← Chapters

အခန်း (၂၉)

Vol. 3 Ch. 29

အခန်း (၂၉)

Vol. 3 Ch. 29

ရှူယန်ယန်တစ်ယောက် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ခံစားရလိုက်မိပြီး စိတ်ထိခိုက်မှုများစွာဖြင့် ထူပူနေခဲ့သည်။

ဝူလျောင်သည်လည်း အခြားသောကိစ္စများရှိနေသဖြင့် ရှူယန်ယန်နှင့် စကားဆက်ပြောပေးရန် အချိန်မရှိချေ။

ရှူယန်ယန် ထိတ်လန့်တကြားဖြင့် ဝူလျောင်၏ ကုတ်အင်္ကျီအနားစွန်းကို ဆုပ်ကိုင်လိုက်ကာ မျက်ရည်များဖြင့် အော်ဟစ် တောင်းပန်လိုက်သည်။

"အကြီးအကဲဝူ ကျွန်မ ကတိပေးပါတယ် အခုချိန်ကစပြီး အကြီးအကဲရဲ့ စကားကို နားထောင်ပါ့မယ် သာယာရိုးရှင်းသောဘဝ ရသစုံရှိုးက တရားဝင်ထုတ်လွှင့်ပြီးသားလေ၊ အခုကျွန်မနေရာကို တခြားတစ်ယောက်နဲ့ အစားထိုးမယ်ဆိုရင် မကောင်းပါဘူး ပရိတ်သတ်တွေကလည်း ရှင်းယောင်အနုပညာကုမ္ပဏီက ကျွန်မကိုအနိုင်ကျင့်နေတယ်လို့ ထင်သွားမှာပေါ့၊ ကျေးဇူးပြုပြီး နောက်ထပ်အခွင့်အရေးလေးပေးပါ"

ဝူလျောင်က ရှူယန်ယန်၏လက်ကို အေးတိအေးစက်ဖြင့် ခါချပစ်လိုက်သည်။

"မင်းရဲ့ကျော်ကြားမှုအဆင့်နဲ့ ပရိတ်သတ်ဘယ်နှစ်ယောက်ရှိမှာလဲ ပြီးတော့ မင်း ကိုယ့်နေရာကိုယ်သိရဲ့လား၊ အတူခရီးသွားကြစို့အစီအစဉ်မှာ သရုပ်ဆောင်ဖို့ကို အခွင့်အလမ်းတစ်ခုလိုမြင်နေရင် မင်းလိုအနုပညာရှင်အဆင့်က တွဲဖက်သရုပ်ဆောင်ဖြစ်ဖို့တောင် အရည်အချင်းမမီဘူး၊ ငါတို့က သာယာရိုးရှင်းသောဘဝရသစုံရှိုးကို လျော်ကြေးအနေနဲ့ပေးခဲ့တာ ဒါကို မင်းက တန်ဖိုးမထားခဲ့ဘူး"

သာယာရိုးရှင်းသောဘဝရသစုံရှိုးသည် ဒုတိယပိုင်းသို့ ရောက်ရှိခဲ့ပြီဖြစ်သည်။ ပထမပိုင်းအောင်မြင်မှုနှင့်အတူ ဒုတိယပိုင်းထုတ်လွှင့်မှုကို S အဆင့်သို့ရောက်ရှိစေရန်အတွက် သရုပ်ဆောင်များစွာ၊ရင်းနှီးမြှုပ်နှံမှုများစွာတို့ဖြင့် အထူးစီစဉ်ထားသည်။ ထိုသို့သောအခြေအနေတွင် ဝက်တစ်ကောင်ဆိုလျှင်ပင် ဧည့်သည်သရုပ်ဆောင်အဖြစ်ကျော်ကြားသွားနိုင်သည်။ သို့သော် ရှူယန်ယန်က မကျေနပ်သေးပေ။

ဝူလျောင်သည် သူမထိုသို့ ခံစားရခြင်းမှာ ထိုက်ထန်သည်ဟု ထင်မြင်ကာ သူ့အကြည့်များက ပိုမိုအေးစက်လာခဲ့သည်။

"ရှူယန်ယန် မင်း သတင်းထောက်တွေရဲ့ဓာတ်ပုံထဲမှာ အမှတ်တမဲ့ပါသွားတာလား ဒါမှမဟုတ် ကိုယ်တိုင်စီစဉ်ထားတာလားဆိုတာ ငါ့ထက် မင်းကိုယ်တိုင်ပိုသိမှာပဲ၊ သာယာရိုးရှင်းသောဘဝရသစုံရှိုးမှာ ပြန်လုပ်ခိုင်းတာက ငါ မင်းကို သနားလို့ပဲ"

ရှူယန်ယန်၏ မျက်လုံးများက အံ့အားသင့်မှုကြောင့် ပြူးကျယ်သွားသည်။ ဓာတ်ပုံရိုက်ကူးခဲ့သည့် သတင်းထောက်များကို သူမငှားရမ်းထားသည်ကို ဝူလျောင်က မည်သို့မည်ပုံသိသွားခဲ့သနည်း။ ထိုအကြောင်းကို မည်သူမျှသိမသွားသင့်ပါ။

ဝူလျောင်က အေးတိအေးစက်နှာခေါင်းရှုံ့ပြီး ထွက်သွားသည်။

ရှူယန်ယန်သည် နေရာတွင်ပင် ရပ်နေမိပြီး သူမ၏လက်သီးများကို အလွန်တင်းကျပ်စွာဆုပ်ထားကာ လက်သည်းများက လက်ဝါးထဲသို့ဝင်နေသည်။

ရှူယန်ယန်ကဲ့သို့ပင် လင်းရန်ရန်သည်လည်း ဒေါသထွက်နေသည်။

Wi-Fi ပါသည့် အပြည်ပြည်ဆိုင်ရာလေကြောင်းခရီးစဉ်တစ်ခုတွင် သူမသည် ယန်ရှီနှင့်ပတ်သက်သော အွန်လိုင်းဆွေးနွေးမှုများကို အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်နေခဲ့သည်။

ယခုအခါ အင်တာနက်‌ပေါ်မှ လူများက ယန်ရှီသည် ပညာရေးအ ထောက်အထားအတုမလုပ်ခဲ့ကြောင်း၊ အတန်းဖော်များကိုလည်း အနိုင်ကျင့်ခဲ့ခြင်းမရှိကြောင်း အကြွင်းမဲ့ယုံကြည်ခဲ့ကြသည်။ ယခင်က ယန်ရှီအနိုင်ကျင့်သည်ဟု ကောလာဟလဖြန့်ခဲ့သည့် အကောင့်ကို အင်တာနက်သုံးသူများက ဖော်ထုတ်လိုက်ပြီး လင်းရန်ရန်အား တောင်းပန်ရန် မက်ဆေ့ချ်များ၊ မှတ်ချက်များဖြင့် စုံနေအောင်ပို့ကြတော့သည်။

[ဘလော့ဂါ ယန်ရှီက အတန်းဖော်တွေကို အနိုင်ကျင့်တယ်ဆိုတဲ့အထောက်အထားကဘယ်မှာလဲ]

[အထောက်အထားမရှိရင် စွပ်စွဲတာပဲပေါ့ အထက်တန်းတုန်းက ယန်ရှီလို့တောင်မခေါ်သေးဘူး ဘလော့ဂါ ရှေ့ထွက်ပြီးတောင်းပန်သင့်တယ်မဟုတ်လား]

[အခုပဲတောင်းပန်ပါ! စွပ်စွဲတတ်တဲ့သူတွေက ရွံစရာကောင်းတယ်]

[ယန်ရှီလေးကို မနာလိုဖြစ်နေတဲ့ စာပဲရိုက်တတ်တဲ့သူ တစ်ယောက်နေမယ် အခုယန်ရှီ ပြန်ပြီးနာမည်ကြီးနေတော့ ဘယ်နားမှာ သွားငို‌နေကြလဲမသိဘူး]

လင်းရန်ရန်သည် ဒေါသထွက်လွန်းလှသဖြင့် ပေါက်ကွဲချင်သည်အထိခံစားရသည်။

လေယာဉ်မယ်တစ်ဦးသည် သောက်စရာများနှင့်အတူ ဖြတ်လျှောက်လာစဉ် လင်းရန်ရန်က ရုတ်တရက်လက်ယမ်းမိပြီး ဇွန်းကိုထိမိသည့်အတွက် ရေများက နှစ်ဦးစလုံးအပေါ်သို့ဖိတ်စင်သွားသည်။

လေယာဉ်မယ်သည် နောက်သို့ ချက်ချင်းဆုတ်သွားပြီး ပိုးထည်အင်္ကျီရေစိုသွားသည့် လင်းရန်ရန်က ထိုင်ခုံမှ ကောက်ထလိုက်သည်။

လင်းရန်ရန်က ဒေါသထွက်ပြီးအော်လိုက်သည်။

"ဒါဘယ်လိုဝန်ဆောင်မှုမျိုးလဲ"

လေယာဉ်မယ်ခေါင်းဆောင်သည် အလျင်အမြန်လာရောက်ပြီး တစ်ရှူးများဖြင့် လင်းရန်ရန်အား သုတ်ပေးရင်း တောင်းပန်လိုက်သည်။

