အခန်း ၃၁
Vol. 4 Ch. 31
ရဲ့လော့ယီ၏ ပုံစံမှာ စိတ်ဖိစီးနေသလိုပင်။သူမသည် ယခု ရွေးချယ်စရာသုံးမျိူးနှင့် ကြုံနေရသည်။
၁။ E brand နဲ့အဆက်အသွယ် ဖြတ်ပြီး ကိုယ့်ဘာသာကိုယ်နေမယ်။
၂။ မတူညီတဲ့ အင်္ကျီပြန်လဲပြီး E brand နဲ့အလုပ်ဆက်လုပ်မယ်။
၃။ E brand ကို တောင်းပြန်ပြီး အလုပ်ဆက်လုပ်မယ်။
မူလတွင် ရွေးချယ်စရာသုံးခုရှိသည်ဟုထင်ခဲ့သော်လည်း အမှန်တကယ်တွင် အချိန်ကန့်သတ်မှုကြောင့် ရွေးချယ်စရာ နှစ်ခုမှာ မဖြစ်နိုင်တော့ချေ။ လွန်ခဲ့သောအပတ်က ရဲ့လော့ယီသာ် E brand မှ ဈေးကြီးသော အဝတ်အစားများကို ဝတ်ကြည့်ခဲ့သည်။ ထိုအချိန်ကE brandမှာ သူမကို ရွေးချယ်စရာ ဝတ်စုံငါးစုံ ပေးသော်လည်း သူမသည် နောက်ဆုံးချုပ် နွေဦးရာသီ ဒီဇိုင်းကိုသာ ရွေးချယ်ခဲ့သည်။ ထိုဝတ်စုံကို သူမ၏ခန္ဓာကိုယ်အတိုင်း ပြင်ချုပ်ရန် E brand ကို ပြန်ပေးလိုက်သည်။ ယခုတော့ သူမခန္ဓာကိုယ်နှင့် ကွက်တိကျသည့် ဝတ်စုံရောက်လာပြီဖြစ်သည်။ တစ်ခြားတစ်ဖက်မှာလည်း ဝတ်စုံပြင်ဆင်နေသည့် ယန်ရှီသည် မနေ့ညက ကျုံချင်းယွီကို ဆက်သွယ်ပြီးသွားလောက်ပြီ ဖြစ်သည်။ဒီဇိုင်နာ ဘလူးမှာလည်း ယန်ရှီစိတ်ကြိုက် ဝတ်စုံများ စီစဉ်ထားကာ ခန္ဓာကိုယ်အချိုးအစားအလိုက် ပြင်ဆင်ပြီးလောက်ပြီ ဖြစ်သည်။ထို့အပြင် သူတို့တစ်ညစောပြီး ပြင်ဆင်ခဲ့ကြခြင်းဖြစ်သည်။
ရှိုး အချိန်နီးလာသည်နှင့်အမျှ ရဲ့လော့ယီတွင် အချိန်မရှိတော့ချေ။
ပထမ ရွေးချယ်မှုမှာ မဖြစ်နိုင်ချေ။ E brand သည် ရဲ့လော့ယီကို ၂၀မီလီယမ်ဖြင့် စာချုပ်ချုပ်ဆိုခဲ့ပြီး စာချုပ်ဖောက်ဖျက်ပါက ငါးဆ_ ၁၀၀မီလီယမ် လျော်ရမည်ဖြစ်သည်။ထို့ကြောင့် သုံးခုမြောက် ရွေးချယ်စရာသာ ကျန်တော့သည်။
သို့သော်လည်း ရဲ့လော့ယီ ထိုသို့မလုပ်နိုင်ပေ။
သူမ၏မျက်လုံးများမှာ မျက်ရည်များဖြင့် ပြည့်နှက်နေပြီး ကျုံချင်းယွီအား သနားစရာကောင်းအောင် လုပ်ပြနေသည်။
“ချင်းယွီ၊ နင်ငါ့ကို သဘောမကျဘူးဆိုတာ ငါသိပါတယ်။ဒါပေမယ့်…ဒါပေမယ့်လေ ယန်ရှီကို ငါဘာမှမလုပ်ခဲ့ပါဘူး”
ထို့နောက် သူမက ယန်ရှီကို ငိုထား၍နီရဲနေသော မျက်လုံးများဖြင့် ကြည့်ကာ
“ယန်ရှီ၊ငါ နင့်ကို ဘာမှမလုပ်ခဲ့ဘူးဆိုတာကို နင်မပြောပြဘူးလား၊ ဒီလိုဆိုရင်တောင် နင် ငါ့ကိုဘာလို့ ဒီလိုဆက်ဆံရတာလဲ”
ရဲ့လော့ယီ နစ်နာသူဟန်ဆောင်တက်သကဲ့သို့ ယန်ရှီလည်း နစ်နာသူဟန်ဆောင်တက်ပေသည်။
ယန်ရှီသည် ပတ်ဝန်းကျင်က တစ်ချက်လှည့်ကြည့်လိုက်ပြီး သူမကိုယ်သူမ မျက်ရည်ခြူလိုက်သည်။သို့သော် ကျုံချင်းယွီမှာမူ ဘေးမှခိုးရယ်နေသည်။
“ရဲ့လော့ယီ ၊ခရီးမှာ ငါနင့်ကိုတောင်းပန်စေချင်တယ်လို့ အရင်ပြောတာ ဘယ်သူလဲ”
ရဲ့လော့ယီ ရပ်သွားသည် “ဘာအတွက်လဲ”
ကျုံချင်းယွီ ဆိုဖာပေါ် မှီချလိုက်ပြီး ရဲ့လော့ယီကို တည်ငြိမ်စွာကြည့်လိုက်သည်။
