← Chapters

Chapter 21

Vol. 3 Ch. 21

Chapter 21

Vol. 3 Ch. 21

【လက်ဆောင်မပေးတော့ဘူးလား၊ မဖြစ်နိုင်တာ ငါကအခုလေးတင်ပဲ ဆိုရှယ်မီဒီယာပေါ်မှာတင်မှာတင်လိုက်တာလေ]

【ဖျက်သိမ်းလိုက်ပြီလား၊ အခုမှ ဆိုရှယ်မီဒီယာပေါ် ခေတ်စားနေတုန်းရှိသေးတယ်လေ ဒါကလူတွေကို လှည့်စားလိုက်သလိုပဲ! 】

【10မီလီယမ်တောင် ဟုတ်လား၊ ရဲ့‌လော့ယီ ပေးနိုင်ပါ့မလား】

【ယန်ရှီက သူမကို ခြိမ်းခြောက်နေတာပဲ】

【ဘာလို့ခြိမ်း‌ခြောက်တာ ဖြစ်ရမှာလဲ၊ ဝိုင်တွေလက်ဆောင်ပေးတုန်းက ဝိုင်ရဲ့တန်ဖိုးကို ဆိုရှယ်မီဒီယာပေါ်မှာ ရှင်းရှင်းလင်းလင်းထုတ်ပြောပြီးသားလေ၊ ယန်ရှီက အမှန်အတိုင်းပြောနေရုံပဲကို】

【သူတို့ အစကတည်းက ဝိုင်က ယူရို တစ်ထောင် နှစ်ထောင်လောက်ပဲတန်တာလို့ပြောခဲ့ရမှာ ၊ရဲ့‌လော့ယီရဲ့ ပရိတ်သတ်တွေက ငါ့ကောမန့်ကိုတောင် လိုက်ဖျက်နေသေးတယ်၊ အဆင့်မြင့် စားသောက်ဆိုင်တွေမှာတောင် ဈေးတင်ထားတဲ့ဝိုင်တွေက ရှစ်ထောင် ကိုးထောင် RMBပဲ ရှိတာ၊ ယန်ရှီဈေးပြောင်းပြောလိုက်တာ မျှတပါတယ်】

ဤသည်မှာ ရဲ့လော့ယီအတွက်ဆင်ထားသော ယန်ရှီ၏ ထောင်ချောက်တစ်ခုဖြစ်သည်။သူမကို 1မီလီယမ်သာ ပေးခိုင်းခြင်းသည် အရမ်းကို သက်ညာပေးလွန်းရာကျသည်။ အနည်းဆုံး 10မီလီယမ်လောက် ပေးချေရန်အတွက် ရဲ့လော့ယီကို ကောင်းကောင်းကြီးပညာပေးဖို့ လုံလောက်သည်။

ပရိတ်သတ်အချို့က ဝိုင်ရဲ့တန်ဖိုးအစစ်ကိုသိကြလည်း ဘာဖြစ်လဲ။အရင်ဆုံး ဈေးကိုချဲ့ကားပြောတာက ရဲ့လော့ယီလေ။ယန်ရှီက ပရိသတ်တွေကို 10မီလီယမ်လောက် လက်ဆောင်ပေးချင်နေတဲ့ သူမဆန္ဒကို ဖြည့်စည်းပေးရုံပဲ။

ရဲ့လော့ယီ ဖြူဖျော့လာသည်။သူမ 1မီလီယမ်လောက်တော့ တက်နိုင်သော်လည်း 10မီလီယမ်မှာ သူမအဖို့ အလွန်များလှသည်။

ဧည့်သည်များ အားလုံးသည် ရဲ့လော့ယီကိုသာ စိုက်ကြည့်နေကြပြီး တိုက်ရိုက်လွှင့်နေသော ကင်မရာမှာလည်း သူမဘက်သို့ လှည့်ထားသည်။သူမ လည်ချောင်းသည်ခြောက်သွေ့ပြီး ကွဲအက်လာသကဲ့သို့ ခံစားရသည်။

သူမ ကျုံချင်းယွီကို 10မီလီယမ်ပေးလိုက်သင့်သလား။ဤသည်မှာ ပြဿနာသေးသေးလေးမဟုတ်သလို သူမ မှာလည်း ထိုပမာဏလောက်ပိုက်ဆံအများကြီး မပေးနိုင်ချေ။

သို့မဟုတ် သူမလက်ဆောင်ပေးခြင်းကို ဖျက်လိုက်သင့်သလား။ရှက်ဖို့ကောင်းလိုက်လေခြင်း။ သူမ၏ တိုက်ရိုက်ထုတ်လွှင့်မှုမှာ နံပါတ်တစ်နေရာ‌ ရောက်ခဲ့ပြီး လက်ဆောင်ပေးခြင်းမှာလည်း ဆိုရှယ်မီဒီယာ၏ ထိပ်ဆုံးသို့ ရောက်ရှိခဲ့သည်။ ယခုဖျက်လိုက်မည်ဆိုလျှင် သူမတစ်ဘဝလုံး ရေဆုန်မျောသွားလိမ့်မည်။

ရဲ့လော့ယီ၏စိတ်များမှာ ရှုပ်ထွေးနေကာ အတွေးများမှာလည်း ယောက်ယက်ခတ်နေသည်။ယန်ရှီသည် သူမကိုပြုံးကြည့်၍ ရပ်နေသည်။ သို့သော် ထိုအပြုံးမှာ သူမကို သေစေနိုင်လောက်သည့် အပြုံးဖြစ်သည်။

သူမ အနည်းငယ်ယိုင်သွားကာ လဲကျတော့မလို ဖြစ်သွားသည်။သို့သော် သူမကို ချင်းလီက လှမ်းထိန်းပေးလိုက်သည်။

ရဲ့လော့ယီ၏မျက်နှာမှာ ပိုဒ ဖြူ‌ဖျော့လာသည်။

"ငါ... ငါအဆင်မပြေတော့ဘူး၊ ငါသန့်စင်ခန်း သွားလိုက်ဦးမယ်"

ရဲ့လော့ယီ ထိုနေရာမှ အမြန်လှည့်ထွက်လာခဲ့သည်။

【ဝိုး! ဒါက သန့်စင်ခန်းကို လှည့်ထွက်သွားတဲ့ အခန်းလား】

【ကြည့်ရတာ လက်ဆောင်မပေးတော့ဘူး ထင်တယ်~】

【အဓိပ္ပါယ်မရှိတာ! ရဲ့လော့ယီပြန်ထွက်လာတော့မှာမဟုတ်ဘူး၊ သူ နေ့လည်ကတည်းက နေလို့မကောင်းဘူးလေ သန့်စင်ခန်းပဲ သွားနေတာ】

【အင်း ဒါပေါ့၊ရဲ့လော့ယီရဲ့ နေ့လည်က အဖြစ်က…ထားလိုက်ပါ၊ သူ နေမကောင်းလို့ပဲ ထားလိုက်တာပေါ့~~ *ခွေးအီမိုဂျီ*】

【လုပ်ကြပါဦး၊ ငါ့အတွက် ရဲ့လော့ယီရဲ့ နတ်သမီးလိုပုံရိပ်လေး ပျောက်ကွယ်သွားပေမဲ့ ငါသဘောကျနေတုန်းပဲ】

ဝိုင်ပုလင်းကိုင်ထား‌ေသာကျုံချင်းယွီမှာ အနိုင်ရသလိုပြုံးလိုက်သည်။

“သန့်စင်ခန်းကို ဒီလိုအချိန်မှ သွားတာလား ၊ဒါက ရဲ့လော့ယီ ပြန်မလျော်နိုင်လို့ ရှောင်ထွက်သွားတာမလား”

