← Chapters

အခန်း (၆၂)

Vol. 7 Ch. 62

အခန်း (၆၂)

Vol. 7 Ch. 62

ကျုံချင်းယွီသည် သူမ မည်မျှကြာ‌အောင်အိပ်လိုက် သည်ကိုပင် မသိလိုက်ချေ။

သူမသည် အိမ်မက်အရှည်ကြီးမက်ခဲ့သည်ဟု ခံစားလိုက်ရသည်။ အိမ်မက်ထဲ၌ သူမသည် ကိုယ့်ကိုကိုယ်မထိန်းချုပ်နိုင်ဘဲနှင့် တစ်ခါတစ်ရံ မထင်မှတ်ထားသည်များကိုပင် ပြုလုပ်ခဲ့သေးသည်။ဒါ့အပြင် သူမသည် မည်သည့်အရာကိုမျှ မပြောင်းလဲနိုင်ခဲ့ပေ။တစ်ခါတစ်ရံ သူမသည် အဖြစ်အပျက်ကို ကိုယ်တိုင် ကြုံ‌တွေ့ခဲ့ရပြီး တစ်ခါတစ်ရံတွင် သူမသည် ဘေး၌အရံလူဖြစ်နေခဲ့သည်။သူမ၏ဝိဉာဉ်သည် သူမကိုယ်၌မရှိတော့သကဲ့သို့ဖြစ်နေပြီး သူမ၏လုပ်ရှားမှုအလုံးစုံကို တည်ငြိမ်စွာကြည့်နေသည်။

သူမ ပြောလိုက်သည်။

“ထတော့၊ နင် လုပ်ခဲ့တဲ့အရာတွေကိုထကြည့်ဦး၊ နင့်ကိုအရှက်ရစေချင်တာမဟုတ်ပေမဲ့ ငါလုပ်ရမယ်”

သို့သော် ထို့သို့မိမိကိုယ်ကို ထိန်းချုပ်မှုကင်းမဲ့သွားခြင်းသည် စိတ်ဝင်စားဖွယ်ကောင်းသည်။

၎င်းသည် တစ်စုံတစ်ယောက်မှ သူမ၏လောကကြီးကို သကြားဖြူးလိုက်သကဲ့သို့ပင် ချိုမြိန်ပျော်ရွင်ဖွယ်ကောင်းသည်။သူမ ထိုအရာများလုပ်နေစဉ်တွင် သူမသည် ချိုမြိန်မှု(စိတ်ကျေနပ်မှု)များအား တစ်ရာရာခိုင်နှုန်းခံစားမိသည်။ထို့အပြင် အရှက်ရဖွယ်ကိစ္စများသည် ထိုချိုမြိန်မှု၌ ပျော်ဝင်ပျောက်ဆုံးသွားသည်။

ကျုံချင်းယွီသည် ၎င်းကို “ဆင်းရဲဒုက္ခများအား နူးညံ့သောနှလုံးသားဖြင့် ကြံကြံခိုင်ရင်ဆိုင်ခြင်း” ဖြစ်မည်ဟူ၍ ထင်ခဲ့သည်။

လူတစ်ချို့သည် အဘယ့်ကြောင့် အနာဂတ်မရှိသည့်အချစ်အား စွဲလမ်းနေကြသည်ကို သူမ ယခင်က နားမလည်ချေ။၎င်းသည် အညတရအရာဖြစ်ပြီး အချစ်သည် ပြင်းထန်ခါးသက်‌သည်။ ဘေးမှကြည့်နေသူများသည်ပင် ထိုသူများအတွက် ဝမ်းနည်းကြေကွဲမှုများ ဖြစ်ပေါ်စေသည်။

သို့သော် အချစ်ကို ခံစားမိသူတိုင်းသည် အကယ်၍သူသည် သူမအား ဆိုးရွားစွာပင်ဆက်ဆံနေပါစေ၊သူမအပေါ် စိတ်ရှိနေသည့်ဆိုသည့်အချက်နှင့် အရာရာဟာ ချိုမြိန်နေပေသည်။

“နင် သူ့ကို ငါချစ်သလောက်ချစ်ပေးနိုင်မှာလား”

မိမိ၏ကိုယ်ပွားသည် ကျုံချင်းယွီအားမေးသည်။ ကျုံချင်းယွီသည် ထိုင်ချလိုက်ပြီး သူမနှင့်အမှန်တကယ်တူသော ထိုမိန်းကလေးအား ကြည့်လိုက်သည်။မည်မျှပင် လှပလိုက်ချေသနည်း။သူမ စိတ်ဆိုး‌ေနသည်ဖြစ်စေ၊ဝမ်းနည်း‌ေနသည်ဖြစ်စေ၊အေးစက်နေသည်ဖြင့်စေ သူမသည် အလွန်ပင် လှပပါသည်။ကျုံချင်းယွီသည် ထိုမိန်းကလေး၏မျက်နှာအား အသာအယာပွတ်သပ်ပြီး ပြန်ဖြေသည်။

“ငါမချစ်ပေးနိုင်ဘူး”

သူမသည် အလွန်ပင် ဝမ်းနည်းသွားသောကြောင့် ငိုကြွေးလေသည်

“နင်ကဘာလို့ ငါနဲ့မတူတာလဲ၊ ငါအစ်ကိုယွဲ့ပိုင်ကို တကယ်အများကြီးသဘောကျတာ”

ကျုံချင်းယွီသည် သက်ပြင်းချပြီးနောက် ပြန်ဖြေလိုက်သည်။

“ဘာလို့လဲဆိုတော့ ငါနင့်ကို သူ့ထက်ပိုသဘောကျလို့ပဲ”

ဟိုင်မြို့၏လေဆိပ်သို့ရောက်သည့်အခါတွင် ကျုံချင်းယွီမျက်လုံးဖွင့်လိုက်သည်။သူမ၏မျက်လုံးထောင့်မှတဆင့် မျက်ရည်စီးကျသွားသည်ကို သူမ ခံစားမိလိုက်သည်။ ထိုမျက်ရည်သည် သူမ၏ပါးစပ်ထဲသို့ အမှတ်တမဲ့စီးဝင်သွားသည်။၎င်းသည် ငန်၍ခါးသောမျက်ရည်ဖြစ်သော်လည်း ကျုံချင်းယွီသည် ချိုမြိန်မှုအား အရသာခံလိုက်မိသည်။

ကမ္ဘာပေါ်ရှိ အချိုဆုံးသကြားလုံးသည်ပင် ၎င်းအားယှဉ်နိုင်မည်မဟုတ်ချေ။သူမ၏ ခန္ဓာကိုယ်သည် တင်းကုပ်များ ဖယ်ရှားလိုက်သကဲ့သို့ မကြုံစဖူး သက်တောင့်သက်တာဖြစ်မှုကို ခံစားနေရသည်။

တံခါးခေါက်ခြင်းမရှိဘဲနှင့် အခန်းတံခန်းသည်ပွင့်သွားပြီး ပေယွဲ့ပိုင်သည် အထဲသို့ဝင်လာသည်။

“ချင်းယွီ၊ကိုယ်တို့ဟိုင်မြို့ကိုရောက်ပြီ ကိုယ့်ရဲ့ကားကိုအပြင်မှာရပ်ထားခဲ့တယ်၊ ပြင်ဆင်ပြီး ပေမိသားစုကို သွားတွေ့ရအောင်”

ပေယွဲ့ပိုင်သည် ပေလုပ်ငန်းစု၏ ရှယ်ယာ၃%အား ရရန် မစောင့်နိုင်တော့ချေ။ ထိုကဲ့သို့သော များပြားသည့်ငွေများ သူ၏အိတ်ကပ်ထဲသို့ရောက်လာခြင်းသည် သူ့ကို အစစ်အမှန်ပင် ခံစားရစေသည်။ ကျုံချင်းယွီသည် ဘာမျှမပြင်ဆင်ရသေးပေ။ ချောမောသော လေယာဉ်မောင်တစ်ယောက်သည် သူမ၏အိတ်များအား ကူညီသယ်ဆောင်ပေးသည်။ လေယာဉ်အပြင်ဘက်သို့ ရောက်သည့်အချိန်တွင် ကောင်းကင်သည် မှောင်အတိဖြစ်နေသည်။ မြို့လယ်နှင့်ဝေးသော ညကောင်းကင်သည် ဂြိုလ်တုမှန်ပြောင်းဖြင့်မကြည့်လျှင်ပင် ပတ္တူစပေါ်၌ ဆီဆေးအမဲသုတ်ခြယ်ထားသကဲ့သို့ မှောင်မိုက်လှပလွန်းသည်။

“အရမ်းနောက်ကျနေပြီ” ဟု ကျုံချင်းယွီပြောလိုက်သည်။

ပေယွဲ့ပိုင်သည် ပြန်လည်ပြောခဲ့သည်။

“ဟုတ်တယ်၊အဲ့ါကြောင့် ကိုယ်တို့မြန်မြန်သွားရမှာ”