“နင် ဆုလင်းလင်းနဲ့ ပြောတာတွေကို ငါမသိဘူးထင်နေတာလား၊ နင်ကဘယ်သူ့ကို လှောင်ရဲတာလဲ ငါမသိဘူး ထင်နေတာလား ယန်ရှီနဲ့ ငါက သူငယ်ချင်းဖြစ်လာတာ ကြာလှပြီ “ယန်ရှီက ငါ့နားကိုကပ်နေတာ ပိုက်ဆံကြောင့်”၊ “ယန်ရှီက ငါ့ဒေါသကို ပိုက်ဆံကြောင့်သည်းခံနေတာ” အဲလိုတွေပြောတာ နင်က ပထမဆုံးမဟုတ်ဘူး၊ ရိုးရိုးသားသားပြောရရင် နင်ဒီနှစ်တွေထဲမှာ အသစ်အဆန်း ဘာများရှိလို့လဲ၊ ငါအဟောင်းတွေချည်းပဲ မြင်နေတွေ့နေရတာ ငြီးငွေ့လာပြီ”
“နင်က ငါ့သူငယ်ချင်းကို ငါ့ရှေ့မှာ ဘယ်လိုတောင် ဝေဖန်ရဲတာလဲ၊ နင်က ငါ့နောက်ကွယ်မှာ အတင်းပြောတာကို ငါက ခွင့်လွှတ်မယ်ထင်နေတာလား”
[အား…မစ္စကျုံက ယန်ရှီအတွက် ငွေတွေအများကြီး သုံးတာပဲ]
[သူမက သိပ်ချစ်တက်တာပဲ၊ ငါ ငိုနေပြီ]
[ငါ့ဘာလို့ ကျုံချင်းယွီလို သူငယ်ချင်းမျိုး မရှိရတာလဲ]
[သူက မင်းကို ပျော်ရွင်အောင်လုပ်ပေးတာတင် မဟုတ်ပဲ မင်းရဲ့ ဂုဏ်သိက္ခာကိုပါ ဂရုစိုက်ပေးတယ်၊ ကောင်းလိုက်တဲ့ သူငယ်ချင်း]
ယန်ရှီ ကျုံချင်းယွီ၏စကားများကြောင့် ကြောင်အ,သွားသည်။
လွန်ခဲ့သောနှစ်များတွင် သူမ မကောင်းသတင်းများနှင့် အတင်းအဖျင်းများ အများကြီးကြားဖူးခဲ့သည်။သာမာန်လူများ အတွက်မူ ဆိုရှယ်မီဒီယာမှာ ဝေဖန်ခံရတာ ပုံမှန်ပင် ဖြစ်သည်။ သူမ ထိုအရာများကို ဂရုမစိုက်တာ ကြာလှပြီ ဖြစ်သည်။
ကျုံချင်းယွီပြောသည့် စကားများသည် ဤမျှလောက် ရင်ထဲထိလိမ့်မည်ဟု သူမ မထင်ခဲ့ချေ။
ယန်ရှီ မျက်ရည်ဝဲလာပြီး ကျုံချင်းယွီ၏အကျီလက်ကို လှမ်းဆွဲလိုက်သည်။
“ချင်းယွီ၊ ဒီလိုတွေလုပ်ဖို့ မလိုပါဘူး၊ ငါဒါတွေကို ဂရုမစိုက်တာ ကြာပါပြီ၊ နင့်ငွေတွေကို အလကားသက်သက် မဖြန်းပစ်ပါနဲ့”
ကျုံချင်းယွီ မျက်ခုံးပင့်လိုက်ပြီးတော့ သူမ၏မိုက်ခရိုဖုန်းထဲကို တိုးတိုးလေးပြောလိုက်သည်။
“ငါသိတယ်၊ ငါလည်း ဒီအင်္ကျီကို တကယ်မဝယ်ပါဘူး”
ယန်ရှီ:?
သူမ ဝမ်းသာလွန်းလို့ မျက်ရည်တွေကျလာသည်။
ကျုံချင်းယွီ ကျီစယ်သလို ရယ်လိုက်သည်။
“စဉ်းစားကြည့်လေ၊ရဲ့လော့ယီ အခု အင်္ကျီပြန်လဲရင် အချိန်မှီတော့မှာ မဟုတ်ဘူး၊ ပြန်လျော်ဖို့လည်း သူမ တက်နိုင်မှာမဟုတ်ဘူး၊ အဲတော့ သူမ ပြန်တောင်းပန်မှပဲရမှာ၊ ဒါက ပိုက်ဆံသုံးစရာမလိုဘူးလေ၊ သူ့ကို နည်းနည်းလေးခြောက်လိုက်ရုံပါ”
ယန်ရှီ “....”
System “.....”
ကျုံချင်းယွီ ယန်ရှီ၏မျက်လုံးထဲမှ အဓိပ္ပါယ် မဖော်နိုင်သည့် ခံစားချက်များကို သတိထားမိလိုက်သည်။
သူမက ခဏလောက် ရပ်နေပြီး ယန်ရှီမျက်လုံးကို ဖတ်ကြည့်နေလိုက်သည်။
“ငါက ပိုက်ဆံတွေအလကားဖြုန်းပစ်လောက်တဲ့အထိ တုံးအတယ်လို့ ထင်နေတာလား”
ယန်ရှီ အလျင်အမြန် ရှင်းပြလိုက်သည်။
“မဟုတ်တာ၊ နင်ညဏ်ကောင်းတာ ငါသိသားပဲ”
ကျုံချင်းယွီ ဂုဏ်ယူစွာ ခေါင်းမော့လိုက်ပြီး
“ဒါပေါ့၊ငါကချမ်းသာပေမယ့် မတုံးပါဘူး၊ ဘယ်သူက ဒီလောက်တုံးအတဲ့လုပ်ရပ်ကို လုပ်မှာလဲ”
ယန်ရှီ ခဏလောက်တွေးပြီး မေးလိုက်သည်။
“တကယ်လို့ ရဲ့လော့ယီက မာနတွေထောင်လွှားပြီး မတောင်းပန်ရင်ရော”
ကျုံချင်းယွီ ပခုံးတွန့်ပြလိုက်သည်။
“အဲတော့လည်း ငါတို့ဝယ်လိုက်မှာပေါ့၊ ဈေးမှမကြီးတာကို”
ယန်ရှီ:?
