်ရီကိတ်မုန့်ကဲ့သို့ ဆွဲဆောင်မှုရှိသော ပန်းနုရောင်ခပ်ဖျော့ဖျော့နှုတ်ခမ်းပါးလေးများကို စိုက်ကြည့်မိပြီး တစ်ကိုက်ကိုက်ကြည့်ချင်စိတ်ပေါက်လာသည်။
ကြော်ငြာရိုက်ကူးမှုသည် ရိုးရှင်းဟန်ရှိသော်လည်း ချင်းလီအတွက်မူ နှစ်ကာလကြာရှည်သကဲ့သို့ ခံစားရသည်။ အချိန်တိုင်းတွင် ကင်မရာရှေ့၌ မလျော်ကန်သောလှုပ်ရှားမှုများ မလုပ်မိအောင် ထိန်းချုပ်နေရသည်။ သို့သော် ရိုက်ကူးမှုအဆုံးသတ်ခါနီးတွင် သူ၏လက်သည် ရဲ့လော့ယီ၏ ခါးထက်တွင် သံမှိုဖြင့်ကပ်ထားသကဲ့သို့ စွဲမြဲနေမိပြီး လက်လွှတ်ရမည်ကို နှမြောတသမဆုံးဖြစ်နေမိသည်။
သူမနှင့် နောက်ထပ်အခိုက်အတန့်အနည်းငယ် အတူရှိခွင့်ရစေရန်အတွက် အချိန်ကို ယခုထပ် အနည်းငယ်ပိုမို၍ နှေးကွေးစွာဖြင့် ကုန်ဆုံးစေလိုသည်။
သုံးနာရီကြာပြီးနောက် ရိုက်ကူးမှု အဆုံးသတ်သွားသည်။
ချင်းလီသည် စိတ်ထဲမှမပါဘဲ ရဲ့လော့ရီကို လက်လွှတ်လိုက်ရပြီး သူ၏နောက်ကျောတွင် ချွေးများ စိုရွှဲနေခဲ့သည်။
"အစ်ကိုချင်း ဖုန်းလာနေပါတယ်"
သူ၏လက်ထောက်က ဖုန်းကိုယူလာပေးသည်။
ရိုက်ကူးနေစဉ်အတွင်း ချင်းလီကို လူများစွာက ဖုန်းခေါ်ဆိုခဲ့သော် လည်း ရိုက်ကူးမှုကို အနှောင့်အယှက်မဖြစ်စေရန်အတွက် သူ၏လက်ထောက်က အသံပိတ်ထားခဲ့သည်။ ရိုက်ကူးမှုပြီးမှသာ ဖုန်းကိုလွှဲပေးခဲ့ခြင်းဖြစ်သည်။
ဖုန်းကိုယူရန် လက်ထုတ်လိုက်စဉ် လက်ချော်ပြီး ဖုန်းသည် ကြမ်းပြင်ပေါ်ကျသွားသည်။ ဖန်သားပြင်ပေါ်တွင် ရဲ့လော့ရီ၏ အလှဓာတ်ပုံသည် Wallpaper အဖြစ် ပြသလျက်ရှိသည်။ ချင်းလီကိုရှာဖွေပြန်လာသော ရဲ့လောရီသည် တိုက်ဆိုင်စွာပင် ဖုန်းကိုကောက်ယူမိပြီး ဓာတ်ပုံကိုမြင်လိုက်ရသည်။
ထိုတဒင်္ဂအတွင်းတွင် ချင်းလီသည် အသက်ရှူရန်ပင် မေ့လျော့သွားခဲ့ရသည်။
သို့သော် ရဲ့လော့ရီသည် သူမဘာမှမမြင်ခဲ့သကဲ့သို့ပင် အေးဆေးတည်ငြိမ်စွာဖြင့် ဖုန်းကို ချင်းလီထံသို့ ကောက်ယူပြီးပြန်ပေးလိုက်သည်။
"အစ်ကိုချင်း ညကျရင် အစ်ကိုအားမလားမသိဘူး၊ ဒီကို ပြန်ရောက်လာကြပြီးကတည်းက ကျွန်မတို့လည်း မတွေ့ဖြစ်ကြသေးဘူး၊ အားတယ်ဆိုရင်တော့ ညစာအတူတူစားကြရအောင်"
ချင်းလီ၏နှလုံးသားသည် ပျော်ရွှင်မြူးထူးစွာဖြင့် ခုန်ပေါက်လာကာ ချက်ချင်းပင် သဘောတူလိုက်ချင်နေမိသည်။
"ရီရီ"
ထိုစဉ်မှာပင် အမျိုးသားတစ်ဦး၏အသံကို နောက်မှကြားလိုက်ရသည်။ နှစ်ဦးစလုံးလှည့်ကြည့်သောအခါ ပေယွဲ့ပိုင်သည် အလွန်တရာကြည့်ကောင်းလှစွာသောဝတ်စုံကိုဝတ်ဆင်ကာ ရဲ့လော့ရီထံချဉ်းကပ်လာနေသည်ကိုတွေ့လိုက်ရသည်။
ပေယွဲ့ပိုင်သည် နွေးထွေးစွာဖြင့် ရဲ့လော့ရီကိုစိုက်ကြည့်နေသည်။