"အစ်မလင်းကို တောင်းပန်ပါတယ်၊ ဒါက ကျွန်မတို့ဝန်ထမ်းရဲ့ ပေါ့ဆမှုပါ"

လေယာဉ်မယ်သည် မတရားစွပ်စွဲခံရသည်ကို သိသော်လည်း သူမ၏ ပညာရပ်ကျွမ်းကျင်မှုကြောင့် ပြန်မငြင်းဘဲ ယဉ်ကျေးစွာဦးညွှတ်ကာ ဆိုလိုက်ပြန်သည်။

"အစ်မလင်းကို တောင်းပန်ပါတယ်၊ ကျွန်မဖန်ခွက်ကို သေချာမကိုင်မိတာပါရှင်၊ နောက်ထပ် ရေနွေးတစ်ခွက်ထပ်ယူပေးပါမယ်"

"မြန်မြန်လုပ်"

လင်းရန်ရန်က လေယာဉ်မယ်ကို မထီမဲ့မြင်ကြည့်ပြီး ပြောလိုက်သည်။

လင်းရန်ရန်၏အနီးတွင် ထိုင်နေသည့် မိခင်ဖြစ်သူက စိတ်မရှည်သည့်ဟန်ဖြင့် မျက်လုံးဖွင့်လိုက်သည်။ သူမ၏ အကြည့်က လင်းရန်ရန်ပေါ်မှဖြတ်သွားပြီး ကြမ်းပြင်ပေါ်သို့ကျသွားသည့် ဖုန်းပေါ်သို့ရောက်သွားသည်။

သူမ၏ မိခင်က ဖုန်းကိုကောက်ယူလိုက်သည်။

လင်းရန်ရန်သည် ထိတ်လန့်သွားပြီး သူမ၏ မိခင်ကိုတားဖို့ကြိုးစားသော်လည်း အသံမထွက်နိုင်ခဲ့ပေ။

သူမ၏ မိခင်က ဖန်သားပြင်ကိုကြည့်ရင်း လင်းရန်ရန်အားရည်ရွယ်သည့် အပြစ်တင်မှုများကိုဖတ်ရှုရင်း တဖြည်းဖြည်းနှာခေါင်းရှုံ့လာမိသည်။

သူမက ဖုန်းကိုပစ်ပေးလိုက်ပြီး လင်းရန်ရန်မှာ မတတ်သာသည့်အတွက် ဖမ်းယူလိုက်ရသည်။

လင်းရန်ရန်၏ မိခင်ဖြစ်သူမျက်နှာတွင် အေးစက်မှုများဖုံးလွှမ်းသွားပြီး ပြန်ပြောလိုက်သည်။

"အရမ်းရှက်ဖို့ကောင်းတယ်၊ မင်းရဲ့ အခုလိုအပြုအမူမျိုးနဲ့တော့ လင်းရှီနဲ့ယှဉ်လို့မရဘူး"

လင်းရန်ရန်၏မျက်နှာသည် အမျက်ဒေါသဖြင့် ဖြူရော်သွားသော်လည်း မိခင်ရှေ့တွင် အပြစ်မဲ့သိုးကလေးပုံဖြင့်သာ နေနိုင်ခဲ့သည်။

"မေမေ သမီး နားလည်ပါတယ် လင်းမိသားစုရဲ့ဂုဏ်ကျက်သရေနဲ့ထိုက်တန်တဲ့သမီးတစ်ယောက်ဖြစ်အောင် ကြိုးစားပါမယ်"

လင်းရန်ရန်၏ မိခင်သည် နှာခေါင်းရှုံ့လိုက်ပြီး မျက်လုံးအုပ်ကို ပြန်တပ်ကာ ပြန်လည်မှေးစက်သွားတော့သည်။

လင်းရန်ရန်သည် သူမ၏ ထိုင်ခုံတွင် နောက်ပြန်လှဲလိုက်ပြီး သူမ၏ လက်များအဖြူရောင်သမ်းလာသည်အထိ ဖုန်းကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။ နေ့ခင်း ၁၀ နာရီအချိန်တွင် တိုက်ရိုက်ထုတ်လွှင့်မှု ပြီးဆုံးသွားပြီး ဧည့်သည်များက ၎င်းတို့၏ အခန်းများထံသို့ အသီးသီးပြန်သွားကြသည်။ ညအမှောင်ထုက လီချန်းမြို့ကို လွှမ်းခြုံထားပြီး မှောင်မိုက်နေသော ကောင်းကင်ယံထက်တွင် ကြယ်ကလေးများက မှိတ်တုတ်မှိတ်တုတ် လင်းနေသည်။

[ ရှုယန်ယန်ကို ရှင်းယောင်ကုမ္ပဏီရဲ့ လက်ထဲကနေ ကာကွယ်နိုင်ခဲ့တဲ့အတွက် ကျုံချင်းယွီရဲ့ ကံကောင်းခြင်းအမှတ် ၀.၁ မှတ်တိုးလာပါတယ်]

[သာ့ကျားကျွမ်ကျရှုံးမှုကြောင့် ကျုံချင်းယွီရဲ့ ကံကောင်းခြင်းအမှတ် ၁ မှတ်တိုးလာပါတယ် လက်ရှိကံကောင်းခြင်းအမှတ်က ၁၂.၁ မှတ်ပါ]

ယန်ရှီသည် မီးဖိုချောင်ထဲတွင် နွားနို့ကို အပူပေးနေစဉ် သူမ၏ စိတ်အာရုံထဲရှိ အလင်းတန်းလေး ပေါ်ထွက်လာသည်။

[Host ရေ အခုအရမ်းကောင်းသွားပါပြီနော် ကိုယ်တိုင်က စွပ်စွဲခံရပေမဲ့ ကျုံချင်းယွီရဲ့ ကံ‌ကောင်းခြင်းအမှတ်တွေ တက်လာပါတယ်]

System သည် အစက ယန်ရှီတစ်ယောက် သူမ၏ ပညာရေးဆိုင်ရာ အထောက်အထားများအကြောင်းကို ရှင်းလင်း၍ ပြောနေခြင်းမှာ ကျုံချင်းယွီနှင့် ဘာမှသက်ဆိုင်မည်မဟုတ်ဟု ထင်မှတ်ခဲ့သည်။

ယန်ရှီက နွားနို့ခွက်နှစ်ခွက်ထဲသို့ သကြားဇွန်းတစ်ဇွန်းစီ ထည့်လိုက်သည်။

"မဟုတ်ရင် ငါ အဲဒီကိစ္စကို ချက်ချင်းမဖြေရှင်းခဲ့ဘူးလို့ ဘာလို့ထင်တာလဲ"

စူပါမားကတ်တွင် system က ယန်ရှီအား သာ့ကျားကျွမ်ကသူမ၏ ပညာရေးအထောက်အထားများအကြောင်း ကောလာဟလများ ဖြန့်နေသည်ကို ကြိုတင်ပြောပြထားပြီးဖြစ်သော်လည်း ယန်ရှီက တုပ်တုပ်မျှမလှုပ်ခဲ့ပေ။

အမှန်တကယ်တွင် ယန်ရှီသည် သူမ၏ မှတ်ပုံတင်အထောက်အထားအားလုံးဖြစ်သည့် ကျောင်းသားလက်မှတ်၊ ဒီပလိုမာ၊ ဘွဲ့လက်မှတ်၊ အမည်ပြောင်းစဉ်က လုပ်ခဲ့သည့် ရဲစခန်းထောက်ခံချက်စာရွက်စာတမ်းများအထိ အားလုံးကို ဖုန်းထဲတွင် ကော်ပီကူးထားပြီးဖြစ်သသည်။ ထို့ကြောင့်ပင် ပြဿနာများအားလုံးက်ု ရှင်းလင်းရန်မှာ သူမအတွက် အလွန်လွယ်ကူသည့် အလုပ်ဖြစ်သည်။

system- [Host က တမင် အချိန်ဆွဲပြီး ဒီအရှုပ်တော်ပုံကနေ ကျုံချင်းယွီကို အကျိုးဖြစ်အောင် လုပ်ချင်တာလား]

"ဟုတ်တာပေါ့"

ယန်ရှီက ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်သည်။

"နင်မမှတ်မိဘူးလား သာ့ကျားကျွမ်ဆိုတာ ဝတ္ထုထဲက ဇာတ်ကောင်တစ်ယောက်ပဲလေ"

သာ့ကျားကျွမ်သည် ဝတ္ထုထဲတွင် အသေးအမွှားဇာတ်ကောင်တစ်ခုသာဖြစ်သော်လည်း ယန်ရှီမှာ မှတ်ဉာဏ်ကောင်းသူဖြစ်သည်။

ကျုံယန်စီသေဆုံးပြီးနောက် ကျုံမိသားစု၏ အဖေဖြစ်သူသည် ဝမ်းနည်းပူဆွေးမှုကြောင့် လေဖြတ်ကာ ဆေးရုံတက်လိုက်ရသည်။ သို့နှင့် ကျုံစီးပွားရေးလုပ်ငန်းစု၏ တာဝန်သည် ကျုံချင်းယွီ၏ ပုခုံးပေါ်သို့ ကျရောက်လာသည်။

