Chapter 27
Vol. 3 Ch. 27
အွမ်လိုင်းပေါ်၌ ယန်ရှီ၏ပုဂ္ဂိုလ်ရေးရာ မကောင်းသော မှတ်ချက်များ ပျံ့နှံနေသည်။ Weibo ၌ တင်ထားသော ပို့စ်တစ်ခုသည် ရုတ်တရတ်ကြီး နာမည်ကြီးလာသည်။
【ယန်ရှီက စာလည်းမတော်သလို ကျောင်းမှာဆိုရင်လည်း ပြစ်မှုတွေရှိတယ်၊ အတန်းတွေပျက်တယ်၊ အတန်းဖော်တွေကို အနိုင်ကျင့်တယ်၊ သူလို့လူမျိုးက ဟိုင်မြို့တက္ကသိုလ်မှာ ဝင်ခွင့်မရသင့်ဘူး】
【 အတန်းထဲမှာ အနိုင်ကျင့်တာလား၊ အခုခေတ် အနုပညာလောကကြီးက ဘယ်လိုကြီးလဲ]
【ဝိုး ယန်ရှီက အရမ်းကို ဖြူစင်တဲ့ပုံစံပေါ်နေတော့ ငါကသူ စာတော်တဲ့ကျောင်းသူဖြစ်မယ် ထင်နေတာ】
【မျက်နှာလေးပဲကြည့်ပြီး အရူးလုပ်မခံနဲ့]
လင်းရန်ရန်သည် အကောင့်အတုတစ်ခုဖြင့် သတင်းအမှားများကို ဖြန့်နေသည်။ထိုကဲ့သို့သော အခြေအမြစ်မရှိသည့်သတင်းများသည် ချေပရန်ခက်ခဲသည်။တစ်ခါမျှမပြုလုပ်ဖူးသော အရာတစ်ခုကို မည်သို့ သက်သေပြမည်နည်း။ပြည်သူလူထုထံ ပျံ့နှံ့သွားပြီး ပရိသတ်အများစုသည် သက်သေတောင်မရှိသည့် သတင်းကို ယုံလိုက်ကြလေသည်။။
ရှုယန်ယန်လည်း ထိုထဲမှ တစ်ယောက်ပင်။
“သူ့ပုံစံလေးက ဖြူစင်မလိုနဲ့၊ရှက်ဖို့ကောင်းလိုက်တာ”
ရှုယန်ယန်သည် သူမတိုက်ခန်းရှိ ဆိုဖာပေါ်၌ လှဲကာ ယန်ရှီကိုဝေဖန်နေကြသည့် ပရိသတ်များ၏ ကောမန့်များကို ပျော်ပျော်ကြီး ကြည့်နေသည်။
အကယ်၍ ယန်ရှီသာ အကြံအဖန်မလုပ်ခဲ့ဘူးဆိုလျှင် S-tier ရသစုံရှိုးမှာ ရှုယန်ယန်အစား ပါတနာနေရာကို သူဘယ်လိုရမှာလဲ။ကျုံချင်းယွီထံမှ ဒီဇိုင်နာချုပ်အိတ်ကို ရှုယန်ယန်မရအောင် သူမက ဘယ်လိုတားနိုင်မှာလဲ။ spa အဖွဲ့ဝင်ကတ်သုံးတာကို ရှုယန်ယန်ကို ဘာလို့ ရှင်းခိုင်းရတာလဲ။
သူမဆုံးရှုံးလိုက်သည်များကိုတွေးလိုက်တိုင်း ရှုယန်ယန်အလွန် စိတ်တိုသည်။ ပိုဆိုးသည်မှာ ကျုံချင်းယွီသည် ယန်ရှီ၏ ပြုစားခြင်းခံထားရသကဲ့သို့ သူမအနားပဲ ကပ်နေခြင်း ဖြစ်သည်။
ယခုမူ ယန်ရှီ၏ဂုဏ်သတင်း ကျဆင်းသွားလေသည်။ဤသည်မှာ သူမကို ဖြေသာစေသည်။
ကြေညာထဲ၌ သူမညဘက် ရုပ်ရှင်ထွက်ကြည့်စဥ်က ပါပါရာဇီများ ရိုက်ကူးထားသည့် ရှုယန်ယန်၏ဓါတ်ပုံများလည်း ပါသည်။ “နစ်နာသူ” အနေဖြင့် ရှုယန်ယန်သည် ပရိသတ်များထံမှ ကရုဏာများနှင့် ချီးကျူးမှု အများကြီးကို လက်ခံရရှိခဲ့သည်။
【သနားစရာ ရှုယန်ယန်လေး၊ အနုပညာရှင် အသစ်လေးကြောင့် သူ့ရဲ့ အခွင့်အရေးတွေ လုယူခံလိုက်ရတယ်】
【အမှန်ပဲ၊ရှုယန်ယန်အတွက် စိတ်မကောင်းလိုက်တာ 】
【အနုပညာလောကကြီးကို တစ်ယောက်ယောက်လောက်ရှင်းလင်းပေးကြပါ၊ ငါ ဒီလို အရည်အချင်းမရှိ ၊ရုပ်ဆိုးတဲ့ ကလေးတွေကို မကြိုက်ဘူး】
【ပြောရရင်…ယန်ရှီက ရုပ်မဆိုးပါဘူး၊ သူက အရမ်းလှတာ】
【သူသရုပ်မဆောင်နိုင်ရင် လှတာ ဘာအရေးလဲ၊ ငါတော့ ရှုယန်ယန်ကိုပဲ အားပေးတော့မယ်၊ အနည်းဆုံးတော့ သူက ကျွမ်းကျင်အောင် လေ့ကျင့်ထားတာ】
【အနုပညာလောကကြိီးကတော့ ဒီလိုပြသနာတွေနဲ့ ပျက်စီးတော့မှာပဲ 】
အွန်လိုင်းပေါ်၌ ငြင်းခုံမှုများ ပြင်းထန်လာသည်။
ပါဝင်သူတစ်ယောက်အနေနှင့် Starlight Entertainmentဘက်မှ ပြန်လည်တုံပြန်ရပေမည်။အင်တာနက်ပေါ်၌ ယန်ရှီသည် Starlight မှာ စာချုပ်ချုပ်ဆိုထားပြီး အနုပညာလောကတွင် ပွဲဦးထွက်ရန် ကြိုးစားနေကြောင်း ဖော်ပြထားသည်။သို့သော်လည်းStarlight ကုမ္ပဏီရှိ PR အဖွဲ့မှာမူ ယန်ရှီ စာချုပ်ချုပ်ထားသည်ကို မသိချေ။
အရည်အချင်းစစ်ဌာနက သူတို့ကို ဘာမှ မပြောဘူးလား။
PRဒါရိုက်တာဖြစ်သည့် ဝူလျောင် သည် အရည်အချင်းစစ်ဌာနရှိ ဒါရိုက်တာရုံးခန်းသို့ အကြမ်းပတမ်းဝင်ရောက်လာသည်။
“ချောင်ယန် ငါ့ကို သေချာပြောစမ်း၊ မင်းဘယ်တုန်းက ယန်ရှီနဲ့စာချုပ်ချုပ်လိုက်တာလဲ၊ ဒီလောက်အရေးကြီးတာကို ဘာလို့ငါ့ကို အသိမပေးတာလဲ”
စာရွက်စာတမ်းခွဲနေသည့် ချောင်ယန်သည် နားမလည်သလို ကြည့်လာသည်။
“ယန်ရှီက Starlight က အနုပညာရှင်လား ငါတောင် မသိပါလား”
ဝူလျောင်:???
