အခန်း (၆၃)
Vol. 7 Ch. 63
ပေယွဲ့ပိုင် တုန်လှုပ်သွားခဲ့သည်။
ရုတ်တရက်ပင် ကျုံချင်းယွီမှာ ယခင်ကထက်ပို၍ အထာကျလာသည်ဟု သူ ခံစားလိုက်ရသည်။
သူမသည် ယခင်ကတည်းကပင် သူ့ ရည်ရွယ်ချက်များကို သိရှိခဲ့သော်လည်း မသိချင်ယောင်ဆောင်နေခဲ့ခြင်းပင် ဖြစ်လိမ့်မည်။ ယခုတွင် သူမသည် ဆက်၍ စိတ်ရှုပ်ခံကာ ဟန်မဆောင်နိုင်တော့ပေ။
“ ကိုယ်ဒီလိုအလုပ်တွေကြိုးစားနေခဲ့တာက… ပေလုပ်ငန်းစုမှာ အခြေခိုင်ဖို့အတွက်နဲ့ အနာဂတ်မှာ မင်းကို ပိုကောင်းတဲ့ဘဝ ပေးနိုင်ဖို့အတွက်ပါ”
ပေယွဲ့ပိုင်မှ စကားအထစ်ထစ်ဖြင့် ပြောလာခဲ့သည်။
ကျုံချင်းယွီသည် ရေချိုးကန်ထဲမှ ပန်းပွင့်ဖက်ကလေးများနှင့် ကစားနေခဲ့သည်။
“ ပေယွဲ့ပိုင် ကျွန်မမှာ ငွေတွေအများကြီးရှိတယ် ရှင့်ဘာသာ ပေလုပ်ငန်းစုမှာ ရှယ်ယာ ရှိရှိ မရှိရှိ အဲတာက ကျွန်မအတွက် ဘာမှမဟုတ်ဘူး၊ ပြီးတော့ အကယ်၍ ရှင်အောင်မြင်ဖို့အတွက် ကျွန်မအကူအညီကို လိုနေသေးတယ်ဆိုရင် ကျွန်မ ရှင့်ကိုကြိုက်ရတာ ဘာအဓိပ္ပာယ်ရှိဦးမှာလဲ၊ အောင်မြင်ကျော်ကြားပြီးသားသူတစ်ယောက်ကိုပဲ ရှာလိုက်တာက ကျွန်မအတွက် ပိုမကောင်းဘူးလား”
ပေယွဲ့ပိုင်၏ ခေါင်းထဲတွင် ဗုံးပေါက်ကွဲသွားသကဲ့သို့ ခံစားလိုက်ရသည်။
“ မင်းကိုယ့်ကို မချစ်တော့ဘူးလား”
“ ကျွန်မတို့က လမ်းခွဲပြီးသွားပြီလေ၊ ရှင့်အပေါ်မှာထားတဲ့ ကျွန်မရဲ့အချစ်တွေက မှေးမှိန်သွားပြီ၊ ကျွန်မအခုလိုဆက်ပြီး ဆွဲထားတာကလည်း အရင်ကခံစားချက်တွေကြောင့်ပဲ”
ရေချိုးကန်ထဲရှိ ပွင့်ဖတ်လေးတစ်ဖတ်သည် ကျုံချင်းယွီ၏ လက်ဖဝါးပေါ်သို့ ရေနှင့်အတူ ညင်သာစွာမျောပါလာခဲ့သည်။
သူမသည် ညင်သာစွာ ကောက်ယူလိုက်ပြီး ထိုပွင့်ဖက်လေးသည် ရေချိုးကန်ထဲ၌ အထူးခြားဆုံးပွင့်ဖက်ကလေးဖြစ်လာခဲ့သည်။
သို့သော် ကျုံချင်းယွီမှ လွှတ်ချလိုက်သောအခါတွင် ပွင့်ဖက်လေးသည် ရေနှင့်အတူ မျောပါသွားခဲ့ပြီး တစ်ခြားပွင့်ဖက်များကြားထဲတွင် လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။
“ ပေယွဲ့ပိုင် ရှင် ယောကျာ်းတစ်ယောက်အနေနဲ့ အကယ်လို့ ကျွန်မနဲ့ အတူတူရှိပြန်ရှိချင်တယ်ဆိုရင် ရှင့်ရဲ့ ထူးခြားတဲ့အရည်အချင်းတန်ဖိုးကို ကျွန်မကို ပြရမယ်၊ ငှက်အထီးတွေတောင် ငှက်မလေးတွေကို မပိုးပန်းခင် အသိုက်တစ်ခုဆောက်ဖို့လိုအပ်တယ်ဆိုတာ သိတာပဲ၊ ဒါပေမယ့် ရှင်က ကျွန်မရဲ့အရင်းအနှီးတွေသုံးဖို့လိုအပ်လို့ ကျွန်မကို ပြန်လိုချင်နေတာလား”
“ ဒါပေါ့ တကယ်လို့ ရှင့်ရဲ့နှလုံးသားကို ကျွန်မဆီ နှစ်မြုပ်ထားဖို့ ဆန္ဒမရှိရင်လည်း ကျွန်မရဲ့နားမှာ ယောကျာ်လေးတွေတစ်ပုံကြီးရှိတယ်၊ ကျွန်မ စိတ်ရှိရင်…”
“ကိုယ်ဆန္ဒရှိပါတယ်”
ပေယွဲ့ပိုင်သည် လျင်မြန်စွာပင် ပြောလာခဲ့သည်။
ပေယွဲ့ပိုင်အား ပေလုပ်ငန်းစုကို ထိန်းချုပ်ရန် ကူညီပေးမည့် အမျိုးသမီးများသည် ကမ္ဘာပေါ်တွင် အများအပြား မရှိပေ။
ရဲ့လော့ယီ၏ မိသားစုနောက်ခံသည် တော်ရုံသင့်ရုံရှိသော်လည်း နှစ်ပေါင်းများစွာတည်ရှိခဲ့သည့် ချမ်းသာကြွယ်ဝ၍ ဂုဏ်သိက္ခာရှိသော ပေမိသားစုနှင့် နှိုင်းယှဉ်ကြည့်လို့ပင် မရပေ။
ကျုံချင်းယွီသည်သာလျှင် သူ့အား အကူအညီပေးနိုင်ဆုံး သူတစ်ယောက်ဖြစ်သည်။
သူတို့သည် ယခင်က သမီးရည်းစားဆက်ဆံရေးရှိခဲ့ပြီး ပေယွဲ့ပိုင်မှာ သူမအား လက်မလွှတ်နိုင်ပေ။
“ ကိုယ့်မှာ ဆန္ဒရှိပါတယ်၊ မင်းပြန်လာအောင်လုပ်နိုင်မယ်ဆိုရင် ကိုယ်ဘာလုပ်ရလုပ်ရ ဆန္ဒရှိပါတယ်”
ဖုန်းချသွားပြီးနောက် ပေယွဲ့ပိုင်သည် တိတ်ဆိတ်နေသည့် ပန်းခြံကို စိုက်ကြည့်နေခဲ့သည်။
မြို့ပြင်မှာတောင်ပင် မြေတစ်လက်မတိုင်းသည် အလွန်တန်ဖိုးရှိသည့် စီးပွားရေး မြို့ဝောာ်ဖြစ်ပြီး ပေယွဲ့ပိုင်သည် ထိုပန်းခြံ၏ တန်ဖိုးကို သိခဲ့သည်။
အလွန်ချမ်းသာသည့် သူမှသာလျှင် ထိုပန်းခြံထဲတွင် နေနိုင်မည်ဖြစ်သည်။
သူသည် ကျုံချင်းယွီအတွက် ရဲ့လော့ယီအား အကြိမ်ကြိမ်အခါခါ ငြင်းပယ်ခဲ့သည်။
သူသည် များစွာ ကြိုးစားအားထုတ်ခဲ့ရခြင်းဖြစ်သည်။
အကယ်၍ သူသည် ယခုတွင် အရှုံးပေးလိုက်ပါက သူကြိုးစားထားသမျှသည် အချည်းနှီးဖြစ်ကုန်ပေမည်။
ဘယ်လိုပဲဖြစ်ဖြစ် သူက ကျုံချင်းယွီကို အသုံးချပြီး ပေလုပ်ငန်းစုကို ပြန်ယူမှာပဲ။
အခန်းထဲတွင် ကျုံချင်းယွီသည် ဖုန်းချသွားပြီးနောက် အလွယ်တကူပင် တယ်လီဖုန်းစကားပြောကိရိယာ ဘေးဘက်သို့ ပစ်တင်လိုက်သည်။
နွေးထွေး၍နှင်းဆီပန်းအနံ့ရှိသည့် ရေများသည် သူမ၏ပခုံးတစ်ဝိုက်ကို ဖုံးလွှမ်းသွားခဲ့သည်။
ကျုံချင်းယွီသည် ရေချိုးကန်၏ထောင့်ကို ဖြည်းဖြည်းချင်း မှီလိုက်ပြီး သူမ၏ နူးညံ့လှပသည့် ညှပ်ရိုးသည် ရေမျက်နှာပြင်ပေါ်တွင် ရေးရေးလေးမြင်နေရသည်။
အခန်းထဲရှိ ရေချိုးကန်သည် တံခါးပွင့်နေသည့် ပုံစံမျိုးဖြစ်ပြီး ဝရံတာတွင် တည်ရှိသည်။
ထိုအရှေ့တွင် ကြမ်းပြင်မှ မျက်နှာကြက်ထိ အလွန်ကြီးမားသည် မှန်ပြတင်းပေါက်တစ်ခုရှိသည်။
သစ်ပင်အရိပ်များသည် ယိမ်းနွဲ့နေခဲ့ပြီး ညအခါတွင် မြူဆိုင်းနေခဲ့သည်။
ညဘက် ဥယျာဉ်၏ အလှသည် ညအမှောင်ကို ဖြိုခွင်း၍ မြင်ကွင်းမှာ တဖြည်းဖြည်း ထင်ရှားလာခဲ့သည်။
ယန်ရှီသည် တစ်ခုခုယူရန်အတွက် ကျုံချင်းယွီ၏ အခန်းထဲသို့ ရောက်လာခဲ့သည်။
ယန်ရှီသည် ကျုံချင်းယွီ၏ ခရီးဆောင်အိတ်ထဲသို့ သူမ၏ပစ္စည်းများကို ထည့်နေခဲ့၏။
ရေချိူးကန်၏ ဘေးတွင်ရှိသော မှန်စားပွဲခုံသေးသေးလေးပေါ်မှ တယ်လီဖုန်းစကားပြောကိရိယာကို မြင်လိုက်သည့်အခါ၌ ယန်ရှီ မေးလာခဲ့သည်။
“ နင် ဖုန်းပြောနေတာလား၊ ဒီလောက်ညနက်နေပြီကို ဘယ်သူနဲ့ပြောနေတာလဲ”
ကျုံချင်းယွီ: “ အရေးမကြီးတဲ့သူပါ”
“ ငါ သောင်းကျန်းနေတဲ့ ခွေးကို ဆူနေတာပါ”
ခွေးတစ်ကောင်လား။
ယန်ရှီသည် ချက်ချင်းပင် ယောင်ကျူကို တွေးမိသွားခဲ့သည်။
“ ခွေးတွေက ပုံမှန်ဆိုရင် ကောင်းကောင်းနေတယ်မဟုတ်ဘူးလား”
ကျုံချင်းယွီသည် ပြုံးလာခဲ့သည်။
“ ဟုတ်တယ် ခွေးတော်တော်များများက ကောင်းကောင်းနေကြတာပါ ဒါပေမယ့် အဲထဲက တစ်ကောင်က အရမ်းကိုဆိုးပြီး ငါ့ကို ကိုက်ဖို့အထိ သတ္တိရှိနေလို့လေ၊ ငါ့သူကိုစည်းကမ်းတကျ ဆုံးမမှဖြစ်မယ်”
….
