Chapter 24
Vol. 3 Ch. 24
ဧည့်သည်များ၏ အခန်းထဲတွင် တစ်ခြားမီးလည်းဖွင့်ထားသည်။လိုက်ကာ စပါးပါးလေးမှ ဖြတ်၍ အလင်းစ တစ်ချို့သည် အရိပ်ထင်နေလေသည်။ကန်းပေါ်ယဲ့ စောင်အောက်မှ ခေါင်းထွက်လာပြီးနောက် သူ၏အိပ်ချင်နေသောမျက်လုံးကိုပွတ်သပ်နေသည်။ချင်းလီမှာမူ အိပ်ရာပေါ်တွင် ထိုင်ကာ tablet ဖြင့် ဇာတ်ညွှန်းဖတ်နေသည်။
ကန်းပေါ်ယဲ့ ဘေးရှိစားပွဲပေါ်တွင် အားသွင်းထားသော သူ့ဖုန်းကို ယူ၍ ကြည့်လိုက်စဥ် မနက်တစ်နာရီ ထိုးနေလေသည်။
“အစ်ကို၊ မအိပ်သေးဘူးလား”
ချင်းလီသည် ဇာတ်ညွှန်းအား လှန်ကြည့်လိုက်သောအခါ တစ်ပိုင်းသာ ဖတ်ရန် ကျန်တော့သည်။
“မင်းအိပ်နှင့်လေ၊ ငါဆက်ဖတ်လိုက်အုံးမယ်”
ကန်းပေါ်ယဲ့ စောင်ပြန်ခြုံပြီးနောက် ပြောခိုက်သည်။
“ပြီးရင်အိပ်တော့နော်”
ချင်းလီ အပိုင်းတစ်ပိုင်းဖတ်ပြီးရန် နာရီဝက်လောက် အချိန်ယူဖတ်လိုက်ရသည်။ သူဖတ်ပြီးသွားသည့်တိုင် ဘာဆက်ဖြစ်မလဲဆိုသည့် စိတ်နှင့် ဆက်ဖတ်ချင်နေသေးသည်။ကျန်းတုံသည် သူ့ကို ဇာတ်ညွှန်းသုံးပိုင်းသာ ပေးထားသော်လည်း အကြောင်းအရာမှာ ပြည့်စုံလွန်းသည်။ချင်းလီ ထိုဇာတ်ညွှန်းကိုဖတ်ရန် နှစ်နာရီလောက်အချိန်ကုန်သွားခဲ့သည်။ဇာတ်ကားထွက်လာသည့်အခါ အောင်မြင်ပါ့မလားဆိုတာ ချင်းလီမသိသော်လည်း အောင်မြင်မည်ဟု ထင်သည်။
ချင်းလီသည် ၂၇ နှစ်သာရှိသေးသော်လည်း သူသည် အဓိကဇာတ်ကောင်နေရာ၊ ဇာတ်ပို့နေရာ အကုန် သရုပ်ဆောင်ဖူးသည်။ သူရခဲ့သော အဓိကဇာတ်ကောင်မှာ အသုံးစရိတ်နည်းပါးသောဒရမ်မာတစ်ခု၌ဖြစ်ပြီး ဇာတ်ပို့နေရာမှာတော့ ရုပ်ရှင်ကားကြီးမှာ နေရာရခဲ့သည်။သို့သော်လည်း ပရိသတ်များ၏အဓိက အာရုံစိုက်ခံရမှုမှာတော့ သူ မဟုတ်ဘဲ အဓိကဇာတ်ကောင်သာဖြစ်သည်။
ချင်းလီသည် အိုင်ဒေါလ်ဒရမ်မာကြောင့် သူနည်းနည်းပိုပြီး အောင်မြင်လာမည်ဆိုတာ သိသည်။သူသည် ချောမောသည့်အထဲ မပါသော်လည်း ကြည့်၍ကောင်းပြီး ဆွဲဆောင်မှုရှိပုံပေါ်သည်။ ကျောင်းတက်စဥ်တွင် သူ့ဆရာမများသည် သူ့ကို ဇာတ်လမ်းတွဲများ ရိုက်ရမည့်ကောင်လေးဟု ပြောကြသည်။
ဇာတ်လမ်းတွဲများမှာ ချက်ချင်းမအောင်မြင်သော်လည်း ရေရှည်အခွင့်အလမ်းပေါင်းများစွာရှိသည်။ ဆက်လက် မရိုက်ကူးတော့လျှင်တောင် နာမည်ကျန်နေဦးမှာပင်။ထို့ကြောင့် ချင်းလီ ပုံစံပြောင်းရိုက်ရန် အချိန်ရောက်ပြီမှန်း သိလိုက်သည်။သူသည် ယခုထိ အသုံးစရိတ်များသောဇာတ်လမ်းတွဲများ မရိုက်ကူးနိုင်သေးသော်လည်း “The Bottom Line” ကဲ့သို့ ဇာတ်လမ်းတွဲမျိုးမှာ အကောင်းဆုံးအခွင့်အရေးဖြစ်သည်။
နောက်တစ်နေ့ မနက်စောစောတွင် ချင်းလီသည် ကျန်းတုံကိုတွေ့ရန် ထွက်သွားခဲ့သည်။တံခါးမှာ အနည်းငယ်ပွင့်နေသည်။ ရှောင်ယွီမှာ ရေချိုးနေပြီး ကျန်းတုံမှာမူ တံခါးဖွင့်ကာ သွားတိုက်နေသည်။
“ဒါရိုက်တာကျန်း၊ကျွန်တော် ဆရာမရှောင်ရဲ့ ဇာတ်ညွှန်းကိုတကယ် သဘောကျတယ်ဗျာ”
ချင်းလီ လှိုက်လှိုက်လှဲလှဲနှင့် ချီးကျူးလိုက်သည်။
“အခွင့်သာရင် ကျွန်တော်လည်း ဒီအစီအစဉ်မှာပါချင်တယ်”
“အိုးဟိုး”
ကျန်းတုံသည် သွားကိုပြီးအောင်တိုက်ပြီးနောက် ချင်းလီပခုံးကိုပုတ်ကာ ပြောလိုက်သည်။
“လူငယ်လေးက အမြင်ရှိတာပဲ၊ ငါ့မိန်းမရဲ့ ဇာတ်ညွှန်းက အရမ်းကောင်းမှန်း ငါသိတယ်၊ မင်းက သုံးပိုင်းပဲဖတ်ရသေးတာ ၊ဒါပေမယ့် နောက်ပိုင်းတွေကပိုပြီး စိတ်ဝင်စားစရာကောင်းတယ်”
အပိုင်းသုံးပိုင်းကပင် စာရေးသူ၏စွမ်းရည်ကို ကောင်းကောင်းကြီး ဖော်ပြနိုင်ပေသည်။ယခင်က ရှောင်ယွီသည် အောင်မြင်သော မှတ်တမ်းရှိခဲ့ဖူးသည်။ ဝင်စွက်ဖက်သော ရင်းနှီးမြှုပ်နှံသူတွေသာ မရှိခဲ့လျှင် သူမ၏နောက်ပိုင်းလက်ရာများမှာ ပျက်စီးတော့မည် မဟုတ်ချေ။
“ကျွန်တော် ရှန်ဖေး ရဲ့နေရာမှာ သရုပ်ဆောင်ချင်တယ်”
ချင်းလီလိုရင်းကိုသာ တိုက်ရိုက်ပြောလိုက်သည်။