“ရှူတင်ပြီးပြီလား မင်းအကြိုက်ဆုံးစားသောက်ဆိုင်မှာ နေ့လည်စာ စီစဉ်ထားပေးထားတယ် အခုသွားမယ်ဆိုရင် အကောင်းဆုံးပဲ"
"ယွဲ့ပိုင်"
ရဲ့လော့ရီတစ်ယောက် ဒွိဟဖြစ်နေမိသည်။ ဤအချိန်တွင် သူရောက်ရှိမည်ကို သူမအနေဖြင့် မမျှော်လင့်ထားခဲ့မိပေ။
“ကျွန်မက အစ်ကိုချင်းကို ညစာစားဖို့ ဖိတ်ထားတာ"
ပေယွဲ့ပိုင်၏အကြည့်သည် ချင်းလီထံသို့ ရောက်ရှိလာသည်။ သူ၏ အထင်လော အမှန်တကယ်လောဆိုသည်ကို မသေချာသော်လည်း ချင်းလီ၏မျက်လုံးများတွင် ပြင်းထန်သော ရန်လိုမှုကို ခံစားရသည်။ ဥပမာအားဖြင့်ဆိုရလျှင် မုဆိုးသည် သူ၏သားကောင်ကို သတ်ချင်စိတ်ပြင်းပြနေသကဲ့သို့ပင်ဖြစ်နေသည်။
ပိုင်ဆိုင်လိုစိတ်တစ်ခုသည် ပေယွဲ့ပိုင်ကို လွှမ်းမိုးသွားပြီး သူသည် ရဲ့လော့ရီ၏ခါးကို လက်ဖြင့် ရုတ်တရက် ခပ်တင်းတင်းသိုင်းဖက်ထားလိုက်သည်။
"ကိုယ်တို့ ဒီည ဇာတ်ညွှန်းဆွေးနွေးဖို့ သဘောတူထားတယ်မဟုတ်လား၊ အချိန်မရှိတော့ဘူးလေ"
ရဲ့လေ့ရီ၏မျက်နှာသည် နီရဲသွားသည်။
လူသားတို့တွင် အခြေခံကျသော ကိုယ်ကျင့်တရားစည်းမျဉ်းများရှိသည်။ မိမိတွင် စိတ်ဝင်စားမှုရှိသော်လည်း သူတို့သည် ရင်းနှီးနေပြီးဖြစ်ကြောင်း တွေ့မြင်သောအခါ ထိုခံစားချက်များကို ဖုံးကွယ်ထားလေ့ရှိသည်။ သို့သော် ထိုခံစားချက်များသည် တစ်စုံတစ်ရာအဆင့်သို့ ရောက်ရှိသောအခါ ထိုကိုယ်ကျင့်တရားစည်းမျဉ်းသည် ပျောက်ကွယ်သွားတတ်သည်။
ယနေ့မတိုင်မီက ရဲ့လော့ရီသည် ချင်းလီနှင့် ပေယွဲ့ပိုင်တို့ တွေ့သွားမည်စိုးကာ ချီတုံချတုံဖြစ်နေခဲ့သည်။ သို့သော် ချင်းလီ၏ ဖုန်း Wallpaper ကိုမြင်ပြီးနောက် သူမသည် စိတ်သက်သာရာရသွားသည်။
သူမသည် အမျိုးသားများ သူမ၏ အာရုံစိုက်မှုကို ရရှိစေရန် ပြိုင်ဆိုင်သည့်အခါ ဖြစ်ပေါ်လာတတ်သည့် သူတို့၏ဂနာမငြိမ်ဖြစ်မှုကို ကြည့်ရှုရသည့်အခါမျိုးကို နှစ်သက်သည်။ တစ်ဦးနှင် တစ်ဦးခံစားချက်များ အပြည့်အဝရှိသောအခါ မနာလိုမှုသည် သူတို့ကို မဝေးကွာစေဘဲ သူမအပေါ်ထားရှိသော ခံစားချက်များကို ပိုမိုနက်ရှိုင်းစေသည်။
မည်သူက ချစ်ခြင်းမေတ္တာ အပေးခံရသည်ကို မနှစ်သက်ဘဲနေနိုင်မည်နည်း။ ရဲလော့ရီသည် ဤခံစားမှုကို အမြဲတမ်း ပျော်မွေ့လေ့ရှိသည်။
ထို့ကြောင့်ပင် ပေယွဲ့ပိုင်က ချင်းလီရှေ့တွင် သူမ၏ခါးကို ရစ်ပတ်ပြီး နဖူးကို နမ်းလိုက်သည့်တိုင် ရဲ့လော့ရီသည် ရှက်ရွံ့နေမိပြီး မျက်နှာတစ်ခုလုံးနီရဲနေသော်လည်း သူ့ကိုတွန်းလှန်ခြင်းမပြုပေ။ ထိုအတောအတွင်း ချင်းလီသည် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး မနာလိုမှုဖြင့် အရူးမီးဝိုင်းဖြစ်နေသည်။