“ကျွန်မပင်ပန်းနေပြီ ပေမိသားစုအိမ်ကို မနက်ဖြန်မှပဲသွားရအောင်”

ကျုံချင်းယွီပြောလိုက်သည်။

ပေယွဲ့ပိုင်၏မျက်နှာသည် ရုတ်တရတ်ပြောင်းလဲသွားသည်။

“ချင်းယွီ၊ ကိုယ်တို့အရင်ကတည်းက သဘောတူထားတယ်လေ၊ မင်းအရင်တစ်ခါက အဖိုးကိုစိတ်ပျက်အောင်လုပ်ပြီးပြီလေ၊ ဒီတစ်ခါရော ဆက်လုပ်‌ဦး မလို့လား၊ မင်းက လက်တွေ့ကျတဲ့သူပါကွာ၊ မးဘာလို့နားမလည်ရတာလဲ”

“လက်တွေကျတာလား”

ကျုံချင်းယွီသည် ပေယွဲ့ပိုင်အားကြည့်၍ အထင်သေးသကဲ့သို့ပြောလိုက်သည်

“ပေယွဲ့ပိုင်၊ ရှင်အထင်လွဲနေပြီထင်တယ်၊ ကျွန်မက ဘယ်တုန်းက လက်တွေ့ကျဖူးလို့လဲ”

ကျုံချင်းယွီသည် အရေးမစိုက်ဟန် အကြောဆန့်၍ ဆက်ပြောသည်

“သွားချင်ရင် ရှင်တစ်ယောက်တည်းသွား၊ ကျွန်မတော့ အိမ်ပြန်မှာ”

ပေယွဲ့ပိုင်၏မျက်နှာသည် ပို၍ရှက်ကိုးရှက်ကန်းဖြစ်လာသည်။ သူသည် ပေပါးပါးအား ကျုံချင်းယွီသည် သူနှင့်အတူပေမိသားစုသို့ ပြန်လာပြီး အဖိုးအားတောင်းပန်ကာ ကျုံမိသားစုနှင့် ပေမိသားစု ပြန်လည်စေ့စပ်မှုမည်ဖြစ်ကြောင်း ကြိုတင်အသိပေးထားပြီး ဖြစ်သည်။

ပေမိသားစုသည်လည်း သိပြီးဖြစ်သောကြောင့် ကျုံချင်းယွီအတွက် ညစာများပင် ပြင်ဆင်ထားလေသည်။ ယခုတော့ သူမ မသွားတော့ဘူးဟု အမှန်တကယ်ပင်ပြောနေလေခြင်းလား။

ကျုံချင်းယွီသည် သူ့အား လျစ်လျူရှုအား ပတ်ဝန်းကျင်သို့ လှည့်ကြည့်လိုက်သည်။

“ရှီရှီ၊ နင်ဘယ်မှာလဲ”

“ဒီမှာပါရှင့်၊ဒီမှာ”

ယန်ရှီသည် ကွန်ပျူတာအိတ်အား လက်တွင်ချိတ်ကာ အရှေ့သို့ပြေးလာနေသည်။ ကိုယ်ပိုင်လေယာဉ်၏ ကျယ်ဝန်းသောလှေကားသည် လူနှစ်ယောက်သာ ပြိုင်တူလျှောက်ရန်ခွင့်ပြုထားသောကြောင့် ယန်ရှီသည် နောက်၌ ကျန်ရစ်ခဲ့လေသည်။

ကျုံချင်းယွီသည် ပေယွဲ့ပိုင်အား မျက်လုံးထောင့်မှတဆင့် ကြည့်လိုက်သည်

“ဘေးဖယ်၊ရှင်က ရှီရှီကို ပိတ်ထားသလိုဖြစ်နေတယ်”

ပေယွဲ့ပိုင်၏မျက်နှာသည် ပျက်ယွင်းသွားသည်။

ယန်ရှီသည် ကျုံချင်းယွီ၏ဘေးသို့ ရောက်ရှိလာပြီဖြစ်သည်။ ကျုံချင်းယွီသည် ယန်ရှီအား ဖက်လိုက်ပြီး မေးသည်။

“ပေါင်ပေ့လေး ဗိုက်ဆာနေပြီလား ငါတော့ဆာနေပြီ၊ ဒါပေမယ့် ဘာစားရမလဲ မသိသေးဘူး”

ယန်ရှီသည် သူမ၏နှုတ်ခမ်းအား သပ်လိုက်ပြီး ပြောသည်။

“ပေါင်ပေ့လေးလည်း ဗိုက်ဆာတယ်၊ ဂဏန်းမာဆလာ ဖက်ထုပ်သွားစားရအောင်”

“နင့်ရဲ့ကျောင်းနားက ဆိုင်မှာလား”

“အင်း၊အဲဒီဆိုင်က စားကောင်းတယ်၊ သူက နှစ်နှစ်ဆယ် ဂုဏ်ပြုဆုရထားတဲ့ဆိုင်လေ”

ကျုံချင်းယွီ ခဏတာ စဉ်းစားလိုက်သည်။ သူမသည် လမ်းဘေးဆိုင်များအား အဆင့်အတန်းနိမ့်သောကြောင့် သိပ်၍မစားဖြစ်ချေ။သို့သော် သူမ ယန်ရှီနှင့်အတူ အားလပ်ရက်လျှောက်လည်သည့်အခါများတွင် သူမ အနည်းငယ် စားဖူးသည်။

“အရသာတော့ကောင်းပါတယ် ၊ဒါပေမယ့် နင့်ရဲ့ကျောင်းက အိမ်နောက်မှာရှိတာမဟုတ်ဘူးလား”

“ဟုတ်တယ်လေ” ယန်ရှီ စိတ်ပျက်စွာဖြေကြားလိုက်သည်။

ကျုံချင်းယွီသည် နောက်လှည့်ကြည့်၍ မေးလိုက်သည်။

“ပေယွဲ့ပိုင်၊ရှင်မောင်းမှာလား”

ပေယွဲ့ပိုင် ပျော်ရွင်သွားသည်။သူမ ထိုသို့မေးခြင်းသည် အကယ်၍ သူမောင်းမည်ဆိုလျှင် ပေမိသားစုအိမ်သို့ သူနှင့်အတူ လိုက်မည်ဟု ဆိုလိုခြင်း ဖြစ်ပေလိမ့်မည်။

“ဒါပေါ့”

“ကောင်းပြီ၊ဒါဆိုငါတို့ ဟိုင်တဣသိုလ်ဂိတ်ရှေ့ကဆိုင်မှာ ဂဏန်းမာဆလာဖက်ထုပ်သွားစားကြမယ်၊ ကျွန်မကို စောင်လေးနှစ်ထည်လောက်သွားဝယ်ပေးပါ၊ ကျွန်မအေးနေရင် အရသာမခံနိုင်တော့ဘူး”

ပေယွဲ့ပိုင် နှုတ်ခမ်းတွန့်လိုက်သည်။ပေမိသားစု၏ ဒုတိယသခင်လေးဖြစ်သည့် သူသည် ဂဏန်းမာဆလာဖက်ထုပ်ဝယ်ရန် တောက်တိုမယ်ရပြေးလွှားနေရသည်‌ဖြစ်သည်။ သူသည် ကျုံချင်းယွီ၏ ချစ်သူလား၊ပို့ဆောင်ရေးသမားလား ဆိုသည်ကိုပင် ရေရာစွာ မသိတော့ချေ။

ဒါပေမယ့် သူတို့သည် တရားဝင်ပြန်လည် မတွဲဖက်ရသေးသောကြောင့် သူ စိတ်ရှည်ရပေမည်။

“ကိုယ့်လက်ထောက်ကို လုပ်ခိုင်းလိုက်လို့ရတယ်မလား”

ကျုံချင်းယွီသည် ပေယွိ့ပိုင်အား စူးရဲစွာကြည့်ပြီး ပြောလိုက်သည်။

“ရပါတယ်၊ ရိုးသားမှုကို ဖော်ပြဖို့ လူကိုယ်တိုင်ဝယ်ပေးဖို့ လိုရုံလေးပါ၊ ဘာလဲ ရှင်က ကျွန်မနဲ့ကျပြန်တွဲချင်တယ်ပြောပြီး ဒီလောက်လေးတောင် ကျွန်မအတွက် မလုပ်ပေးနိုင်ဘူးလား”

ပေယွဲ့ပိုင်သည် ပြောစရာစကားများပျောက်ဆုံးသွားပြီး ပြန်လည်မချေပ နိုင်ခဲ့ချေ။

သူတို့သည် ဖြုန်းတီးလိုက်၍မရသော အရေးကြီးသည့်အခြေအနေ၌ရောက်နေသည်ကို ပြန်လည်စဉ်းစားလိုက်သည်။ ခဏအကြာတွင် ပေယွဲ့ပိုင်သည် အံကြိတ်၍ ပြောလိုက်သည်။

“ကောင်းပြီ ၊ကိုယ်သွားဝယ်ပေးမယ်”

