← Chapters

Chapter 92

Vol. 10 Ch. 92

Chapter 92

Vol. 10 Ch. 92

ယန်ရှီသည် ကျုံယန်စီ၏ လက်မောင်းပေါ်မှ ဒဏ်ရာအား ဂရုတစိုက်စစ်ဆေးရန် ရှေ့သို့တိုးသွားလိုက်သည်။ကံကောင်းစွာဖြင့် ၎င်းသည် အပေါ်ယံဒဏ်ရာသာဖြစ်ပြီး စိုးရိမ်ဖွယ်မရှိချေ။

သူမသည် စိတ်သက်သာသွားသဖြင့် သက်ပြင်းချလိုက်သည်။

သို့သော် အသားချင်းထိလိုက်သည့်နှင့် သူတို့၏ကြားထဲတွင် သေးငယ်သောလျှပ်စစ်စီးကြောင်းများသည် ကူးစက်လာသည်။ ကျုံယန်စီ၏ အမူအရာသည် ရုတ်ခြည်း မှောင်မဲသွားပြီး သူ၏လက်ချောင်းများသည် ရေချိုးဇလားအား တင်းကြပ်စွာကိုင်ထားပြီး လက်ခုံပေါ်၌ သွေးကြောများ ထောင်ထနေသည်။

ယန်ရှီသည် သူ၏နားရွက်များရဲနေပြီး မျက်လုံးထဲ၌ လိုအင်ဆန္ဒအရိပ်အယောင်များ ဖြတ်ပြေးသွားသည်ကို သတိမပြုမိလိုက်ချေ။

လက်ထောက်ဆွန်းသည် ရှေးဦးစွာ ပြောသည်

“ဉက္ကဌယန်၊ ဉက္ကဌကျုံကို ဂရုစိုက်ပေးပါဦး ဆရာဝန်လာနေပြီ ၊ကျွန်တော်သူ့ကို တံခါးဝမှ သွားစောင့်လိုက်ဦးမယ်”

တစ်ဖက်တွင် စုန့်ကျစ်လယ် သည် ချူယန်အား တားမြစ်ထားသည်။

“ငါ…ငါဒီမိန်းမကို လုံခြုံရေးလက်အပ်မယ်”

ထိုနှစ်ယောက်သည် ချူယန်နှင့်အတူထွက်သွားပြီး ယန်ရှီနှင့်ကျုံယန်စီတို့ကို ဤအခြေအနေဖြင့် ထားခဲ့လေသည်။

ထိုသို့ဖြစ်နေသူတစ်ဦးအား သူမ ပထမဆုံး ကြုံတွေ့ဖူးခြင်းဖြစ်သည်။ သူမတွင် အတွေ့အကြုံမရှိချေ။

System သည် ဝင်ပြောသည်

[Host မင်းရဲ့ ကောကော ဒီလိုဆိုကြာကြာခံတော့မှာမဟုတ်ဘူး၊ သူဆက်ကိုင်ထားရင် အားပြတ်သွားလိမ့်မယ်]

ယန်ရှီ:!!!

သူမသည် တံထွေးကို အတင်းမြိုချလိုက်ပြီး သူမ၏အမူအရာသည် မသက်မသာဖြစ်နေသည်။

“ဆရာဝန်ကအခုထိ မရောက်သေးဘူးလား”

[မရောက်သေးဘူး၊ Sheraton ဟော်တယ်က ယဉ်ယဉ်‌ကျေးကျေးပြောရရင် အဆင့်မြင့်နည်းပညာ အထဲမှာရှိပေမဲ့ တကယ်တော့ ဆင်ခြေဖုံးရပ်ကွက်မှာရှိနေတာ၊ လိုအပ်တဲ့ပစ္စည်းတွေ ဒီမှာမရှိဘူး၊ လက်ထောက်ဆွန်းက အနီးဆုံးမှာရှိနေတဲ့ဆရာဝန်ကို ဆက်သွယ်‌ထားပေမဲ့ အခုက ရုံးတက်ရုံးဆင်းချိန်လေ၊ ဒီကိုလာဖို့ အချိန်နည်းနည်းကြာလိမ့်မယ်]

ယန်ရှီ: “...”

သူမ၏ခေါင်းထဲ၌ အမဲရောင်အစဉ်းကြောင်းများပေါ်လာသည်။

“နေပါဦး ဒါက ဟို…စိတ်ကြွဆေးမဟုတ်ဘူးလား၊ ဒါက မမေ့နိုင်တဲ့ဒရမ်မာကားထဲက အချစ်အဆိပ်ဇာတ်ဝင်ခန်းလိုမဟုတ်ဘူးလား၊ သူ့ဘာသာသူမဖြေရှင်းနိုင်ဘူးလား”

system: [???]

ခဏကြာစဉ်းစားပြီးသည့်နောက်တွင် သေးငယ်သည့်အလင်းလုံးလေးသည် ပြန်ပြောလာသည်။

[တကယ်တော့ မင်းပြောတာမှန်တယ်]

ဤသို့ဖြင့် ယန်ရှီသည် System နှင့်လက်ထောက်ဆွန်းသည် အဘယ်ကြောင့်ထိုကိစ္စအားရေးကြီးခွင်ကျယ်လုပ်နေသည်ကို နားမလည်ချေ။အကယ်၍ ဆရာဝန်သာရောက်မလာလျှင် ဘာဖြစ်မည်နည်း။ ကျုံယန်စီသည် ဆယ်ကျော်သက်တစ်ယောက်မဟုတ်ချေ။ သူသည် ၎င်းကိုယခင်က လုပ်‌ဖူးပေလိမ့်မည်။ သူ့ဘာသာဖြေရှင်းနိုင်လောက်မည်မဟုတ်ပေလော။

System သည် သက်ပြင်းချလိုက်သည်။

[Host မင်းကအရံဇာတ်ကောင်ဖြစ်နေတာ အံ့ဩစရာမရှိတော့ပါဘူး]

“ဟေး၊လူကို ဘာလို့ရုတ်တရတ်ကြီး လာ‌စော်ကားနေတာလား”

[မင်းပြောတာမမှားပါဘူး ချူယန်က သူ့ကိုဆေးခတ်ခဲ့တာမှန်တယ်၊ ဒါပေမဲ့ ဒါကဝတ္ထုကမ္ဘာလေ၊ ဒီလိုအခန်းမျိုးက ဆက်ဆံရေးကိုပိုပြီးလေးနက်စေအောင်တို့၊ ဇာတ်လမ်းကို ရှေ့ဆက်ဖို့ စတဲ့အခါမျိူးမှာ ရှိတက်တယ်၊ ဘာလို့အမျိုးသားဇာတ်ဆောင်က သူ့ဘာသာဖြေရှင်းရမှာလဲ]

[မင်းရဲ့အတွေးအရ ရှစ်ဆယ်ရာခိုင်နှုန်းသော ဝတ္ထုတွေမှာ တစ်ညတာအမှောင်ဇာတ်ဝင်ခန်းကတော့ ပါမှာပဲလေ၊ အဲလိုဟာတွေအများစုမှာ အမျိုးသားဇာတ်ဆောင်က ဆေးမိပြီး အမျိုးးသမီးဇာတ်ဆောင်နဲ့ဆက်ဆံမယ် ပြီးတော့ ဘန်းခနဲ ကိုယ်ဝန်တန်းရသွားမျိုး၊ တကယ်လို့ အမျိူးသားဇာတ်ဆောင်တွေသာ မင်းလိုတွေးရပြီး သူတို့ဘာသာ ဖြေရှင်းကြေးဆို ‘ဟိုဟာ’က ဘာလုပ်ဖို့ထားရမှာလဲ]

ညစ်ညမ်းသောအတွေးများသည် ယန်ရှီ၏စိတ်ထဲသို့ ဝင်ရောက်လာသည်။

“ဒါပေမဲ့ ငါပြောတာလည်း မမှားဘူး မလား”