“ကျွန်တော်သာ သူ့နေရာမှာ သရုပ်ဆောင်ရမယ်ဆိုရင် ကျွန်တော် အကောင်းဆုံးကြိုးစားပါ့မယ်”
ကျန်းတုံ စဉ်းစားသွားရသည်။ ရှန်ဖေးသည် “The Button Line” ၏ အဓိကအမျိုးသားဇာတ်ဆောင်ဖြစ်သည်။
ထိုနေရာမှာ အစကတည်းက ရွေးပြီးသားဖြစ်သည်။ ရှန့်ရှင်းဟယ် သည် ရှန်ဖေး နေရာအတွက် ရုပ်ရည်ရော သရုပ်ဆောင်စွမ်းရည်ပါ အဆင်ပြေသည်။ ကျန်းတုံ မပြောင်းချင်ပေ။
“ချင်းလီ၊ ငါတို့အဲဒီဇာတ်ကောင်အတွက် လူရွေးပြီးသားဖြစ်သွားပြီ၊ တခြားဇာတ်ကောင်ဆိုရင်ရော ဘယ်လိုလဲ၊ အမျိုးသားဇာတ်ပို့နေရာလည်းကောင်းတာပဲလေ” ချင်းလီ ရပ်သွားသည်။
“ရှန်ဖေး နေရာသရုပ်ဆောင်မဲ့သူကို ကျွန်တော်သွားခွင့်တောင်းရမလား”
ကျန်းတုံသည် သူ၏ရှုပ်ပွနေသောဆံပင်တွေကို ထိုးဖွနေသည်။
“နာမည်မကြီးတဲ့ လူငယ်သရုပ်ဆောင်တစ်ယောက်က…”
ချင်းလီသက်ပြင်းချလိုက်သည်။ နာမည်မကြီးတာဟာ နည်းနည်းလေးပြိုင်ဆိုင်ချင်စရာဖြစ်သည်။
“ဒါရိုက်တာ ကျန်း၊ “The Button Line”က အခုထိ ငွေကြေးထောက်ပံ့မှုမရသေးဘူးမလား၊ ကျွန်တော်သာ အဓိကအမျိုးသားဇာတ်ဆောင်နေရာရရင် ဒီအစီအစဉ်အတွက် အခွင့်အလမ်းတွေပေါ်လာမှာပဲ၊ ဒါဆို မင်းအတွက် ရင်းနှီးမြှုပ်နှံသူတွေရှာဖို့ လွယ်သွားလိမ့်မယ်၊ စိတ်မပူပါနဲ့ ငါဘာပိုက်ဆံမှမယူပါဘူး၊ မင်းအတွက် အကုန်အကျသက်သာဖို့ ငါလည်းရိုက်ကူးရေးမှာ ရင်းနှီးမြှုပ်နှံမယ်၊ မင်းကို ရင်းနှီးမြှုပ်နှံသူရှာဖို့လည်း ကူညီပေးမယ်၊ ဘယ်လိုလဲ”
ချင်းလီ၏ကမ်းလှမ်းမှုမှာ ကောင်းသည်။အကယ်၍ ရှန့်ရှင်းဟယ် သာမဟုတ်ဘူးဆိုလျှင် ကျန်းတုံလက်ခံမိလောက်သည်။
သို့သော် ချင်းလီ၏ ရုပ်ရည်မှာ ရှန့်ဖေးနှင့် သိပ်ပြီး မကိုက်ညီလှချေ။ဇာတ်လမ်းတွဲအများစုသည် ဇာတ်ဆောင်များကို အသင့်အတင့်လောက်သာရွေးချယ်သော်လည်း ရှန့်ဖေးသည် ခပ်မိုက်မိုက် ဇာတ်ကောင်ဖြစ်သည်။ရဲအရာရှိမဖြစ်ခင်က ဂိုဏ်းခေါင်းဆောင်ဖြစ်ဖူးသူ ဖြစ်သည်။ဘဝအသစ်ပြောင်းသွားသည့်အခါ ရဲအရာရှိဖြစ်သွားပြီးနောက် မှတ်ညဏ်များ ပျောက်ဆုံးသွားကာ ရာဇဝတ်သားအဖြစ် အဆုံးသတ်သွားသူဖြစ်သည်။
ဤသည်မှာ သူ့မှတ်ညဏ်များ ပျောက်ဆုံးပြီးနောက် ရာဇဝတ်သားဖြစ်လာသည့် ရှန့်ဖေး ၏ ဂိုဏ်းစတား ဇာတ်လမ်းဖြစ်သည်။
ထို့ကြောင့် ရှန့်ဖေး၏ပုံစံမှာ ဖြောင့်မတ်သည့်ပုံစံ ဖြစ်နေလို့မရချေ။
ရှန့်ရှင်းဟယ်တွင် အမှီအခိုကင်းသည့် ခပ်ဆိုးဆိုးပုံစံ ဆွဲဆောင်မှုရှိသောကြောင့် ရှန့်ဖေးဇာတ်ကောင်နှင့် လိုက်ဖတ်ညီသည်။
ဇာတ်ကောင်ပုံစံအတိုင်းဆိုလျှင် ချင်းလီနှင့် မလိုက်ဖက်ချေ။
နောက်ဆုံးတွင် ချင်းလီ၏ကမ်းလှမ်းမှုကို ကျန်းတုံ ယဉ်ကျေးစွာဖြင့် ငြင်းလိုက်သည်။သူ အဓိကဇာတ်ကောင်ပြောင်းပစ်ရန် ငြင်းလိုက်သည်။ပြောရမည်ဆိုလျှင် ဇာတ်ကောင်ရွေးချယ်သည့်နေရာတွင် မည်သူမျှ စွပ်ဖက်မှုကိုလက်ခံမည်မဟုတ်ချေ။ သူ့အကောင်းဆုံးဟုထင်သည့် မင်းသားနှင့်သာ မရိုက်ကူးနိုင်လျှင် ယခင်က ကဲ့သို့အမှားမျိူး ထပ်လုပ်မိသလို ဖြစ်သွားပေလိမ့်မည်။
တံခါးပိတ်ပြီးနောက် ချင်းလီ လျှောက်လမ်း၌သာ ရပ်နေကာ သတိမမူမိဘဲ လက်သီးဆုပ်ထားမိသည်။ရုတ်တရတ် သူ၏နောက်မှ ခြေသံကို ကြားလိုက်ရသည်။
ချင်းလီနောက်သို့ လှည့်ကြည့်လိုက်စဉ် ရဲ့လော့ယီ ကိုတွေ့သည်။
ရဲ့လော့ယီမှာ ကျက်သရေရှိလှသည့် အစိမ်းရောင်ဂါဝန်ကို ဝတ်ဆင်ထားပြီး သူမ၏ဆံပင်ကို ခပ်နိမ့်နိမ့်စီးထားသည်။မနက်ခင်း နေရောင်ခြည်အောက်မှာ သူမသည် နူးညံ့စွာလှပနေသည်။သူမ ချင်းလီကိုကြည့်ပြီး တောင်းပန်စကားဆိုလ်ိုက်သည်။
“ဆောရီးနော် အစ်ကို ချင်းလီ၊ ကျွန်မက ဒီတိုင်းဖြတ်သွားရုံပါ၊ ခိုးနားထောင်ဖို့ မရည်ရွယ်ပါဘူး”
ရဲ့လော့ယီ၏အသံမှာ ကြည်လင်ပြီးနားဝင်ချိုလှသောကြောင့် ချင်းလီရင်ခုန်လာသကဲ့သို့ ခံစားရသည်။
“ဘာမှမဖြစ်ပါဘူး”
သူ အားကျရသော လူတစ်ယောက်ရှေ့တွင် ကျရှုံးရခြင်းဟာ ချင်းလီကို အရှက်ရသလို ခံစားရစေသည်။
