← Chapters

Chapter 19

Vol. 2 Ch. 19

Chapter 19

Vol. 2 Ch. 19

ထိုဟင်းပွဲသည် ရဲ့လော့ယီအား စိတ်မသက်မသာ ဖြစ်စေခဲ့၏။

သူတို့ စားသောက်ဆိုင်လေးမှ ထွက်လာသောအချိန်တွင် သူမ၏ မျက်နှာမှာ မှုန်ကုတ်နေရာ ကင်မရာက သူမအား ရိုက်ကူးလိုက်သည့်အခါမှသာ ရဲ့လော့ယီသည် အပြုံးဖျော့ဖျော့လေး လုပ်ပြလိုက်၏။

ကံမကောင်းစွာနှင့် အလိုက်မသိသော ဆုလင်းလင်းသည် ရဲ့လော့ယီအား ကင်မရာရှေ့တွင် မေးလာလေသည်။

“ယီယီ နင် အခုဘယ်လိုနေသေးလဲ၊ တကယ်လို့ မသက်သာဘူးဆိုရင် ငါတို့ နေ့လည်ခင်း စာရင်းသွင်းတာကို ကျော်လိုက်ပြီး ဆရာဝန်နဲ့ ပြကြည့်မလား”

“ ငါအရမ်းအရမ်းကို အဆင်ပြေတယ် နင်ပါးစပ်ပိတ်‌နေလို့မရဘူးလား! ” ဟု ရဲ့လော့ယီက စိတ်ထဲတွင် အော်ဟစ်နေ‌မိသည်။

“ ငါအဆင်ပြေပါတယ် ” ဟု ရဲ့လော့ယီက ညင်ညင်သာသာဖြင့် ပြောလိုက်လေသည်။

“လင်းလင်း နင်ငါ့ကို စိုးရိမ်နေတယ်ဆိုတာကို ငါနားလည်ပါတယ် ၊ ဒါပေမယ့် အဲ့ဒါက တကယ် ထိုင်ခုံအသံပါပဲ”

သူမက ထိုအဖြေကို အလေးထားပြီး ကင်မရာကိုကြည့်၍ နောက်တစ်ကြိမ် ထပ်ပြောလိုက်၏။

နေ့လည်ခင်း တိုက်ရိုက်ထုတ်လွှင့်မှုအား ဆက်လက်ပြုလုပ်နေသော်လည်း ရဲ့လော့ယီ၏စိတ်ထဲတွင် စိတ်မချနိုင်သော အရာတစ်ခုရှိနေသည်။

သူမ ဤရှိုးကို ပါဝင်ခဲ့သည်မှာ ပို၍ လူသိများကာ ကျော်ကြားစေရန်ဖြစ်ပြီး သူမ၏ ပုံရိပ်အား ပျက်စီးစေကာ အများ၏ လှောင်ပြောင်စကားများကို ပြောခံရဖို့မဟုတ်ပေ။

အကယ်၍ သူမ၏တိုက်ရိုက်ထုတ်လွှင့်မှုမှာ လူကြိုက်များသည့်စာရင်း၏ထိပ်ဆုံးသို့ မရောက်ရှိပါက သူမ ဤရှိုးကို ပါဝင်နေရသည်မှာ အဓိပ္ပာယ် မရှိတော့ပေ။

ရဲ့လော့ယီသည် သူမ၏ ခရီးသွားအစီအစဥ်အား ပြန်စဉ်းစားလိုက်၏။

သူမ၏ ခရီးစဉ်မှာ လူကြိုက်များသော အရာမျိုးမဟုတ်ပေ။ ထို့အပြင် နေ့လည်ပိုင်း၌ သူမနှင့် ဆုလင်းလင်းသည် လီမြို့၏ လူသိနည်းသော နေရာတစ်ချို့ကို သွားရန် ပြင်ဆင်ထားသည်။

ထိုအရာများမှာ နံနက်ခင်းမှ လှုပ်ရှားမှုများနှင့် ဆင်တူပေ၏။

တစ်ခြားနည်းဖြင့် ပြောရမည်ဆိုလျှင် သူမ၏ကျော်ကြားမှုသည် ဒုတိယနေရာတွင် ရှိနေလောက်သည်။ ၎င်းသည်လည်း သူမ မျှော်လင့်ထားသည်မှ အကောင်းဆုံးပင် ဖြစ်လောက်မည်။

သေချာပေါက် ကျုံချင်းယွီ၏နည်းလမ်းကဲ့သို့ လက်ဆောင်များပေးဝေသော အစီအစဉ်အား လုပ်၍ရသော်လည်း ငွေကြွေးအများအပြားသုံးခြင်းသည် ရဲ့လော့ယီ၏ ပုံရိပ်နှင့် မကိုက်ညီသော အရာပင်။

ထို့အပြင် ကျုံချင်းယွီသည် ယခု ဈေးဝယ်စင်တာ၌ ရောက်နေသဖြင့် ထိုအစီအစဉ်ကိုလုပ်ရန်အတွက်

အကောင်းဆုံး အခိုက်အတန့်တစ်ခု ဖြစ်နေ၏။

ရဲ့လော့ယီ၏ အစီအစဉ်များတွင်မူ ထိုကဲ့သို့အခွင့်အရေးမျိုး မရှိပေ။

ရဲ့လော့ယီမှာ အကျပ်ရိုက်သကဲ့သို့ စတင်ခံစားလာရသည်။

ပရိတ်သတ်များ၏ အာရုံကို ဆွဲဆောင်နိုင်ရန်မူ ထူးခြား၍ ရှားပါးသော အရာများကိုသာ လုပ်ဆောင်ရမည်ဖြစ်သော်လည်း ရဲ့လော့ယီသည် သူမ၏ ပုံရိပ်နှင့်လည်း တစ်ခြားစီ မဖြစ်စေချင်ပေ။

သူမ လေးလေးနက်နက် စဉ်းစားနေချိန်တွင် ဘီယာများကို တင်လာသော ထရပ်ကားတစ်စီးသည် အနားမှ ဖြတ်သွားလေ၏။

ထိုအခါ ရဲ့လော့ယီ၏ မျက်လုံးများက ချက်ချင်းပင် တောက်ပလာတော့သည်။

ပေယွဲ့ပိုင်က သူမအား လီမြို့၏ ဝိုင်ထုတ်လုပ်ရာဒေသသို့ တစ်ခါခေါ်သွားခဲ့ဖူး၏။

ထိုဝိုင်စက်ရုံမှာ ပေယွဲ့ပိုင်၏အပိုင်ဖြစ်ပြီး သူက သူမအား မည်သည့်အချိန်မဆို သွားရောက်လည်ပတ်နိုင်ကြောင်း ပြောထားသည်ပင်။

ထိုနေရာမှာ သူမ စိတ်ကူးထားသကဲ့သို့ လူသိနည်း၍ ထူးခြားသောနေရာမျိုးဖြစ်၏။

ဝိုင်စက်ရုံ၌ ထူးခြားသည့်သမိုင်းကြောင်းနှင့် နက်ရှိုင်းလှသော ယဉ်ကျေးမှုအမွေအနှစ်များ ရှိသည့်အပြင် ကျုံချင်းယွီ၏ ဇိမ်ခံကားကြီးနှင့်ပင် အလွယ်တကူ ယှဉ်နိုင်လိမ့်ပေမည်။

ထို့အပြင် ချမ်းသာသော ဝိုင်စက်ရုံပိုင်ရှင် သူငယ်ချင်းတစ်ယောက် ရှိနေခြင်းသည် သူမ၏ချမ်းသာသော ဒုတိယမျိုးဆက် အမွေဆက်ခံသူတစ်ဦးဟူသည့် ပုံရိပ်ကို ပို၍ ထင်ရှားစေမည် ဖြစ်၏။

ဆုလင်းလင်းသည် ရဲ့လော့ယီ၏ ခရီးစဉ်အား ဆတ်ခနဲ ကြည့်လိုက်လေသည်။

“ယီယီရေ ဒီထဲက အစီအစဉ်တိုင်းဆိုရင် ငါတို့သွားမယ့် နောက်တစ်နေရာက ရထားဘူတာ 5ခုလောက်ပဲ ဝေးတဲ့ ကြွေထည်ဆိုင်တစ်ခုပဲ”

“လင်းလင်း ငါတို့ နေ့လည်အစီအစဉ်ကို ပြောင်းကြရအောင်” ဟု ရဲ့လော့ယီမှ ဆုလင်းလင်းအား ဖြတ်ပြောလိုက်၏။

ဆုလင်းလင်းမှာ ကြောင်အမ်းအမ်း ဖြစ်သွားသည်။

“ဟမ် ဒါဆို ငါတို့က ဘယ်သွားကြမှာလဲ”

“လီမြို့မှာ ငါ့သူငယ်ချင်းတစ်ယောက်ပိုင်တဲ့ ဝိုင်စက်ရုံရှိတယ် ငါတို့ အဲ့ကိုသွားကြရအောင်”

ရဲ့လော့ယီမှ ပြုံး၍ ပြောလိုက်၏။

[ ဝိုင်စက်ရုံ! ကြားရတာနဲ့တင် စိတ်ဝင်စားဖို့ကောင်းနေပြီ! ]

[ ဝိုးး! ဝိုင်စက်ရုံပိုင်ရှင်တဲ့လား…. ဒါက အရမ်းချမ်းသာတယ်ဆိုတဲ့သဘောပဲ ရဲ့လော့ယီရဲ့ သူငယ်ချင်းက ချမ်းသာတဲ့ မိသားစုရဲ့ အမွေဆက်ခံသူများလား]