[တကယ့်တမ်းပြောရရင် ဟုတ်တယ် မမှားဘူး]

system သည် မျက်တောင်ခတ်လိုက်သည်။

[ဝတ္ထုကမ္ဘာထဲမှာ တစ်ချို့လူသုံးများတဲ့ကိစ္စတွေမပါဘူး၊ တကယ်လို့ ဇာတ်ကောင်က ဆေးမိနေရင် ဆေးရုံမသွားမဲ့အစား သူတို့ရဲ့လိင်မတူတဲ့သူနဲ့ ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုနဲ့ပဲ သာယာမှုယူပြီး ဖြေရှင်းကြတာ၊ အဲနှစ်ခုက ပြောင်းလို့မရဘူး]

System သည် “လိင်ဆက်ဆံလိုက်”ဟူသည့်စကားကို ယန်ရှီအား တည့်တိုးပြောနေသည်ဟု ခံစားရသည်။

ကောင်းလိုက်တာ။ ရိုးရှင်းတဲ့ အပြာရောင်ဆေးတောင့်နဲ့ ဝတ္ထုကမ္ဘာက မမေ့နိုင်တဲ့ဒရမ်မာရဲ့အချစ်ဇာတ်ဝင်ခန်းလို ဖြစ်စေချင်နေတာလား။

ဆေး‌ပြယ်သွားစေရန် ပြုလုပ်ရခြင်းမှာ အလွန်ခက်ခဲသောကြောင့် ယန်ရှီသည် ယခုတွင် ပိုကောင်းသည့်နည်းလမ်းအား မစဉ်းစားနိုင်သေးချေ။သူမသည် လက်ထောက်ဆွန်းထားပေးခဲ့သည့် ဆေးသေတ္တာအား မွှေနှောက်ရှာဖွေလိုက်ပြီး ရေချိုးဇလားထံသို့သွား၍ ကျုံယန်စီ၏ဒဏ်ရာကို ဆေးထည့်ပေးနေသည်။

ကျုံယန်စီ၏သတိသည် အပြည့်အဝပြန်မရသေးပဲ ဆေးသည် သူ၏အာရုံကို ဖုံးလွှမ်းထားသည်။ ယန်ရှီရှေ့တိုးသည်နှင့် သူသည် ရှေ့ကပြောခဲ့သည်များကို ကလေးသဖွယ် ထပ်၍ပြောပြန်သည်။

“ရှီအာ၊ကိုယ်သူ့ကိုမထိခဲ့ပါဘူး၊ သူအနားကိုတိုးလာတော့ ကိုယ်မင်းမဟုတ်တာ သိလိုက်တယ်”

“ကျွန်မသိတယ် ငြိမ်ငြိမ်နေ၊ အနာကိုဆေးထည့်ပေးမလို့”

မှန်ကွဲစများသည် ကျုံယန်စီ၏လက်မောင်းထဲသို့ စူးဝင်နေပြီး ထိုနာကျင်မှုသည် ဆေးအရှိန်အား ပို၍ပြင်းထန်စေသည်။ ယန်ရှီသည် ထိုဖန်ကွဲစများအား ဇာဂနာဖြင့်ဂရုတစိုက်ဖယ်ရှားပေးစဉ်တွင် သူမ၏အသည်းနှလုံးများ နာကျင်ရလေသည်။

ကျုံယန်စီသည် နာကျင်မှုအား မခံစားမိသည့်ပုံဖြစ်နေပြီး သူ၏အသက်ရှုသံများသည် ပို၍ပြင်းထန်လာသည်။

ထိုဒဏ်ရာများနှင့်ယှဉ်လျှင် ယန်ရှီသည် ပို၍အဆိပ်ပြင်းလေသည်။ သူမ၏လက်ချောင်းလေးများနှင့် မတော်တဆထိမိသည့်အချိန်တိုင်း သူ၏ထိန်းချုပ်နိုင်စွမ်းသည် အဝေးသို့လွှင့်စင်သွားသည်။

ကျုံယန်စီ၏စိုရွဲနေသော ဆံပင်များမှ ရေစက်များကျဆင်းလာသည်။ အေးစက်မှုသည် သူ၏ရင်ထဲရှိအပူမီးအား ဆက်၍မငြိမ်သက်နိုင်တော့ချေ။ ထိန်းချုပ်ထားသည့် စိတ်များသည် နောက်ဆုံးတွင် လွတ်ထွက်သွားလေသည်။

သူ၏ဒဏ်ရာရနေသောလက်ဖြင့် ကျုံယန်စီသည် ယန်ရှီ၏ခေါင်းကို ထိန်းကိုင်၍ ပြင်းထန်စွာနမ်းလိုက်သည်။

ယန်ရှီ:!!!

သူမသည် သူ၏ဒဏ်ရာအား ဆေးထည့်၍ပင် မပြီးသေးချေ။

System သည် “ဘလက်ဘောက်”ထဲ၌ ထပ်မံပိတ်ဆို့ခံရပြီး ယန်ရှီ၏ စိတ်တဲမှအော်သံအား မကြားရတော့ပေ။

ကျုံယန်စီသည် သူမအား ပြင်းထန်စွာနမ်းရှိုက်‌နေပြီး သူ၏ရင်တွင်းခံစားချက်များသည် ချက်ချင်း ထွက်ပေါ်လာသည်။ သူ၏လျှာသည် သူမ၏လျှာနှင့် ရစ်ပတ်ရောထွေး၍ ကျူးကျော်ဝင်ရောက်လာခဲ့ပြီး သူမ၏ အာရုံများကို လျင်မြန်စွာ ဖမ်းယူ၍ မဆုတ်မနစ် တိုးဝင်လာခဲ့သည်။

အိုင်အိုဒင်းနှင့် ဂွမ်းစများသည် ပြုတ်ကျသွားသည်။ ရွှေ‌ရောင်အိုင်အိုဒင်းအရည်သည် ရေထဲတွင် မီးရှူးမီးပန်းများကဲ့သို့ ပျံ့နှံ့သွားသည်။

ယန်ရှီ၏စိတ်ထဲတွင် အလင်းတန်းများသည် တဖျပ်ဖျပ်လင်းလိုက် ပျောက်ကွယ်လိုက်ဖြစ်နေသည်။

သူမသည် နောက်ပြန်ဆုတ်ရန် ကြိုးစားသော်လည်း ကျုံယန်စီ၏ ကျယ်ပြန့်သောလက်သည် သူမကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။ မလွတ်မြောက်နိုင်ခဲ့ချေ။

ပြင်းပြသောအနမ်းသည် နမ်းရုံမျှသာမဟုတ်ပေ။ အလိုဆန္ဒ၊ ဂနာမငြိမ်ခြင်း၊ တွန့်ဆုတ်ခြင်းများ အပြင် ချုပ်နှောင်မှုနှင့် ချစ်ခြင်းမေတ္တာတို့ကိုပါ သယ်ဆောင်လာသည်။

အနမ်းများ နက်ရှိုင်းလာသည့်အခါ သူမ၏ရင်ထဲတွင် ထိတ်လန့်လာသည်။

ကျုံယန်စီသည် မထူးခြားနားစွာ ဆက်လက်နမ်းရှိုက်နေသေးသည်။ အနမ်းက သူ၏အတွင်းမီးကို သက်သာစေနိုင်မည်ဟု ထင်ခဲ့သော်လည်း မီးတောက်ကိုသာ ပို၍ စွဲစေခဲ့သည်။

သူသည် ယန်ရှီ၏နူးညံ့သောနှုတ်ခမ်းများ၊ သူမ၏သေးသွယ်သော နှာခေါင်းနှင့် ရှည်လျားသောမျက်တောင်များကိုနမ်းသည်။ သူမ၏‌နေရာတိုင်းကို သူ၏အပိုင်အဖြစ် အမှတ်အသားပြုရန် သူမကို ပို၍တောင်းဆိုချင်ခဲ့သည်။ သို့သော် သူ့ကိုယ်သူ တွန်းအားမပေးနိုင်ချေ။