ဝူလျောင် အံကိုကြိတ်ပြီးနောက်
“မင်းပရိသတ်တွေကို လှည့်စားလို့ရတယ်၊ဒါပေမယ့် ငါ့ကိုတော့ လှည့်စားလို့မရဘူး၊ ငါတို့အတူတူဖြေရှင်းရမှာလေကွာ Starlight က အနုပညာရှင်တွေရဲ့ အရှုပ်ထုပ်တွေကို အတူတူဖြေရှင်းပြီးတာတောင် မင်းက ငါ့ကို ဖုံးကွယ်ထားဖို့ လိုလို့လား၊ ရသစုံရှိုးမှာ ရှုယန်ယန်အစား ယန်ရှီကို အစားထိုးတယ်၊ သူမက သူငယ်ချင်းသက်သက်ဆိုတာ ငါယုံတောင်မယုံနိုင်ဘူး”
Starlight ကုမ္ပဏီထဲတွင် ယုံကြည့်လို့ရသူမှာ ဝူလျောင် နှင့် ရှောင်ယန် သာရှိသည်။သူတို့နှစ်ယောက်စလုံးသည် Starlight ကုမ္ပဏီ၌ ဒါရိုက်တာများ မဖြစ်ခင်ကတည်းက ကျုံလုပ်ငန်းစု၏ PR မန်နေဂျာများဖြစ်ကြသည်။တစ်ချို့မှာ အနေချောင်သည့် အလုပ်ဟုထင်သော်လည်း ဝူလျောင်အတွက်တော့ လွန်ခဲ့သည့် နှစ်နှစ်ကတည်းက ကျုံချင်းယွီ၏ပြဿနာမီးများကို လိုက်ငြိမ်းနေရခြင်းဖြစ်သည်။
အင်တာနက်အပေါ်၌ ပျံ့နေသည့် ကျုံချင်းယွီ၏ မကောင်းသတင်းများကို ဝူလျောင် သာ ဖုံးဖိပေးခဲ့ရသည်။ ဝူလျောင်ကြောင့်သာ မဟုတ်လျှင် ကျုံချင်းယွီ၏ကြမ်းတမ်းသောစရိုက်ကြောင့် ပရိသတ်များအကြား နာမည်ပျက်နေလောက်ပြီ ဖြစ်သည်။ ရှောင်ယန်သည်လည်းသူ့လိုပင်။ အရည်အချင်းစစ် ဒါရိုက်တာတစ်ယောက်အနေနှင့် ကျုံချင်းယွီ၏အကြိုက်အတိုင်း လိုက်လုပ်ပေးခဲ့ရပြီး သူမကို အနုပညာလောက၏ အဆိုးဆုံးအရည်အချင်းစစ် အေးဂျင့်အဖြစ် နာမည်တပ်ခြင်းခံခဲ့ရသည်။
ဝူလျောင်၏ မျက်လုံးထဲတွင် ကျုံချင်းယွီ၏ရုတ်တရတ်ဆုံးဖြတ်ချက်ကြောင့် နစ်နာခဲ့ရသည့် သူတို့နှစ်ယောက်စလုံးဟာ နေ့စဉ်ဘဝ၏ ရုန်းကန်ရမှုများကို တရင်းတနှီး ပြောပြလေ့ရှိသည်။
ရှောင်ယန် ခဏမျှ တိတ်ဆိတ်သွားသည်။ သူမ ကျုံချင်းယွီ၏ ယန်ရှီကို ဤကဲ့သို့အရှုပ်ထုပ်ထဲခေါ်သွင်းသည့် ရည်ရွယ်ချက်ကို စဉ်းစား၍မရချေ။
ကျုံချင်းယွီသည် ရာသီဉတုကဲ့သို့ပင် ခန့်မှန်းရခက်သည်။ယခင်င်ကလည်း ပေယွဲ့ပိုင်ကို အရင်းအနှီးများ ပုံမှန်လိုလို ခဏခဏ ထောက်ပံ့သည်။ ရှောင်ယန် သူမ၏ ဆုံးဖြတ်ချက်များကို မေးခွန်းထုတ်တိုင်း အဆူသာခံရသောကြောင့် ဆက်မမေးဖြစ်တော့ပေ။
ရှောင်ယန် သေချာတာတစ်ခုမှာ ယန်ရှီသည် ဘယ်တုန်းကမျဗ စာချုပ်မချုပ်ဖူးဘူးဆိုသည့် အချက်ပင်ဖြစ်သည်။
ကျုံချင်းယွီသည် ရှုယန်ယန်အစား ယန်ရှီကို ရသစုံရှိုးမှာ နေရာလဲရန်ပြောတော့ သူမလက်ခံခဲ့ရုံမှအပ ဘယ်မျှ မလုပ်ခဲ့ချေ။
ရှောင်ယန်သည် တိတ်ဆိတ်နေသည့် ဝူလျောင်ကို အခြေအနေကို ရှင်းပြသည်။
အကယ်၍ ပညာရေးသတင်းသည် အမှားဆိုလျှင် PRဌာနမှ ဗျူဟာခင်း ဖြေရှင်းလို့ရသည်။ အမှန်သာဆိုလျှင် သူတို့ တိုက်ရိုက်ဖြေရှင်းရတော့မည်သာ ဖြစ်သည်။
ယခုတော့ အင်တာနက်ပေါ်တွင် ဟိုင်မြို့တက္ကသိုလ်၏ အက်ပလီကေးရှင်းမှ စွပ်စွဲချက်များ ပျံ့နှံ့နေသည်။ထို့ကြောင့် သာ့ကျားကျွမ်၏ ပြောဆိုချက်တွေက အမှန်ဟုတ်ပါ့မလားဟု ဝူလျောင် စိုးရိမ်စပြုလာသည်။
“ငါတို့ သူမဆီသွားလို့မရဘူးလား” ရှောင်ယန် မေးလိုက်သည်။
ဝူလျောင်သည် ပခုံးတွန့်ပြပြီး
“သူမ ဖုန်းက ကားထဲမှာအားသွင်းထားခဲ့ပြီး အစီအစဉ်ရဲ့ဧည့်သည်တွေနဲ့ ဈေးသွားတယ်”
“ခေါင်းကိုက်ချင်စရာပဲ”
ဝူလျောင်သည် နားထင်ကိုပွတ်ဆွဲကာပြောလိုက်သည်။
“ဒါပေမယ့် ငါသူမကို သိသလောက်ဆိုရင်တော့ သူမက မလိမ်တက်ဘူး၊ တကယ်လို့ သူက ဟိုင်မြို့တက္ကသိုလ်ကနေ ဘွဲ့ရတာဆို သူမ လိမ်နေတာမဟုတ်ဘူး”
ဝူလျောင် : “တကယ်လို့ သူမက လိမ်နေတာမဟုတ်ဘူးဆိုရင် ဒီဟာတွေက ဘာတွေလဲ”
ရှောင်ယန်နှင့်ဝူလျောင် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကာ သက်ပြင်းချလိုက်သည်။
“အခုတော့ မင်း ရှုယန်ယန်ကို ဆက်သွယ်လိုက်”