သို့သော် ကျုံချင်းယွီသည် စီးပွားရေးတွင် အရည်အချင်းမရှိသူဖြစ်ကြောင်း ရှင်းယောင်အနုပညာကုမ္ပဏီ၏ အဆက်မပြတ်ရှုံးနိမ့်မှုများက သက်သေပြနေသည်။ သူမ၏ စီမံခန့်ခွဲမှုအောက်တွင် ကျုံလုပ်ငန်းစု၏ အခြေအနေမှာ ပို၍ဆိုးရွားလာခဲ့သည်။ နောက်ဆုံးတွင် သူမသည် လုပ်ငန်းကို ကျွမ်းကျင်သူများထံ အပ်နှံရန် ဆုံးဖြတ်လိုက်သည်။

ထိုအချိန်တွင် သာ့ကျားကျွမ်က ကျုံချင်းယွီအား အိတ်အတုကိုင်နေသည်ဟု စွပ်စွဲလေသည်။ သူက ကျုံလုပ်ငန်းစုသည် နေဝင်ချိန်ရောက်နေပြီဖြစ်ကြောင်း၊ ရေရှည်ရပ်တည်နိုင်တော့မည်မဟုတ်ကြောင်း ဆိုခဲ့သည်။ ဤအဖြစ်အပျက်သည် ကျုံမိသားစုအတွက် ထိခိုက်မှုတစ်ခု ဖြစ်စေပြီး လုပ်ဖော်ကိုင်ဖက်များက သံသယဝင်လာကာ ပူးပေါင်းရန် ငြင်းဆန်လာကြသည်။

သာ့ကျားကျွမ်သည် ကျုံလုပ်ငန်းစုပြိုလဲရခြင်း၏ တိုက်ရိုက်အကြောင်းရင်းမဟုတ်သော်လည်း မီးလောင်ရာ လေပင့်သဖွယ် ဖြစ်စေခဲ့သည်။ ယခု သူသည် ယန်ရှီ၏ ထောင်ချောက်ထဲသို့ လုံးဝကျရောက်သွားပြီဖြစ်ရာ နောင်တွင် ကျုံချင်းယွီအား နစ်နာစေနိုင်သည့် အခွင့်အရေးကို ယန်ရှီ လုံးဝပေးမည်မဟုတ်ပေ။

ယန်ရှီ၏ ပညာရေးဆိုင်ရာ အထောက်အထားများကို ဖော်ပြရန် လွယ်ကူခဲ့သော်လည်း ယင်းသည် သာ့ကျားကျွမ်အတွက် သိပ်မထိရောက်ခဲ့ပေ။ အများဆုံးအနေဖြင့် သူသည် ခခယယဖြင့် တောင်းပန်ရလောက်ရုံသာရှိပြီး ရက်အနည်းငယ်အကြာတွင် အွန်လိုင်းပေါ်၌ ပြန်လည်အလုပ်လုပ်နိုင်ဖြစ်သာ ဖြစ်ပေသည်။ ယန်ရှီကမူ သူ့အား နောက်တစ်ကြိမ် ထပ်မံမထနိုင်အောင်၊ ကျုံချင်းယွီအား နစ်နာစေနိုင်သည့် အခွင့်အလမ်း လုံးဝမပေးတော့ရန် လိုလားသည်။

ဝူလျောင်၏ ပေါ်ထွက်လာမှုသည် ယန်ရှီအတွက် ကံကောင်းခြင်းတစ်ရပ် ဖြစ်ခဲ့သည်။

ယခင်က သာ့ကျားကျွမ်၏ အန္တရာယ်‌ပေးခြင်းကို ခံခဲ့ရသူများကို ရှာဖွေရန်မှာ ယန်ရှီတစ်ဦးတည်း မတတ်နိုင်သော်လည်း ဝူလျောင်ကတော့ တတ်နိုင်သည်။

ဟော့ပေါ့စားသည့်အချိန်နှင့် ကတ်ဂိမ်းကစားခြင်းအကြား ယန်ရှီသည် ဝူလျောင်အား သုံးနာရီကြာအောင် စောင့်ခဲ့ရပြီး ထိုအချိန်အတွင်း အွန်လိုင်း‌ပေါ်မှ သူမအကြောင်း စော်ကားမော်ကား အပြောအဆိုခံရမှုများစွာကို သည်းခံနေခဲ့သည်။ နောက်ဆုံးတွင် ဝူလျောင်၏ WeChat မှ အတည်ပြုချက်ရရှိသောအခါ ယန်ရှီသည် တမင် "၇၀%" ဟူသော ဂဏန်းကို ဖော်ပြလိုက်သည်။

ဤဂဏန်းသည် ရဲ့လော့ယီ၏ နောက်ဆုံးကတ်ရေတွက်ခဲ့‌သော အရေအတွက်နှင့် တိုက်ရိုက်ဆန့်ကျင်နေသဖြင့် သွေးဆူနေသော ရဲ့လော့ယီမှ ဤအခွင့်အရေးကို လက်လွတ်ခံမည်မဟုတ်ပေ။

နောက်ကွယ်မှ ကြိုးကိုင်ထားသူ ချင်းလီသည်လည်း ယန်ရှီအား သူ၏လှည့်ကွက်ထဲမှ လွယ်လင့်တကူ ပြန်လွှတ်ပေးလိမ့်မည်မဟုတ်ပေ။

အမှန်တွင် ရဲ့လော့ယီ နှင့် ချင်းလီတို့နှစ်ယောက်ပေါင်းပြီး သူမ၏ ပညာရေးထောက်ခံချက်အတု ပြဿနာကို မီးစမွှေးခဲ့ခြင်း ဖြစ်တန်ရာသည်။

မျှော်လင့်ထားသည့်အတိုင်းပင် သူတို့နှစ်ဦးသည် ထိုကဲ့သို့ လုပ်‌ဆောင်ခဲ့ကြပြီး ယန်ရှီအား ချောက်တွန်းခဲ့ကြသည်။

သူတို့နှစ်ယောက်၏ အကြံအစည်သာမပါပါက တုံးအသော သာ့ကျားကျွမ်အနေဖြင့် ယခုကိစ္စကို ဖော်ထုတ်နိုင်စရာ အကြောင်းမရှိပေ။

ထို့ကြောင့်ပင် သာ့ကျားကျွမ်၏ အကြံအစည်ကို ရသစုံရှိုးပွဲတွင် ဖော်ထုတ်ခြင်းနှင့် ဝူလျောင်မှ သာ့ကျားကျွမ်၏ အတိတ်မှသားကောင်များကို ထုတ်ဖော်ပြောဆိုခြင်းဖြင့် သာ့ကျားကျွမ်၏ ဂုဏ်သတင်းသည် အလုံးစုံပျက်စီးသွားပြီဖြစ်ပါသည်။ သူ့အနေဖြင့် ဤလောကထဲတွင် ဆက်လက်ရပ်တည်နိုင်တော့မည် မဟုတ်ပါ။

system ၏ မျက်လုံးများ တောက်ပလာသည်။

[အရမ်းမိုက်တာပဲ သာ့ကျားကျွမ်က နောက်ဆိုရင် ကျုံချင်းယွီကိုထိခိုက်အောင်လုပ်မှာဖြစ်တဲ့အတွက် ငါတို့က သူ့ကိုအရင်ဆုံးဖယ်ရှားလိုက်ပြီ]

ဤသည်မှာ ယန်ရှီ၏ အစီအစဉ်အတိုင်း ဖြစ်သော်လည်း ကျုံချင်းယွီ၏ ကံကောင်းခြင်းအမှတ် တိုးလာမှုမှာ အပိုဆုကြေးတစ်ခု ဖြစ်သည်။

[ဒါပေမဲ့]

system သည် သူ့အနေဖြင့် နားမလည်နိုင်သည့်အရာတစ်ခု ကျန်နေသေးသည်။

[ဝူလျောင်နဲ့ ဖုန်းပြောခဲ့တုန်းက ဓာတ်ပုံရိုက်တဲ့ သတင်းထောက်တွေကိုပဲ စုံစမ်းဖို့ပြောခဲ့တယ်နော်၊ ရှုယန်ယန်ရဲ့ အခွင့်အလမ်းတွေပြန်သိမ်းဖို့တော့ မပြောခဲ့ဘူး၊ ဝူလျောင်က ဘာလို့ဒါကိုလုပ်တာလဲ]

system ၏ တောက်ပသည့်အလင်းလုံးလေးသည် ယန်ရှီ၏ ဘေးတွင် ပေါ်လာပြီး ယန်ရှီက ၎င်းကို ပွတ်သပ်ပေးလိုက်သည်။

"နင်က အ လိုက်တာနော်၊ ငါသာ ဝူလျောင်ကို ရှုယန်ယန်ရဲ့ အခွင့်အလမ်းတွေကို ပြန်မသိမ်းစေချင်ခဲ့ရင် သတင်းထောက်‌တွေကရှုယန်ယန်ကိုယ်တိုင် စီစဉ်ထားတာဖြစ်နိုင်တယ်လို့ ဘာလို့ပြောရမှာလဲ"