ဖြစ်နိုင်သည်မှာ သူသည် သူမ ငြင်းဆိုမည်ကို ကြောက်ရွံ့နေဟန်တူသည်။

သူသည် ထိုနေရာ၌ ရှေးရိုးဆန်သည်ကို ကျုံယန်စီသိသည်။ သူသည် ယန်ရှီကိုလိုချင်သော်လည်း အကယ်၍ ယန်ရှီလည်းလိုချင်မှသာ ဖြစ်ပေလိမ့်မည်။ သူ၏ ချစ်သူဆို၍ အတင်းအကြပ်မပြုလုပ်ချင်ပေ။

လိင်ဆက်ဆံခြင်းသည် တာဝန်တစ်ခုမဟုတ်ချေ။ အကယ်၍ အချစ်သာမပါလျှင် ထိုစည်းအား မကျော်လွန်သင့်ချေ။

ထို့ကြောင့် ဆက်ဆံမှုအားလုံးသည် အနမ်း၌ပင် ရပ်တန့်သွားသည်။ ကျုံယန်စီသည် ရှေ့ဆက်မတိုးခဲ့ပေ။ ကျန်ရှိနေသည့် အသိစိတ်အနည်းငယ်ဖြင့် သူ့ကိုယ်သူထိန်းလိုက်ပြီး အနမ်းဖြင့်သာကျေနပ်လိုက်သည်။

ယန်ရှီသည် ကျုံယန်စီ၏ လေးလံ၍ အသက်ရှုသံပြင်းထန်သော အလွန်ရမ္မက်သွေးထန်နေသည့်အသံကို ကြားနေရသည်။

သူမသည် အောက်သို့ငုံ့မကြည့်ရဲပေ။

အသံကြားရုံနှင့် သူမသည် ကျုံယန်စီလုပ်နေသည့်အရာကို သိသည်။

သူသည် သူ့ကိုယ်သူဖြေလျော့နေခြင်း ဖြစ်သည်။

လက်တစ်ဖက်သည် သူ၏ နိုးကြားမှုကို ဖြေလျော့နေပြီး ကျန်တစ်ဖက်ကို ယန်ရှီ၏ လက်ချောင်းများနှင့် ယှက်၍ကိုင်သည်။ သူ၏အသက်ရှုသံသည် ကြမ်းတမ်း၍ အသံသည် တင်းမာနေသည်။သူ၏ နှုတ်ခမ်းမှ မသဲကွဲသော၊ မသေချာမရေရာသော အသက်ရှုသံများသာ ထွက်ပေါ်နေသည်။

နက်ရှိုင်းသောထိတွေ့မှု ၊ရုပ်ပိုင်းဆိုင်ရာသာယာမှု နှစ်ခုစလုံးကို တပြိုင်နက်ခံစားနေရသည်။

ယန်ရှီသည် ကြောင်အ,သွားသည်။၎င်းသည် နောက်ဆုံးကယ်ပေါက်ကို အသုံးချနေသည်လော။

သို့သော် ၎င်းသည် အနမ်းတစ်ခုပင်ဖြစ်သည်။ သူတို့သည် ယခင်ကနမ်းဖူးသည်၊အဘယ့်ကြောင့်ယခုတွင် မတူညီရသနည်း။

သူမ၏ခေါင်းထဲတွင် တစစ်စစ်ခံစားနေရသောအာရုံများ ပျံ့နှံ့သွားပြီး သူမ၏ခန္ဓာကိုယ်သည် သူမ နားမလည်သည့်ပုံစံဖြင့် တုံ့ပြန်နေသည်။

......

၎င်းသည် ယန်ရှီထင်ခဲ့သည်ထက် ပို၍ကြာမြင့်ခဲ့သည်။

နောက်တွင်ကျုံယန်စီသည် ရေချိုးဇလားပေါ်တွင်ထိုင်နေပြီး သူ၏အင်္ကျီသည်လုံးဝစိုရွဲနေသည်။သူ၏ အဖြူရောင်ရှပ်အင်္ကျီသည် ကြွက်သားပေါ်၌ ရေများဖြင့် ကပ်နေသည်။

သူသည် ယန်ရှီကို ပေါင်ပေါ်သို့တင်လိုက်သည်။

နူးညံ့စွာဖြင့် သူမသည်မသဲမကွဲပြောသည်။

“တကယ်တော့ ကျွန်မ မငြင်းလိုက်သင့်ဘူး”

ချစ်သူစုံတွဲများအတွက် လိင်ဆက်ဆံခြင်းသည် သာမာန်အရာတစ်ခုဖြစ်သည်။သူတို့သည် ဘာသာရေးလိုက်စားသူ မဟုတ်သည့်အတွက်ကြောင့် ယန်ရှီသည်၎င်းအား ငြင်းဆန်မည်မဟုတ်ချေ။

(T/N ဘာသာရေးကြောင့် အိမ်ထောင်မပြုပဲနေသူ)

သူမ၏ပထမဆုံးအကြိမ်ဖြစ်သောကြောင့် ထိတ်လန့်မိခြင်းသာဖြစ်သည်။

ကျုံယန်စီသည် သူမ၏နားရွက်အောက်ဖျားလေးများကို ဆော့ကစားနေသည်။

“ကိုယ်မင်းကို အတင်းတွန်းအားမပေးချင်ပါဘူး၊ မင်းက ကိုယ့်ချစ်သူဖြစ်ရုံနဲ့ပဲ ဒီကိစ္စအထိ လိုက်လျောပေးစရာမလိုပါဘူး”

ယန်ရှီသည် ရပ်တန့်သွားသည်။

“အဲဒါက တွန်းအားပေးတာမဟုတ်ပါဘူး”

ရယ်ချင်စိတ်နှင့် ခါးသက်မှုများသည် ကျုံယန်စီ၏မျက်လုံးထဲ၌ ဖြတ်‌ပြေးသွားသည်။

“ဒါဆို မင်းရဲ့စီနီယာကရော”

ယန်ရှီသည် မျက်တောင်ခတ်လိုက်သည်။

“ကျွန်မစီနီယာ၊ဘယ်သူလဲ ၊စုန့်ကျစ်လယ်လား”

ယန်ရှီသည် ထိုနာမည်အားပြောသည်နှင့် ကျုံယန်စီ၏အကြည့်များသည် ချက်ချင်းပင်မှောင်မဲသွားသည်။သူမ၏ခါးအားဖက်တွယ်ထားသော လက်များပင် တင်းကြပ်လာသည်။

သူသည် ပြန်‌မဖြေတော့ပေ။ထို့အစား သူသည် သူမ၏ခေါင်းကို နောက်သို့စောင်းစေ၍ ထပ်‌မံနမ်းရှိုက်သည်။နူးညံ့သော်လည်း လွှမ်းမိုးမှု၊ပိုင်ဆိုင်လိုမှုနှင့် ဒေါသတရားများသည် ယန်ရှီအား အသက်ရှုကြပ်စေသည်။

ပင့်သက်ရှိုက်လိုက်ပြီးနောက် ယန်ရှီသည် သူ့အားတွန်းဖယ်လိုက်သည်။

သူမသည်ရှုပ်ထွေးသည့်ပုံစံဖြင့် မေးလိုက်သည်။

“ဒါက စုန့်ကျစ်လယ်နဲ့ ဘာဆိုင်လို့လဲ”

ကျုံယန်စီ၏မျက်လုံးများသည် ပို၍မဲမှောင်လာသည်

“မင်းသူ့ကိုမေ့လို့မရသေးဘူး၊ ဟုတ်တယ်မဟုတ်လား”

ယန်ရှီ:?

ဘယ်လိုတောင်အဓိပ္ပါယ်မရှိတာလဲ။သူမသည် အဘယ့်ကြောင့် စုန့်ကျစ်လယ်ကို ယခုထိ သတိရနေရမည်နည်း။ သူတို့၏ကြားထဲတွင် ဘာမျှရှိမနေချေ။

“ရှင် တစ်ခုခုအထင်‌လွဲနေတာလား”

ကျုံယန်စီ၏ပုံစံသည် စိတ်ထိခိုက်နေသကဲ့သို့ဖြစ်သည်။

“သူက မင်းရဲ့အချစ်ဦးမဟုတ်လား၊ သူက မင်းကိုတောင်မှ ဖွင့်ပြောခဲ့သေးတယ်လေ၊ သူကပြောတယ် ကိုယ့်ကိုတရားဝင်မတွဲတာက မင်းကိုယ့်ကိုမချစ်လို့တဲ့”

ယန်ရှီ:?????

