Chapter - 30
Vol. 3 Ch. 30
ဧည့်သည်များ၏ အခန်းများသည် တည်းခိုခန်း ဒုတိယအထပ်တွင် တည်ရှိကြသည်။
ကျုံချင်းယွီသည် တိတ်ဆိတ်ခြင်းကို ပို၍နှစ်သက်သောကြောင့် အစွန်ဆုံးအခန်းအား ရွေးချယ်ထားလေသည်။
ညဘက်တွင် ဧည့်သည်များနှင့် ဝန်ထမ်းများ အနားယူနေကြပြီး ယန်ရှီနှင့် ကျုံချင်းယွီသည် သူတို့၏ အခန်းများထံသို့ လမ်းလျှောက်သွားနေကြသည်။
သူတို့သည် ကျန်းတုံ၏ အခန်းရှေ့မှ ဖြတ်သွားချိန်၌ ရုတ်တရက်ပင် သူ၏ စိတ်လှုပ်ရှားစွာဖြင့် အော်သံကို ကြားလိုက်ရ၏။
ကျုံချင်းယွီနှင့် ယန်ရှီတို့မှာ ထိတ်လန့်သွားခဲ့ပြီး ကျန်းတုံသည် သူ၏အခန်းထဲမှ ပျော်ရွှင်စွာဖြင့် အော်ဟစ်ကာ ထွက်လာသည်ကို မြင်လိုက်ရသည်။
“ ငါ ရင်းနှီးမြုပ်နှံဖို့အတွက် ရခဲ့ပြီ! ငါ ရင်းနှီးမြုပ်နှံဖို့အတွက် ရခဲ့ပြီကွ!”
ရှောင်းယွီသည် ကျန်းတုံ၏ လက်မောင်းကို ဆွဲ၍ ပြောလာသည်။
“ ညနက်နေပြီ သူများတွေကို မနှောက်ယှက်နဲ့လေ”
“ ငါအရမ်းကိုပျော်နေလို့ပါ”
ကျန်းတုံ တခစ်ခစ်ရီ၍ ပြန်ပြောလိုက်သည်။
ကျန်းတုံသည် ကျုံချင်းယွီကို မြင်လိုက်သည့်အခါ၌ ပို၍ပင် တက်ကြွလာတော့သည်။
“ ကျုံချင်းယွီ ၊ မင်းကို ငါရိုက်မယ့် ဇာတ်လမ်းတွဲထဲမှာ ဧည့်သည်သရုပ်ဆောင်အနေနဲ့ ပါဖို့ စောစောကတည်းက ပြောခဲ့တယ်နော် ၊ ငါအခု ရင်းနှီးမြုပ်နှံဖို့ငွေကို ရပြီ ၊ မင်းရဲ့အခွင့်အရေးကတော့ လွဲချော်သွားခဲ့ပြီပဲ”
ကျုံချင်းယွီသည် အေးစက်စွာဖြင့်ပင် လေမှုတ်ထုတ်လိုက်သည်။ သူမသည် ကျန်းတုံ၏ အရင်းအနှီးများကို ဂရုမစိုက်ပေ။
“ ဒါပေမယ့်လည်း” ဟု ကျန်းတုံမှ ဆက်၍ပြောလာသည်။
“ ငါ့အထင်တော့ မင်းရဲ့ သရုပ်ဆောင်အရည်အချင်းက online ပေါ်ကလူတွေပြောသလောက် မဆိုးပါဘူး၊ တကယ်လို့ မင်းသဘောတူတယ်ဆိုရင် ငါမင်းကို Mafia အမျိုးသမီး နေရာတော့ ပေးလို့ရတယ် ၊ ကျုံချင်းယွီ ငါမင်းကိုပြောချင်တာရှိတယ် ၊ မင်းကို အရင်က သရုပ်ဆောင်ဖို့ကမ်းလှမ်းတဲ့သူတွေက တကယ်ဆိုးရွားလွန်းတယ် ၊ သူတို့ပေးတဲ့ ဇာတ်ကောင်တွေက မင်းနဲ့လုံးဝမလိုက်ဖက်ဘူး ၊ ဒါပေမယ့် ငါ့ဇာတ်လမ်းတွဲမှာ ဧည့်သည်သရုပ်ဆောင်အဖြစ်….”
“ မလိုဘူး ၊ ငါ နင့်ရဲ့ ဇာတ်လမ်းတွဲကိုလဲ စိတ်မဝင်စားဘူး ၊ ဒါနဲ့ ဘယ်လောက်တောင် ရင်းနှီးမြုပ်နှံဖို့ငွေရလို့ အဲလောက် စိတ်အားထက်သန်နေရတာလဲ” ဟု ကျုံချင်းယွီမှ စကားဖြတ်ပြောလိုက်သည်။
ကျန်းတုံသည် လက်နှစ်ချောင်းထောင်ပြ၍ ပြောလာသည်။
“ သူတို့က ငါ့ကိုဆက်သွယ်လာပြီး သန်း 20 ရင်းနှီးမြှုပ်နှံဖို့ သဘောတူခဲ့တာ!”
ဤအရာသည် များပြားလှသည့် ပမာဏဖြစ်သည်။ ကျန်းတုံ၏ အစီအစဉ်မှာ သန်း 30အထိ စုဆောင်းရန်ဖြစ်ပြီး ယခုအချိန်၌ သူသည် ထိုပမာဏ၏ သုံးပုံနှစ်ပုံ ရရှိခဲ့ပြီဖြစ်သည်။
“ ဒါဆို ဒါရိုက်တာကျန်းက ဒီရသစုံရှိုးကို ဆက်ပြီး ရိုက်ကူးဦးမှာလား” ဟု ယန်ရှီမှ မေးလာသည်။
သူမ(ယန်ရှီ)သည် ဝတ္ထုထဲတွင် ကျန်းတုံ ၊ ရှောင်ယွီနှင့် ချင်းလီ တို့သည် F နိုင်ငံတွင် ရိုက်ကူးရေးလုပ်ရန် အစီအစဉ်ဆွဲထားသည်ကို သတိရသွားခဲ့သည်။
ထို့နောက် သူတို့ သုံးယောက်သည် * The Bottom Line* အား သွားရောက်ရိုက်ကူးမည်ဖြစ်ပြီး ဤရှိုးတွင် သူတို့နေရာ၌ အခြားဧည့်သည်များ အစားထိုး ပါဝင်လာကြမည်ဖြစ်သည်။
“ မရိုက်ကူးဖြစ်တော့ဘူး ၊ ရှောင်ယွီနဲ့ ငါက ဒီရှိုးမှာ တစ်ပိုင်းတည်းပဲ ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်တာလေ” ဟု ကျန်းတုံသည် ဂုဏ်ယူစွာဖြင့် ပြောလာသည်။
“ ငါတို့ရဲ့တာဝန်က သုံးရက်မြောက်နေကတည်းက ပြီးခဲ့ပြီ၊ အတော်လေးတော့ အဆင်ပြေခဲ့ပါတယ် ၊ ဒီရင်းနှီးမြုပ်နှံမှုကိုရဖို့ တရုတ်ကို ပြန်မရောက်မချင်း စောင့်နေရမယ်လို့ထင်ခဲ့တာ”
ကျန်းတုံသည် အစောပိုင်းတွင် စိုးရိမ်နေခဲ့သည်။ သူသည် ဤရသစုံရှိုး၌ ပါဝင်ခဲ့သော်လည်း ရန်ပုံငွေအတွက် အထောက်အကူဖြစ်ရန် မသေချာပေ၊ သို့သော် ဒါရိုက်တာယွီသည် သူ့အား ကြိုးစားကြည့်ရန် တိုက်တွန်းခဲ့သည်။
ယခုတွင် ဤရှိုးသည် သူထင်မှတ်ထားတာထက်ပင် ပို၍ ကောင်းမွန်နေခဲ့သည်။
“ ဒါဆို ရှန့်ရှင်းဟယ် က အဓိက အမျိုးသားဇာတ်ကောင်ပဲလား” ဟု ယန်ရှီမှ ထပ်မေးလာခဲ့သည်။
ကျန်းတုံသည် ယန်ရှီအား သံသယဖြစ်ဖွယ် ပုံစံဖြင့် ကြည့်လိုက်ပြီးနောက် သူမ မေးသော မေးခွန်းသည် ထူးဆန်းနေသည်ဟု ထင်လိုက်သည်။
“ ဒါပေါ့၊ သူက ဒီဇာတ်ကောင်နဲ့ အလိုက်ဖက်ဆုံး မင်းသားပဲလေ ၊ ငါ ဘယ်သူနဲ့မှ အစားမထိုးဘူး”
ယန်ရှီသည် မကျေမနပ်ဖြင့် မျက်မှောင်ကြုတ်လိုက်သည်။
ဝတ္ထုထဲတွင် ကျန်းတုံ သည် အရံဇာတ်ကောင်ဖြစ်ပြီး သူ ငွေအရင်းအနှီး မည်သို့ ရခဲ့သည့် အသေးစိတ်အကြောင်းအရာများ မပါဝင်ခဲ့ပေ။
ယန်ရှီသည် ထိုကိစ္စနှင့် ပတ်သတ်၍ တိတိကျကျ မသိပေ။ သို့သော် တကယ်၍ ကျန်းတုံတွင် များပြားသော ရန်ပုံငွေ ရှိနေပါလျှင် အဘယ့်ကြောင့် ရှန့်ရှင်းဟယ်သည် အဓိက အမျိုးသားဇာတ်ကောင်အဖြစ် ရှိနေသေးသနည်း။
ချင်းလီကရော။