ရဲ့လော့ယီသည် ချင်းလီကို နှစ်သိမ့်ပေးသည်။
“အစ်ကိုချင်း၊ ဒါရိုက်တာကျန်းက အဲဒီဇာတ်ကောင်က အစ်ကိုနဲ့မလိုက်ဖက်ဘူးလို့ ထင်နေရုံပါ၊ အရည်အချင်းရှိဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး၊ ကျွန်မ အစ်ကို့ရဲ့ဇာတ်ကားတွေကိုကြည့်ဖူးတယ် ပြီးတော့ အစ်ကို သရုပ်ဆောင်တဲ့ ဇာတ်ကောင်တွေကိုလည်း သဘောကျတယ်”
ချင်းလီ စိတ်ပျက်နေရာမှ ခေါင်းမော့ပာ စိတ်လှုပ်ရှားဟန်ဖြင့်
“မင်းကငါ့ရဲ့ ဇာတ်ကားတွေကို ကြည့်တယ်လား”
“ဒါပေါ့”
ရဲ့လော့ယီသည် ချင်းလီနားသို့ ကပ်လိုက် လိုက်ပြီးနောက် နှစ်ယောက်အတူတူ ဧည့်ခန်းထဲသို့ ဆင်းလာကြသည်။
“ကျွန်မက အမာခံပရိသတ်လေ၊ ကျွန်မ အစ်ကို ရုပ်ဆောင်ထားတဲ့ IPsတွေအကုန်လုံးကို ကြည့်ဖူးတယ်၊ ကျွန်မ အစ်ကို့ ဇာတ်ကားတွေကိုကြည့်ရင်လေ ဇာတ်ကောင်တွေက တကယ် အသက်ဝင်နေသလိုပဲ”
လှေကားမှာ ကျဉ်းလေသည်။ ရဲ့လော့ယီသည် လက်ပြတ်ဂါဝန်ကို ဝတ်ဆင်ထားပြီး ချင်းလီမှာ ရှပ်အကျီလက်တိုကို ဝတ်ဆင်ထားသည်။သူတို့ဘေးချင်းကပ် လမ်းလျှောက်နေစဥ် လက်မောင်းများမှာ တစ်ခုနှင့်တစ်ခု ထိမိနေသည်။ချင်းလီသည် ပိုးသားကဲ့သို့ နွေးထွေးနူးညံ့သည့် သူမအသားအရေကို ခံစားမိလေသည်။
ချင်းလီ ရင်ခုန်လာသည်။သူတို့ လက်မောင်းချင်း ထိမိတိုင်း သူ၏ခန္ဓာကိုယ်ထဲသို့ လျှပ်စီးကြောင်းများ ဖြတ်စီးသွားသလိုပင်။
သူ ရဲ့လော့ယီ၏အလှကို တိတ်တိတ်ကလေး ငေးကြည့်နေမိသည်။ သူမ၏နူးညံ့သည့်ပုံစံမှာ နေရောင်ထဲတွင် ပို၍တောက်ပနေသည်။
ချင်းလီသည် ရဲ့လော့ယီကို အကြာကြီးချစ်မိဖူးသည်။
ကျောင်းတုန်းကဆိုလျှင် ချင်းလီသည် ဝပြီး အတန်းဖော်များ၏အနိုင်ကျင့်မှုကို ခံရသည်။တစ်နေ့ သူအိမ်ပြန်လမ်းတွင် လူမိုက်တစ်ချို့၏ လမ်းကြားထဲ၌ ငွေညစ်ခြင်းကိုခံရသည်။ထိုစဉ်က ၁၇နှစ်သာရှိသေးသော ချင်းလီသည် အရပ်ရှည်ပြီးပခုံးကျယ်သော်လည်း ဝသည့်အထဲတွင်ပါသည်။ သူ ကြောက်ကြောက်လန့်လန့်ဖြင့် ပိုက်ဆံများ အကုန်လုံးကိုပေးလိုက်ရသည်။ထို့နောက် အဖြစ်အပျက်ကိုသိသွားသော ၁၄နှစ်အရွယ် ရဲ့လော့ယီသည် ရဲစခန်းကို ဖုန်းဆက်လိုက်သည်။ လူမိုက်များထွက်သွားသည်နှင့် ရဲ့လော့ယီက ချင်းလီကို လာထူခဲ့သည်။
“အစ်ကို အခုအဆင်ပြေသွားပြီနော်၊ ရဲတွေရောက်လာပြီး လူဆိုးတွေကို ဖမ်းသွားပြီ” ဟုပြောလေသည်။
ဤသည်မှာ ချင်းလီ အသက်၁၇ အရွယ်တွင် သူ၏ပထမဆုံးအလင်းရောင်လေးကို တွေ့လိုက်ခြင်းဖြစ်သည်။ သူ့ဘေးသို့ နတ်သမီးလေးတစ်ပါးရောက်လာခဲ့ခြင်းလားဟုတောင် ထင်မှတ်သည်။
ထို့နောက် ချင်းလီ မနေနိုင်ဘဲ ရဲ့လော့ယီအပေါ် စိတ်ဝင်စားမိသည်။ သူမအတွက် ပေါင်၃၀၀လူငယ်လေးအဖြစ်မှ ပေါင်၁၄၀အမျိုးသားအဖြစ်သို့ ပြောင်းလဲခဲ့သည်။ သို့သော် သူယခုထိ သူမကို မချဉ်းကပ်နိုင်သေးချေ။
ရဲ့လော့ယီသည် ကြင်နာတက်ပြီး လှပသောအမျိုးသမီးဖြစ်ပြီး ယီမိသားစု၏ တစ်ဦးတည်းသော သမီးဖြစ်သည်။သူမအား လူတိုင်း ချစ်မြတ်နိုးကြသည်။
တခြားတစ်ဖက်တွင် ချင်းလီသည် သာမာန်လူတစ်ယောက်သာဖြစ်သည်။ သူမမှာ သူနှင့် မထိုက်တန်ဘူးဟုတောင် ခံစားမိသည်။ သရုပ်ဆောင်ဖြစ်ပြီးနောက် ရဲ့လော့ယီနှင့် ကုမ္ပဏီချင်း တူသော်လည်း ချင်းလီမှာ သူမနှင့် မနီးစမ်သလို ခံစားရသည်။
ပေယွဲ့ပိုင်ကဲ့သို့ ချမ်းသာသည့်မိသားစု၏ ဒုတိယသခင်လေးကသာလျှင် ရဲ့လော့ယီအတွက် သင့်လျော်သည်။
“အစ်ကိုချင်း၊ အစ်ကိုချင်း”
ရဲ့လော့ယီ၏နူးညံ့သည့်အသံလေးမှာ ချင်းလီကို သတိဝင်စေသည်။
“တောင်းပန်ပါတယ်၊ ငါအတွေးလွန်သွားတယ်”
“ရပါတယ်၊ကျွန်မလည်း တစ်ခါတစ်လေ အတွေးလွန်တာပဲ~”
ရဲ့လော့ယီသည် နားလည်သလို ပြုံးပြသည်။ သူမ၏အပြုံးမှာ နွေဦးလေပြေလေးလို နွေးထွေးပြီး ချင်းလီ၏ ရင်ကို နွေးစေသည်။
ရုတ်တရတ် ချင်းလီ၏ဖုန်း မြည်လာသည်။ခေါ်ဆိုသူကို ကြည့်လိုက်စဥ်“မိုမို”ဖြစ်သည်။