သူမ၏ခေါင်းသည် အရှေ့သို့ပြန်လှည့်သွားသည်။

“ကျွန်မက စုန့်ကျစ်လယ်ကို ဘာလို့ခံစားချက်ရှိရမှာလဲ ပြီးတော့ ကျွန်မတို့အတူတူဘယ်တုန်းက ရှိဖူးလို့လဲ၊ သူက ချင်းယွီလိုပါပဲ”

ယန်ရှီသည် စက္ကန့်အတော်ကြာ ငြိမ်သက်သွားသည်။

သူ၏စိတ်ထဲတွင် ထိုအချိန်ခဏလေး၌ စုန့်ကျစ်လယ်နှင့်ပြောဖူးသည့် စကားများကို လျင်မြန်စွာ ပြန်တွေးနေမိသည်။

သေစမ်း!

ယန်ရှီသည် သတိပြုမိသွားပြီး စနောက်လိုက်သည်။

“ရှင်က စုန့်ကျစ်လယ်ကို ကျွန်မရဲ့အချစ်ဦးလို့ထင်နေတာလား၊ ရှင်သူ့ကို အရင်ကစိုက်ကြည့်နေတာ အံ့ဩစရာမလိုတော့ပါဘူး၊ ရှင်မနာလိုနေတာမလား”

ကျုံယန်စီ: “...”

သူသည် အသက်ပြင်းပြင်းရှုလိုက်သည်။

“သူမဟုတ်ရင် ဘယ်သူလဲ”

အကယ်၍ စုန့်ကျစ်လယ်မဟုတ်လျှင်တောင် ယန်ရှီ၏နှလုံးသားထဲတွင် တစ်စုံတစ်ယောက်ရှိနေမည်ကို ကျုံယန်စီသိသည်။ ငါးနှစ်ကျော်ကြာပြီးနောက် ယခုသူတို့အတူရှိနေစဉ်တောင် သူမသည်ထိုလူကို လက်မလွှတ်ခဲ့ချေ။ သူမသည် အရက်မူးသည့်အချိန်တိုင်း သူ့ကိုကြိုက်သည့်အကြောင်းကို ယခုထိ တတွတ်တွတ်ပြောနေဆဲဖြစ်သည်။

သူမသည် ကျုံယန်စီအားရွေးချယ်ရသည့် တစ်ခုတည်း‌ သောအကြောင်းရင်းမှာ ထိုသူသည် သူမအားပြန်မချစ်သောကြောင့် ဖြစ်သည်။

ယန်ရှီသည် တိတ်ဆိတ်သွားသည်။ သူမသည် သူ့အား မည်သို့ရှင်းပြရမည်ကို မသိတော့ပေ။

သူမတုံ့ဆိုင်းနေသည်ကိုကြည့်၍ ကျုံယန်စီ၏မျက်လူံးများသည် စိတ်ပျက်မှုများဖြင့် မှေးမှိန်လာသည်။သူမသည် တစ်စုံတစ်ယောက်အားကြိုက်နေသည်ကို သိလျက်ပင် သူသည် သူမကို လက်မလွှတ်နိုင်ချေ။သူသည် သူမအား ပို၍တင်းတင်းကြပ်ကြပ်သာ ဖက်ထားချင်မိသည်။

“မေ့လိုက်ပါ ၊အဲဒါတွေက အတိတ်ကကိစ္စတွေပါ”

သူသည် သူမ၏နှုတ်ခမ်းကိုထပ်မံနမ်းပြန်သည်။သည်အချိန်တွင် သူမသည် သူ၏အထိအတွေ့အားလိုချင်နေသေးသလောဟု စမ်းသပ်နေသည့်အလား အနမ်းသည် နူးညံ့ညင်သာလှသည်။

သူ၏နှလုံးသားသည် စူးနစ်စွာ နာကျင်သွားသည်။

ယန်ရှီသည် သူ့အားပြန်နမ်းပြီး အသက်ရှုနေစဉ်အတွင်း သူမသည် ခပ်တိုးတိုးပြောသည်။

“အဲလူက ရှင်ပဲ၊ ကျုံယန်စီ”

သူသည် သူမ၏ဗလုံးဗထွေးစကားများကို နားမလည်ချေ။ထို့ကြောင့် သူမသည် ရှင်းလင်းခိုင်မာစွာ ထပ်၍ပြောသည်။

“ကျွန်မ ‘စီနီယာ’လို့ခေါ်တဲ့သူက ရှင်ပဲ”

“ရှင်ကကျွန်မရဲ့ အချစ်ဦးပဲ”

ကျုံယန်စီသည် တွေဝေသွားသည်။

ယန်ရှီသည် ဆက်၍ပြောသည်။

“ရှင်ပဲကျွန်မကို စတွေ့တုန်းက ‘စီနီယာ’လို့ခေါ်ခိုင်းခဲ့တာမဟုတ်ဘူးလား”

ပထမဆုံး…တွေ့ဆုံခြင်း။

သူ၏စိတ်သည် ဗလာဖြစ်သွားပြီး ရုတ်တရတ်ပျော်ရွင်မှုများဖြင့် လွှမ်းမိုးသွားကာ အတွေးနှင့် တုံ့ပြန်မှုများ နှေးကွေးသွားသည်။

လွန့်ခဲ့သည့်ငါးနှစ်မှ မှတ်ဉာဏ်များသည် ပြန်လည်ပေါ်ထင်လာပြီး ကျုံယန်စီသည် နောက်ဆုံး၌မှတ်မိသွားသည်။

ထိုစဉ်အခါက သူ၏ပါးပါးသည် သူ့အား လင်းမိသားစု၏ကိစ္စများကို တာဝန်ယူကိုင်တွယ်စေခဲ့သည်။

ထို့နေ့တွင် မိုးသည် မရပ်မနားရွာနေခဲ့သည်။

မုန့်မိသားစု၏အခြေအနေများဖြင့် စိတ်နောက်ကျိနေသောကြောင့် ကျုံယန်စီသည် စီးကရက်သောက်ရန်နှင့် ထိုနေရာ၌ယန်ရှီအား ရှာဖွေရန် လှေကားထစ်များအတိုင်း လျှောက်လမ်းလာခဲ့သည်။

ကောင်မလေးသည် သူရပ်နေသည့်အောက်ထပ်ရှိ လှေကားတွင် ရပ်နေခဲ့ပြီး အမှောင်‌ထဲတွင်ကွယ်နေ၍ သူအား သတိမပြုမိပဲ တိတ်‌ဆိတ်စွာ ငိုကြွေးနေသည်။

ကျုံယန်စီသည် တုံ့ဆိုင်းသွားပြီးနောက် သူ၏စီးကရက်အား ထုတ်လိုက်သည်။

သူသည် ဆေးလိပ်စွဲနေသူမဟုတ်ချေ။ သူ၏ခေါင်းအား ရှင်းလင်းရန် နီကိုတင်းဓါတ်အနည်းငယ် လိုနေရုံသာဖြစ်သည်။ သို့သော် သူသည် သူမကိုမနှောင့်ယှက်ချင်ပေ။ သူမသည် လှေကားခွင်၌ ငိုနေလျှင် သူမသည် မည်သူ့ကိုမျှတွေ့ချင်မည်မဟုတ်ချေ။

ထို့နောက် ကုမ္ပဏီ၏အစည်းအဝေးခန်းထဲတွင် သူသည် သူမကိုထပ်တွေ့ပြန်သည်။ထိုအချိန်တွင် ယန်ရှီသည် လင်းမိသားစု၏သမီးအစစ်မဟုတ်ပဲ သူ့အဖေ၏ စာနာသည့်စိတ်ဖြင့် အမွေခံတစ်ယောက်ဖြစ်ကြောင်း သူသိခါစအချိန်ဖြစ်သည်။