*The Bottom Line* ဇာတ်လမ်းတွဲသည် ချင်းလီ၏ အသက်မွေးလမ်းကြောင်းလုပ်ငန်း အကူးအပြောင်းနှင့် ကျော်ကြားမှုတိုးလာစေသည့် အခြေခံအုတ်မြစ်ဖြစ်သည်။ထို့အပြင် ထိပ်တန်းမင်းသားတစ်ယောက် ဖြစ်လာရန်အတွက် တွန်းပို့ပေးသည့်အပြင် ရဲ့လော့ယီနှင့်အတူ ယှဉ်တွဲ၍ ရပ်တည်နိုင်ခဲ့သည်။
*The Bottom Line* ဇာတ်လမ်းတွဲမရှိခဲ့ဘူးဆိုရင် ချင်းလီက ရဲ့လော့ယီ လေးစားအားကျတဲ့သူတစ်ယောက် ဖြစ်လာနိုင်ပါ့မလား။
System မှ စကားဖြတ်ပြောလာသည်။
[ Hostရေ ၊ ချင်းလီရဲ့ကံကြမ္မာကို သာ့ကျားကျွမ်းကြောင့် ပြောင်းလဲလို့မရဘူးလား ၊ ရှူယန်ယန်ရဲ့ အနာဂတ်ကိုတောင် မင်းပြောင်းလဲခဲ့တာပဲ မဟုတ်ဘူးလား]
“ ရှူယန်ယန်က ချင်းချင်းရဲ့ ကံကို ယူခဲ့လို့ အရှက်တကွဲဖြစ်ခဲ့တာ ပြီးတော့ အဲကံတွေက ငါကနေတစ်ဆင့် ချင်းချင်းဆီပြန်ရောက်သွားတာပဲလေ ၊ ဒီတစ်ခါကျ သာ့ကျားကျွမ်းကလည်း ပြိုလဲသွားပြီး ချင်းလီကလည်း သိုသိုသပ်သပ်ပဲ နေခဲ့တာ၊ ဝူလျောင်တောင်မှ သူနဲ့ပတ်သတ်တာတွေအကုန် ရှာမတွေ့နိုင်ဘူး ၊ ဒီလိုလုပ်တာက သူ့အပေါ် ဘာအကျိုးသက်ရောက်မှုမှ ရှိမှာမဟုတ်ဘူး” ဟု ယန်ရှီမှ ခေါင်းခါ၍ ပြောလာသည်။
တကယ်လို့ ကံကြမ္မာကလည်း မပြောင်းလဲဘူး ၊ ဘယ်သူမှလည်း ကြားဝင်ပြီး မစွက်ဖက်ဘူးဆိုရင် ဇာတ်ကြောင်းက ဘယ်လိုပြောင်းလဲသွားခဲ့မှာလဲ။
ကျန်းတုံ၏ စိတ်လှုပ်ရှားမှုသည် အနည်းငယ်ပွက်လောရိုက်သွားခဲ့သောကြောင့် hall မျက်နှာချင်းဆိုင်တွင်ရှိသော ချင်းလီသည် သတိထားမိကာ သိချင်စိတ်ဖြင့် တံခါးဖွင့်လိုက်လေသည်။
ကျန်းတုံ၏ ခိုင်မာသော ရန်ပုံငွေအကြောင်းအား ကြားလိုက်သော်လည်း ချင်းလီသည် စိတ်အနှောင့်အယှက်ဖြစ်သည့်ပုံစံမပြဘဲ အေးဆေးသည့်ပုံစံဖြင့်သာ တုံ့ပြန်လိုက်သည်။
“ ဂုဏ်ယူပါတယ်နော် ဒါရိုက်တာကျန်း”
ကျန်းတုံသည် အလွန်စိတ်ပျော်ရွှင်စွာဖြင့် ချင်းလီ၏ပုခုံးပေါ်သို့ ရိုက်၍ ပြောလာသည်။
“ ငါ အဓိကအမျိူးသားဇာတ်ကောင်အတွက် ဆုံးဖြတ်ချက်ချနေခဲ့တာ တော်တော်ကြာခဲ့ပြီ ၊ ဒါပေမယ့် ချင်းလီ မင်းက အလားအလာကောင်းပြီးအရည်အချင်းရှိသူတစ်ယောက်ပဲ၊ ငါတို့တွေ နောက်ဆို အတူလက်တွဲပြီး လုပ်ကိုင်သွားကြမယ်”
ချင်းလီ၏ နှုတ်ခမ်းများသည် အနည်းငယ်ပင်ကွေးသွားပြီး သူ၏မျက်လုံးများသည်လည်း တောက်ပလာခဲ့သည်။
“ သေချာပေါက်ပဲပေါ့”
Fနိုင်ငံ ခရီးစဉ်၏ သုံးရက်မြောက်နေ့ကို ရောက်ရှိခဲ့ပြီဖြစ်သည်။
ယခင်နှစ်ရက်နှင့်မတူပဲ ဧည့်သည်များသည် ၎င်းတို့၏ ခရီးစဉ်များကို လွတ်လပ်စွာ စီစဉ်နိုင်ခဲ့ကြသောကြောင့် ယနေ့တွင်မူ သူတို့၏ အစီအစဉ်များမှာ ထူးထူးခြားခြား အဆင်ပြေနေသည်။
လီချန်း Fashion Weekသည် စတင်ခဲ့ပြီးဖြစ်သည်။
ကျန်းတုံနှင့် ရှောင်ယွီတို့သည် ကင်မရာနောက်ကွယ်တွင် အလုပ်လုပ်ရသူများဖြစ်သောကြောင့် fashion week များကို စိတ်မဝင်စားကြပေ။
များပြားလှသည့် ရင်းနှီမြှုပ်နှံမှုရပြီးနောက်တွင် သူတို့သည် သတ်မှတ်ထားသည့် ရိုက်ကွင်းနေရာအား အတည်ပြုရန် မနက်စောစောထွက်လာခဲ့ကြသည်။
ကျန်ရှီနေသည့် ဧည့်သည် သုံးဖွဲ့မှာ ကျုံချင်းယွီ ၊ ရဲ့လော့ယီနှင့် ချင်းလီတို့ဖြစ်ကြပြီး သူတို့အားလုံးသည် fashion week ကို တက်ရောက်နေကြသည်။
တည်ခိုးခန်းတွင် လူးဝစ့်စီစဉ်ပေးထားသည့် မနက်စာ စားပြီးနောက် ကျုံချင်းယွီသည် ယန်ရှီကို လီချန်းတွင် အကောင်းဆုံတစ်ဆိုင်ဖြစ်သည့် Blue ဟူသော styling studio ကို ခေါ်သွားလေသည်။
Stylist သည် ယန်ရှီအတွက် အဆင်မြင့်ဖက်ရှင်ဖြစ်သည့် အပြာရောင်ဖျော့ဖျော့ ရေသူမဝတ်စုံကို ရွေးချယ်လိုက်သည်။
ထိုဝတ်စုံသည် သူမ၏ ခန္ဓာကိုယ်အား ကွက်တိဖြစ်စေပြီး ဝတ်စုံ၏ ဒူးအောက်ဖျားတွင် ရေသူမ အမြီးပုံစံကို ဖန်တီးထားသည်။
စကပ်ပေါ်တွင် ညအခါကောင်းကင်ပေါ်၌ မြင်နေရသည့် ကြယ်ကလေးများကဲ့သို့ စိန်တုံးလေးများကို ဖြန့်ကြဲ၍ အလှဆင်ထားသည်။
ယန်ရှီသည် ကျော်ကြားသည့်အနုပညာရှင်မဟုတ်သောကြောင့် မည်သည့် brandမှ ထောက်ပံ့ပေးမှုမရှိပေ။
ထို့ကြောင့်ပင် သူများသည် အင်္ကျီများကို ငှားဝတ်၍ မရသည့်အပြင် သူမရွေးချယ်ထားသည့် အင်္ကျီကိုသာ ဝယ်ယူရမည်ဖြစ်သည်။
ကျုံချင်းယွီသည် ထို့သို့မဟုတ်ပေ။ သူမသည် ကျော်ကြားသည့် အနုပညာရှင်တစ်ယောက်ဖြစ်သော်လည်း သူမကြိုက်နှစ်သက်သည့် ဝတ်စုံများကိုသာ ဝတ်ဆင်ပြီး သူမ၏ အင်္ကျီများကို ကိုယ်တိုင်ဝယ်ယူခြင်းဖြစ်သည်။
သူမ၏ မျက်လုံးထဲတွင် ဝတ်စုံ “ ငှားခြင်း” ဟူသော အရာမျိုးမရှိပေ။
ယန်ရှီအတွက် အဝတ်အစားဝယ်ခြင်းသည် အသေးအဖွဲကိစ္စတစ်ခုပင်ဖြစ်သည်။
အဆင့်မြင့် ဖက်ရှင် အင်္ကျီများတွင် ဈေးနှုန်းများ မကပ်ထားသောကြောင့် ယန်ရှီသည် သူမအား အင်္ကျီကူဝတ်ပေးနေသည့် stylist အား ဈေးနှုန်းမေးလိုက်သည်။
Stylist သည် သူမအား ထိုအင်္ကျီသည် C-brand မှဖြစ်ပြီး ဈေးနှုန်းမှာ တစ်သန်းဖြစ်ကြောင်း ပြောလိုက်သည်။
ယန်ရှီသည် ပြောစရာစကားပင်ပျောက်သွားတော့သည်။
တစ်သန်း၊ ဒါက ပုံမှန်ပါပဲ။
ကျုံချင်းယွီ၏ ဖက်ရှင်ဒီဇိုင်းသည် ယန်ရှီထက်ပို၍ ရှုပ်ထွေးနေခဲ့သည်။