ညကောင်းကင် မှင်ဆေးသဖွယ် မဲနက်နေသည်။ ပေယွဲ့ပိုင်သည် အရင်ထွက်ခွာသွားသည်။ ယန်ရှီသည် ပေယွဲ့ပိုင် Ferrari ကားပေါ်သို့တက်သွားသည်ကို ကြည့်နေခဲ့သည်။ ပြိုင်ကား၏ လီဗာသံသည် ညကောင်းကင်တွင် ပဲ့တင်ထပ်နေပြီးနောက် ထိုအသံသည် တဖြည်းဖြည်းပျောက်ကွယ်သွားသည်။ ထွက်သွားသည့်ကားအား မမြင်ရတော့သည့်အခါမှသာ ယန်ရှီသည် စိတ်သက်သာစွာသက်ပြင်းချပြီး ကျုံချင်းယွီအား အေးဆေးစွာကြည့်နိုင်တော့သည်။

“ငါ အခုမှသတိရသည်၊ ကျောင်းဂိတ်နားတစ်ဝိုက်ကို ပြန်လည်ပြင်ဆင်ဆောက်လုပ်နေကြတာ လမ်းဘေးဆိုင်တွေလည်းမရှိတော့ဘူး၊ ပြီးတော့ ဂဏန်းမာဆလာဖက်ထုပ်ဆိုင်သူဌေးကလည်း ဆိုင်ဆက်မဖွင့်တော့ဘူး”

ကျုံချင်းယွီ၎င်းအား မတွေးမိခဲ့ချေ။ သူမသည် ဟန်မြို့၌သာ ရိုက်ကူးရေးလုပ်လေ့ရှိပြီး ဟိုင်တက္ကသိုလ်နားသို့ သိပ်၍ မရောက်ဖြစ်သောကြောင့်ပင် ဖြစ်သည်။

သို့သော် သူမသည် မည်သည့်နောင်တရခြင်းမျှ မရှိပေ။ သူမ၏အသံသည် အလွန်ပင် မြှောက်ပင့်နေပြီး

“အဲဒါက ငါနဲ့ဘာဆိုင်လို့လဲ ဒါက ပေယွဲ့ပိုင်ရဲ့ကိစ္စလေ၊ ငါကစားချင်ရုံပဲ၊ မစ္စကျုံရဲ့ဘဝမှာ သူ စားချင်တဲ့အရာကို စားလို့မရဘူးဆိုတာမျိူးမရှိဘူး”

လုမိသားစု၏လေယာဉ်သည်လည်း ဟိုင်မြို့လေဆိပ်၌ ဆင်းသက်ထားသည်။ထိုလေယာဉ်သည် ကျုံမိသားစု၏ လေယာဉ်ထက် မိနစ်အနည်းငယ်ပိုစော၍ ရောက်ရှိနေခဲ့သည်။

ကိုယ်ပိုင်လေယာဉ်မှ ထွက်ခွာပြီးနောက်တွင် လုပေယွီနှင့် ရဲ့လော့ယီသည် အရှေ့ဘက်သို့သွားပြီး ကျုံချင်းယွီနှင့်ယန်ရှီသည် အနောက်ဘက်သို့ သွားသည်။ အဖွဲ့နှစ်ဖွဲ့သည် ဘူတာရုံ၏ အစွန်းဖက်နှစ်ခုဆီသို့ လျှောက်လမ်းနေကြသည်။ ညရှစ်နာရီခန့်ရှိနေပြီ ဖြစ်သော်လည်း ဘူ‌တာရုံတွင် လူများပြည့်နှက်နေဆဲဖြစ်သည်။ နိုင်ငံတကာလေယာဉ်များအား စောင့်ဆိုင်းနေသည့် ခရီးသည်များအပြင် လေဆိပ်ဂိတ်ဝ၌ မီးလင်းဆိုင်းဘုတ်များနှင့် တောက်ပသည့်အားပေးတုတ်ချောင်းများ ကိုင်ဆောင်ထားသော ပရိသတ်အုပ်စုကြီးလည်း ရှိသည်။

ရဲ့လော့ယီသည် ပထမအဆင့် မင်းသမီးဖြစ်သည်။ယခင်အခေါက်တုန်းတွင် ပရိသတ်အများအပြားသည် သူမအား လေဆိပ်၌ လာရောက်ကြိုဆိုဖူးသည်။ပရိုဂရမ်အဖွဲ့ရှိ အခြားသော အနုပညာရှင်များသည် သူမကဲ့သို့ နာမည်ကျော်ကြားမှုသိပ်၍ မရှိသောကြောင့် သူတို့အား လာရောက်ကြိုဆိုသည့် ပရိသတ်များ များစွာမရှိချေ။

ရဲ့လော့ယီသည် ရှေ့တွင် သူမအားလာရောက်ကြိုဆိုသည့်ပရိသတ်များစွာ ရှိလိမ့်မည်ဟု အလိုလိုတွေးမိလိုက်သည်။ ပန်းစည်းများနှင့် အားပေးတုတ်ချောင်းများအား ပြင်းထန်စွာဝေ့ယမ်းအားပေးနေသည်ကို ကြည့်၍ လွန့်ခဲ့သည့်အပတ်မှရရှိခဲ့သော စိတ်မကျေနပ်မှုများ အနည်းငယ် ပြေလျော့သွားကာ သူမသည် ရိုးသားစွာဖြင့် ခပ်ယဲ့ယဲ့ပြုံးပြခဲ့သည်။

သူမ၏မိတ်ကပ်အား ပိုမို၍ထင်ပေါ်စေရန် ပေါင်ဒါအနည်းငယ်ပုတ်ပြီး နှုတ်ခမ်းနီထုတ်ဆိုးလိုက်သည်။

သူမသည် ပရိသတ်များနှင့် ပိုမို၍နီးကပ်လာသည်နှင့်အမျှ ရဲ့လော့ယီ၏အပြုံးသည် ပို၍တောက်ပလာသည်။သူမသည် ပရိသတ်များအား သူမ၏အကောင်းမွန်ဆုံးပုံစံကိုသာ ပြသချင်ပေသည်။

အရှေ့ဆုံးတွင် မီးလင်းဆိုင်းဘုတ်အားကိုင်ဆောင်ထားသော ပရိသတ်များအား နှုတ်ဆက်ရန် ရှေ့သို့တိုးလာလိုက်လေသည်။ သူတို့၏မျက်လုံးများသည် ရွေ့လျားသွားပြီး အရူးအမူး အော်ဟစ်ကြလေသည်။

“အား၊ ကျုံချင်းယွီ၊ငါမင်းကိုချစ်လိုက်တာ၊ဒီဘက်ကိုကြည့်ပါဦး!!”

“ဟန်နီ၊ မင်းဒီနေ့လည်းသိပ်လှတာပဲ!”

“ဒီဘက်ကိုကြည့်ပါ၊အချစ်ကလေး ဒီဘက်ကို!”

“မစ္စ ကျွန်မကိုလက်မှတ်လေးထိုးပေးနိုင်မလား၊ အံ့သြဖို့‌ကောင်းလိုက်တ ၊ကျွန်မ အစ်မကိုသိပ်ကြိုက်တာပဲ”

ရဲ့လော့ယီ၏အပြုံးများမှာ ရပ်တန့်သွားသည်။

သူမ၏လက်ထောက်သည် လျင်မြန်စွာ ရှင်းပြသည်။

“အစ်မယီယီ၊ ကျွန်မတို့ရဲ့ အွန်လိုင်းပေါ်က ဂုဏ်သတင်းက အရမ်းကိုဆိုးရွားနေတယ် ပြီးတော့ ကျွန်မတို့ကကျုံချင်းယွီနဲ့ အခြားသူတွေနဲ့ အတူပြန်လာတော့ ဒါရိုက်တာယွီကပြောတယ် အဆင့်မြင့်တဲ့ပုံစံနဲ့လူလုံးထွက်ပြတာက မာကတ်တင်းအကောင့်တွေကို ပိုပြီးဖော်ထုတ်‌စေ တာမလို့ ပရိသတ်တွေကို လေဆိပ်မှာ လာကြိုဖို့ ပိတ်ပင်လိုက်တာပါ…အစ်မယီယီ၊စိတ်မညစ်ပါနဲ့”

ရဲ့လော့ယီသည် လက်သီးအား ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။

ဆွန်းချီပြောတာမှန်သည်ဖြစ်ကြောင်း သူမ နားလည်သွားလေပြီဖြစ်သည်။

ဟန်မြို့သို့ မလာခင်ကပင် ပေယွဲ့ပိုင်၏ တောင်းပန်မှုနှင့် ထုတ်ဖော်ပြောဆိုမှုများအား တရားဝင်ပြုလုပ်ပြီး ဖြစ်သည်။ယနေ့ ဟန်မြို့တွင် ဒုတိယအကြိမ် တောင်းပန်မှုသည် တိုက်ရိုက်မထုတ်လွှင့်သော်လည်း ကောင်းကင်တွင် မီးပန်းများဖြင့် အမှန်ပင် ထူးခြားသော ဖွင့်ပြောမှုပုံစံဖြစ်သည်။ထိုပုံများအား အွန်လိုင်းပေါ်တွင် မျှဝေကြသော သူများလည်းရှိသည်။ သူတို့ နိမ့်ကျသောအနေအထားသာရှိသင့်သည်ဟုဆိုသော ဆွန်းချီ၏အပြောစကားသည် မှန်ကန်နေ‌သည်။