နောက်နေ့မနက်တွင် ယန်ရှီသည် စောစောထလာခဲ့သည်။
ယနေ့ 10နာရီတွင် သူမသည် ကျုံမိသားစုအပြင် စံအိမ်ဟောင်းတွင်ရှိသော အိမ်အကူများနှင့် ကျန်းမာရေး စစ်ဆေးမှုလုပ်ရမည်ဖြစ်သော်လည်း ယခုတွင် အချိန်စောနေလေသည်။
ထိုအပြင် ယနေ့တွင် သူမသည် Starlight အနုပညာကုမ္ပဏီ ၏ ဒုတိယဥက္ကဖြစ်သည့် ပထမနေ့ပင်ဖြစ်သည်။
သူမသည် အစည်းအဝေးရှိသည့်အတွက် ကုမ္ပဏီကို သွားရမည် ဖြစ်သည်။
ယခင်အချိန်များတွင် ယန်ရှီသည် အလုပ်သို့ taxi အမြဲငှားသွားခဲ့ခြင်းဖြစ်သည်။
ကျုံချင်းယွီသည် ယန်ရှီအတွက် driver တစ်ဦးစီစဉ်ပေးမည်ဟု ပြောခဲ့သော်လည်း ယန်ရှီသည် ထိုအရာအား ဟိတ်ဟန်ထုတ်သည်ဟု တွေးခဲ့သည်။
ထို့အပြင် driver နှင့် ကားတစ်စီး ထိန်းသိမ်းရသည်မှာ ပိုက်ဆံအမြောက်အများကုန်ကြမည်ဖြစ်ပြီး taxi ကားစီးလိုက်ခြင်းသည် ဈေးလည်းသက်သာ၍ အဆင်လဲပြေသည်။
သို့သော်လည်း ယနေ့တွင် ယန်ရှီသည် စံအိမ်ဟောင်းထဲမှ ထွက်လိုက်သောအခါ သူမအား အပြင်ဘက်၌ တစ်ယောက်ယောက်စောင့်နေသည်ကို မြင်လိုက်သည်။
ထိုသူမှာ ကျုံချင်းယွီ၏ လက်ထောက် ယွီရှောင်ပင် ဖြစ်သည်။
သူသည် အတော်လေးငယ်ရွယ်ပြီး ဘေးတွင်အနက်ရောင်ကွတ်ထားသည့် မျက်မှန်ကို ဝတ်ထားကာ အနည်းငယ် ရုပ်ချော၍ခပ်ဆိုးဆိုးပုံ ပေါ်နေခဲ့သည်။
သူ၏ ဝတ်စုံသုံးခုသုံးသည် သပ်ရပ်သန့်ရှင်းနေပြီး အင်္ကျီဆိုင်မှ ယခုချက်ချင်းပင် ထုတ်လာသကဲ့သို့ ချောမွေ့ပြောင်လက်နေခဲ့သည်။
ဝတ္ထုထဲတွင် ယွီရှောင်အား “ phoenix man” ဟု နိမ့်ချ၍ အမည်တပ်ခဲ့သည်။
(T/N “ phoenix man” = နိမ့်ကျတဲ့ဘဝကနေ ရုန်းကန်ကြိုးစားပြီး ချမ်းသာလာသူ)
သူသည် ကျေးလက်ဒေသတွင် မွေးဖွားခဲ့ပြီး သူ၏ မိဘများမှာ လယ်သမားများဖြစ်၏။
ကျုံစီးပွားလုပ်ငန်းစု၏ ပညာသင်ဆုနှင့် ဟိုင်တ တက္ကသိုလ်တွင် masterဘွဲ့အတွက် သင်ယူနိုင်ခဲ့သည်။
ယန်ရှီသည် ဝတ္ထုထဲတွင် ဖော်ပြထားသည့် ရှောင်ယွီ၏အကြောင်းများသည် အတော်လေး တစ်ဖက်သတ်ဆန်သည်ဟု တွေးခဲ့သည်။
နောက်ဆုံးပြောရမည်ဆိုလျှင် မည်သူမှ ငွေဇွန်းကိုက်၍ မွေးလာခြင်း မဟုတ်ပေ။ ယွီရှောင်သည် ယခုလို နေရာထိရောက်အောင် တက်လှမ်းနိုင်ခဲ့ခြင်းမှာ သူ၏ အရည်အချင်းကို သက်သေပြခဲ့ခြင်းဖြစ်သည်။
ထို့အပြင် ယွီရှောင်သည် နောက်ဆုံးအချိန်ထိ ကျုံချင်းယွီပေါ်သို့ သစ္စာဖောက်ခဲ့ခြင်း မရှိသောကြောင့် ယန်ရှီသည် သူ့အပေါ်တွင် အမြင်ကောင်းရှိနေခဲ့သည်။
ကျုံစံအိမ်ဟောင်းကြီး၏ အပြင်ဘက်တွင် ယွီရှောင်သည် Mercedes - Benzကားကို မှီနေလေသည်။
သူသည် ယန်ရှီထွက်လာသည်ကို မြင်သည့်အခါ၌ သေချာမတ်တပ်ရပ်၍ သူမအား သူ၏လက်ကို လှမ်းပေးလိုက်သည်။
“ ယွီရှောင်”
ယန်ရှီလည်း သူမလက်ကို ထုတ်၍ပေးလိုက်သည်။
“ ယန်ရှီ”
“ ရှင်းယောင်ရဲ့ ဒုတိယဥက္ကဌ ဖြစ်လာလို့ ဂုဏ်ပြုပါတယ်၊ ဒါက ရာထူးအကြီးပိုင်းတွေအတွက် ကုမ္ပဏီရဲ့ စံနှုန်းကားဖြစ်ပြီး driver တစ်ဦးလည်း ပါပါတယ်”
ယန်ရှီ၏မျက်လုံးများမှာ တောက်ပလာခဲ့သည်။
“ ရှင်းယောင်မှာ ဒီလို ပြုမူဆက်ဆံတာက အရမ်းကောင်းတာပဲ”
ယန်ရှီသည် ကားမမောင်းတက်သည့်အပြင် ကားများ၏ အကြောင်းများကို မသိသော်လည်း ထို Mercedes - Benz သည် အလွန်ကောင်းမွန်သည့်ပုံပေါ်နေခဲ့သည်။
ထိုကားတွင် ချောမွေ့သပ်ရပ်သည့် လိုင်းများပါဝင်ပြီး ကားအရွယ်အစားသည်လည်း ကြီးမားလှသည်။
အကယ်၍ အနောက်ထိုင်ခုံများကို လှန်ချလိုက်ပါက သင်သည် လှဲအိပ်လို့ပင် ရလေသည်။
အရေးကြီးဆုံးအရာမှာထိုအရာသည် free ဖြစ်နေခြင်းပင်။
ယွီရှောင် : “ ဒါက အစ်မရဲ့ ပထမဦဆုံး ဒုတိယဥက္ကဌ နေရာဖြစ်ပြီး ဘွဲ့လည်း မရသေးတာကြောင့် ကုမ္ပဏီက အစ်မအတွက် အတွင်းရေးမှူးတစ်ယောက်ကိုလည်း ခန့်ပေးထားပါသေးတယ်”
နောက်ထပ်ကားတစ်စီးထဲမှ အရပ်မြင့်မြင့်နှင့် ကောင်မလေးတစ်ယောက် ထွက်လာခဲ့သည်။
သူမသည် suit skirtကို ဝတ်ဆင်ထားပြီး သူမ၏ တစ်ဆယ် စင်တီမီတာရှိသည့် ချွန်ထက်နေသော ဒေါက်မြင့်ဖိနပ်ကြောင့် ခြေသလုံးများမှာ ရှည်လျား၍သွယ်လျနေခဲ့သည်။
( T/N suit skirt - အမျိုးသမီးရုံးတက်ဝတ်စုံ)
သူမသည် ရှေ့ဆံမြိတ်ချထားပြီး ပုခုံးထိရှည်လျားထိဆံပင်ရှိသော်လည်း သိပ်မထူသောကြောင့် သပ်ရပ်လှပသည့်အလှမျိုး ဖြစ်နေခဲ့သည်။
“ လင်းကျီ”
ထိုကောင်မလေးသည် ယန်ရှီအား ခေါင်းညိမ့်ပြလေသည်။
“ လင်းကျီက ကျွန်တော့်ရဲ့ အတွင်းရေးမှူးပါ၊ အရင်က ရှင်းယောင်မှာ ဒုတိယဥက္ကဌ မရှိသလို အထွေထွေမန်နေဂျာ ချူကလည်း ကုမ္ပဏီရဲ့ကိစ္စတွေကို ဂရုမစိုက်ခဲ့ဘူး၊ ရှင်းယောင်ရဲ့ အလုပ်ကိစ္စအများစုကို လင်းကျီကပဲ ကိုင်တွယ်ဖြေရှင်းခဲ့တာ သူက ဒီနယ်ပယ်မှာ အတော်လေးကျွမ်းကျင်တဲ့သူမို့လို့ အစ်မကို ကောင်းကောင်းကူညီနိုင်မှာပါ”ဟု ယွီရှောင်မှ ရှင်းပြခဲ့သည်။
ယန်ရှီသည် အလွန်ပင် ကျေးဇူးတင်နေခဲ့သည်။
ကျုံချင်းယွီသည် ဝန်ထမ်းအသစ်ခန့်အပ်ခြင်းများနှင့်ပတ်သတ်၍ နားမလည်ခဲ့ပေ။