[ ငါ့မှာတော့ ဝိုင်တစ်ပုလင်းကို မဝယ်ခင် နှစ်ခါပြန်စဉ်းစားရပေမဲ့ သူတို့က ဝိုင်စက်ရုံတစ်ခုလုံးပိုင်တာတဲ့! ဒီလောကကြီးက တကယ်ကို မတရားဘူးပဲ]

ဝိုင်စက်ရုံသည် မြို့ပြင်ဘက်တွင် တည်ရှိပြီး မြေအောက်ရထားလမ်းများ မရှိခြင်းကြောင့် ရဲ့လော့ယီနှင့် ဆုလင်းလင်းတို့သည် ကားငှား၍ သွားရန် ဆုံးဖြတ်လိုက်၏။

သူတို့သည် ဘာသာစကား အခက်အခဲကြောင့် မိနစ်အနည်းငယ် နှောင့်နှေးခဲ့ရသော်လည်း ကံကောင်းစွာဖြင့် ဖုန်းထဲတွင်ရှိနေသည့် ဘာသာပြန် appများမှ ထိုအခက်အခဲအား အမြန်ပင် ဖြေရှင်းခဲ့သည်။

အငှားကားယာဉ်မောင်းသည် သူတို့အား ဝိုင်စက်ရုံရှေ့သို့ ပို့ဆောင်ပေးခဲ့၏။ ဝင်ပေါက်နားသို့ ရောက်သည့်အချိန်တွင် ကြီးကျယ်ခမ်းနားလှပသော တံခါးကြီး တစ်ခုက သူတို့အား ကြိုဆိုနေလေသည်။

တံခါးပေါ်တွင် မိုးဒဏ်ကြောင့်ပျက်စီးနေသည့် အမှတ်အသားများမှာ အတိတ်မှ တောက်ပခဲ့သော နေ့ရက်များကို ပြသနေ၏။ ထို့အပြင် မြင့်မားလှသော သံဆူးကြိုးများမှာလည်း လာရောက်စူးစမ်းသည့်လူများအား တားဆီးထားလေသည်။

ရှုပ်ထွေးနေသည့် သံဆူးကြိုးများကို ကျော်၍ အတွင်းသို့ ကြည့်လိုက်လျှင် စိမ်းလန်းလှပနေသော သစ်ပင်ကြီးများအပြင် လေယိမ်းရာနှင့်အတူ လှုပ်ခတ်နေသည့် သစ်ရွက်ကလေးများကိုလည်း တွေ့မြင်ရပေ၏။

ဤဝင်ပေါက်မှကြည့်လျှင် ခြံတစ်ခုလုံးအား အပြည့်အဝမမြင်ရသော်လည်း ဆုလင်းလင်းသည် ဖုန်းထဲမှ မြေပုံအား စစ်ကြည့်လိုက်သောအခါ ဤဝိုင်စက်ရုံတစ်ခုလုံးသည် ကျယ်ပြန့်လွန်းသောကြောင့် လေ့လာရန်အတွက် တစ်နေ့လုံး အချိန်ပေးရမည်ကို သဘောပေါက်သွား၏။

ရဲ့လော့ယီသည် ဝိုင်စက်ရုံ၏ဂိတ်သို့ ချဉ်းကပ်လာပြီး ဂိတ်မှ လုံခြုံရေးဝန်ထမ်းနှင့် ဆက်သွယ်စကားပြောရန် ဘာသာပြန် appကို အသုံးပြုခဲ့သည်။

“ မင်္ဂလာပါ ကျွန်မက ပေယွဲ့ပိုင်ရဲ့ သူငယ်ချင်းပါ မနှစ်က ဒီ‌စက်ရုံကို သူနဲ့အတူတူ လာလည်ဖူးပါတယ်။ ဒီနေ့ စက်ရုံကို လည်ပတ်လို့ရမလားရှင့် ”

ထိုလုံခြုံရေးဝန်ထမ်းသည် ခေါင်းရှုပ်သွားခဲ့ပြီး လုံခြုံရေးခေါင်းဆောင်အား မေးရန်လိုအပ်ကြောင်း ပြောလိုက်၏။

ခဏအကြာ၌ လုံခြုံရေးခေါင်းဆောင်ဖြစ်သည့် အန်ဒရီရန် ရောက်လာလေသည်။

ရဲ့လော့ယီအား မှတ်မိသွားကာ သူ၏ broken English ဖြင့် အလျင်အမြန် နှုတ်ဆက်လိုက်၏။

“မစ္စရဲ့ ကြိုဆိုပါတယ်! ”

ယခင် ပေယွဲ့ပိုင် နှင့် ရဲ့လော့ယီတို့ လာရောက်လည်ပတ်ခဲ့စဥ်က ကြိုဆိုခဲ့သူမှာလည်း အန်ဒရီရန် ဖြစ်သဖြင့် ရဲ့လော့ယီသည် သူ့အား တွေ့လိုက်ရချိန်၌ ရင်းနှီးသကဲ့သို့ ခံစားလိုက်ရသည်။

“မတွေ့တာ အတော်ကြာပြီနော် အန်ဒရီရန်”

သူတို့သည် အချင်းချင်း လက်ဆွဲနှုတ်ဆက်ကြပြီး အန်ဒရီရန်က ရဲ့လော့ယီ၏ ဘေးဘက်သို့ ကြည့်လိုက်သည်။

“ပေရော မပါဘူးလား”

“ဒီတစ်ခေါက်ကတော့ ကျွန်မနဲ့ သူငယ်ချင်းတစ်ယောက်နဲ့ပဲ။ ကျွန်မက လီမြို့မှာ ရိုက်ကူးရေး တစ်ခုလုပ်နေတာလေ အဲ့တာ ကျွန်မရဲ့ ပရိတ်သတ်တွေကို တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုလုပ်ပြီး ဒီဝိုင်စက်ရုံကြီးကို ပြပေးချင်လို့ပါ”

ရဲ့လော့ယီမှ ပြန်ဖြေလိုက်၏။

အန်ဒရီရယ်မှ ခေါင်းညိတ်ကာ

“ပေက ဒီစက်ရုံရဲ့ပိုင်ရှင်ဆိုတော့ သူရဲ့သူငယ်ချင်းဖြစ်‌တဲ့ အစ်မကလည်း ကျွန်တော်တို့ရဲ့ဂုဏ်သရေရှိတဲ့ ဧည့်သည်တစ်ဦးပါပဲ ကျေးဇူးပြပြီး အထဲကို ကြွကြပါ! ”

အန်ဒရီရယ်သည် ထိုလုံခြုံရေးဝန်ထမ်းအား တံခါးဖွင့်ရန် ညွှန်ကြားခဲ့ပြီး ရဲ့လော့ယီနှင့် ဆုလင်းလင်းတို့အား အထဲသို့ဝင်ရန် ဖိတ်‌ခေါ်လိုက်သည်။

ဆုလင်းလင်းသည် ရဲ့လော့ယီအား အသာအယာ တွန်းလိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် တိုးတိုးလေးပြောလိုက်၏။

“ပေ ဆိုတာ ပေမိသားစုရဲ့ ဒုတိယသား ပေယွဲ့ပိုင်လား”

ရဲ့လော့ယီသည် ပါးများနီလာပြီး ခေါင်းညိမ့်ပြ၏။

“ဟုတ်တယ်”

ဆုလင်းလင်းသည် ပရိတ်သတ် တစ်ယောက်ကဲ့သို့ ရွှင်မြူးလာလေသည်။

“ “သူငယ်ချင်းပါ” ဆိုတာက ဘာလဲ

နင်နဲ့ ပေယွဲ့ပိုင်က ခွဲမရဖြစ်နေတာပဲ!”

ရဲ့လော့ယီ၏ မျက်နှာမှာ ပို၍ နီရဲလာတော့၏။

“ငါတို့က တကယ် သူငယ်ချင်းတွေပါ”

[ အဲ့နိုင်ငံခြားသား ပြောတဲ့ဟာကို ငါဘာသာပြန်ကြည့်လိုက်တာ ‘ပေ’ က ဝိုင်စက်ရုံပိုင်ရှင်လို့ ပြောလိုက်သလိုပဲ]

[ ‘ပေ’ ပေယွဲ့ပိုင်လား ဝိုး ဝိုး ဝိုးးး ငါတို့ရဲ့ ‘ပိုင်ရဲ့’ shipက တကယ်ကြီးပဲ! ]

[ ပေယွဲ့ပိုင် ဒီရှိုးမှာ မရှိလဲ ငါကတော့ သူတို့ကို ဆက် ship နေမှာပဲ ! ]

[ ဒါက ဒဏ္ဍာရီပုံပြင်ထဲကလို အချစ်ဇာတ်‌လမ်းလေးပဲ ချမ်းသာကြွယ်ဝပြီး ငယ်ရွယ်တဲ့ CEO ကောင်လေးနဲ့ ချစ်စရာကောင်းပြီး ဆွဲဆောင်မှုရှိတဲ့မင်းသမီးလေး… သူတို့အတွက် ဖန်တီးထားတဲ့ fanfic တွေရှိရင် ငါ့ကိုပေးကြစမ်းပါ! ]

ရဲ့လော့ယီ၏ ဝိုင်စက်ရုံသို့ သွားရောက်လည်ပတ်ရန် ဆုံးဖြတ်ချက်ကြောင့် သူမ၏တိုက်ရိုက်ထုတ်လွှင့်မှုမှာ ပို၍ လူကြိုက်များလာ၏။

ဤဝိုင်စက်ရုံသည် မြင်ရခဲသော နေရာတစ်ခု ဖြစ်သည်သာမက ရဲ့လော့ယီနှင့် ပေယွဲ့ပိုင်၏ ဆက်ဆံရေးမှာလည်း အရေးပါသော ကဏ္ဍတစ်ခုပင်။