"နင့်ကို တစ်ခုမေးမယ်၊ တကယ်လို့ နင့်ရဲ့ တပည့်တစ်ယောက်ကို အကျိုးအမြတ်ကြီးကြီးမားမားပေးတော့မဲ့အချိန်မှာ အဲဒိတပည့်က နင့်နောက်ကျောကို ဓားနဲ့ထိုးတော့မယ်ဆိုတာကို သိရင် သူကိုဒီအကျိုးအမြတ်ပေးဦးမှာလား"

system မခံမရပ်နိုင်ဖြစ်သွားသည်။

[ဘာလို့ပေးတော့မှာလဲ]

"ဟုတ်ပြီ"

ယန်ရှီ ပခုံးလှုပ်၍ပြောသည်။

"တချို့အရာတွေက လုံးဝကြီး ရှင်းသွားအောင်ပြောစရာမလိုဘူး"

ဝူလျောင် သည် ယန်ရှီသဘောကျ ဆောင်ရွက်နိုင်ခဲ့သူဖြစ်သည်ကို ထောက်ရှု၍ သူသည် အရိပ်ပြရုံဖြင့် အကောင်မြင်နိုင်သူဖြစ်သည်ဟု ယန်ရှီက သဘောထားသည်။

သာ့ကျားကျွမ်ကို ကိုင်တွယ်ခြင်းမှာ ယန်ရှီရည်ရွယ်ချက်ရှိရှိ စီစဉ်ထားသော အစီအစဉ်ဖြစ်သော်လည်း ရှုယန်ယန်ကို ဖြေရှင်းခြင်းမှာ အဆင်ပြေသလို စီစဉ်လိုက်ရခြင်းသာ ဖြစ်သည်။

အချိန်အနည်းငယ် ဆွဲဆန့်ကာ နှစ်ဦးစလုံးကို တစ်ပြိုင်တည်း ဖြေရှင်းလိုက်ခြင်းမှာ နှစ်ဘက်နှစ်ဖက်အကျိုးရှိသည့် ကိစ္စတစ်ခုပင် ဖြစ်သည်။

[Host ရေ မင်းကိစ္စတွေ မရှင်းခင် လူတွေမင်းကို အွန်လိုင်းမှာ ဘယ်လို ဆဲဆိုနေတယ်ဆိုတာ မင်းမမြင်ခဲ့ဘူးနော်]

(ပုံမှန်လူတစ်ယောက်သာဆိုလျှင် ထိုကဲ့သို့ အစော်ကားခံရမည်ကို ကြိုက်မည်မဟုတ်ပေ)

[မင်းက ကျုံချင်းယွီအပေါ်ကို တကယ် ကောင်းတာပဲ]

နွားနို့ဖန်ခွက်ပူပူကိုကိုင်လျက် လှေကားပေါ်တက်နေသည့် ယန်ရှီက ခေတ္တရပ်တန့်လိုက်သည်။

ရုတ်တရက် ရပ်တန့်လိုက်သည့်အရှိန်ကြောင့် ဖန်ခွက်ထဲမှ နွားနို့များ အနည်းငယ်လှုပ်ရှားသွားပြီး မျက်နှာပြင်တွင် လှိုင်းအသေးလေးများ ဖြစ်ပေါ်လာခဲ့သည်။

ယန်ရှီသည် အခန်းရှိရာဘက်သို့ ကြည့်လိုက်ပြီး အတော်ကြာမှ ဖြည်းညင်းစွာ ပြောလိုက်သည်။

"ချင်းယွီက ထိုက်တန်လို့လေ"

ထို့နောက် ယန်ရှီပြုံးလိုက်ပြီး မျက်လုံးများ နူးညံ့လာသည်။

"ချင်းယွီကတောင် ငါ့အပေါ်ကို ပိုပြီးကောင်းတယ်ဆိုတာ မတွေ့ဘူးလား"

ဤသည်မှာ system အတွက် ကြာမြင့်စွာ တွေးတောနေစေမိသည့် မေးခွန်းဖြစ်သည်။ system သည် လက်ရှိဖြစ်နေသည်များနှင့် ဇာလမ်းအတွင်းမှ ဖြစ်ရပ်များကိုသာ တွေ့မြင်နိုင်ပြီး အတိတ်ကိုတော့ ပြန်မကြည့်နိုင်ပေ။

ယန်ရှီ၏ ကျုံချင်းယွီအား ကူညီမှုမှာ အစစ်အမှန်နှင့် အတုအယောင်အမွေဆက်ခံသူဖြစ်ရပ်အတွင်း ကျုံချင်းယွီက ယန်ရှီအား ယွမ်တစ်သန်းငွေချေးပေးခဲ့သည့် အကြောင်းရင်းကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။

သို့သော် ကျုံချင်းယွီသည် အဘယ့်ကြောင့် ယန်ရှီအပေါ် အဘယ့်ကြောင့် ကောင်းကောင်းဆက်ဆံနေရပါသနည်း။

[မင်းက ကျုံချင်းယွီရဲ့ အသက်ကိုကယ်ခဲ့တာလား]

systemက စူးစမ်းသည့်အနေဖြင့် မေးလိုက်သည်။

[မဟုတ်ရင် တကယ်စဉ်းစားရခက်တယ် ကျုံချင်းယွီဆိုတာ စိတ်ထားမကောင်းတဲ့သူလို့ နာမည်ကြီးတဲ့သူပဲ]

"ပန်းစည်းတစ်စီးကြောင့်ပါ"

ယန်ရှီဖြေလိုက်သည်။

[ဘာ]

system က နားမလည်ခဲ့။

"လွန်ခဲ့တဲ့ဆယ်နှစ်က ငါ အမေ့အုတ်ဂူကိုသွားလည် နေတုန်း ချင်းယွီတစ်ယောက်တည်း ရပ်နေတာကို တွေ့ခဲ့ရတယ်၊ သူ ယူလာတဲ့ပန်းတွေက အကြောင်းတစ်ခုခုကြောင့် ညှိုးနွမ်းနေပြီး ဖုန်တွေတက်နေတယ် မှောင်ကလည်းမှောင်နေပြီးတော့ မိုးကလည်း တဖွဲဖွဲ ရွာနေတယ် ချင်းယွီက ပိုက်ဆံအိတ်မေ့ခဲ့တာမလို့ ပန်းအသစ်ဝယ်ဖို့ ပိုက်ဆံမရှိဘူး မိုးရေထဲမှာ ငိုနေတာ"

"အဲဒီတုန်းက ငါက သူ့ကို ပန်းစည်းသွားပေးလိုက်တယ်"

system သည် အံ့အားသင့်သွားသည်။

[အဲဒီလောက်လေးကြောင့်လား ပန်းစည်းတစ်စီးလောက်နဲ့လေ]

"ဟုတ်တယ်"

ယန်ရှီက ခေါင်းညိတ်လိုက်သည်။

"ပန်းစည်းတစ်စီးကြောင့်ပဲ"

ပန်းတစ်ပွင့်လောက်သော ကျေးဇူးကို ငါးနှစ်ကြာအောင် အမှတ်တရ ရှိနေမည့်သူ ရှိမရှိ‌တော့ယန်ရှီမသိပါ။

သို့သော်လည် ကျုံချင်းယွီကတော့ မှတ်မိနေခဲ့သည်။

အမှန်တော့ ထိုပန်းစည်းသည် ယန်းတစ်ရာလောက်သာ တန်ဖိုးရှိသော လီလီပန်းတစ်အိုးသာဖြစ်သည်။ သို့သော်လည်း ငါးနှစ်ကြာပြီးနောက် ယန်ရှီအား တစ်စုံတစ်ယောက်၏ နေရာတွင် အချိန်အကြာကြီးနေခဲ့သော မွေးစားသမီးဟု လူများက ကဲ့ရဲ့နေကြချိန်တွင် ကျုံချင်းယွီတစ်ယောက်တည်းကသာ သူ့ဘက်မှ ရပ်တည်ပေးခဲ့သည်။

လူအများစုသည် ကျုံချင်းယွီအား ရက်စက်ပြီး အထက်စီးဆန်ဟော စိတ်ထားမကောင်းသည့်သူဟု ပြောကြသည်။ သို့သော်လည်းကျုံချင်းယွီသည် အမှန်တကယ်တွင် အလွန်ကြင်နာတတ်သည့်သူတစ်ယောက်ဆိုသည်ကို ယန်ရှီတစ်ယောက်တည်းသာ သိထားသည်။

တည်းခိုခန်း ၏ တတိယထပ်ရှိ လသာဆောင်ပေါ်တွင်။

လပြည့်ဝန်းကြီးသည် သူမ၏ ငွေရောင်အလင်းတန်းများကို ဖြန့်ကျက်ထားသည်။ လက်ရန်းဘေးတွင် လှုပ်ကုလားထိုင်လေးတစ်လုံးရှိပြီး ကျုံချင်းယွီ သည် ထိုထိုင်ခုံပေါ်တွင် တိတ်ဆိတ်စွာ ထိုင်နေသည်။ သူမ၏ အလှအပမှာ လရောင်ကြောင့် ပို၍ပင် ထင်ရှားလာသည်။

ဤမြင်ကွင်းသည် ငြိမ်သက်လှပသော်လည်း ကျုံချင်းယွီ၏ စိတ်အခြေအနေမှာ လုံးဝအေးချမ်းနေခြင်း မဟုတ်ပေ။