သို့သော် လှေကားတွင် ငိုနေသည့်ပျော့ညံ့သည့်ကောင်မလေးနှင့်မတူပဲ သူမသည် ယခုတွင် ပြတ်သားစွာရပ်နေပြီး မျက်ရည်များလုံးဝမရှိချေ။

ကျုံယန်စီသည် ရုတ်တရတ် ရှက်ရွံ့သကဲ့သို့ဖြစ်လာသည်။

သူသည် မုန့်မိသားစုနှင့်မုန့်ယင်းရုန်ကြားထဲတွင် ရုန်းကန်နေရသော်လည်း ယခုတိုင် ယန်ရှီသည် လင်းမိသားစုနှင့် ရှင်းလင်းစွာ အဆက်အသွယ်ဖြတ်ခဲ့ပြီး သူမနှင့်မသက်ဆိုင်သည့်အရာများအား ဘယ်တော့အခါမျှ မတပ်မက်ခဲ့ချေ။

သို့သော် သူကရော။ သူသည် မိသားစုအချစ်များအား တောင့်တနေခဲ့ပြီး ၎င်းသည် သူ့အားအရှုပ်ထုပ်ဖြစ်စေသည်ပင် ဖြစ်သည်။

ဖြစ်နိုင်သည်မှာ ပါးပါးလင်းသည် သူမအားရိုက်ရန်ကြိုးစားသည့်အချိန်တုန်းက ထိုစိတ်ကြောင့် သူဝင်ပါခဲ့ခြင်းဖြစ်ပေလိမ့်မည်။ ထို့အပြင် အထီးကျန်မှုများအား မျှဝေသည့်အနေဖြင့် သူသည် သူမအား ‘စီနီယာ’ဟု ခေါ်ခိုင်းခဲ့ခြင်းဖြစ်သည်။

သူသည် ထိုမိန်းကလေးမည်မျှ အစွန်းအစရှိသည်ကို ကြည့်ချင်မိသည်။ ချမ်းသာသည့်မိသားစုမှ စွန့်ပစ်ခံထားရသည့်မိန်းကလေးသည့် သူ့ပါးပါး၏သဘောကျမှုကိုရယူ၍ မည်သို့နှစ်ပါးသွားမည်ကို သိချင်မိသည်။

……

အတိတ်သည် မြူခိုးကဲ့သို့ပျောက်ကွယ်သွားခဲ့သည်။ကျုံယန်စီသည် ယခုမှ ထိုနေ့အကြောင်းအရာများနှင့် သူပြောခဲ့သည့်စကားများကို ပြန်လည်စဉ်းစားည့်အခါမှသာ သူမှတ်မိတော့သည်။

သူ၏ ရင်ထဲ၌နိမ့်ချည်မြင့်ချည်ဖြစ်နေပြီး သူသည် သူမ၏လက်ကို တင်းကြပ်စွာဆုပ်ကိုင်ထားသည်။

“ဒါဆို မင်းမူးနေတုန်းက မင်းငါ့ကိုချစ်တယ်လို့ပြောခဲ့တာက တကယ်လား”

ယန်ရှီသည် သူ၏နားရွက်သားလေးအား ဖွဖွလေး ဆွဲဆိတ်လိုက်သည်။

“တကယ်ပေါ့”

“အမြဲတမ်းရှင်တစ်ယောက်တည်းပဲ ၊ဘယ်သူမှမဟုတ်ဘူး”

သူမသည် သူနှင့်အကြည့်ချင်းဆုံလိုက်သည်။

“ကျုံယန်စီ တရားဝင်တွဲကြရအောင်”

သူမသည် သူ၏ရင်တွင်းခံစားချက်များအား ထာဝရဖုံးကွယ်ထားနိုင်လိမ့်မည်ဟု ထင်ခဲ့သည်။ သူမသည် သူ့အားအဘယ့်ကြောင့်ချဉ်းကပ်ခဲ့သည်ကို သိလျှင် သူမအားထားသွားမည်ကို စိုးရိမ်ခဲ့သည်။

သူစိတ်ဓာတ်ကျနေသည်ကိုကြည့်ရသည်မှာ အလွန်ပင်နာကျင်ရသည်။

သူမ၏လက်များအားဆုပ်ကိုင်ထားချိန်တွင် ကျုံယန်စီ၏လည်ချောင်းသည် လှုပ်ရှားနေသည်။

ယန်ရှီသည် သူမ၏လက်‌ကောက်ဝတ်၌ အေးသွားသည်ကို ခံစားမိလိုက်သည်။ငုံ့ကြည့်လိုက်သည့်အချိန်တွင် သူသည် သူမအားနူးညံ့လှပသည့်လက်ကောက်ဝတ်ပေးနေသည်ကို သူမ တွေ့လိုက်ရသည်။

လက်ကောက်သည် အလွန်ပင်လှပလေသည်။ အနီရောင်စိန်များသည် ရေချိုးခန်းမီးရောင်အောက်တွင် တလက်လက်တောက်ပနေသည်။

ကျောက်တစ်လုံးတိုင်းသည် ကာရက်ပြည့်ဝပြီး စုစုပေါင်း တစ်ဆယ်ကာရက်ရှိသည်။

တစ်ဆယ်…တစ်ဆယ်။

သူမ၏မျက်လုံးများ ကျယ်သွားသည်။

“ရှင်…ရှင်”

“မင်းကြိုက်လား”

ကျုံယန်စီသည် မေးလိုက်သည်။

သူမသည် အနီရောင်လက်ကောက်အား လိုချင်သည်ဟု တစ်ခါပြောဖူးသည်။သူသည် သူမအတွက် အမှန်တကယ်ဝယ်ပေးလေသည်။

ယန်ရှီသည် ခေါင်းညိတ်ပြသည်။

“ကျွန်မကြိုက်တယ်”

သူမသည် သူ့ကိုတင်းကြပ်စွာဖက်လိုက်သည်။

သူမသည် လက်ကောက်ကိုကြိုက်ပါသည်။

သို့သော် သူ့အားပို၍ ကြိုက်သည်။

….

ကျုံချင်းယွီသည် ရိုက်ကွင်းရိုက်ကူးနေစဉ် လက်ထောက်ဆွန်းထံမှ မက်ဆေ့ခ်ျရလာသည်။ သူမသည် ဒါရိုက်တာဝေကို ခွင့်တောင့်ပြီး Sheraton ဟော်တယ်သို့အမြန်လာခဲ့သည်။

စုန့်ကျစ်လယ်သည် ဝင်ပေါက်၌ကြိုတင်စောင့်ဆိုင်းနေသည်။သူမသည် ကားထဲမှထွက်လာသည်နှင့် သူသည် အမြန်ပြေးလာသည်။

“ချင်းယွီ မင်းရောက်လာပြီလား၊ မြို့ထဲကနေလာရတာ ပင်ပန်းနေလား ကိုယ်မင်းကိုအအေးယူပေးမယ်”

“စုန့်ကျစ်လယ်”

ကျုံချင်းယွီသည် မှတ်ညဏ်ကောင်းပြီး သူမ၏အချစ်ဦးအား ချက်ချင်းတန်းမှတ်မိသည်။

စုန့်ကျစ်လယ်သည် ပီတိဖြာသွားသည်။

“မင်းကိုယ့်ကို မှတ်မိမယ်ဆိုတာ ထင်သားပဲ”

သူမသည် မျက်မှောင်ကြုတ်လိုက်သည်။

“စကားပြောတာတော်လောက်ပြီ ယန်ရှီဘယ်မှာလဲ”

“အိုး ဟုတ်သားပဲ၊ ဒီဘက်မှာပါ”

သူသည် သူမအား ဧည့်ခန်းပါဟော်တယ်ခန်းထဲသို့ ခေါ်ဆောင်လာသည်။

ကျုံချင်းယွီသည် ရှေ့သို့သာခြေလှမ်းကျဲများဖြင့် လျှောက်လမ်းနေပြီး သူမ၏မျက်လုံးထဲတွင် အလောကြီးနေမှုများ ပေါ်လွင်နေသည်။သူမသည် လက်ထောက်ဆွန်းပို့ထားသည့် အချက်အလက်များကို လမ်း၌ကြည့်လာခဲ့ပြီး ကျုံယန်စီမည်သို့သောဆေးမိနေသည်ကိုပင် သိပြီးဖြစ်သည်။