Systemမှ ပြောလာသည်။

【အိုး၊ ကျုံချင်းယွီက အခု ဗီလိန်ကြီးဖြစ်‌နေတာ‌ပေါ့】

ကျုံချင်းယွီသည် ရဲ့လော့ယီနှင့် ပတ်သတ်လာလျှင် မျှမျှတတ ကစားတက်သူတစ်ယောက် မဟုတ်ချေ။သူမသည် တစ်ခြားလူများကို ဒုက္ခရောက်အောင်လုပ်ပြီး ရိုက်ချရခြင်းကို သဘောကျသည်။

ဆုလင်းလင်းသည် မကျေနပ်ဟန်ဖြင့် ခြေဆောင့်လိုက်သည်။

“ဒါကအမှန်မဟုတ်ဘူး၊ ရဲ့လော့ယီက အဲလိုလူစားမျိုး မဟုတ်ဘူး”

ယန်ရှီသည် ကျုံချင်းယွီ၏ ကျေနပ်နေသောအကြည့်ကို စိတ်မဝင်စားပေ။ပြောရလျှင် သူမသည် ရဲ့လော့ယီကို အစကတည်းက ဒုက္ခပေးချင်နေသူ ဖြစ်သည်။

သူမ ဆုလင်းလင်းဘက်သို့ လှည့်ကာ တည်ငြိမ်စွာပြောလိုက်သည်။

“ မစ္စ ဆု၊ ရှင်က ရဲ့လော့ယီကိုယ်စား လျော်‌ပေးချင်လို့လား၊ အဲသလိုဆိုလည်း ရတယ်နော် “

ဆုလင်းလင်း ပြောချင်သည်များကို မျိုသိပ်၍ ဘာမှမပြောခင်တွင် ယန်ရှီကို တစ်ချက်ကြည့်လိုက်သည်။

ကျုံချင်းယွီ အထင်သေးသလို ပြောလိုက်သည်၊

“ငါ့ ဝိုင်တွေကို လက်ဆောင်ပေးချင်သလိုပေးပြီး ငွေတော့မရှင်းနိုင်သလို ဟန်ဆောင်တယ်ပေါ့၊ တစ်ချို့လူတွေက လူလိုမသိတာပဲ”

ဆုလင်းလင်း ဘာမှ ပြန်မပြောနိုင်ချေ။သူမလည်း တစ်ဆယ်မီလီယမ်‌တော့ မတက်နိုင်ချေ။ တက်နိုင်လျှင်တောင် သူမ ရဲ့လော့ယီအတွက် ထိုမျှလောက်ပမာဏကို သုံးမည်မဟုတ်ချေ။

ကျုံချင်းယွီ ပို၍ကျေနပ်လာသည်။ သူမ ခန္ဓာကိုယ်ထဲမှ ဆဲလ်အားလုံးသည် ကျေနပ်မှုများနှင့် ပြည့်ဝနေသည်။ ဆုလင်းလင်းနှင့် ရဲ့လော့ယီ အရှက်ကွဲခြင်းကို ကြည့်ပြီးနောက် သူမတစ်နေ့လုံး သာယာနေသည်။

ယန်ရှီ သူမ၏ အကျီကော်လံတွင် တပ်ထားသော မိုက်ခရိုဖုန်းကို ပိတ်ပြီးနောက် ကျုံချင်းယွီ လက်ကိုဆွဲကာ ခပ်တိုးတိုးပြောသည်။

“ငါတို့ ငွေတွေပြန်ရှင်းခိုင်းတာတောင် တစ်ခုခုဖြစ်သွားတဲ့ပုံပဲ၊ ငါတို့အဆင်မပြေလောက်ဘူး၊ ချင်းယွီ၊ ငါဒါကို ကိုင်တွယ်နိုင်ပါ့မလား”

ယန်ရှီ ဘာတွေတွေးနေသလဲဆိုတာ ကျုံချင်းယွီမသိသော်လည်း ကျုံချင်းယွီ သူမကို ယုံသည်။အကယ်၍ ယန်ရှီ တစ်ဆယ်မီလီယမ် လိုချင်လျှင်တောင် သူမအနေဖြင့် ပေးရန် တွန့်ဆုတ်နေမည်မဟုတ်ချေ။

ကျုံချင်းယွီ ခေါင်းညိတ်ပြပြီး

“ဘာမှစိတ်မပူနဲ့”

ဆုလင်းလင်း ဒေါသကြောင့် မျက်နှာကြီး နီရဲနေသည်။အချိန်တော်တော်ကြာနေပြီ ဖြစ်သော်လည်း ရဲ့လော့ယီ ယခုထိပြန်မလာသေးပေ။ ယခုတော့ သူမသည် ကင်မရာရှေ့တွင် နေနေရသည်။

ထို့အပြင် သူမတွင် အားနည်းချက်ရှိသည်။ ကျုံချင်းယွီ၏ အထင်သေးသောအကြည့်မှာ သူမကို ဒေါသထွက်စေသော်လည်း သူမဘာမျှ ပြန်မမပြောရဲပေ။

ချင်းလီသည် တိတ်ဆိတ်နေပြီး အခြေအနေကို သုံးသပ်နေသည်။ သူက ကျုံချင်းယွီကို ကြည့်ပြီးနောက်

“မစ္စကျုံ၊ ဝိုင်စက်ရုံက မင်းအပိုင်ဆိုတာ ဝင်လာကတည်းက ဘာလို့မပြောတာလဲ၊ ဘာလို့ သူမလက်ဆောင်ပေးတဲ့အချိန်အထိ စောင့်နေတာလဲ၊ ဒါသူမကို သက်သက်မဲ့ အရှက်ခွဲလိုက်တာမလား”

ဆုလင်းလင်း မျက်လုံးများ တောက်ပလာသည်။ဟုတ်တယ်! ဒီဝိုင်စက်ရုံကို ကျုံချင်းယွီပိုင်တာဆိုရင် ဘာလို့အစကတည်းက မပြောရတာလဲ။

ဆုလင်းလင်းသည် ကျုံချင်းယွီကို လက်ညိုးထိုး၍

“ကျုံချင်းယွီ၊ နင်ဒါကို ရည်ရွယ်ပြီးလုပ်တာ၊ နင်က ငါတို့ကိုအရှက်ခွဲချင်တာမလား၊ နင်ဘာလို့ အဲလောက် ယုတ်မာရတာလဲ”

“ရည်ရွယ်ပြီးလုပ်တာ၊ဟုတ်လား”

ယန်ရှီသည် ကျုံချင်းယွီရှေ့တွင် ရပ်လိုက်ပြီးနောက်

“ဘာလို့ ဒီလိုစွပ်စွဲတာလဲဆိုတာ ကျွန်မနားမလည်ဘူး၊ ကျွန်မတို့က ရှင်တို့ကို ဒီဝိုင်စက်ရုံကိုလာဖို့ ခြိမ်းခြောက်ခဲ့လို့လား၊ ကျွန်မတို့က လက်ဆောင်ပေးလိုက်ပါဆိုပြီး ပြောမိလို့လား”

“ဒါတွေအားလုံးက ရှင်တို့ရဲ့ဆုံးဖြတ်ချက်တွေလေ ဘာလို့ ကျွန်မတို့အမှားဖြစ်သွားတာလဲ ပြီးတော့ ဒီဝိုင်စက်ရုံက ကျုံချင်းယွီပိုင်တာပဲဖြစ်ဖြစ် ရဲ့လော့ယီသူငယ်ချင်းပိုင်တာပဲဖြစ်ဖြစ် ဒါက ပရိသတ်တွေကို လက်ဆောင်ပေးဖို့ပဲမလား၊ ဒီဝိုင်စက်ရုံက ကျုံချင်းယွီပိုင်တာမလို့ ပရိတ်သတ်‌တွေကို လက်ဆောင်မပေးတော့ဘူးလို့ ပြောချင်တာလား”