သူမသည် ယန်ရှီအား ဒုတိယဥက္ကဌ ရာထူးပေးခဲ့သည်မှာ သူတို့ကြားတွင် ကောင်းမွန်သည့် ဆက်ဆံရေးရှိခြင်းကြောင့်ဖြစ်သည်။
အထွေထွေမန်နေဂျာ ချူသည် ကျုံချင်းယွီ၏ အဒေါ်ဖြစ်ပြီး ကျုံချင်းယွီသည် သူမအား CEO ရာထူး ခန့်အပ်လိုက်သည်။
ရှင်းယောင်ကုမ္ပဏီသည် ကျုံချင်းယွီနှင့် ကျုံစီးပွားရေးလုပ်ငန်းစု တို့ သီးသန့်ပိုင်သည့် ကုမ္ပဏီဖြစ်ပြီး တစ်ခြား ဒါရိုက်တာများ ပါဝင်ခဲ့ခြင်းမရှိပေ၊ ထို့ကြောင့် သူတို့သည် ရာထူးအကြီးပိုင်းတွေအား ဝန်ထမ်းခန့်အပ်သည့်ကိစ္စကို စိတ်ကြိုက်ဆုံးဖြတ်နိုင်ခြင်းဖြစ်သည်။
သို့သော် ထိုအရာတွင် ကြီးမားသည့် အားနည်းချက်တစ်ခုရှိသည်။
ဥပမာအနေဖြင့်ပြောရမည်ဆိုလျှင် ယန်ရှီသည် ကြီးကြပ်ရမည့် အလုပ်တာဝန်များအကြောင်းကို ဘာမှမသိခဲ့ပေ။
ကံကောင်းစွာဖြင့်ပင် ဖန်းယွဲ့သည် အတွေ့အကြုံရှိသည့် မန်နေဂျာတစ်ယောက်ကို သူမအားလမ်းညွှန်ပေးရန် ခန့်အပ်လိုက်သောကြောင့် ယန်ရှီသည် လျင်မြန်စွာပင် အလုပ်ကိစ္စများကိုနားလည်သွားခဲ့သည်။
ယခုတွင် ကျုံချင်းယွီသည် ယန်ရှီကို ဒုတိယဥက္ကဌ ရာထူးအား ပေးလိုက်ခြင်းဖြစ်ပြီး ယန်ရှီသည် သူမတစ်ယောက်တည်း မကိုင်တွယ်နိုင်တော့ပေ။
ယွီရှောင်သည် ထိုအရာကို ကြို၍ သိနေခဲ့ခြင်းကြောင့် လင်းကျီကို အချိန်ကိုက်ခေါ်လိုက်ခြင်းဖြစ်သည်။
ယန်ရှီသည် Mercedes - Benzမှာ bonusတစ်ခုသာဖြစ်ပြီး လင်းကျီသည်သာလျှင် အဓိကပေးခြင်းဖြစ်သည်ဟု နားလည်ခဲ့သည်။
ယန်ရှီနှင့် လင်းကျီတို့သည် Mercedes - Benz ကားထဲသို့ အတူတူဝင်သွားကြသည်။
လင်းကျီသည် အနောက်ဘက်ခုံသို့ဝင်၍ ယန်ရှီ၏ ဘေးသို့ ထိုင်လိုက်သည်။
သူမသည် ဒုတိယဥက္ကဌ အလုပ်အတွက် လိုအပ်သည့် စာရွက်စာတမ်းများကို စီစဉ်ထားပြီးဖြစ်ပြီး ယန်ရှီ၏နောက်ထပ် အချိန်ဇယားများအတွက်လည်း စီစဉ်ထားပြီးဖြစ်သည်။
များပြားလှသည့် အချိန်ဇယားများကို ကြည့်နေရင်းဖြင့် ယန်ရှီသည် ခေါင်းကိုက်လာသည်ဟုခံစားခဲ့ရသည်။
ခရီးသွားရတာက တကယ်ပျော်ဖို့ကောင်းခဲ့တာ။
သူပြန်ရောက်လာတဲ့ ပထနေ့မှာ ကုမ္ပဏီရဲ့ကျွန်ဘဝရောက်မယ်လို့ သူတွေးတောင် မတွေးထားခဲ့ဘူး။
လင်းကျီသည် အလွန်ပင် လုပ်နိုင်စွမ်းရှိသူဖြစ်သည်။
အနည်းဆုံး တစ်နာရီကြာ သူမနှင့် ဆွေးနွေပြီးနောက် ယန်ရှီသည် ထိုအရာပေါ်တွင် လေးလေးနက်နက်ခံစားခဲ့ရသည်။
ဝန်ထမ်းအသစ်တစ်ယောက်အနေဖြင့် ယန်ရှီသည် သင်ယူစရာအများအပြားရှိနေခဲ့ခြင်းကြောင့် အလွန်ပင် အလုပ်ရှုပ်နေခဲ့သည်။
သို့သော် လင်းကျီသည် အရာအားလုံးကို အဆင်ပြေစေရန် စီစဉ်ထားပေးခဲ့သည်။
မနက်ခင်းပိုင်းတွင် ယန်ရှီသည် ကုမ္ပဏီသို့ ရောက်ရှိသည့်အခါ၌ သူမမှာ ဌာနအသီးသီး၏ တင်ပြချက်များကို အရင်ဆုံး နားထောင်ခဲ့ရသည်။
ချောင်းယန်၏ တင်ပြချက်သည် အလွန်ပင် ရှည်လျားပြီး ဝူလျောင် ၊ဖန်းယွဲ့နှင့် ဝင်ကြွားတက်သည့် ယောင်ချီတို့သည်လည်း တင်ပြခဲ့ကြသည်။
ဌာနအသီးသီး၏ အစည်းအဝေးပြီးသွားသည့်နောက်တွင် လင်းကျီသည် ယန်ရှီအား Mercedes-Benz ကားထဲသို့ ဝင်ခိုင်းလိုက်သည်။
လမ်းတစ်လျှောက်လုံးတွင် လင်းကျီသည် ကုမ္ပဏီမှလုပ်ဆောင်နေသည့် စီမံကိန်းအမျိုးမျိူးနှင့် ယခုတလော ကောင်းမွန်စွာ အလုပ်လုပ်နေကြသည့် အနုပညာရှင်များစွာအကြောင်းကိုလည်း တင်ပြခဲ့သည်။
မနက် 9နာရီ 50မိနစ်တွင် လင်းကျီသည် ယန်ရှီအား ဆေးရုံဝင်ပေါက်သို့ အချိန်မှန် ပို့ဆောင်ခဲ့သည်။
အရှေ့တွင်ရှိသောကားပါကင်တွင် စံအိမ်တော်ဟောင်းတွင်ရှိသောသူများမှာ ရောက်နှင့်နေပြီဖြစ်သည်။
ကျုံပါးပါးသည် စံအိမ်တော်ဟောင်းထဲရှိ အိမ်အကူများအားလုံးကို ခေါ်ဆောင်လာရန်အတွက် အိမ်တော်ထိန်းယွီအား ဘတ်စ်ကားတစ်စီး ငှားခိုင်းခဲ့သည်။
ယန်ရှီသည် သူ၏ ရှေ့တွင်ရှိသောလူအုပ်ကြီးကို အနှံ့လိုက်ကြည့်ခဲ့သော်လည်း ကျုံယန်စီကို မမြင်ခဲ့ပေ။
သူလာမည်မဟုတ်သည်မှာ သေချာသလောက်ပင်။
လင်းကျီသည် အချိန်ဇယားကို ဖွင့်ကြည့်ခဲ့သည်။
“ မစ္စယန် ဒီကျန်းမားရေးစစ်ဆေးမှုက တစ်နာရီအတွင်းပြီးမယ်လို့ ခန့်မှန်းထားပါတယ်၊ နေ့လည်စာကို မစ္စကျုံ၊ သခင်မလေးတို့နဲ့ စားဖို့အတွက် စီစဉ်ထားပါတယ် ကျွန်မ နေ့လည် တစ်နာရီပြန်လာပြီး လာကြိုပေးရမလား”
ယန်ရှီ “…”
အချိန်ဇယားက ဒီလောက်တောင် တိတိကျကျစီစဉ်ထားတာလား။
ဟူး သူက စိတ်ဖိစီးမှုများတဲ့ စည်းချက်ထဲမှာ ပိတ်မိသွားပြီပဲ။
ရုတ်တရက် သူတွေးလိုက်မိတာက အလုပ်အရမ်းလုပ်ပြီး သေသွားမှာ ကျုံယန်စီမဟုတ်တော့ဘဲ သူဖြစ်နေပြီ။
“ တကယ်ကို ကျွန်မက အဲလောက် အလုပ်များတာလား”
ယန်ရှီသည် အသံတိုးတိုးလေးဖြင့် မေးလာခဲ့သည်။
“ ကျွန်မ မရှိလည်း ရှင်တို့ အဆင်ပြေနေကြတာပဲ မဟုတ်ဘူးလား”
လင်းကျီသည် ခဏတာမှင်သက်သွားကာ ပြောလာခဲ့သည်။
“ ကျွန်မအထင်တော့ ရှင်က မစ္စတာကျုံနဲ့ ပုံစံအတူတူပဲ”
ယန်ရှီ : “ မဟုတ်ရပါဘူး”