ပေယွဲ့ပိုင်မှ ရဲ့လောရီကို ခေါ်ဆောင်သွားသည်ကို ကြည့်နေရင်း ချင်းလီ၏မျက်နှာအမူအရာသည် တဖြည်းဖြည်း ရှုံ့တွလာတော့သည်။ ထို့နောက် လက်ကောက်ဝတ်ကို အပေါ်သို့မြှောက်လိုက်ကာ ဖုန်းကို ကြမ်းပြင်ပေါ်သို့ အားပါးတရပစ်ချလိုက်သည်။
အိမ်ပြန်ရောက်သောအခါ ချင်းလီ၏ ဒေါသသည် မပြေသေးပေ။
ရှာမော့မော့သည် ပခုံးကြိုးပါသော ညဝတ်အင်္ကျီကို ဝတ်ဆင်ပြီး အခန်းထဲမှ ထွက်လာသည်။
သူမလက်တွင် ဆေးစာရွက်တစ်ရွက်ကိုင်ထားပြီး ချင်းလီကိုမြင်သောအခါ ပြုံးပြလိုက်သည်။
"အစ်ကိုချင်း နောက်ဆုံးတော့ ပြန်လာပြီပေါ့ ကျွန်မ…”
သူမစကားမပြီးဆုံးမီမှာပင် ချင်းလီသည် သူမကို လက်ဖြင့် ပွေ့ချီကာ အိပ်ခန်းတံခါးကို ကန်ဖွင့်ပြီး ကုတင်ပေါ်သို့ ပစ်တင်လိုက်သည်။
ချင်းလီသည် သူ၏ အနက်ရောင် နက်ကတိုင်ကို ဆွဲဖြုတ်လိုက် ကာ ရှာမော့မော့၏ ခုခံမှုများကို လုံးဝအလေးမထားဘဲ သူမ၏ လက်များကို ခပ်မြန်မြန်ချည်နှောင်လိုက်သည်။
"အစ်ကိုချင်း ဒီနေ့တော့ မလုပ်ပါနဲ့ဦး ဒီနေ့တော့ မလုပ်သေးပါနဲ့ဦး"
သူ၏ ကြမ်းတမ်းသော အနမ်းများကြောင့် ရှာမော့မော့ ဖြူဖွေးသောအရေပြားပေါ်တွင် အနီရောင် အမှတ်အသားများ ပေါ်လာခဲ့သည်။ သူမ၏ သမင်လေးတစ်ကောင်ကဲ့သို့ ကြောက်လန့်နေသော မျက်လုံးများထဲတွင် ချင်းလီ၏ တဏှာရာဂစိတ်ပြင်းထန်နေသော ပုံသဏ္ဌာန်ကြီးက ရောင်ပြန်ဟပ်နေသည်။
ချင်းလီသည် ရှာမော့မော့၏ မျက်လုံးများကို သဘောကျသည်။ အဘယ်ကြောင့်ဆိုသော် ယင်းမျက်လုံးများသည် ရဲ့လော့ယီ၏ မျက်လုံးများနှင့် တစ်ထပ်တည်းတူနေသောကြောင့်ဖြစ်သည်။ သူ၏ လက်ကြမ်းကြီးများက သူမ၏ နူးညံ့သော ရွှေရင်နှစ်မွှာကို ညှစ်ချေလိုက်သောအခါ ရှာမော့မော့က အားနာသောလေသံဖြင့် ပြောလိုက်သသည်။
"အစ်ကိုချင်း ဒီနေ့တော့ မလုပ်ပါနဲ့ တကယ်ပါ၊ ဒီနေ့တော့ အဲဒါမလုပ်ပါနဲ့ဦး ကျွန်မ ကိုယ်ဝန်ရှိနေပြီမလို့ပါ"
ချင်းလီ ရုတ်တရက် ကြောင်သွားခဲ့သည်။ မျက်နှာတစ်ခုလုံး သွေးများဆူပွက်ပြီး သူမကို လွှတ်ပေးလိုက်သည်။
"ဘယ်လိုကိုယ်ဝန်ရသွားတာလဲ၊ မင်း တားဆေးသောက်ဖို့ မေ့သွားတာလား"
ရှာမော့မော့သည် ထိုင်လိုက်ပြီး သူစုတ်ဖြဲထား၍ စုတ်ပြဲနေသော ညအိပ်ဝတ်စုံကို ဆုပ်ကိုင်ရင်း ပြန်ဖြေသည်။
"သောက်ပါတယ်၊ ဒါပေမဲ့ ရှင်ကမှ အကာအကွယ်မသုံးခဲ့တာ နောက်မှ ဆေးသောက်တာက သိပ်မထိရောက်ဘူးလေ"
ချင်းလီ၏ ရင်ဘတ်ထဲတွင် တင်းကျပ်မှုကို ခံစားလာရပြီး မျက်ရည်များက အင်္ကျီ အောက်ခြေအနားစွန်းအထိပင် ကျဆင်းနေခဲ့သည်။ ရင်ဘက်ထဲတွင်တော့ တင်းကျပ်သည့် ဝေဒနာတစ်ခုကို ခံစားနေရသည်။
သူသည် ကုတင်အစွန်းတွင် ထိုင်ကာ နီကိုတင်းက သူ၏ စိတ်သောကများကို ငြိမ်းသတ်ပေးနိုင်မလားဟူသော မျှော်လင့်ချက်ဖြင့် စီးကရက်တစ်လိပ်ကို မီးညှိလိုက်သည်။