“ရှင်တို့ မပေးချင်ရင်လည်း လက်ဆောင်ပေးတာကို ဖျက်သိမ်းလိုက်လေ၊ ကျွန်မတို့က ရှင်တို့ကိုငွေရှင်းဖို့ အဲလောက် တိုက်တွန်းမနေဘူး ဒါပေမယ့် ရှင်လက်ဆောင်ပေးမယ်ဆိုရင်တော့ ငွေရှင်းရမှာပဲ၊ ရှင့်ပရိတ်သတ်တွေအတွက် ကျုံချင်းယွီရဲ့ငွေတွေကိုတော့ ဒီအတိုင်းမသုံးဘူးမလား”

ချင်းလီ ပြောစရာပင် မရှိတော့ချေ။ သူသည် ရဲ့လော့ယီမှားနေခြင်းကို သိသည်။ကျုံချင်းယွီ သူမအပိုင်ဆိုတာချက်ချင်းကြီး မကြေငြာဘူးဆိုလျှင်တောင် အစတည်းက အလိမ်အညာတွေချည်းဖြစ်သည်။

သို့သော်လည်း ဆုလင်းလင်းချက်ချင်းကြီး ပြန်မတုံ့ပြန်နိုင်ချေ။

“တောင်းပန်ရင်တော်ရောပေါ့၊ ကျုံချင်းယွီ နင် ရဲ့လော့ယီကို အရှက်ခွဲဖို့လုပ်နေတာ မဟုတ်ဘူးမလား၊ နင်က ဒီအတိုင်း မစ္စတာပေက သူ့ကိုကောင်းကောင်းဆက်ဆံလို့မနာလိုနေတာ၊ နင်က အဖျက်မ အဆင့်ကလွဲပြီး ဘာမှမဟုတ်ဘူး၊ နင်ဒီမှာ နိုင်ခဲ့ရင်တောင် မစ္စတာပေက နင့်ကို လှည့်ကြည့်မှာမဟုတ်ဘူး…”

သူမပြောလို့မပြီးလိုက်ခင်မှာပဲ ရိုက်လိုက်သည့်အသံက အခန်းတစ်ခုလုံးမှာ ပဲ့တင်သံထပ်သွားသည်။

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားပြီးနောက် တိုက်ရိုက်ထုတ်လွှင့်မှုမှ ကောမန့်များတောင် ခဏလောက်ရပ်တန့်သွားသည်။

ဆုလင်းလင်းက သူမပါးလေးကိုကိုင်ပြီး ကျုံချင်းယွီကို မယုံနိုင်သလို ကြည့်လိုက်သည်။

“ကျုံချင်းယွီ၊နင် ငါ့ကိုရိုက်တယ်”

…..

လူကြားထဲမှ ထွက်လာကာ သန့်စင်းခန်းဘက်သို့ ထွက်လာပြီးနောက် ရဲ့လော့ယီသည် မည်သူမျှ မရှိသည်ကို သေချာအောင် အခန်းများအား လိုက်ကြည့်နေလိုက်သည်။သူမတံခါးပိတ်လိုက်ပြီး ပေယွဲ့ပိုင်ရဲ့နံပါတ်ကို ဖုန်းခေါ်လိုက်သည်။

သူမမှာ အပြစ်ပုံချစရာမည်သူမှမရှိချေ။အကယ်၍ပေယွဲ့ပိုင်သာ ဝိုင်စက်ရုံကိုပိုင်တယ်လို့ မလိမ်ခဲ့လျှင် ဒီပြဿနာများမှာ ဖြစ်လာမည်မဟုတ်ပေ။

ခဏကြာပြီးနောက် ပေယွဲ့ပိုင် ဖုန်းကိုင်လေသည်။

“ပေယွဲ့ပိုင်၊ရှင်နဲ့ ကျုံချင်းယွီက ဘယ်လိုဆက်ဆံရေးလဲ”

ရဲ့လော့ယီ တော်တော်သိချင်နေသည်။

“သူကဘာလို့ဝိုင်စက်ရုံကိုပိုင်တယ်လို့ ပြောရတာလဲ”

ပေယွဲ့ပိုင်လန့်သွားသည်။ကိစ္စများမှာညထင်ထားသည်ထက် ပိုဆိုးကုန်သည်။သူသည် ကျုံချင်းယွီမမှတ်မိရန် မျှော်လင့်ထားခဲ့သည်။

“ရဲ့လော့ယီ၊ကိုယ်ရှင်းပြမယ်၊ ဒါက ပေမိသားစုနဲ့ ကျုံမိသားစုကြားက ကိစ္စဆိုတော့ ရှုပ်ထွေးတယ် ဒါပေမယ့် မင်းကအဲမှာ ခဏတာအပန်းဖြေဖို့ပဲ ဒီလောက်ကြီး ဖြစ်ဖို့မလိုဘူးလေ”

ရဲ့လော့ယီ အသက်ပြင်းပြင်းရှုလိုက်သည်။ယခုအချိန်သည် ပေယွဲ့ပိုင်နှင့် ရန်ဖြစ်နေရမည့်အချိန်မဟုတ်ပေ။သူမ လက်ဆောင်ပေးသည့် တစ်ဆယ်မီလီယမ်ကိစ္စကို အရင်ဖြေရှင်းရဦးမည်။သူမ သိက္ခာကို ပြန်အဖတ်ဆယ်ရမည်။

သူမအသံကို တင်းထားသော်လည်း နစ်နာသူကဲ့သို့ လေသံလေးပါနေသည်။

“ဒါပေမယ့် ရှင်ဝိုင်စက်ရုံကို ပိုင်တယ်လို့လိမ်လိုက်တော့ ကျွန်မကို ဒုက္ခရောက်စေတာကို သိရဲ့လား၊ ကျွန်မက ကျွန်မရဲ့ပရိတ်သတ်တွေကို ဝိုင်တစ်ချို့ လက်ဆောင်ပေးချင်ပေမဲ့ ကျုံချင်းယွီက ကျွန်မကိုတစ်ဆယ်မီလီယမ် လာတောာင်းနေတယ်”

“တစ်ဆယ်မီလီယမ်တောင်လား”

ပေယွဲ့ပိုင် ရှော့ရသွားသည်။တစ်ဆယ်မီလီယမ်မှာ နည်းသည့် ပမာဏမဟုတ်ချေ။ ထိုမျှလောက်ငွေပမာဏသည် ရုပ်ရှင်စီးရီး တစ်ခုရိုက်လို့ရသည်။

သူဆိုရှယ်မီဒီယာကို ကြည့်ဖို့ ဖုန်းဖွင့်လိုက်သည်။ ဆန်ချီသည် ရဲ့လော့ယီ အခြေအနေကိုပြောရန် ဖုန်းအများကြီးခေါ်ထားသော်လည်း ပေယွဲ့ပိုင်မှာ မိသားစုကိစ္စများနှင့် ရှုပ်နေသောကြောင့် သတိပင်မထားမိလိုက်ချေ။

တင်ထားသည်များကို ဖတ်ပြီးသောအခါ ပေယွဲ့ပိုင်အ‌ခြေအနေကို သဘောပေါက်သွားသည်။

ရဲ့လော့ယီအတွက် သူ့မှာတာဝန်ရှိသည်။အကယ်၍သူမ လက်ဆောင်ပေးခြင်းကို စခဲ့သူဖြစ်သော်လည်း သူမ၏ အထက်အရာရှိအနေနှင့် သူမကို ကာကွယ်ပေးရမည်ဖြစ်သည်။ ပေယွဲ့ပိုင်သူမကို အစီအစဉ်မှာ မျက်နှာပျက်ခံမည် မဟုတ်ပေ။

“လက်ဆောင်ပေးတာကို ဆက်လုပ်လိုက်”

ပေယွဲ့ပိုင်ခိုင်မာစွာ ပြောသည်။

“လိုတဲ့ တစ်ဆယ်မီလီယမ်ကို ကိုယ်ပေးမယ်”