ဝူချောင်သည် ပါပါရာဇီများ ရိုက်ထားသည့် ရှုယန်ယန်ပုံများကို လွှင့်ပစ်လိုက်သည်။
“သူပြောတော့ ခြေဆစ်လွဲနေတာဆို၊ဒါတောင် သူက ရုပ်ရှင်ထွက်ကြည့်သေးတာလား၊ သူမက ငါတို့ကို ပိုခက်ခဲအောင် လုပ်ချင်နေတာလား”
ဝူလျောင်သည် ရှောင်ယန်ကို တစ်ချက်စိုက်ကြည့်လိုက်သည်။
“သူမ ခြေချင်းဝတ်နာနေတာက အစကတည်းက တကယ်မဟုတ်ဘူး၊ ဆေးစာရွက်တွေက အတုတွေ ငါတို့က ဒါကိုဘယ်လို သက်သေပြမှာလဲ”
ဝူလျောင် ဒေါသထွက်လာသည်
“ဒါသူ့ပြဿနာပဲ။သူမ “သာယာရိုးရှင်းသောဘဝ”မှာ ပါဝင်ရတာကို အခု သူမက ဖျက်စီးပစ်လိုက်တာလား၊ မင်းဘယ်လိုလူေတွနဲ့ စာချုပ်ချုပ်ထားတာလဲ”
ဝူလျောင် မပြောခင်ကတည်းက ရှောင်ယန်သည် ရှုယန်ယန်ကိုဆက်သွယ်ရန် စီစဉ်ပြီးသားဖြစ်သည်။ပညာရေးကိစ္စမှာမူ ကျုံချင်းယွီဝင်မပါသေးခင်အထိစောင့်ရမည်။သို့သော် ရှုယန်ယန်ကိစ္စကိုမူ သူတို့ ကိုင်တွယ်နိုင်သေးသည်။
ရှောင်ယန်သည် ရှုယန်ယန်ကို ချက်ချင်းဖုန်းခေါ်လိုက်သည်။ ဖုန်းထဲတွင် ရှုယန်ယန်၏အသံမှာ သနားစရာကောင်းနေသည်။
“အစ်မ ရှောင်၊ကျွန်မ နေမကောင်းချင်ယောင်ဆောင်နေတာ၊ ဒါမှ ဘာမှ မဖြေရှင်းရမှာလေ၊ ကျွန်မ တစ်ခြားသရုပ်ဆောင်တွေရဲ့ သရုပ်ဆောင်မှုကို လေ့လာဖို့ရုပ်ရှင်မကြည့်လို့ မရဘူးလား၊ ကျွန်မလိုအဆင့်နိမ့်တဲ့သရုပ်ဆောင်တစ်ယောက်က ဓါတ်ပုံရိုက်ခံရမှာလဲမဟုတ်ဘူးလေ”
“မင်း မဟုတ်ဘူးဆိုတာ Weibo မှာ ပို့စ်တက်ဖို့လိုတယ်” ရှောင်ယန် အမိန့်ပေးလိုက်သည်။
“အစ်မ ရှောင်၊ ကျွန်မသွားလို့မရဘူး” ရှုယန်ယန်ခပ်တိုးတိုး ပြန်ဖြေသည်။
“ကျွန်မအဲ့နေ့ညက ပရိသတ်တစ်ယောက်ကို တွေ့တော့ လက်မှတ်ထိုးပေးလိုက်တယ်”
ရှောင်ယန်:??
ရှောင်ယန် အသက်ရှုမရတော့သလိုတောင် ဖြစ်လာသည်။
ခြေဆစ်လွဲနေပါတယ်လို့ ပြောထားတဲ့ သရုပ်ဆောင်မင်းသမီးတစ်ယောက်က ကျန်းကျန်းမာမာနဲ့ ပရိသတ်ကိုလက်မှတ်ထိုးပေးလိုက်တယ်ပေါ့။
ရှုယန်ယန်နဲ့စာချုပ်ချုပ်တဲ့အခါ အေးဂျင့်တွေက ဘယ်လိုတွေးကြမလဲ။သူမအဖွဲ့က ဘာလို့ ဒီလောက်တောင် အရည်အချင်းမရှိကြတာလဲ။
“ဒါက မင်းပြဿနာလေ”
ဝူလျောင်အသံက ဖုန်းစခေါ်သည့် ရှောင်ယန် အသံနှင့် မတူဘဲ တိုတောင်းမာကျောလှသည်။
“မင်းခြေဆစ်လွဲနေတယ်လို့ပြောချင်ရင်လည်း တကယ်ဖြစ်နေသလို သရုပ်ဆောင်လေ၊ ပါပါရာဇီတွေမှာ မိသွားတာက မင်းကိစ္စပဲ”
“ဒါရိုက်တာ ဝူ”
ရှုယန်ယန် အနည်းငယ် စကားထစ်သွားသည်။
“ကျွန်မ ဓါတ်ပုံရိုက်ခံလိုက်ရမှန်း မသိဘူးလေ”
ဝူလျောင်၏အသံက ပိုပြီး အေးစက်လာသည်။
“အဲနေ့ညက တွေ့ခဲ့တဲ့ပရိသတ်ကိုဆက်သွယ်ပြီး မင်းနဲ့မတွေ့ခဲ့ဘူးဆိုတာသေချာအောင် လုပ်လိုက်၊ဒါဆို ကိစ္စရှင်းသွားလိမ့်မယ်၊ ငါတို့သာ ဝင်ပါရင် ပိုဆိုးကုန်လိမ့်မယ်”
ထို့နောက် ဝူလျောင် ဖုန်းချလိုက်သည်။
ဝူလျောင် ထိုကဲ့သို့ ဗျာများနေခြင်းကို ရှောင်ယန် သိပ်မမြင်ဖူးချေ။
“ရှုယန်ယန် ဒါကိုရည်ရွယ်ပြီး လုပ်ခဲ့တဲ့လို့ ထင်လား”
ဝူလျောင် သရော်သလို ရယ်လိုက်သည်။
“အသိသာကြီးလေ၊ ငါက အရမ်းတော်တဲ့ PR တော့ မဟုတ်ပေမဲ့ သူ့လုပ်ရပ်တွေက အချိုးမပြေဘူး၊ ပါပါရာဇီတွေက မတော်တဆရိုက်မိတယ်ပဲ ထားပါတော့၊ ဒါပေမယ့် ပရိသတ်ကို လက်မှတ်ထိုးပေးခဲ့တယ်တဲ့လား၊ သူက လုံးဝအရူးနေတာ”
ရှောင်ယန် ခေါင်းညိတ်လိုက်သည်။ ရှုယန်ယန် ယန်ရှီအပေါ် အငြိုးထားနေခြင်းကို သူမ ခံစားမိသည်။သူမသည် ပိုကောင်းသည့် အခွင့်အလမ်းများ ရခဲ့သော်လည်း သူမ၏မကျေချမ်းမှုများမှာ ကျန်ရှိနေသေးသည်။
“ဒါပေမယ့် အခုတော့ ပြည်သူလူထုတစ်ရပ်လုံးက ယန်ရှီကို ဝေဖန်နေကြတယ် ပြီးတော့ ရှုယန်ယန်ကလည်း နစ်နာသူလို ဟန်ဆောင်နေတယ်၊ ဒါကို ဖြေရှင်းဖို့ အရင်ဆုံးယန်ရှီရဲ့ ပုံရိပ်ကို ပြန်အဖတ်ဆယ်ရမယ်”