သို့သော ထိုသူများသည် ကျုံချင်းယွီ၏ပရိသတ်များဖြစ်ကြောင်း သိလိုက်ရသည့်အချိန်တွင် ရဲ့လော့ယီသည် အလွန်ပင် အလိုမကျဖြစ်သွားသည်။ သူမ၏ ဤပုံစံအား ပေါ်ထင်စွာမဖော်ပြသင့်သော်လည်း လက်သည်း များဖြင့် လက်ဖဝါးကို သွေးထွက်သည်အထိ လက်သီးဆုပ်ထားမိသည်။

ကျုံချင်းယွီ၏အနားတွင် ပရိသတ်များဝန်းရံနေပြီး တစ်ယောက်ချင်းစီအား လက်မှတ်ထိုးပေးနေသည်။ သူမသည် လေဆိပ်သို့ မကြာခဏလာသော်လည်း ယခုသည် သူမအား ပရိသတ်အများကြီးလာ‌ရောက်ကြိုဆိုသော ပထဆုံးအကြိမ်ဖြစ်သည်။ကျုံချင်းယွီသည် နှစ်လိုစဖွယ်ပြုံးလိုက်သည်။သူမသည် ရဲ့လော့ယီလှည့်ထွက်သွားသည်အား မြင်လိုက်သည့်အချိန်တွင် သူမ၏ဘောပင်အား ပစ်ထုတ်လိုက်သည်

“ဒီလောက်ပဲ ၊ဝူလျောင်ဒီတစ်ခေါက် ပရိသတ်တွေအများကြီးခေါ်ထားတာပဲ၊ လက်မှတ်ထိုးရတာပင်ပန်းတယ် မင်းတို့တွေကင်မရာမှာပါရင်ရနေပြီပဲ၊ ငါ့ရဲ့လေဆိပ်ပုံတွေကို ရိုက်ကူးရုံနဲ့တင်လည်း ပိုက်ဆံရနိုင်သေးတယ်နော်”

ပရိသတ်များသည် တစ်ယောက်ကိုတစ်ယောက် အံ့ဩမှုများဖြင့် ကြည့်လိုက်သည်။

ပရိသတ်လက်မှတ်ထိုးသည့်အဖွဲ့၏ခေါင်းဆောင်သည် ရယ်ချင်စိတ်နှင့် ကူရာကယ်ရာမဲ့စွာ ပြောလိုက်သည်။

“မစ္စ၊ ငါတို့က ပရိသတ်အစစ်တွေပါ၊ ပရိသတ်အတုတွေမဟုတ်ပါဘူး”

“အား၊ဟုတ်လား”

ကျုံချင်းယွီ ခေတ္တရပ်တန့်သွားသည်။

“မင်းတို့ကို ဝူလျောင်ငှားထားတာမဟုတ်ဘူးလား”

ယခင်က ကျုံချင်းယွီတွင် မကောင်းသောဂုဏ်သတင်းနှင့် ပရိသတ်အနည်းသာရှိသည်။သူမသည် လေဆိပ်သို့ရောက်လျှင် ပရိသတ်များရှင်းလင်း၍ ဟာလာဟင်းလင်းဖြစ်နေမည်ကို စိုးရိမ်မိသောကြောင့် ဝူလျောင်အား ပရိသတ်အနည်းငယ် ငှားရမ်းခိုင်းမိခြင်းဖြစ်သည်။

ပြီးတော့ ငါ့ရှေ့ကလူတွေက…တကယ်ကို ပရိသတ်အစစ်တွေလား။

ကျုံချင်းယွီသည် အနည်းငယ်ရှုပ်ထွေးသွားပြီး ဘောပင်အား လျော့ရဲစွာ ကိုင်ဆောင်ထားသည်။

သူမ၏ လက်များသည် နာကျင်နေပြီး ဆက်လက်၍လက်မှတ်မထိုးချင်တော့ပေ။

ဒါပေမယ့် သူမ၏ရှေ့၌ရှိနေကြသော ပရိသတ်များသည် ငယ်ရွယ်ပြီး သူတို့သည်ချမ်းသာသည့်ပုံစံမဟုတ်ဘဲ သာမာန်အဝတ်အစားများနှင့်သာ ဖြစ်သည်။ သူတို့သည် လက်မှတ်ထိုး‌ထားသည့်ပုံလိုချင်သည့်ဆန္ဒတစ်ခုတည်းကြောင့် ညအချိန်မတော်ကြီးတွင် ဝေးလံသည့်နေရာ၌ သူမအား လာရောက်ကြိုဆိုကြသည်။အကယ်၍ သူတို့အားလတ်မှတ်မထိုးပေးမိလျှင်ဆိုသည့်စိတ်သည် ကျုံချင်းယွီ၏နှလုံးသားအား နူးညံ့သွားစေသည်။ သူမသည် နာကျင်နေသည့်လက်အား ခါချလိုက်ပြီး ပြောသည်။

“အရမ်းနောက်ကျနေပြီ မင်းတို့အိမ်ကိုဘယ်လိုပြန်မှာလဲ၊ မင်းတို့မိဘတွေ စိတ်မပူကြဘူးလား”

“ကိစ္စမရှိပါဘူး”

ခေါင်းဆောင်ဖြစ်သူသည် စိတ်လှုပ်ရှားစွာ ပြောဆိုလာသည်။

“မြေအောက်ရထားစီးသွားလိုက်ပါ့မယ်၊ ဟိုင်မြို့ရဲ့လမ်းပန်းဆက်သွယ်ရေးက အရမ်းတိုးတက်နေပြီလေ၊ အိမ်ပြန်ဖို့မခက်ပါဘူး”

“မင်းတို့ ညစာရော စားပြီးပြီလား”

“နောက်မှစားလိုက်ပါ့မယ်၊ လေဆိပ်မှာ စားစရာအစားအစာတွေ ပေါပါတယ်”

ကျုံချင်းယွီ မျက်မှောင်ကြုတ်လိုက်သည်။

“လေဆိပ်က အစားအစာတွေက ဘာများကောင်းလို့လဲ”

သူမသည် ဖုန်းထုတ်၍ တစ်စုံတစ်ယောက်အားဆက်သွယ်လိုက်သည်။ နှစ်မိနှစ်ခန့်အကြာတွင် ကျုံချင်းယွီသည် ပရိသတ်များထံသို့ ပြန်လည်ရောက်ရှိလာသည်။

“လေဆိပ်နားမှာ ကျုံမိသားစုပိုင်တဲ့ ဂျပန်စားသောက်ဆိုင် တစ်ဆိုင်ရှိတယ် အခုထိ ဖွင့်နေသေးတယ်၊ အဲဒီကိုသွားပြီးတော့ ငါလက်မှတ်ထိုးပေးထားတဲ့ပုံကိုပြလိုက်ရင် အလကားစားလို့ရပြီ၊ စားပြီးရင် သူဌေးကိုမင်းတို့ရဲ့အိမ်လိပ်စာပြောပြလိုက် ဒါဆိုသူကမင်းတို့ကို အိမ်ပြန်ပို့ပေးဖို့ ကားစီစဉ်ပေးလိုက်မယ်”

ပရိသတ်များ၏ မျက်လုံးအိမ်များ ကျယ်သွားသည်။သူတို့သည် ထိုစားသောက်ဆိုင်အကြောင်း ကြားဖူးသည်။ လေဆိပ်သို့လာသည့်လမ်းတွင် ထိုစားသောက်ဆိုင်အား ဖြတ်လာခဲ့ရပြီး ထိုစားသောက်ဆိုင်အကြောင်းအားရောက်တက်ရာရာပြောဆိုခဲ့ကြသေးသည်။ ထိုဂျပန်စားသောက်ဆိုင်သည် အဝစားဘူဖေးစနစ်ဖြစ်ပြီး လူတစ်ဦးလျှင် ၅၉၉ယွမ်ကျသင့်သည့် အလွန်ဈေးကြီးသော စားသောက်ဆိုင်ဖြစ်သည်။

ထိုအမျိုးသမီးသည် သူတို့အား ညစာလိုက်ကျွေးမည့်အပြင် အိမ်ပင် ပြန်လိုက်ပို့ပေးမည်လော။အံ့ဩဖို့ကောင်းလောက် အောင်ပင် ထိုအမျိူးသမီးသည် အလွန်ပင် ကြင်နာတက်လေသည်။