တစ်ဆယ်မီလီယမ်ဟု ပြောသော်လည်း ဝိုင်များမှာ တစ်မီလီယမ်သာ တန်သည်။ကျုံချင်းယွီသည် သူ့ကိုသဘောကျနေသည်ကို သိသောကြောင့် ဖုန်းလေး တစ်ကောလ် နှစ်ကောလ်လောက်ခေါ်လိုက်လျှင် သူမလျှော်ပေးမည်ဟု ထင်လိုက်သည်။

ရဲ့လော့ယီ ပျော်သွားသည်။ပြဿနာဖြေရှင်းနိုင်၍ ပျော်သော်လည်း ပေယွဲ့ပိုင်နှင့် ကျုံချင်းယွီတို့၏ ဆက်ဆံရေးကိုတော့ စိတ်ထဲထင့်နေသည်။

သူမနှင့်ပေယွဲ့ပိုင်တို့မှာ အတည်တကျမဟုတ်သေးချေ။ပေယွဲ့ပိုင်ဘက်မှ သူမကိုလိုက်နေသော မရေမရာဆက်ဆံရေးသာဖြစ်သည်။

သို့သော် ကျုံချင်းယွီနှင့်ပေယွဲ့ပိုင်တို့မှာ ကျုံချင်းယွီဘက်မှ တစ်ဖတ်သတ်ကြိုက်တာထက် အများကြီးပိုနေသလိုပင်။

“ပေယွဲ့ပိုင်၊ကျွန်မရှင့်ကို အရင်ကပြောဖူးတယ်လေ။ကျွန်မက အစစ်အမှန်ဆက်ဆံရေးကိုပဲ လိုချင်တာလို့၊ တကယ်လို့ ရှင်နဲ့ကျုံချင်းယွီကြားမှာ တစ်ခုခုရှိနေရင် ကျွန်မနဲ့ဝေးဝေးနေ ၊ကျွန်မ ကြားလူမဖြစ်ချင်ဘူး”

“မရှိပါဘူး”

ပေယွဲ့ပိုင်က လျင်မြန်စွာ ရှင်းပြသည်။

“ယီယီ၊ကိုယ့်ကို ယုံပါကွာ၊ ကျုံချင်းယွီနဲ့ ကိုယ့်ကြားမှာ ဘာမှမရှိဘူး မင်းကိုပဲ ကိုယ်ချစ်တာ၊ မင်းကိုပဲ ကိုယ်လက်ထပ်မှာ၊ ကိုယ် ကျုံချင်းယွီကို ကိုင်တွယ်လိုက်ပါ့မယ် ပြီးတော့ မင်းကိုဘာမှမထိခိုက်စေရဘူး”

ရဲ့လော့ယီ ယခုမှ စိတ်အေးစွာသက်ပြင်းချနိုင်တော့သည်။သူမ ပေယွဲ့ပိုင်နှင့်ကျုံချင်းယွီမှာအတူတူ ကြီးပြင်းခဲ့ကြပြီး တစ်ယောက်နှင့်တစ်ယောက် ယခင်တည်းက သိနေကြသည်ဟုထင်ခဲ့သည်။ထို့အပြင် ဤအရာများအားလုံးမှာ ကျုံချင်းယွီ၏ တစ်ဖက်သတ် ချစ်ခြင်းကြောင့် ဖြစ်သည်။

အကယ်၍ သူတို့နှစ်ယောက်သာ ချစ်သူ သို့မဟုတ် စေ့စပ်ထားသော ဆက်ဆံရေးမျိုးရှိမည်ဆိုလျှင် ကျုံချင်းယွီ သူမကို ချက်ချင်းလာကြွားမည့်သူမျိုး ဖြစ်သည်။သူမမှာ အဘယ်ကြောင့် ကြားလူ ဖြစ်ရမည်နည်း။သူမ ယခုထိ ဘာမှမလုပ်နိုင်သေးခြင်းမှာ သူမနှင့် ပေယွဲ့ပိုင်ကြားတွင် ဘာဆက်ဆံရေးမှ မရှိလို့ပင် ဖြစ်မည်။

ရဲ့လော့ယီ သန့်စင်ခန်းထဲတွင် သူမ၏မိတ်ကပ်ကို ပို၍ နူးညံ့ပြီး ဆွဲဆောင်မှုရှိအောင် ပြန်လည်ပြင်ဆင်လိုက်သည်။

ထို့နောက် သူမသန့်စင်ခန်းထဲမှ ထွက်လာလိုက်သည်။

ထိုနေရာသို့ရောက်စဉ် ဧည့်သည်တွေအားလုံးသည် ဝိုင်သိုလှောင်ခန်းအရှေ့တွင် မဟုတ်ဘဲ မြက်ခင်းပြင်မှာ ပြန်လည်ရောက်ရှိနေကြသည်။

ရဲ့လော့ယီ ထိုနေရာသို့ ရောက်သည့်အချိန်တွင် ကျုံချင်းယွီသည် ဆုလင်းလင်း၏ မျက်နှာကို ရိုက်လိုက်ခြင်းကို တွေ့လိုက်ရသည်။

ဆုလင်းလင်းသည် သူ့မပါးကိုကိုင်ပြီး မယုံကြည်နိုင်သောပုံစံဖြင့်

“ကျုံချင်းယွီ နင်ငါ့ကိုရိုက်တယ်”

ရဲ့လော့ယီက ဆုလင်းလင်းကို အမြန်သွားကူပြီး

“လင်းလင်း ၊နင်အဆင်ပြေရဲ့လား”

ထို့နောက် သူမက ကျုံချင်းယွီဘက်သို့ လှည့်လာပြီး

“ကျုံချင်းယွီ နင်ဘာလို့ လူတစ်ယောက်ကိုရိုက်ရတာလဲ၊ ဒါကတစ်ဆယ်မီလီယမ်တည်းပါ၊ ငါတို့က မပေးဘူးလို့ ပြောနေတာလဲမဟုတ်ဘူးလေ”

ကျုံချင်းယွီ လေပူတွေမှုတ်ထုတ်လိုက်ပြီး

“ဘယ်သူက ပိုက်ဆံအကြောင်းပြောနေလို့လဲ၊ ငါက သူပါးစပ်စည်းကမ်းမရှိလို့ ရိုက်လိုက်တာ”

ဆုလင်းလင်းက အံကြိတ်ပြီး

“ကျုံချင်းယွီ၊ ငါပြောတာ ဘာမှားလို့လဲ၊ နင်က ယီယီနဲ့ ဒုတိယသခင်လေးပေတို့ရဲ့ ဆက်ဆံရေးကို ဝင်စွပ်ဖက်နေတာ အသိသာကြီးလေ၊ နင်က အရှက်မရှိတာ! ဘယ်လိုမျက်နှာနဲ့ ဒီအစီအစဉ်မှာ ပါနေတာလဲ ၊ ဘယ်လို အသိစိတ်နဲ့များ _”

“မစ္စယီ”

ယန်ရှီအသံကိုမြှင့်လိုက်ပြီး ဆုလင်းလင်း၏ စကားကိုဖြတ်ကာ

“ရှင်နဲ့ ဒုတိယသခင်လေးပေတို့က တွဲနေပြီလား”

ယန်ရှီ၏ ရုတ်တရတ်မေးလာသော မေးခွန်းသည် ရဲ့လော့ယီကို ကြောင်အ,သွားစေသည်။

ရိုက်ကူးရေးအဖွဲ့မှာလည်း သူတို့‌အကြောင်းကို သတိထားမိပြီး ကင်မရာသည် ရဲ့လော့ယီဘက်သို့ လှည့်လာသည်။

တခြားဧည့်သည်များမှာလည်း ရဲ့လော့ယီကို စိတ်ဝင်တစား ကြည့်နေကြသည်။

ချင်းလီ၏ပုံစံမှာ မှုန်ကုန်နေပြီး သူ့ဆံပင်များသည် သူ့မျက်လုံးကိုအုပ်ကာ ခံစားချက်ကို သိုဝုက်ထားသည်။