ချင်းလီတစ်ချက်ကြည့်လိုက်သည်။သူ့ပုံစံမှာ တင်းမာသွားပြီး မြန်မြန်ဖုန်းချလိုက်သည်။
ရဲ့လော့ယီသည် ပါးစပ်ကိုလက်နှင့်အုပ်၍ စလိုက်သည်။
“ကောင်မလေးလား၊ အိမ်ပြန်နောက်ကျတော့ လွမ်းနေတာထင်တယ်”
ချင်းလီ၏မျက်လုံးများမှာ ထိပ်ထိပ်ပြာပြာ ဖြစ်သွားသည်။
“မဟုတ်ပါဘူး၊ ငါက single ပါ ဒါက ရိုးရိုးဖုန်းခေါ်မှုတစ်ခုပါပဲ”
ရဲ့လော့ယီ: “အိုး၊အစ်ကိုလည်း ဆင်ဂယ်ပဲလား”
ချင်းလီအံ့အားသင့်သွားသည်
ရဲ့လော့ယီ ပခုံးတွန့်ပြီးနောက်
“ကျွန်မလည်း ဆင်ဂယ်ပဲလေ”
ချင်းလီ ချက်ချင်းပြန်မေးလိုက်သည်၊
“မင်းက ပေယွဲ့ပိုင်နဲ့တွဲနေတာမဟုတ်ဘူးလား”
ရဲ့လော့ယီ၏မျက်လုံးများမှာ အံ့ဩသွားပုံရသည်။
မနက်အစောပိုင်းတွင် တိုက်ရိုက်ထုတ်လွှင့်မှုမစတင်ခင် ကင်မရာများ အကုန်ပြင်ဆင်ပြီးထားသော်လည်း မည်သူမျှရောက်မလာသေးပေ။ရဲ့လော့ယီ အဆင်မပြေသလိုခံစားနေရပြီး တစ်ခုခုမှားယွင်းနေပုံပင်။
“မစ္စတာချင်း ရှင် အထင်လွဲနေပြီ၊ ပေယွဲ့ပိုင်နဲ့ကျွန်မက သူငယ်ချင်းတွေပါ၊ အွန်လိုင်းပေါ်ကအရာတွေက လုပ်ယူထားတာတွေရယ်”
မနေ့က ရိုက်ကူးရေးတွင်လည်း ရဲ့လော့ယီသည် သူမနှင့် ပေယွဲ့ပိုင်မှာ သူငယ်ချင်းများ ဖြစ်ကြောင်း ပြောခဲ့သည်။ချင်းလီသည် သူတို့ဆက်ဆံရေးကို တရားဝင်ချမပြချင်လို့ပြောလိုက်ရုံ သက်သက်ဟု ထင်ခဲ့သည်။သို့သော် ရှေ့မှာတစ်မျိုး၊ကွယ်ရာမှာတစ်မျိုးဖြစ်မည်ဟု ထင်ခဲ့သည်။ ယခု ကင်မရာများ ရှိမနေတာတောင် ရဲ့လော့ယီသည် ဤအတိုင်းသာပြောလာသည်။
ချင်းလီ၏မျက်လုံးများမှာ တောက်ပလာပြီး သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြစ်ပေါ်လာသည်။ထိုအချိန် ရဲ့လော့ယီ ဖြတ်ခနဲကြည့်လိုက်သည်။ ဧည့်ခန်းအလယ်၌ ရှေးဟောင်းပုံစံ ကြေးနီရောင်နာရီတစ်လုံး ချိတ်ဆွဲထားသည်။ ရှစ်နာရီထိုးတော့မည်ဖြစ်သည့်အတွက် ရိုက်ကူးရေးသမားများမှာလည်း တိုက်ရိုက်ထုတ်လွှင့်ခြင်းအတွက် ပြင်ဆင်ရန် ဧည့်ခန်းထဲသို့ ဝင်လာကြသည်။ရဲ့လော့ယီ သက်ပြင်းချလိုက်သည်။
“တိုက်ရိုက်ထုတ်လွှင့်ရမယ့် အချိန်တောင်ရောက်တော့မှာပဲ၊ ကျုံချင်းယွီက တော်ဝင်ဟော်တယ်မှာ ပြင်သစ်မနက်စာ မှာထားတယ်လို့ကြားတယ်၊ သူမရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုက ထပ်ပြီးနာမည်ကြီးဦးမယ်လို့ ကျွန်မထင်တယ်”
ချင်းလီ အရမ်းပျော်နေပြီး တစ်ခြားသူများကိုပင် ဂရုမစိုက်နိုင်တော့ချေ။
“ကျုံချင်းယွီက သူမရဲ့ချမ်းသာမှုတွေကို ကြွားလုံးထုတ်လို့သာ ကြည့်ရှုသူတွေများတာပါ၊ လူတွေက ဒီအတိုင်း သိချင်ရုံပဲ၊ မင်းရဲ့တိုက်ရိုက်ထုတ်လွှင့်မှုကမှ ပိုကောင်းတာ၊ မင်းရဲ့ခရီးသွားလမ်းညွှန်ကလည်း ပိုပြည့်စုံတယ်”
ရဲ့လော့ယီ လက်ခံလိုက်သော်လည်း သူမ စိတ်ပျက်မှုများကြောင့် ခေါင်းငုံ့ထားသည်။
“ဟူး၊ ပြည့်စုံတာက ဘာအရေးလဲ၊ ကျွန်မသူ့ကို မယှဉ်နိုင်ဘူး”
ချင်းလီ နာကျင်သလို ခံစားရသည်။ ရဲ့လော့ယီ နာကျင်နေခြင်းကို ကြည့်ရသည်မှာ သူ့ကိုဝမ်းနည်း နာကျင်စေသည်။
မနက်ရှစ်နာရီ၌ တိုက်ရိုက်ထုတ်လွှင့်မှု စတင်သည့်အခါ နှစ်ယောက်သားစကားပြောခြင်းကို ရပ်လိုက်ပြီး မနက်စာပြင်ရန် မီးဖိုချောင်ထဲသို့ ဝင်သွားလိုက်သည်။ ရဲ့လော့ယီ သူမ၏ လက်ချောင်းနုနုလေးများနှင့် အရွက်သုပ်လေသည်။ သူမသည် မြန်မြန်ဆန်ဆန်ပင် သုပ်လိုက်ပြီးနောက် ဧည့်ခန်းထဲသို့ယူလာသည်။
ခဏအကြာတွင် ကန်းပေါ်ယဲ့ ဆင်းလာသည်။သူ ဧည့်ခန်းကိုဖြတ်လျှောက်လာပြီးနောက် ရဲ့လော့ယီကိုနှုတ်ဆက်လိုက်သည်။ ထို့နောက် ကန်းပေါ်ယဲ့ မီးဖိုချောင်အထဲသို့ ဝင်လာပြီး ချင်းလီ၏ပခုံးပေါ် လက်လာတင်သည်။မီးဖိုချောင်မှာ ကင်မရာတစ်လုံးသာရှိပြီး ကန်းပေါ်ယဲ့ဘက်မှာရှိနေတာဖြစ်သောကြောင့် သူကို ကွယ်သွားသည်။