System:?
သူမမှာ လည်သော်လည်း တစ်ပတ်မပြည့်ချေ။
ရဲ့လော့ယီသည် ဖိအားများကြောင့် စိတ်ညစ်နေရသည်။
ကျုံချင်းယွီပြောသည်မှာ မှန်သည်။သူမ တစ်ခြားသူအား ချောက်တွန်းခြင်းသည် တိကျသောသက်သေမရှိသော်လည်း ဆုလင်းလင်းနှင့် ပြောထားသည်များမှာ ယန်ရှီအား အမှန်တကယ်ပင် သိမ်ငယ်စေသည်။
ယန်ရှီကို မနာလိုသည့် သူများသည် ငွေသုံးသည့် နေရာတွင် သတိထားလိမ့်မည်ဟု ရဲ့လော့ယီ ထင်ခဲ့သည်။
သူမတို့နှစ်ယောက်အား စိတ်ဝမ်းကွဲစေရန် ပြောသည့်စကားများမှာ အရာမဝင်ရုံသာမက ကျုံချင်းယွီကို ယန်ရှီအတွက်နှင့် ငွေပိုသုံးလိမ့်မယ်ဟု သူမ မထင်ထားခဲ့ချေ။
ယန်ရှီက ကျုံချင်းယွီကို အချစ်တွေနဲ့များ ချည်နှောင်ထားတာလား။ဘာလို့ သူမအပေါ် ဒီလောက် ဂရုစိုက်ရတာလဲ။
ရဲ့လော့ယီ အင်တင်တင်ပုံစံဖြင့် အံကြိတ်ကာ ယန်ရှီအနားသို့ သွားလိုက်သည်။သူမ လက်သီးကို တင်းတင်းဆုပ်ထားသည့်အတွက် လက်သည်းများသည် လက်ဖဝါးထဲကိုပင် ထိုးစိုက်နေလေသည်။
ဆုလင်းလင်းမှာ အမှန်တကယ် ရဲ့လော့ယီအား တားချင် ခဲ့သည်။ ဤအခြေအနေသည် တောင်းပန်ဖို့မထိုက်တန်ကြောင်း သူမ သိသော်လည်း ထိုဝတ်စုံနှင့် E brand ကို ပြန်လျော်ရမည့်ငွေသည် ရဲ့လော့ယီအတွက် သိပ်ကိုများလွန်းသည်။
[ဘယ်လိုတွေလဲ၊ ဝတ္ထုက ဒီလောက်ရှေးဟောင်းမဆန်ပါဘူး]
Systemသည် ယန်ရှီ၏စိတ်ထဲမှ သတိပေးလာသည်။
“ရှေးဟောင်းဆန်တော့ရော ဘာဖြစ်လဲ” ယန်ရှီမေးလိုက်သည်။
System အချိန်ယူ စဉ်းစားကြည့်လိုက်သည်။
[ဒီလိုအခြေအနေမှာဆို ဇာတ်ဆောင်မင်းသမီးကို ကူညီမယ့်သူပေါ်လာရမှာ၊ သူမ တောင်းပန်ရမှာ မဟုတ်ဘူး]
[အဲလို ချိုမြိန်ပြီး ရိုးရှင်းတဲ့ ဇာတ်ဆောင်မင်းသမီးတွေက မာနရှိကြတယ်။ အဲသလိုမှ မဟုတ်ရင် ဇာတ်လိုက်မ ဖြစ်ပါဦးမလား]
သို့သော်‘ဆွဲဆောင်မှုရှိသော’ အမျိုးသမီးဇာတ်လိုက်များမှာမူ မတူပေ။ တစ်ချိန်တည်းမှာပင် အမျိုးသားအများကြီးနှင့် အပျော်တွဲနိုင်သော သူမှာ အနည်းငယ် ဖြူစင်ပုံပေါက်ရပေမည်။ထိုသို့သော ဇာတ်လိုက်မ များသည် ကိုယ်ကျင့်သိက္ခာ၌ စံနမူနာ ထားစရာတော့ မဟုတ်ချေ။
အမှန်ပင်ဖြစ်သည်။ မင်းသမီး အသားပေးရေးထားသည့် ဝတ္ထုများတွင် အမျိုးသမီးဇာတ်ဆောင်များသည် “ကိုယ့်ကျင့်သိက္ခာဖြောင့်မတ်မှု” အဘယ်ကြောင့် လိုမည်နည်း။သို့သော် ရဲ့လော့ယီကဲ့သို့ လူအတွက်မူ ဤကဲ့သို့ ဇာတ်ဆောင်မျိုးသည် သူမကို အားနည်းစေသည်။ ရဲ့လော့ယီ နီရဲနေသောမျက်လုံး ၊ဖြူဖျော့နေသော လက်ဆစ်များဖြင့် ယန်ရှီထံသို့ လမ်းလျှောက်သွားလိုက်သည်။
တိုက်ရိုက်ထုတ်လွှင့်သည့်ကင်မရာသည် သူမကို ချိန်ထားပြီး ရိုက်ကူးရေးရှိ လူများမှာလည်း ကြည့်နေကြသည်။အလွန် အရှက်ကွဲရသော်လည်း သူမ ယန်ရှီရှေ့တွင် ခေါင်းငုံ့လိုက်သည်။
“ငါတောင်းပန်ပါတယ်”ဟု ပြောတော့မည့် အချိန်၌ တံခါးသည် ရုတ်တရတ်ပွင့်သွားသည်။
လူလတ်ပိုင်းအရွယ် ကျက်သရေရှိသည့်ဂါဝန်ကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ယောက် ဘလူးထဲသို့ ဝင်လာသည်။
“E brand ရဲ့ ထောက်ပံ့တဲ့ပုံက ဒီလိုကြီးလား၊ မင်းတို့ရဲ့ ပြောရေးဆိုခွင့်ရှိသူကို တစ်ဆယ်မီလီယမ်တောင် လျော်ခိုင်းတာလား”