သူမ၏မျက်လုံးထဲတွင် ကြောက်စိတ်များ ဖြတ်ပြေးသွားသည်။

သူမ ပေယွဲ့ပိုင်နှင့် ဆက်ဆံရေးကို ထုတ်ပြော၍မရနိုင်ချေ။သူတို့က တရားဝင်တွဲနေတာလည်းမဟုတ်သည့်အပြင် ယီမိသားစုနှင့် ပေမိသားစုကြားတွင်လည်း ကွာခြားမှုများရှိသည်။သူမသည် ယခုထိ ပေမိသားစု၏ ဘဘောကျလက်ခံမှုကို မရရှိသေးပေ။ သူမတို့၏ဆက်ဆံရေးကို ခွင့်ပြုချက်ရှိဘဲ ထုတ်ဖော်ပြောလျှင် ပေယွဲ့ပိုင်နှင့် သူ့မိသားစုက သဘောကျမည်မဟုတ်ချေ။

ထို့အပြင် ပေယွဲ့ပိုင်သည် သူမနှင့်တရားဝင် တွဲသွားတွဲလာလုပ်မည်ဆိုသော်လည်း မိသားစုကိစ္စကြောင့် သူတို့ဆက်ဆံရေးကို တရားဝင်ကြေညာမှာ မဟုတ်ဘူးဟု အစကတည်းက ပြောဖူးသည်။

ရဲ့လော့ယီက ယန်ရှီကို ပြန်ကြည့်ပြီး ပြုံးပြကာ ပညာသားပါပါ ဖြေလိုက်သည်။

“ငါတို့က ကောင်းမွန်တဲ့ဆက်ဆံရေးရှိပါတယ်၊ ယွဲ့ပိုင်က ငါ့ရဲ့‌အရင်းနှီးဆုံးသူငယ်ချင်းဖြစ်ပြီး ငါ့ရဲ့သူဌေးလေ “

“အဲ့တော့ မင်းတို့က ချစ်သူတွေမဟုတ်ဘူးပေါ့”

ယန်ရှီက ထိုသို့ပြောပြီး ဆုလင်းလင်းဘက်လှည့်ကာ

“ဒါဆို မစ္စဆုရဲ့ “ကြားလူ”ဆိုတဲ့ စွပ်စွဲချက်က ဘယ်က ထွက်လာတာလဲ”

“ရှင့်မှာ ချင်းယွီကို ကြားလူလို့ပြောစရာ ဘာအကြောင်းမှမရှိဘူး၊ သူ ရှင့်ကိုရိုက်လိုက်တာ နည်းတောင်နည်းသေးတယ်၊ ရှင့်မှာ ဘာစောဒကတက်စရာရှိသေးလဲ”

ဆုလင်းလင်း လန့်သွားပြီး ရဲ့လော့ယီလက်ကိုဆွဲကာ

“ယီယီ၊နင်ပြောတော့ ဒုတိယသခင်လေးပေက နင့်ကိုလိုက်နေတာဆို နင်ဘာလို့မပြောတာလဲ ကင်မရာတွေရှိနေလို့လာ နင်တို့က အရင်ကတည်းက ချစ်သူတွေလေ”

ယန်ရှီက ထပ်ပြောသည်

“မစ္စဆု၊ ရှင်းရှင်းလင်းလင်းလုပ်ရအောင် တစ်စုံတစ်ယောက်ကို လိုက်နေတယ်ဆိုတိုင်း သူတို့က ချစ်သူတွေလို့ မဆိုလိုဘူးလေ၊ သူတို့က ချစ်သူမှမဟုတ်ဘဲ၊ အဲတော့ချင်းယွီက သခင်လေးပေကိုလိုက်တာ ဘာမှားလို့လဲ တစ်ယောက်ယောက်ကို ကြိုက်မိတာနဲ့ ကြားလူဖြစ်ရောလား”

[ယန်ရှီက ဘာဖြစ်နေတာလဲ၊ ရှောင်ရီကျီက ယီယီနဲ့ ဒုတိယသခင်လေးပေတို့အရင်တည်းက တွဲနေတာကို သိတယ်လေ၊ ကင်မရာတွေအရှေ့မှာတောင် အသိအမှတ်ပြုထားကြတာလေ ]

[ဒုတိယ သခင်လေးပေက ရဲ့လော့ယီလိုမိန်းကလေးမျိုးကို ကြိုက်တာလို့ အင်တာဗျူးတစ်ခုမှာ ပြောဖူးတယ်၊ ရသစုံရှိုးမှာတုန်းကလည်း သူက သူမကိုကာကွယ်ပေးခဲ့တယ်လေ၊ ပြီးတော့ ပါပါရာဇီတွေကလည်း သူတို့ချိန်း‌ေတွ့တဲ့ပုံတွေ တွေ့ကြတာပဲ ဘာလို့ ချစ်သူမဟုတ်ရမှာလဲ ]

[အဲတော့ ဘာလဲ၊ သူမက ထုတ်မပြောတော့ဘူးလား ]

[ကျုံချင်းယွီကို မလှောင်ခင် အိုင်‌ဒေါလ်တွေတရားဝင်ထုတ်ပြန်တာကို စောင့်လိုက်ပါဦး၊ သူတို့က အခုထိ တွဲတောင်မတွဲရသေးတာကို သူမကို ကြားလူလို့ခေါ်နေတယ်၊ ကျုံချင်းယွီက တကယ်ကံဆိုးတာပဲ]

ကျုံချင်းယွီ ယန်ရှီကို အကြောင်းမဲ့ငေးကြည့်နေမိသည်။

သူမ ပေယွဲ့ပိုင်ကို စချစ်မိကတည်းက သူမအဖေသည် ပေယွဲ့ပိုင်မှာ ဒုတိယသားဖြစ်တာကြောင့် ပေမိသားစုရဲ့ အာဏာကိုဆက်ခံရမည်မဟုတ်တာကြောင့် သူမနှင့်မထိုက်တန်ကြောင်း အမြဲနားချသည်။သူမအဒေါ်ကလည်း ချင်းယွီကို ဒုတိယသားထက် ပထမသားကပိုအဆင်ပြေကြောင်း အမြဲပြောသည်။

အွန်လိုင်းမှာလည်း သူမကို ကြားလူလို့ ပြောသည့် သူတွေများသည်။ရဲ့လော့ယီနှင့် ပေယွဲ့ပိုင်တို့ တရားဝင်မကြေညာခင်ကတည်းက ပရိသတ်များသည် သူမကို တိုက်ရိုက်ကြီးမဟုတ်သော်လည်း သွယ်ဝိုက်ပြီး စော်ကားကျတာမျိုးလည်းရှိသည်။

တစ်ခါတစ်လေ လူတစ်ယောက်ကိုချစ်မိခြင်းမှာ သူမ မှားသွားတာလားဟုတောင် သိချင်မိသည်။

ယန်ရှီတစ်ယောက်တည်းကသာ သူမကို မှားတယ်လို့ရော ပေယွဲ့ပိုင်ကိုချစ်မိတာဟာ မသင့်တော်ဘူးဟူသည့် အကြောင်း တစ်ခါမျှ မပြောဖူးချေ။သူမသည် သူ့ဘေးမှာအမြဲရပ်တည်ပေးခဲ့သည်။

ဒါပေါ့။အကယ်၍ ကျုံချင်းယွီသာ ယန်ရှီ၏ အတွင်းစိတ်ကိုသိနိုင်မည်ဆိုလျှင် သူမအချစ်ဆုံးသူငယ်ချင်းအကြောင်းကို ကောင်းကောင်းကြီးသိသွားပေလိမ့်မည်။

“ပေယွဲ့ပိုင်လို ယောကျာ်းမျိုးကို ဘယ်လိုခေါ်တာလဲ”