ရဲ့လော့ယီနှင့် ပေယွဲ့ပိုင်တို့၏ ကောလဟာလသတင်းများကြောင့် ရဲ့လော့ယီ၏ပုံရိပ်သည် ပို၍ မြင့်မားလာခဲ့သည့်အပြင် သူမ၏ ပရိတ်သတ်များတွင်လည်း shipper အများစု ပါဝင်နေခဲ့ကြ၏။

ပေယွဲ့ပိုင်သည် ကျော်ကြားသော ပုဂ္ဂိုလ်တစ်ဦးမဟုတ်သော်လည်း ထျန်းဟွေ့အနုပညာကုမ္ပဏီ၏ CEO ဖြစ်သောကြောင့် တစ်ကိုယ်တော်ပရိတ်သတ်များနှင့် အငြင်းပွားစရာမရှိတော့ပေ။

သူတို့ကို ship ကြသော ပရိတ်သတ်များသည်လည်း ရဲ့လော့ယီ၏ ပရိတ်သတ်များ ဖြစ်လာကြ၏။

ရဲ့လော့ယီက ပေယွဲ့ပိုင်၏ ဝိုင်စက်ရုံသို့ သွားလည်ကြောင်းကို မြင်ရသည်မှာ သကြားကဲ့သို့ပင် ချိုမြိန်နေသည်။

ရဲ့လော့ယီ၏ ပရိတ်သတ်အများစုသည် ကျုံချင်းယွီ၏ တိုက်ရိုက်ထုတ်လွှင့်မှု မှ ပရိတ်သတ်များကို စတင် ဆွဲဆောင်တော့၏။

[ ကျုံချင်းယွီရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုက ပျင်းစရာကောင်းလိုက်တာ ၊ ရဲ့လော့ယီရဲ့ အစီအစဉ်ကမှ ပိုပြီးစိတ်ဝင်စားဖို့ကောင်းသေးတယ်! ]

[ကျုံချင်းယွီ ပေးနေတဲ့ အိတ်တွေကို ကံစမ်းရတာက ရဖို့အခွင့်အရေးနည်းလွန်းတယ်! ရဲ့လော့ယီရဲ့ ဝိုင်စက်ရုံသွားတာကိုကြည့်တာမှ ပိုကောင်းအုံးမယ်! ]

[ ကိုယ် နားမလည်တဲ့ အချိုပွဲ ဆိုင်တွေကို သွားတာထက်စာရင် ဝိုင်စက်ရုံကိုသွားတာက ပိုစိတ်ဝင်စားဖို့ မကောင်းဘူးလား]

ရဲ့လော့ယီ၏ တိုက်ရိုက်ထုတ်လွှင့်မှုသည် အချိန်ခဏလေးအတွင်း အမြင့်ဆုံးသို့ ရောက်ရှိနေပြီ ဖြစ်၏။

ယန်ရှီနှင့် ကျုံချင်းယွီတို့သည် အချိုပွဲစားပြီးနောက် ဈေးဝယ်စင်တာမှ ထွက်လာကြသည်။

အစားအစာများစားပြီးသော်လည်း အစီအစဉ်များလုပ်ရန်အတွက် နေ့လည်ပိုင်းတစ်ချိန် ကျန်နေသေး၏။

ယန်ရှီသည် နောက်တစ်နေရာသို့သွားရန် မဆုံးဖြတ်ရသေးသောကြောင့် လူးဝစ်အား အကြံ‌ဉာဏ် တောင်းလိုက်၏။

လူးဝစ်သည် ကြိုတင်ပြင်ဆင်ထားသော လမ်းညွှန်စာအုပ်တစ်အုပ်ကို ထုတ်လိုက်၍ ရွေးချယ်စရာများအား ရှင်းပြတော့သည်။

လူးဝစ်က ယုံကြည်အားထားရသူ တစ်ယောက်ပင်။

သူပြင်ဆင်ထားသော လမ်းညွှန်စာအုပ်ထဲတွင် လီမြို့၏ ထင်ရှားသော နေရာများသာမက လမ်းလျှောက်ရန်ကြာချိန်နှင့် လုပ်ဆောင်ရမည့် အချက်အလက်အစီအစဉ်များလည်း ပါဝင်၏။

ဥပမာအနေဖြင့် Disneyland ကဲ့သို့ နေရာများမှာ အားအင် အမြောက်အများလိုအပ်ပြီး လုပ်ဆောင်ရမည့် တာဝန်လည်း များပြားလှ၏။

တောက်တက်ခြင်း ၊ နှင်းလျောစီးခြင်း စသောလှုပ်ရှားမှုများသည်လည်း အားစိုက်ထုတ်ရ၍ ကြမ်းတမ်းသော အစီအစဉ်များဖြစ်ပေသည်။

တစ်ဖက်တွင်တော့ အနုပညာပြပွဲများ၊ ထင်ရှားကျော်ကြားသော တက္ကသိုလ်များနှင့် လှေလှော်ပြိုင်ပွဲများအား သွားရောက်ကြည့်ရှုခြင်းသည် အားစိုက်မထုတ်ရသော အစီအစဉ်များဖြစ်၏။

[လူးဝစ့်ရဲ့ လမ်းညွှန်စာအုပ်ကို ဝေမျှပေးပါဦး! ]

[ ငါအဲ့လို လမ်းညွှန်စာအုပ်မျိုး တကယ်လိုနေတာ ! အားစိုက်ထုတ်ရတဲ့အစီအစဉ်တွေက ငါ့လို ပျင်းတဲ့သူအတွက် မဟုတ်ဘူး ! ]

[ ခရီးသွား အေဂျင်စီတွေက အမြဲ အားစိုက်ထုတ်ရတဲ့ အစီအစဉ်တွေကိုပဲ ပေးကြတာ သူတို့ လူးဝစ့်ရဲ့ လမ်းညွှန်စာအုပ်ကို အတုယူသင့်တယ်! ]

လူးဝစ်က နေ့လည်ခင်းအတွက် သင့်လျော်သော အစီအစဉ်များကို ပြောပြပေးနေချိန်တွင် ယန်ရှီ၏ စိတ်ထဲ၌ system က သတင်းပို့လာလေသည်။

[ Host ပြသာနာတော့တက်ပြီ! ရဲ့လော့ယီရဲ့တိုက်ရိုက်ထုတ်လွှင့်မှုက ကျွန်တော်တို့ရဲ့ကျော်ကြားမှုကို ကျော်သွားပြီ ! ]

ယန်ရှီသည် ဈေးဝယ်စင်တာတွင် မုန့်စားနေခြင်းကြောင့် ကြည့်ရှုမှုနည်းမည်ဟု ကြိုသိထားသော်လည်း ရဲ့လော့ယီ၏ အစီအစဉ်က သူတို့ထက် ပို၍ ကောင်းမည်ဟု မထင်ထားခဲ့ပေ။

[ သူ့ရဲ့တိုက်ရိုက်ထုတ်လွှင့်မှုက ကြည့်ရှုမှုနည်းနေတာကို ရဲ့လော့ယီက သတိထားမိသွားတယ်‌လေ၊ အဲ့တော့ သူက ဆုလင်းလင်းနဲ့အတူ ဝိုင်စက်ရုံကို သွားဖို့ အစီအစဉ်ပြောင်းလိုက်တာ ! ]

ယန်ရှီသည် ရုတ်တရက် နားလည်သွားတော့၏။

၎င်းက အဘယ်ကြောင့် ရဲ့လော့ယီ၏ တိုက်ရိုက်ထုတ်လွှင့်မှု ကြည့်ရှုနှုန်းများလာရသည့် အကြောင်းပင်။

ရဲ့လော့ယီသည် အစကတည်းကပင် ကျုံချင်းယွီထက် ပို၍ အောင်မြင်ကျော်ကြားခဲ့သည့်အပြင် ဝိုင်စက်ရုံသို့ သွားရောက်လည်ပတ်ခြင်းကလည်း မုန့်စားခြင်းနှင့် ဈေးဝယ်ထွက်ခြင်းထက် ပိုပြီး စိတ်ဝင်စားဖွယ်ရာ ကောင်းနေလေ၏။

“ ရဲ့လော့ယီရဲ့မိသားစုက အဲ့လောက်တောင် ချမ်းသာတာလား ”ဟု ယန်ရှီမှ မေးလိုက်သည်။

“ သူတို့က တကယ် လီမြို့မှာ ဝိုင်စက်ရုံပိုင်တာလား”

System သည် သူ၏တောက်ပနေသော မျက်လုံးဝိုင်းဝိုင်းလေးကို ပုတ်ခတ် ပုတ်ခတ်လုပ်ကာ

[ အဲ့ဝိုင်စက်ရုံပိုင်ရှင်က ရဲ့လော့ယီမဟုတ်ဘူး၊ အဲ့တာကျုံချင်းယွီဟာ! ]

ရဲ့လောယီသည် ပေယွဲ့ပိုင်အား ခေါ်လိုက်၏။

အင်တာနက်သုံးစွဲသူအများအပြားက ပေယွဲ့ပိုင်နှင့် သူမအား shipနေကြပြီး အမှန်တကယ် လိုက်ဖက်သော အတွဲဖြစ်လာမည်ဟု ယုံကြည်နေကြသည်။