“သာ့ကျားကျွမ်ဆိုတာ ဘယ်လို အမှိုက်လိုကောင်မျိုးလဲ ငါဂရုစိုက်တဲ့သူကို ဘာလို့နှိပ်စက်ရတာလဲ၊ ရှင်းယောင်မှာ PR အဖွဲ့မရှိဘူးလား၊ သူက သူ့ပရိသတ်တွေကို စုစည်းပြီး ယန်ရှီကိုစွပ်စွဲနိုင်ရင် ငါလည်း ဒီလိုလုပ်လို့ရတာပဲ”

“ရှုယန်ယန်ကရော ဘာလုပ်နေတာလဲ၊ သူ့ခြေကျင်းဝတ်တွေနာနေတာကို အနားယူနေရမှာမဟုတ်ဘူးလား ဘာလို့ ဓာတ်ပုံအရိုက်ခံရတာလဲ”

“ယန်ရှီကို အနိုင်ကျင့်ပါတယ်ဆိုပြီး စွပ်စွဲနေတဲ့သူက ဘယ်သူလဲ အခုငါပြောတဲ့စကားတွေကို ရှေ့နေဆီကိုပို့လိုက်ပါ၊ လိမ်ညာပြောဆိုခြင်းရဲ့ အဖိုးအခကို သူတို့ခံစားရအောင်လုပ်လိုက်”

ကျုံချင်းယွီသည် အမိန့်များကို ဆက်တိုက်ထုတ်နေသဖြင့် ရှောင်ယန် သည် သူမ၏ နားစည်များကို တူကြီးဖြင့် ထုနေသကဲ့သို့ ခံစားရကာ လိုက်မမီအောင် ဖြစ်နေသည်။

သူမက ခေါင်းကို ကုတ်လိုက်ပြီး ပြောလိုက်သည်။

“မမလေး ပထမဆုံးက သာ့ကျားကျွမ်ကိစ္စကို အရင်ဆုံး ဖြေရှင်းပြီပါပြီ၊ ရှုယန်ယန်အတွက်လည်း သူ့အစီအစဉ်အကုန်လုံးကို ဖျက်သိမ်းလိုက်ပါပြီ ၊စွပ်စွဲပြောဆိုနေတဲ့အကောင့်ကတော့ အကောင့်အတုပါ အဲဒါကြောင့် ပိုင်ရှင်ကို ခြေရာခံရခက်ပါတယ်၊ Star Glory အနေနဲ့ကတော့ လုပ်နိုင်သမျှ အကုန်လုပ်ပြီးပါပြီ”

အကောင့်သည် အသုံးပြုပြီးစွန့်ပစ်လိုက်သည့် အကောင့်ဖြစ်ပြီး မည်သည့်အကြောင်းအရာမှ မရှိသဖြင့် ပိုင်ရှင်ကို ဖော်ထုတ်ရန် ခက်ခဲသည်။ Star Glory အနေဖြင့်လည်း လုပ်နိုင်သမျှ လုပ်ပြီးဖြစ်သည်။

ကျုံချင်းယွီသည် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ပြောလိုက်သည်။

“ယန်ရှီ ဘာလို့ မိသားစုနာမည်ပြောင်းခဲ့တာလဲဆိုတာ ဘယ်သူမှ မသိချင်ဘူးလား”

ဤသည်မှာ သူမ၏ အကြီးမားဆုံး စိုးရိမ်စရာအချက်ဖြစ်သည်။ ယန်ရှီသည် လင်းမိသားစုနှင့် ဆက်ဆံရေးဖြတ်တောက်ရန် သူမ၏ အမည်ကို ပြောင်းလဲလိုက်ခြင်းဖြစ်သည်။ သူမ၏ မူလအမည်ကို ပြန်ထုတ်ပြောလိုက်ပါက လင်းမိသားစုနှင့် သူမ၏ အတိတ်ကို လွယ်ကူစွာ ဖော်ထုတ်နိုင်သည်။

ရှောင်ယန် - “တချို့လူတွေကတော့ တကယ်ကိုစိတ်ဝင်စားနေကြပါတယ် တချို့ကကျတော့ လင်းရှီရဲ့ အတိတ်ကို စပြီးစုံစမ်းနေကြပါပြီ”

ကျုံချင်းယွီသည် မျက်မှောင်ကြုပ်လိုက်မိသည်။

“အွန်လိုင်းပလပ်ဖောင်းတွေနဲ့ ဆက်သွယ်ပြီး အဲဒီပို့စ်တွေကို ဖျက်လိုက်ပါ”

ရှောင်ယန်သည် အနည်းငယ်စဉ်းစားမိပြီး ပြန်ပြောလိုက်လေသည်။

“မမလေး၊ အွန်လိုင်းပလပ်ဖောင်းတွေနဲ့ ကျွန်မတို့ရဲ့ ဆက်ဆံရေးအရ တချို့တွေကို ဖျက်လို့ရနိုင်ပေမဲ့ အကုန်လုံးဖျက်ဖို့ဆိုတာကျ‌ တော့ ဥက္ကဌကျုံယန်စီကိုယ်တိုင်ပဲ လုပ်နိုင်ပါလိမ့်မယ်”

လွန်ခဲ့သည့် ရက်အနည်းငယ်က ကျုံချင်းယွီသည် ရဲ့လော့ယီကို ရိုက်သည့်ကိစ္စဖြင့် အွန်လိုင်းတွင် ဝေဖန်ခံခဲ့ရသည်။ Star Glory အနေဖြင့် Hash Tag များကို ဖျက်နိုင်ခဲ့သော်လည်း အင်တာနက်ပေါ်မှ လူများက သံတူကြောင်းကွဲများကို ပြောဆိုပြီး ဆက်လက် ဝေဖန်နေခဲ့သည်။ လူတစ်ဦး၏ အတိတ်ကို အွန်လိုင်းပေါ်တွင် အပြီးတိုင် ဖျက်ပစ်ရန်မှာ ကျုံလုပ်ငန်းစုကသာ တတ်နိုင်သော အလုပ်ဖြစ်သည်။

သို့သော် ကျုံချင်းယွီသည် သူမ အွန်လိုင်းတွင် ဝေဖန်တိုက်ခိုက်ခံရစဉ်ကအင် ကျုံယန်စီထံသို့ အကူအညီမတောင်းခဲ့ပေ။ ယန်ရှီ အတွက်ဆိုလျှင်လည်း အတူတူပင်ဖြစ်သည်။

ရှောင်ယန်သည် ထိုဖြစ်နိုင်ခြေကို စဉ်းစားမိခြင်း မရှိခဲ့ပေ။

ဖုန်းချပြီးနောက် ကျုံချင်းယွီသည် လှေကားထစ်ပေါ်ရှိ ထိုင်ခုံပေါ်တွင် တစ်ယောက်တည်း ထိုင်နေသည်။ လီချန်းမြို့၏ နွေရာသီညသည် ပူပြင်းခြင်းမရှိဘဲ အေးမြသည့် လေတို့ဖြင့် ပြည့်နှက်နေသည်။ လေတို့သည် လမ်းများကို ခပ်သွက်သွက်ဖြတ်သန်းကာ ဥယျာဉ်မှ မြက်ပင်များ၏ အနံ့အနည်းငယ်ကို သယ်ဆောင်လာသည်။

ကျုံချင်းယွီသည် သူမ၏ WeChat စာတိုမှတ်တမ်းကို ဖြည်းဖြည့်ချင်း ပြန်ကြည့်နေပြီး နောက်ဆုံးစာတိုတွင် ရပ်လိုက်သည်။

ကျုံယန်စီဟူသော အမည်သည် ဖုန်းမျက်နှာပြင်ပေါ်တွင် ပေါ်လာသည်။ သူတို့၏ နောက်ဆုံးစကားပြောဆိုမှုမှာ လွန်ခဲ့သည့် တစ်ပတ်က ဥရောပဈေးကွက်ထဲရှိ Royal ဟော်တယ်၏ ပိုင်ဆိုင်မှုအကြောင်း ဖြစ်ပြီး အဆုံးသတ်မှာ အငြင်းပွားမှုဖြင့်သာ ပြီးဆုံးခဲ့သည်။

ကျုံချင်းယွီသည် ကျုံယန်စီနှင့် အချိန်ကြာမှ တစ်ခါတရံသာ ဆက်သွယ်‌လေ့ရှိသည်။ သူမ ဆက်သွယ်သည့်အခါတိုင်း ကျုံစီးပွား‌ ရေးလုပ်ငန်းစု၏ ပရောဂျက်များအတွက် ယှဉ်ပြိုင်ရန် ဖြစ်ပြီး မကြာခဏ အငြင်းပွားမှုများ ဖြစ်ပွားလေ့ရှိသည်။ သူ၏ အကူအညီကို တောင်းခံခြင်းမှာ လုံးဝပင်မဖြစ်နိုင်ပေ။

ကျုံချင်းယွီသည် ဖုန်းကို ကိုင်ထားရင်း ကြာမြင့်စွာ စဉ်းစားနေပြီးနောက် နောက်ဆုံးတွင် ဖုန်းခေါ်လိုက်သည်။

ကျုံချင်းယွီ - “ငါ့ကို အကူအညီလေးတစ်ခု ပေးပါလား”