“ရဲ့လော့ယီက တကယ်ကြီး လက်ဆောင်ပေးမှာလား ၊ပေယွဲ့ပိုင်ကအဲ့လောက် သဘောကောင်းစရာ ဘာအကြောင်းမှမရှိဘူး ၊ သူက ကျုံချင်းယွီရဲ့ပိုက်ဆံတွေကို လှည့်ထုတ်ဖို့ကြိုးစားနေတာ၊ ရွံဖို့ကောင်းလိုက်တာ”

System:[...Host ဒါတွေအားလုံးက ကျုံချင်းယွီ အချစ်ပိုနေလို့ဖြစ်လာတာမလား၊ အဲတာကြောင့် သူမက ပေယွဲ့ပိုင်ရဲ့‌လှည့်စားတာကို ခံရတာ ]

ယန်ရှီ: “ဝတ္ထုကသာ သူမကိုအဲလောက်ဖိအားမပေးဘူးဆိုရင် ချင်းယွီ လှည့်စားခံရမှာမဟုတ်ဘူး၊ ဝတ္ထုကြောင့်သာမဟုတ်ရင် သူမက ပေယွဲ့ပိုင်လိုအရူမျိုးကို လှည့်ကြည့်မှာတောင်မဟုတ်ဘူး၊ အား စိတ်တိုလိုက်တာ”

“ချင်းယွီက ဘာအမှားလုပ်လို့လဲ၊ သူတို့အမှားတွေချည်းပဲလေ”

ယန်ရှီစိတ်များသည် ကမောက်ကမဖြစ်နေသော်လည်း အပြင်ပိုင်းမှာတော့ တည်ငြိမ်ပြီး ချိုသာနေသည်။

သူမ၏ သနားစရာကောင်းကာ အားနည်းပြီး အသဲကွဲသည့်ပုံစံနှင့် တုံးအ,မှုများကို မပျက်စီးစေချင်ပေ။

ရဲ့လော့ယီ မျိုသိပ်လိုက်သည်။ပေယွဲ့ပိုင်နှင့်ကိစ္စမှာ ဆက်ပြီး ခေါင်းစားစရာမလိုတော့ချေ။ယခုချိန်မှာ သူတို့ တွဲသွားတွဲလာလုပ်နေရတာပဲလေ။သူတို့ တရားဝင်မကြေညာသေးတာတောင် ပရိသတ်တစ်ချို့မှာ ကျုံချင်းယွီက ဝေဖန်ကြသည်။ဤပြဿနာကို တကယ့်ကြီးဖွင့်ချလိုက်မသည်ဆိုလျှင် သူမကိုပင်ထိခိုက်စေမှာဖြစ်သည်။

သူမ ဆုလင်းလင်းကို ငြိမ်ငြိမ်လေး စိုက်ကြည့်နေလိုက်သည်။

အကယ်၍ သူမ ထုတ်ပြောလိုက်လျှင် ရှင်းလင်းစရာတွေ သိပ်ကိုများသွားလိမ့်မည်။ယခုတောင် သူမဖန်များက စိတ်ပျက်နေကြပြီဖြစ်သည်။ တစ်ချို့များဆိုလျှင် သူမတို့ကိုထောက်ခံတာတောင် မလုပ်ကြတော့ပေ။

အမှန်အတိုင်းပြောရလျှင် ပါတနာများအနေနှင့် အသဲကွဲနေတဲ့ကျောင်းသူ ယန်ရှီက ကျုံချင်းယွီကို ဘာလို့ဒီလောက်ကူညီနေရသလဲ။သူမ၏ ဖြူစင်သည့်အလှနှင့် ဆုလင်းလင်းလို ချမ်းသာသောမင်းသမီးကိုတောင် တောက်ချနိုင်သည်လေ။

ရဲ့လော့ယီ ဆုလင်းလင်းကို စိတ်ပျက်မှုတွေနှင့်ကြည့်လိုက်သည်။

သို့သော် ဒီထက်ပိုအရေးကြီးတာတွေရှိသေးသည်။ရဲ့လော့ယီသည် စကားလမ်းကြောင်းလွှဲကာ

“ချင်းယွီ၊ ပရိသတ်တွေကို လက်ဆောင်ပေးတာက ဖျက်သိမ်းမှာမဟုတ်ဘူး၊ ဝိုင်တွေကို ထုတ်ပိုးပေးပါ၊ ငါ့ရဲ့လက်ထောက်က အနိုင်ရသူတွေရဲ့လိပ်စာကိုစုံစမ်းလိုက်မယ်၊ ငါတို့အတူတူ လက်ဆောင်ပေးကြတာပေါ့”

“စိတ်မပူပါနဲ့၊ ထျန်းဟွေ့က အားလုံးကိုတာဝန်ယူသွားမှာပါ”

ကျုံချင်းယွီ ပိုက်ဆံကိစ္စကိုစိတ်မဝင်စားသော်လည်း ရဲ့လော့ယီ အချိန်ခဏလေးအတွင်းမှာ ငွေပမာဏအများကြီးပေးနိုင်သွားသည်ကိုတော့ အံ့ဩမိသည်။

ယန်ရှီက ခဏလောက်စဉ်းစားပြီး

“မစ္စယီ၊ ရှင်ရဲ့ မန်နေဂျာနဲ့ တိုင်ပင်ပြီးပြီလား၊ လက်ဆောင်ပေးဖို့ကိစ္စက သေချာရဲ့လား”

“ဒါပေါ့”

ရဲ့လော့ယီ တုံ့ဆိုင်းမှုမရှိဘဲ ပြန်ဖြေလိုက်သည်။သူမထင်ထားသည်မှာ ပေယွဲ့ပိုင် နောက်မှ ကျုံချင်းယွီကိုဖုန်းဆက်၍ တစ်မီလီယမ် သို့မဟုတ် ငွေပမာဏတစ်ခုလောက်တော့‌လှမ်းတောင်းလိမ့်မည်။သို့သော် တစ်ဆယ်မီလီယမ်လုံးတော့ တောင်းမည်မဟုတ်ချေ။

သို့သော် ဘာတွေပဲဖြစ်နေပါစေ သူမတို့ဆွေးနွေးရန် အချိန်လိုသည်။

ရဲ့လော့ယီ ထပ်ပြောလာသည်။

“ငွေတစ်ဆယ်မီလီယမ်က နည်းတဲ့ပမာဏမဟုတ်ဘူး၊ ထျန်းဟွေ့က ဒါတွေကိုလွှဲပေးဖို့အချိန်တော့ယူရလိမ့်မယ်၊ ဒါပေမယ့် နှစ်နာရီထက်တော့ ပိုမကြာပါဘူး”

အစီအစဉ်က ဧည့်သည်တွေကို ကိုယ်ပိုင်ဖုန်းယူခွင့်ပေးထား‌သည်။ထို့အပြင် နှစ်နာရီဆိုသည့် အချိန်မှာ ပေယွဲ့ပိုင်နှင့် ကျုံချင်းယွီတို့အတွက် လုံလောက်သည့်အချိန်ဟု ရဲ့လော့ယီထင်သည်။

ယန်ရှီ: “မစ္စယီ၊ ရှင့်ရဲ့ပရိသတ်တွေကတော့ ပျော်နေတော့မှာပဲ တစ်ဆယ်မီလီယမ်ကိုတော့ ချင်းယွီက လက်ခံမှာမဟုတ်ဘူး၊ ငါတို့ ကြက်ခြေနီအသင်းကိုဖုန်းဆက်ပြီး သူမနာမည်နဲ့ လှူလိုက်ရအောင်”

လူးဝစ်က ယန်ရှီရှေ့သို့ လျှောက်လာပြီး

“မစ္စယန်၊ကျွန်တော်အခုလေးတင် ကြက်ခြေနီအသင်းကို ဖုန်းဆက်ပြီးပါပြီ ၊ သူတို့က မစ္စကျုံကို ကျေးဇူးတင်ကြောင်းနဲ့ ငွေတွေကို လိုအပ်နေတဲ့နေရာတွေမှာ အသုံးပြုသွားမှာဖြစ်ကြောင်း Weibo မှာ ပို့စ်တင်ထားပါတယ်”