လင်းကျီ : “ နားလည်ပါပြီ ကျန်းမာရေးစစ်ဆေးမှုတွေပြီးသွားတာနဲ့ ကျွန်မကိုဖုန်းဆက်လိုက်ပါ၊ ကျွန်မ driverကို ဆေးရုံမှာပဲ စောင့်ခိုင်းထားလိုက်မယ်”
လင်းကျီနှင့် ကိစ္စအားလုံးကို ပြင်ဆင်ပြီးနောက်တွင် ယန်ရှီသည် စိတ်သက်သာရ၍ သက်ပြင်းချလိုက်သည်။
သူမသည် ကားထဲမှထွက်လိုက်ကာ ကျူံချင်းယွီထံသို့ သွားခဲ့သည်။
အိမ်တော်ထိန်းယွီသည် လူအားလုံးနီးပါးရောက်ရှိသည့်အကြောင်းကိုပြောလိုက်သော်လည်း သူနာပြုသည် စာရင်းကိုကြည့်၍ ပြောလာသည်။
“ တစ်ယောက်ယောက်ကျန်နေတဲ့ပုံ ပေါ်တယ်နော်”
အိမ်တော်ထိန်းယွီ : “ သခင်လေးက အလုပ်ရှိလို့ သူ မလာတော့တာ သေချာသလောက်ရှိပါတယ်”
ယန်ရှီသည် သူမ၏နှလုံးသားထဲတွင် နာကျင်သွားခဲ့သည်။
ကျုံချင်းယွီအပေါ် ဇာတ်ညွှန်းထိန်းချုပ်မှုများ ပျောက်ကွယ်သွားပြီးနောက် သူမသည် မကောင်းသည့်ခံစားချက်များကိုခံစားနေခဲ့ရပြီး ယခုတွင် ထိုခံစားချက်များမှာ ပို၍ ဆိုးလာခဲ့သည်။
ရုတ်တရက်ပင် သူမ၏ အနောက်ဘက်မှ ဘရိတ်အုပ်သံကို ကြားလိုက်ရသည်။
ယန်ရှီသည် အလိုလိုပင် လှည့်ကြည့်ခဲ့ပြီး များပြားလှသည့် ဇိမ်ခံကားများကြားထဲတွင် ကျုံယန်စီ၏ Rolls-Royce ကားသည် သိသာထင်ရှားစွာ မောင်းလာခဲ့သည်။
ကျုံယန်စီသည် ယန်ရှီနှင့် အခြားသူများကို တွေ့ဆုံရန်အတွက် 10နာရီ အချိန်ကွက်တိရောက်လာခဲ့သည်။
ကျုံချင်းယွီသည် မျက်ခုံးပင့်လိုက်လေသည်။
“နင်က အိမ်ရာနဲ့မြို့ပြကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန အစည်းအဝေးတက်ရမှာမဟုတ်ဘူးလား၊ ဘယ်လိုလုပ် ဒီကိုရောက်လာတာလဲ”
ကျုံယန်စီသည် ခပ်ပေါ့ပေါ့ပင် ဖြေလိုက်သည်။
“ အစည်းအဝေးက ပြီးသွားပြီ”
ယန်ရှီသည် အလွန်ပင် ပျော်နေခဲ့ပြီး သူတို့နှစ်ယောက်၏ အငြင်းပွားမှုများကို နားမထောင်ချင်တော့ပေ။
“ ဟုတ်ပါပြီ အကုန်လုံးက ရောက်နေပြီပဲ၊ ကျန်းမာရေးစစ်ဆေးမှုသွားလုပ်ကြစို့”
ကျုံချင်းယွီသည် ယန်ရှီ၏လက်မောင်းကို လှမ်းချိတ်လိုက်သည်။
“ နင်ရော သွားမှာမဟုတ်ဘူးလား”
“ ဒါပေါ့~”
ယန်ရှီသည်လည်း သေခြင်းတရားနှင့်ပတ်သတ်၍ ကြောက်နေခဲ့သည်။
ဝတ္ထုထဲတွင် ကား accident ဖြစ်ပြီးနောက် သူမသည် ကိုမာဝင်သွားခဲ့ပြီး သူမ၏ အဆုံးသတ်သည် ကျုံယန်စီထက် ပိုမကောင်းခဲ့ပေ။
System သည် ယန်ရှီအား နှစ်သိမ့်ခဲ့သည်။
[ Host အခုက မတူတော့ဘူး၊ ဒီဇာတ်ညွှန်းက မင်းကို ထိခိုက်အောင် လုပ်မှာမဟုတ်တော့ဘူး]
“ ဟေး ငါက ကျုံယန်စီလို ဒီ ဇာတ်လမ်းထဲမှာ ဆူးညှောင့်ခလုတ်တစ်ဖြစ်မယ်လို့ထင်ခဲ့တာ”
[ ဝတ္ထုထဲမှာဆိုရင် အကြီးဆုံးသခင်လေး ဆုံးသွားပြီးတော့ သခင်မလေးက သူ့ရဲ့ကံကောင်းခြင်းအမှတ်တွေ ဆုံးရှုံးသွားပြီး သူဘာလုပ်လုပ် ကံဆိုးနေတော့မှာ၊ အကယ်၍ သူ့ကိုတစ်ယောက်ယောက်ကကူညီရင်လည်း အဲလူပါ ကံဆိုးသွားတာ ဒါပေမယ့် အခုကြ မင်းက သူ့အတွက် ကံကောင်းခြင်းတွေအမှတ်တွေအများကြီးစုပေးခဲ့တယ်လေ၊ ဒါ့ကြောင့် ဇာတ်ညွှန်းက မင်းကို လွယ်လွယ်နဲ့ အန္တရာယ် ပေးလို့မရနိုင်ဘူး]
[ ပြီးတော့ မင်းမှာ ကျွန်တော်ရှိနေတာပဲ၊ ကျွန်တော်က သာမာန်ဖြတ်သွားဖြတ်လာ system တစ်ခုပါပဲ၊ ဒါပေမဲ့ ကျွန်တော့်ကြောင့် မင်းမှာ ကောင်းတဲ့အရာလေးတစ်ခုခု ဖြစ်သွားနိုင်တယ်၊ ကံကောင်းခြင်းလေးတစ်ခုခု ရသွားနိုင်တာလည်း ဖြစ်ချင်ဖြစ်မယ်၊ အဲကျရင် မင်းကို ဇာတ်ညွှန်းက သတိထားမိမှာမဟုတ်တော့ဘူး]
[ မင်း ရုတ်တရက် လု မိသားစုရဲ့ သမီး ဖြစ်မသွားခဲ့ရင်ပေါ့၊ တကယ်လို့ ဖြစ်သွားခဲ့ရင် အကြီးဆုံးအစ်ကိုလိုပဲ မင်းက ဇာတ်ညွှန်းအတွက် အန္တရာယ်ပေးမယ့်သူဖြစ်လာပြီး ဇာတ်ညွှန်းကလည်း မင်းကိုဖယ်ရှားပစ်ဖို့ နည်းမျိုးစုံသုံးလိမ့်မယ်၊ ဒါပေမယ့် အခုအခြေအနေမှာတော့ ဘာပြသာနာမှမရှိသေးပါဘူး]
ယန်ရှီသည် နောက်ဆုံးတွင် နားလည်သွားခဲ့သည်။
သူမသည် ကျုံချင်းယွီအတွက် ကံကောင်းခြင်အမှတ်များရရှိရန် ကူညီပေးခဲ့ပြီး ဇာတ်ညွှန်း၏ ထိန်းချုပ်ခြင်းမှ လွတ်မြောက်အောင်လည်း ကူညီပေးခဲ့သည်။
ဇာတ်ညွှန်း၏ မူလလမ်းကြောင်းသည် တိုးတက်ရန် မဖြစ်နိုင်ဝောာ့သောကြောင့် အခြားနည်းလမ်းများဖြင့် ဖန်တီးလာတော့မည်ဖြစ်သည်။
“ ဒါဆို ဆိုလိုတဲ့သဘောက ငါက တစ်ချိန်လုံးအန္တရာယ်တွေရှိနေပြီး ငါ့ကို ကာကွယ်ပေးနေတဲ့သူက နင်ပေါ့”
[ မင်းက ကျွန်ဝောာ့်ရဲ့ host ပဲလေ ဒါကြောင့် ကျွန်တော် မင်းကို ဘာမှအဖြစ်ခံမှာမဟုတ်ဘူး ]
ယန်ရှီသည် အနည်းငယ် ခံစားသွားခဲ့ရသည်။
System သည် အတော်လေးအသုံးမကျ၍ ဝတ္ထုတွေအပေါ်သာ အရူးအမူးစွဲလမ်းနေသော်လည်း တစ်ခါတစ်လေ အသုံးကျနေသေးသည်။
“ နောက်တစ်ကြိမ် ရှန့်ရှင်းဟယ်နဲ့ စီယဲ့ တို့ ဓာတ်ပုံရိုက်ကူးရေးလုပ်တဲ့အချိန်ကြရင် သူတို့ကို sexyကျတဲ့ပုံတွေရိုက်ခိုင်းပြီး နင့်ရဲ့ ကွန်ပျူတာအချက်အလက်တွေထဲ ထည့်ပေးထားမယ်၊ အဲတာတွေအကုန်လုံးက နင်ကြည့်ဖို့အတွက်ပဲ”
System: "!!!!"