Fashion week တက်ရောက်သည့် အမျိုးသမီးအနုပညာရှင်တစ်ဦးအနေဖြင့် ဖက်ရှင်အဖွဲ့နှင့် ဓာတ်ပုံအဖွဲ့သည် သူမနှင့်အတူ အမြဲပါရှိသည်။
ယခင်အရှေ့အဖွဲ့သည် သူမအား Blueတွင် ပြင်ဆင်ပေးနေကြချိန်တွင် နောက်တစ်ဖွဲ့သည် ရိုက်ကူးရေးမြန်မြန်လုပ်နိုင်ရန်အတွက် လီချန်းမြို့၏ ဓာတ်ပုံရိုက်ရန် အသင့်တော်ဆုံး နေရာများကို ရှာဖွေနေကြသည်။
ကျုံချင်းယွီ၏ ဖက်ရှင်ဒီဇိုင်းပြင်ဆင်နေချိန်တွင် ရဲ့လော့ယီနှင့် ဆုလင်းလင်းတို့သည် အဝတ်လဲခန်းထဲမှ ထွက်လာခဲ့သည်။
တိုက်ဆိုင်စွာဖြင့်ပင် ယနေ့တွင် သူတို့နှစ်ယောက်သည်လည်း Blue ၌ ဖက်ရှင်ဒီဇိုင်း ပြင်ဆင်နေကြသည်။
အပင်အလှဆင်ထားသော ကြီးမားသည့် နံရံကွယ်နေသောကြောင့် ကျုံချင်းယွီသည် ရဲ့လော့ယီကို မမြင်ခဲ့ပေ။
Stylist သည် သူမ၏ ဆံပင်ကိုပြင်ဆင်ပေးနေချိန်တွင် ကျုံချင်းယွီသည် ဟာသဂိမ်းတစ်ခုကို ဆော့နေလေသည်။
“ သိန်း ၃၀ ဝောာင် အလိမ်ခံရတာလား”
အပင်များဖြင့်ကာထားသည့် နံရံတစ်ဖက်မှ ဆုလင်းလင်းအသံမှာ ထွက်လာခဲ့သည်။
“ ငါ အဲတစ်ယောက်ဆီက ကြားခဲ့တာ၊ ဘယ်သူက အဲလိုထင်ထားမှာလဲ ၊ အဲလူလိမ်က ငွေလိမ်ဖို့အတွက် ငါ့သူငယ်ချင်းကို အစကတည်းက ပစ်မှတ်ထားတာတဲ့”
“ သူက ရဲမတိုင်လိုက်ဘူးလား”
“ တိုင်လည်း ဘာမှမထူးဘူး” ဟု ရဲ့လော့ယီမှ သက်ပြင်းချ၍ ပြောလာခဲ့သည်။
“ သူက အချိန်တိုင်း သူ့သူငယ်ချင်း ပျော်ပါစေဆိုပြီး လိုလိုလားလားနဲ့ ငွေတွေအများကြီးသုံးပြီး သူမကို ဖြည့်ဆည်းပေးခဲ့တာလေ ၊ ဒါပေမယ့် သူသတိမထားမိဘဲ သူ့သူငယ်ချင်းအတွက် ငွေတွေ သန်းချီပြီး သုံးမိသွားတာပဲ”
ဆုလင်းလင်းသည် အလှပြင်ကုလားထိုင်ပေါ်သို့ မှီထိုင်လိုက်ကာ သူမ၏အတွေးထဲတွင် ကြောက်လန့်နေ၏။
“ ဒါက တကယ်ကြောက်စရာကောင်းလိုက်တာ ၊ ငါ့ရဲ့အနားမှာ အဲလိုလူမျိုးတွေမရှိတာ ကံကောင်းတာပဲ”
ရဲ့လော့ယီသည် အပင်နံရံဘက်သို့ လျှပ်တစ်ပြက် ကြည့်လိုက်သည်။
“ အဲတာကြောင့် အဆင့်အတန်းမတူတဲ့သူတွေနဲ့သူငယ်ချင်းလုပ်ရတာ အရမ်းခက်တယ် ၊ သူတို့က ငါ့တို့ဆီကနေ အကျိုးအမြတ်လိုချင်လို့သာ ကောင်းကောင်းဆက်ဆံကြတာ”
သူတို့စကားပြောနေရင်းပင် ရဲ့လော့ယီသည် အလန့်တကြားဖြင့် ပြောလာသည်
“ ချင်းယွီ၊ နင်လည်းဒီမှာရှိနေတာပဲ”
ကျုံချင်းယွီသည် ခေါင်းမော့ကာ သူမ၏ စူးရှသည့်အကြည့်ဖြင့် အပင်နံရံဘက်သို့ ကြည့်လိုက်သည်။
“ ဒီလောက်ထင်ရှားနေတာကို၊ ဒါမှမဟုတ် နင်က အခု ငါ့ကို သရဲလို့ထင်နေတာလား”
[ ကျုံချင်းယွီ ရိုင်းစိုင်းတာက ဘယ်တော့မှ မပြောင်းလဲဘူး]
[ကျုံချင်းယွီနဲ့ ရဲ့လော့ယီက အဆင်မပြေကြတာ လူတိုင်းသိကြတယ်မဟုတ်ဘူးလား ၊ ဘာလို့သူမက ယဉ်ယဉ်ကျေးကျေးနဲ့ ပြောရမှာလဲ]
[ ဒါပေမယ့် ရဲ့လော့ယီက အမြဲသဘောကောင်းနေတာပဲလေ ၊ ကျုံချင်းယွီက အရမ်းကြမ်းတမ်းနေတယ်လို့ပဲ ငါထင်တယ်]
[ မဟုတ်ဘူး ၊ ငါကတော့ ကျုံချင်းယွီရဲ့ ဘယ်သူမှ အကြောမခံဘူးဆိုတဲ့ ပုံစံကိုပဲ ကြိုက်တယ်]
[ ရယ်စရာကောင်သည့်အချက် - ကျုံချင်းယွီနဲ့ ရဲ့လော့ယီတို့က ဆက်ဆံမှုရှိစရာမလိုပါဘူး ၊ ဘယ်သူကမှလဲ သူတို့ကို ဖိအားပေးပြီး ရင်းနှီးချင်ယောင် မဆောင်ခိုင်းဘူးလေ ]
ကျုံချင်းယွီ၏ ပြန်လည်ချေပလိုက်သောစကားကြောင့် ရဲ့လော့ယီမှာ ပြောစရာစကားပင် ပျောက်သွားလေသည် ၊ သို့သော် သူမ၏ အေးဆေးတည်ငြိမ်ခြင်းနှင့် နူးညံ့သိမ်မွေ့သည့်ပုံရိပ်ကို ဆက်၍ ထိန်းသိမ်ထားခဲ့သည်။
သူမသည် ကျုံချင်းယွီကဲ့သို့ ပြင်းထန်သည့်စကားများ မပြောခဲ့ပေ။
ရဲ့လော့ယီသည် အသက်ပြင်းပြင်းရူ၍ သူမ၏စိတ်ကို ပြန်ထိန်းလိုက်သည်။
ထိုအချိန်တွင် ယန်ရှီသည် အပြာရောင်ဖျော့ဖျော့ ရေသူမ ဝတ်စုံဖြင့် အဝတ်လဲခန်းထဲမှ ထွက်လာခဲ့သည်။
ကျုံချင်းယွီသည် ဖုန်းကိုချလိုက်ကာ သူမ၏ တည်ငြိမ်နေသည့်မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာခဲ့သည်။
ယန်ရှီသည် ကျုံချင်းယွီရှေ့သို့သွားကာ တစ်ပတ်လှည့်ပြ၍ ပြောလာသည်။
“ ငါဘယ်လိုနေလဲ ၊ လှရဲ့လား”
“ နောက်ဆုံးတစ်ခုထပ် ပိုကောင်းတယ်” ကျုံချင်းယွီမှ လေးနက်စွာဖြင့် ပြောလိုက်သည်။
“ ဒီတစ်ခုက နင့်ရဲ့ ခါးလေးကို ပိုပေါ်စေပြီး အသားအရည်ကိုလည်း ပိုဝင်းစေတယ် ၊ နင်ရော ဘယ်လိုထင်လဲ”
ယန်ရှီသည် တွေဝေနေခဲ့သည်။
သူမသည် ယခုအင်္ကျီကို ပို၍ ကြည့်ကောင်းသည်ဟု ထင်သော်လည်း ယခင်တစ်စုံသည် ပို၍ သက်တောင့်သက်သာရှိပေသည်။
ကျုံချင်းယွီသည် သူမ၏ မျက်ခုံးကို ပင့်လိုက်၍ မန်နေဂျာကို ခေါ်လိုက်သည်။
“ ဒီနှစ်ခုလုံးကို ထုပ်ပေး ၊ ငါ့ရဲ့ ဘေလ်ထဲ ပေါင်းထည့်လိုက်”
မန်နေဂျာသည် အလွန်ပင် ပျော်ရွှင်သွားပြီးနောက် အရောင်းဝန်ထမ်းကို ငွေဖြတ်ပိုင်းအား သေချာဂရုစိုက်လုပ်ခိုင်းလိုက်သည်။
သူတို့၏ ဘေးနားတွင် ရှိသော ရဲ့လော့ယီသည် အလွန်ပင် အံ့ဩနေခဲ့သည်။
အမှန်တကယ်တွင် သူမသည် ကျုံချင်းယွီမှာ အလွန်ပင် ရက်ရောတက်သည်ကို သိနေခဲ့သော်လည်း အံ့ဩသင့်နေသည် ပုံစံ ဟန်ဆောင်ထားလေသည်။
“ ချင်းယွီ၊ နင်က ယန်ရှီအပေါ်မှာ အရမ်းကောင်းပေးတာပဲ”
“ ဒါပေမယ့်လည်း….”