ရဲ့လော့ယီသည်လည်း ပေယွဲ့ပိုင် သူ့မအပေါ်တွင် ထားရှိသည့် ခံစားချက်များအား သိရှိနေပြီးသားဖြစ်၏။ ပန်းဆီရောင် ပူဖောင်းလေးများဖြင့် ပြည့်နေသော အခန်းတစ်ခန်းကဲ့သို့ ဝိုးတဝါး ကြည်နူးဖွယ် ခံစားချက်များဖြင့် ပြည့်နှက်နေကာ တစ်ဖက်ဖက်မှ စတင်ဖွင့်ပြောမည့် အခြေအနေကို စောင့်နေသကဲ့သို့ပင်။

ရဲ့လော့ယီကတော့ သူတို့နှစ်ဦးကြားရှိ ပါးလွှာသည့် စည်းမျဉ်းလေးအား မဖြတ်ချင်ပေ။

ပြောရလျှင် ယောကျာ်းလေးများသည် မိန်းကလေးတစ်ဦးအား ပိုးပန်းနေသည့်အချိန်၌ အာရုံစူးစိုက်မှုအများဆုံးဖြစ်၏။

သို့သော် ချစ်သူရည်းစားများဖြစ်သွားပါက ပိုးပန်းနေသည့်အချိန်တုန်းကကဲ့သို့ ဖြစ်ရန်မှာ ရှားပါးလေသည်။

ရဲ့လော့ယီသည် ယခုထိ ပိုးပန်းခံနေရသည့် အခြေအနေကိုသာ သာယာကြည်နူးနေသေး၏။

ထို့အပြင် ဤအခြေအနေသည် ပေယွဲ့ပိုင်နှင့် သူမအကြောင်းကို အွန်လိုင်းပေါ်တွင် “CP” သတင်းဖြန့်ခြင်းမှ မရပ်တန့်သွားစေသည့်အပြင် ပေယွဲ့ပိုင်လည်း သူမအပေါ် ကောင်းကောင်းမွန်မွန် ဆက်ဆံနေလိမ့်မည်ပင်။

သို့သော်လည်း သူမသည် သူ၏ တရားဝင်ကောင်မလေး မဟုတ်သေးသည့်အတွက် သူမ၏ဂုဏ်သိက္ခာကို ထိန်းသိမ်းရန် လိုအပ်သေးသည်။

ထို့ကြောင့်ပင် ရဲ့လော့ယီသည် ပေယွဲ့ပိုင်အား ဖုန်းခေါ်၍ သူမ ရောက်နေကြောင်းကို အသိပေးခဲ့၏။

နောက်ဆုံးတစ်ခေါက် သူ သူမကို ဒီနေရာကို ခေါ်ခဲ့တုန်းက သူပိုင်ဆိုင်သမျှ အကုန်လုံး သူမ ပိုင်တယ်လို့ ပြောခဲ့တာပဲမလား။

သူမ လာချင်တဲ့အချိန်တိုင်း လာလို့ရတယ်လေ။

ရဲ့လော့ယီ ဝိုင်စက်ရုံသို့ ရောက်နေသည်ဟု ကြားသိရချိန်တွင် ပေယွဲ့ပိုင်၏ မျက်နှာပေါ်၌ အပြုံးတစ်ခု ပေါ်ပေါက်လာသော်လည်း ဖုန်း၏ တစ်ဖက်ခြမ်းတွင် ရှိသော ရဲ့လော့ယီမှာ ထိုအရာကို သတိမထားခဲ့မိချေ။

ဝိုင်စက်ရုံ၏ ပိုင်ရှင်အစစ်မှာ ကျုံချင်းယွီ ဖြစ်ကြောင်းကို သူ ရဲ့လော့ယီအား မပြောပြခဲ့ပေ။

ထိုဝိုင်စက်ရုံသည် ကျုံချင်းယွီ ဆယ့်ခြောက်နှစ်ပြည့်စဥ်က သူမ ရရှိခဲ့သော မွေးနေ့လက်ဆောင်ဖြစ်သော်လည်း ကျုံချင်းယီမှာ ဝိုင်နှင့်ပတ်သတ်၍ စိတ်မဝင်စားခဲ့ခြင်းဖြစ်၏။

သူမသည် လက်ဝတ်ရတနာများနှင့် ဒီဇိုင်နာအိတ်များကဲ့သို့သော ဇိမ်ခံပစ္စည်းများကိုသာ ပို၍ သဘောကျခဲ့ရာ ဝိုင်စက်ရုံမှာ သူမ၏ပိုင်ဆိုင်မှုများထဲမှ တစ်ခုသာဖြစ်ခဲ့ပြီး အသက်ဆယ့်ခြောက်နှစ်ကတည်းကပင် သွားရောက်လည်ပတ်ခြင်းမရှိခဲ့ချေ။

လွန်ခဲ့သည့်နှစ်တွင် ဝိုင်စက်ရုံသည် အရေးကြီးပြဿနာတစ်ခုဖြစ်သွားခဲ့ရာ ထိုအချိန်၌ ပေယွဲ့ပိုင်က လီမြို့တွင် ရှိနေခဲ့သည်။

ကျုံချင်းယွီသည် သူ့အား ဝိုင်စက်ရုံကို သူမကိုယ်စား စီမံခန့်ခွဲရန် အပ်နှံထားလိုက်၏။

ကျုံချင်းယွီသည် ပေယွဲ့ပိုင်အတွက် ပိုမို လွယ်ကူစေရန် ဝိုင်စက်ရုံရှိ အိမ်တော်ထိန်းအိုအား ပေယွဲ့ပိုင်မှာ သူမ၏လက်တွဲဖော်ဖြစ်ကြောင်း ပြောကြားခဲ့ရာ ၎င်းကြောင့်ပင် သူ့အား ဝိုင်စက်ရုံ၏ပိုင်ရှင်ဖြစ်လာစေခဲ့သည်။

ပြောရမည်ဆိုလျှင် ပေမိသားစုနှင့် ကျုံမိသားစုနှစ်ခုကြားတွင် မင်္ဂလာကိစ္စ စီစဉ်ထားသဖြင့် ကျုံချင်းယွီ၏ စကားများမှာ အမှားမဟုတ်ချေ။

ထို့ကြောင့်ပင် ပေယွဲ့ပိုင်က ရဲ့လော့ယီအား ဤဝိုင်စက်ရုံသို့ ခေါ်လာခဲ့သည့်အချိန်၌ သူ၏ ဂုဏ်သိက္ခာ မြင့်မားစေရန်အတွက် ဝိုင်စက်ရုံမှာ သူ့အပိုင်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ရဲ့လော့ယီသည် ဤစက်ရုံကို ပေမိသားစုမှ ပေယွဲ့ပိုင်အား အမွေပေးထားသည်ဟု ယူဆခဲ့၏။

အမှန်တွင် ပေမိသားစုသည် တရားမဝင်သားတစ်ယောက်အား ဝိုင်စက်ရုံကို ပေးမည်မဟုတ်သော်လည်း ပေမိသားစု၏ ဒုတိယသား အနေဖြင့်ဆိုလျှင် ဖြစ်နိုင်ပေသည်။

ပေယွဲ့ပိုင်မှာ တရားမဝင်သားဖြစ်သည်ဟူသော အချက်အား ကျုံချင်းယွီပင် မသိရာ ရဲ့လော့ယီဆိုလျှင် ပို၍ပင် မသိနိုင်ပေ။

ပေယွဲ့ပိုင်သည် ဤဝိုင်စက်ရုံသို့ ရဲ့လော့ယီ ထပ်မံလာရောက်လည်ပတ်မည်ကို ကြိုတင်ခန့်မှန်းမိခဲ့သော်လည်း တိုက်ရိုက်ထုတ်လွှင့်ရန်အတွက် ရောက်လာမည်ဟု မထင်ထားခဲ့ပေ။

ရဲ့လော့ယီအတွက် သူတို့ပြင်ဆင်ပေးထားသောအစီအစဉ်၌ ဝိုင်စက်ရုံသို့သွားမည့်အစီအစဉ် မပါခဲ့ချေ။

“ယွဲ့ပိုင်၊ ယွဲ့ပိုင်”

ရဲ့လော့ယီသည် ပေယွဲ့ပိုင်စိတ်လွင့်‌နေသည်အား သတိထားမိသွားပြီး မကျေနပ်သော အသံဖြင့် သူ့အား နှစ်ကြိမ်ခေါ်လိုက်လေ၏။

“ကျွန်မ ဒီကိုလာလိုက်တာ ရှင့်အတွက် အဆင်မပြေဖြစ်သွားတာလား”

“သေချာပေါက် မဟုတ်ဘူးပေါ့! ”

ပေယွဲ့ပိုင်သည် အတွေးလွန်နေရာမှ ပြန်၍ သတိကပ်လာလေသည်။

လီမြို့တွင် ဝိုင်စက်ရုံများ အများအပြားရှိလှကာ အတော်များများသည် ကျုံးချင်းယွီ ပိုင်ဆိုင်သော စက်ရုံများပင်။

သူမသာ ဒီရှိုးကို မကြည့်သရွေ့ ရဲ့လော့ယီက သူမ၏ ဝိုင်စက်ရုံသို့ လာခဲ့သည်ကို သိမည်မဟုတ်ပေ။

အကယ်၍ သူမ ရှိုးကို ကြည့်ခဲ့လျှင်ပင် ဤစက်ရုံသို့ ၇နှစ်အတွင်း လာရောက်လည်ပတ်ခဲ့ခြင်း မရှိသောကြောင့် မှတ်မိနိုင်မည်မဟုတ်ချေ။

အကယ်၍ ကျုံချင်းယွီသည် ဝိုင်စက်ရုံအား သူမ၏ ပိုင်ဆိုင်မှုမှန်း သိသွားခဲ့၍ အဆိုးဆုံးအခြေအနေသို့ ရောက်လာပါကလည်း ပေယွဲ့ပိုင်မှာ သူမအား ချော့ပြော၍ အရူးလုပ်ရန် စဉ်းစားထားသည်။