လူတိုင်းသည် ယခုမှ ဝင်လာသည့် အမျိုးသမီးကို ဝိုင်းကြည့်နေကြသည်။သူမသည် အသက်ငါးဆယ်လောက်ဟု ထင်ရသော်လည်း အရမ်း အသက်ကြီးသည့်ပုံပေါ်မနေချေ။သူမ၏ဆံပင်ကို ကျက်သရေရှိအောင် ပုံသွင်းထားပြီး ပေါ့ပါးလှပသော မိတ်ကပ်ကို ပြင်ဆင်ထားသည်။ M brand မှ ဈေးကြီးသည့်ဂါဝန်ကို ဝတ်ဆင်ထားပြီး ရဲ့လော့ယီ နှင့် ကျုံချင်းယွီထံသို့ လျှောက်လှမ်းလာသည်။
E brand မှ ဒီဇိုင်နာမှာ လေးစားသမှုဖြင့် နှုတ်ဆက်လိုက်ပြီး
“မဒမ် မုန့်၊ ရောက်လာပြီလား”
မုန့်ယင်းရုန်သည် မုန့်မိသားစု၏ အကြီးဆုံးသမီးဖြစ်သည်။
မုန့် မိသားစုသည် ဇိမ်ခံပစ္စည်း brand M ကို တည်ထောင်ခဲ့ပြီး အရည်အသွေးကောင်းသော လက်ဝတ်ရတနာ၊အဝတ်အစားနှင့် လက်ကိုင်အိတ်များကို ထုတ်လုပ်ထားသည်။ သူတို့သည် E brand ကဲ့သို့ တစ်ခြားသော ဇိမ်ခံကုမ္ပဏီများနှင့်လည်း ရှယ်ယာပေါင်းစပ်ထားသည်။
မုန့်ယင်းရုန်သည် E brand ၏ ရှယ်ယာပိုင်ဆိုင်သူဖြစ်သည်။
မုန့်ယင်းရုန် ဒီဇိုင်နာကို အေးစက်စက်ကြည့်လိုက်သည်။သူမ၏မျက်လုံးထဲတွင် အမျိုးအမည်မသိရသော အေးစက်စက်အကြည့်များနှင့် ပြည့်နှက်နေသည်။
“ငါတို့ရဲ့ ပြောရေးဆိုခွင့်ရှိသူကို တစ်ဆယ်မီလီယမ်တောင် ရှင်းခိုင်းတာလား၊ ဒါကိုမီဒီယာသာ သိသွားရင် E brand ဒေဝါလီခံတော့မှာပဲလို့ ထင်ကုန်တော့မှာပဲ”
ဒီဇိုင်နာမှာ ထေ့ထေ့ငေါ့ငေါ့ဖြင့် ရှင်းပြသည်။
“တစ်ဆယ်မီလီယမ်တင်မဟုတ်ပါဘူး၊ မစ္စကျုံက ကျွန်တော်တို့ ဖောက်သည်တွေထဲက တစ်ယောက်ပါ”
မုန့်ယင်းရုန် က အထင်သေးသလိုပြောလိုက်သည်။
“ဖောက်သည်တစ်ယောက်ဆုံးရှုံးတာလား၊ E brand မှာ ဖောက်သည်တွေအများကြီးရှိတယ်၊ ဖောက်သည်တစ်ယောက်ဆုံးရှုံးတာက ဘာများအရေးကြီးလို့လဲ”
ဒီဇိုင်နာ ဘာပြန်ပြောရမလဲ မသိတော့ချေ။
ရှယ်ယာပိုင်တယ်ဆိုတိုင်း ဘာလို့ ဒီလိုပြောရတာလဲ။
ပြောရေးဆိုပိုင်ခွင့်ရှိသူအတွက် မတရားဘူးဆိုသည်မှာ သူသိသည်။
ဒါပေမယ့် ဖောက်သည်တစ်ယောက်နဲ့ ငွေ တစ်ဆယ်မီလီယမ်ကြီးများတောင်လေ။
ရဲ့လော့ယီ နားလည်လိမ့်မည်ဟု ဒီဇိုင်နာထင်ခဲ့သည်။ တစ်ခြားသူသာဆိုလျှင် မုန့်ယင်းရုန် ဖောက်သည်ကိုသာ ရွေးချယ်ပေးလိမ့်မည်။သို့သော် ကျုံချင်းယွီကိုတော့ သူမ ရွေးချယ်မည်မဟုတ်ပေ။
မုန့်ယင်းရုန် လူအများကြီးကို သည်းခံနိုင်သော်လည်း ကျုံချင်းယွီအပေါ်တွင်မူ သက်ညှာမပေးနိုင်ပေ။ သူမ ကျုံဟုန်ချန့်ကို စာချုပ်အရ လက်ထပ်ခဲ့ရသည်၊ကျုံချင်းယွီ၏အမေသည်လည်း ကျုံဟုန်ချန်းကို စာချုပ်အရ လက်ထပ်ခဲ့ရသည်ကို သူမကောင်းကောင်းကြီး သိသည်။ထို့ေကြာင့် နောက်မျိုးဆက်များဖြစ်သည့် ကျုံယန်စီ နှင့် ကျုံချင်းယွီတို့သည် ပြိုင်ဖက်များဖြစ်လာခဲ့ကြသည်။
ထို့ကြောင့် မုန့်ယင်းရုန် နှင့် ကျုံချင်းယွီတို့ မတည့်ကြချေ။
ရဲ့လော့ယီ မုန့်ယင်းရုန် ၏ စကားများကိုကြားသည့်အခါ အရမ်းကိုဝမ်းသာမိသည်။သူမ ကျုံချင်းယွီကို တောင်းပန်ရတော့မည့် အချိန်တွင် မုန့်ယင်းရုန်က မထင်မှတ်ဘဲရောက်လာခဲ့ပြီး သူမကို တောင်းပန်ရမည့်ကိစ္စမှ တားဆီးပေးခဲ့သည်။
ထို့နောက် မုန့်ယင်းရုန်သည် ကျုံချင်းယွီဘက်သို့ လှည့်လိုက်သည်။လက်ပိုက်ထားသည့် သူမလက်မှ နီလာလက်စွပ်သည် တလက်လက် တောက်ပနေသည်။
“ ချမ်းသာတဲ့မိသားစုရဲ့ မမလေးက သိပ်ကို သုံးဖြုန်းနေပါလား၊ မင်းကို ကျုံဟုန်ရှန့်က ဒီလိုပျိုးထောင်ထားတာလား။”
ကျုံချင်းယွီ အံကြိတ်လိုက်သည်။ ကျုံယန်စီမှာ စိတ်ပျက်ဖို့ကောင်းခြင်းမှာ မှန်သော်လည်း သူ့အမေမှာ ပိုဆိုးသည်။