ယန်ရှီဖုန်းကို စစ်ကြည့်လိုက်ပြီးနောက် ကြက်ခြေနီအသင်းမှ တင်ထားသည့် ကျုံချင်းယွီကို ကျေးဇူးတင်သည့်ပို့စ်ကို တွေ့သည်။ဤသတင်းမှာ ခေတ်စားနေသည့် သတင်းများ၏ ထိပ်ဆုံးသို့ ရောက်နေလေပြီ။

ယန်ရှီ ချီးကျူးလိုက်သည် “ရှင်အလုပ်လုပ်တာ မြန်တာပဲ”

လူးဝစ်က ရင်ကော့ပြီး “ဒါပေါ့”

ရဲ့လော့ယီ၏ မျက်နှာမှာ ဖြူဖျော့လာသည်။

အစတွင် ပေယွဲ့ပိုင်၏ အဆက်အသွယ်များနှင့် ဤပြဿနာကို ဖြေရှင်းနိုင်မည်ဟုထင်ခဲ့သည်။သို့သော် ယခုမူ လှူဒါန်းသည့် ကိစ္စကြီးပါ ပါလာပြီး ပြည်သူများကြားထဲတွင်လည်း လူသိရှင်ကြားဖြစ်သွားသောကြောင့် ယွမ် တစ်ဆယ်မီလီယမ်မှာ ရှောင်လွှဲ၍မရနိုင်တော့ပေ။

ထျန်းဟွေ့မှ ငွေ တစ်ဆယ်မီလီယမ်ကို လူမှုအဖွဲ့အစည်းကို လှူလိုက်သည်။

ရဲ့လော့ယီ ခြေထောက်တွေအားမရှိတော့ပဲ လဲကျချင်လာသည်။

သူမ ဖြေရှင်းနိုင်မသည်ထင်သည့် ငွေတစ်ဆယ်မီလီယမ်ကိစ္စသည် ယန်ရှီ၏ ဖုန်းခေါ်မှုအပြီးမှာ ရှောင်လွှဲလို့ မရတော့သည့် ကိစ္စကြီးဖြစ်သွားသည်။ရဲ့လော့ယီ မဖြေရှင်းတတ်တော့ပေ။သို့သော် ပေယွဲ့ပိုင်သည် သူ့ကြည့်လုပ်မသည်ဟု ပြောထားသည်။သူတကယ်ပဲ ကျုံချင်းယွီ ငွေလွှဲပေးပါ့မလား။

ရဲ့လော့ယီ မသိတော့ပေ။ထို့အပြင် သူမဖြေရှင်းနိုင်ခြင်းသည်လည်း မရှိတော့ပေ။

မကြာခင် ငါးနာရီထိုးတော့မည်ဖြစ်၍ ကျုံချင်းယွီနှင့် ယန်ရှီတို့ လက်ဆောင်ပေးတော့မည့်အချိန်ဖြစ်သည်။ယန်ရှီသည် လူးဝစ်ကို signal jammer တစ်ခု ပြင်ဆင်ထားဖို့ပြောပြီးနောက် ကျုံချင်းယွီနှင့် လက်တွဲကာ ပရိတ်သတ်များကို လက်ဆောင်ပေးဖို့ ထွက်သွားသည်။

ဝိုင်လက်ဆောင်ပေးခြင်းမှာ ပရိသတ်များကို စိတ်ညစ်စေခဲ့သည်။ယခုတော့ ကျုံချင်းယွီ၏ တိုက်ရိုက်ထုတ်လွှင့်မှုမှာ ထိပ်ဆုံးကိုရောက်နေပြီး ကြည့်ရှူသူများခည်း များပြားလှသည်။

သို့သော်လည်း အစောမှ ရဲလော့ယီ၏ ပရိသတ်များကဲ့သို့ မဟုတ်ဘဲ ငြိမ်သက်လှသည်။

လက်ဆောင်ပေးသည့် ကိစ္စမှာ အဆင်ပြေသွားသော်လည်း ရဲ့လော့ယီ ယခုအထိ စိတ်မအေးနိုင်သေးပေ။

အိမ်တော်ထိန်းက လက်ဆောင်ပေးရန် သင့်တော်သည့် အရာတွေဖြစ်သော အိတ်၊ဦးထုပ်၊လည်စည်း၊ခါးပတ်၊ဝတ်စုံ၊အင်္ကျီ စသည်များကို ရွေးပေးသည်။မဲဖောက်ပေးမည့်သေတ္တာထဲတွင် ပစ္စည်းတစ်ရာကျော် ထည့်ထားသည်။

အိမ်တော်ထိန်းသည် PowerPoint presentation ကိုသေသေချာချာစီစဉ်ပေးသည်။ကျုံချင်းယွီ မြက်ခင်းပြင်ပေါ်တွင် ရိုက်ကူးသောအခါ ပရိသတ်များ ဈေးကို သေချာမြင်နိုင်အောင် စီစဉ်ပေးထားသည်။

【D-brand မြွေသားရေအိတ်၊ ဒီအိတ်က ဆက်မထုတ်တော့ဘူးမလား၊ အား၊ငါလိုချင်လိုက်တာ!】

【အဲဒီဝတ်စုံက ကျုံချင်းယွီပွဲတက်တုန်းက ဝတ်ခဲ့တာမလား၊ သူက ငှားဝတ်တာမဟုတ်ဘဲ ဝယ်ဝတ်တာပေါ့ ပြီးတော့ အဲဒီဝတ်စုံကို အခုလက်ဆောင်ပေးမှာ ဟုတ်လား】

【ပစ္စည်းအကုန်လုံးက မိုက်တယ်၊ လည်သာခါးပတ်က E-brand မလား၊ ငါနောက်ဆုံးတစ်ခေါက် ဈေးဝယ်ထွက်တုန်းက တစ်ခုကို ယွမ်သုံးထောင်ပေးရတယ် 】

【လုပ်ကြပါဦး ဒီပိုးသားအင်္ကျီက သိပ်ကိုလှတာပဲ၊ တံဆိပ်‌လေးတောင် ပါသေးတယ်၊ သူက ဒါကိုတကယ်ကြီး မဝတ်တော့ဘူးလား၊ ဒါကသိပ်ကိုအသုံးအဖြုန်းများတယ်လို့ ခံစားရတယ်】

【ဆု‌လေးတွေကလည်း လှလိုက်တာ၊ ငါ့ကိုရွေးပါ၊ရွေးပါ】

ကျုံချင်းယွီသည် PowerPointနှင့် အလုပ်များနေပြီး ပရိသတ်တွေကို ဆု တစ်ခုချင်း ထုတ်ပြနေသည်။

ပစ္စည်းများအား ထုတ်ပြရင်းဖြင့် ကျုံချင်းယွီ စဉ်းစားနေမိသည်။

“ငါဒါတွေကို တကယ်ကြီးဝယ်ခဲ့တာလား”

“ဒီအိတ်ကြီးကို လိုချင်တဲ့သူတောင် ရှိပါ့မလား”

“အရင်နှစ်က ငါ့အကြိုက်ကလည်း ညံ့လိုက်တာ၊ဒီပစ္စည်းတွေ စတိုခန်းထဲရောက်ဖို့တော့ မျှော်လင့်တောင်မထားဘူး”

“ဒီနှစ်ဝယ်ထားတာ‌တွေက ပိုကောင်းတယ်”

【ကျုံချင်းယွီကသိပ်လှတယ်၊ သူ့ရဲ့ မနှစ်ကပုံစံက သူမနဲ့မလိုက်ဘူး၊ ဒီနှစ်ဝယ်ထားတာတွေက သူမနဲ့ပိုလိုက်တယ်]