ရှာမော့မော့သည် စီးကရက်သောက်ခြင်းသည် ကလေးအတွက် မကောင်းကြောင်း ပြောချင်နေသော်လည်း နှုတ်ဆိတ်နေလိုက်သည်။ သူမ သိသည်။ ဤအချိန်တွင် ချင်းလီကို နှောင့်ယှက်ရန် မသင့်ပေ။
စီးကရက်တစ်လိပ်ကုန်အောင် သောက်ပြီးသွားမှ ပေယွဲ့ပိုင်အပေါ် သူ၏ မနာလိုမှုများလည်း မီးငြိမ်းသွားသကဲ့သို့ဖြစ်ကာ သူ့ဒေါသများအတန်ငယ်လျော့ကျသွားသည်။
"ဘယ်နှလရှိပြီလဲ"
"သုံးလ"
ရှာမော့မော့သည် ပိန်လှီနေသည့်အတွက် သုံးလကြာသော်လည်း ဝမ်းဗိုက်က လုံးဝပြားချပ်နေသည့်အပြင် ကိုယ်လုံးကိုယ်ပေါက်သည်လည်း သေးသွယ်ကျစ်လျစ်နေဆဲပင်ဖြစ်သည်။
လွန်ခဲ့သော သုံးလခန့်က...။
ချင်းလီ သတိရမိသည်။ ရှုတင်ပြီး၍ ဖုန်းသုံးနေသောအချိန်တွင် ရဲ့လော့ယီနှင့် ပေယွဲ့ပိုင်တို့၏ ရသစုံရှိုးတင်ဆက်မှုကို Weibo တွင် မြင်တွေ့ခဲ့ရသည်။ ထိုတင်ဆက်မှုတွင် သယတို့နှစ်ဦးကို လက်တွဲစေချင်နေသည့် မှတ်ချက်များဖြင့် ပြည့်နေခဲ့သည်။ ထို့နောက်တွင် စိတ်ညစ်ညစ်ဖြင့် ရှာမော့မော့ကို ခေါ်ကာ အကာအကွယ်မပါဘဲ အတူနေမိခဲ့သည်။
သူချစ်သည်မှာ ရဲ့လော့ရီတစ်ဦးတည်းကိုသာဖြစ်သည်။
သူ့အနေဖြင့် မိန်းကလေးများစွာနှင့် အတူနေချင်နေမည်။ သို့သော် ကလေးတော့မယူနိုင်ပေား။ဤကိစ္စကို ရဲ့လော့ရီသာ သိသွားပါက မည်သို့ဖြစ်သွားမည်နည်း။
"ဖျက်ချလိုက်"
ချင်းလီက သူသောက်လက်စ ဆေးလိပ်တိုကို မီးသတ်ရင်း ပြောလိုက်သည်။
ရှောင်မိုမို၏ မျက်လုံးများ ပြူးကျယ်သွားသည်။
"ဒါက ကျွန်တို့ရဲ့ကလေးလေ"
"ငါ့အလုပ် အရေးကြီးနေတဲ့အချိန်မှာ ကလေးမွေးဖို့ အချိန်ပေးနိုင်မယ် ထင်လို့လား"
ချင်းလီက သူမ၏ ပခုံးများကို ခပ်ပြင်းပြင်းဆုပ်ကိုင်လိုက်ပြီး စူးစူးရဲရဲကြည့်ကာပြောလိုက်သည်။
"မော့မော့ရယ် ကိုယ်တို့က ငယ်ပါသေးတယ်၊ နောက်ကျရင် ကလေးရလာမှာပါ ဒီကလေးက အချိန်မတန်ဘဲ ရောက်လာခဲ့တာမလို့ ဖျတ်ချလိုက်ပါကွာနော်”
ချင်းလီသည် ရှာမော့မော့အား ချော့ပြီးနောက် လသာဆောင်သို့ထွက်လာကာ စီးကရက်တစ်လိပ်ပြီးတစ်လိပ် သောက်နေချိန်တွင် သူ၏ မန်နေဂျာ၏ ဖုန်းဝင်လာသည်။ ယနေ့ဖြစ်ပျက်ခဲ့သမျှ အရာရာတိုင်းက သူ့အား စိတ်ထိခိုက်စေခဲ့ပြီးဖြစ်ကာ လသာဆောင်ကြမ်းပြင်တစ်ခုလုံးတွင် စီးကရက်တိုများ ဖရိုဖရဲပြန့်ကြဲနေသည်။ နီကိုတင်းသည်ပင် သူ၏ပူပန်နေသောစိတ်ကို ငြိမ်းအေးစေနိုင်ခြင်းမရှိခဲ့ပေ။ မန်နေဂျာထံမှ ပြောပြလာသော သတင်းများကမူ အခြေအနေကို ပို၍ဆိုးရွားစေခဲ့သည်။
"Strawberry Network က ဖုန်းဆက်လာပါတယ်၊ ကျင်းထောင်က သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုကို ငြင်းလိုက်ပြီး Star Glory ရဲ့ကမ်းလှမ်းချက်ကို လက်ခံလိုက်ပါတယ်"