“အန်တီ၊ ကျွန်မရဲ့ ကိစ္စက ရှင်နဲ့ဆိုင်လို့လား”
ကျုံချင်းယွီ ပြတ်ပြတ်သားသား ပြန်ပြောလိုက်သည်။
မုန့်ယန်းရုန် တစ်ချက်ရယ်လိုက်ပြီး သူမ၏ အမူအရာမှာ လှောင်ရယ်နေသကဲ့သို့ ဖြစ်နေသည်။
“ကျုံမိသားစုမှာ ကလေးနှစ်ယောက်ရှိပါတယ်၊ တစ်ယောက်က စီးပွားရေးလောကမှာ အောင်မြင်နေပေမဲ့ နောက်တစ်ယောက်ကတော့ ဟိုမရောက် ဒီမရောက် အနုပညာလောကမှာ ယောင်ချာချာဖြစ်နေတယ်တဲ့၊ ချင်းယွီ ငါသာ မင်းနေရာမှာဆိုရင်လေ ကိုယ့်ကိုယ်ကို ကျုံမျိူးနွယ်လို့သတ်မှတ်ရမှာတောင် ရှက်နေလောက်တယ် သိလား”
“ရှင်__!”
ကျုံချင်းယွီ၏မျက်နှာမှာ ဒေါသဖြင့် ဖြူဖျော့သွားသည်။
သူမကို ကျုံယန်စီနှင့် နှိုင်း၍ ပြောခြင်းလောက် မုန်းတာမရှိပေ။
ယန်ရှီသည် ကျုံချင်းယွီ မုန့်ယင်းရုန်ကို တစ်ခုခုလုပ်လိုက်မှာဆိုးဥ လှမ်းဆွဲလိုက်သည်။သို့သော် မုန့်ယင်းရုန်က မပြီးသေးချေ။
“ငါပြောတာမှားသွားလို့လား ၊ကျုံချင်းယွီ မင်းအနုပညာလောကမှာ ရှိနေတာကြာလှပြီ ဒါပေမယ့် ကပွဲအတွက် ဂါဝန်ငှားပေးမဲ့သူ မရှိလို့ ကိုယ့်ဘာသာဝယ်ဝတ်နေရတဲ့ အရံဇာတ်ကောင်သာသာပဲမလား၊ ငါသာ မင်းဒီလိုဖြစ်မယ်ဆိုတာသိရင် ဘာလို့စိတ်ညစ်ခံနေမှာလဲ၊ မး ယန်စီကို ပြောလိုက်ရင် ရတာပဲဟာ၊ ယန်စီက မင်းကိုပစ်မထားလောက်ပါဘူး ၊မင်းအတွက် ငါဝန်ငှားပေးမှာပါ”
ကျုံချင်းယွီ ဒေါသထွက်သွားသည်။သူမ အဘယ့်ကြောင့် ဂါဝန်မငှားနိုင်ရမည်လဲ။သူမက နောက်ဆုံးပေါ် ဒီဇိုင်းကို ဝတ်ချင်ရုံသာဖြစ်သည်။
သူမသည် အဓိက ဇာတ်ဆောင်မဟုတ်သော်လည်း မုန့်ယင်းရုန်ပြောသကဲ့သို့ သနားဖွယ်ကောင်းမနေချေ။ ယခုထိ မုန့်ယင်းရုန်၏မျက်လုံးထဲ၌ ကျုံချင်းယွီသည် ဘာမှမဟုတ်ပေ။မုန့်ယင်းရုန် အမြင်မှာတွင် ကျုံချင်းယွီ၏ ယခု ပုံစံနှင့်သာဆိုလျှင် ကျုံလုပ်ငန်းစုကို ကျုံယန်စီသာ ဆက်ခံရပေလိမ့်မည်။ကျုံချင်းယွီအတွက် နေရာမရှိပေ။
ဤသည်မှာလည်း ကျုံချင်းယွီ အမုန်းဆုံးအရာပင် ဖြစ်သည်။
သူတို့နှစ်ယောက်၏ ပိုမိုကြီးလာသည့်ပဋိပက္ခများထဲတွင် ယန်ရှီ လန့်လာသည်။သူမ ကျုံမိသားစုကို ယခင်ကရောက်ဖူးသည်။ထို့အပြင် ကျုံချင်းယွီနှင့်မုန့်ယင်းရုန်တို့၏ အချင်းပွားမှုများကိုလည်း သူမ သိသည်။ သူတို့နှစ်ယောက်သည် ဘယ်သောအခါမျှ ယဉ်ကျေးစွာ မပြောဆိုကျချေ၊အမြဲတမ်း အငြင်းပွားနေပြီး ခပ်ဆိုးဆိုးသာ ပြောဆိုကြသည်။
လူကုန်ထံ အသိုင်းအဝိုင်းထဲ၌လည်း ကျုံချင်းယွီနှင့် မုန့်ယင်းရုန်တို့ မတည့်ကြကြောင်း လူတိုင်းသိကြသည်။
ယန်ရှီ ကျုံချင်းယွီကို ထိန်းနိုင်ပါ့မလား မသေချာသော်လည်း လှမ်းဆွဲထားလိုက်သည်။ယခင်တုန်းက ကင်မရာနောက်ကွယ်တွင် သူတို့စိတ်ကြိုက် အငြင်းပွားနိုင်သော်လည်း ယခု ကင်မရာရှေ့တွင်မူ အငြင်းပွားမည်ဆိုလျှင် လူများရှေ့မှာ အရှက်ကွဲရပေလိမ့်မည်။
ကျုံချင်းယွီ ပြန်ပြောရန် ပြင်နေချိန်တွင် ယန်ရှီပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး မုန့်ယင်းရုန်ဘက်သို့ လှည့်လိုက်သည်။
“မစ္စမုန့်၊ ရှင်ပြောတာအမှန်တွေပဲလား”
မုန့်ယင်းရုန် ခဏလောက် ဆွံအသွားသော်လည်း သိပ်တော့ မသိသာချေ။
ယန်ရှီက ချက်ချင်း ထပ်ပြောသည်။
“ရှင် အခု ကျုံချင်းယွီအတွက်ပွဲတက်ဂါဝန်စီစဉ်ပေးမယ်လို့ ပြောလိုက်တာ ဟုတ်တယ်မလား၊ ရှင်က သိပ်ကို ကြင်နာတက်တာပဲ”
မုန့်ယင်းရုန် : “???”