ရဲ့လော့ယီသည် ယန်ရှီအား လှောင်ပြောင်သည့် အကြည့်ဖြင့် ကြည့်လိုက်ပြီးနောက် သူမ၏ အသံအနေအထားသည်လည်း ပြောင်းလဲသွားခဲ့သည်။
“ ယန်ရှီ ၊ နင်က ဒီလောက် ဈေးကြီးလွန်းတဲ့လက်ဆောင်တွေကို ကျုံချင်းယွီဆီက ရခဲ့တာပဲ ၊ နင်ကရော လက်ဆောင်တွေပြန်ပေးခဲ့ဖူးလား”
ကျုံချင်းယွီသည် ရဲ့လော့ယီအား ဖြတ်ကနဲလှမ်းကြည့်လိုက်သည်။
“ အဲတာက နင်နဲ့ဘာဆိုင်လို့လဲ”
[ စကားမစပ် ၊ ကျုံချင်းယွီက ဒီရှိုးမှာ ယန်ရှီကို ပစ္စည်းတွေအများကြီး ပေးခဲ့တယ် ၊ ဒါပေမယ့် ယန်ရှီက ကျုံချင်းယွီကို သီးသန့် ကောင်းကောင်း ဆက်ဆံတာကို ငါတို့ မမြင်ခဲ့ရသေးဘူး..]
[+1 , ဒီလိုမျိုး သူငယ်ချင်းဆက်ဆံရေးက မမျှတဘူးမလား]
[ ဒါပေမယ့် အကယ်၍ ငါသာ ကျုံချင်းယွီလို ချမ်းသာတဲ့သူငယ်ချင်းရှိနေရင် ငါလည်း သူ့လိုပဲ တွယ်ကပ်နေမှာပဲ]
[ဟားဟား သူ့လိုမျိုးတွယ်ကပ်နေမှာလား ဒါမှမဟုတ် ကပ်ဖား နေမှာလား]
ဆုလင်းလင်းသည် မီးလောင်ရာ လေပင့်သကဲ့သို့ အချိန်ကိုက် ဝင်ပြောလာသည်။
“ ကျုံချင်းယွီ နင်အခုထိနားမလည်သေးဘူးလား ၊ နင့်ရဲ့ မာနကြီးမှုတွေ အထက်စီးဆန်တဲ့ အပြုအမူတွေကို ဘယ်သူက သည်းခံနိုင်မှာလဲ ၊ ယန်ရှီက နင့်ရဲ့သူငယ်ချင်းဖြစ်နေရတဲ့ တစ်ခုတည်းသောအကြောင်းပြချက်က နင်က ချမ်းသာနေလို့ပဲ၊ သူက နင့်ရဲ့ပိုက်ဆံတွေကြောင့် နင့်အနားကပ်နေတာ ၊ တကယ်လို့ နင်မချမ်းသာဘူးဆိုရင် သူက နင့်ကို ဒီလိုဆက်ဆံမယ်ထင်လား”
“ လင်းလင်း ၊ နင်ဘယ်လိုပြောလိုက်တာလဲ”
ရဲ့လော့ယီသည် ဆုလင်းလင်းအား အနည်းငယ်ပင် အပြစ်တင်သည့်လေသံဖြင့် ဆူလိုက်သည် ၊ ထို့နောက် ကျုံချင်းယွီဘက်သို့လှည့်ကာ နှစ်သိမ့်လိုက်သည်။
“ ယန်ရှီက အတော်လေးရိုးသားတဲ့ပုံပါပဲ ၊ သူက အဲလိုလူမျိုးမဟုတ်တာ သေချာပါတယ် ၊ ဟုတ်တယ်မလား”
“ ရိုးသားတာလား” ဆုလင်းလင်းသည် ရယ်လိုက်သည်။
“ ထိပ်တန်းတက္ကသိုလ်မှာ မာစတာဘွဲ့အတွက်တက်နေတဲ့သူက ဘယ်လိုရိုးသားနိုင်မှာလဲ ၊ သူက ဖဲချပ်ရဲ့ မ” ဂဏန်းတွေကိုတောင် တွက်တာကျွမ်းသေးတာပဲ၊ လူတစ်ယောက်ကို ခြယ်လှယ်ဖို့က သူ့အတွက်ဘာမှမဟုတ်ဘူးလေ”
တစ်ချို့သော အရာများကို ရဲ့လော့ယီကိုယ်တိုင် ပြောမထွက်သော်လည်း ဆုလင်းလင်းအား အနည်းငယ် မြှောက်ပေးလိုက်သောအခါ၌ သူမအတွက် အကုန်ပြောပေးသွားခဲ့သည်။
ရဲ့လော့ယီသည် ထိုစကားများကြောင့် ကျုံချင်းယွီနှင့် ယန်ရှီတို့၏ ဆက်ဆံရေးသည် ပျက်စီးသွားမည်ကို မမျှော်လင့်ထားခဲ့ပေ ၊ သို့သော် ကျုံချင်းယွီ၏ စိတ်ထဲတွင် သံသယဖြစ်သွားမည်ဟု ယုံကြည်နေခဲ့၏။
သူငယ်ချင်းများကြားထဲတွင် အက်ကြောင်းများဖြစ်ပေါ်လာပြီး အပေါ်ယံဆက်ဆံရေးတစ်ခုဖြစ်လာရန်အတွက် အချိန်တစ်ခုသာလိုအပ်သည်။
ရဲ့လော့ယီနှင့် ဆုလင်းလင်းတို့သည် သူတို့၏ စိတ်အနှောက်အယှက်ဖြစ်စေသည့်စကားများကို ဖုံးကွယ်၍ပင် မထားခဲ့ပေ ၊ ယန်ရှီသည် သူတို့၏ စကားများကို နားထောင်နေခဲ့သည်။
ရဲ့လော့ယီသည် ယန်ရှီ ကိုယ့်ကိုကိုယ် မည်သို့ကာကွယ်၍ပြောလာမည်ကို မြင်ချင်နေခဲ့သည်။
ယန်ရှီက ကျုံချင်းယွီရဲ့ ပိုက်ဆံတွေကြောင့် မဟုတ်ဘူးဆိုတာကို ဝံ့ဝံ့ရဲရဲနဲ့ အခိုင်အမာပြောနိုင်မလား။
သူက တကယ်ပဲ အဆင်မြင့် ဒီဇိုင်နာတွေ ချုပ်ထားတဲ့ ဝတ်စုံတွေကို ငြင်းပယ်ပြီး ယွမ်ရာကျော်တန် ဈေးပေါတဲ့အင်္ကျီတွေ ဝတ်ပြီး fashion week ကို ကျုံချင်းယွီနဲ့အတူ သွားနိုင်လို့လား။
အကယ်၍ သူမသာ အဲလိုဝတ်ခဲ့ပြီး ဘေးမှာတော့ အဆင်မြင့်ဖက်ရှင်တွေပဲဝတ်ထားတဲ့သူတွေအများကြီးရှိနေရင် ယန်ရှီက မသင့်လျော်သလို ခံစားရပြီး ကျုံချင်းယွီကို မကျေမနပ် ဖြစ်သွားနိုင်လား။
မှန်တစ်ချပ်ကွဲသွားလျှင် ပြုပြင်ရခက်၏။
ရေတစ်ခွက်မှောက်သွားလျှင် ပြန်ထည့်ရခက်၏။
ပြသာနာများပို၍ ကြီးလာရုံသာရှိသည်။
ယန်ရှီသည် ရဲ့လော့ယီနှင့် ကျုံချင်းယွီတို့၏ စကားဝိုင်းကို ဂရုစိုက်၍ နားထောင်နေခဲ့သည်။
ရဲ့လော့ယီ ခန့်မှန်းထားသလိုပင် ယန်ရှီသည် ကျုံချင်းယွီ၏ အဆင့်မြင့်ဖက်ရှင် ဝတ်စုံ ဝတ်ဆင်ရန် ငြင်းပယ်ခဲ့သည်။
သူမသည် ထိုသို့ကို ပြုလုပ်ခဲ့ပြီးနောက် သူမ၏မျက်လုံးများထဲတွင် မျက်ရည်များနှင့် ပြည့်နှက်နေတော့သည်။
“ ချင်းယွီ၊ ငါ နင့်အပေါ်ကို ဘာအကြံအစည်မှ မထားခဲ့ဘူး ၊ နင် အဲတာကိုမေ့လိုက်တော့ ငါလည်း ဒီဟာကို မဝတ်တော့ဘူး ၊ ဒါဆိုရင် နင့်ကိုဘယ်သူကမှ နားလည်မှုလွဲမှာမဟုတ်တော့ဘူး”
သူမသည် ကျုံချင်းယွီထံသို့ပြန်ပေးရန်အတွက် ထိုဝတ်စုံချွတ်ရန် အဝတ်လဲခန်းထဲသို့ ဦးတည်သွားခဲ့သည်။
ရဲ့လော့ယီဘေးမှ ဖြတ်သွားချိန်၌ ယန်ရှီသည် သူမဘေးတွင် ရုတ်တရက်ချော်လဲသွားခဲ့သည်။
ရဲ့လော့ယီ : ?