"Star Glory"
ချင်းလီက သူ့လက်ထဲက စီးကရက်ဘူးကို ညှစ်ခြေပစ်လိုက်သည်။
"ကျုံချင်းယွီလား"
"ဟုတ်ပါတယ် ပြီးတော့ ကျင်းထောင်က အဓိကဇာတ်ဆောင်အနေနဲ့ ရှန့်ရှင်းဟယ်ဆိုတဲ့ လူသစ်တစ်ယောက်ကို ရွေးလိုက်ပါပြီ၊ အရင်က သူ့ကို တစ်ခါမှ မကြားဖူးပါဘူး"
ချင်းလီက စီးကရက်ဘူးကို ကြမ်းပြင်ပေါ်သို့ အားဖြင့် ပစ်ချလိုက်သည်။
တစ်ခုပြီးတစ်ခုပါလား။
အရာအားလုံးသည် သူ့ကို အဘယ့်ကြောင့် ဆန့်ကျင်နေရသနည်း။
သူသည် ကျင်းထောင်ကို ဒုက္ခရောက်အောင် အစွမ်းကုန်ကြိုးစားခဲ့သည်။ Strawberry Network နှင့်သာ လက်မှတ်ထိုးနိုင် စေရန်အတွက် အကြွေးနွံထဲမှ ရုန်းမထွက်နိုင်စေရန် ဖိအားပေးခဲ့သည်။ ကျုံချင်းယွီသည် အဘယ့်ကြောင့် နောက်ဆုံးအချိန်တွင် ဝင်၍ ကယ်တင်နေရသနည်း။
"အခု ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ"
မန်နေဂျာက မေးလိုက်သည်။
"သတင်းအမှားဖြန်မဲ့သူတွေငှားပြီး သူ့ကိုအရှက်ခွဲပစ်လိုက်"
ချင်းလီ၏မျက်နှာမှာ မှောင်မည်းနေသည်။
"သူက လူသစ်တစ်ယောက်ပါ၊ အဓိကဇာတ်ဆောင်ဖြစ်ဖို့အတွက် ခံနိုင်ရည်ရှိမလား ကြည့်ကြသေးတာပေါ့"
ဟိုင်မြို့ မြို့ပြင်ရိုက်ကူးရေးနေရာတွင်။
The Bottom Line ရုပ်ရှင်ရိုက်ကူးမှုမှာ အတော်လေးတိုးတက်နေပြီဖြစ်သည်။ ကျင်းထောင်သည် သူ၏ ကိုယ်ပိုင်ဘဝတွင်ဂရုမစိုက်ဘဲ ပေါ့တီးပေါ့ပျက် နေတတ်သူဖြစ်သော်လည်း ရိုက်ကွင်းပေါ်တွင် အလွန်တရာထူးချွန်ထက်မြက်သူဖြစ်သည်။ အနုပညာနယ်ပယ်တွင် ဂုဏ်သတင်းကောင်းရှိသော ဒါရိုက်တာတစ်ဦးအနေဖြင့် ရင်းနှီးမြှုပ်နှံသူများ ဝင်စွက်ဖက်မည်မဟုတ်ကြောင်း အာမခံထားသောကြောင့် အတွေ့အကြုံရှိသရုပ်ဆောင်များစွာက ပရောဂျက်တွင် ပါဝင်ရန် ဆန္ဒရှိကြသည်။
အဓိကဇာတ်ကောင်များ အားလုံးအတည်ပြုပြီးနောက် ယနေ့၏ တာဝန်မှာ ကြော်ငြာဓာတ်ပုံများရိုက်ကူးရန်ဖြစ်သည်။ ပုံမှန်အားဖြင့် ဤဓာတ်ပုံများကို စတူဒီယိုတွင် ရိုက်ကူးလေ့ရှိသော်လည်း လူမှုကွန်ရက်များတွင် ကြော်ငြာရန်အတွက် အသုံးပြုမည်ဖြစ်သောကြောင့် ကျင်းထောင်က ဇာတ်လမ်းဆန်သောခံစားချက်ကို ပိုမိုရရှိစေရန် အပြင်တွင် ရိုက်ရန် ဆုံးဖြတ်လိုက်သည်။
ထုတ်လုပ်သူ ယန်ရှီသည်လည်း ရိုက်ကွင်းပေါ်တွင် ရှိနေပြီး Star Glory မှ The Bottom Line အတွက် ရင်းနှီးမြှုပ်နှံထားသော ငွေတစ်ပြားချင်းကို သင့်တင့်လျောက်ပတ်စွာအသုံးပြုနေကြောင်း သေချာစေရန် ကြည့်ရှုနေသည်။
ယန်ရှီ ရောက်ရှိလာသည့်အချိန်တွင် အဓိကဇာတ်ဆောင် ရှန့်ရှင်းဟယ်သည် သူ၏ပထမဆုံးဝတ်စုံဖြစ်သည့် ရဲဝတ်စုံကို ဝတ်ဆင်ပြီးဖြစ်သည်။ သူသည် အဖြူရောင်ရှပ်အင်္ကျီကို ဝတ်ဆင်ထားပြီး ခန္ဓာကိုယ် အချိုးအစားကို ထင်းထွက်နေစေရန် စတိုင်လစ်က အနက်ရောင်ကြိုးတစ်ချောင်းကို ထပ်မံ၍ ပတ်ပေးထားသည်။