ကျုံချင်းယွီသည် အရူးလုပ်ရန် လွယ်ကူလွန်းသည်။

“ကိုယ် မင်းကို အရင်က မပြောခဲ့ဘူးလား”

“ကိုယ့်အပိုင်က မင်းအပိုင်ပဲလေ၊ မင်းလာချင်တဲ့အချိန်တိုင်း လာလို့ရပါတယ်” ဟု ပေယွဲ့ပိုင်မှ သိမ်မွေ့ညင်သာစွာပြောလိုက်၏။

ရဲ့လော့ယီမှာ အလွန်ကျေနပ်သွားရာ သူမ၏နှုတ်ခမ်း၌ အပြုံးတစ်ပွင့် ပေါ်ပေါက်လာတော့သည်။

ငွေရှိလျှင် အချစ်ရှိသည်ဟု လူအများက ပြောကြသော်လည်း ပေယွဲ့ပိုင်၏ သူမအပေါ်အလေးပေးမှုနှင့် ဂရုစိုက်မှုများမှာ ရဲ့လော့ယီအတွက် တန်ဖိုးထားခံရသည်ဟု ခံစားရ၏။

ကျုံချင်းယွီ၏ဖခင်မှ ဤဝိုင်စက်ရုံအား မဝယ်ခင် အချိန်ကတည်းကပင် ရှိနေခဲ့သော အိမ်တော်ထိန်းအိုမှာ ဂိုထောင်ထဲတွင် အနားယူနေသဖြင့် အနားတွင်မရှိပေ။

ပေယွဲ့ပိုင်သည် အန်ဒရီရန်အား ဖုန်းခေါ်ကာ သူကိုဆက်ဆံသကဲ့သို့ ရဲ့လော့ယီကိုကောင်းကောင်းဆက်ဆံရန် မှာလိုက်လေသည်။

အန်ဒရီရန်သည် ရဲ့လော့ယီနှင့် ဆုလင်းလင်းအား နှစ်အလိုက်စီထားသော ဝိုင်ပုလင်းများနှင့် ပြည့်နှက်နေသည့် စင်များကိုဖြတ်၍ ရဲတိုက်ထဲသို့ ဦးဆောင်ကာ ခေါ်သွား၏။

သူတို့ ဒုတိယထပ်မှ ရှုခင်းကြည့်စင်သို့ ရောက်လာချိန်တွင် အသင့်ပြင်ဆင်ထားသော ကျက်သရေရှိလှသည့် စားပွဲသေးလေးတစ်ခုက သူတို့အား ကြိုဆိုနေသည်။

အန်ဒရီရန်က သူတို့နှစ်ဦးအား ထိုနေရာ၌ ထိုင်ရန် ဖိတ်ခေါ်လိုက်ပြီး ဝန်ထမ်းလေးသည် သူမတို့မြည်းကြည့်ရန် ဝိုင်ပုလင်းများအား ယူလာပေးလေ၏။

မြင့်မားသော ရှုခင်းကြည့်ရသည့်နေရာ၌ ထိုင်နေရင်းနှင့် လေအေးများက သူတို့အား ညင်သာစွာ တိုက်ခတ်နေသည့်အပြင် စိမ်းလန်းလှပသောအပင်များနှင့်အတူ တောက်ပ၍အရောင်စုံသော စပျစ်သီးများသည်လည်း မျက်လုံးထဲတွင် နေရာအပြည့်ယူထားကြ၏။

အန်ဒရီရယ်မှာ လုံခြုံရေးခေါင်းဆောင်ဖြစ်သဖြင့် ဝိုင်နှင့်ပတ်သတ်သည့် အကြောင်းအရာများကို မသိသော်လည်း ဝန်ထမ်းများကတော့ သိကြပေသည်။

သူတို့သည် စိတ်အားထက်သန်စွာဖြင့် အမျိုးသမီးနှစ်ယောက်အား စက်ရုံ၌ရှိသောဝိုင်အမျိုးမျိုးကို မိတ်ဆက်ပေးကြ၏။

“ဒီမှာ ဝိုင်ပုလင်းတွေ ဘယ်လောက်တောင် သိုလှောင်ထားတာလဲ”

ဆုလင်းလင်းက အန်ဒရီရန်အား မေးလိုက်သည်။

“ပုလင်း တစ်သောင်းလောက်ရှိမယ်ထင်တယ် ဒါပေမယ့် အိမ်တော်ထိန်းကြီးပဲ အရေအတွက်အတိအကျကို သိလိမ့်မယ်” ဟု အန်ဒရီရယ်မှ လေစားစွာဖြင့် ဖြေလေ၏။

“ကျွန်တော်တို့ရဲ့ ဝိုင်တွေက ပြင်သစ်၊ အမေရိကန်၊ တရုတ်နဲ့ အခြားနိုင်ငံတွေကိုလဲ တင်သွင်းတယ်၊ ဝိုင်တွေရဲ့ အရည်အသွေးကလဲ အရမ်းကောင်းတာမလို့ ကိုယ့်အတွက် ဝယ်ရင်လဲ အဆင်ပြေသလို တစ်ခြားသူကို လက်ဆောင်အဖြစ်ပေးမယ်ဆိုလဲ အဆင်ပြေပါတယ်”

“လက်ဆောင်အဖြစ်…”

ရဲ့လော့ယီ၏ မျက်လုံးများတွင် မှိန်ဖျော့သောအလင်းရောင် အနည်းငယ် တောက်ပလာ၏။

“ယီယီ! ငါတို့လည်း ဘာလို့ လက်ဆောင် ဖောက်မပေးပဲနေရမှာလဲ!

ဆုလင်းလင်းက စိတ်အားထက်သန်စွာနှင့် အကြံပေးလိုက်သည်။

ကျုံချင်းယွီ၏ လက်ဆောင်ပစ္စည်းများ မဲဖောက်ပေးမှုကြောင့် သူမ၏ ကျော်ကြားမှု ပိုတိုးလာသည်အား PDဆီမှ ကြားသိရပြီးနောက်တွင် ဆုလင်းလင်းလည်း တူညီသောအတွေးကို တွေးမိနေတော့၏။

အဲ့တာက ပိုက်ဆံပဲမဟုတ်ဘူးလား။ ဘယ်သူက ချမ်းသာတဲ့ အမွေဆက်ဆံသူမဟုတ်လို့လဲ၊ ဘယ်သူက ပိုက်ဆံမရှိလို့လဲ

ကျုံချင်းယွီက ဒီဇိုင်နာထုတ် အိတ်တွေ အင်္ကျီတွေပေးနိုင်ရင် ငါတို့လဲ ဝိုင်တွေပေးနိုင်တာပဲလေ!

ဝိုင်သည် တန်ဖိုးမြင့် ကုန်ပစ္စည်းတစ်မျိုးဖြစ်ပြီး ကိုယ်တိုင်အတွက်သာမက တစ်ခြားသူအား လက်ဆောင်ပေးမည်ဆိုလျှင်လဲ အလွန်ကောင်းမွန်သည်ပင်။

ကျုံချင်းယွီရဲ့ သုံးပြီးသားအိတ်တွေကို မဲဖောက်ပေးနေတာထက်စာရင်တော့ ပိုကောင်းတယ်!

ရဲ့လော့ယီက စိတ်အားထက်သန်နေခဲ့သည်။

ညနေ ၅နာရီတွင် ကျုံချင်းယွီက လက်ဆောင်ပေးသော မဲရလဒ်များကို ကြေညာမည်ဖြစ်သဖြင့် သူမ၏ တိုက်ရိုက်ထုတ်လွှင့်မှုက ပြန်လည်ရေပန်းစားလာမည်ဖြစ်သည်။

ရဲ့လော့ယီသည် ကျုံချင်းယွီ၏ လွှမ်းမိုးမှုကို မခံချင်ပေ။

သို့သော် ရဲ့လော့ယီမှာ ပေယွဲ့ပိုင်၏ ပစ္စည်းများအား သုံး၍ လက်ဆောင်ပေးခြင်းသည် မသင့်တော် ဟူ၍လည်း ခံစားနေမိ၏။

သူမက သူစိတ်ဆိုးသွားမည်ကို စိုးရိမ်နေခဲ့သည်။

သို့သော် ဆုလင်းလင်းမှာ ထိုအရာများအား စိုးရိမ်ပူပန်မှုမရှိခဲ့ပေ။

“လုပ်ငန်းအရပြောရမယ်ဆိုရင် ဒုတိယသခင်လေး ပေက နင့်ရဲ့ သူဌေးလေ၊ ဒီလိုမျိုး လက်ဆောင်ပေးတာကလည်း နင့်ကိုပရိုမိုးရှင်းဆင်းပေးတဲ့သဘောပါပဲ၊ ကိုယ်ရေးကိုယ်တာအရဆိုရင်တော့…..”

ဆုလင်းလင်း၏ အပြုံးမှာ ပိုမို နက်ရှိုင်းလာ၏။

သူမ၏မျက်လုံးထဲတွင် ရဲ့လော့ယီနှင့် ပေယွဲ့ပိုင်ကြား၌ မည်သည့်အတားအဆီးမျှ မရှိပေ။

အကယ်၍ ပေယွဲ့ပိုင်က ရဲ့လော့ယီကို ပိုးပန်းချင်ရင် ဒီလောက်ငွေလေးသုံးတာက ဘာမှမဟုတ်ဘူးလေ!