[ Host မင်းက အရမ်းကြင်နာတက်ဝာာပဲ ချစ်တယ်နော် ]
ဆေးစစ်ချက်များလုပ်နေသည့်အချိန်အတွင်းတွင် ယန်ရှီသည် ကျုံချင်းယွီနှင့် တစ်ချိန်လုံးရှိနေခဲ့သည်။
ဆေးစစ်ချက်ရလဒ်များထွက်လာသောအခါ၌ သူတို့သည် ဖုံးကွယ်ထားခြင်းမရှိဘဲ ဆေးစစ်ချက်များကို အချင်းချင်းပြသကြသည်။
ကျုံချင်းယွီသည် ကျန်းမာရေးကောင်းမွန်နေသည်။
သခင်မလေးတစ်ယောက်အနေနှင့် သူမသည် မိမိကိုယ့်ကို အမြဲကောင်းမွန်စွာ ဂရုစိုက်သည်။
ယန်ရှီသည်လည်း ကောင်းမွန်သည့်အခြေအနေရှိပြီး လေ့ကျင့်ခန်းများ မလုပ်သည်မှလွဲ၍ တစ်ခြားပြသာနာများမရှိပေ။
ကျုံပါးပါးသည် အသက်ကြီးလာပြီဖြစ်၍ အချို့ ရောဂါအခံများရှိနေသော်လည်း သူ၏ဘေးတွင် အာဟာရနှင့်ပတ်သတ်သည့် ပညာရှင် ရှိနေခြင်းကြောင့် သူ၏ကျန်းမာရေးကို ကောင်းမွန်စွာထိန်းသိမ်းနိုင်ခဲ့သည်။
နောက်ဆုံးတွင် ကျုံယန်စီသာကျန်ရှိတော့သည်။
ဆေးရုံခန်းမတွင် လူတိုင်းသည် စကားပြော၍ ရယ်မောနေကြပြီး နေ့လည်စာ စားရန်အတွက် ဆွေးနွေးနေခဲ့ကြသည်။
ထို့နောက် ယန်ရှီသည် ကျုံယန်စီ ထွက်မလာသေးသည်ကို သတိထားမိခဲ့သည်။
လူတိုင်း ဆေးစစ်ဆေးတဲ့အချက်အလက်တွေက အတူတူပဲလေ ဘာလို့သူက အရမ်းကြာနေတာလဲ။
System: [ Host ရေ ငါ အစ်ကိုကြီးရဲ့ဘက်ကို သွားခိုးကြည့်ပြီး သူ့ရဲ့ဆေးစစ်ချက်ကိုမြင်လာခဲ့တယ်]
ယန်ရှီ၏ နှလုံးသားမှာ မွန်းကြပ်လာခဲ့သည်။
“ သူအဆင်ပြေရဲ့လား”
System သည် ခဏတာတုံ့ဆိုင်းသွားခဲ့သော်လည်း နောက်ဆုံးတွင် ယန်ရှီအား ဖုံးကွယ်မထားနိုင်ခဲ့ပေ။
[ ကင်ဆာ တဲ့]
ကျုံယန်စီသည် စစ်ဆေးသည့်အခန်းထဲမှ ထွက်လာခဲ့သည်။
သူသည် ပထမတွင် တစ်ယောက်ထဲ ဝင်သွားခဲ့သော်လည်း ပြန်ထွက်လာသည့်အချိန်၌ ဆေးရုံအုပ်ကြီး တျန်းချန်းနှင့် အတူတူထွက်လာခဲ့သည်ကို ယန်ရှီမှ မြင်လိုက်သည်။
သူတို့သည် အချင်းချင်း တိုးတိုးလေးပြောနေခဲ့ကြသည်။
ယန်ရှီသည် သူတို့ပြောသည့်အရာများကိုကြားရန် အရမ်းဝေးလွန်းနေသည်။
တျန်းချန်းသည် အကူအညီမဲ့နေပုံပေါ်နေခဲ့သော်လည်း ကျုံယန်စီ၏ အနေအထားသည် အလွန်ပင် တည်တံ့နေခဲ့သည်။
ထို့နောက် သူတို့သည် ခန်းမထဲသို့ လျှောက်လာခဲ့သည်။
ကျုံချင်းယွီသည် သူ့အား တမင်သက်သက် ရန်စလိုက်သည်။
“ ကျုံယန်စီ နင်ဘာလို့အဲ့လောက်ကြာနေတာလဲ၊ နင့်မှာဘာပြသာနာတွေရှိနေလဲဆိုတာ မပြောချင်ဘူးလား”
ယခင်အချိန်တွင် အဖွဲ့ထဲမှ မိန်းကလေးအများစုသည် သူ့အားချဉ်းကပ်ခဲ့ကြသော်လည်း ကျုံယန်စီသည် မည်သည့်စိတ်ဝင်စားမှုမှမရှိကြောင်း ကောလဟာလများထွက်နေခဲ့သည်။
လူတစ်ချို့သည် သူ့အား ပန်းသေနေသည်ဟု ပြေဆိုခဲ့ကြသည်။
“ စစ်ဆေးချက်ရလဒ်မှာ တစ်ခုခုပြသာနာရှိနေတာလား”
ကျုံပါးပါးမှ စိုးရိမ်တကြီးဖြင့် မေးလာခဲ့သည်။
တျန်းချန်းသည် ပြောရန်တုံ့ဆိုင်းနေခဲ့သော်လည်း ကျုံယန်စီသည် အရင်ဆုံးပြောလာခဲ့သည်။
“ ဘာပြသာနာမှမရှိပါဘူး၊ စစ်ဆေးချက်တွေလုပ်နေတုန်း စက်ပျက်သွားလို့ အချိန်နည်းနည်းပိုကြာသွားတာပါ”
ကျုံပါးပါးသည် စိတ်သက်သာရာရသွား၍ သက်ပြင်းချလိုက်သည်။
“ ဒါပေါ့ မင်းက ငယ်သေးတာပဲ၊ ဘယ်လိုလုပ် တစ်ခြားပြသာနာတွေရှိမှာလဲ”
ယန်ရှီသည် ကျုံယန်စီအား စိုက်ကြည့်ခဲ့သည်။
သူသည် အလွန်ပင် အေးဆေးနေပုံမှာ စစ်ဆေးချက်ရလဒ်သည် ကင်ဆာရောဂါမဟုတ်ဘဲ ရိုးရိုးအအေးမိဖျားနာသည့် ပုံစံအတိုင်းပင် ဖြစ်သည်။
ယန်ရှီသည် စကားတစ်လုံးမှ မပြောရဲ၍ system ကိုသာ မေးလိုက်သည်။
“ နင် ဘယ်လိုကင်ဆာအမျိုးအစားလဲ မြင်လိုက်လား”
[ အဲတာက ခြေဖဝါးမှာဖြစ်နေတဲ့ အရေပြားကင်ဆာရောဂါပါ ပြီးတော့ အစောပိုင်းအဆင့်ပဲရှိပါသေးတယ် CTနဲ့ MRT ကတော့ ရောဂါပျံ့နှံ့နေတဲ့လက္ခာတွေ မပြဘူး]
“ Host ဒါက ကုသဖို့ အချိန်ရှိပါသေးတယ်”
[ ဒါပေမယ့် အစ်ကိုကြီးက ဒီနှစ်အစရဲ့ ကျန်းမာရေးစစ်ဆေးချက်မှာတော့ ကျန်းမားနေသေးတာပဲ၊ အခုမှ ခြောက်လပဲရှိသေးတာကို ဒီလောက်တောင် ပြောင်းလဲမှုကြီးဖြစ်သွားတာ ကျွန်တော်စစ်ဆေးကြည့်တာတော့ ဒီလို ကင်ဆာအမျိုးအစားက အချိန်မှီမကုရင် အဲလိုလူနာတွေက အနည်းဆုံး လအနည်းငယ်နေရပြီး ဒါမှမဟုတ် အများဆုံးဆို နှစ်အနည်းငယ်ပဲနေရတာတဲ့]
ဒါဆိုရင်…..