အပူချိန်ပြင်းနေသည့်အတွက် ရှန့်ရှင်းဟယ်က သူ၏ အင်္ကျီလက် မောင်းစကို ခေါက်လိုက်ရာ တုတ်ခိုင်သန်မာသော လက်မောင်းကြွက်သားများကလ ထင်းထွက်လာသည်။ နေရောင်အောက်ရှိအသားအညိုရောင်များပေါ်တွင် သွေးပြန်ကြောများ ထင်ရှားနေသည်ကို မြင်ရသည့်အခါ ယန်ရှီတစ်ယောက် မတတ်သာတော့ဘဲ ပင့်သက်ရှိုက်မိလိုက်တော့သည်။
သူမသည် အေးဆေးတည်ငြိမ်နေသော်လည်း သူမ၏စိတ်ထဲရှိ အလင်းလုံးသေးသေးလေးမှာမူ စိတ်ရိုင်းများဝင်နေသည်။
[အား]
[Host ရေ ငါတော့ထိန်းလို့မရတော့ဘူး]
[အစ်ကိုရှင်းဟယ်က တကယ့်ကို ယောက်ျားပီသလွန်းတယ်]
[ကူညီကြပါဦး သူဒီလောက်ချောတာကို အရင်က ဘာလို့မသိခဲ့မိတာပါလိမ့် ငါက သူ့ရဲ့တရားဝင်ဖန်ဖြစ်သွားပြီ သူ့ဖန်ကလပ်ထဲကို ဝင်ပစ်မယ် သူ့ကလေးတွေ မွေးပေးချင်တယ်]
ယန်ရှီ...
"AI တစ်ယောက်အနေနဲ့ နည်းနည်းပါးပါး သိက္ခာလေးဘာလေးထိန်းလို့မရဘူးလား"
[မရဘူး]
System က အခိုင်အမာဖြေလိုက်သည်။
[အရင်တုန်းက အစ်ကိုရှင်းဟယ်ကို ၁၀ မှတ်မဟုတ်ဘဲ ၉ မှတ်ပဲရမယ်လို့ထင်ခဲ့တာ အခု ဒီဝတ်စုံနဲ့ဆို လုံးဝ ၁၀ မှတ် အပြည့်ပဲ]
[Host ရဲ့မျက်လုံးလည်း လက်သွားတာ သတိမထားမိဘူးလို့ မထင်နဲ့နော်]
[ငါက အဲဒီလိုပဲ အမြင်အာရုံ စူးရှတယ်]
ယန်ရှီအနေနှင့် အနည်းငယ် ရှက်မိသွားသည်။ ဘာတတ်နိုင်မည်နည်း။ ရှန့်ရှင်းဟယ်ကို မြင်လိုက်ရသည့်အချိန်မှာ သူမလည်း သူ၏အလှတရားများ၏ ဒဏ်ကို မခံစားနိုင်ဖြစ်သွားခဲ့သည်။
သူမအနေဖြင့် အမျိုးသားတစ်ယောက်၏ အလှတရားကို ယခုကဲ့သို့စွဲလမ်းခဲ့ဖူးသည်မှာ လွန်ခဲ့သော ငါးနှစ်က ကျုံယန်စီကို ပထမဆုံးအကြိမ် မြင်တွေ့ခဲ့ရစဉ်ကဖြစ်သည်။
ကျုံချင်းယွီသည် အနုပညာလောကတွင် အလှနတ်ဘုရားမအဖြစ် ဂုဏ်ပြုခံရသူဖြစ်ပြီး ကျုံယန်စီ၏ အလှသည်လည်း မလျော့သောအဆင့်ရှိသည်။ သူသည် အလွယ်တကူပင် အနုပညာလောကထဲသို့ တစ်ကိုယ်တည်း ဝင်လာနိုင်ခဲ့သည်။
သို့သော် ကျုံချင်းယွီက ကျုံယန်စီကို သဘောမကျသောကြောင့် ယန်ရှီသည်လည်း သူ့အား ကြည့်မရသလိုပင် ဖြစ်လာခဲ့တော့သည်။ ထို့အပြင် ထိုစဉ်က ကျုံယန်စီသည် ကျုံစီးပွားရေးလုပ်ငန်းစုတွင် အလုပ်လုပ်နေပြီး စည်းကမ်းတင်းကြပ်သော လူကြီးတစ်ယောက်၏ ပုံစံဖြင့်သာနေထိုင်ခဲ့သောကြောင့် ယန်ရှီက သူ့ကို ယောက်ျားပီသပြီး ချောမောမှုအပြည့်အဝမရှိဟု ခံစားမိခဲ့သည်။
သို့သော် ယခုအခါ ရှန့်ရှင်းဟယ်ကို မြင်ရသည်နှင့် ယန်ရှီ၏ စိတ်ထဲတွင် ပုန်းအောင်းနေသော ဆွဲဆောင်မှုရှိသော ယောက်ျားတစ်ယောက်၏ အလှကို သဘောကျသည့်စိတ်များ ပြန်လည်နိုးကြားလာခဲ့သည်။