ပေမိသားစု၏ ဒုတိယသားသည် ကောင်မလေးတစ်ယောက်ကို ပိုးပန်းရန်အတွက် ပိုက်ဆံသန်းချီ အလွယ်တကူ သုံးနိုင်သူ ဖြစ်ရမည်ပင်။

ဒီဝိုင်လက်ဆောင်ပေးတဲ့အစီအစဉ်က သန်းပေါင်းနည်းနည်းလောက်ပဲ ကုန်မှာပါ!

ရဲ့လော့ယီလည်း ထိုနည်းတူ တွေးမိ၏။

“ကိုယ့်အပိုင်က မင်းအပိုင်ပဲလေ” ဟူသည့် ပေယွဲ့ပိုင်၏ စကားကြောင့် ရဲ့လော့ယီလည်း တွန့်ဆုတ်မနေတော့ပေ။

အန်ဒရီရန်က ဝန်ထမ်းများအား လက်ဆောင်ပေးသည့် အစီအစဉ်လုပ်ရန်အတွက် သင့်လျော်သော ဝိုင်ပုလင်းများကို ယူလာခိုင်းလိုက်သည်။ ထို့အပြင် ဆုလင်းလင်းက ဝိုင်ပုလင်း အလုံး ၁၀၀ ပေးရန် ဆုံးဖြတ်လိုက်၏။

ထိုအရေအတွက်က သင့်လျော်သော အရေအတွက်ပင်။ အကယ်၍ ၎င်းထက်ပိုနည်းနေလျှင် သူတို့က ကပ်စီးနည်းသည့်ပုံ ပေါက်နေလိမ့်မည်။

ဆုလင်းလင်းသည် ရဲ့လော့ယီအနားသို့ တိုးကပ်လာ၏။

“စိတ်မပူပါနဲ့ ငါ အန်ဒရီရန်ကို ယွမ်တစ်သောင်းဝန်းကျင်ပဲရှိတဲ့ ဝိုင်ပုလင်းတွေကို ရွေးခိုင်းထားတယ်။ အဲ့ဝိုင်တွေကို စားသောက်ဆိုင်ကြီးတွေမှာ ယွမ်၃သောင်း၊ ၄သောင်းလောက်နဲ့ တင်သွင်းကြတာတဲ့၊ ဝယ်တဲ့ဖောက်သည်တွေဆီ ရောက်တော့ ယွမ် ၇သောင်းကနေ ၈သောင်းလောက်ထိ ဈေးပေါက်သွားရော။ အဲ့တာတွေကို တစ်ပုလင်း ယွမ်၁သိန်းတန်တယ်လို့ ငါတို့ပြောကြမယ်။ အထင်ကြီးစရာကောင်းတယ်လို့ ထင်ရပေမယ့် တစ်ကယ်တန်း ကုန်ကျစရိတ်က တစ်မီလီယမ်လောက်ပဲ ရှိမှာ!”

တစ်မီလီယမ်ဆိုသည်မှာ ချမ်းသာသောလူများအတွက် မုန့်ဖိုးသာသာလောက်သာ ဖြစ်ပေသည်။

ရဲ့လော့ယီမှာ ချမ်းသာသော အမွေဆက်ဆံသူတစ်ဦးဖြစ်သည့်အပြင် အောင်မြင်ကျော်ကြားသည့် ထိပ်တန်းမင်းသမီးတစ်ဦးလည်း ဖြစ်‌သောကြောင့် တစ်မီလီယမ်အတွက် မျက်တောင်ပင်မခတ်ခဲ့ချေ။

အကယ်၍ ပေယွဲ့ပိုင်က ထိုကိစ္စနှင့် ပတ်သတ်၍ စိတ်ဆိုးပါကလည်း သူမ ထိုတစ်မီလီယမ်အား ပြန်ပေးနိုင်သည်။

သို့ပေမယ့် ရဲ့လောယီသည် ပေယွဲ့ပိုင်မှာ တစ်မီလီယမ်လောက်ဖြင့် စိတ်ဆိုးမည်မဟုတ်ကြောင်း သိပေသည်။

သူက သူမအပေါ်တွင် အရင်းအမြစ်များ အများအပြား ရင်းနှီးထားပြီးသူဖြစ်ရာ သူသည် တွန့်တိုတက်သောသူ မဟုတ်ပေ။

လက်ဆောင်ပေးမည့် အစီအစဉ်အား ကြေညာပြီးနောက်

တိုက်ရိုက်ထုတ်လွှင့်မှုသည်

စိတ်လှုပ်ရှားမှုများကြောင့် ပေါက်ထွက်မတက်ပင် ဖြစ်သွားလေသည်။

[ပုလင်း ၁၀၀တောင်! ယီယီက အရမ်းရက်ရောတာပဲ]

[ဒါက ယီယီက တကယ်ချမ်းသာတဲ့ မိန်းကလေး‌ဆိုတာကို သက်သေပြနေတာပဲ! တစ်ခြားသူက ယှဉ်တောင်ယှဉ်နိုင်ပါ့မလား သူတို့က သုံးပြီးသားပစ္စည်းတွေကိုလက်ဆောင်ပေးပြီး ပရိတ်သတ်တွေကို အရူးလုပ်နေကြတာလေ!]

[ကျုံရေ ဒီမှာလာကြည့်လိုက် ဒုတိယသခင်လေးပေက ယီယီကို ချစ်တယ်! သူက သူမ လုပ်ချင်တဲ့ လက်ဆောင်ပေးတဲ့အစီအစဉ်အတွက် ဆယ်မီလီယမ်တောင် အကုန်ကျခံနိုင်တယ်! နင့်အတွက်ဆိုရင် သူအဲ့လိုလုပ်ပါ့မလား သူတို့နှစ်ယောက်ကြားထဲ ဝင်ရှုပ်နေတာ ရပ်လိုက်တော့!]

[အနုပညာလောကကြီးက အရမ်းအပြိုင်အဆိုင်များတာပဲ၊ ပထမတစ်ခါ ကျုံချင်းယွီက ဇိမ်ခံပစ္စည်းတွေ လက်ဆောင်ပေးတယ် အခုကြတော့ ရဲ့လော့ယီက ဝိုင်ပုလင်းတွေလက်ဆောင်ပေးပြန်တယ်ငါတို့တွေ နောက်ကြရင် အိမ်ကိုပါပေးတဲ့ အနုပညာရှင်တွေကို မြင်ရတော့မလားမသိဘူးနော်!]

[ငါတစ်ခုတော့ပြောချင်တယ်… ရဲ့လော့ယီလက်ဆောင်ပေးနေတဲ့ ဝိုင်တွေက ကြည့်ရသလောက်ဆိုရင် အများဆုံး ယူရို တစ်ထောင် နှစ်ထောင်လောက်ပဲ တန်တာ]

ကြည့်ရှုသူများထဲ၌ ဝိုင်များ၏ အမှန်တကယ်ဈေးနှုန်းအား သိကြသူများမှာ အနည်းငယ်သာရှိပြီး အများစုမှာ အလွန်ပင် စိတ်လှုပ်ရှားနေကြသူများ ဖြစ်ကြ၏။

ရဲ့လော့ယီ ခန့်မှန်းထားသည့်အတိုင်းပင် ဤလက်ဆောင်ပေးမှုက သူမ၏ တိုက်ရိုက်ထုတ်လွှင့်မှုအား ပို၍ ရေပန်းစားလာစေခဲ့ပြီး ကျုံချင်းယွီက တစ်ဖန် နောက်ကျကာ ကျန်ရစ်ခဲ့ရပြန်သည်။

ဤဝိုင်စက်ရုံကို သွားရန် ရွေးချယ်လိုက်ခြင်းမှာ မှန်ကန်သော ခြေလှမ်းပင်ဖြစ်သည်။

အန်ဒရီရန်သည် သူမတို့အား အရသာ မြည်းစမ်းရန်အတွက် ဝိုင်ဖြူ ပုလင်းအနည်းငယ်ကို ဖွင့်လိုက်သည်။

ဆုလင်းလင်းမှာ ဝိုင်အနည်းငယ် သောက်ပြီးနောက် အာနိသင်များကို စတင်ခံစားလာရတော့၏။

“ကျန်တဲ့ဧည့်သည်တွေပါ လာနိုင်ရင်ကောင်းမှာပဲနော် ဒီလိုဝိုင်ခြံအကျယ်ကြီးထဲမှာ လူတွေများရင် ပိုပျော်ဖို့ကောင်းမှာ!”