လက်ထောက်ဆွန်းသည် ယန်ရှီအား “ကိစ္စ‌ဖြေရှင်းရန်” သူနှင့်နှစ်ယောက်တည်းထားခဲ့ခြင်းသည် သူမကို ဒေါသထွက်စေသည်။

အကယ်၍ယန်ရှီသာ ကျုံယန်စီနှင့် အိပ်ရန်ဆန္ဒရှိလျှင် ၎င်းသည် အခြေအနေတစ်ခုဖြစ်သည်။

ဒါပေမယ့် သူမကို တွန်းအားပေးရင်တော့။

၎င်းသည် မည်သို့သောအတွေးမျိူးဖြစ်သနည်း။ အကယ်၍ ကျုံယန်စီသာ ဆရာဝန်မခေါ်နိုင်ခဲ့လျှင် သူ့ဘာသာဖြေရှင်းနိုင်သည်။သို့သော် ယန်ရှီအားဆွဲထည့်ခဲ့သည်လော။

ယန်ရှီသည် အသက်နှစ်ဆယ်အရွယ် ကျောင်းသူတစ်ယောက်သာ ရှိသေးသည်။

ယောကျာ်းနှင့် မိန်းမအကြား ရုပ်ပိုင်းဆိုင်ရာထိတွေ့မှုသည် မမျှတလှပေ။ ထို့အပြင် လက်ထောက်ဆွန်းသည် သူမအားထိုအခန်းထဲ၌ ထားခဲ့လျှင် အကယ်၍ကျုံယန်စီ သူမအား အတင်းအကြပ်ပြုပါက သူမ မည်သို့ကာကွယ်ရန် အခွင့်အရေးရှိမည်နည်း။

ဧည့်ခန်းထဲတွင် ကျုံချင်းယွီသည် လက်ထောက်ဆွန်းအား ဆူပူနေသည်။ ပြောဆိုခြင်းမရှိပဲနှင့် သူမသည် မိကျောင်းသားရေလက်ကိုင်အိတ်အား ချွတ်လိုက်ပြီး သူ၏ခေါင်းအား ရိုက်ချလိုက်သည်။

လက်ထောက်ဆွန်းသည် ကြယ်များပင်မြင်သွားသည်။သူ၏မျက်နှာသည် ချက်ချင်းပင် အနီရောင်အစင်းရာထင်သွားသည်။သို့တိုင် သူသည် သူ့ကိုယ်သူထိန်းပြီး ကျုံချင်းယွီအား လေးစားစွာ ဦးညွတ်ထားသည်။

“မမလေး”

ကျုံချင်းယွီသည် ဒေါသဖြင့် လျင်မြန်စွာပြောသည်။

“နင်ဆရာဝန်မခေါ်ဘူးလား၊ ဘာလို့ယန်ရှီကိုဆွဲထည့်တာလဲ”

လက်ထောက်ဆွန်းသည် တုံ့ဆိုင်းနေသည်။

“ဆရာဝန်က Plan A ပါ ဒါပေမဲ့ဆရာဝန်က Hilaireဟော်တယ်ကိုရောက်ဖို့ အချိန်ယူရပါဦးမယ်၊ ဥက္ကဌယန်က PlanBပါ”

သူသည် ၎င်းမှာမှားယွင်းနေသည်ကိုသိသော်လည်း သူသည်ကျုံယန်စီ၏လက်ထောက်ဖြစ်သည်။ သူ၏အဓိကလုပ်ဆောင်ချက်မှာ ကျုံယန်စီ၏အကျိုးအတွက်သာ ဖြစ်သည်။

ကျုံချင်းယွီ၏မျက်နှာသည်မှောင်မိုက်နေပြီး လက်ကိုင်အိတ်အား ထပ်မံမြှောက်လိုက်သည်။

ထို့နောက် ဓါ‌တ်လှေကားတံခါးပွင့်လာပြီး ကျုံယန်စီသည် ယန်ရှီ၏လက်ကိုကိုင်၍ ထွက်လာသည်။

သူတို့၏ စိုရွဲနေသောအကျီများသည် လဲပြီးသားဖြစ်နေသည်။လက်ထောက်ဆွန်းသည် သစ်လွင်သောအင်္ကျီများကို ပြင်ဆင်ပေးထားသောကြောင့်ဖြစ်သည်။ကျုံယန်စီသည် နေဗီအပြာရောင် ရှပ်အင်္ကျီကို လျော့ရဲစွာဝတ်ဆင်ထားပြီး ယန်ရှီသည် အဆင့်မြင့်ဒီဇိုင်နာမှချုပ်လုပ်ထားသည့် ရှန်ပိုင်အရောင် အေလိုင်းဂါဝန်အား ဝတ်ဆင်ထားသည်။

နှစ်ယောက်သည် ဓါတ်လှေကားမှထွက်လာသည်နှင့် ကျုံချင်းယွီသည် ပြောရန်ကြိုးစားသော်လည်း သူတို့သည် ထင်သာစွာတွဲဖက်ညီနေသည်။

အံကြိတ်၍ သူမသည် အိတ်ကိုအင်တင်တင်ပုံစံဖြင့် အောက်ချလိုက်ပြီး ယန်ရှီအား သူမဘက်သို့ဆွဲလိုက်သည်။

ကျုံယန်စီ၏လက်ရှိအခြေအနေအရဆိုလျှင် ၎င်းသည်ဆေး၏အကျိုးသက်ရောက်မှုကြောင့်ဆိုတာ သေချာသည်။ ထို့အပြင်သူတို့နှစ်ယောက်လုံးသည် အင်္ကျီများလဲထားသောကြောင့် အခြေအနေသည် သိသာနေပေသည်။

ကျုံချင်းယွီသည် စိတ်တိုသည့်ပုံစံဖြင့်ကြည့်လိုက်သည်။

“တကယ်လို့ နင်မကြိုက်ရင်လည်း ကျုံယန်စီကို အဲအတိုင်းထားလိုက်လို့ရတာပဲ၊ ဆရာဝန်က ဘယ်လိုဖြစ်ဖြစ်လာမှာပဲဟာကို”

ယန်ရှီသည် အဓိပ္ပါယ်ကိုချက်ချင်းသဘောပေါက်သွားပြီး ပါးများနီရဲလာသည်။

“သူငါ့ကို ဘာမှမလုပ်ပါဘူး”

ကျုံချင်းယွီသည် ကျုံယန်စီအားကြည့်လိုက်သည်။

“တကယ်ကြီးလား၊ သူ့အခြေအနေကကောင်းသွားတယ် ဒါပေမဲ့ နင်သူ့ကိုမကူညီလိုက်ရဘူးပေါ့”

“သူ..သူဘာသာဖြေရှင်းလိုက်တာ”

ကျုံချင်းယွီ၏မျက်လုံးများ ပြူးကျယ်သွားပြီး ကျုံယန်စီကို လေးစားသကဲ့သို့ကြည့်လိုက်သည်။

အထက်တန်းလွှာတွင် တစ်စုံတစ်ယောက်ခင်မင်မှုဖြင့် ဆေးခတ်ခြင်းသည် အထူးအဆန်းမဟုတ်ချေ။ ယောကျာ်း မိန်းမ မဆို အကုန် ပြုလုပ်ကြသည်ပင်ဖြစ်သည်။အများစုသည် ခံနိုင်ရည်မရှိကြပဲနှင့် တိုးတိတ်စွာဆောင်ရွက်ကြသည်။ သို့မဟုတ် လျို့ဝှက်ချစ်သူအဖြစ် ဆက်၍နေကြသည်။

သို့သော် ကျုံယန်စီသည် ယန်ရှီအားထိတွေ့ရန် အမှန်ပင်ငြင်းဆိုခဲ့သည်လား။

ကျုံချင်းယွီသည် ချက်ချင်းပင် စကားလွှဲလိုက်သည်။

“သူက မစွမ်းဆောင်နိုင်တာလား”