“အစ်ကို၊ရဲ့လော့ယီက မင်းရဲ့မိန်းမနဲ့ မတူဘူးလား၊ အထူးသဖြင့် သူမမျက်လုံးတွေက လုံးဝချွတ်စွပ်ပဲ”
ကန်းပေါ်ယဲ့သည် တိုက်ရိုက်ထုတ်လွှင့်မှုတွင် သူပြောသည်များ မပါစေရန် မိုက်ခရိုဖုန်းကိုပိတ်၍ ခပ်တိုးတိုးပြောသည်။
ချင်းလီ မျက်မှောင်ကြုတ်ကာ ကန်းပေါ်ယဲ့၏လက်ကို ဖယ်ချလိုက်သည်။သူလည်း အသံကို နိမ့်၍
“မိုမိုနဲ့ငါက သူငယ်ချင်းတွေပဲ၊ ကောလဟာလတွေ လျှောက်ဖြန့်မနေနဲ့”
ရှစ်နာရီတွင် ဧည့်သည်များ တစ်ယောက်ပြီးတစ်ယောက် နိုးလာကြသည်။ မနက်စာစားပြီးနောက် ကိုယ်စီ ခရီးသွား အစီအစဉ်အတိုင်း ထွက်ခွာကြသည်။
ကျုံချင်းယွီနှင့် ယန်ရှီမှာမူ အခန်းထဲတွင် သာရှိနေသေးသည်။ အခန်းထဲတွင် ကင်မရာတပ်ထားသော်လည်း သူတို့လှဲနေရာမှ မထသေးချေ။
[တိုက်ရိုက်ထုတ်လွှင့်မှုက စနေပြီ၊ သူတို့က မထသေးဘူး]
[ဒါပေမယ့် အိပ်ရာထဲမှာနေရတာ ကောင်းတယ်လေ ၊ငါသာဆိုလည်း အိပ်ရာထဲမှာပဲ နေမှာ]
[ကျုံချင်းယွီက ခရီးသွား အစီအစဉ် မရှိဘူးလို့ပြောတယ်မလား၊ သူတို့ထချင်တဲ့အချိန်ထပြီး သွားချင်တဲ့နေရာသွားလို့ရတယ်လေ၊ ခရီးသွားတယ် ဆိုတာ မတူတဲ့ဒေသမှာ နေတာမျိုးလေ၊ အချိန်မှန်ထနေရမှတော့ အလုပ်သွားတာနဲ့ ဘာကွာတော့မှာလဲ]
[ကြိုတင်စီစဉ်မထားတဲ့ ခရီးသွားခြင်းက အကောင်းဆုံးပဲ]
[ငါ့သူငယ်ချင်းနဲ့ ငါက အတူတူပဲ၊ ငါ့မိဘတွေနဲ့ခရီးသွားရင် သူတို့က ငါ့ကိုအစောကြီးလာနှိုးတာ၊ ဘာဖြစ်ဖြစ် ငါကတော့ ပြန်အိပ်တာပဲ ]
ကိုးနာရီထိုးသည့်အချိန်တွင် ကျုံချင်းယွီနှင့် ယန်ရှီတို့မှာ ပျင်းရိစွာထလာကြသည်။မျက်နှာသစ် မိတ်ကပ်လိမ်းပြီးနောက် သူတို့ ပြင်သစ်စာ စားရန် တော်ဝင်ဟော်တယ်သို့ ဦးတည်လိုက်ကြသည်။နောက်တွင် လူးဝစ်စီစဉ်ပေးထားသည့် လိုင်မြို့၏လည်ပတ်စရာနေရာများကို သွားကြသည်။
လူးဝစ်သည်ကျွမ်းကျင်ခရီးသွားလမ်းညွှန်ဖြစ်ရုံသာမက ဓါတ်ပုံလည်း ကောင်းကောင်းရိုက်တတ်သည်။ သူသည် ကျုံချင်းယွီနှင့်ယန်ရှီတို့၏ ရင်သပ်ရှုမောဖွယ်ဓါတ်ပုံများကို ရိုက်ပေးလေသည်။ဇိမ်ခံကားကြီးသည် စိမ့်မြစ်ဘေးရှိ လမ်းကျဉ်းလေးထဲသို့ ဖြည်းဖြည်းချင်း ဖြတ်မောင်းလာသည်။ မြစ်ကမ်းဘေးတွင် လည်ပတ်သူများဖြင့် စည်ကားကာ အသက်ဝင်လှသည်။ စိမ့်မြစ်ထဲတွင်လည်း လေညှင်းကြောင့် ရွေ့နေသည့် လှေအရွယ်အစား အမျိုးမျိုးကို ချထားသည်။ ယန်ရှီသည် ဇိမ်ခံကားမှန်မှ အပြင်ကိုစူးစမ်းနေသည်။ထို့အပြင် သူတို့ဖြတ်သွားသည်ကို တစ်ချို့လမ်းသွာလမ်းလာများသည် လာနှုတ်ဆက်ကြသည်။
“လိုင်မြို့က ဒီနေ့ အသက်ဝင်နေတာပဲ”
လူးဝစ်က ရှင်းပြသည်။
“ဒီနေ့က လိုင်မြို့ရဲ့ လှေပွဲတော်လေ၊ စိမ့်မြစ်ပေါ်က လှေတွေလိုမျိုး လှေပြိုင်ပွဲတွေအများကြီးရှိတယ်၊ လည်ပတ်သူတွေလည်း စီးလို့ရတယ်၊ ညနေခင်းမှာဆို လမ်းမှာကပွဲတွေ မီးပန်းတွေနဲ့ လှေပြိုင်ပွဲရှိတယ်”
ကျုံချင်းယွီ ယန်ရှီနားကပ်၍ မြစ်ပေါ်မှ လှေများကို ကြည့်လိုက်သည်။ တစ်ချို့မှာသေး၍ ပျော့ပြောင်းသော်လည်းတစ်ချို့မှာ ရှည်လျာပြီး အရွယ်အစား ကြီးလေသည်။သို့သော်လည်း တစ်ခုချင်းစီတွင် ကိုယ်ပိုင်ပုံစံရှိနေကြသည်။ လည်ပတ်သူအများစုမှာ လှေစီးချင်ကြသော်လည်း လူအရမ်းများလွန်းသောကြောင့် တန်းစီနေရသည်။ဇိမ်ခံကားသည် လှေကြီးကိုဖြတ်သွားသောအခါ ထိုနေရာတွင် ရိုက်ကူးရေးအဖွဲ့ရှိနေခြင်းကို ယန်ရှီသတိပြုမိသွားသည်။
တန်းစီနေရသည်ကို ရဲ့လော့ယီမစောင့်နိုင်တော့ပေ။သူမ သဘော်ကုန်းပတ်ပေါ်သို့ ချောမောသော ပြင်သစ်အမျိုးသားတစ်ယောက်နှင့်အတူ လျှောက်လှမ်းသွားလိုက်သည်။
ဘဘော်ကုန်းပတ်ပေါ်တွင် နှစ်ယောက်သားပြောပြောဆိုဆိုဖြင့် ရယ်မောနေကြသည်။ရဲ့လော့ယီသည် သူမ ပရိသတ်များကို လှေပွဲတော်အကြောင်းပြောပြနေချိန် အမျိုးသားသည် သူမကို ကြင်နာစွာ ငေးကြည့်နေသည်။
“သူမက တကယ် ကျက်သရေရှိတာပဲ”
ယန်ရှီ System ကိုပြောလိုက်စဥ် Systemမှ ပြန်ဖြေလိုက်သည်။