ပရိသတ်များအား လက်မှတ်ထိုးပြီးသည့်နောက်တွင် ကျုံချင်းယွီနှင့် ယန်ရှီသည် ကျုံစံအိမ်သို့ပြန်ရန် တက္ကစီငှားလိုက်ကြသည်။ယခုသည် ညဆယ်နာရီအချိန်ခန့်ရှိနေပြီ ဖြစ်သည်။သူတို့သည် အိမ်သို့ကိုးနာရီပြန်ရောက်ရမည်ဖြစ်သော်လည်း သူအပါအဝင် ယန်ရှီသည်လည်း ဘာမျှမစားရသေးသည်ကို တွေးမိသောကြောင့် ပရိသတ်များနှင့်အတူ ဂျပန်အစားအစာများအတူတူ စားသောက်ကာ ဓါတ်ပုံများလည်းရိုက်ကူးခဲ့သည်။

သူတို့ အိမ်ပြန်ရောက်သည့်အချိန်တွင် သူတို့ကောင်းကောင်းအဆူခံရလေသည်။

မစ္စတာကျုံ၏ စည်းကမ်းအရ စံအိမ်အတွင်းရှိအခန်းအများစုသည် ဤအချိန်တွင် မီးမှောင်ချပြီးသားဖြစ်နေပြီး ခြံထဲရှိမီးအချို့သာ ဖွင့်ထားသည်။

သို့သော် ယနေ့ညတွင် ကျုံစံအိမ်သည် မီးများတောက်ပစွာ ဖွင့်လစ်ထားသည်။

ကျုံချင်းယွီသည် အလွန်ရှုပ်ထွေးသွားသည်။ယနေ့သည် ထူးခြားသည့်နေ့မဟုတ်ပေ။အဘယ့်ကြောင့် ထိုလူ မအိပ်သေးသနည်း။

ယန်ရှီသည်လည်း ကျုံချင်းယွီကဲ့သို့ပင် နားမလည်ချေ။

ဟောခန်းထဲတွင် မစ္စတာကျုံသည် ခမ်းနားသည့်ထိုင်ခုံပေါ်တွင်ထိုင်နေပြီး “အတူတူခရီးသွားကြစို့” ရသစုံရှိုး၏ ပထမအပိုင်းအား သူ့အရှေ့ရှိ မျက်နှာပြင်ပေါ်၌ ဖွင့်ထားသည်။

မစ္စတာကျုံသည် ကြည့်ရှုနေစဉ် သမ်းဝေနေသည်။သူ၏ဘေးတွင် ကျုံယန်စီသည် စာအုပ်ဖတ်နေသည်။

မစ္စတာကျုံသည် ထူးဆန်းသည့် ကျည်ကာမျက်နှာပြင်အား ကြည့်ရှုသည့်အချိန်တိုင်း ကျုံယန်စီအားခေါ်၍မေးသည်။

“ဒီအမျိုးသားကြည့်ရှုသူတွေက အဓိပ္ပါယ်မရှိလိုက်တာ၊ ငါ့သမီးက အခုထိ လက်တောင်မထပ်ရသေးဘူး၊ သူတို့က ‘မိန်းမ’လို့ခေါ်နေပြီ”

“သူတို့က မိန်းကလေးတွေကိုကြိုက်လို့နေမှာပေါ့”

“ဒါဆိုဘာလို့ ‘သမီး‌လေး'လို့ဘာလို့ခေါ်နေတာလဲ ၊ငါသေပြီလို့များ ထင်နေကြတာလား”

“သူတို့က မိခင်စိတ်ရှိတဲ့ပရိသတ်တွေနေမှာပါ”

“ဒါဆို ‘အစ်မကြောင့်ကျွန်မသေတော့မှာပဲ’ ဆိုတာကရော ဘာကြီးလဲ ၊သူတို့ကိုယ့်ကိုကိုယ့်သတ်သေဖို့တွေးနေတာလား”

“အဲဒါက ချစ်ခြင်းကိုဖော်ပြချက်တစ်ခုလေ”

မစ္စတာကျုံသည် မျက်မှောင်ကြုတ်လိုက်သည်။

“အနုပညာလောကကြီးက အရမ်းထူးဆန်းတာပဲ”

ကျုံချင်းယွီနှင့်ယန်ရှီတို့ ပြန်ရောက်လာချိန်တွင် မစ္စတာကျုံသည် ကျုံယန်စီအားခေါ်ယူဆွေးနွေးနေသည်ကို တွေ့လိုက်သည်။

“Awsls?အဲ့ဒါက ‘ကျွန်မကိုချစ်ပါ၊ Soviet union' လို့ ဆိုလိုတာမလား၊ The Soviet Union က ဆက်ပြီးမတည်ရှိတော့ဘူးလား”

ကျုံယန်စီ: “...ကျွန်တော်တော့ ‘အား၊ငါသေတော့မှာပဲ’ လို့ ဆိုလိုသင့်တယ်ထင်တာပဲ”

မစ္စတာကျုံရှုပ်ထွေးသွားသည်။

“ဘာလို့ဒီလူငယ်တွေက သူတို့ကိုယ်သူတို့ ဘာလို့ပြန်ဆဲနေတာလဲ”

ကျုံချင်းယွီသည် ယန်ရှီ၏အကျီလက်အား ဆွဲ၍မေးလိုက်သည်

“သူတို့ဘာလုပ်နေကြတာလဲ၊ သူတို့က ထူးဆန်းတဲ့လူအိုကြီးနဲ့ ဦးလေးကြီးနဲ့ တူတယ်”

ယန်ရှီသည် သူ၏ကျောအား ကုတ်ခြစ်လိုက်သည်။

“ငါလည်းမသိဘူးလေ”

သူတို့၏အသံကိုကြားသည်နှင့် မစ္စတာကျုံနှင့်ကျုံယန်စီတို့ လှည့်ကြည့်လာသည်။မစ္စတာကျုံ၏မျက်လုံးများသည် ချက်ချင်းကျယ်ဝန်းလာပြီး သမီးပြန်လာသည်ကိုစောင့်နေသည့် အဖေတစ်ယောက်၏ပျော်ရွင်မှုအား မြင်တွေ့နေရသည်။ကျုံယန်စီ၏မျက်လုံးသည်လည်း ခဏတာတောက်ပလာပြီးနောက် မြူများဖုံးလွှမ်းသွားသကဲ့သို့ပင် ချက်ချင်းအေးစက် ပျောက်ကွယ်သွားပြန်သည်။ မစ္စတာကျုံသည် ဆူပူနေသော်လည်း သူ၏မျက်နှာပေါ်ရှိအပြုံးအား မဖုံးဖိနိုင်ချေ။

“နင်ပြန်လာသေးတယ်ပေါ့၊ လေဆိပ်ကိုစောစောရောက်တာပဲ ၊ဘာလို့ဒီလောက်နောက်ကျရတာလဲ”

“သမီးတို့ အပြင်မှာညစာစားနေလို့”

ကျုံချင်းယွီသည် ကျုံယန်စီအားလျစ်လျူရှုကာ မစ္စတာကျုံထံသို့ လျှောက်လမ်းသွားလိုက်သည်။ သူ၏အရှေ့ရှိ မျက်နှာပြင်ကိုကြည့်၍ ကျုံချင်းယွီသည်အလွန် အံ့ဩသွားသည်

“ပါးပါးက သမီးရဲ့ ရသစုံရှိုးကိုကြည့်နေတာလား”

မစ္စတာကျုံသည် မျက်စိလွှဲလိုက်သည်။

“ဟိုတလောက ငါ့ရဲ့သူငယ်ချင်းတွေ မင်းရဲ့လက်မှတ်ကိုတောင်းနေကြတာ၊မ င်းရသစုံရှိုးမှာကောင်းကောင်းလုပ်ခဲ့တယ်ဆိုလို့ ငါကြည့်နေတာ”

ကျုံချင်းယွီ ပြုံးလိုက်သည်

“ပါးပါး သမီးကိုစိတ်ပူနေတာ ဝန်ခံလိုက်ပါ”

ထို့နောက် သူမသည် ကျုံယန်စီအား ကြည့်လိုက်သည်

“နင်ရောကြည့်နေတာလား”

ကျုံယန်စီသည် သူ၏လက်ထဲရှိ ‘အချိန်သမိုင်းအကျဥ်းချုပ်’စာအုပ်ကို ကလိနေသည်။

“ငါစာဖတ်နေတာ”

မစ္စတာကျုံသည် လှောင်ပြောင်သကဲ့သို့ရယ်လိုက်သည်။

“သမီးသူ့ကိုယုံလား၊ သူငါ့ဘေးလာထိုင်တုန်းက စာမျက်နှာ၁၃ကိုဖတ်နေတာ အခုလည်း စာမျက်နှာ၁၃ပဲ ၊အရမ်းကြာနေပြီ”

ကျုံယန်စီ “…”

“အန်ကယ်၊ခရီးမှာတုန်းက ချင်းချင်းက အန်ကယ်အတွက်ပြင်ဆင်ထားတဲ့လက်ဆောင်”