ယန်ရှီသည် ငယ်ရွယ်သော်လည်း ရုပ်ပိုင်းဆိုင်ရာတွဲဖက်မှုသည် အရေးပါသည်။

ယန်ရှီသည် ထိုအချိန်အားပြန်လည်တွေးတောလိုက်ပြီး တစ်ငေါ့စွာပြောသည်။

“သူက အဆင်ပြေပါတယ်”

ကျုံချင်းယွီသည် စိတ်သက်သာသွားသဖြင့် အသက်ရှုထုတ်လိုက်သည်။ ကျုံယန်စီသည် သူမ ထင်ခဲ့သည်ထက် ပို၍ စည်းစောင့်သည်။ လူကြီးများသည် သူ့ထက် ခုနှစ်နှစ်ငယ်သည့် ဂျူနီယာကောင်မလေးအား ဆွဲဆောင်ရန် လျို့ဝှက်သည့်အကြောင်းအရင်းရှိပေလိမ့်မည်ဟု သူမအမြဲထင်ခဲ့သည်။

ထို့နောက် သူမ၏မျက်လုံးထောင့်မှ ကျုံချင်းယွီသည် ယန်ရှီ၏လက်ကောက်ဝတ်ပေါ်ရှိ အနီရောင်လက်ကောက်အား သတိပြုမိသွားသည်။သူမတွင် ဇိမ်ခံလက်ဝတ်ရတနာများစွာရှိသော်လည်း ထိုလက်ကောက်သည် သူမကို အသက်ရှုမှားစေသည်။

“ကျုံယန်စီပေးတာလား”

ယန်ရှီသည် ခေါင်းငြိမ့်ပြသည်။သူမသည် ၎င်းကိုချွတ်ပစ်ရန်စိတ်အားထက်သန်နေသော်လည်း လက်ကောက်သည်အလွန်ပင်ဈေးကြီးပြီး ပျက်စီးသွားမည်ကိုပင် ကြောက်နေမိသည်။

“ဘယ်ဆိုးလို့လဲ ကျုံယန်စီ”

ကျုံချင်းယွီသည် စိတ်မပါစွာလိုက်လျောလိုက်ပြီး သူမ၏နှုတ်ခမ်းမှ ရှားပါးသည့်ချီးကျူးစကားထွက်လာသည်။

“ကောင်းပြီလေ၊ ငါနင့်ကို ဒီအတွက် အမှတ်တစ်မှတ်ပေးမယ်”

ဟိုင်လာယာဟော်တယ်မှ လုံခြုံရေးများရောက်လာသည့်အခါ ခြေသံများသည် နီးကပ်လာပြီး ချူယန်အားမည်သို့ကိုင်တွယ်သင့်ကြောင်း‌ မေးမြန်းသည်။

ပုံမှန်အတိုင်းဆိုလျှင် ကျုံယန်စီသည် သူမကိုရဲလက်တန်းအပ်မည်ပင်ဖြစ်သည်။ သို့သော် တစ်ခုတည်းသော အကြောင်းပြချက်မှာ ချူယန်သည် ကျုံချင်းယွီ၏ အဒေါ်ဖြစ်နေသည့်အတွက်ကြောင့် ကျုံချင်းယွီအား အလေးထားသည့်အနေဖြင့် သူမကို မဖမ်းခိုင်းသေးခြင်းဖြစ်သည်။

ကျုံချင်းယွီသည် ယန်ရှီ၏လက်မောင်းအားလွှတ်လိုက်သည့်အချိန်တွင် သူမ၏အမူအရာသည် အေးစက်နေသည်။

“ငါကိုင်တွယ်လိုက်မယ်”

—

လုံခြုံရေးရုံးခန်းထဲ၌ ပါးပါးချူလည်း ရောက်ရှိလာသည်။

သူသည် ချူယန်ကိုခေါ်ထုတ်သွားချင်သော်လည်း ဟော်ဝယ်လုံခြုံရေးများသည် ငြင်းဆန်နေသည်။

ချူယန်သည် စွပ်စွဲသည့်ပုံစံဖြင့် လက်ညိုးထိုးလိုက်သည်။

“ငါတို့ဘယ်သူလဲဆိုတာ နင်မသိဘူးလား၊ ဒါက တရားမဝင်အကျဉ်းချထားတာနော်”

လုံခြုံရေးခေါင်းဆောင်သည် ငြိမ်သက်စွာရှိနေသည်။

“မစ္စတာကျုံက ခင်များကိုမလွှတ်ပေးဖို့ သေချာမှာထားပါတယ်”

ချူယန်သည် ဖြူဖျော့သွားပြီး ချူပါးပါး၏မျက်နှာသည်လည်း စိတ်ပျက်မှုများဖြင့်ပြောင်းလဲသွားသည်။

တံခါးသည်ပွင့်သွားပြီး ကျုံချင်းယွီသည် ဝင်လာသည်။

နှစ်ယောက်လုံးသည် သူမ၏အကြည့်များကြောင့် အေးခဲသွားသည်။

ချူယန်သည် သေချာစွာစစ်ဆေးခဲ့သည်။ကျုံချင်းယွီသည် ညရိုက်ကွင်းများအထိ အချိန်ဇယားယူထားပြီး တစ်နေကုန် ရိုက်ကူးရေးလုပ်ရမည်ဖြစ်သည်။သူမ၏တူမ ရောက်လာလိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ချေ။

“အချစ်ကလေး”

ချူယန်သည် မာနကြီးသည့်ပုံစံမှ သနားဖွယ်ပုံစံသို့ ချက်ချင်းပြောင်းလဲသွားသည်။

“သူတို့ငါ့ကိုစွပ်စွဲနေကြတာ ငါဘာမှမလုပ်ခဲ့ဘူး၊ ငါက ယန်စီနာကျင်နေတာကိုသိလို့ ကူညီပေးချင်ရုံပါ”

ချူပါးပါးသည် ဝင်ရောက်ပြောဆိုသည်။

“ဟုတ်တယ် အချစ်လေး၊ အပြင်လူစကားတွေ နားမယောင်နဲ့”

ကျုံချင်းယွီသည် အေးစက်စွာရယ်လိုက်သည်။

“ကျွန်မကို ရူးနေတယ်များထင်နေလား”

ချူပါးပါးအား လစ်လျူရှု၍ သူမသည် ချူယန်ဘက်သို့လှည့်လိုက်သည်။

“အန်တီ ၊ရှင်က ကျွန်မအဖေကိုဘယ်တုန်းကမှမကြိုက်ခဲ့ဘူး ဘာလို့ဆို ရှင့်ရဲ့အဓိကရည်ရွယ်ချက်ရဲ့ ကျွန်မရဲ့ယောင်းမဖြစ်ချင်လို့လေ ဟုတ်တယ်မလား”

ချူယန်နှင့် ချူပါးပါးသည် အံ့ဩမှင်သက်သွားသည်။

အထူးသဖြင့် ချူယန်သည် အလွန်ကြောင်အ,သွားသည်။ သူမ၏လျို့ဝှက်ချက်ကို ကောင်းစွာထိန်းသိမ်းထားသည်ဟု ထင်ခဲ့သော်လည်း ကျုံချင်းယွီသည် သူမအကြောင်း အကုန်သိနေခဲ့သည်။

ကျုံချင်းယွီသည် ထိုင်ခုံကိုဆွဲယူပြီး ထိုင်လိုက်သည်။သူမသည် လက်ပိုက်ထားပြီး သူတို့အား အထင်သေးစွာ ကြည့်နေသည်။

“အရင်နှစ်တွေတုန်းက မိသားစုအာဏာအတွက် ကျုံယန်စီနဲ့ပြိုင်လုဖို့ ရှင်အမြဲသတိပေးခဲ့တယ်လေ ဒါပေမဲ့ သူအရွယ်ရောက်လာတော့ ရုတ်တရတ်ကြီး သူ့ကို ကြိုက်သွားတယ်ပေါ့၊ ဒီလောက်ရယ်စရာကောင်းတာ မရှိတော့ဘူး”

ပါးပါးချူနှင့် ချူယန်သည် တစ်ယောက်ကိုတစ်ယောက် မသက်မသာကြည့်လိုက်ကြသည်။

ချူယန်သည် ထစ်ငေါ့စွာပြောဆိုလာသည်။

“အသဲလေး၊ဒါက အထင်လွဲနေတာပါ၊ ငါက ကျုံယန်စီကို တူတစ်ယောက်လိုပဲမြင်..”