မတော်တဆလဲကျတာလား။
ဒါဘယ်လိုတောင် ဇာတ်လမ်းထဲက ဇာတ်ကွက်မျိုးလဲ။
ယန်ရှီသည် ရဲ့လော့ယီအား မျက်ရည်များဖြင့်ပြည့်နေသည့် မျက်ဝန်းဖြင့် ကြည့်လိုက်သည်။
“ အစ်မရဲ့ ဘာလို့လဲဟင်…. ဘာလို့ အဲလိုလုပ်ရတာလဲ”
ရဲ့လော့ယီ ; ?
ဘာသဘောလဲ။
ရဲ့လော့ယီသည် ခဏတာ မှင်သက်သွားသော်လည်း ချက်ချင်းပင် အရာအားလုံးကို နားလည်သွားခဲ့သည်။ ယန်ရှီသည် သူမဘေးတွင် လဲကျနေပြီး ယန်ရှီ၏ စွပ်စွဲနေသော အသံအနေအထားအား ကြည့်ခြင်းအားဖြင့်။
“ ငါ လုပ်တာမှမဟုတ်တာ” ဟုရဲ့လော့ယီမှ ရုတ်တရက် ထပြောလိုက်သည်။
ထိုအချိန်တွင် ယန်ရှီသည် သူမ၏ ဖူးရောင်နေသော ခြေချင်းဝတ်ကိုပွတ်၍ ငိုသံဖြင့်ပြောလာသည်။
“ အရမ်းနာတာပဲ…”
ကျုံချင်းယွီ၏ မျက်နှာအမူအရာသည် ပြင်းထန်လာပြီး ယန်ရှီအား ကူတွဲရန် လှမ်းလာခဲ့သည်။
“ ရဲ့လော့ယီ နင် ဘာဖြစ်ချင်နေတာလဲ ၊ တကယ်လို့ နင်ငါ့ကို မကျေနပ်ရင် ငါနဲ့ပဲရှင်းလေ ၊ ယန်ရှီကို ပစ်မှတ်ထားနေတာက ဘယ်လိုတောင် သူရဲဘောကြောင်ရတာလဲ”
“ ငါမှ မလုပ်ခဲ့တာ”
ရဲ့လော့ယီသည် စိတ်ပျက်စွာဖြင့်ပင် ခြေထောက်စောင့်နင်းကာ ဆုလင်းလင်းလက်ကိုလှမ်းဆွဲလိုက်သည်။
“ လင်းလင်း နင်က ငါ့ဘေးမှာရှိနေတာပဲ ၊ နင် ငါလုပ်တာကို မြင်ခဲ့လား ၊ ငါသူ့ကို ခလုတ်တိုက်အောင်မလုပ်ခဲ့ဘူး”
ဆုလင်းလင်းသည် တွေဝေနေခဲ့သည်။
“ ငါ ရှင်းရှင်လင်းလင်း မမြင်လိုက်ဘူး..”
ရဲ့လော့ယီသည် အလွန်ပင် ဗြာများသွားခဲ့သည်။
“ အခုက တိုက်ရိုက်ထုတ်လွှင့်နေတာပဲ ၊ ငါတို့ နောက်တစ်ခါပြန်ကြည့်လို့ရတယ်လေ”
ယန်ရှီသည် ကျုံချင်းယွီ၏ အင်္ကျီစကို ဆွဲကာ ပြောလာသည်။
“ချင်းယွီ ၊ အစ်မယွီက ငါ့ကို ခလုတ်တိုက်အောင်လုပ်ခဲ့တာမဟုတ်ပါဘူး၊ ငါ့သတိမထားမိသွားတာပါ သူ့ကို အပြစ်မပြောပါနဲ့ ၊ နင်တို့နှစ်ယောက်က အဆင့်အတန်းတူတဲ့သူတွေလေ ၊ နင်တို့နဲ့တူအောင် တန်းညှိပြီးနေခဲ့တဲ့ ငါကသာ အပြစ်ရှိတာပါ”
[ရဲ့လော့ယီက ယန်ရှီကို ခလုတ်တိုက်အောင်လုပ်တာ မြင်တဲ့သူရှိကြလား]
[ငါ တိုက်ရိုက်ထုတ်လွှင့်မှုကို ပြန်ကြည့်ခဲ့ပြီးပြီ ၊ ယန်ရှီရဲ့ စကပ်က အရမ်းကြီးလွန်းတော့ သေချာမမြင်ရဘူး ၊ ဒါပေမယ့် တကယ်လို့ ရဲ့လော့ယီက မလုပ်ခဲ့ဘူးဆိုရင် ယန်ရှီက တမင်တကာ ချောလဲလိုက်တာလား]
[ငါအထင်တော့ ရဲ့လော့ယီနဲ့ဆုလင်းလင်း နှစ်ယောက်စလုံးက ဒီနေ့ ယန်ရှီကို ပစ်မှတ်ထားနေကြတာပဲ]
[ အဆင့်အတန်းမတူတာနဲ့ဘဲ ဖြူစင်တဲ့ သူငယ်ချင်းရင်းနှီးမှု မရနိုင်တော့တာလား၊ ဖုန့်ယင်းယင်း ဆိုရင် ထိပ်တန်းအနုပညာရှင်တစ်ယောက်လေ ပြီးတော့ သူ့အတွင်းရေးမှုးက သူ့ရဲ့အချစ်ဆုံးသူငယ်ချင်းပဲ ၊ သူတို့ရဲ့ ဆက်ဆံရေးက အရမ်းကောင်းတယ် ၊ ရဲ့လော့ယီ နင် မီးမွှေးတာကို ရပ်လိုက်တော့]
ရဲ့လော့ယီသည် ပြောစကာစကားလုံးပင် ပျောက်သွားခဲ့သည်။
သူမသည် ယန်ရှီနှင့် ကျုံချင်းယွီတို့၏ ဆက်ဆံရေးကို သဘောထားကွဲလွဲစေရန် ရည်ရွယ်ထားသော်လည်း ထိုအရာမှာ သူမထံသို့ ပြန်၍ မြှားဦးလှည့်လာခဲ့သည်။
ကျုံချင်းယွီသည် ယန်ရှီအား ဆိုဖာခုံပေါ်သို့ ကူ၍ တွဲပေးနေချိန်တွင် သူမသည် ရဲ့လော့ယီအား အကြိမ်ပေါင်းများစွာ စိုက်ကြည့်နေခဲ့သည်။
ရဲ့လော့ယီသည် ချက်ချင်းပင် တိုက်ရိုက်ထုတ်လွှင့်မှုကိုပြန်ကြည့်၍ စစ်ဆေးရန် သွားခဲ့သော်လည်း ထိုမြင်ကွင်းနေရာတွင် ယန်ရှီ၏ စကပ်ဖြင့် ဖုံးနေသောကြောင့် အကုန်လုံးကို သေချာမြင်ရရန် မဖြစ်နိုင်တော့ပေ။
ထိုအချိန်၌ တိုက်ရိုက်ထုတ်လွှင့်မှု စကားဝိုင်းတွင် ယန်ရှီအား ဝေဖန်ပြောဆိုနေကြသည့် မှတ်ချက်များနှင့် ပြည့်နေခဲ့သည်။
[ယန်ရှီက တကယ်ကို စိတ်ထိန်းနိုင်တာပဲ ၊ ငါသာ သူ့နေရာမှာဆို သူ့လိုမနေဘဲ ပြသာနာရှာပစ်မှာ]
[ ရဲ့လော့ယီက ချမ်းသာတဲ့ အမွေဆက်ခံသူတစ်ယောက်ပဲလေ ၊ ယန်ရှီက သာမန်လူတစ်ယောက်ဖြစ်တော့ အလွယ်တကူ အနိုင်ကျင့်လို့ရတယ်လို့ သူတွေးနေတာနေမှာပေါ့]
[ ယန်ရှီက တကယ်သနားစရာပဲ ၊ သူက သာမန်မိသားစုကနေ လာတယ်ဆိုတာနဲ့ပဲ လူတွေက သူ့ကို အကြံအစည်ကြီးတယ်လို့ထင်နေကြတယ် ၊ အဲတာဆို အဆင့်အတန်းတူတဲ့သူတွေအချင်းချင်းပဲ သူငယ်ချင်းဖြစ်လို့ရတာလို့ ပြောနေကြတာလား၊ ချမ်းသာတဲ့သူနဲ့ ဆင်းရဲတဲ့သူတွေက သူငယ်ချင်းဖြစ်လို့မရတော့ဘူးလား]
[ ရဲ့လော့ယီက တကယ်ကို သဘောထား သေးသိမ်တာပဲ ၊ ကျုံချင်းယွီကတောင် ဘာမှမပြောတာကို ဘာလို့ ရဲ့လော့ယွီက ပြောနေရတာလဲ]