ယန်ရှီသည် ကျုံယန်စီ၏အရှက်ပြေစေရန် အချိန်ကိုက်ပြောဆိုလိုက်သည်။

လက်ဆောင်သည် မစ္စတာကျုံ၏အာရုံစိုက်မှုအား အပြည့်အဝရရှိသွားသည်။သူသည် လျင်မြန်စွာဆွဲယူလိုက်ပြီး ကျုံချင်းယွီသူ့အတွက် မည်သည့်လက်ဆောင်ဝယ်ပေးခဲ့သည်ကို အလွန်သိချင်နေသည်။

ကျုံချင်းယွီသည် ခရီးသွားစဉ်တွင် လက်ဆွဲအိတ်သုံးအိတ်သာဖြစ်ပြီး ပြန်လာစဉ်တွင် လေးအိတ်ဖြစ်သွားသည်။လေးခုမြောက်လက်ဆွဲအိတ်သည် လက်ဆောင်ပစ္စည်းများဖြင့်ပြည့်နှက်နေသည်။

“ပါးပါးအတွက် ထိုက်ကျီ ပန်ကာလေးလေ၊ ခြံထဲမှာ ကျားကွက်အမြဲကစားတယ်မလား ဒါလေးက လေအေးပေးဖို့အဆင်ပြေတယ်”

ထိုက်ကျီ ပန်ကာလေးသည် ဈေးမကြီးသော်လည်း မစ္စတာကျုံအတွက် ကျုံချင်းယွီ၏ တွေးတောဂရုစိုက်မှုဖြစ်သည်။သူသည် မျက်နှာပေါ်တွင် မည်သည့်အမူအရာမျှမဖော်ပြထားသော်လည်း သူ၏နှုတ်ခမ်းထောင့်သည် နောက်တစ်ဖန်တွန့်ကွေးသွားပြန်သည်။ကျုံချင်းယွီသည် လက်ဆွဲအိတ်အား ထိုးဖွရှာဖွေလိုက်သည်။

“ဒါကကိုရီးယားကြွေပန်းအိုးလေး၊ အန်ကယ်ယွီ ရှင်ကပန်းထိုးရတာကြိုက်တယ်မလား ဒါကရှင့်အတွက်၊ ဒီလက်ကိုင်ပဝါက အန်တီကျန်းအတွက်၊ ဒီပန်းချီကားအသေးက စားဖိုမှူးရှုအတွက်…”

ကျုံချင်းယွီသည် စံအိမ်ရှိလူတိုင်းအတွက် လက်ဆောင်ပစ္စည်းများ ပြင်ဆင်လာခဲ့သည်။

ယန်ရှီသည်လည်း ထိုသို့အတူတူပင်ဖြစ်သည်။ဤစံအိမ်ကြီးတွင် ရက်ပေါင်းများစွာနေထိုင်ခဲ့ပြီး ကျောင်းမဖွင့်ခင်အချိန်အထိ ဆက်နေရန်စီစဉ်ထားသောကြောင့် သူမသည်လည်း လူတိုင်းအတွက် ပစ္စည်းများပြင်ဆင်လာခဲ့သည်။ စံအိမ်ရှိ လူတိုင်းပျော်ရွင်နေကြသည်။ လက်ဆောင်ရရှိခြင်းသည် လူတိုင်းအား အနည်းနှင့်အများ ပျော်ရွင်စေသည်။ ကျုံယန်စီတစ်ယောက်သည်သာလျှင် မည်သည့်လက်ဆောင်မျှ မရရှိသေးပေ။

ကျုံယန်စီ မအံ့ဩမိပေ။ သူနှင့်ကျုံချင်းယွီ၏ဆက်ဆံရေးတွင် သူ့အားလက်ဆောင်ပေးလျှင် ၎င်းသည်အမှန်တကယ်ပင် ထူးဆန်းနေပေလိမ့်မည်။

သူသည် ယန်ရှီအားကြည့်နေပြီး ယန်ရှီပြန်ကြည့်သည့်အချိန်တွင် လျင်မြန်စွာ အကြည့်လွှဲလိုက်သည်။

ကျုံချင်းယွီသည် ကျုံယန်စီအတွက်လက်ဆောင်မပြင်ဆင်ထားမှန်း ယန်ရှီသိသည်။သူမ၏အိတ်ကပ်ထဲတွင် သူမ ဝယ်လာသည့် ရှပ်အကျီလက်ကြယ်သီးများရှိနေပြီးဖြစ်သည်။ သူမသည် ထိုအရာများအားထုတ်ချင်နေပြီဖြစ်သော်လည်း ကျုံယန်စီသည် ယနေ့ညတွင် သူမအား လှည့်ပင်မကြည့်ချေ။ရှင်းရှင်းပြောရလျှင်သူသည် ယခုထိ ယန်ပိုင်တောင်၌ဖြစ်ခဲ့သည့်ကိစ္စအား စိတ်မပြေသေးပေ။ယန်ရှီသည် ၎င်းမှာ မသင့်လျော်မှန်းခံစားမိသည်။

System မှ ပြောလာသည်။

“ဟုတ်တယ်Host၊ ငါလည်းအစ်ကိုကြီးရဲ့ခံစားချက်တွေ သိပ်မကောင်းတော့ဘူးဆိုတာ သိနေတယ်”

“ငါသူ့အနားမှာ အသက်တောင်ပြင်းပြင်းမရှုရဲဘူး”

“ဘယ်သူမှ အနားမှာမရှိတော့တဲ့အထိ စောင့်လိုက်ဦး”ဟု ယန်ရှီတွေးလိုက်သည်။

အဓိကအကြောင်းအရင်းမှာ ကျုံချင်းယွီသည် ကျုံယန်စီအတွက် လက်ဆောင်မပြင်ဆင်ခဲ့သောကြောင့်ဖြစ်သည်။အကယ်၍ သူမသည် ယခုချက်ချင်းလက်ဆောင်သွားပေးလိုက်လျှင် ထူးဆန်းစဖွယ်ဖြစ်သွားပြီး ကျုံယန်စီထပ်မံ၍ အထင်လွဲနိုင်သည်။

လက်ဆောင်ပေးသည့်ကိစ္စပြီးသွားသည့်နောက်တွင် လူတိုင်းသည် သူတို့ရရှိသည့်လက်ဆောင်များကိုသာ ကြည့်ရှုနေကြပြီး ကျုံယန်စီအား မည်သူမျှသတိမပြုမိပေ။

ကျုံပါးပါးသည် အားလုံးကို မှာကြားလိုက်သည်

“နောက်ကျနေပြီ၊သွားအိပ်ကြတော့”

ယန်ရှီသည် သူမအရင်ကတည်းက ပြင်ဆင်ထားသည့် စာဖိုင်များအား လျင်မြန်စွာထုတ်လိုက်သည်။

“နေကြပါဦး ၊ဒီမှာတစ်ခုကျန်သေးတယ်”

လူတိုင်းသည် ယန်ရှီအား ကြည့်လိုက်ကြသည်။

ယန်ရှီသည် ပြောသည်။

“အခုတလော ရှင်းယောင်က အမြတ်ငွေတွေအများကြီးဝင်နေတယ်၊ ကျွန်မ ဒါရိုက်တာဝူနဲ့ဆွေးနွေးပြီး အလှူအတန်းလုပ်ဖို့ ဆုံးဖြတ်လိုက်တယ်၊ ဒါက အခွန်တွေကိုလျော့ကျစေပြီး ကောင်းမွန်တဲ့ပူးပေါင်းမှုပုံရိပ်တွေကို ထွက်ပေါ်စေမှာ”

“အရင်တုန်းက ချင်းယွီရဲ့လှူဒါန်းမှုအများစုက တောင်ပေါ်ဒေသတွေကို ပို့တာများတယ်၊ ဒီတစ်ခါတော့ ကျွန်မတို့ ဆေးဘက်ဆိုင်ရာ ဓါတ်ခွဲခန်းမှာ ပြောင်းလဲမြှုပ်နှံလိုက်မယ်၊ ဒါမှလူတိုင်း စစ်ဆေးမှုပြုလုပ်လို့ရမှာ”

ကျုံပါးပါးသည် လက်သင့်ခံသကဲ့သို့ ခေါင်းညိတ်လိုက်သည်။

“ရှင်းယောင်လိုကုမ္ပဏီမျိုးအတွက် အနုပညာလောကမှာ ဂုဏ်သတင်းကအရေးအကြီးဆုံးပဲ သမီးလုပ်တာမှန်တယ်”

ကျုံချင်းယွီသည်လည်း ခေါင်းညိတ်လိုက်သည်။သူမ၏အမြင်တွင် ယန်ရှီ၏ပြုလုပ်မှုများသည် ကျိုးကြောင်းဆီလျော်ပေသည်။ကောင်းမွန်သည့် ပူးပေါင်းလုပ်ဆောင်မှုပုံရိပ်သည် ကုမ္ပဏီအတွက် ဆိုးကျိုးထက် ကောင်းကျိုးများစွာပို၍ပေးသည်။ ကျုံလုပ်ငန်းစုသည်လည်း နှစ်စဉ် အလှူအတန်းအတွက် ငွေပမာဏများစွာ သုံးစွဲလေ့ရှိသည်။