“တူတစ်ယောက်လိုဟုတ်လား၊ အဲတော့ ရှင်ကသူ့ကိုဆေးခတ်ပြီး သူ့အိပ်ရာပေါ်တက်ဖို့ကြိုးစားတာလား”

ကျုံချင်းယွီ၏ရယ်သံသည် အထင်သေးမှုများဖြင့် ပြည့်နှက်နေသည်။

“ရှင့်ကို ကျုံယန်စီမကြိုက်တာ အံ့ဩစရာတော့မရှိပါဘူး၊ ကျွန်မက ကျွန်မကြောင့် ရှင့်ကိုမကြိုက်တာလို့ထင်ခဲ့တာ အခုတော့ ကျွန်မနားလည်သွားပြီ၊ သူက ရှင့်ရည်ရွယ်ချက်တွေကို တစ်လျှောက်လုံးသိနေခဲ့တာပဲ”

“ပြီးတော့ ရှင်ကျွန်မကိုလိမ်တယ် ရှင်က ကျွန်မဘေးမှာရှိနေလို့ သူကရှင့်ကိုမုန်းနေတာလို့ပြောတယ်၊ ဒီနှစ်တွေမှာ ကျွန်မရှင့်အပေါ်ကောင်းကောင်းဆက်ဆံခဲ့တာ သေချာပါတယ်၊၊ ရှင်က ကျွန်မကို ဒီလို‌ ကျေးဇူးပြန်ဆပ်တာလား”

သူမသည် ကျုံယန်စီနှင့် ပြိုင်ဆိုင်ခဲ့စဉ်အခါက ကျုံချင်းယွီသည် သူ့ထံမှ မနာလိုမုန်းထားခြင်းများကို ဘယ်တော့မှ မခံစားခဲ့ရချေ၊ ချူမိသားစုကြောင့် အထင်သေးခြင်းသာ ခံခဲ့ရသည်။

ကျုံယန်စီသည် သူမ၏ရှေ့တွင် သူ၏ခံစားချက်အစစ်အမှန်များအားဖုံးကွယ်သည့်နေရာ၌ တော်သည်ဟု ထင်မှတ်ခဲ့သည်။ယခုတွင် သူမသည် နားလည်သွားပြီဖြစ်သည်။ ဖြစ်နိုင်သည်မှာ သူသည် သူမအားဘယ်တုန်းအခါကမျှ မမုန်းခဲ့ချေ။သူ၏အထင်သေးမှုသည် ချူမိသားစု၌သာ အမြဲရှိနေခဲ့သည်။

သို့တိုင် သူမသည် ဆွေမျိုးဟုခေါ်သည့် ထိုသူများအား မျက်စိမှိတ်ယုံနေမိဆဲဖြစ်သည်။

ချူယန်သည် ကျုံချင်းယွီ၏ခေါင်းကို ဖွဖွလေးကိုင်လိုက်သည်။

“ချင်းချင်း အန်တီပြောတာနားထောင်ဦး၊ ဟုတ်တယ် ငါကျုံယန်စီကိုချစ်တယ် ဒါပေမဲ့ မတူဘူး၊ သူနဲ့မင်းက မောင်နှမအရင်းမှမဟုတ်တာ ပြီးတော့အခု မင်းလည်း မုန့်လုပ်ငန်းစုကိုရသွားပြီလေ၊ သူ မင်းကို မကျေမနပ်ဖြစ်နေလောက်…”

သူမ ပြော၍မပြီးသေးခင်ပင် ကျုံချင်းယွီသည် သူမ၏လက်ကို ခါချလိုက်သည်။

“တော်လောက်ပြီ၊ ရှင်ကျွန်မကို အရူးလုပ်နေတာလား၊ တကယ်လို့ ကျုံယန်စီသာ ကျွန်မကိုထွက်သွားစေချင်ရင် သူအရင်ကတည်းက လုပ်ပြီးနေလောက်ပြီ”

သူမအဖေ၏ လွှမ်းမိုးမှုသည် ကျုံယန်စီအားထိန်းသိမ်းထားသည်ဟု သူမသည် တစ်ချိန်ကထင်ခဲ့ဖူးသည်။ယခုသူမသည် နားလည်သွားသည်။ကျုံယန်စီသည် မည်သည့်အခါကမျှ သူမကို ပစ်မှတ်မထားခဲ့ချေ။

“အဆုံးသတ်ရအောင်”

ကျုံချင်းယွီသည်မောပန်းစွာပြောသည်။ ချူယန်သည် မိသားစုဝင်ဖြစ်သည့်အတွက် သူမသည် ကိုယ့်ကိုကိုယ် အကြင်နာတရားကင်းမဲ့သူတစ်ယောက် မဖြစ်မခံနိုင်ချေ။

“အန်တီ၊ရှင်က ကျွန်မအမေဆုံးသွားတော့ ကျွန်မ‌ကိုစောင့်ရှောက်ပေးခဲ့တယ်၊ အဲအတွက် ကျွန်မရှင့်ကိုမဖျက်ဆီးဘူး”

ချူယန်သည် စိတ်သက်သာဟန် သက်ပြင်းချလိုက်သည်။

“ဒါပေမဲ့ ရှင် ကိုယ်ထိလက်ရောက်ကျူးလွန်မှု၊ ဝတ္တရားနှောင့်ယှက်မှု၊ ဒါမှမဟုတ် ကိုယ်ရေးကိုယ်တာခံစားခွင့်ကို မလေးစားမှု စတဲ့အကျိုးဆက်တွေကို ခံစားရမယ်၊ ကျွန်မအပါအဝင် ကျုံယန်စီလည်း ဝင်ပါမှာမဟုတ်ဘူး၊ ဥပဒေကိုပဲ ဆုံးဖြတ်ခိုင်းမယ်”

ချူယန်သည် ထိတ်လန့်သွားသည်။

“အသဲလေး မင်းက အန်တီ့ကိုထောင်ထဲပို့မလို့လား၊ ငါက မင်းရဲ့အန်တီပါ၊ မင်းရဲ့ မိသားစုဝင်၊ မင်းဘယ်လိုတောင်လုပ်ရက်ရတာလဲ”

ကျုံချင်းယွီသည် သူမအား အေးစက်စွာစိုက်ကြည့်နေသည်။

“ကျုံယန်စီလည်း ကျွန်မရဲ့ မိသားစုဝင်ပဲ၊ ရှင်သာကျွန်မရဲ့အဒေါ်ဟုတ်မနေရင် ကိုယ်ချစ်တဲ့သူကိုထိခိုက်အောင်လုပ်တဲ့သူကို ရဲလက်အပ်ရုံနဲ့ပြီးသွားမယ်များ ထင်နေတာလား”

ချူယန်သည် တောင့်တင်းသွားပြီး အသက်ပင်ပြင်းပြင်း မရှုရဲချေ။

ကျုံချင်းယွီသည် ဆက်၍ပြောသည်။သူမ၏အသံသည် စူးရှနေသည်။

“ပြီးတော့ရှိသေးတယ် ကျုံစံအိမ်ကိုထပ်မလာနဲ့၊ မားမားကို လေးစားတဲ့အနေနဲ့ ဒီတစ်ခါလျှော်ပေးလိုက်မယ် ဒါပေမဲ့ ရှင်ကျွန်မအပိုင်ကို နောက်တစ်ခါဒုက္ခပေးမယ်ဆိုရင်…”

သူမ၏အကြည့်သည် ချူယန်ဆီသို့ ဖြတ်ခနဲကြည့်လိုက်ပြီးနောက် ချူပါးပါးထံသို့ ရောက်သွားသည်။

“ရဲလက်အပ်ရုံနဲ့ပြီးသွားမှာ မဟုတ်ဘူး”

All Chapters