ယန်ရှီနှင့် System တို့အပြင် အနီးအနားရှိ အချို့မိန်းကလေးများမှလည်း တီးတိုးပြောဆိုရင်း စိတ်လှုပ်ရှားနေကြသည်။ ယန်ရှီမြင်လိုက်ရသည်မှာ သူတို့လက်ထဲတွင် ဖူရှင်းယွီ၏ ဖန်ကလပ်ပစ္စည်းများကို ကိုင်ထားကြသည်။ ဖူရှင်းယွီသည် ဤရုပ်ရှင်အဖွဲ့တွင် နာမည်အကြီးဆုံးသရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး ယခင်က စိတ်ကူးယဉ်ဒရာမာဇာတ်လမ်းတွဲတစ်ခုတွင် တတိယမြောက် အဓိကဇာတ်ဆောင်အဖြစ် ပါဝင်ခဲ့ဖူးသည်။ သူမ၏ သရုပ်ဆောင်မှုလည်း အတော်အသင့်ကောင်းမွန်သည်။
ဖူရှင်းယွီသည် အနုပညာလောကတွင် တတိယတန်းစား အနုပညာရှင်တစ်ဦးသာဖြစ်ပြီး သူမ၏ဖန်များမှာ အေးဆေးတည်ငြိမ်ကာ ထိပ်တန်းအဆင့် အိုင်ဒေါများ၏ ပရိတ်သတ်များလောက် အရူးအမူးမဖြစ်ကြပေ။ သို့သော်လည်း ရှန့်ရှင်းဟယ်၏ ဆွဲဆောင်မှုရှိသော မျက်နှာကိုမြင်ရသည်နှင့် မနေနိုင်ကြတော့ပေ။ အချို့က သူ့ကို လျှို့ဝှက်ဓာတ်ပုံများရိုက်ယူကာ သူ့အတွက် ဖန်ကလပ်စတင်ဖွင့်ရန် အကြံပြုနေကြသည်။
"ဒါက သစ္စာဖောက်တာပဲ ငါတို့ရဲ့ အစ်မကြီးကို ဒီလိုလုပ်ရလား"
"ဒါပေမဲ့ သူက တကယ့်ကို ယောက်ျားပီသတယ်လေ လက်မောင်းသားတွေ ကြွက်သားတွေကြည့်ပါဦး"
"သူက အသစ်လား အရင်က တစ်ခါမှ မမြင်ဖူးပါဘူး အခု ဖန်ကလပ်မဖွင့်ရင် တခြားသူတွေက အရင်ဖွင့်သွားမှာပဲ"
"သူ့ဖန်ကလပ်က အခုဖွင့်ရင် သိပ်မကောင်းသေးဘူး လူတွေကလည်း သိပ်မသိကြသေးဘူးလေ Bottom Line ဆိုတဲ့ ခေါင်းစဉ်နဲ့ သူ့ဓာတ်ပုံတွေတင်လိုက်ကြတာပေါ့ သတင်းကောင်းလေးကို အကုန်လုံးကို မျှဝေလိုက်ကြရအောင်"
အချိန်ဖြုန်းမနေကြတော့ဘဲ ဖူရှင်းယွီ၏ဓာတ်ပုံများကို တခြားဖန်များနှင့်မျှဝေပြီးနောက် ဖန်အကောင့်ပိုင်ရှင်က ရှန့်ရှင်းဟယ်၏ ဓာတ်ပုံများကို တည်းဖြတ်ကာ အကောင့်သစ်တစ်ခုဖွင့်ပြီး Bottom Line အထူးခေါင်းစဉ်ဖြင့် တင်လိုက်သည်။
ထိုအချိန်က Bottom Line ခေါင်းစဉ်မှာ လူကြိုက်မများသေးပေ။ ပထမဆုံးအကြိမ်မိတ်ဆက်သည့် ဇာတ်ညွှန်းဖြစ်သောကြောင့် သရုပ်ဆောင်များ၏ ပရိတ်သတ်အနည်းငယ်မှလွဲ၍ မည်သူမှ စကားမပြောကြပေ။
သို့သော် ရှန့်ရှင်းဟယ်၏ဓာတ်ပုံများ တင်လိုက်သည်နှင့် လူများ စိတ်လှုပ်ရှားသွားကြသည်။
[ဘုရားရေ အမျိုးသားဇာတ်ဆောင်က သူပေါ့]
[ယောက်ျားပီသလိုက်တာ နှာခေါင်းသွေးပါယိုတယ်]
[အဲဒိကြိုးလေးကိုကြည့်ပါဦး သွားရည်တောင်ကျလာပြီ ဒါရိုက်တာကျင်းက တကယ်အလိုက်သိသားပဲ]
[ကြိုးအောက်က ရင်အုပ်ကြီးကို ကြည့်ပါဦး Six Pack တွေက အမြှောင်းလိုက်နဲ့၊ ဒီမျက်နှာနဲ့ဒီဘော်ဒီဆိုရင် အနုပညာလောကကြီး စိတ်အေးရပြီ]