သူ ဘယ်တုန်းကပြောလိုက်တာလဲ။
ယန်ရှီ မုန့်ယင်းရုန်၏မျက်နှာပေါ် တွင်ဖြတ်ပြေးသွားသည့် အံ့ဩမှုကို သတိထားမိလိုက်ပြီး ခပ်မြန်မြန်ပဲ ထပ်ပြောသည်။
“အိုး မစ္စမုန့်၊ ရှင့်စကားတွေကိုတော့ ရှင်ပြန်မရုတ်သိမ်းဘူးမလား၊ ရှင်ပဲ ကင်မရာတွေရှေ့မှာ ပြောခဲ့တာလေ၊ ချင်းယွီက မစ္စတာကျုံရဲ့ ညီမလေးဆိုတော့ သူအတွက် ဂါဝန်ငှားပေးမယ်ဆိုပြီးတော့”
မုန့်ယင်းရုန် ချောင်းဆိုးလိုက်သည်။
သူမ အသက်ပြင်းပြင်းရှု၍ ကိုယ့်ကိုကိုယ် တည်ငြိမ်အောင် ပြန်ထိန်းလိုက်သည်။
သူမ ကျုံချင်းယွီကို လှောင်ရယ်ချင်ရုံသာ။ဝတ်စုံငှားပေးရမယ် ဟုတ်လား။ကျုံချင်းယွီကို အကျီငှားပေးစရာ ဘာအကြောင်းမှ မရှိချေ။
သိူ့သော် ပြောပြီးသားစကား ဖြစ်သည့်အပြင် တိုက်ရိုက်ထုတ်လွှင့်နေသောကြောင့် သူမ ပြန်ရုတ်သိမ်း၍ မရတော့ချေ။ ထိုသို့ဆိုလည်း သူမ ကျုံချင်းယွီကို ဝတ်စုံအဟောင်းများပေးလိုက်လျှင် ရသည်ပဲလေ။ မုန့်ယင်းရုန် တွေးနေစဉ်မှာပင် ယန်ရှီသည် ခပ်ကျယ်ကျယ် ပြောလာသည်။
“ချင်းယွီ၊ မစ္စမုန့်က သိပ်ကိုသဘောကောင်းတာပဲ၊ နင့်အစ်ကိုမစ္စတာကျုံနဲ့ သူမက သိပ်ကိုရက်ရောတာပဲ၊ သူမက နင့်ကို အနည်းဆုံး ပွဲတက်ဂါဝန် အထည်နှစ်ဆယ်လောက် ငှားပေးမယ်ထင်တယ်၊ဟုတ်တယ်မလား”
“အထည်နှစ်ဆယ်”
ရဲ့လော့ယီ မနေနိုင်ဘဲ အာမေဍိတ်သံ ထွက်လာကာ တိုးတိုးပြောသည်။
“မများလွန်းဘူးလား”
ယန်ရှီက မသိသလိုပုံစံဖြင့်
“များလို့လား၊ ငှားရုံပဲလေ ပေးလိုက်တာမှ မဟုတ်တာ၊ ချင်းယွီက ပေါက်ဈေးအတိုင်း ဝတ်စုံနှစ်ဆယ်လောက်ကို အေးဆေးဝယ်နိုင်တယ်၊ မစ္စမုန့်ကို အထည်နှစ်ဆယ် ငှားခိုင်းတာ များသွားတာလား၊ ချမ်းသာတဲ့အမျိုးသမီးတွေက ဒီလောက် ကပ်စေးနည်းတာလား”
ကပ်စေးနည်းတယ်။
ဝတ်စုံအထည်နှစ်ဆယ် မငှားပေးလို့ ကပ်စေးနည်းတယ်လို့ ပြောချင်တာလား။
မုန့်ယင်းရုန် ပေါက်ကွဲချင်လာသည်။
ယခင်က ကျုံချင်းယွီသည် ဒေါသကြီးပြီး နည်းနည်းလေးပြောလိုက်ရုံနှင့် ပြန်ပြောတက်သည်။သူမ ဘာလို့ယခု ဒီလောက်တောင် ငြိမ်နေရတာလဲ။
ကျုံချင်းယွီကိုယ်တိုင်ကလည်း ယခင်င်ကနှင့် မတူညီဘဲ တည်ငြိမ်နေသည်။သူမ မုန့်ယင်းရုန်နှင့် တွေ့တိုင်း အငြင်းပွားနေကြဆိုသော်လည်း ယနေ့ သူမ ဒေါသထွက်မနေပေ။ ယန်ရှီလုပ်နေသည်မှာ မုန့်ယင်းရုန်ကို ဒေါသထွက်စေရန် လုပ်နေတာကြောင့် ဖြစ်ပေလိမ့်မည်။
မုန့်ယင်းရုန် ဒေါသထွက်နေသည်အား ကြည့်ရခြင်းသည် ကျုံချင်းယွီကို ပျော်ရွင်စေသည်။
ယန်ရှီသည် အခွင့်အရေးကို ဖမ်းချုပ်လိုက်သည်။နောက်လ Weibo မှာကျင်းပမည့် Fashion Weekတွင် သူမသည် M brand ဒီဇိုင်နာများ ချုပ်ထားသည့် ဝတ်စုံများကို စမ်းဝတ်ကြည့်ပြီး ခန္ဓာကိုယ်အချိုးအတိုင်း ပြန်လည်ပြင်တင်မည်ဟု ပြောလိုက်သည်။