[ယောကျာ်းတွေက မနေနိုင်ဘဲ သူမကို သဘောကျမိကြတယ်၊ ဒါကပဲသူမကိုဆွဲဆောင်မှုရှိစေတာ၊ သူမခရီးစဉ်မှာ နိုင်ငံခြားသားတွေ သူမကိုကြိုက်တာက ပုံမှန်ပါပဲ ~]
ယန်ရှီ: “အဲဒါကို ပရိသတ်တွေက ဘာမှမပြောကြဘူးလား။
[ရဲ့လော့ယီက သူငယ်ချင်းတွေလို့ ပြောထားတယ်လေ]
[အဲဒီစုံတွဲကိစ္စက ပြီးဆုံးသွားပြီ သူတို့က သူငယ်ချင်းတွေပဲ]
“ရှီရှီ၊အပြင်ထွက်ကြည့်ချင်လား”
ကျုံချင်းယွီ ယန်ရှီကိုမေးလိုက်သည်။
“ဒီသဘော်တွေက ဇိမ်ခံသဘော်နဲ့တော့ မယှဉ်နိုင်လောက်ဘူး၊ သူတို့က နည်းနည်းဟောင်းနေပြီးပေမယ့် နင်စီးချင်ရင် ငါလည်းလိုက်စီးပေးမယ်လေ”
ယန်ရှီ ရယ်မိသည်။
ဤအမျိုးသမီးသည် အကုန်လုံးကို အထင်သေးသည့်အမြင်ဖြင့်သာ ကြည့်နေခြင်း ဖြစ်သည်။သူမအတွက် ဤအရာများအားလုံးသည် အရေးမပါချေ။ဗီရိုတစ်ခုလုံးကို ဈေးကြီးသည့် အကျီများသာ ထည့်တတ်သည့် သူမအတွက် Pinduoduoလို အကျီတစ်ထည်ကို ယွမ်တစ်ဆယ်လောက်သာကျသည့် အက်ပလီကေးရှင်းကို သိမည်မထင်ချေ။သူမ လေးစားသော်လည်း နားမလည်ချေ။သူမ ထိုအကြောင်းကိုသိသော်လည်း စမ်းကြည့်ရန်တော့ စိတ်ကူးမရှိချေ။
သဘော်ကိစ္စကိုတော့ သူမအင်တင်တင်ဖြင့် လက်ခံလိုက်သည်။
ယန်ရှီသည် စိမ့် မြစ်ပေါ်မှ နည်းနည်းကြီးပြီး လှပသည့် ဘဘော်ကို လက်ညိုးထိုးပြပြီး
“ဟိုသင်္ဘောလေးလှတယ်၊ သွားစီးရအောင်”
လူးဝစ်သည် လှည့်ကြည့်လိုက်ပြီးနောက် “မင်းတို့ တန်းစီရမယ်ထင်တယ်”
ကျုံချင်းယွီ မေးလိုက်သည်။
“ရဲ့လော့ယီတောင် တန်းမစီတာ၊ ငါတို့ကဘာလို့ တန်းစီရမှာလဲ”
လူးဝစ်ကရှင်းပြလိုက်သည်။
“မစ္စယီ တွဲသွားတဲ့အမျိုးသားက ကြည့်ရတာ သင်္ဘောပိုင်တဲ့ပုံပဲ၊ ပြီးတော့ သင်္ဘောအသင်းဝင်ထင်တယ်၊ အဲဒီလိုအခြေအနေသာဆိုရင် တစ်ခြားအသင်းဝင်တွေရဲ့ သင်္ဘော်ပေါ် တတ်ဖို့တန်းစီစရာမလိုဘူး”
ကျုံချင်းယွီ လက်ခါပြလိုက်ပြီး
“ဘာခက်လို့လဲ၊ ငါတို့ သဘော်တစ်စီးဝယ်လိုက်မယ်လေ”
[ကျုံချင်းယွီ၏ပုံစံ: တစ်ယောက်ယောက်က ကိုယ်ပိုင်လေယာဉ်ရှိတာလား ဝယ်လိုက်၊ ဧည့်သည်အိမ်က ပြန်ပြင်ဖို့ အဆင်မပြေဘူးလား အသစ်ဝယ်လိုက်၊ သဘော်ပေါ်တက်ဖို့ တန်းစီနေရသလား သဘော်ဝယ်လိုက်။]
[ဒီအမျိုးသမီးနောက်လိုက်ရတာ သိပ်ပျော်ဖို့ကောင်းတာပဲ၊ အကုန်ဝယ်နေတော့တာ]
[သဘော်တွေက ဈေးကြီးလို့လား၊ မင်းတောင် ဝယ်နိုင်လို့လား၊ နောက်ဆုံးတစ်ခေါက်က ကျုံချင်းယွီ ကိုယ်ပိုင်လေယာဉ်ဝယ်မယ်ပြောပြီး မဝယ်ခဲ့ဘူးလေ]
[ငါ သဘော်ဈေးတွေ ကြည့်ပြီးပြီ၊ သဘော်တစ်စီးက တစ်မီလီယမ်တောင်မရှိပေမယ့် သဘော်ကြီးကတော့ မီလီယမ်ဆယ်နဲ့ချီတယ်]
[ကျုံချင်းယွီ သဘော်အသေးတော့ ဝယ်နိုင်မှာပါ]
ခဏအကြာတွင်ကျုံချင်းယွီ စိမ့်မြစ်ပေါ်မှ သဘော်ကြီးကို လက်ညိုးထိုးပြကာ
“ရှီရှီ၊ဒီသဘော်က အကြီးဆုံးနဲ့အလှဆုံးပဲ၊ အဲဒါ ဝယ်ရအောင်”
လူးဝစ် ဈေးနှုန်းကိုအမြန် စစ်ကြည့်လိုက်သည်။
“အဲဒီလို သဘော်မျိုးက အနည်းဆုံး မီလီယမ် နှစ်ဆယ်ကျော်ပေးရတယ်”
ကျုံချင်းယွီ မေးစေ့ကိုပွတ်ပြီးနောက် ပြောလိုက်သည်။
“အမ်း၊ဈေးလေးမဆိုးဘူး”
[???]
[ကျုံချင်းယွီပြောတာက “ဈေးသင့်တယ်” တဲ့လား]
[ ဒေါ်လာအကြောင်းကိုပြောတာလား]
[မိုနိုပိုလီမှာတောင် ငါအဲဒီလောက်ကြီးမသုံးလောက်ဘူး]
[ကျုံချင်းယွီ ဒါရိုက်တာကျန်းကို မေ့နေတာလား၊ ဒါရိုက်တာကျန်းက သူ့ရုပ်ရှင်မှာငွေမသုံးဘဲ သဘော်ဝယ်လိုက်တာသိရင် ငိုနေလောက်တယ်]
ယန်ရှီလည်း ကျန်းတုံအကြောင်းတွေးမိသည်။ကျန်းတုံသည် ယခုထိ ကျုံချင်းယွီအပေါ်လက်မလျော့သေးသည့်အပြင် သူမသည် အလားအလာရှိသည့် ရင်းနှီးမြှုပ်နှံသူဖြစ်ကြောင်းကိုလည်း ယုံကြည်နေသေးသည်။ ယန်ရှီခပ်တိုးတိုးပြောလိုက်သည်
“နင်ဒီလိုလုပ်ရင် ဒါရိုက်တာကျန်း ငိုသွားလိမ့်မယ်”
“ဒါရိုက်တာကျန်းလား၊ သူနဲ့မှ မထိုက်တန်တာ”