“ဟုတ်ပြီ”

ယန်ရှီသည် ရှင်းလင်းစွာဆက်ပြောသည်။

“ကျွန်မတို့အခု ဆေးဘက်ဆိုင်ရာဓါတ်ခွဲခန်းကို စပွန်ဆာပေးထားတာတဲ့အပြင် ဆေးရုံနဲ့အချိတ်အဆက်ရှိတာကြောင့် သူတို့ဘက်က ကျွန်မတို့ကို ဆေးစစ်မှုပြုလုပ်ခွင့်တွေအများကြီးပေးထားတယ်၊ ကျွန်မက ရှင်းယောင်က အနုပညာရှင်တွေအပါအဝင် ဝန်ထမ်းတွေကိုပါ ဆေးစစ်ဖို့စီစဉ်ထားတယ်၊ ဒါပေမယ့် ကျန်နေသေးတာမလို့ ဒီအိမ်ကလူတွေပါ ဆေးစစ်ကြည့်လိုက်ရင်ကော ဘယ်လိုလဲ”

၎င်းကိုကြားလိုက်ရသည့်အချိန်တွင် စံအိမ်ရှိအကူဝန်ထမ်းများအားလုံးပျော်ရွင်သွားသည်။ ထိုသို့သောဆေးရုံကြီးတွင် ဆေးစစ်ချက်ပြုလုပ်ခြင်းသည် ငွေကုန်ကြေးကျများလွန်းသည်။ထို့ကြောင့် သူတို့သည်အခမဲ့ပြုလုပ်ရန် ဆန္ဒရှိကြသည်။

ကျုံချင်းယွီသည် ယန်ရှီအား မေးလိုက်သည်

“ငါရောသွားရမှာလား”

ယန်ရှီသည် ချစ်ဖို့ကောင်းစွာ ရှင်းပြလာသည်။

“ဒါပေါ့ ၊ရှင်းယောင်မှာရှိတဲ့လူတိုင်းသွားရမှာ၊ ကျေးဇူးပြု၍ ရှင်ကျွန်မနဲ့ပူးပေါင်းပေးပါ”

ကျုံချင်းယွီ ပခုံးတွန့်လိုက်သည်။

“အိုကေလေ၊ဘာပဲဖြစ်ဖြစ် ငါလည်းမနက်ဖြန်လုပ်စရာမှမရှိတာ

”သူမသည် မနက်ဖြန်တွင်ပေမိသားစုနှင့်တွေ့ဆုံရန်ကတိပေးထားငည့် ကိစ္စအား အရေးမပါသကဲ့သို့ပင် လျစ်လျူရှုလိုက်သည်။ ကျုံပါးပါးသည် ခေါင်းညိတ်လိုက်သည်။

“ဒါဆိုလည်း အတူတူသွားကြတာပေါ့”

သူသည် အသက်ကြီးလာပြီဖြစ်သောကြောင့် သူ၏ ဆေးစစ်ချက်သည် တစ်နှစ်တွင် ခြောက်လ၌တစ်ခါ အမြဲဆေးစစ်ပေးရသည်။ကျုံယန်စီတစ်ယောက်သည်သာ စိတ်မဝင်စားသကဲ့သို့ ပြောလာသည်။

“ကျွန်တော်မနက်ဖြန် ကျစ်ရှင်းယန်ရဲ့ ပထမဦးဆုံးအစီအစဉ်အကြောင်းဆွေးနွေးဖို့ အိမ်ရာဌာနနဲ့ မြို့ပြ-ကျေးလက်ဖွံ့ဖြိုးရေးဌာနကိုသွားရမယ် ဆိုတော့ ကျွန်တော်လိုက်လို့မရဘူး”

ကျုံပါးပါး မေးလိုက်သည် “ဒီဇိုင်းပိုင်းက သေချာအတည်ပြုပြီးပြီလား”

ကျုံယန်စီ ပြန်လည်ဖြေကြားလိုက်သည် “ဟုတ်ကဲ့၊ပြုပြီးပါပြီ”

ကျုံပါးပါးသည် လက်ခံဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။

“ဒါဆိုလည်း စီမံကိန်းကို သေချာလုပ်‌လာခဲ့”

လူတိုင်းသည် မနက်ဖြန်ဆေးစစ်မည့်အကြောင်းနှင့် လက်ဆောင်အကြောင်းကိုသာ ပြောဆိုနေကြသည်။ ကျုံယန်စီသည် ဤနေရာတွင် ဘောင်မဝင်သကဲ့သို့ခံစားနေရပြီး နောက်သို့လှည့်ကာ သူ၏အခန်းသို့ ပြန်သွားနေသည်။ ယန်ရှီဘေး၌ရှိသော System သည် ရူးမတက်ပြောဆိုလာသည်။

[Host ဘယ်လိုလုပ်ကြမလဲ၊မ စ္စတာကျုံနှင့် မစ္စကျုံအတူရှိဖို့ အစီအစဉ်ထဲမှာပါတယ်လေ၊ အဓိကက အစ်ကိုကြီးပါဖို့ပဲ]

[သူ မပါရင် ငါတို့ရဲ့ဆေးစစ်ချက်အစီအစဉ်ပျက်သွားလိမ့်မယ်နော်]

ကျုံယန်စီသည် ဧည့်ခန်းထဲမှပင် ထွက်သွားပြီးဖြစ်သည်။ ယန်ရှီသည် သူ့နောက် အလျင်အမြန်ပြေးလိုက်သွားသည်။

“မစ္စတာကျုံ”

ကျုံယန်စီ၏ခြေလှမ်းများ ရပ်တန့်သွားသည်။

သူသည် နောက်သို့လှည့်၍ ယန်ရှီအား ကြည့်သည်။

ယန်ရှီသည် ထိုလူဆီသို့ ခြေလှမ်းစိပ်စိပ်ဖြင့် လျှောက်လှမ်းသွားလိုက်သည်

“ဆေးစစ်တာက ရှင့်ရဲ့ကျန်းမာရေးအတွက်ပါ၊ ရှင်က ငွေတွေအများကြီးရှာနိုင်တယ်ဆိုပေမယ့် ကိုယ့်ကျန်းမာရေးကိုတော့ ဂရုမစိုက်နိုင်ဘူး၊ ဒါက မြင်းမဝယ်ခင် လှည်းအရင်ဝယ်နေတာမျိူးလို့ မထင်မိဘူးလား”

ကျုံယန်စီသည် အထင်သေးသကဲ့သို့ ပြောလိုက်သည်။

“မင်းမှာတကယ့်ကို စီးဆင်းနေတဲ့အချစ်တွေအများကြီးရှိတာပဲ၊ မင်းက ငါ့ကျန်းမာရေးနဲ့ ဘာဆိုင်လို့လဲ”

ယန်ရှီသည် ရှက်ကိုးရှက်ကန်းဖြင့် သူမ၏နှာခေါင်းအား ပွတ်သပ်နေမိသည်

“ဒါဆို ရှင်မနက်ဖြန်လိုက်မှာလား”

ကျုံယန်စီသည် အေးစက်စွာ ပြန်ပြောလိုက်သည်။

“အချိန်မရှိဘူး”

ထိုသို့ပြောပြီးနောက် သူသည် လှည့်ထွက်သွားလေသည်။

ယန်ရှီသည် မျက်မှောင်ကြုတ်လိုက်သည်။သူမ၏မျက်လုံးထဲတွင် စိုးရိမ်မှုများ ပြည့်နှက်နေသည်။

System သည် သူမအား နှစ်သိမ့်၍ပြောဆိုလာသည်။

[Host ငါအခုတင် စစ်လိုက်ပြီးပြီ၊ အစ်ကိုကြီးက အခုတလော အိပ်ရေးပျက်တာမျိုးမရှိဘူး ပြီးတော့သူ့ရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကလည်း ကျန်းမာရေးနဲ့ညီညွတ်တယ်၊ သူက ဆေးစစ်ချက်ကို တစ်နှစ်တစ်ခါလုပ်ပြီး ဒီနှစ်အစောပြီးမှာ ဆေးစစ်ပြီးသွားပြီ စိုးရိမ်စရာ မရှိလောက်ပါဘူး၊ ဟုတ်တယ်မလား]

ယန်ရှီ သက်ပြင်းချလိုက်သည်။

“အခု ချင်းယွီက ဝတ္ထုဇာတ်ကြောင်း နောက်ဆုံးနား ကိုရောက်နေပြီ ဒီအတိုင်းဆို ရဲ့လော့ယီနဲ့ ပေယွဲ့ပိုင်တို့ ဗီလိန်ဆောင်တဲ့အမျိုးသမီးအရံဇာတ်ကောင်ကို ပါးရိုက်မယ့် ရည်မှန်းချက်က ဖြစ်နိုင်တော့မှာမဟုတ်ဘူး၊ ငါတစ်ခြား အပြောင်းအလဲတွေဖြစ်လာမှာကြောက်တယ်”