မုန့်ယင်းရုန် ထောင့်တစ်နေရာသို့ သွားလိုက်သည်။သူမ ဝတ်စုံငှားမည်ဟု ပြောလိုက်မိပြီး ပြန်ရုတ်သိမ်း၍မရတော့ချေ။ အင်တင်တင်ဖြစ်နေသော်လည်း ဂါဝန်များ လာပို့ရန် အတွက် တစ်ယောက်ယောက်ကို လွှတ်လိုက်သည်။
သို့သော် ဝတ်စုံငှားခြင်းမှာ တစ်ကဏ္ဍဆိုသော်လည်း သူမ တစ်ခြားသူကို မည်သည့်ဝတ်စုံမျိူး ငှားနိုင်မည်နည်း။နာရီဝက်ကြာပြီးနောက် ဘလူး၏ကျယ်ဝန်းသော အဝတ်လဲခန်းထဲ၌ ဈေးကြီးသောဂါဝန် အထည်နှစ်ဆယ် ရောက်နေလေပြီ။ M brand ၏ ဖက်ရှင်များမှာ စွဲမက်ဖွယ်ကောင်းသော်လည်း ကျုံချင်းယွီကိုပို့လိုက်သည့် ဝတ်စုံများမှာ နောက်ဆုံးချုပ်မဟုတ်ဘဲ ယခင်ရာသီချုပ် ဝတ်စုံများသာ ဖြစ်သည်။
ဘလူး၏မန်နေဂျာသည် ဝတ်စုံတွေကို ကြည့်လိုက်ရုံဖြင့် မည်သည့်ဝတ်စုံဖြစ်သလဲ တန်းပြီး သိသည်။ သူသည် ကျုံချင်းယွီကို ခပ်တိုးတိုးပြောသည်။
“ဒါတွေက လွန်ခဲ့တဲ့သုံးနှစ်လောက်က ဟာတွေ”
အနုပညာလောကတွင် ထိပ်တန်းအနုပညာရှင်များကိုသာ နောက်ဆုံးချုပ်ပွဲတက်ဂါဝန်ကို ငှားပိုင်ခွင့်ရှိသည်။အမှတ်တံဆိပ်မှာ အရေးကြီးပေမယ့် အချိန်ကလည်းအရေးကြီးသည်။
မုန့်ယင်းရုန်သည် လိမ္မာပါးနပ်စွာ ပြောသည်။
“M brand ရဲ့ ထုံးစံအတိုင်း ဝတ်စုံငှားတာက အနုပညာရှင်ရဲ့ အဆင့်အတန်းပေါ်မူတည်တယ် ၊ ငါဒါကို…မပြောင်းလဲနိုင်ဘူး”
[ဟက်၊ မစ္စမုန့်က ကျုံချင်းယွီရဲ့အဆင့်အတန်းက နောက်ဆုံးချုပ်ဂါဝန်ငှားနိုင်လောက်တဲ့အထိ မမြင့်ဘူးလို့ ပြောချင်တာလား]
【ကျုံချင်းယွီ ဘာဝတ်စုံမှ ငှားနိုင်မှာ မဟုတ်ဘူး၊သူက အရင်ကဝည်းက အရံဇာတ်ဆောင်လေ၊ အရင်ရာသီချုပ်ဝတ်စုံပဲ သူရနိုင်မှာ】
【အဲဒီတော့ သူက ဝတ်စုံနှစ်ဆယ်ကို ငှားဖို့ကြိုးစားနေတာလား၊ ဒါတွေအကုန်လုံးက အရင်ရာသီကဟာတွေလေ၊ ငါတို့ရဲ့ ရဲ့လော့ယီက ၂၀၂၃ထုတ် နွေဦးဂါဝန်တစ်ထည်တည်းနဲ့ အကုန်လုံးကြားမှာ တောက်ပနေတာ 】
【ကျုံချင်းယွီရဲ့ အဆင့်အတန်းနဲ့ ရဲ့လော့ယီကို ဘယ်လိုယှဥ်နိုင်မှာလဲ စိတ်ကူးယဥ်နေလိုက် ]
ယန်ရှီ မုန့်ယင်းရုန်ငှားလိုက်သည့် ဝတ်စုံများကို ကြည့်ပြီးနောက် ကျုံချင်းယွီကို တံတောင်နှင့်တွန်းကာ ပြောလိုက်သည်။
“M brand က ဝတ်စုံတွေကို မဝတ်နဲ့၊ C brand က ဝတ်စုံတွေလောက် မလှဘူး”
သူမသည် မိုက်ခရိုဖုန်းကို မပိတ်ထားသောကြောင့် သူမအသံမှာ တိုက်ရိုက်ထုတ်လွှင့်မှုထဲတွင် ပါသွားသည်။သူမ သိသွားစဥ် မိုက်ကိုကာလိုက်ပြီး မေးလိုက်သည်။
“အင်း ငါပြောလိုက်သင့်လား”
ကျုံချင်းယွီ လှောင်သလို ရယ်လိုက်သည်။
“ဘာလို့မပြောရမှာလဲ၊ M brand ရဲ့ဝတ်စုံတွေက C brand လောက်မှ မလှတာ၊ ငါကဝတ်မယ်ဆိုရင်လည်း အကောင်းဆုံးတွေပဲဝတ်ချင်တာ၊ ငါ နင့်အတွက် ဝယ်ပေးတဲ့ ရေသူမဝတ်စုံကိုလည်း C brand ကပဲ ဝယ်ထားတာ၊ C brand က ထိပ်တန်းဇိမ်ထံအမှတ်တံဆိပ်လေ၊သူတို့က တော်ရုံဆို မငှားဘူး”