ယန်ရှီသည် ဆိုဖာပေါ်တွင် ထိုင်နေခဲ့ပြီး သနားစရာကောင်းသည့်မျက်နှာဖြင့် သူမ၏ ခြေကျင်းဝတ်ကို ပွတ်နေခဲ့သည်။
အကယ်၍ ရဲ့လော့ယီမှ အပြစ်မဲ့သည့်နစ်နာသူဟန်ဆောင်ခဲ့ပြီး ယန်ရှီသည် ငွေမက်သောကြောင့် ကျုံချင်းယွီ၏ အနားသို့ကပ်နေခြင်းဟုစွပ်စွဲလာလျှင် ယန်ရှီအနေဖြင့် အဘယ်ကြောင့် ထိုအတိုင်း မလုပ်နိုင်ရမည်နည်း။
မီးကို မီးနဲ့တိုက်ရမှာပဲ - တူတဲ့ နည်းလမ်းကိုသုံးပြီး တစ်ဖက်လူကို လွတ်မြောက်ဖို့လမ်းမရှိအောင် လုပ်ရမှာပဲ။
ရဲ့လော့ယီသည် ယန်ရှီ၏ ရည်ရွယ်ချက်များကို သဘောပေါက်သကဲ့သို့ ခံစားနေရသည်။
ပြသာနာ အစမှ အဆုံးထိပင် ယန်ရှီသည် ရဲ့လော့ယီမှ ခလုတ်တိုက်စေရန် သူမကို လုပ်သည်ဟု တိုက်ရိုက်မစွပ်စွဲခဲ့သော်လည်း သူမသည် ထိုအရာကို လူအများယုံကြည်စေရန် ပြုလုပ်နေခဲ့သည်။
နစ်နာသူအဖြစ် ဟန်ဆောင်ကာ ယန်ရှီသည် ရဲ့လော့ယီအား ဗီလိန်အဖြစ်သို့ တဖန် ပြောင်းလဲပေးခဲ့သည်။
သူ ဘာလုပ်သင့်လဲ ၊ တောင်းပန်ရမှာလား။
သို့သော် ရဲ့လော့ယီသည် မတောင်းပန်ချင်ခဲ့ပေ။
အကယ်၍ သူမ တောင်းပန်ခဲ့လျှင် ထိုအရာသည် သူမ အမှန်တကယ် ယန်ရှီကို ချော်လဲစေရန် လုပ်ခဲ့သည့် အဓိပ္ပာယ်ဖြစ်သွားပြီး ပြသာနာများသည် ယခုထက် ပို၍ ရှုပ်ထွေးသွားမည်ဖြစ်သည်။
Stylist သည် ရဲ့လော့ယီ၏ ဝတ်စုံကို ထုတ်ယူလာခဲ့သည်။
"မစ္စယီ၊ ဒါက ရှင့်ရဲ့ ဝတ်စုံပါ၊ ဒီနိုင်ငံမှာ ကိုယ်တိုင်း ပြန်တိုင်းပြီးနောက် ကျွန်မတို့ ပြန်ပြင်ပေးထားပါတယ်ရှင့်၊ အရင်ထက်လည်း ကိုယ်လုံးနဲ့ ပိုပြီး အံဝင်ခွင်ကျဖြစ်သွားပါပြီ၊အခု ဝတ်ကြည့်ချင်ပါသလားရှင့်”
E-brand ၏ ပြောရေးဆိုခွင့်ရှိသူ တစ်ယောက်အနေဖြင့် ရဲ့လော့ယီသည် နောက်ဆုံးထွက် အဆင့်မြင့်ဖက်ရှင်ဝတ်စုံများကို အလွယ်တကူ ငှား၍ဝတ်နိုင်လေသည်။
သို့သော် ရဲ့လော့ယီသည် ထိုအရာ၌ အာရုံမရှိပေ။
သူမသည် Blue ဆိုင်ထဲမှ ဖြစ်နိုင်လျှင် အမြန်ဆုံးပင် ထွက်သွားချင်နေခဲ့သည်။
သို့သော် ကျုံချင်းယွီသည် သူမကို အလွတ်ပေးမည့်သူ မဟုတ်ပေ။
“ ရဲ့လော့ယီ ၊ ငါက ယန်ရှီအပေါ်မှာ ပိုက်ဆံအရမ်းသုံးတယ်လို့ ထင်နေတာမလား”
ကျုံချင်းယွီသည် သူမ၏ မျက်ခုံးကိုပင့်၍ ရဲ့လော့ယီကို ကြည့်လိုက်လေသည်။
“ ငါ့အထင်တော့ ငါသုံးခဲ့တာတွေက မလုံလောက်သေးဘူး”
ရဲ့လော့ယီသည် ကျုံချင်းယွီအား သံသယဖြစ်ဖွယ်အကြည့်ပင် ကြည့်ကာ သူမ၏ နှလုံးသားထဲတွင် မကောင်းသည့် ခံစားချက်ကို တဖြည်းဖြည်းခံစားလာရသည်။
ကျုံချင်းယွီ စူးစိုက်ကြည့်နေသောအရာကို လိုက်ကြည့်ရာ၌ သူမသည် stylist လက်ထဲတွင်ကိုင်ထားသည့် E-brand အဆင့်မြင့်ဖက်ရှင် ဝတ်စုံကို ကြည့်နေခြင်းဖြစ်ကြောင်း ရဲ့လော့ယီမှ သဘောပေါက်သွားခဲ့သည်။
ကျုံချင်းယွီသည် ထိုဝတ်စုံအား လက်ညိုးထိုးပြ၍ တစ်လုံးချင်းစီ ပြောလာခဲ့သည်။
“ ငါ ဒီဝတ်စုံ လိုချင်တယ်”
ဇိမ်ခံပစ္စည်း brandများသည် အဆင့်မြင့်ဖက်ရှင်များအား ဝယ်ယူသူတိုင်းကို တန်ခိုးရှင်လိုပင် ဆက်ဆံကြပြီး အနုပညာရှင်များကို ဝတ်စုံများ ငှားဝတ်ပေးခြင်းသည် သူတို့၏ ထုတ်ကုန်များကို ပြသရန် လမ်းလျှောက်ကြေညာသည့် နည်းတစ်ခုဖြစ်သည်။
အဆင့်မြင့်ဖက်ရှင်တစ်ခုအား ရောင်းချပြီးပါက ထပ်မံ ငှားယူ၍ မရနိုင်တော့ပေ။
ကျုံချင်းယွီသည် လက်ပိုက်ကာ ရဲ့လော့ယီအား လှောင်ပြောင်သည့်အပြုံးဖြင့် ကြည့်နေခဲ့သည်။
“ ရဲ့လော့ယီ ၊ ဒီဝတ်စုံက ဝယ်ပြီးသွားပြီမလို့ ငှာပေးလို့ မရတော့ဘူး ၊ နင် fashion weekမှာ ဘာဝတ်မလဲဆိုတာကို အရမ်းသိချင်သွားပြီ”
ရဲ့လော့ယီမျက်နှာသည် ဖြူဖတ်ဖြူလျော့ပင် ဖြစ်သွားခဲ့၏။
သူမသည် ထိုဝတ်စုံကို လွန်ခဲ့သည့် တစ်ပတ်ကတည်းကပင် စမ်းဝတ်ကြည့်ထားခဲ့ပြီး သူမနှင့် ကွက်တိဖြစ်စေရန် ပြည့်စုံအောင် ပြင်ထားပြီးပြီဖြစ်သည်။
အကယ်၍ ကျုံချင်းယွီ ဝယ်လိုက်ပါက သူမသည် သူမနှင့်ကွက်တိဖြစ်မည့် အခြားဝတ်စုံကို ဤမျှလောက်အချိန်တိုအတွင်း မည်သို့ရှာရလိမ့်မည်နည်း။
ရဲ့လော့ယီသည် ချက်ချင်းပင် E-brand ဒီဇိုင်နာဘက်သို့လှည့်ကာ သူမ၏သနားစရာကောင်းသည့်မျက်လုံးများဖြင့်ကြည့်လိုက်သည်။
သူက brandရဲ့ ပြောရေးဆိုခွင့်ရှိတဲ့သူပဲ။
သူမသည် ထိုဝတ်စုံကို သူမကိုယ်တိုင်ဝယ်နိုင်သည်။
E-brand သည် ထိုအဝတ်တစ်ထည်ကြောင့် သူမကို စွန်လွှတ်ရန် မည်သို့ဖြစ်နိုင်မည်နည်း။