【 ကျုံချင်းယွီ မနှစ်တုန်းက ဝယ်ထားတဲ့ပစ္စည်းတွေကို ငါယူလိုက်ပါ့မယ်၊ စိတ်မဆိုးပါဘူး】

【ကျုံချင်းယွီ အမှိုက်ခြင်းများလိုမလား၊ သူမ မဝတ်တော့တဲ့အကျီတွေအတွက်လေ၊ ငါလာသိမ်းပါမယ်]

ကျုံချင်းယွီ ပရိသတ်များ၏ ကောမန့်များကို မကြည့်နိုင်သေးပေ။သူမ၏ မနှစ်က ပုံတုံးစ္စည်းများကို ကြည့်နေမိသည်။

စားပွဲခုံအရှည်ပေါ်တွင် တင်ထားသော ပဝါအဖြူနှင့်ဖုံးနေသည့် သူမဖုန်းမှာ ဆက်တိုက်မြည်နေခဲ့သည်။ယန်ရှီကြည့်လိုက်စဥ် ဖုန်းခေါ်ဆိုသူက ပေယွဲ့ပိုင်ပင်။

ကြည့်ရတာ ပေယွဲ့ပိုင်သည် ကျုံချင်းယွီ၏ လှူဒါန်ူမှုကိုသိသွားပြီး ထိတ်လန့်သွားပုံရသည်။

ငွေရှင်းသည့်ကိစ္စမှာ ရဲ့‌လော့ယီကိစ္စဖြစ်သောကြောင့်ကြတ်ခြေနီအသင်း၏ အကောင့်အသေးစိတ်ကို ရဲ့လော့ယီထံ ပို့လိုက်သည်။ငွေများကို နှစ်နာရီအတွင်းမပို့ဘူးဆိုလျှင် ဤသည်မှာ ရဲ့လော့ယီ ငွေပေးဖို့တွန့်ဆုတ်နေခြင်း ဖြစ်ပေလိမ့်မည်။ကျုံချင်းယွီနှင့် ဘာမှ မဆိုင်ပေ။

လက်ဆောင်ပေးခြင်းပြီးသွားသည်နှင့် ကံကောင်းသောပရိသတ်များမှာ ဆုများရသွားကြသည်။ထိပ်ဆုံးဆုသည် ယွန်ပေါင်းထောင်ချီတန်သည့်အိတ်ဖြစ်ပြီး နောက်ဆုံးဆုမှာ ယွမ်သုံးထောင်တတ်သည့် လည်စည်းဖြစ်သည်။

ရဲ့လော့ယီနှင့် ဆုလင်းလင်းထွက်သွားပြီးနောက် ချင်းလီသည် ရဲ့လော့ယီဝမ်းနည်းနေမလား စိုးရိမ်နေပြီး ကန်းပေါ်ယဲ့နှင့်အတူ ဝိုင်စက်ရုံထဲမှ ထွက်လာခဲ့သည်။ကျုံချင်းယွီနှင့် ကျန်းတုံတို့အုပ်စုသာ ကျန်ခဲ့သည်။

ထို့နောက် အိမ်တော်ထိန်းက ဧည့်သည့်လေးယောက်ကို ဝိုင်စက်ရုံထဲလိုက်ပြပြီး ဝိုင်တောင် ချက်ကြသေးသည်။

ဝိုင်စက်ရုံနောက်တွင် အိမ်တော်ထိန်းသည် ဧည့်သည်များကို ဝိုင်သိုလှောင်ခန်းအသစ်သို့ ခေါ်သွားကာ ကျန်းတုံနှင့် ရှောင်ယွီကို ဝိုင်နှစ်ပုလင်း လက်ဆောင်ပေးလိုက်သည်။

ဝိုင်သိုလှောင်ခန်း၏အလယ်မှာ ကျုံမိသားစု၏မိသားစုပုံကို ချိတ်ဆွဲထားသည်။

“ဒါက သခင်မလေးက ငယ်ငယ်က ဝိုင်စက်ရုံကို ပထမဆုံးလာတုန်းက ဓါတ်ပုံလေ” အိမ်တော်ထိန်းသည် ဆက်ရှင်းပြသည်။

“အခုနဲ့ဆို ဆယ်နှစ်လောက်ကြာရောပေါ့”

ပုံထဲတွင် ကျုံချင်းယွီ၏ပါးပါး၊ ကျုံယန်စီ၊ ကျုံချင်းယွီနှင့် ဆုံးပါးသွားသော သူမအအမေတို့ပါဝင်သည်။

ပုံထဲရှိ ကျုံချင်းယွီသည် အတော်ငယ်သေးသည်။ဆယ်နှစ်လောက်သာ ရှိသေးပြီး ဆံပင်အမြင့်လေးစီးထားသည်။သူမမှာ တောက်ပသော မျက်လုံးနှင့်အပြုံးများရှိပြီး ကျုံယန်စီ၏ လက်ကို ကိုင်ထားသည်။သူမသည် သူမအမေဘေးတွင်ရပ်နေပြီး ကျုံယန်စီမှာ သူ့‌အဖေဘေးတွင်ရပ်နေသည်။

ကျုံယန်စီသည် ဆယ့်ကျော်သက်အရွယ်လောက်သာရှိသေးပြီး မျက်နှာလေးမှာ အပြစ်ကင်းကာ ငယ်ရွယ်နေသည်။သို့သော် သူ့ပုံစံမှာ သူ့အသက်အရွယ်ထက် ပို၍ သွေးအေးနေသည်။

မိသားစုလေးသည် စည်လုံးသာယာဟန်ရှိသည်။

ကျုံချင်းယွီ နှင့် ကျုံယန်စီသည် ပုံမှန်မောင်နှမများမျိုး အချင်းချင်းကြား တင်းမာမှုမရှိဘဲ နီးစပ်နေသလိုခံစားရသည်။

ယန်ရှီ ကျုံချင်းယွီကို သိလိုစိတ်နှင့် ကြည့်လိုက်သည်။

သူမ ကျုံချင်းယွီကို ပထမဆုံးစတွေ့စဉ်က ကျုံချင်းယွီနှင့် ကျုံယန်စီတို့၏ ဆက်ဆံရေးမှာ တင်းမာနေလေသည်။ ဤပုံကြောင့်သာမဟုတ်ဘူးဆိုလျှင် သူတို့ဒီလောက်နီးစပ်ခဲ့သည်ကို သိမှာတောင်မဟုတ်ပေ။

အမှန်တွင် ကျုံချင်းယွီသည် ကျုံယန်စီကို မချစ်ဘူးဟု ယန်ရှီအမြဲတမ်းထင်ခဲ့တာဖြစ်သည်။အိမ်မက်ထဲတွင် ကျုံယန်စီရုတ်တရတ်ဆုံးသွားစဥ် ကျုံချင်းယွီသည် နာနာကျင်ကျင် ငိုကြွေးနေခဲ့သည်။

မတော်တဆမတိုင်ခင်တွင် သူတို့မောင်နှမနှစ်ယောက်သည် မိသားစုကိစ္စများကြောင့် အငြင်းပွားနေကြခြင်းဖြစ်သည်။သို့သော် ကျုံယန်စီ၏ နာရေးတွင် ကျုံချင်းယွီနာကျင်နေခဲ့သည်။

သူမသည်ယန်ရှီကိုခေါ်ပြီး

“ငါ့အစ်ကိုသေမယ်ဆိုတာသိခဲ့ရင် ငါသူနဲ့ရန်မဖြစ်ခဲ့ပါဘူး”ဟု ပြောခဲ့သည်။

ဤသည်မှာ ယန်ရှီ ကျုံချင်းယွီဘက်မှ ကျုံယန်စီကို “အစ်ကို”ဟုခေါ်ခြင်းအား ပထမဆုံးကြားဖူးတာပင်။

All Chapters