[ဒီပုံစံနဲ့ ဒီခန္ဓာကိုယ်ကိုကြည့်ရုံနဲ့ Bottom Line အတွက် မျှော်လင့်ချက်က ရာနှုန်းပြည့်ပဲဟေ့]
လောလောဆယ်တွင် ရှန့်ရှင်းဟယ်နှင့် Bottom Line အကြောင်း သိပ်မပြောကြသေးခြင်းမှာ ကြော်ငြာများ မစသေးသောကြောင့်ဖြစ်သည်။
ကြော်ငြာရန် ငွေလိုအပ်ပြီး ရင်းနှီးမြှုပ်နှံမှုဘတ်ဂျက်ပမာဏအတွင်းသာ သုံးစွဲနိုင်သည်။ ယန်ရှီသည် ဒေါ်လာတစ် ဒေါ်လာချင်းစီကို ထိရောက်စွာအသုံးပြုနိုင်ရန် တွက်ချက်နေရသည်။
ရိုက်ကွင်းပေါ်တွင် ဓာတ်ပုံများ ဆက်လက်ရိုက်ကူးနေစဉ် ယန်ရှီသည် ကွန်ပျူတာပေါ်မှ ဓာတ်ပုံများကို ပြန်လည်သုံးသပ်နေသည်။ ကျင်းထောင်၏ ရိုက်ကူးမှုများမှာ အလွန်စွဲမက်ဖွယ်ကောင်းသည်။ ရိုက်ကူးမှုမစရသေးသော်လည်း ဝတ်စုံဓာတ်ပုံများကိုကြည့်ရုံဖြင့် ဇာတ်ကောင်များ၏ စိတ်ခံစားမှုများကို ခံစားမိစေသည်။ ဤသည်မှာ သရုပ်ဆောင်များ၏ ကျွမ်းကျင်မှု၊ ဒါရိုက်တာ၏ အရည်အချင်းနှင့် ဇာတ်ကောင်ဒီဇိုင်းတို့၏ အားသာချက်ပင်ဖြစ်သည်။
ယန်ရှီတစ်ယောက် စိတ်ထဲတွင် တွက်ချက်လိုက်သည်။ Bottom Line သည် သေးငယ်သောပရောဂျက်တစ်ခုဟုထင်ရသည်။ သို့သော်လည်း အပိုင်း ၁၂ ပိုင်းပါ ဇာတ်လမ်းတွဲအတွက် နာမည်ကြီးသရုပ်ဆောင်များ မပါဝင်သည်မှလွဲ၍ ဒါရိုက်တာ၊ ဇာတ်ညွှန်း၊ ထုတ်လုပ်ရေးအဖွဲ့နှင့် ရင်းနှီးမြှုပ်နှံမှုအားလုံးမှာ ထိပ်တန်းအဆင့်ရှိသည်။ ယခင်က ဘတ်ဂျတ် မီလီယမ်နှစ်ဆယ်နှင့် ချင်းလီ၏ ပါဝင်သရုပ်ဆောင်မှုဖြင့် Bottom Line အောင်မြင်နိုင်ခဲ့လျှင် ယခုကဲ့သို့ အကောင်းဆုံးပြင်ဆင်ထားသောအခြေအနေတွင် မည်မျှထိအောင်မြင်မည်ကို ယန်ရှီပင် မှန်းဆ၍မရနိုင်ခဲ့ပေ။
သို့သော် အကောင်းဆုံးဝိုင်သည်လည်း လူအသိအမှတ်ပြုခံရန် လိုအပ်သည်။ ကျင်းထောင်က Bottom Line ကို ပြီးပြည့်စုံအောင် ဖန်တီးနေစဉ်၊ ထုတ်လုပ်သူအနေဖြင့် ယန်ရှီသည်လည်း အနားမယူနိုင်ပေ။ ဇာတ်လမ်းတွဲကို လူတိုင်းသိအောင် မည်သို့ကြော်ငြာရမည်ကို ရှာဖွေဆန်းစစ်နေရပေမည်။
ကြော်ငြာနည်းဗျူဟာများကို စဉ်းစားနေစဉ် ဝူလျောင်က ရုတ်တရက် ရိုက်ကွင်းသို့ မျက်နှာညိုမဲပြီး ရောက်ချလာသည်။ သူသည် နေကာမျက်မှန်ကြီးကိုတပ်ထားပြီး စိတ်ဆိုးနေသည်မှာ ထင်ရှားသည်။
ကျင်းထောင်က ရိုက်ကူးနေဆဲဖြစ်သောကြောင့် ဝူလျောင်က မနှောင့်ယှက်ဘဲ ယန်ရှီထံသို့ ချဉ်းကပ်လာသည်။
သူ့မျက်မှန်ကို ချွတ်လိုက်သောအခါ မျက်ကွင်းညိုနက်နေသည်ကို တွေ့ရသည်။
"ငါတို့တော့ ပြဿနာတက်ပြီ"
ဝူလျောင်က ခပ်တိုးတိုးပြောသည်။
"ရှန့်ရှင်းဟယ်နဲ့ Bottom Line တို့ အကြောင်း ကောလာဟလ တွေပြောနေကြတယ် အခုဆိုရင် ဆိုရှယ်မီဒီယာမှာ နာမည်ကြီးတဲ့ခေါင်းစဉ်ဖြစ်နေပြီ"