သူမရဲ့ ကြေညာခ က ဒီဝတ်စုံထက် အများကြီး ပိုတန်ဖိုးရှိတယ်။
ဒီဇိုင်နာသည်လည်း ထိုသို့ တွေးတောခဲ့သည်။
ရဲ့လော့ယီသည် E-brand ၏ ကိုယ်စားပြုသူဖြစ်သည်။
သူမဝတ်ရန်စီစဉ်ထားသည့် ဝတ်စုံကို အခြားဝယ်သူအား ရောက်လိုက်ပါက သူမသည် fashion week အတွက် ဝတ်စရာမရှိပင်ဖြစ်ကာ brand၏ ပုံရိပ်အတွက် မကောင်းသည့်အရာတစ်ခုဖြစ်လာနိုင်သည်။
ဒီဇိုင်နာသည် ကျူံချင်းယွီအား ယဉ်ကျေးစွာဖြင့် ငြင်းခဲ့သည်။
“ မစ္စကျုံ ၊ ဒီဝတ်စုံက အစကတည်းက မစ္စရဲ့ အတွက်သီးသန့်ဖယ်ထားပေးထားတာပါ ၊ တကယ်လို့ မစ္စကျုံက ကြိုက်တယ်ဆိုရင် ကျွန်မတို့က ဒီညမှာပဲ ကိုယ်တိုင်းနဲ့ ဝတ်စုံအသစ်တစ်ထည် ချုပ်ပေးနိုင်ပါတယ်”
“ ငါးဆ”
ကျုံချင်းယွီသည် ခပ်တည်တည်ဖြင့် ပြောလာခဲ့သည်။
“ ငါ ဒီဝတ်စုံ ဈေးနှုန်းရဲ့ ငါးဆ ပေးမယ်”
ဒီဇိုင်နာသည် တုန်လှုပ်သွားခဲ့သည်။
ဒါက E-brand ရဲ့ ဆောင်းဦး-ဆောင်းရာသီ အဆင့်မြင်ဖက်ရှင်ပဲ၊ ဒီဝတ်စုံက ယွမ် ၈၀၀,၀၀၀ကျော်လောက် တန်ဖိုးရှိတာ ပြီးတော့ အဲတာရဲ့ ငါးဆဆိုရင် ယွမ် 4 မီလီယံတောင် ကျော်သွားမှာပဲ။
ဒီဇိုင်နာအနေဖြင့် သူ၏ ကိုယ်ပိုင်တန်ဖိုးသည် အလျင်အမြန်ပင် တိုးတက်လာမည်ဖြစ်သည်။
မဟုတ်ဘူး မဟုတ်ဘူး,,, ဒီဇိုင်နာသည် သူ၏ ခေါင်းကို ခါလိုက်သည်။
Brand၏ ပြောရေးဆိုခွင့်ရှိသူသည် ပို၍ပင် အရေးကြီးပါသေးသည်။
[ဘုရား! ကျုံချင်းယွီက တကယ်အတည်ကြီးလား]
[ ဒီကောင်မလေးရဲ့ အရင်က အသုံးစရိတ်တွေနဲ့ယှဉ်ရင် ဒီယွမ်သန်းအနည်းငယ်က ရေပုံးထဲက ရေတစ်စက်သာသာပဲလေ]
[ ဒါပေမယ့် ဇိမ်ခံအဆင်မြင့် အိတ်တွေနဲ့ ရွက်လှေကတော့ ဈေးတန်တယ်လေ ၊ ဒီဝတ်စုံကကျတော့ အဲလောက်မတန်ဘူး လားလို့ ]
[ ငါ ယန်ရှီကို မနာလိုနေပြီ ၊ ဒီကောင်မလေးက ယန်ရှီအပေါ်ကို တကယ် ချစ်တာပဲ]
“ ဆယ်ကြိမ်”
ဒီဇိုင်နာသည် သဘောမတူသည်ကို မြင်သောကြောင့် ကျုံချင်းယွီသည် ဈေးနှုန်းကို ထပ်တင်ခဲ့သည်။
သူမသည် ဆိုဖာပေါ်တွင် အေးအေးဆေးဆေးထိုင်နေ၍ ဈေးနှုန်းများကို ပြောနေချိန်၌ ယန်ရှီနှင့် မည်သည့် လက်သည်းနီအရောင်မှာ ပို၍ကောင်းသည်ကို ဆွေးနွေးနေပြီး သူမဝယ်ချင်နေသည့် တန်ဖိုးများသော အဆင့်မြင့်ဖက်ရှင်ဝတ်စုံ၏ ဈေးနှုန်းသည် ကိန်းဂဏန်းတစ်ခုခုသာပင် ဖြစ်သည်။
“ တကယ်လို့ ဆယ်ဆ မလောက်သေးရင်လည်း အဆနှစ်ဆယ် ၊ အခုထိ မရောင်းချင်သေးဘူးလား”
ကျုံချင်းယွီသည် သူမ၏ နူးညံ့လှပသည့် ပန်းရောင် လက်သည်းအရောင်ကို ကြည့်၍ နူးညံ့စွာ ရယ်လိုက်သည်။
“ နင် နားလည်သင့်တာက ဒီအနုပညာလောကမှ မရေမတွက်နိုင်တဲ့ အနုပညာရှင်တွေအများကြီးရှိတယ်၊ ပြီးတော့ တစ်နှစ်နဲ့တစ်နှစ်လည်း မတူဘူး ၊ ဒီနှစ်မှာ နာမည်ကြီးတဲ့သူတွေကို နောက်နှစ်ကြရင် မေ့သွားကြတာပဲ ၊ ဒါပေမယ့် ငါ့လို ဝယ်သူတွေက ဒီကမ္ဘာမှာ သိပ်မရှိဘူးနော်”
ထိပ်တန်းအဆင့် ချမ်းသာသည့်ဝယ်သူတစ်ယောက်နှင့် ရေပန်းစားနေသည့် အမျိုးသမီး အနုပညာရှင် တစ်ယောက်နှင့် နှိုင်းယှဉ်ကြည့်ပါလျှင် အရေးပါသောတန်ဖိုးသည် ယခုအချိန်၌ ရှင်းလင်းစွာသိနေရသည်။
အဆင့်မြင့်ဖက်ရှင်ဝတ်စုံတစ်စုံသည် ၈သိန်းအထက်တန်ဖိုးရှိလျှင် ကျုံချင်းယွီသည် ၁၆ မီလီယံ ပေး၍ ဝယ်မည် ဖြစ်သည်။
အကယ်၍ ဒီဇိုင်နာသည် ဒီအခြေအနေတွင် မရောင်းပါက သူတို့သည် ရူးနေကြလို့ပင် ဖြစ်သည်။
ထိုအချိန်၌ ဒီဇိုင်းနာသည် ဆုံးဖြတ်ချက်ချလိုက်ခဲ့သည်။
ဝယ်သူများကို စိတ်ကျေနပ်စေခြင်းသည် သူတို့၏ အခြေခံရည်ရွယ်ချက်ပင်ဖြစ်သည်။
ရဲ့လော့ယီ၏ မျက်နှာမှာ နီတလှည့်၊ ဖြူတစ်လှည့်၊ စိမ်းတလှည့်နှင့် အမျိုးမျိုးပြောင်းလဲနေခဲ့သည်။
သူမ၏ အသံသည် အားနည်းနေခဲ့ပြီး မကျေနပ်မှုများနှင့် ပြည့်နှက်နေခဲ့သည်။
“ ဒါပေမယ့်… ဒါပေမယ့်လေ ဒီဝတ်စုံက ကျွန်မကိုပေးမယ်လို့ အစောကတည်းက ကတိပေးထားခဲ့တာလေ”
ဒီဇိုင်နာသည် အားကိုးရာမဲ့ဖြစ်ကာ သက်ပြင်းချလိုက်သည်။
“ မစ္စရဲ့ ၊ အစ်မက ငှားဝတ်မယ်လို့ပဲ ပြောခဲ့တာပါ ၊ ဒီဝတ်စုံကို ငှားဝတ်ပေးခြင်းရဲ့ ရည်ရွယ်ချက်က ဝယ်သူတွေကို ဝယ်ချင်လာအောင် ဆွဲဆောင်ဖို့အတွက်ပါ”
ရဲ့လော့ယီသည် အံကြိတ်ထားခဲ့သည်။
အကယ်၍ သာမန် အဆင့်မြင့်ဖက်ရှင်ဝတ်စုံဖြစ်လျှင် သူမသည် အရှုံးခံ၍ပင် သူမကိုယ်တိုင် ဝယ်လိုက်မည်ဖြစ်သည်။