ဒီအရှုပ်ထုပ်တွေရဲ့ အဓိက က ပညာရေးကြောင့်ပဲ။
ဝူလျောင် ဝိုင်စက်ရုံမှာဖြစ်ခဲ့သည့် ယခင်က ကိစ္စတစ်ခုကို သတိရသွားသည်။
အလုပ်ပြီးသွားစဉ် ထုံးစံအတိုင်း ကျုံလုပ်ငန်းစုရှိ PR ဌာနမှ မိတ်ဆွေများနှင့် တစ်ခွက်လောက်သောက်ရန် ဘားသို့သွားခဲ့သည်။သူတို့သည် ယခုမှရွေ့ပြောင်းလာသည့် PRကို ချီးကျူးနေကြပြီး ဒေါ်လာမီလီယမ်ချီသုံးကာ ကျုံချင်းယွီ၏ပုံရိပ်ကို ပြန်အဖတ်ဆယ်ခဲ့သည့် အကြောင်းနှင့် ရဲ့လော့ယီေပးရမည့်ေငွများကို လှူလိုက်တာသည့် အကြောင်းကို ပြောနေကြသည်။
ဝူလျောင် ခေါင်းနှောက်လာသည်။သူ ကျုံချင်းယွီနှင့်ယန်ရှီတို့၏ မကောင်းသတင်းကို ဖုံးပေးထားကလွဲပြီး ဘာမှမလုပ်ရချေ။
သူမှမလုပ်ရင် ဘယ်သူလုပ်မှာလဲ။ဒါမှမဟုတ် ဒါက တိုက်ဆိုင်မှုကြီးလား။
နှစ်ေပါင်းများစွာအတွေ့အကြုံများကြောင့် ဝူလျောင် တိုက်ဆိုင်မှုများကို မယုံကြည်ချေ၊အနုပညာလောကမှာ တိုက်ဆိုင်မှုဆိုတာ မရှိဘူး။
ထိုနေ့ညက တိုက်ရိုက်ထုတ်လွှင့်မှုကို ဝူလျာင် အစအဆုံးပြန်ကြည့်လိုက်သည်။သူ့ကိုသတိထားမိစေသူမှာ ယန်ရှီပင် ဖြစ်သည်။
ဝူလျောင် တစ်ရာရာခိုင်နှုန်းမသေချာေသာ်လည်း ပြဿနာဖြစ်တိုင်း ယန်ရှီက တစ်နည်းမဟုတ်တစ်နည်း ပါနေသည်။
ယန်ရှီ တကယ်လုပ်တာလား။
ဒါမှမဟုတ် ကံကောင်းပြီး တိုက်ဆိုင်တာလား
ယနေ့ ပညာရေးကိစ္စလိမ်လည်မှုမှ ဝူလျောင် နားလည်သွားတာ တစ်ခုရှိသည်၊ယန်ရှီ ဟိုင်မြို့တက္ကသိုလ်ကျောင်းသူဆိုလျှင် ဤအရာများကို သူမ လုပ်ခဲ့မှာပေါ့။သူမက ညဏ်ကောင်းသောကြောင့် ကျုံချင်းယွီ ရဲ့လော့ယီကိုရိုက်လိုက်သည့်ကိစ္စကိုတောင် ရှင်းရှင်းလင်းလင်းဖြေရှင်းပေးနိုင်သည်လေ။
သူမ ရည်ရွယ်ချက်ရှိရှိ သူမ၏ရန်လိုမှုနှင့်တည်ရှိမှုကို ကောင်းကောင်းကြီးချပြရန် ညဏ်ကောင်းပါသည်။ထို့အပြင် သူမသည် ကျုံချင်းယွီကို မသိမသာလမ်းပြပြီး ရဲ့လော့ယီထံမှ ရထားသည့် ခြိမ်းခြောက်ငွေများကို ကြက်ခြေနီအသင်းကို လှူလိုက်ပြီး တရားဝင်ဖြစ်အောင် လုပ်လိုက်သည်။
“ငါတို့ သူ့ကိုယုံကြည်လိုက်ရမလား”
ဝူလျောင်က ရုတ်တရက်မေးလိုက်သည်။
“ဘာ”
ချောင်ယန် နားမလည်သလို ပြန်မေးသည်။
ဝူေလျာင်: “ဒီပြဿနာက ငါတို့ထင်ထားသလောက် မရှုပ်ထွေးလောက်ဘူး၊ ယန်ရှီ…သူမမှာ ဖြေရှင်းရမယ့် နည်းလမ်းရှိမှာပါ”
ဝူလျောင် သူ၏မယုံကြည်တက်သောပုံစံကို ဖယ်ပြီး ယန်ရှီအပေါ် မျှော်လင့်ချက်ထားလိုက်သည်။သို့သော် တစ်ချို့သူများအပေါ်တော့ အကောင်းမမြင်ပေးနိုင်ပေ။ဉပမာအားဖြင့် ချောင်ယန် ဖုန်းခေါ်၍ မေးသည်ကိုတောင် ဘာမျှကောင်းကောင်းမရှင်းပြနိုင်သည့် ရှုယန်ယန်လို လူစားမျိုးများကို အကောင်းမမြင်ပေးနိုင်ပေ။
ဘာကိုရှင်းလင်းတာလဲ။
ယန်ရှီ၏ပုံရိပ်မှာ ကျဆင်းပြီးသွားပြီး ပညာရေးကိစ္စကိုလည်း အတည်ပြုလိုက်သည်။ သူမ ဘယ်လိုပြန်လည်ရှင်းပြမည်နည်း။သူမ ယခုဆို ရသစုံရှိုးများလည်း ရိုက်ကူးနိုင်တော့မည် မဟုတ်ချေ။ ဤကဲ့သို့အခြေအနေမှာ သူမသည် မည်သို့ရှင်းလင်းမည်နည်း။ပရိသတ်များ ဝေဖန်ခြင်းခံလိုက်သည်မှ လွဲ၍ တခြားနည်းမရှိတော့ပေ။
သူမဘာမှပင် လုပ်ရန် မလိုအပ်ပေ။သူမ ဤအတိုင်း ယန်ရှီအစီအစဉ်မှ နှုတ်ထွက်သွားသည်ကို ကြည့်၍ ကျုံချင်းယွီ သူမကိုလာဖိတ်တာကို စောင့်နေရုံသာ။ ယခုတော့ ခရီးမှာ ကျုံချင်းယွီနှင့် စားကောင်းသောက်ဖွယ်များစားပြီး ပျော်နေမည့်သူမှာ ရှုယန်ယန်ဖြစ်တော့မည်။
ထို့အတူ သာ့ကျားကျွမ်လည်း ယန်ရှီအပေါ် မျှော်လင့်ချက်မရှိတော့ချေ။
ဟိုင်မြို့တဣသိုလ်၏ ပုံများ အွန်လိုင်းပေါ်ပြန့်လာသည်နှင့်အမျှ သူတို့၏ဌာနမှာ ယန်ရှီဆိုသည့် နာမည်ဖြင့် ကျောင်းသူမရှိဘူး ဆိုသည့် ပြောကြားချက်များလည်း ပေါ်ထွက်လာသည်။