ကျုံချင်းယွီ အထင်သေးသလို မေးငေါ့လိုက်သည်။
“ရင်းနှီးမြှုပ်နှံဖို့လိုတဲ့ပရောဂျက်တွေမှ အများကြီးပဲ၊ ငါကအကုန်လုံးကိုတော့ ဘယ်လိုလုပ် ရင်းနှီးမြှုပ်နှံနိုင်မှာလဲ ပြီးတော့ သူက ငါ့ကို ဘာကြောင့်ရင်းနှီးမြှုပ်နှံသင့်တယ်ဆိုတာ မပြောဘူးလေ”
ပေယွဲ့ပိုင်သည် အရင်းအနှီးမလိုသော်လည်း ကျုံချင်းယွီ ရင်းနှီးမြှုပ်နှံရန် စဉ်းစားခဲ့သည်။ပေယွဲ့ပိုင်မလိုအပ်သည့်အခါတွင် သူမလည်း ဆက်၍မလုပ်တော့ချေ။ရှန်းရိုသည်လည်း စိတ်မဝင်စားသောကြောင့် ကျန်းတုံသည် ကျုံချင်းယွီ၏ရင်းနှီးမြှုပ်နှံမှုစာရင်းထဲတွင်ရှိမနေချေ။
လှေပြိုင်ပွဲမှာ အသုံးပြုသော သဘော်အများစုသည် သီးသန့်ပိုင်တာဖြစ်ပြီး ဤနေရာမှရောင်းချမည့် သဘော်များမှာ အသစ်စက်စက်ဆိုတာ အလွန်ရှားသည်။
သို့သော် သတင်းကြွယ်လှသည့် လူးဝစ်ကို မည်သည့်အရာကမျှ မတားနိုင်ချေ။သူ၏ကွန်ရက်ကနေတစ်ဆင့် စိမ့်မြစ်ကမ်းမှာ ကျောက်ချထားသည့် ရောင်းချမည့်သဘော်တစ်စင်းကို မြန်မြန်ဆန်ဆန် ရှာတွေ့သွားသည်။ ရေမွန်သည် သဘော်ကုန်သည်ဖြစ်ပြီး သူ ကျိန်စာမိနေသလို ခံစားရသည်။ လွန်ခဲ့သောနှစ်နှစ်လောက်ခန့်က သူ၏သူငယ်ချင်းသည် အထူးသဘော်တစ်စီး ဒီဇိုင်းဆွဲရန် အမိန့်ပေးခဲ့သည်။သူငယ်ချင်းမှာ ချမ်းသာသော်လည်း စီးပွားရေးတိုးချဲ့ရန်သောပြင်းပြနေသော ရေမွန်သည် သေချာမစဉ်းစားဘဲ စာချုပ်မှာလက်မှတ်ထိုးလိုက်သည်။လက်မှတ်ထိုးပြီးနောက် သူငယ်ချင်းသည် ငွေနည်းနည်းလေးသာပေးပြီး ကုန်ကျစရိတ်အားလုံးကို ရေမွန်ကိုသာရှင်းခိုင်းသည်။ရေမွန်သည် ကိုယ့်ဘာသာကိုယ်ပြန်တွေးသည်။
“ဒီလူက ချမ်းသာပြီး ဘီလီယမ်နဲ့ချီပိုင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ပါ၊ သူက ဒီငွေလောက်နဲ့ ဘာမှမဖြစ်လောက်ပါဘူး”
သဘော်တည်ဆောက်မှု ပြီးသွားသော်လည်း သူငယ်ချင်း၏ကုမ္ပဏီမှာ ပျက်စီးသွားပြီဖြစ်သည်။သူငယ်ချင်းသည် သဘော်ကိုထားခဲ့ပြီး ပိုက်ဆံပိုက်ကာ ထွက်ပြေးသွားလေသည်။
ရေမွန် သေချင်သလိုတောင် ဖြစ်သွားသည်။
သူငယ်ချင်းမှာ ယူရို တစ်သိန်းသာ ငွေရှင်းပြီး ကျန်တာကိုမူ ရေမွန်ကသာ ရှင်းလိုက်ရသည်။ဤပြဿနာကို ဖြေရှင်းရန် ကောင်းကောင်းသိသည့်သူတစ်ယောက်ကိုသာ သဘော်ပေးလိုက်သည်။ယခုတော့ သူ့မှာဘာမျှ မကျန်တော့ချေ။
သူငွေပျက်ပြီး အကြွေးပုံထဲနစ်နေသည်။သူ့သမီး၏နောက်စာသင်နှစ်အတွက် ကျူရှင်စရိတ်တောင် သူ မတက်နိုင်တော့ပေ။
တစ်ခြားပစ္စည်းများနှင့် မတူဘဲ သဘော်အကြီးစားများသည် ဈေးကြီးပြီး ချမ်းသာသူများသာ သီးသန့်ပိုင်သောအရာဖြစ်သည်။သူသည် ဒီဇိုင်းဆွဲဖန်တီးထားတာဖြစ်ပြီး အပြင်မှာထုတ်ရောင်းသည်မှာ ရှားသည်။ဤတစ်ခါ ရေမွန် လိုင်မြို့လှေပြိုင်ပွဲအတွက် လှေဝယ်ခြင်း အဆင်ပြေပါစေဟု မျှော်လင့်မိသည်။
သို့သော် မည်သူကများ သဘော်အကြီးစားကို ဝယ်ချင်မည်နည်း။သဘော်များကို စိတ်ဝင်စားသည့်သူများတောင် အပျော်စီးရန် သဘော်အသေးစားများသာ ဝယ်လေ့ရှိသည်။အစမှ အဆုံးအထိ မည်သူမျှ သဘော်အကြောင်း စိတ်မဝင်စားကြချေ။လည်ပတ်သူအချို့သာ စိတ်ဝင်စားကြသည်။
ဖုန်းခေါ်လာသည့်အချိန် ရေမွန်သည် စိမ့်မြစ်ဘေးရှိ ကျောက်တုံးပေါ်၌ အကြောင်းမဲ့ထိုင်နေကာ ဖြတ်သွားသော အရောင်စုံလှသည့်သဘော်များကို ငေးကြည့်နေမိသည်။သူသည် သူ့သင်္ဘောသာအလှဆုံးဟု ထင်သော်လည်း မည်သူမျှ အသိအမှတ်မပြုကြချေ။
“ဟယ်လို၊မစ္စတာ ရေမွန်လား” လူးဝစ်က ပြင်သစ်လိုမေးလ်ိုက်သည်။
“ဟုတ်ပါတယ်” ရေမွန် မျှော်လင့်ချက်မဲ့စွာ ပြန်ဖြေလိုက်သည်။
“အခုပြောနေတာရေမွန်ပါ မင်းကရော ဘယ်သူလဲ”
“ကျွန်တော့်နာမည် လူးဝစ်ပါ၊ ကျွန်တော့်၏ ဖောက်သည်က သဘော်အကြောင်း စိတ်ဝင်စားလို့ ခင်များအခု လိုင်မြို့မှာလား၊ ကျွန်တော်တို့ ခင်များသဘော်ကို တစ်ချက်ကြည့်ချင်လို့ပါ”
သဘော်ဝယ်မလို့?
သဘော်ဝယ်မည့်သူ?