သူက ပိုက်ဆံရှိတယ် ဒါပေမယ့် ကျုံချင်းယွီက ဒီဝတ်စုံကို ဖြစ်နိုင်ချေမရှိတဲ့ ဈေးကို တင်လိုက်တာပဲ။
ကျုံချင်းယွီသည် ဆိုဖာပေါ်တွင် ထိုင်နေခဲ့၍ အနားယူကာ သူမ၏ မေးစေ့ကို လက်ဖြင့်ထောက်ပြီး ရဲ့လော့ယီအား ရယ်စရာတစ်ခုအနေဖြင့် ကြည့်နေလေသည်။
“ ရဲ့လော့ယီ ငါ ဒီဟာကို လက်လွှတ်ပေးလိုက်လို့ရတယ်”
ရဲ့လော့ယီသည် ချက်ချင်းပင် လှမ်းကြည့်လိုက်ကာ သူမ၏မျက်လုံးထဲတွင် ကျေးဇူးတင်သည့်အရိပ်အယောင်များဖြင့် ပြည့်နေခဲ့သည်။
သို့သော် ကျုံချင်းယွီ၏ နောက်စကားတစ်ခွန်းသည် သူမအား ရေခဲနေသည့်ချောက်ထဲသို့ တွန်းချသလိုပင် ဖြစ်သွားခဲ့သည်။
“ ဒါပေမယ့် တိုက်ရိုက်ထုတ်လွှင့်ဝာာကိုကြည့်နေတဲ့ သူတွေရှေ့မှာ ‘’ကျွန်မ မှားသွားပါတယ်’ လို့ပြောပြီး ယန်ရှီကို တောင်းပန်ရမယ်”
“ ကျွန်မ မှားသွားပါတယ်” ဟူသော စကားသည် အနုပညာရှင်တစ်ယောက်၏ ဂုဏ်သတင်းကို ကြီးမားသည့် အကျိုးသက်ရောက်မှုဖြစ်စေနိုင်သည်။ အထူးသဖြင့် ထုတ်လွှင့်မှုများကြည့်နေကြသည့် ကြည့်ရှုသူများရှေ့တွင် ဖြစ်သည်။
သို့သော် ရဲ့လော့ယီသည် သူမ မှားသည်ဟု မထင်ခဲ့ပေ။
သူမသည် ယန်ရှီကို ချော်လဲစေရန် မလုပ်ခဲ့သောကြောင့်ဖြစ်သည်။
ကျုံချင်းယွီက သူ့ကို ရှင်းရှင်းလင်းလင်း ပစ်မှတ်ထားနေတာ ပဲ။
သူတို့ဘေးတွင် ယန်ရှီသည် အံ့ဩသင့်ကာ ပေကလပ်ပေကလပ် ဖြစ်နေခဲ့သည်။
သူမသည် ကျုံချင်းယွီ ဤသို့ ပြုမူမည်ဟု မထင်ထားခဲ့ပေ။
သူမသည် ပို၍ပင် မှင်သက်နေခဲ့သည်။
အမှန်အတိုင်း ပြောရမည်ဆိုလျှင် အဆင့်မြင့်ဖက်ရှင် ဝတ်စုံတစ်ခုအား တန်ဖိုး၏အဆ ၂၀ ပေး၍ ဝယ်လိုက်ခြင်းသည် ဆုံးရှုံးမှုတစ်ခုပင်ဖြစ်သည်။
သူမသည် ကျုံချင်းယွီ၏ ချမ်းသာမှုကို အပြည့်အဝနားမလည်သေးသည့်ပုံ ပေါ်နေခဲ့သည်။
System သည် ယန်ရှီဘေးနားတွင် ခုန်ပေါက်နေခဲ့ပြီး ရဲ့လော့ယီထက် ပို၍ စိတ်လှုပ်ရှားနေခဲ့သည်။
[တွေ့လား ၊ တွေ့လား၊အဲတာက တကယ့် ဗီလိန်တွေရဲ့ ပုံစံပဲ]
[မင်းက အကောင်းဘက်ကကြည့်နေလို့သား အဲမိန်းကလေးကို လူကောင်းလို့ထင်နေတာ]
[ အကယ်၍ မင်းက ရဲ့လော့ယီနဲ့နေရာမှာဆိုရင် အဲမိန်းကလေးရဲ့ ဘယ်လို စိတ်ဆင်းရဲနေလဲဆိုတာကို မြင်ရလိမ့်မယ်]
ထိုအရာသည် ဝတ္ထုထဲတွင် ကျုံချင်းယွီ ဗီလိန်တစ်ယောက်ဖြစ်လာရခြင်း၏ အကြောင်းပြချက်တစ်ခုပင်ဖြစ်သည်။
သူမ၏ ယခုပြုမူပုံများသည် ဝတ္ထုစာအုပ်ထဲရှိ ဗီလိန်အပြုအမူများပင် ဖြစ်နေသည်။
သို့သော်
“အရမ်းမိုက်တာပဲ!”
ယန်ရှီ၏ မျက်လုံများသည် သဘောကျသည့်ပုံစံဖြင့် တောက်ပလာခဲ့သည်။
[ တစ်ခေါက်ပြန်ပြောပါအုံး ]
“ ကျုံချင်းယွီရဲ့အခု သရုပ်ဆောင်တာက အရမ်းမိုက်တယ်လို့ နင်တို့မထင်ကြဘူးလား”
ယန်ရှီသည် ကျုံချင်းယွီအား ကြည့်လိုက်ချိန်တွင် အံ့ဩသင့်မှုမှ ကြည်နူးသည့်အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး သူမ၏ မျက်လုံးများထဲတွင်လည်း နွေးထွေးမှုအပြည့် ရှိနေခဲ့သည်။
system “......”
[မင်းတော့ မျှော်လင့်ချက်မရှိတော့ဘူးပဲ]
[မင်းရဲ့အကောင်းမြင်စိတ်က 100 မီတာအထိပဲမြင်နိုင်တယ်- သူတို့က ပုံတွေကို လှပတဲ့ filter တွေနဲ့ဖုံးသွားကြတယ် ၊ သူတို့ရဲ့အကောင်းမြင်စိတ်က အခု 10,000မီတာအထိတိုးသွားပြီ]
အမှန်တွင် ရဲ့လော့ယီတင် မဟုတ်ပေ။ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေကြသည့် ရဲ့လော့ယီ၏ ပရိတ်သတ်များသည်လည်း ကျုံချင်းယွီ၏ အပြုအမူကို အလွန်ပင် ဒေါသထွက်နေခဲ့ကြသည်။
[ ဒါက အရမ်းရိုင်းစိုင်းတာပဲ ၊ ကျုံချင်းယွီက ပိုက်ဆံရှိတာနဲ့ပဲ သူက အကုန်လုံးမှာ သာနေတယ်လို့ ထင်နေတာလား]
[ E-brand မှာ နောက်ခံ မရှိတော့ဘူးလား]
[ သူတို့က ရသစုံရှိုး အတူရိူက်ကူးနေတာပဲလေ ၊ ကျုံချင်းယွီက ဘယ်လိုလုပ် ဒီလုပ် ပြုမူနိုင်ရတာလဲ]
တစ်ဖက်တွင်လည်း ကျုံချင်းယွီ၏ အားပေးသူများ တွေးကြသည်မှာ။
[ အကယ်၍ ငါ့မှာ အဲလိုမျိုး အချစ်ဆုံးသူငယ်ချင်း ရှိခဲ့ရင် ငါလည်း ပျော်လွန်းလို့ငိုမိမှာပဲ]
[ သူက ယန်ရှီအပေါ်ကို အရမ်းကောင်းပေးတာပဲ ၊ ငါ မနာလိုဖြစ်လာပြီ]
[ ရဲ့လော့ယီရဲ့ ပရိတ်သတ်တွေ သိဖို့လိုအပ်တဲ့ အချက်တစ်ချက်က တကယ်လို့ ရန်စပြီးရှာရင် ရန်စရှာတဲ့သူရဲ့အမှားပဲ ၊ ရဲ့လော့ယီက သူရဲ့ ဖက်ရှင်ပုံစံကိုသာ အဓိကထားပြီး ပြသာနာ
မရှာခဲ့ဘူးဆိုရင် ဒီမိန်းကလေးက သူ့ကို ပစ်မှတ်ထားမှာမဟုတ်ဘူး]