အကယ်၍ ဒီနေ့ ဆေးစစ်ချက်များ မလုပ်ခဲ့ပါလျှင် နောက်နှစ်အစပိုင်းတွင်စစ်ဆေးမည့် ကျုံယန်စီ၏ စစ်ဆေးချက်တွင် အစောပိုင်းအဆင့် မဟုတ်တော့ဘဲ နောက်ဆုံးအဆင့်ပင် ဖြစ်သွားလိမ့်မည်။
ဇာတ်ညွှန်းက သူမပေါ်ကို တကယ်ကြီးမားတဲ့ ဗုံးတစ်လုံး ပစ်ချလိုက်တာပဲ။
“ တုန်ကျီ ကျုံချင်းယွီက ကံကောင်းခြင်းအမှတ်တွေ အများကြီးစုထားမိတဲ့ အချက်ကြောင့် ဇာတ်ညွှန်းက သူ့ကို သတိထားမိသွားတာ မဟုတ်လား”
[ ဟုတ်တယ်]
“ ပြီးတော့ ငါက ဖြတ်လျှောက်လေးပဲ၊ သူတို့က ငါ့ကို မကိုင်တွယ်နိုင်ပေမယ့် ကျုံချင်းယွီကိုတော့ ဖယ်ထုတ်ပစ်ချင်နေတာ၊ သူတို့တွေးနေတာက ကျုံချင်းယွီကို အများဆုံးကူညီနေတာက ကျုံယန်စီပဲဆိုပြီး ဒါကြောင့်သူတို့က ကျုံယန်စီကို ပစ်မှတ်ထားနေတာ မဟုတ်လား”
[ Hostရေ ဒါ မင်းအမှားမဟုတ်ပါဘူး]
[ တကယ်လို့ မင်းမရှိရင်တောင် ဒီအရာက ကျိန်းသေဖြစ်လာမယ့်ဟာပဲ၊ အခုက ရုတ်တရက်သေဆုံးတာကနေ ကင်ဆာကို ပြောင်းသွားတာပါပဲ]
[ ပြီးတော့ ဒါက အစောပိုင်းအဆင့်ပဲရှိသေးတာလေ ကုသလို့ရသေးတယ်၊ အခု အရာရာအတွင် အချိန်ရှိနေသေးတယ်]
မိသားစုတစ်ခုလုံး၏ ဆေးစစ်ချက်အဖြေများမှာ “ ကျန်းမာသည်” ဟု ထွက်လာခြင်းဖြစ်သည်။
ကျုံပါးပါးသည် စိတ်သက်သာရာရသွားခဲ့သည်။
လူများအားလုံးသည် စကားပြော၍ ပျော်ရွှင်စွာ သူတို့၏ ကားပါကင်ဆီသို့ သွားနေကြသည်။
ထိုသို့ ပျော်ရွှင်စရာကောင်းသည့်ပတ်ဝန်းကျင်တွင် ကျူံယန်စီသည် တိတ်ဆိတ်နေခဲ့သည်။
အလုပ်ကိစ္စများဆွေးနွေးသည်မှလွဲ၍ သူသည် ဘေးပတ်ဝန်းကျင်နှင့် အဆင်မပြေသည့်ပေါ်ပုံနေခဲ့သည်။
ယန်ရှီသည်လည်း စကားတစ်လုံးမှ မပြောခဲ့ပေ။
သူမ၏ ရင်ဘတ်ထဲတွင် မွန်းကြပ်နေသည်ဟု ခံစားနေခဲ့ရသည်။
သူတို့သည် နေ့လည်စာစားရန်အတွက် ဆေးရုံ၏ မျက်နှာချင်းဆိုင်တွင်ရှိသော စားသောက်ဆိုင်ကို ရွေးချယ်ခဲ့သည်။
ထို စားသောက်ဆိုင်သည် ဆေးဖက်ဝင်သောဟင်းချက်နည်းများဖြင့် တည်ခင်းသောကြောင့် အာဟာရဓာတ်နှင့် အရသာရှိမှု နှစ်ခုလုံးကို ရရှိလေသည်။
ညစာ စားနေသည့် စားပွဲတွင် ကျုံပါးပါးသည် ကျုံယန်စီနှင့် အလုပ်ကိစ္စများအကြောင်းကို ပြောနေခဲ့ကြသည်။
ကျုံချင်းယွီသည် ပျင်းနေသောကြောင့် ယန်ရှီကိုဆွဲခေါ်၍ အတင်းတုပ်ကြလေတော့သည်။
သို့သော် ယန်ရှီသည် ထိုအရာပေါ်တွင် စိတ်ဝင်စားမှုမရှိခဲ့ပေ။
သူမ၏ အကြည့်သည် ဘေးစွန်းတွင်ရှိသော ကျုံယန်စီထံသို့ ရောက်ရှိနေခဲ့သည်။
အကယ်၍ သူမသည် ကင်ဆာရောဂါဖြစ်နေပါက ထိုကဲ့သို့ အေးဆေးတည်ငြိမ်စွာဖြင့် နေနိုင်မည်လားဟု တွေးနေခဲ့သည်။
ယန်ရှီသည် သူမ နေနိုင်မည်မဟုတ်ကြောင်းကို တွေးခဲ့သည်။
သူမသည် ထိုအဖြေရလဒ်ကို မြင်မြင်ချင်းပင် ငိုချလိုက်မည်ပင် ဖြစ်နိုင်သည်။
သို့သော် ကျုံယန်စီသည် အလွန်ပင် တည်ငြိမ်နေသည်။
သူသည် နိုင်ငံတကာအခြေအနေတွေကို ကျုံးပါးပါးနှင့် ခွဲခြားပြောဆိုနေခဲ့ပြီး အနာဂတ်ကိစ္စများကိုလည်း ဆွေးနွေးနေခဲ့သည်။
သူသည် အလုပ်ပေါ်သို့ အပြည့်အဝနှင့် ကောင်းမွန်စွာစိတ်နှစ်၍ လုပ်ဆောင်နေသည်။
ထိုမတိုင်ခင်အချိန်တွင် သူသည် မည်သည့်အရာများဖြတ်ကျော်ခဲ့ရသည်ကို ယုံရခက်နေသည်။
စားသောက်ဆိုင်ထဲမှ မထွက်သွားခင်အချိန်တွင် ကျုံပါးပါးသည် ကျုံယန်စီအား မေးလိုက်သည်။
“ မင်းဒီည စံအိမ်ဟောင်းကို ပြန်လာမှာလား”
ကျုံယန်စီသည် တုန်လှုပ်သွားခဲ့သည်။
ထိုအချိန်တွင် ယန်ရှီသည် ကျုံယန်စီ၏မျက်လုံးများထဲမှ ထိတ်လန့်မှုအချို့ကို လျှပ်တစ်ပြတ်မြင်ခဲ့သည်။
“ သိပ်မသေချာလောက်ဘူး”
ကျုံယန်စီသည် သူ၏စိတ်ကိုတည်ငြိမ်အောင်ပြန်ထား၍ ပြောလာခဲ့သည်။
ကျုံပါးပါး : “ ဟုတ်ပါပြီ ဒီနေ့ မုန့်ရွှမ်းယွီရဲ့ မွေးနေ့လေ၊ ဘာပဲဖြစ်ဖြစ် သူက မင်းဦးငယ်လေးပဲ မင်းမားမားက ဒီပွဲကိုကြီးကြီးကျယ်ကျယ်လုပ်နေတာ မင်းသွားသင့်တယ်”
ကျုံယန်စီသည် စက္ကန့်တစ်ဝက်လောက်တိတ်ဆိတ်နေပြီးနောက် “ ဟုတ်ကဲ့” ဟု ပြောလာသည်။
ကျုံချင်းယွီသည် နှာခေါင်းထဲမှ လေကိုမှုတ်ထုတ်လိုက်သည်။
“ ဘာသွားလုပ်မှာလဲ သူက သူ့မောင်လေးအတွက်ကျ မွေးနေ့ပွဲလုပ်ပေးပြီးတော့ နင့်အတွက်ကျ ဘာတစ်ခုမှမလုပ်ပေးဘူးလေ၊ အရင်လက သူ နင့်မွေးနေ့ကိုတောင် သတိမရတာကို နင်က သွားဖို့ စိတ်အားထက်သန်နေတယ်၊ နင်က ကိုယ့်ကိုကိုယ် အရှက်ရအောင်လုပ်နေတာပဲ”
မုန့်ယင်းရုန်ဘက်လိုက်တက်သည့်အချက်ကို ကျုံယန်စီသာမက ကျူံချင်းယွီသည်လည်း ကောင်းကောင်းနားလည်ခဲ့သည်။
“ အဲတာ ငါ့ကိစ္စပါ”
ကျုံယန်စီမှ ဂရုမစိုက်သည့်ပုံစံဖြင့်ပြောလာခဲ့သည်။
“တစ်ယောက်ယောက်က သူ့ဦးလေးကို မျက်စိစုံမှိတ်ပြီးကူညီနေတာပဲ နင်လုပ်ချင်တာသာလုပ်တော့ ငါဂရုမစိုက်တော့ဘူး”
ယန်ရှီသည် အံ့ဩသွားခဲ့သည်။
သူမသည် ကျုံချင်းယွီကို စိုက်ကြည့်၍ ပြောလာခဲ့သည်။
“ နင် အရင်လက မစ္စတာကျုံရဲ့မွေးနေ့ကို တကယ်မှတ်မိနေခဲ့တာလား”
သခင်မလေးသည် သူ၏မွေးနေ့ကိုပင် တစ်ခါတစ်ရံ မေ့နေတက်သူဖြစ်၏။
ကျုံချင်းယွီ သည် ရှက်ကာ ပါးများနီလာခဲ့သည်။
“ အဲတာက ငါမှတ်ဉာဏ် ကောင်းလို့ပါ”
သို့သော် ယန်ရှီသည် မယုံသက်ာဖြင့် ကြည့်နေခဲ့သည်။
ကျုံချင်းယွီသည် ယန်ရှီအား မည်သည့်အရာမှ ဖုံးကွယ်ထားလို့မရသည်ကို သိ၍ သူမကို တိုးတိုးလေးကပ်ပြောလာသည်။
“ ဟုတ်ပါပြီ ငါ ရည်ရွယ်ချက်ရှိရှိ သတိရတာမဟုတ်ပါဘူး၊ ငါတို့ငယ်ငယ်တုန်းက ယှဉ်ပြိုင်ရတာတွေကြိုက်တော့ မွေးနေ့တွေရောက်ရင် သူနဲ့ငါနဲ့ ဘယ်သူ မွေးနေ့လက်ဆောင်ဘယ်သူပိုရလဲယှဉ်ကြည့်ချင်လို့ ငါခိုးကြည့်ခဲ့တာ”