သာ့ကျားကျွမ် သတင်းတစ်ခုကို ငေးကြည့်နေမိသည်။ဟိုင်မြို့တဣသိုလ်၏ ဘဏ္ဍာရေးဌာန၌ ယန်ရှီဆိုသည့်နာမည်မှာ ဘွဲ့မရသေးသောကျောင်းသူနေရာတွင်မဟုတ်ဘဲ၊ဘွဲ့လွန်ကျောင်းသူနေရာတွင် ရှိနေသည်။
ဘွဲ့လွန်ကျောင်းသူလား။ သူမအနည်းဆုံး ၂၂ နှစ်မှဘွဲ့ရရမှာလေ။
ဒါပေမယ့် ယန်ရှီက အခုမှ အသက်၂၀ပဲရှိသေးတာလေ။
သာ့ကျားကျွမ် နာမည်တူတာများကိုလည်း ရှာကြည့်မိသည်။
နောက်ဆုံးတွင် “ယန်ရှီအထက်တန်းကျောင်း၌ အနိုင်ကျင့်ခြင်း” ဟူသည့် လျို့ဝှက်ချက်ထုတ်ဖော်မှုသည် သာ့ကျားကျွမ်ကို ထိတ်လန့်စေသည်။ဤသည်မှာ ယန်ရှီ၏ ဆိုးရွားသောပုံစံကို သက်သေပြလိုက်သလိုပင်ဖြစ်သည်။ တင်ထားသည်မှာ လူသိမများသော်လည်း ပြဿနာမရှိပေ။ မာကတ်တင်းအဖွဲ့သည် လူသိများအောင် ပြန်ပြင်လိုက်လေသည်။အထူးသဖြင့် ယခင်ကဖြစ်ခဲ့သည့် အနိုင်ကျင့်သည့်အတင်းအဖျင်းများမှာ ရှင်းလင်းရန်ခက်ခဲသည်။သာ့ကျားကျွမ်သည် သူ့အဖွဲ့ထဲမှာရှိသော ဂရပ်ဖစ်ဒီဇိုင်နာများကိုခေါ်ကာ ယန်ရှီနှင့်ပတ်သက်သည့် ကျောင်းမှာအနိုင်ကျင့်သည့်ဝါးနေသောပုံများနှင့် အနိုင်ကျင့်သူများအကြားစာပို့မှုများကို ဖန်တီးစေခဲ့သည်။
【ယန်ရှီက တကယ်ဆိုးတာပဲ၊ သူ့ရုပ်လေးကြောင့် လှည့်စားမခံနဲ့】
【ဒီဘလော့ကိုရေးတဲ့သူက ကျုံချင်းယီကိုစူးစမ်းထားတာထင်တယ်၊ သူတို့နှစ်ယောက်က အချစ်ဆုံးသူငယ်ချင်းတွေဆိုတော့ သူတို့အတူ ကျောင်းမှာအနိုင်ကျင့်ခဲ့လောက်မှာ 】
【ကျုံချင်းယွီက စိတ်ကြီးဝင်နေတာလေ၊ သူလည်း အနိုင်ကျင့်ခဲ့လောက်တယ်]
【အဓိပ္ပါယ်မရှိလိုက်တာ၊ ဒါက ယန်ရှီအတွက် အဓိပ္ပါယ်မရှိတာပဲ၊ သူကို ထူးချွန်ကျောင်းသူမှန်း သိစေချင်ရင် ၉၈၅လို ၂၁၁လို တက္ကသိုလ်မျိုးကို ဘာလို့မရွေးခဲ့တာလဲ၊ အနုပညာလောကမှာ ၉၈၅တို့ ၂၁၁တို့မှာ တက်ခဲ့တဲ့သူတွေကို ထူးချွန်တယ်လို့သတ်မှတ်တာပဲလေ၊ အဆင့်၃ တက္ကသိုလ်ကိုရွေးတာက သဘာဝမကျတာပဲ】
[+1…သူမက သိပ်ကိုတုံးတာကြောင့် ငါယုံတောင်မယုံနိုင်ဘူး]
【သူက စာတော်တဲ့ပုံမပေါ်ပေမဲ့…ရုပ်လှတဲ့သူတွေက စာမတော်ကြဘူး】
【ရယ်ချင်စရာပဲ၊ ငါတို့ ယီယီကသာ အတော်ဆုံး】
သာ့ကျားကျွမ်သည် ထူးဆန်းသည်ကို ရှာတွေ့သွားသည်။သာမာန်ကျောင်းသူတစ်ယောက်မှာ အဆင့်၃တက္ကသိုလ်မှာ ထူးချွန်ကျောင်းသူဖြစ်ရန်မလွယ်ကူလှချေ။ဒါက ချဲ့ကားပြောနေတာပဲ။
နည်းနည်းထပ်ရှာကြည့်လိုက်စဥ် ဟိုင်မြို့တက္ကသိုလ်မှာ အသက်မွေးဝမ်းကြောင်းဆိုင်ရာ ဟန်ချန်းကောလိပ်ရှိမှန်း သိသွားသည်။
ဟန်ချန်းကောလိပ်မှာတက်သည့် ကျောင်းသားအများစုသည် သူတို့ကိုယ်သူတို့ ဟိုင်တက္ကသိုလ်မှာတက်သည်ဟု ပြောတတ်ကြသည်။
မာနများထောင်လွှားကာ သူတို့ကိုယ်သူတို့ အသက်မွေးဝမ်းကြောင်းကောလိပ်ကျောင်းသားထက် ဂုဏ်သတင်းကြီးသည့် တက္ကသိုလ်ကျောင်းသားအဖြစ် ထင်မှတ်ကြသည်။တစ်ချို့သိသွားမှသာ ကျောင်းနာမည်အပြည့်အစုံကို ထုတ်ပြောတက်ကြသည်။
သို့သော် ဟုန်ချန်းကောလိပ်တွင် အရည်အသွေးသိပ်မမြင့်သော ငှာနတစ်ခုရှိပြီး ဟိုင်တက္ကသိုလ်နှင့် ချိတ်ဆက်ထားခြင်းမရှိချေ။ထိုကျောင်းသားများသည် ဟိုင်တက္ကသိုလ်၏ အက်ပလီကေးရှင်းကို အသုံးပြုခွင့်မရသည့်အတွက် သာ့ကျားကျွမ် ယန်ရှီထိုကျောင်း၌တက်ခဲ့ကြောင်း တိတိကျကျမသိရချေ။
သို့သော်လည်း သာ့ကျားကျွမ် သေချာသလောက်ခံစားရသည်။
ဆုလင်းလင်း ခေတ်စားနေသောအရာကို တွေ့သည့်အချိန် ဧည့်သည်အားလုံးက အိမ်ပြန်နေကြပြီ ဖြစ်သည်။လမ်း၌ ကျုံချင်းယွီနှင့် ယန်ရှီတို့သည် သဘောတကျဖြင့် စကားပြောရယ်မောနေကြသည်။လူးဝစ်ရိုက်ပေးထားသည့်ပုံများကိုသာ ကြည့်နေကြပြီး အွန်လိုင်းပေါ်မှ သတင်းများကို အာရုံမရချေ။
ဆုလင်းလင်း ခေတ်စားနေသည့်သတင်းကိုတွေ့တော့ စိတ်လှုပ်ရှားသွားပြီး ရဲ့လော့ယီနား ကပ်ကာ