ရဲ့လော့ယီလည်း သဘောတူလိုက်၏။

ကျုံချင်းယီပြင်ဆင်ပေးသော မနက်စာကို စားပြီးနောက် ရဲ့လော့ယီသည် မကျေမနပ်ဖြစ်ကာ ကျုံချင်းယီအား တစ်ခုခု အကြွေးတင်နေသကဲ့သို့ ခံစားနေရ၏။

ယခု သူမ တောက်ပရမည့် အလှည့်ပင်။

ရဲ့လော့ယီသည် ညနေ၌ တစ်ခြားဧည့်သည်များနှင့်အတူ ဝိုင်ခြံတွင်စုကာ ညစာစားကြမည့်အကြောင်းကို ထုတ်လုပ်ရေးအဖွဲ့အား အကြံပေးလိုက်လေသည်။

ဒါရိုက်တာယွီကလည်း မကန့်ကွက်ခဲ့ပေ။

ဤရှိုးသည် အဖွဲ့လေးခု၏ ခရီးသွားပုံစံများကို ပြသရမည် ဖြစ်သော်လည်း အဖွဲ့သားများတွင် ကောင်းမွန်သောဆက်ဆံရေးနှင့် ပူပေါင်းဆောင်ရွက်မှုများလည်း ရှိရန် သူမျှော်လင့်ထား၏။

ရဲ့လော့ယီ၏ ဝိုင်ခြံအတွင်း၌ တွေ့ဆုံပွဲလုပ်ခြင်းသည် အလွန်ပင် ပြီးပြည့်စုံလေသည်။

ရဲ့လော့ယီနှင့် ဆုလင်းလင်းတို့သည် ဝိုင်အနည်းငယ်သောက်ထားသော်လည်း စိတ်နှင့်လူနှင့် ကပ်ကြသေး၏။

သူတို့က အခြားဧည့်သည်များအား တစ်ဦးချင်း ဖုန်းဆက်ကာ ဝိုင်ခြံ၌ တွေ့ဆုံပွဲလုပ်ရန် ဖိတ်ခေါ်နေကြသည်။

ကျင်းထောင်နှင့် ရှောင်ယွီတို့သည် သူတို့၏ တစ်နေ့တာ ရိုက်ကူးရေး အစီအစဉ် ပြီးသွားခဲ့သဖြင့် ချက်ချင်းပင် ဖိတ်ခေါ်မှုအား လက်ခံခဲ့၏။

ချင်းလီနှင့် ကန်းပေါ်ယဲ့တို့သည်လည်း တစ်နေကုန် ရပ်နားခြင်းမရှိ လည်ပတ်ထားသဖြင့် အနားယူရန် ဖိတ်ခေါ်မှုအား လက်ခံခဲ့လေသည်။ အထူးသဖြင့် ချင်းလီသည် ရဲ့လော့ယီအား စိတ်ဝင်စားနေခဲ့ခြင်းပင်။

နောက်ဆုံးတွင် ကျုံချင်းယွီနှင့် ယန်ရှီ အလှည့်သို့ ရောက်ရှိလာခဲ့‌၏။

ကျုံချင်းယွီသည် Lincoln အတွင်း ထိုင်နေစဉ်တွင် ဝီချက်မှ ရဲ့လော့ယီပို့လာသော စာတစ်စောင် ဝင်လာလေသည်။

သူမ၏ မျက်လုံးများမှာ အထင်အမြင်သေးသော ပုံဖြစ်နေ၏။

“ဝိုင်စက်ရုံလေးတဲ့လား၊ ဘယ်သူက ဝိုင်စက်ရုံမရှိလို့လဲ၊ မသွားဘူး”

ရဲ့လော့ယီ၏ ဆိုလိုရင်းအား ကျုံချင်းယွီ ကောင်းကောင်းနားလည်ပေသည်။

ကျုံချင်းယွီ၏ မျက်လုံးထဲတွင် ဝိုင်စက်ရုံဆိုသည်မှာ ရှားပါးသော အရာမဟုတ်ပေ။

သူမသည် လီမြို့၌ တစ်ခုပိုင်ဆိုင်ထားသည့်အပြင် စပိန်တွင်လည်း တစ်ခု ပိုင်ဆိုင်ထားသေး၏။

သူမ၏ ဝိုင်စက်ရုံကိုကြွားချင်ရုံသက်သက်နှင့် ရဲ့လော့ယီနှင့် ညစာစားကာ သူမ၏ ဘဝင်ခိုက်နေသည့်မျက်နှာအား သည်းခံနေရမည့် အဖြစ်ကို ကျုံချင်းယီ စိတ်မဝင်စားပေ။

[ အိုးး မသိရင် ငွေချူစားတဲ့ ကျုံလေးမှာ ဝိုင်စက်ရုံရှိတာ ကြနေရောကွယ် ! ]

[ ငါတို့ ယီယီလေးက နင့်ထက် ပိုပြီးအောင်မြင်နေတာကို လက်မခံနိုင်လို့မလား၊ တကယ်လို့နင့်မှာ လုပ်နိုင်စွမ်းရှိတယ်ဆိုရင်ဘာလို့ ဝိုင်ခြံတစ်ခြံတောင်မရှိရတာလဲ၊ အိုးး မေ့လို့ နင်က ချမ်းသာတဲ့ ကလေးသာသာပါပဲလေ နင့်အဖေက ဝိုင်းခြံလေးတစ်ခြံတောင် မဝယ်နိုင်ဘူးထင်ပါရဲ့! ]

[ ဒါက တကယ့် ချမ်းသာတဲ့ မိန်းကလေးနဲ့ ချမ်းသာချင်ယောင်ဆောင်တဲ့သူနဲ့ ကွာခြားတာပဲလေ။ တကယ်ချမ်းသာတဲ့သူကတော့ ဝိုင်စက်ရုံတစ်ခုလုံး ချပြနိုင်ပေမယ့် အယောင်ဆောင် ချမ်းသာတဲ့သူကြတော့ အိတ်တွေ အကျီတွေပဲ ထုတ်ပြနေတာလေ! ]

[ ဒါပေမယ့် ကျုံချင်းယွီမှာ ကိုယ်ပိုင်လေယာဉ် ရှိတယ်ဆိုတာ မမေ့ကြနဲ့အုံး၊ ရဲ့လော့ယီက တကယ်ချမ်းသာတဲ့ သူတစ်ယောက်ဖြစ်သလို ကျုံချင်းယွီလဲ ဖြစ်နိုင်တယ်နော်! ]

[ တကယ်လို့ ကျုံချင်းယွီသာ အမှန်တကယ်ချမ်းသာရင် နေရာတကာ လိုက်ကြွားနေမှာပေါ့၊ ပြီးတော့ ဒီကိုယ်ပိုင်လေယာဉ်ကလဲ သူ့အပိုင် ဟုတ်ချင်မှဟုတ်မှာလေ သူ့အဖေဟာပဲနေမှာ! ]

မနေ့က ကိုယ်ပိုင်လေယာဉ်ပေါ်၌ ထုတ်လွှင့်ခဲ့သည့် တိုက်ရိုက်ထုတ်လွှင့်မှုတွင် ကျုံယန်စီနှင့် လက်ထောက်ဆွန်တို့အား ကင်မရာထဲ၌ ဝါးထားခဲ့ကြ၏။

ထိုအရာသည် ထျန်းဟွေ့အနုပညာကုမ္ပဏီ၏ တောင်းဆိုချက်ဖြစ်ပြီး သူတို့သည် CEO၏ ခရီးစဉ်အား ထုတ်ဖော်ပြခဲ့ခြင်း မရှိပေ။

ထို့ကြောင့်ပင် ကျုံချင်းယွီနှင့် ကျုံယန်စီတို့၏ ဆက်ဆံရေးအား မည်သူမှ မသိခဲ့သည့်အပြင် ကျုံချင်းယွီသည် ကျုံစီးပွားရေးလုပ်ငန်းစု၏ အမွေဆက်ဆံသူဖြစ်ကြောင်းကိုလည်း မည်သူမှမသိခဲ့ခြင်းပင်။

ယန်ရှီ၏ မျက်လုံးများသည် မကျေနပ်မှုများဖြင့် ပြည့်နှက်နေတော့၏။

အကယ်၍ ရဲ့လော့ယီသည် သူမ၏ ခရီးစဉ်အတိုင်းသာ သွားပါက ယန်ရှီလည်း ဂရုမစိုက်ဘဲ အေးဆေးပင် နေနိုင်သည်။

သို့သော်လည်း ယခုတွင် ရဲ့လော့ယီသည် ကျုံချင်းယွီ၏ ဝိုင်ခြံကို အသုံးပြု၍ သူမ၏ ထုတ်လွှင့်မှုအား ရေပန်းစားလာအောင် ပြုလုပ်ခဲ့သည့်အပြင် ကျုံချင်းယွီ၏ ကံကောင်းမှုများကိုပါ လုယူနေခြင်းပင်။

အကယ်၍ ရဲ့လော့ယီသည် ပို၍ ကျော်ကြားလာခဲ့ပြီး ကျုံချင်းယွီအား လွှမ်းမိုးသွားပါက မည်သို့လုပ်မည်နည်း။

ယန်ရှီသည် ကျုံချင်းယွီဘက်သို့ လှည့်ကာ ပြောလိုက်၏။

“ ချင်းယွီရေ ငါ့အထင်တော့ ဝိုင်စက်ရုံတွေက တစ်ကယ်မိုက်တယ်နော်၊ ငါတစ်ခါမှ အဲ့လိုနေရာမျိုးတွေမရောက်ဖူးဘူး!”

“ နင်က သွားချင်လို့လား” ဟု ကျူံချင်းယွီမှ တုံ့ဆိုင်းစွာဖြင့် မေးလာလေ၏။

အကယ်၍ ယန်ရှီ တကယ်သွားချင်နေပါက ကျုံချင်းယွီသည် ရဲ့လော့ယီအား မကျေနပ်သော်လည်း ယန်ရှီနှင့်အတူ သွားရသည်ကို စိတ်ထဲထားမည် မဟုတ်ပေ။

“ ဒါပေါ့! ဝိုင်တွေကိုဘယ်လိုလုပ်တာလဲ၊ ဝိုင်ဂိုဒေါင်ထဲမှာ ဘာတွေရှိလဲ ငါသိချင်တယ်လေ!” ဟု ယန်ရှီမှ ပြုံး၍ ချိုသာစွာ ဖြေလိုက်၏။

“ ဒါပေမယ့် နင်က လူများတဲ့နေရာတွေကို မကြိုက်ဘူးမလား အဲ့ဒီတော့ ရဲ့လော့ယီရဲ့တွေ့ဆုံပွဲကို မသွားနဲ့‌တော့လေ၊ နင့်မှာ ဝိုင်ခြံတစ်ခုရှိတယ်မလား ငါတို့အဲ့နေရာကို သွားလို့ရသားပဲ !”