“ ဒါဆို ဘယ်သူအများဆုံးရတာလဲ”
ယန်ရှီမှ မေးလာခဲ့သည်။
ကျုံချင်းယွီသည် ပျော်ရွှင်စွာဖြင့် ခေါင်းမော့လာခဲ့သည်။
“ သေချာပေါက် ငါပဲပေါ့၊ မုန့်ယင်းရုန်က သူ့ရဲ့မွေးနေ့ကိုမှမမှတ်မိတာ ဘယ်လိုလုပ် သူက မွေးနေ့လက်ဆောင်ဝယ်ပေးမှာလဲ”
ယန်ရှီ၏မျက်လုံးများမှာ မှေးမှိန်သွားခဲ့သည်။
လူတိုင်းသည် ထိုအရာကို အလေးမထားခဲ့သည့်အပြင် ကျုံချင်းယွီလည်း ထို့သို့ပြင် တွေးနေခဲ့သည်။
သို့သော် သူမ၏ မောင်လေးမွေးနေ့ကို မှတ်မိသော်လည်း သားမွေးနေ့ကို မေ့နေသည်မှာ အလွန်ပင်ထူးဆန်းသည့် ကိစ္စပင်ဖြစ်သည်။
ကျုံပါးပါးနှင့် ကျုံယန်စီတို့သည် အလုပ်အကြောင်းများကိုသာ ဆက်ပြောနေခဲ့သည်။
ယန်ရှီသည် လူသူကင်းမဲ့သည့်ထောင့်တစ်နေရာကို လျှောက်လာ၍ လင်းကျီကို ဖုန်းခေါ်လိုက်သည်။
“ ဒုက္ကဌ ယန် နေ့လည်စာစားပြီးသွားပြီလား၊ ကျွန်မ drive ကျောင်းကို လာကြိုဖို့ပြောလိုက်မယ်”
ယန်ရှီ : “ ကောင်းပြီ”
“ ပြီးတော့ ငါ့ကို မုန့်ယင်းရုန် နဲ့ မုန့်ရွှမ်းယွီ အကြောင်းကို ကူစုံစမ်းပေးပါဦး”
လင်းကျီသည် ထူးဆန်းနေသည်ဟု ခံစားနေခဲ့သည်။
“ သူတို့နှစ်ယောက်က မစ္စတာကျုံမိခင်ဘက်ကတော်တဲ့ ဦးလေးတွေပါ၊ သူတို့က မောင်နှမတွေမဟုတ်ဘူးလား”
“ ပြောရခက်တယ် ရှင် private စုံထောက်တစ်ယောက်ကိုငှားပြီး သူတို့ရဲ့ DNAကို သွားစစ်ဆေးလိုက်ပါ၊ သူတို့ရဲ့ဆက်ဆံရေးက မောင်နှမထက်ပိုတယ်လို့ သံသယဖြစ်နေလို့”
ဖုန်းပြောပြီးနောက်တွင် ယန်ရှီသည် စားသောက်ဆိုင်၏ ဝင်ပေါက်သို့ ပြန်လာခဲ့သည်။
ကျုံပါးပါးသည် ပြန်တော့မည်ဖြစ်သည်။
သူသည် နေ့လည်ခင်းတွင် မာကျောက်ကစားရန်အတွက် ကစားသမားသူငယ်ချင်းများနှင့် ချိန်းထားခဲ့ပြီးဖြစ်သည်။
ကျုံချင်းယွီသည်လည်း သူမ၏ nannyကားပေါ်သို့ တက်သွားတော့သည်။
မနက်ဖြန်တွင် “ Crazy Summer and Winter” ရုပ်ရှင်ကားသည် စ၍ ရိုက်ကူးတော့မသည်ဖြစ်၍ ကျုံချင်းယွီသည် ယနေ့တွင် အင်တာနက် အနုပညာကုမ္ပဏီသို့သွား၍ ဇာတ်ညွှန်းဖတ်ရမည်ဖြစ်သည်။
ယန်ရှီနှင့် ကျုံယန်စီသည် ရုံးအလုပ်လုပ်ကြသူများဖြစ်၍ နောက်ဆုံးတွင် ကုမ္ပဏီသို့ အလုပ်လုပ်ရန် ပြန်သွားကြရတော့သည်။
ယန်ရှီသည် Mercedes - Benz ကားထဲသို့ဝင်လာသောအခါ၌ drive ကျောင်းသည် ပြောလာခဲ့သည်။
“မစ္စ ယန် အတွင်းရေးမှူးလင်းက ဒီနေ့ နေ့လည်မှာ “ The Bottom Line” ဇာတ်ကားရိုက်မယ့်နေရာကို သွားရောက်စစ်ဆေးမယ်လို့ပြောပါတယ်၊ ဒါကြောင့် ကျွန်တော် မစ္စကို အရင်လိုက်ပို့ပေးပါ့မယ်”
ယန်ရှီသည် စိတ်မပါသလိုဖြင့် တုံ့ပြန်ခဲ့သည်။
ယန်ရှီသည် သူမ၏ဖုန်းထဲမှ သတင်းအသစ်တစ်ခုကို ကြည့်မိပြီး ထိုအရာသည် Mမိသားစု၏သခင်လေး မွေးနေ့ကို ယနေ့ညတွင် ကျင်းပမည်ဖြစ်ကြောင်းပင်ဖြစ်သည်။
သေးငယ်သည့် အလင်းလုံးလေးမှာ ထွက်လာခဲ့သည်။
[ Host ရေ ကျွန်တော့် မုန့်ယင်းရုန်နဲ့ မုန့်ရွှမ်းယွီတို့ကြားက ဆက်ဆံရေးကို သိလာပြီ]
“ နင်သိတာလား”
ယန်ရှိသည် အံ့ဩသွားခဲ့သည်။
[ မင်း လင်းကျီကို အဲအကြောင်းစုံစမ်းခိုင်းတဲ့အချိန်က ကျွန်တော် မုန့်ယင်းရုန်ဆီကိုသွားပြီး သတင်းကြီးကြီးတစ်ခု စုံစမ်းခဲ့တယ်]
“ ဘာသတင်းလဲ” ဟု ယန်ရှီမှ လျင်မြန်စွာ မေးလာခဲ့သည်။
[ မုန့်ယင်းရုန်မှာ အချစ်ဦးရှိခဲ့တယ်၊ မုန့်ရွှမ်းယွီက သူ့ရဲ့အချစ်ဦးနဲ့ရတဲ့သားပဲ သူ့ရဲ့အချစ်ဦးသေသွားတော့ မုန့်ဟွေ့ကူ က မုန့်ယင်းရုန်ကို ကျုံမိသားစုနဲ့ လက်ထပ်ဖို့ အတင်းဖိအားပေးခဲ့တယ်၊ ဒါပေမယ့် ကျုံပါးပါးက မုဆိုးမနဲ့သားတစ်ယောက်ကို လက်မခံမှာစိုးရိမ်လို့ မုန့်ရွှမ်းယွီကို မုန့်ဟွေ့ကူရဲ့ သားလို့လိမ်ထားခဲ့တာ]
[ မုန့်ယင်းရုန်က အခုထိ သူ့အချစ်ဦးကို မမေ့သေးဘူး၊ ကျွန်တော် ဒီသတင်းကို သူ့ရဲ့ အုတ်ဂူနားကနေ ရခဲ့တာ]
ယန်ရှီသည် သူမ၏ မျက်လုံးများကို ပိတ်လိုက်သည်။
သူမသည် ယခုတွင် အကုန်လုံးကို နားလည်သွားခဲ့၏။
တစ်ယောက်သည် အချစ်ဦး၏ ကလေးဖြစ်ပြီး နောက်တစ်ယောက်သည် စီးပွားရေးပူးပေါင်းမှုနှင့်ချိတ်ဆက်ထားသူပင်ဖြစ်သည်။
ဒါကြောင့်ပင် မုန့်ယင်းရုန်သည် မုန့်ရွှမ်းယွီကို ဘက်လိုက်ခဲ့ခြင်းဖြစ်သည်။
သူမသည် ကျုံယန်စီ မွေးလာမည်ဟု မထင်ထားခဲ့ပေ။သူမသည် စီးပွားရေးပူးပေါင်းလုပ်ဆောင်မှုအတွက် တာဝန်တွေကို ဖြည့်ဆည်းပေးခဲ့ရသည့် စက်ရုပ်လိုပင်ဖြစ်ပြီး ကျုံစီးပွားရေးလုပ်ငန်း၏ အကူအညီနှင့် အရင်းအနှီးများကို ပို၍ရရှိရန် မျှော်လင့်နေခြင်းဖြစ်စည်။
ကျုံယန်စီအား ကျုံပါးပါးကြောင့် မုန်းလိမ့်မည်ဖြစ်သည်။
လူအများအရှေ့တွင် မုန့်ရွှမ်းယွီနှင့် သူမ၏ ဆက်ဆံရေးကို ဖော်ထုတ်ပြသ၍ မရသောကြောင့် မောင်နှမတွေအဖြစ်သာ ဟန်ဆောင်နေခဲ့ရသည်။
သူမ၏ ရင်ဘတ်ထဲမှ ခံစားနေရသည့်အရာများသည် ပို၍ပင် လေးလံလာခဲ့သည်။
အရှေ့လမ်းမပေါ်တွင် ရှိသော လင်းနေသည့် မီးနီသည် အစိမ်းရောင်သို့ ပြောင်းတော့မည်ဖြစ်သည်။ ယန်ရှီသည် အံကြိတ်လိုက်သည်။
“ ဦးလေးကျောင်း ပြန်လှည့်လိုက်”
Driverသည် မှင်သက်သွားခဲ့သည်။
“ မစ္စယန် ကျွန်တော်တို့ ဘယ်သွားကြမှာလဲ”
ဆယ်မိနစ်ကြာသောအခါ….
Mercedes - Benzကားသည် Rolls - Royceကားရှေ့သို့ ရပ်၍ ရုတ်တရက် ဘရိတ်အုပ်လိုက်သည်။
ဦးလေးကျောင်း၏ ဆံပင်များပင် ထောင်သွားခဲ့သည်။
ဘုရားရေ!