“ယီယီ၊ယန်ရှီရဲ့ ထူးချွန်ကျောင်းသားသတင်း ထွက်လာတယ်”
ရဲ့လော့ယီ စိတ်လှုပ်ရှားမှုတွေ ပြည့်နှက်သွားသည်။
“သတင်းထွက်တယ်၊ ဘာသတင်းလဲ”
ဆုလင်းလင်း ကျေနပ်စွာကြည့်လိုက်သည်။
“ယန်ရှီက ဟိုင်တက္ကသိုလ်ရဲ့ ထူးချွန်ကျောင်းသား လို့ ကျုံချင်းယွီပြောတယ်မလား၊ ပရိသတ်တွေစုံစမ်းလိုက်တော့ ဘာထွက်လာတဲ့ထင်လဲ၊ ဟိုင်တက္ကသိုလ်မှာ သူ့နာမည်မရှိဘူးတဲ့ ဒါပေမယ့် အဲဒီမှာ အသက်မွေးဝမ်းကြောင်းဆိုင်ရာ ကောလိပ်ရှိတယ်လို့ကြားတယ် ပြီးတော့ အကုန်လုံးက ယန်ရှီအဲမှာတက်တယ်လို့ပဲထင်နေတာ”
ရဲ့လော့ယီ မျက်တောင်ခတ်လိုက်သည်။ယန်ရှီသည် ဟိုင်တက္ကသိုလ်၏ ထူးချွန်ကျောင်းသားဆိုသည်ကို ကျုံချင်းယွီ အစကမှပြောလိုက်ခြင်းဟုတ်လား။ဤမျှလောက်အချိန်တိုတိုလေးအတွင်း ယန်ရှီအကြောင်းမှာ ထွက်လာတာလား။သတင်းတွေက မြန်လိုက်တာ။
သာမာန်ပြည်သူလူထု ပြောကြားချက်များတောင် ဤမျှလောက်မမြန်ပေ။
ရဲ့လော့ယီ ချင်းလီ၏ ပခုံးကျယ်ကျယ်နှင့် ခါးသေးသေးကို အမှတ်မဲ့ငေးကြည့်မိသည်။သူမ ပါးလေးများရဲလာပြီး ရင်ထဲတွင် နွေးသွားသည်။ရဲ့လော့ယီ တက်ကြွစွာဖြင့်
“အား၊ယန်ရှီ ဒီလိုတော့မလုပ်သင့်ပါဘူး၊ အနုပညာလောကမှာ ကိုယ်ရေးကိုယ်တာကိစ္စပေါက်ကြားတာက အရမ်းအန္တရာယ်များတယ်”
“သူမက အနုပညာလောကကို ဖျက်စီးချင်တာလေ”
ဆုလင်းလင်း လေမှုတ်ထုတ်လိုက်သည်။
“ဒီလိုဖော်ထုတ်လိုက်တာ သူမအတွက်ကောင်းတယ်”
ရဲ့လော့ယီ Weibo မှာတင်ထားသည့် “ယန်ရှီ၏ပညာရေးလိမ်လည်မှု” သတင်းအကျဉ်းချုပ်ကို ဖတ်ကြည့်နေမိသည်။သူမ၏ ပညာရေး လိမ်လည်မှု၊ရှုယန်ယန်အပေါ် အခွင့်ကောင်းယူမှု ၊ကျောင်းတွင်းအကြမ်းဖက်မှုများ ပါဝင်သည်။
ရဲ့လော့ယီ ပင့်သက်ရှိုက်ပြီးတော့
“အကြမ်းဖက်တာလား၊ ယန်ရှီက မထင်ရဘူးနော်။”
“ရုပ်ရည်က လှည့်စားနိုင်တယ်လေ”
ဆုလင်းလင်း ယန်ရှီကို အထင်သေးသလို ကြည့်လိုက်သည်။
ယန်ရှီသည် ဆုလင်းလင်းကြည့်နေတာကို သတိထားမိပြီး သူမဘက်သို့ ပြန်ကြည့်ကာ မျက်လုံးချင်းစုံအောင်လုပ်လိုက်သည်။
ထို့နောက် ခပ်ယဲ့ယဲ့ပြုံးပြလိုက်သည်။
ဆုလင်းလင်း အနည်းငယ်ရှုပ်ထွေးသွားပြီး အကြည့်လွှဲလိုက်သည်။
“ထူးဆန်းလိုက်တာ၊ဘာလို့ယန်ရှီကို ရင်းနှီးနေသလိုခံစားရတာလဲ။ငါသူ့ကိုအရင်က တစ်နေရာရာမှ တွေ့ဖူးတာလား”
ရဲ့လော့ယီ စကားဖြတ်ပြောလိုက်သည်။
“ချင်းယွီ ဘိုဝေါန်မှာတက်ခဲ့ဖူးတယ်၊ ပြီးတော့ ယန်ရှီက သူ့ရဲ့အချစ်ဆုံးသူငယ်ချင်း၊ သူလည်း ဘိုဝေါန် ကိုလိုက်တက်တယ်မလား၊ နင်နဲ့ကျောင်းတူလို့ တွေ့ဖူးတာနေမှာပေါ့”
ဆုလင်းလင်း သူမ၏ ကျောင်းတုန်းက ကိစ္စများကို ပြန်စဉ်းစားကြည့်သည်။သို့သော် သူမဘွဲ့ရပြီးတာ ငါးနှစ်လောက်ရှိပြီဖြစ်သောကြောင့် မှတ်ညဏ်များမှာ မှုန်ဝါးဝါးပင်။
“ငါ မမှတ်မိဘူး”
ဆုလင်းလင်း ခေါင်းခါလိုက်သည်။
“ငါ ကျုံချင်းယွီရဲ့ ကျောင်းတုန်းကဟာတွေကိုမှတ်မိပေမဲ့ အဲဒီထဲမှာ ယန်ရှီမပါဘူး၊ ဒါပေမယ့် ငါမေးကြည့်လိုက်မယ်”
ဘိုဝေါန်ကိုယ်ပိုင်အထက်တန်းကျောင်းသည် ဟိုင်မြို့၏ ဂုဏ်သတင်းကြီးမားကာ လူကုန်ထံများသာ တက်ရောက်သော မဟာဆန်သည့်ကျောင်းဖြစ်သည်။ဆုလင်းလင်း ဘွဲ့ရပြီးသွားသော်လည်း ဘိုဝေါန်ကျောင်းမှာတက်နေသော အငယ်လေးများရှိသည်။လူတစ်ယောက်ကို ရှာခြင်းမှာ အဲသည်လောက် မခက်ပေ။ခဏအကြာတွင် ဆုလင်းလင်းပြောလိုက်သည်။
“ငါမေးကြည့်လိုက်မယ်၊ ငါ့မှာ အသိတွေရှိတယ်”
ရဲ့လော့ယီ သက်ပြင်းချလိုက်သည်။ ဘိုဝေါန်လို ကိုယ်ပိုင်အထက်တန်းကျောင်းမျိုးတွင် တင်းကြပ်သည့် စည်းကမ်းချက်များ ရှိသောကြောင့် ကျောင်းတွင်းအကြမ်းဖက်မှုမှာ ရှားသည်။ဖြစ်ခဲ့လျှင်တောင် ကျုံချင်းယွီလို လူချမ်းသာ သားသမီးများသာဖြစ်ပြီး သာမာန်လူတန်းစားမိသားစုမှာ ဖြစ်လေ့မရှိချေ။ကျုံချင်းယွီသည် ကျောင်းတွင် အနိုင်ကျင့်သည်ဟု ပြောလျှင်ပင် ရဲ့လော့ယီ ယုံကောင်းယုံနိုင်သည်။