ကျုံယန်စီ၏ မျက်လုံးများမှာ စိတ်လှုပ်ရှားမှုကြောင့် တဖျပ်ဖျပ်လှုပ်ရှားသွားသည်။ သူသည် ဖုန်းထဲမှတစ်ဆင့် ကျုံချင်းယွီကို ဆွဲထုတ်ပြီး သူမ၏ ခန္ဓာကိုယ်ထဲတွင် တစ်ခုခုဝင်နေသလားဆိုသည်ကို စစ်ဆေးချင်စိတ် ဖြစ်လာသည်။

“ဘာလဲ”

ကျုံယန်စီသည် အံ့အားသင့်ခြင်းမရှိသည့် ဟန်ဖြင့်သူ၏ အသံကို တည်ငြိမ်စွာ ထိန်းထားသည်။

“ကျုံစီးပွား‌ရေးလုပ်ငန်းစုရဲ့ PR အဖွဲ့ကို ငါ့ကို ခဏငှား‌ပေးပါ ငါ့မှာ ကိစ္စတစ်ခု အရေးတကြီး ဖြေရှင်းဖို့ရှိလို့”

ကျုံယန်စီသည် ဒေါသထွက်လာမိပြီး နှာခေါင်းရိုးကို လက်မလက်ညှိုးဖြင့် ခပ်တင်းတင်းညှစ်လိုက်သည်။

“အဖေက သဘောတူမှာ မဟုတ်ဘူး”

သူတို့ဖခင်သည် ကျုံချင်းယွီတစ်‌ယောက် အနုပညာ လောကထဲသို့ဝင်ရောက်လာခြင်းကို လက်မခံဘဲ သူမအား ကျုံမိသားစု၏ အမျိုးသမီးငယ်တစ်ဦးအဖြစ်သာ ပြန်လည်ရပ်တည်စေလိုသည်။ သူမအား Star Glory နှင့် လွတ်လပ်စွာလုပ်ကိုင်ခွင့်ပေးထားခြင်းမှာ သူ၏အကြီးမားဆုံးသော လိုက်လျောမှုတစ်ခုပင်ဖြစ်လေသည်။

"ငါ့အတွက် ပြောတာမဟုတ်ဘူး"

ကျုံချင်းယွီက စိတ်တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။

"လင်းမိသားစုရဲ့ အမွေခံသမီးအတုအစစ်အခြေအနေနဲ့ ယန်ရှီရဲ့အတိတ်အကြောင်း ပို့စ်တွေကိုပဲ ဖျက်ပေးဖို့လိုတယ်"

ကျုံယန်စီတစ်ယောက် သူ၏ နှာခေါင်းကို သူ့ကိုယ်သူနှိပ်နယ်နေသည့်လက်သည် ရုတ်တရက်ရပ်တန့်သွားသည်။

"ဒီကိစ္စအတွက် နင့်ကို ကျေးဇူးတင်ခံမနေပါဘူး၊ Royal ဟော်တယ်ရဲ့ ဥရောပဈေးကွက်က ရှယ်ယာကို ပေးပါ့မယ်"

ကျုံချင်းယွီက ဆက်လက်ပြောသည်။

ကျုံယန်စီ၏ မျက်နှာအမူအရာသည် နောက်ဆုံးတွင် လေးလေးနက်နက် ဖြစ်လာသည်။

Royal ဟော်တယ်၏ ဥရောပဈေးကွက်သည် ကျုံလုပ်ငန်းစု၏ စီးပွားရေးအင်ပါယာအတွက် အရေးပါသော အစိတ်အပိုင်းဖြစ်သည်။ ဤစီမံကိန်းအတွက် ကျုံချင်းယွီသည် နှစ်ပေါင်းများစွာ ကျုံယန်စီနှင့် ယှဉ်ပြိုင်နေခဲ့သည်။

ကျုံလုပ်ငန်းစုကို အပြည့်အဝထိန်းချုပ်နိုင်ရန် ဤအပိုင်းသည် အလွန်အရေးကြီးသော်လည်း အွန်လိုင်းပို့စ်အချို့ကိုဖျက်ပေးရန် ကျုံချင်းယွီသည် ယင်းကို စွန့်လွှတ်ရန် ဆန္ဒရှိနေသည်။

"မင်းက ယှဉ်ပြိုင်မှုကို စွန့်လွှတ်တာလား"

ကျုံယန်စီက မေးလိုက်သည်။

"ကျုံယန်စီ နင့်ကိုယ်နင် အထင်ကြီးမနေပါနဲ့၊ ဒါမျိုးက တစ်ခါတည်းပဲ ရမှာ၊ နောက်တစ်ခါ ကျစ်ကျင်းဥယျာဉ်စီမံကိန်းအတွက်ဆိုရင် အခုလို ထပ်မဖြစ်စေရတော့ဘူး"

ကျုံချင်းယွီက ပြက်ရယ်ပြုလိုက်သည်။

ကျုံယန်စီ၏ မျက်လုံးတွင် ဝေဖန်ပိုင်းခြားရခတ်သည့်အကြည့်မျိုး ပါဝင်နေသော်လည်း "အိုကေ" ဟု သဘောတူလိုက်သည်။

နာရီဝက်အကြာတွင် ဟွားနိုင်ငံ အနုပညာလောကတွင် အကြီးစားပြဿနာတစ်ခု ပေါက်ကွဲသည်။ နာမည်ကြီးအမျိုးသားသရုပ်ဆောင် ပြည့်တန်ဆာလုပ်ငန်းဖြင့် ပက်သတ်နေကြောင်း စုံစမ်းသိရှိခဲ့သဖြင့် ဖမ်းဆီးခံရပြီး ပန်းရောင်အတွင်ခံဘောင်းဘီဝတ်ထားသည့်ဓာတ်ပုံများ ပေါ်လာသည်။ သာ့ကျားကျွမ်း အား ရဲများက ကြောက်ရွံ့နေသည့်မျက်နှာပေးဖြင့် ကလပ်ထဲမှ ခေါ်ထုတ်လာခဲ့သားသည်။ သူ၏ဖြူဖပ်ဖြူရော်ပုံစံမျိုးကြောင့် ပန်းရောင်ဘောင်းဘီကသာ ထင်းထွက်နေသည်။

တဒင်္ဂအတွင်း အွန်လိုင်းအသုံးပြုသူများအားလုံး ဤသတင်း အ ကြောင်းကို ဆွေးနွေးငြင်းခုန်နေကြတော့သည်။ အစပိုင်းတွင် ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်ခြင်းကြောင့်သာ ဖမ်းဆီးထိန်းသိမ်းခဲ့ရခြင်းဖြစ်သော်လည်း အခွန်ရှောင်မှု၊ ပရိသတ်များနှင့် အတူနေထိုင်မှုနှင့် အခြား ဆိုးရွားသောလျှို့ဝှက်ချက်များစွာ ထွက်ပေါ်လာခဲ့သည်။ ဖျော်ဖြေရေးလောကသည် တုန်လှုပ်ချောက်ချားဖွယ်ဖြစ်ခဲ့ပြီး Douban၊ Weibo နှင့် Douyin ကဲ့သို့သော အွန်လိုင်းပလပ်ဖောင်းများတွင် ဆွေးနွေးမှုများ ပြည့်လျှံနေခဲ့သည်။

ယန်ရှီ၏ အတိတ်ကို စောင့်ကြည့်နေသူများသည် ယခုအခါ အာရုံပြောင်းသွားကြသည်။ သူမ၏ သမိုင်းကြောင်းဆိုင်ရာ ဆွေးနွေးမှုများကို တိတ်တဆိတ် ဖျက်ပစ်ခံခဲ့ရသည်။

အခန်းတစ်ခုထဲတွင် ရဲ့လော့ယီသည် ပေယွဲ့ပိုင်နှင့် ဖုန်းပြောနေသည်။

"ဒါက ကျုံစီးပွားရေးလုပ်ငန်းစုက လျှို့ဝှက်ဖော်ထုတ်ခဲ့တာလား၊ ကျုံယန်စီက သာ့ကျားကျွမ်ကို သိတာလား"

သာ့ကျားကျွမ်သည် မကြာသေးမီကမှ ဂုဏ်သိက္ခာကျဆင်းခဲ့ရသည့် ထိပ်တန်းအမျိုးသားသရုပ်ဆောင်တစ်ယောက်ဖြစ်သည်။

"ပြည့်တန်ဆာလုပ်ငန်းလုပ်နေသော သာ့ကျားကျွမ်” ဟူသည့်သတင်းသည် ထုတ်ပြန်သည်နှင့်တစ်ပြိုင်နက် လူကြိုက်များလာခဲ့ပြီး မိနစ်ပိုင်းအတွင်း ဆိုရှယ်မီဒီယာပလပ်ဖောင်းများစွာတွင် ထိပ်ဆုံးရောက်ရှိခဲ့သည်။ လီမြို့တွင် ညနက်နေပြီဖြစ်သော်လည်း ဟွားနိုင်ငံ တွင် ညနေစောင်းချိန် ဖြစ်ရာ လူအများ အလုပ်မှပြန်လာပြီး အတင်းအဖျင်းများပြောရန်အတွက် အချိန်ကောင်းဖြစ်သည်။