ထိုအချိန်အတောအတွင်း ပေယွဲ့ပိုင်သည် ကျုံစံအိမ်သို့ရောက်လာခဲ့သည်။

သူ၏ကျောတွင် ချွေးစများ ကပ်တွယ်နေသည်။သူသည် အပေါ်ထပ်ဂျက်ကတ်အား ကားထဲတွင်ချွတ်ထားခဲ့ပြီး ဂဏန်းမာဆလာအရသာဘန်းမုန့်နှစ်ထုပ်အားဆွဲ၍ ကျုံစံအိမ်၏ဂိတ်ဝသို့ ရောက်ရှိလာခဲ့သည်။

လုံခြုံရေးအစောင့်သည် သူ့အား တုံ့ဆိုင်းခြင်းမရှိဘဲနှင့် ရပ်ဆိုင်းခိုင်းလိုက်သည်။

ပေယွဲ့ပိုင်သည် လက်၌ကိုင်ဆောင်ထားသည့်အထုပ်နှစ်ထုပ်အား မြှောက်ပြလိုက်သည်။

“ဒါကချင်းယွီစားချင်တဲ့ဟာတွေ၊သူစားချင်တယ်ဆိုလို့ ငါသွားဝယ်လာပေးတာ”

လုံခြုံရေးအစောင့်သည် မမလေးကျုံချင်းယွီ‌ထံမှ ပေယွဲ့ပိုင်အား ဝင်လာစေရန် ခွင့်ပြုချက်မရထားသောကြောင့် အိမ်တွင်းသို့ဖုန်းခေါ်ဆိုလိုက်သည်။

သိပ်မကြာမီ ကျုံချင်းယွီ၏ ပျင်းရိနေသောအသံသည် ဖုန်းမှတဆင့် ထွက်ပေါ်လာခဲ့သည်။

“ဟယ်လို..”

“မမ‌လေးချင်းယွီ၊ အစ်ကိုလေးယွဲ့ပိုင်ရောက်နေပါတယ်”

ပေယွဲ့ပိုင်သည် လျင်မြန်စွာပြောလိုက်သည်

“ မင်းကိုယ့်ကိုဝယ်ခိုင်းလိုက်တဲ့ ဂဏန်းမာဆလာဘန်းမုန့်လေ၊ကိုယ်ဝယ်လာတယ်”

ကျုံချင်းယွီသည် သူမ၏အသံအား မြှင့်ကာပြောလိုက်သည်

“ဟိုင်တက္ကသိုလ်ဂိတ်ရှေ့က ဟာလား”

ပေယွဲ့ပိုင်၏ လည်စေ့သည်အထက်အောက်ရွေ့လျားသွားပြီး မသက်မသာဖြစ်သည့်အကြည့်များ သူ၏မျက်လုံးပေါ်၌ ဖြတ်ပြေးသွားသည်

“ဟုတ်တယ်၊ကိုယ်အဲ့ဒါဝယ်ဖို့ အကြာကြီးတန်းစီခဲ့ရတာ”

ကျုံချင်းယွီ လှောင်ပြောင်လိုက်သည်။

“နောက်ကျသွားပြီ၊ ကျွန်မ ညစာတောင်စားပြီးသွားပြီ၊ ရှင့်ဟာရှင်စားလိုက်တော့”

ပေယွဲ့ပိုင်၏မျက်နှာပေါ်ရှိအပြုံးများ ပျောက်ကွယ်သွားသည်။

ကျုံချင်းယွီသည် ဖုန်းမှတစ်ဆင့် သူ၏ပုံစံအား မမြင်တွေ့နိုင်သော်လည်း လုံခြုံရေးအစောင့်သည် သူ၏နှဖူးပေါ်ရှိ အတော့်ကိုကြောက်စဖွယ်ကောင်းသော သွေးကြောများ ထောင်ထနေသည်ကို တွေ့နေရသည်။

ခဏအကြာတွင် ပေယွဲ့ပိုင်သည် စိတ်လျော့၍ ညင်သာသည့်အသံဖြင့်ကျုံချင်းယွီအား သိမ်းသွင်းရန်ကြိုးစားသည်

“မင်းမစားချင်ဘူးဆိုလည်းရပါတယ် ဒါဆိုလည်း ကိုယ်မင်းကိုမနက်ဖြန်လာခေါ်မယ်နော်၊ အဖိုးဆီကို အတူတူသွားတွေ့ရအောင်”

“မဖြစ်နိုင်ဘူး”

ကျုံချင်းယွီသည် အသာအယာပြန်ပြောလေသည်။

“ကျွန်မ မနက်ဖြန် ရှီရှီနဲ့ဆေးသွားစစ်မှာ”

ပေယွဲ့ပိုင်သည် မိုက်ခရိုဖုန်းအား တင်းကြပ်စွာ ဆုပ်ကိုင်ထားပြီး သူ၏လက်ဆစ်များသည် ဖြူဖျော့နေပြီဖြစ်သည်။

လုံခြုံရေးအစောင့်သည် ခပ်ပြင်းပြင်းဖိ၍ သူ၏မိုက်ခရိုဖုန်းအား ဖျက်ဆီးပစ်မည်ကိုပင် စိုးရိမ်နေမိသည်။ပေယွဲ့ပိုင်သည် အံကြိတ်မိမလိုပင် ဖြစ်သွားသည်။

“ဒါဆိုလည်း ကိုယ်မင်းကိုသဘက်ခါ လာခေါ်မယ်လေ”

“အဲ့တော့မှ တွေ့ကြ‌တာပေါ့”

ကျုံချင်းယွီသည် တိကျသည့်အဖြေမပေးခဲ့ချေ။ ပေယွဲ့ပိုင်သည် လက်လျော့ရန် ငြင်းဆန်နေမိသည်။ သူတို့ ဟန်မြို့၌ရှိနေစဉ် အရာအားလုံးသည် အဆင်ပြေနေခဲ့သည်။ ဟိုင်မြို့သည်ပြန်ရောက်သည့်အခါတွင် ကျုံချင်းယွီသည် သူမ၏စကားများကို အဘယ်ကြောင့် ပြန်လည်ရုတ်သိမ်းသွားသနည်း။

၎င်းသည် ကျုံချင်းယွီစိတ်ပြောင်းသွားစေရန် ယန်ရှီတစ်ခုခုပြောလိုက်သောကြောင့် ဖြစ်မည်။ပေယွဲ့ပိုင်သည် သူ၏ဒေါသများအား ယန်ရှီဆီသို့ပုံချပြီး ကျုံချင်းယွီအား ဆက်လက်ချော့‌မော့နေသည်။

“ချင်းယွီ ၊မင်းလိုက်မတွေ့နိုင်ရင်လည်း ကိုယ်ပဲအဖိုးကိုအရင်ဆုံးတောင်းပန်ထားလိုက်ပါ့မယ်၊ ဒါပေမယ့် ကိုယ်တို့ ဟန်မြို့မှာသဘောတူထားတဲ့ ကိစ္စက ဆက်ပြီးရွေ့ဆိုင်းလို့မရတော့ဘူး ပြီးတော့ နေ့တိုင်းဆက်တိုက်နောက်ကျနေရင် ထျန်းဟွေ့မှာဆုံရှုံးမှုတွေဖြစ်လာလိမ့်မယ်၊ မင်းအလုပ်များနေရင်လည်း ကိစ္စမရှိပါဘူး ချောင်ယန်နားလည်မှာပါ၊ ကိုယ် မနက်ဖြန် သူ့ကိုသွားတွေ့လို့ရလား”

ကျုံချင်းယွီသည်‌ ရေစိမ်ဇလားထဲတွင်ထိုင်နေပြီး ပွင့်ဖတ်များပြည့်နှက်နေသည့် ရေများ သူမ၏ပေါင်အထိ မြင့်တက်လာမည်ကို စောင့်နေသည်။

သူမ ပြုံးလိုက်သည်။ သူမ၏အသံသည် မတ်လ၏ နွေဦးလေညှင်းကဲ့သို့ နူးညံ့လှပြီး ဒီဇင်ဘာလ၏ မြူနှင်းများကဲ့သို့လည်း အေးစက်လှသည်။

“ပေယွဲ့ပိုင်၊ ကျွန်မတို့ ပြန်ပြီးတောင် မပြေလည်သေးဘူး ရှင်က ကျွန်မတို့မိသားစုရဲ့ပိုင်ဆိုင်မှုတွေအပေါ်မျက်စိကျနေပြီလား၊ ရှင်က ကျွန်မကိုကြိုက်တာလား ၊ပိုင်ဆိုင်မှုတွေကိုကြိုက်တာလား”

All Chapters