ရေမွန် အလွန်အံ့ဩသွားပြီး သူကိုယ်သူ သတိပြန်ထားရသည်။သူ၏အသံမှာ စိတ်ပြင်းပြနေပြီး
“မင်းတို့က လိုင်မြို့မှာလား ငါလည်းလိုင်မြို့မှာပဲ၊ ငါက စီးတေးကျွန်းအနားမှာ၊ မင်းဒီကိုလာမှာလား ဒါမှမဟုတ် ငါမင်းဆီကို လာရမလား၊ ငါက အချိန်တိုင်းအားတယ်”
လူးဝစ် ဘေးပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်သည်
“ကျွန်တော်တို့လည်း စီးတေးကျွန်း အနားမှာပဲ၊ မင်းသဘော်က ဘယ်ဟာလဲ ပုံပို့လိုက်ပါ ၊ကျွန်တော်တို့ လာခဲ့ပါ့မယ်”
ရေမွန် ပျော်ပျော်ကြီး ဓါတ်ပုံရိုက်ပြီးနောက် လူးဝစ်ထံသို့ ပို့လိုက်သည်။ သူသည်စိတ်လှုပ်ရှားစွာ စောင့်နေပြီး သူ၏လက်နှစ်ဖတ်ကို တင်းတင်းဆုပ်ကိုင်ထားသည်။
သူတို့လည်းအနီးနားမှာရှိနေတာဆိုတော့ ဆယ်မိနစ်ထက် ပိုမကြာလောက်ပါဘူး။
အသက်လေးဆယ်အရွယ်ရေမွန်သည် ဆယ်မိနစ်က အရမ်းကြာနေသလို ခံစားရသည်။ သူ၏လက်ဖဝါးများမှာလည်း စိတ်လှုပ်ရှားမှုကြောင့် ချွေးများ ထွက်နေသည်။
ဆယ်မိနစ်ကြာပြီးနောက် ဇိမ်ခံကားကြီးသည် ရေမွန်ဘေးမှာလာရပ်သည်။သူအရမ်းပျော်နေသည်။ ဇိမ်ခံကားကြီး၏ အပြင်ပိုင်း အမည်းရောင်မှာ နေရောင်အောက်တွင် တောက်ပနေသည်။Lincoln ကား၏ ထိပ်ဖုံးသည် ဂုဏ်သိက္ခာနှင့် အာဏာကို ပြသနေသည်။
ရေမွန်သည် ထိုဇိမ်ခံကားမှာ ဈေးကြီးပြီး ချမ်းသာသူများသာ စီးနိုင်ကြောင်းသိသည်။
လူချမ်းသာများသာ သူ၏သဘော်ကို ဝယ်နိုင်သည်ပင်။
လူးဝစ်သည် ဇိမ်ခံကားထဲမှ အရင်ထွက်လာသည်။သူသည် သုံးထပ်ကုတ်အကျီကို ဝတ်ဆင်ထားပြီး တံခါးကိုဖွင့်ကာ အနည်းငယ် ခါးညွတ်လိုက်သည်။ ကျုံချင်းယွီ နှင့် ယန်စီတို့ ထွက်လာကြသည်။
“မစ္စကျုံ၊မစ္စယန်၊ သူကရေမွန်ပါ။”
လူးဝစ်က ပြင်သစ်လိုမတိဆက်ပေးသည်။
“ရေမွန်၊သူတို့က ကျွန်တော့်ရဲ့ ဖောက်သည်တွေပါ၊ သူတို့က သဘော်ကို ဝယ်ဖို့ စိတ်ဝင်စားနေကြတယ်”
ရေမွန်သည် ကျုံချင်းယွီနှင့် ယန်ရှီကို ကြည့်လိုက်သည်။သူတို့သည် အာရှလူမျိူးတွေနှင့်မတူချေ။သူ သူမတို့နှစ်ယောက်လုံး၏ ငယ်ရွယ်သည့်အလှကို မြင်ပါသည်။သူတို့သည် အရွယ်ရောက်ပြီးသူများကဲ့သို့ မထင်ရလောက်အောင်ပင် ငယ်ရွယ်လွန်းသည်။
ရေမွန်သည် သူ၏သမီးထက်ပင် ငယ်လိမ့်မည်ဟု ထင်လိုက်သည်။
ဤသည်မှာ ပြဿနာဖြစ်သည်။ထိုမိန်းကလေးများသည် လူချမ်းသာမိသားစုမှဟု မသိနိုင်သလို သူတို့ငွေမည်မျှသုံးမည်ဆိုတာလည်း ရေမွန် မသိပေ။အပျော်တမ်း သဘော်ဝယ်ခြင်း သက်သက်ဆိုသော်လည်း မည်သည့်မိဘကမျှ ယူရို သုံးမီလီယမ်လောက်ရှိသည့် သဘော်ကြီးကို ဝယ်ဖို့ခွင့်ပြုမည်မဟုတ်ချေ။
ရေမွန် သူ့ကိုရေအေးများ လောင်းချခံလိုက်ရသကဲ့ငို့ ခံစားလိုက်ရသည်။သူ၏စိတ်လှုပ်ရှားမှုများမှာလည်း တစ်ဖြည်းဖြည်းပျောက်ကွယ်သွားသည်။
ကျုံချင်းယွီနှင့် ယန်ရှီတို့သည် ထိုမတိုင်ခင်ကတည်းက သဘော်ကို သဘောကျနေခြင်းဖြစ်သည်။
မရောင်းရ၊နာမည်မပေးရသေးသည့် သဘော်သည် စိမ့် မြစ်ပေါ်တွင် ကျောက်ချထားသည်။ မြစ်ရေ၏တောက်ပြောင်မှုသည် သဘော်၏ပုံစံကို တောက်ပြောင်စေသည်။ရွက်ထည်၏လိုင်းများမှာ နူးညံ့လှပသော ရွက်ဆွယ်သည် အဖြူရောင်ဖြစ်သည်။ကုန်းပတ်မှာ ကျယ်ပြောပြီး လိုအပ်သောပစ္စည်းများကို တပ်ဆင်ထားသည်။သတ္တုစပ် ပစ္စည်းများမှာ နေရောင်ထဲတွင်တောက်ပနေပြီး လက်ရာမြောက်သော သဘော်ကို ပြသထားသည်။
သဘော်ကုန်သည်အနေဖြင့် ထိုအမျိုးသမီးနှစ်ယောက်သည် သူ၏သဘော်ကို မဝယ်နိုင်မှန်းသိသည်။သူသည် ပိုင်နိုင်စွာဖြင့် သူ၏သဘော်ကို ပျူငှာစွာ မိတ်ဆက်ပေးလိုက်သည်။
မိတ်ဆက်ပေးကာ လိုက်လံပြသမှုများမှာ ရေမွန်၏အလုပ်ကြိုးစားမှုကို ဖော်ပြနေသည်။သူသည် သူ၏ သဘော်အပေါ်မှာ စိတ်နှစ်ထားလေသည်။
ဤသဘော်ကို ခိုင်ခံ့သော အလူမီနီယမ် သတ္တုစပ်ဖြင့်ပြုလုပ်ထားသောကြောင့် ပေါ့ပါးပြီး ကြာရှည်ခံသည်။အခြေခံနေရာများအပြင် KTVအခန်း၊ဘီလယက်အခန်း၊ရုပ်ရှင်ရုံနှင့် လက်ဖက်ရည်ခန်းတို့ ပါဝင်သည်။
အပေါ်ကုန်းပတ်ပေါ်တွင် ပတ်ဝန်းကျင်မြင်ကွင်းဖြင့် ဘာဘီကျု့လုပ်စားလို့ရသည့်နေရာရှိသည်။ ဒီဇိုင်းဆွဲဆောက်လုပ်ထားသော သဘော်အနေဖြင့် တပ်ဆင်ထားတာ အတော်စုံလင်လှသည်။
ကျုံချင်းယွီ အမှန်တွင် သဘောမကျချေ။ဒီဇိုင်းဆွဲဆောက်ထားသည့် သဘော်၊ကိုယ်ပိုင်လေယာဉ်၊ဇိမ်ခံသဘော် ဤအရာများအားလုံးဟာ အတူတူပင်။သူမသည် ဤပစ္စည်းများ အကုန်ပါသည့် ဇိမ်ခံသဘော်ကြီးပိုင်ပေသည်။
သို့သော် ယန်ရှီ လိုချင်နေသည်။ယန်ရှီ၏လိုအင်ဆန္ဒလောက် ဘာမျှအရေးမကြီးပေ။
“နင်လိုချင်လား၊ နင်လိုချင်ရင် ငါဝယ်ပေးမယ်”
ယန်ရှီ:!!!
နေပါဦး။သဘော်ဝယ်တယ်ဆိုတာက သူတို့တန်းမစီချင်လို့ ဝယ်လိုက်တာလား။ပြီးတော့ သူမကိုလက်ဆောင်ပေးတယ်၊အဲဒီလိုလား။
ယန်ရှီတိုးတိုးပြောလိုက်သည်။
“ဒါကအရမ်းဈေးကြီးလွန်းတယ်၊ နင်ငါ့ကိုဒီလောက်ဈေးကြီးတာ ဝယ်ပေးပေမယ့် ငါနင့်ကိုပြန်ဆပ်စရာ ဘာမှမရှိဘူး”
ကျုံချင်းယွီ ရပ်လိုက်ပြီး သူမတင်ပါးကို စိတ်တိုတိုဖြင့် တစ်ချက်ရိုက်လိုက်သည်။
“ဒါကသင်္ဘောတစ်စင်းပဲဟာ၊ ငါဝယ်ပေးရင် နင် ယူလိုက်၊ ကျေးဇူးပြန်ဆပ်စရာမလိုဘူး၊ နင်က ငါ့ကို အားနာနေတာလား”