အတွင်းလူတစ်ဦးအနေဖြင့် ရဲ့လော့ယီသည် သတင်းထောက်များသည် ထိုကဲ့သို့သော ဓာတ်ပုံများကို ရိုက်ယူမိပါက အင်တာနက်အပေါ်တွင် တင်မည့်အစား ထိုသရုပ်ဆောင်၏ ကုမ္ပဏီသို့ အရင်ဆက်သွယ်လေ့ရှိကြောင်း သိထားသည်။

သန်းနှင့်ချီသော ငွေကြေးများရရှိမည့် အခွင့်အရေးကို မည်သည့်သတင်းထောက်မျှ လက်လွတ်ခံနိုင်ကြမည် မဟုတ်ပေ။

"ထျန်းဟွေ့အနုပညာကုမ္ပဏီက အဓိကအွန်လိုင်းပလပ်ဖောင်းတွေနဲ့ အဆက်အသွယ်ရှိတယ် သူတို့က ငါ့ကိုပြောပြတာ"

ပေယွဲ့ပိုင်က ဖြည်းဖြည်းချင်းဖြေသည်။

"ဒီကိစ္စရဲ့နောက်ကွယ်မှာ ကျုံစီးပွားရေးလုပ်ငန်းစုရှိတယ် သာ့ကျားကျွမ်က ကျုံယန်စီကို ဘယ်လိုမျိုး စိတ်ဆိုးအောင်လုပ်မိလဲဆိုတာ ဘယ်သူကသိမှာလဲ"

ရဲ့လော့ယီသည် တိတ်ဆိတ်စွာ တွေးနေမိသည်။

သာ့ကျားကျွမ်သည် လွန်ခဲ့သော နှစ်နှစ်ခန့်က အရည်အချင်းပြပွဲတစ်ခုမှ အိုင်ဒေါအဖြစ် နာမည်ကြီးလာခဲ့သူဖြစ်ပြီး များပြားလှသော ပရိသတ်များနှင့် မိန်းကလေးပရိတ်သိတ်များ ရှိလာခဲ့သည်။ သူ၏ ကြော်ငြာလုပ်ငန်းများကို ကြည့်ပါက သူ့တွင် ကျုံယန်စီနှင့် မည်သည့်ဆက်နွယ်မှုမျှ မရှိပါ။ အနုပညာလောကအတွင်းရှိ လူတိုင်းကအံ့အားသင့်နေကြသည်။သာ့ကျားကျွမ်သည် ကျုံစီးပွားရေးလုပ်ငန်းစုကို မည်သို့သော ပြဿနာမျိုးဖြစ်အောင် လုပ်နိုင်ခဲ့သည်ကို မည်သူမျှ နားမလည်နိုင်ကြပေ။ ထို့အပြင် သာ့ကျားကျွမ် သည် ရှင်းယောင်အနုပညာကုမ္ပဏီနှင့် ပူးပေါင်းထုတ်လုပ်မည့် အချစ်ဇာတ်လမ်းတွဲတွင် ပါဝင်မည်ဖြစ်သဖြင့် ကျုံစီးပွားရေးလုပ်ငန်းစုနှင့် ကောင်းမွန်သောဆက်ဆံရေးရှိသင့်သည်။

ကျုံယန်စီသည် သူ့ကို ရှင်းယောင်စီမံကိန်းတွင် ပါဝင်နေသည်ဟူသော အကြောင်းပြချက်ဖြင့် ပစ်မှတ်ထားနေခြင်းလား။

ထိုသို့ဖြစ်မည်မထင်ပါ။

မကြာမီ ရဲ့လော့ယီသည် အခြားဖြစ်နိုင်ချေတစ်ခုကို စဉ်းစားမိသည်။

ယန်ရှီ။

ထိုနေ့အစောပိုင်းတွင် ယန်ရှီသည် သာ့ကျားကျွမ်ကို လူအများရှေ့တွင် အရှက်ရအောင် လုပ်ခဲ့ပြီး သူမ၏နာမည်ပြောင်းခြင်းကိစ္စကို ပြန်လည်ဖော်ထုတ်ခဲ့သည်။ အင်တာနက်သုံးစွဲသူများစွာသည် စိတ်ဝင်စားနေကြသည်။ ယန်ရှီသည် အဘယ်ကြောင့် မိသားစုအမည်ကို ပြောင်းလဲခဲ့သနည်း။ ဤအချက်ကို အခြေခံ၍ အချို့သည် ယန်ရှီ၏ အတိတ်ကို တူးဆွရန် စတင်ကြိုးပမ်းလာခဲ့ကြသည်။

မွေးစားသမီးဆိုသည့် အရှက်တကွဲဖြစ်ခဲ့ရသည့်အကြောင်း မကြာခင်မှာပင် ပြန်ပေါ်လာမည်မှာ အချိန်တစ်ခုသာလိုသည်။ အုံးအုံးကြွက်ကြွက် နာမည်ကြီးနေသောသတင်းကို ဖုံးကွယ်ရန်အတွက် အကောင်းဆုံးနည်းလမ်းမှာ ပိုမိုအရှိန်ပြင်းသော နောက်ထပ် သတင်းတစ်ခုဖြင့် ဖုံးအုပ်လိုက်ရန်ပင်ဖြစ်သည်။

ရဲ့လော့ယီက ကျုံယန်စီသည် ဤနည်းကို သုံး၍ ကစားနေခြင်းဖြစ်သည်ဟု သံသယရှိနေသည်။

"လုံးဝမဖြစ်နိုင်တာတော့မဟုတ်ဘူး"

ပေယွဲ့ပိုင်က တွေးတွေးဆဆဖြင့် ပြောလိုက်သည်။

"အရင်တုန်းက ကျုံယန်စီဟာ ယန်ရှီကို လင်းမိသားစုလက်ထဲကနေ လွတ်မြောက်စေဖို့အတွက် တစ်ဆယ်မီလီယံသုံးခဲ့ဖူးတယ်"

ရဲ့လော့ယီတစ်‌ယောက်တုန်လှုပ်သွားပြီး မျက်လုံးထဲတွင် ခါးသက်သက်ခံစားမှုတစ်စက ဖုံးလွှမ်းလာသည်။

"ကျုံယန်စီက ယန်ရှီကိုသိတာလား"

"သေချာတာပေါ့"

ပေယွဲ့ပိုင်က ပခုံးကိုတွန့်ပြီး ပြန်ဖြေလိုက်သည်။

"ကျုံချင်းယွီနဲ့ အတူတူရှိနေတာကို သူတို့နှစ်ယောက်က မသိစရာ ဘာအကြောင်းရှိမှာလဲ၊ ယန်ရှီဘွဲ့ရပြီးရင် ကျုံစီးပွားရေးလုပ်ငန်းစုမှာ အလုပ်လုပ်ပေးဖို့ စာချုပ်ချုပ်ထားခဲ့တာလေ"

ဤရာအားလုံးအား ကျုံချင်းယွီသည် ပေယွဲ့ပိုင်ကို ပြောပြထားခဲ့ခြင်းပင်ဖြစ်သည်။ ဤသည်မှာ အတွင်းလူတစ်ချို့သာသိသော ကျုံစီးပွားရေးလုပ်ငန်းစု၏ အတွင်းသတင်းတစ်ခုသာ ဖြစ်သည်။

ရဲ့လော့ယီသည် ဟန်မြို့မှဖြစ်ပြီး အနုပညာလောကထဲသို့ ခြေချပြီးမှ ဟိုင်မြို့သို့ ပြောင်းရွှေ့လာသူတစ်ယောက်ဖြစ်သည်။ ထို့ကြောင့်ပင် ဟိုင်မြို့မှ အထက်တန်းလွှာမိသားစုများ၏ အရှုပ်အရှင်းကိစ္စများနှင့် မရင်းနှီးသေးပေ။ ယန်ရှီနှင့် လင်းမိသားစုကြားမှ ကိစ္စနှင့်ပက်သတ်ပါက ဆုလင်းလင်းပြောပြထားသလောက်သာ သိထားသည်။

ရဲ့လော့ယီတစ်ယောက်သက်ပြင်းချလိုက်ပြီး ညည်းလိုက်သည်။

"ယန်ရှီမှာ ကျုံမိသားစုနဲ့ ဒီလို ပက်သတ်မှုမျိုးရှိတယ်ဆိုတာ ငါမသိခဲ့ဘူး"

ပေယွဲ့ပိုင်က နှာခေါင်းရှုံ့ကာ ပြန်ပြောသည်။

"သူက အမွေဆက်ခံသူအဆင့်အတန်းမျိုးမရှိတော့ ကျုံချင်းယွီကို ငွေအတွက် ချဉ်းကပ်နေတာမလား သူက ဘာမှသာမဟုတ်ပေမဲ့ အခွင့်အရေးသမားတစ်ယောက်ပဲ ဘာမှတော့စိုးရိမ်စရာမရှိပါဘူး"

ဖုန်းချပြီးနောက် ရဲ့လော့ယီသည် ပြတင်းပေါက်ဘေးတွင် ထိုင်ကာ ပြောဆိုခဲ့သည်များကို တွေးတောနေမိသည်။

“ဘာမှမဟုတ်တဲ့ အခွင့်အရေးသမား"