အကယ်၍ ကား မတော်တဆဖြစ်ခဲ့ပါလျှင် သူမည်သို့ ပေးလျော်နိုင်မည်နည်း။ သူဌေးအသစ်အတွက် ပထမဆုံးအလုပ်လုပ်ရတာသည် ထိုမျှတောင် စိတ်လှုပ်ရှားရန် ကောင်းပါသလား။
ယန်ရှီသည် ကားထဲမှ လျင်မြန်စွာပင်ထွက်လာ၍ Rolls - Royceကားဆီသို့ လျှောက်သွားခဲ့သည်။
“ ကျုံယန်စီ ထွက်လာခဲ့”
ကျုံယန်စီသည် မျက်မှောင်ကြုတ်လိုက်သည်။
သူ၏ကားကို ပိတ်ဆို့လိုက်သူသည် ယန်ရှီဖြစ်မည်ဟု မထင်ထားခဲ့ပေ။
သူသည် ကားထဲမှ ထွက်လာခဲ့ပြီး driverကို သူ့အားစောင့်နေရန် အချက်ပြလိုက်သည်။
သူ မတုံ့ပြန်ခင်ပင် ယန်ရှီသည် ကျုံယန်စီ၏ လက်ကောက်ဝတ်ကိုဆွဲကာ ရှေ့သို့လျှောက်လာခဲ့သည်။
ကျုံယန်စီသည် ပထမဆုံး သိလိုက်ရသည့်အကြောင်းမှာ ယန်ရှီသည် ခန္ဓာကိုယ်အရွယ်အစားသေး၍ လက်မောင်းများမှာ အတော်ပင် သွယ်လျနေသော်လည်း သူ့အားမှာ အလွန်ပင် သန်မာကြောင်းပင်ဖြစ်သည်။
ဘယ်သူမှမရှိသည့်ထောင့်တစ်ခုတွင် ယန်ရှီသည် ကျုံယန်စီအား နံရံဘက်သို့ ရုတ်တရက်တွန်းလိုက်သည်။
“ ရှင့်ရဲ့ ကျန်းမာရေး စစ်ဆေးမှုရလဒ်ကို ကျွန်မကို ပြ”
ကျုံယန်စီသည် ရပ်တန့်သွားခဲ့ပြီး သူ၏မျက်လုံးများမှာ နက်မှောင်လာခဲ့သည်။
“ ယန်ရှီ ကိုယ်တို့က ဘာဆက်ဆံရေးမလို့လဲ၊ မင်းကအရမ်းစွက်ဖက်လွန်းနေပြီ”
“ ကျုံယန်စီ ရိုးရိုးဖျားတာလောက်က အသေးအမွှားပြသာနာပဲ”
“ ကင်ဆာဆိုရင်တော့ အဲထက်ပိုဆိုးတယ်” ဟု ယန်ရှီမှ တစ်လုံးချင်းစီ ပြောလာခဲ့သည်။
ကျုံယန်စီသည် ရုတ်တရက်ပင် မျက်မှောင်ကြုတ်လိုက်သည်။
ယန်ရှီသည် အဘယ့်ကြောင့် ထိုအကြောင်းကို သိနေရသည်ကို သူနားမလည်ခဲ့ချေ။
ယန်ရှီသည် ထေ့ငေါ့၍ ပြောလိုက်သည်။
“ ဒါကို ရှင်က တစ်သက်လုံး လျှို့ဝှက်ထားချင်တာလား၊ ရှင့်ရဲ့ ရောဂါ ပိုပြီးဆိုးလာတဲ့အချိန်ထိလား၊ ဒါမှမဟုတ်ဘူး ရှင်မသေခင်ထိလား”
ကျုံယန်စီ၏ လည်စေ့မှာ လှုပ်ရှားနေခဲ့သည်။
ယန်ရှီ၏ မျက်လုံးများထဲတွင် စိတ်ပိုင်းဖြတ်ပြီးသားဖြစ်ပြီး သူမ၏ အကြည့်ထဲ၌ အလျှော့မပေးကာ တင်းမားနေသည့်ပုံစံဖြစ်နေခဲ့သည်။
သူမသည် ဒေါသထွက်နေပုံပေါ်သည်။
သူမ၏လှပသည့် မျက်ခုံးမွေးများမှာ ယခုတွင် မျက်မှောင်ကြုတ်ထားခဲ့ပြီး သူမ၏ အသံအနေအထားသည်လား ထိတ်လန့်ဖွယ်ဖြစ်စရာပင် အေးစက်နေခဲ့သည်။
အချိန်အတော်ကြာ တင်းမားနေခဲ့ပြီးနောက် ကျုံယန်စီသည် အနည်းငယ် အလျှော့ပေးလိုက်ပြီး သူ၏အသံအနေအထားမှာ နူးညံ့သွားခဲ့သည်။
“ ဒါက အစောပိုင်းအဆင့်ပဲရှိသေးတာပါ၊ သိပ်ပြီး အရေးမကြီးဘူး”
“ ဒါက အရေးမကြီးဘူးဆိုတာ ဘာကိုဆိုလိုတာလဲ၊ ရှင် ကျွန်မကို ဘာမှ မရှာဖွေထားဘူးလို့ထင်နေတာလား၊ တကယ်လို့ရောဂါအခြေအနေအရမ်းဆိုးလာခဲ့ရင် လအနည်းငယ်နဲ့ သေသွားနိုင်တယ်”
ယန်ရှီ၏ အသံသည် တုန်ရီနေခဲ့ပြီး ထိုတုန်ရီနေသည့်အရာကို သူတစ်ယောက်ထဲသာ ကြားနိုင်လေသည်။
ကျုံယန်စီသည် သူ၏ရောဂါကို သိရှိပြီးသောကြောင့် သေချာပေါက် ခွဲစိတ်ရန် အချိန်ယူ၍ ရှာမည်ဟု ယန်ရှီမှ ထင်ခဲ့သည်။
သို့သော် မုန့်ယင်းရုန်နှင့် မုန့်ရွှမ်းယွီတို့ကြားမှ ဆက်ဆံရေးကို သိရှိပြီးနောက် ယန်ရှီသည် ထိုရောဂါအကြောင်း မသိချင်ယောင်ဆောင်နေရသည်မှာ သူမအတွက် ခက်ခဲသွားခဲ့သည်။
ယန်ရှီသည် ကျုံယန်စီ၏ သေဆုံးမှုကြောင့် မည်သို့ပင် ခါးခါးသီးသီးကြေကွဲစွာငိုနေခဲ့သည်ကို အမြဲ သတိရနေခဲ့သည်။
ကျုံပါးပါးသည် သူ၏အသက်မှာ ၅၀ကျော်ပင်ရှိသေး၍ ကျန်းမာသန်စွမ်းနေသော်လည်း ထိုသတင်းကို ကြားလိုက်ရသည်အခါတွင် သူသည် လေဖြတ်ကာ အိပ်ယာထဲမှ မထနိုင်ဖြစ်ခဲ့သည်ကို ယန်ရှီမှ မှတ်မိနေခဲ့သည်။
လူများသည် ကျူံမိသားစုဝင်များ၏ ခံစားချက်မှာ အေးစက်၍ သူတို့၏ စိတ်ထဲတွင် အကျိူးအမြတ်များနှင့် ပဋိပက္ခများသာ ဖြစ်နေကြသည်ဟု ပြောကြသော်လည်း ယန်ရှီသည် ထိုသို့မဟုတ်သည်ကို သိနေခဲ့သည်။
ယန်ရှီ၏ မျက်လုံးများသည် နီရဲလာခဲ့ပြီး သူမ၏ နှာခေါင်းသည်လည်း ချဉ်စူးကာ နာလာခဲ့သည်။
သူမသည် ခေါင်းကို တမင်သက်သက်လွှဲလိုက်ပြီး သူမ၏မျက်လုံးထဲမှာ မျက်ရည်များကို ထိန်းထားလိုက်သည် ထို့နောက် ပြန်လှည့်လာ၍ ကျုံယန်စီအား လေးနက်စွာဖြင့် စိုက်ကြည့်လိုက်သည်။
“ ကျုံယန်စီ ရှင်က တစ်ယောက်တည်းမဟုတ်ပါဘူး၊ ဒီလိုမျိုးကိစ္စတွေကို ရှင့်ရဲ့မိသားစုတွေကိုပြောရမှာ တကယ်လို့ သူတို့နောက်ကျမှသိခဲ့ရင် ပိုပြီးဝမ်းနည်းကြလိမ့်မယ်”
“ မင်းရော”
ကျုံယန်စီသည် ယန်ရှီကို စိုက်ကြည့်ခဲ့သည်။
“ ဝမ်းနည်းမှာလား”
ယန်ရှီသည် တုံ့ဆိုင်းမနေခဲ့ပေ။
“ သေချာပေါက် ဝမ်းနည်းမှာပေါ့”
ထိုသို့ မတို့မဆိုင်း၍ ဖြေလာခြင်းကြောင့် ကျုံယန်စီ၏ နှလုံးသားမှာ အပြည့်အဝ နူးညံ့လာခဲ့သည်။
ယန်ရှီသည် ယခင်က မည်သည့်အကြောင်းများပြောခဲ့ခြင်းဖြစ်စေ ယခုတွင် အရေးမကြီးတော့ပေ။ သူမသည် သူ့ကို ကြိုက်ကြိုက် မကြိုက်ကြိုက်သည်လည်း အရေးမပါခဲ့တော့ပေ။
ယခုအချိန်တွင် သူသည် ထိုအရာတစ်ခုကိုသာတွေးမိခဲ့သည်။
ရုတ်တရက်အပင် သူသည် ယန်ရှီ၏ လက်မောင်းကိုဆွဲကာ ရင်ခွင်ထဲထည့်လိုက်လေသည်။
ဒါပေမယ့် ကိုယ် မင်းကို ဝမ်းနည်းအောင် မလုပ်ရက်ဘူး။