ရဲ့လော့ယီ ထောက်ပြလိုက်သည်။
“ယန်ရှီက ချင်းယွီရဲ့ အချစ်ဆုံးသူငယ်ချင်းတွေဆိုတော့ သူကို နင် ချင်းယွီရဲ့ မွေးနေ့ပါတီမှာ မြင်ဖူးတာနေမှာ”
ဆုလင်းလင်း ပြန်တွေးကြည့်သည်။ “ဒါဖြစ်နိုင်လောက်တယ်”
ဧည့်သည်များ၏ အိမ်မှာတော့ ညစာစားရန်ပင် ပြင်ဆင်နေကြလေသည်။ဧည့်သည်များသည် လှေပြိုင်ပွဲတွင် ဝင်ပြိုင်ခဲ့ကြသောကြောင့် စိုရွဲနေကြသည်။ထို့ကြောင့် ဟော့ပေါ့ညစာ မပြင်ဆင်ခင် အရင်ဆုံး ရေဝင်ချိုးနေကြလေသည်။ကျုံချင်းယွီ စိတ်ပျက်နေသည်။သူမ ရေထဲသို့ ပြုတ်မကျသွားသော်လည်း လှေပြိုင်နေစဉ် အကုန်စိုရွဲသွားလေသည်။သူမသည် သဘတ်ကိုယူကာ ရေချိုးခန်းထဲသို့ အကြမ်းပတမ်းဝင်သွားသည်။
ယန်ရှီ သူမသူငယ်ချင်းထံမှ ငြင်းခုံမှုပရိုဂရမ်အတွက် သူမလက်မှတ်ထိုးရန်လိုအပ်သည့် ဖိုင်များ အကြောင်းပြောရန် ဖုန်းခေါ်ခံရလေသည်။သူမ လက်တော့ကိုထုတ်၍ အစီရင်ခံစာတင်ရန် လုပ်နေသည်။
“ရှီရှီ၊ အွန်လိုင်းပေါ်မှာ ဘာတွေဖြစ်နေလဲ မသိဘူးလား၊ တစ်ယောက်ယောက်က နင့်ရဲ့ ပညာရေးသတင်းအမှားတွေကို ဖြန့်နေတယ်”
သူမ၏အခန်းဖော်သည် 5G အင်တာနက်သုံးစွဲသူဖြစ်ကာ “အတူတူခရီးသွားစို”အစီအစဉ်ကို ကြည့်ရှုသူတစ်ယောက်ဖြစ်သည်။သူမသာ် သတင်းမှာ ဘာမြင်ခဲ့သလဲဆိုသည်အား ယန်ရှီကို ပြောပြလေသည်။ယန်ရှီ စူပါမားကတ်တွင် System ကိုခေါ်သော်လည်း တုံ့ပြန်မှုမရှိချေ။ယခု သူမအားနေသည့် အချိန်ခဏလေးမှာ Weibo ကိုဖွင့်ပြီးကြည့်လိုက်သည့်အခါတွင် သူမအား မှားယွင်းနေသောကိုယ်ရေးအကျဉ်းကြောင့် ဝေဖန်ထားကြသော ကောမန့်များနှင့်ပြည့်နေသည့် သတင်းကိုတွေ့ရလေသည်။
သူမအခန်းဖော်သည် ဒေါသတကြီးဖြင့်
“ငါရှင်းပြဖို့ကြိုးစားပေမယ့် သူတို့က မယုံကြဘူး၊ သူတို့ကငါ့ကို နင့်ရဲ့လက်ပါးစေတဲ့၊ တကယ်တော့ သူတို့ကမှ လက်ပါးစေတွေ သူတို့တစ်မိသားစုလုံးက လက်ပါးစေတွေ”
ယန်ရှီ စိတ်ပူသွားသည်။
“ငါအပြစ်ကင်းကြောင်းသက်သေပြဖို့ ငါတို့အတူတွဲရိုက်ထားတဲ့ပုံကိုတောင် မတင်လိုက်ဘူးမလား”
“ငါစဉ်းစားသေးတယ်၊ ငါ့ရဲ့စားပွဲပေါ်မှာအခုထိ ငါတို့ဘွဲ့ယူတုန်းက ဓါတ်ပုံတွေရှိသေးတယ်၊ နင်လိုအပ်လား၊ ငါအခုချက်ချင်း သွားယူပြီးတော့ နင့်အတွက် ပို့စ်တင်ပေးမယ်၊ ဒီအတင်းအဖျင်းဖြန့်နေတဲ့လူတွေအကုန် ပိတ်သွားအောင်လို့လေ”
“မဟုတ်တာ”
ယန်ရှီသူမကို အမြန်တားလိုက်သည်။သူမအခန်းဖော်သည် ပါးစပ်ဖွာ၍ အွန်လိုင်းပေါ်သို့ မဆင်မခြင်မျှဝေတက်တာကြောင့် သူမပါ ဝေဖန်ခံရလိမ့်မည်။
ယန်ရှီ လေးနက်စွာပြောလိုက်သည်။
“အခုတော့ ပရိသတ်တွေက ငါ ပညာရေးကိုလိမ်ခဲ့တယ်ဆိုပြီး တစ်ဖက်သတ်တွေးမှာပဲ၊ နင်က ငါတို့ဘွဲ့ယူတဲ့ပုံတင်လိုက်ရင် နင့်ကို ငါ့ရဲ့လူလို့ထင်ပြီး ဝိုင်းပြောကြလိမ့်မယ်၊ နင်အွန်လိုင်းမှာရေးခဲ့တဲ့ ကောမန့်တွေကိုပဲ စဉ်းစားကြည့်၊ အဲဒီပို့စ်တွေက အရင်းအနှီးလိုချင်လို့…”
သူမ၏ အတန်းဖော် လန့်သွားသည်။
သူမသာ ဖော်ထုတ်လိုက်လျှင် သူမ၏ ရှောင်မိစု အကောင့်သည် ကြွက်သားများနှင့် ယောက်ျားများ၏ ပုံများ၊ ဖိုင်လ်များအပြင် သူမတိတ်တိတ်လေး ခိုးပြီးဖတ်ခဲ့သည့် 18+ ဝတ္ထုများပါ ထုတ်ဖော်ချင်းခံရမှာဖြစ်သည်။အို ၊ ထပ်၍ သူမAO3မှာရေးခဲ့သည့် ဝတ္ထုရောပင်။ဤသည်မှာ ယန်ရှီမသိသည့် လျို့ဝှက်ချက်များဖြစ်သည်။
သူမသာ တရားဝင် ထုတ်ပြန်ခံလိုက်ရလျှင် လူမှုကွန်ရက်ကြောင့် ကိုယ့်ကိုကိုယ်သတ်သေမှုဖြစ်သွားလောက်သည်။
သူမသူငယ်ချင်းသည် တံတွေးမျိုချပြီး
“အနုပညာရှင်ဖြစ်ရတာက ခက်တယ်၊ ကံကောင်းတာက ငါကနာမည်ကြီးမဟုတ်ဘူးလေ”