ဟုတ်ပါသည်။ ယန်ရှီဆိုသည်မှာ ရာထူးမှပြုတ်ကျသွားပြီဖြစ်သည့် အမွေဆက်ခံသူအတုအယောင်တစ်ဦးသာဖြစ်ပြီး ရေမြောင်းထဲက ကြွက်လောက်သာ အရေးပါမှုရှိသည်။

သို့သော် သူမ၏ ပညာရေးစွမ်းဆောင်မှုများဖြစ်သည့် ဟိုင်တက္ကသိုလ်မှဘွဲ့ရရှိခြင်း ၊ မြို့တော်ရှိ တက္ကသိုလ်ဝင်စာမေးပွဲတွင် အဆင့်(၁၀)အတွင်း ပါဝင်ခြင်းတို့က ရဲ့လော့ယီအား ယန်ရှီသည် နုံအသူမဟုတ်ဟု သံသယရှိစေသည်။

တကယ်တော့ သူမသည် နုံအသူတစ်ယောက်မဟုတ်ဘဲ လိမ္မာပါးနပ်သူဖြစ်သည်။

သူမ၏ ကြိုးပမ်းမှုများကြောင့်ပင် ကျုံချင်းယွီသည် ရသစုံရှိုးတွင် ပိုမိုတောက်ပစွာထွက်ပေါ်နိုင်ခဲ့ပြီး ယှဉ်ကြည့်လိုက်လျှင် ရဲ့လော့ယီ နှင့် ဆုလင်းလင်းတို့မှာ မထင်မရှားပ်ြုင်ဘက်များနှယ် ဖြစ်သွားခဲ့သည်။

ယန်ရှီ ကိုယ်တိုင်ပင် သူမ၏အပြုအမူများက ကျုံချင်းယွီနှင့်အတူ လူကြိုက်များလာမည်ကို မမျှော်လင့်မိခဲ့ပေ။ သို့သော် အချက်အလက်များအရ သူတို့၏ ရင်းနှီးမှုသည် လျင်မြန်စွာ လူကြိုက်များလာပြီး ရဲ့လော့ယီနှင့် ဆုလင်းလင်းတို့ကို ငြီးငွေ့ဖွယ်ကောင်းသောအဖွဲ့အဖြစ် ရှိနေစေခဲ့သည်။

နွားနို့တစ်ခွက်ယူကာ အခန်းသို့ပြန်လာနေစဉ် ယန်ရှီ၏ system က ကျုံယန်စီသည် တစ်နေကုန် အလုပ်များနေပြီး Royal ဟော်တယ်တွင် အချိန်နှောင်းသည်အထိ အလုပ်လုပ်နေဆဲဖြစ်ကြောင်း ပြောပြသည်။

ယန်ရှီသည် ကျုံယန်စီထံသို့ စိတ်အားထက်သန်စေမည့် ဆောင်းပါးနှစ်ပုဒ်ပို့လ်ုက်ပြီး အလုပ်များလွန်းပါက အနားယူရန် အကြံပြုချက်များပါ ပေးလိုက်သည်။

ယန်ရှီသည် သူမ၏အကြံပြုချက်များ အကျိုးသက်ရောက်မည်မဟုတ်ဟု ယုံကြည်သော်လည်း မပေးသည်ထက် ပိုကောင်းသည်။

တစ်နေ့တွင် ညလုံးပေါက် စာကြည့်နေစဉ် ကျုံယန်စီသည် သူမ၏ အကြံပြုချက်ကို သတိရလာပြီး အနားယူလိမ့်မည်ဟု မျှော်လင့်မိသည်။

မျှော်လင့်ချက်ဆိုသည်က ထားရသည်မဟုတ်လား။

ရေစက်များပင် ကျောက်တုံးကို ရွေ့အောင် တိုက်စားနိုင်သသည်မဟုတ်ပါလား။

ကျုံချင်းယွီသည် သုံးထပ်‌မြောက်ရှိ လှေကားထစ်မှ ဆင်းလာပြီး ယန်ရှီ‌ရှေ့ ရပ်လိုက်သည်။

သူမက ယန်ရှီထံမှ နွားနို့ပူပူလေးကို လက်ခံသောက်လိုက်သည်။

"ချိုတယ် သကြားထည့်ထားလား"

"ကယ်လိုရီမပါတဲ့ သကြားအတုပါ"

စိတ်ချလက်ချဖြစ်သွားသည့် ကျုံချင်းယွီက တစ်ဝက်ခန့်သောက်လိုက်သည်။ အိပ်ရာမဝင်မီ နွားနို့သောက်ခြင်းသည် အိပ်ပျော်စေရန် အထောက်အကူဖြစ်သည်။ ကျုံချင်းယွီသည် ၎င်းကို နေ့စဉ်အလေ့အထတစ်ခုအဖြစ် လုပ်လေ့ရှိသည်။ ယန်ရှီက ဤအရာကို မှတ်မိသည်။

"နွားနို့ မသောက်နိုင်တဲ့သူတွေကို တွေးကြည့်လို့တောင်မရဘူး"

ကျုံချင်းယွီက နွားနို့ခွက်အလွတ်ကိုကြည့်ကာ သက်ပြင်းချသည်။

"တချို့လူတွေ နို့ဆီမတည့်ဘူးဆိုတာ နင်သိလား ကြောက်စရာကောင်းတဲ့ ဘဝပဲ"

နို့အမြှုပ်များ နှုတ်ခမ်းတစ်ဝိုက်တွင် ကပ်ကျန်နေဆဲဖြစ်သော ယန်ရှီက ပြန်မေးလိုက်သည်။

"ဘယ်သူ့အကြောင်းပြောနေတာလဲ"

ကျုံချင်းယွီက ပြောသည်။

"ကျုံယန်စီပေါ့ ငယ်ငယ်က သူ့ကို နို့ခဲတစ်ဝက်ကျွေးခဲ့တာ အန်ပြီး ဆေးရုံတင်ရတယ် အခုထိ အမေက ငါ့ကိုအပြစ်တင်နေသေးတယ်"

ယန်ရှီလန့်သွားသည်။

"ဘာ"

ကျုံယန်စီသည် နို့ဆီနှင့် မတည့်သူဖြစ်ကြောင်း သိရသည့်အခါ ယန်ရှီတုန်လှုပ်သွားပြီး သူမ၏စိတ်ထဲရှိ system ကို မေးလိုက်သည်။

"System ငါ ကျုံယန်စီကို အိပ်ပျော်အောင်လို့ နွားနို့သောက်ဖို့ အကြံပေးလိုက်တယ် အခု သူငါ့ကို ဘယ်လိုထင်မလဲ"

System ခဏစဥ်းစားပြီး ပြန်ပြောသည်။

[သူကို အဆိပ်ခတ်ဖို့ ကြိုးစားနေတယ်လို့ ထင်နေမှာပေါ့]

ယန်ရှီ: !

Systemက နောက်တစ်ခု ထပ်ပြောသည်။

[ဒါပေမဲ့ ကျုံယန်စီက Host ရဲ့ ကိုယ်ပိုင်အငြိုးနဲ့ လုပ်တာ မဟုတ်ဘူးလို့ထင်လောက်တယ်၊ ဒါဆို ကျုံချင်းယွီရဲ့ အမိန့်နဲ့ အဆိပ်ခပ်ဖို့ လုပ်နေတယ်လို့ ယူဆနိုင်တာပေါ့]

ယန်ရှီ :!!!

နွားနို့တစ်ခွက်ကပင် မူလကတည်းက မကောင်းခဲ့သော မောင်နှမဆက်ဆံရေးကို ပိုမိုဆိုးရွားစေခဲ့ပြီ။

"ရှီရှီ ရှီရှီ"

ယန်ရှီ၏ စိတ်ရှုပ်‌ထွေးသွားပုံကို သတိထားမိသော ကျုံချင်းယွီက သူမကို သတိပေးလိုက်သည်။

"ဘာတွေ တွေးနေတာလဲ အခန်းပြန်ဖို့ အချိန်တန်ပြီလေ"

ယန်ရှီသည် နောက်သို့ဆုတ်ကာ အချိန်ကြာမြင့်စွာ မဝံ့မရဲဖြစ်နေပြီး နောက်ဆုံးတွင် ကျုံချင်းယွီအား ကျုံယန်စီကို အဆိပ်ခတ်မိသလို ဖြစ်ခဲ့သည့်အကြောင်း မပြောဘဲနေရန် ဆုံးဖြတ်လိုက်သည်။

"နောက်တစ်ခါ ကျုံယန်စီကို တွေ့ရင် တစ်ခါတည်းအိပ်ဆေးတိုက်လိုက်မယ်"

ယန်ရှီသည် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ကို system နှင့် သူမ၏အတွေးများကို မျှဝေလိုက်သည်။

Systemက ပြန်ပြောသည်။

[ဒါက ပိုပြီး အဆိပ်ခတ်တာနဲ့တူသွားမလား ရုတ်တရက် စဉ်းစားမိတာက ကျုံယန်စီဒီဘဝမှာ အလုပ်ပင်ပန်းလို့ သေမဲ့အစား အဆိပ်မိပြီး သေမယ်ထင်တယ်နော်]

All Chapters