အလိုက်တသိ တွေးခေါ်ပေးတက်သော သူငယ်ချင်းကောင်းတစ်ယောက် ဖြစ်သည့်အလျောက် ယန်ရှီသည် ကျုံချင်းယွီမလုပ်ချင်သော အရာများအား အတင်းလုပ်ဆောင်ရန် ဖိအားမပေးချင်ပေ။

အရံဇာတ်ကောင်အဖြစ်သာ အနည်းငယ် ပါဝင်ရသော်လည်း ယန်ရှီသည် ဇာတ်ဆောင်မင်းသမီး၏ ရန်ဘက်ဖြစ်သည့် ဇာတ်ကောင်အား ဇာတ်ဆောင်မင်းသမီးနှင့် ထိပ်တိုက် ရင်ဆိုင်ရန် မလိုလားပေ။

သူမအချစ်ဆုံးသူငယ်ချင်း၏ ဝိုင်စက်ရုံအား လည်ပတ်ချင်ရုံသက်သက်ပင် ဖြစ်၏။

ကျုံချင်းယွီ၏ မျက်လုံးများက တောက်ပလာခဲ့သည်။

“ နင်ပြောတာ မှန်တယ်!”

ယန်ရှီသည် ဝိုင်စက်ရုံတစ်ခုကိုသာ ကြည့်ရှုလိုခြင်းဖြစ်သည့်အပြင် ရဲ့လော့ယီ တစ်ယောက်တည်းသာ ဝိုင်စက်ရုံ ပိုင်ဆိုင်သည် မဟုတ်ပေ။

ကျုံချင်းယွီသည် လီမြို့တွင် ဝိုင်ခြံတစ်ခြံရှိလေ၏။ အကယ်၍ မရှိခဲ့လျှင်ပင် သူမသည် ထိုနေရာ၌ ဝိုင်စက်ရုံတစ်ခုအား အလွယ်တကူပင် ဝယ်နိုင်သည်။ ထိုအရာမျိုးမှာ သူမအတွက် ကြီးမားသည့်အရာမဟုတ်ပေ။

“ ကောင်းပြီ ငါတို့ ဝိုင်စက်ရုံကို သွားကြစို့!”

ကျုံချင်းယွီသည် ဝိုင်စက်ရုံသို့ မရောက်ခဲ့သည်မှာ ၇နှစ်လောက်ပင်ကြာပြီ ဖြစ်သောကြောင့် နေရာအတိအကျအား မမှတ်မိတော့ပေ။

ကံကောင်းစွာဖြင့် လူးဝစ်သည် စိတ်ချရကာ ကျုံချင်းယွီ၏ လက်ထောက်ထံမှ လိပ်စာကို ရခဲ့၏။

Lincolnကားရှည်ကြီးသည် ဝိုင်စက်ရုံသို့ ဦးတည်သွားလေသည်။

[ ဝိုးး! ကျုံချင်းယွီမှာလည်း ဝိုင်ခြံတစ်ခုရှိတာပဲလား]

[ငါတွေးမိတာ ကျုံချင်းယွီရဲ့ ဝိုင်ခြံက ရဲ့လော့ယီရဲ့ဟာထက် ပိုပြီး ခမ်းနားကြီးကျယ်နေရင်ရော]

[ပြင်ဆင်ချက် - ရဲ့လော့ယီ ရောက်နေတဲ့ ဝိုင်ခြံပိုင်ရှင်က ပေယွဲ့ပိုင်ဖြစ်ပေမဲ့ ကျုံချင်းယွီရဲ့ဝိုင်ခြံက သူမအပိုင်ပဲ!]

[ ကျုံချင်းယွီရဲ့ ဝိုင်စက်ရုံက သူ့အဖေပိုင်တယ်ဆိုတာ ပြောစရာတောင်မလိုဘူး၊ ငါ ပေယွဲ့ပိုင်ရဲ့ ဝိုင်စက်ရုံကို မြေပုံမှာ ရှာကြည့်ပြီးပြီ သူ့ရဲ့ခြံက လီမြို့မှာ အကြီးဆုံးပဲ! ကျုံချင်းယွီ ဘယ်လိုပဲကြိုးစားကြိုးစား ယီယီနဲ့ ပေယွဲ့ပိုင်ကို မယှဉ်နိုင်တော့ဘူး!]

[ ကျုံချင်းယွီက လိမ်လည်လှည့်စားနေတာပဲ၊ သူက စပျစ်စိုက်ခင်းသေးသေးလေးကို စပျစ်စက်ရုံလို့ ပြမလို့လားမသိဘူး!]

တစ်နာရီခန့်ကြာသောအခါ Lincolnကားရှည်ကြီးက ဝိုင်စက်ရုံရှေ့၌ ရပ်လိုက်လေသည်။

ဝိုင်စက်ရုံ၏ အပြင်ဘက် ကားပါကင်၌ ထုတ်လုပ်ရေးအဖွဲ့၏ ကားများနှင့် အပြည့်ဖြစ်နေ၏။

ကျုံချင်းယွီနှင့် ယန်ရှီမှလွဲ၍ အခြားဧည့်သည်များသည် ရောက်ရှိနှင့်ကြပြီးဖြစ်လေသည်။

ကျုံချင်းယွီသည် Lincolnပေါ်မှဆင်းလာကာ ပဟေဠိဖြစ်နေသည်။

သူမ ဝိုင်စက်ရုံသို့ နောက်ဆုံးသွားခဲ့သည်မှာ နှစ်အလွန်ကြာခဲ့ပြီဖြစ်သဖြင့် ဝိုင်စက်ရုံ၏ ပုံပန်းသွင်ပြင်ကိုပင် မမှတ်မိနိုင် ဖြစ်နေ၏။

သို့သော် သူမအမည်ဖြင့် ပိုင်ဆိုင်နေကြောင်းမှာ သေချာသည့်အပြင် ရောင်းချခဲ့ခြင်းလည်းမရှိပေ။

ဒါဆို ဘာလို့ အပြင်မှာ ကားတွေအများကြီးရှိနေတာလဲ။

တစ်ယောက်ယောက်က ဒီမှာ ပွဲတစ်ခုခုလုပ်နေတာလား။

ထူးဆန်းလိုက်တာ ပိုင်ရှင်ဖြစ်တဲ့ သူမတောင် ဒီမှာမရှိတာ။

ဘယ်သူက သူမရဲ့ ဝိုင်ခြံကိုသုံးပြီး ဧည့်ခံပွဲလုပ်နေတာလဲ။

တိုက်ရိုက်ထုတ်လွှင့်မှုအား ကြည့်နေကြသည့်သူများမှာလည်း ခေါင်းရှုပ်သွားကြတော့သည်။

[ဒါက ပေယွဲ့ပိုင်ရဲ့ ဝိုင်စက်ရုံမဟုတ်ဘူးလား ဘာလို့ ကျုံချင်းယွီက ဒီကိုရောက်နေတာလဲ]

[ဒါက ရယ်စရာပဲ! သူကိုယ်တိုင် ကြွားလုံးထုတ်ပြီးမှ ကိုယ်ပိုင်ဝိုင်စက်ရုံကို မပြနိုင်လို့ ယီယီ့ဝိုင်စက်ရုံကို တန်းလစ်တာပေါ့!]

[She probably wanted to go to her sugar daddy’s winery, but either he doesn’t have one or he refused. So now she’s mooching off YiYi. Fake rich girls will always be fake!]

[ သူက သူ့ရဲ့ချမ်းသာတဲ့အဖေပိုင်တဲ့ ဝိုင်စက်ရုံကိုသွားချင်တာကို သူ့အဖေက ငြင်းလွှတ်လိုက်တာလား ဒါမှမဟုတ်တာ ဝိုင်ခြံ မရှိတာများလား? ဒါကြောင့်မို့ သူက ယီယီ ဝိုင်ခြံကို အစားထိုးလိုက်တာနေမှာ ၊ သူ‌ဌေးဟန်ဆောင်တဲ့ မိန်းကလေးတွေကတော့ အမြဲဟန်ဆောင်ကောင်းဆဲပဲနော်]]

ယန်ရှီသည် အခြေအနေများကို မြင်သော်လည်း Lincoln ပေါ်မှဆင်းကာ ကျူံချင်းယွီအား တမင်တကာ မေးလိုက်သည်။

“ ချင်းယွီ ၊ ငါတို့က နင့်ရဲ့ဝိုင်ခြံကို သွားမယ်လို့ပြောတာမဟုတ်ဘူးလား ဘယ်လိုဖြစ်လို့ ရဲ့လော့ယီရဲ့ဝိုင်ခြံကို ရောက်လာတာလဲ”

ကျုံချင်းယွီသည် အပြင်ဘက်တွင် ရပ်ထားသော ကားများအား ကြည့်လိုက်ကာ

“မေးခွန်းကောင်းပဲ၊ ငါလည်း ငါ့ဝိုင်ခြံက ဘယ်လိုလုပ် ရဲ့လော့ယီရဲ့အပိုင် ဖြစ်နေလဲဆိုတာ သိချင်သွားပြီ”

ကျုံချင်းယွီသည် သူမမှ လိပ်စာမှားပြီး မှတ်မိနေသည်လော ဟုပင် တွေးမိလေသည်။

သူမက လိပ်စာကို အတည်ပြုရန်အတွက် အိမ်တော်ထိန်းအိုထံသို့ စာပို့လိုက်၏။

လိပ်စာမှာ မှန်ကန်နေသဖြင့် ဤခြံသည် အမှန်ပင် သူမ၏ ဝိုင်ခြံဖြစ်သည်။

ဆိုတော့…ဤကားများ ဝိုင်ခြံအပြင်တွင် ရှိနေသည်မှာ စိတ်ဝင်စားစရာပင်။

All Chapters