ထို့နောက် သူမ စကားလမ်းကြောင်းလွှဲသွားသည်။
“ရှီရှီ၊ ငါ နင့်ရဲ့တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ပြီးပြီ၊ ကျုံချင်းယွီက နင့်ကိုထူးချွန်တဲ့ကျောင်းသူလို့ ချီးကျူးလိုက်ရုံရှိသေးတယ်၊ လူတွေကတန်းပြီး ဖော်ထုတ်ကြတာပဲ၊ သတင်းကပျံ့တာမြန်လွန်းတယ်”
ယန်ရှီ ခေါင်းညိတ်ပြီး “တကယ်ကို မြန်တာ”
သူတို့ သူမကို စပြီး မတိုက်ခိုက်ခင် သူမ၏ပညာရေးနောက်ခံအကြောင်း ရှင်းပြခွင့်တောင် မပေးချေ။
ယန်ရှီ ဤကိစ္စနောက်တွင် တစ်ယောက်ယောက်ရှိနေသည်ကို သိသည်။ ရဲ့လော့ယီများလား။
ရဲ့လော့ယီ၏ နူးညံ့သောမျက်နှာသည် ယန်ရှှစိတ်ထဲသို့ ရောက်လာသည်။
မဟုတ်ဘူး။ဝတ္ထုရဲ့ အမျိုးသမီးဇာတ်ကောင်က အနည်းဆုံးတော့ အရည်အချင်းရှိရမယ်၊ကိုယ့်ကျင့်တရားကောင်းရမယ်၊ဖြောင့်မတ်တည်ကြည်ရမယ်လေ ။ပေယွဲ့ပိုင်များလား။
ဒါလည်းမဖြစ်နိုင်ဘူး။ကျုံချင်းယွီနဲ့ပတ်သတ်မှုကလွဲရင် ပေယွဲ့ပိုင်နဲ့မှမရင်းနှီးတာ။ယန်ရှီက ဟိုင်တက္ကသိုလ်ကကျောင်းသူဆိုတာတောင် သူသိမှာမဟုတ်ပါဘူး။ဒီ အခြေအမြစ်မရှိသည့် စွပ်စွဲချက်တွေက ပျော့လွန်းသည်။
ဤကိစ္စနောက်ကွယ်မှ ယန်ရှီကိုမကျေနပ်သော်လည်း သူမအကြောင်းသိပ်မသိသည့်သူ အချိုးမပြေသူများသာဖြစ်မည်။
ထို့အပြင် ထိုလူမှာ အနုပညာလောကမှ လူပင်ဖြစ်ရမည်။
ပျက်စီးနေသည့် ဓါတ်ပုံများပါသော အတင်းအဖျင်းများကို အနုပညာရှင်နှင့် အောင်မြင်ကျော်ကြားသူများသာ သုံးလေ့ရှိသည်။ နာမည်တစ်ခု ယန်ရှီစိတ်ထဲပေါ်လာသည်၊ချင်းလီ။
ဝတ္ထုထဲတွင် ရသစုံးရှိုးအတွင်း ချင်းလီနှင့် ရဲ့လော့ယီတို့ ရင်းနှီးခဲ့ကြသည်။စာဖတ်သူအမြင်အရ ချင်းလီသည် ရဲ့လော့ယီကို ကာကွယ်ပေးချင်ပြီး ပရိသတ်များကို သူတို့၏ဆက်ဆံရေးကို သိချင်အောင် လုပ်သည်။
ယန်ရှီအမြင်တွင် ချင်းလီသည် ရဲ့လော့ယီကို သူ့ဘဝ၏ စစ်မှန်သည့်အချစ်ဟုထင်နေခြင်းသာ။သူမအတွက် သူ့၏ခံစားချက်ကို ၁၀၀ စကေးနှင့်တိုင်းလျှင် ရဲ့လော့ယီအတွက် ချင်းလီ၏ခံစားချက်က အနည်းဆုံး၉၀လောက်တော့ ရှိသည်။ System ပြောသည့်စကားအရ
[သူကစွဲလမ်းနေတာ]
သူချစ်နေသော အမျိုးသမီးကိုသာ မြင်နေသောကြောင့် တစ်ခြားဧည့်သည်အပေါ် အာရုံစိုက်မှုနည်းလာသည်။သူ အနည်းငယ်စိုးရိမ်လာပြီး သံယောဇဉ်များပင် တွယ်နေလေသည်။
အနုပညာလောက၌ ပညာရေးနှင့်ပတ်သတ်သော အတင်းအဖျင်းများမှာ ရှိစမြဲဖြစ်သောကြောင့် အထူးအာရုံစိုက်စရာမလိုပေ။သာမာန်လူအတွက်တော့ အွန်လိုင်းပေါ်၌ဝေဖန်ခံရခြင်းဟာ ကိုယ့်ကိုကိုယ်ဖျက်စီးစေနိုင်လောက်ပေသည်။
ယန်ရှီမှာ စိတ်မာသူဖြစ်သည်။ သူမ အိမ်မက်ထဲတွင် ကျုံချင်းယွီနှင့်ပတ်သတ်သော ဒီထက်ပိုဆိုးသည့်စော်ကားမှုများကိုတောင် မြင်ခဲ့သေးသည်။ အမျိုးသမီးတစ်ယောက်ကို ငိုစေရန် ရည်ရွယ်ပြီး ထင်ကြေးပေး အရှက်ခွဲတာကို မြင်ခဲ့လေသည်။
ယခုတော့ သူမအကြောင်း မကောင်းသည့်ကောမန့်များမြင်နေရခြင်းသည် ယန်ရှီကို အမှန်တော့ ထိတ်လန့်စေပါသည်။
“ရှီရှီ၊ပညာရေးကိစ္စအပြင်ကို သူ့က နင့်ကိုအကြမ်းဖက်တယ်လို့ပြောတာကိုလည်းငါတွေ့တယ်၊ ငါကူညီပေးရမလား”
သူမအခန်းဖော်သည် စိုးရိမ်တကြီးမေးသည်။
ယန်ရှီ အွန်လိုင်းပေါ်မှ ကောမန့်များ ကိုဖတ်နေသည်။ရုတ်တရတ် အမည်မသိပေးပို့သူတစ်ဦးမှ သူမထံသို့ ပို့လာသော မက်ဆေ့ခ်ျတစ်ခုကိုတွေ့လိုက်သည်။
【ဟယ်လို၊မစ္စယန်၊ ကျွန်တော်က Starlight Entertainment ရဲ့ PR ဒါရိုက်တာ ဝူလျောင်ပါ၊ အွန်လိုင်းပေါ်က ကိစ္စနဲ့ပတ်သတ်ပြီး မင်းနဲ့စကားပြောချင်လို့ပါ】
ယန်ရှီမျက်လုံးပြူးသွားပြီးနောက် ပြုံးလိုက်သည်။
“စိတ်မပူပါနဲ့၊ ချောင်ချောင် ဒါကပြဿနာကြီးမဟုတ်ပါဘူး၊ ကျွန်မ မကြာခင် ဖြေရှင်းလိုက်ပါ့မယ်”