M brandမှာ အမှတ်တံဆိပ်မြင့်သော်လည်း ထိပ်တန်းအဆင့်တော့ မဟုတ်ချေ။ယန်ရှီသည် အပြင်းအထန် ခေါင်းညိတ်ပြပြီး
“အခုကြည့်လိုက်လေ၊ နင်ငါ့အတွက် ဝယ်ပေးတဲ့အကျီကမှ ပိုလှသေးတယ်၊ ဒီဝတ်စုံတွေကို မဒမ်မုန့်ဆီ ပြန်ပေးရအောင် ပြောရရင် လှမှမလှတာ”
【ငါလည်း မစ္စကျုံဝယ်ပေးတဲ့ ဝတ်စုံက ပိုလှတယ်လို့ ထင်တယ် 】
【မစ္စကျုံက ယန်ရှီအပေါ် သိပ်ကောင်းတာပဲ】
【M-brand ရဲ့ ဝတ်စုံတွေက မပြည့်စုံလိုက်တာ၊ အထည်နှစ်ဆယ်မှာ တစ်ထည်ကမှ ယန်ရှီနဲ့ မစ္စကျုံတို့ဝတ်ထားတဲ့ အကျီလောက် မလှဘူး၊ မစ္စကျုံ M brand ကို မဝတ်တာလည်း မဆန်းပါဘူး 】
မုန့်ယင်းရုန်၏ မျက်နှာမှာ ဒေါသကြောင့် ဖြူဖျော့လာသည်။
ပထမတစ်ခါကလည်း မကောင်းဘူးပြောတယ်၊နောက်တစ်ခါကျတော့လည်း မကောင်းဘူးပြောတယ်။ သူတို့ သူမကို မရှိဘူးများ အောက်မေ့နေကြတာလား။
အမှန်တွင် အဆင့်မြင့်ဇိမ်ခံဝတ်စုံများ အကုန်လုံးသည် ကိုယ်တိုင်ချုပ်လုပ်ထားခြင်းဖြစ်ပြီး သူတို့ တန်ဖိုးသည် အမှတ်တံဆိပ်၏ ဂုဏ်သိက္ခာအတိုင်းပင် မြင့်မားသည်။ဒီဇိုင်းပိုင်းအရ ပြောမည်ဆိုလျှင်လည်း သူတို့မှာ C brand လောက် နောက်ကောက်ကျမနေချေ။
မုန့်ယင်းရုန် အံကြိတ်လိုက်ကာ ယန်ရှီနှင့် ကျုံချင်းယွီတို့ ပြောသည့် စကားများကြောင့် ဒေါသထွက်လွန်းလို့ မျက်ရည်များတောင်ကျချင်လာသည်။
သူမက ယန်ရှီနှင့်ကျုံချင်းယွီတို့ကို အကျီငှားပေးမည်ဟု ပြောခြင်းမှာတောင် တရားလွန်နေလေပြီ။အနည်းဆုံးတော့ ကျုံချင်းယွီကို M brand၏ ဝတ်စုံများကို ဝတ်ပေးသင့်တယ်မလား။
ယန်ရှီ ရူးများသွားတာလားဟု ဝူလျောင်ထင်မိသည်။
လူအများကြီး ကြည့်နေသည့် တိုက်ရိုက်ထုတ်လွှင့်မှုကြီးမှာ သူမသည် M brand ဝတ်စုံဒီဇိုင်းကို ဝေဖန်လိုက်သည်တဲ့လား။ ထိုသို့ပြောလိုက်သောကြောင့် နောက်ကျလျှင် ကျုံချင်းယွီကို မည်သူက ဝတ်စုံငှားတော့မည်နည်း။ပြောစရာပင် မလိုချေ၊သူမ M brand က သတင်းခေါင်းစီးဝယ်ရန်စာ သူ့ကိုဆက်သွယ်နိုင်သည်။ယခုတော့ ကြည့်ရှုသူများသာ သိသေးသည်။အကယ်၍သူတို့သာ ဝယ်လိုက်မည်ဆိုလျှင် အင်တာနက်တစ်ခုလုံး သိသွားပေလိမ့်မည်။သူမသည် ကျုံချင်းယွီ၏ ဖက်ရှင်ပုံစံကို ချိန်းပစ်ဖို့ ကြိုးစားနေတာလား။ ထိုသို့ဆိုလျှင် ကျုံချင်းယွီတွင် ဝတ်စုံဝယ်ရန် ကိုယ်ပိုင်ငွေရှိသည်။ ကြေညာအတွက်လား၊ဖက်ရှင်မဂ္ဂဇင်းအတွက်လား။ သူမ တက်နိုင်လေသည်။
အစည်းအဝေးခန်းထဲ၌ ယန်ရှီ ဝူလျောင်ကို ပို့လို့သည့်စာကို ကျီးယန်မြင်လိုက်သည်။ခဏကြသောအခါ သူမ မေးလိုက်သည်။
“ကြေညာ…မစ္စကျုံက အဲလိုတွေ ရိုက်လို့လား”
ဝူလျောင် မေးစေ့ကိုပွတ်ပြီး စဉ်းစားနေသည်။
“သူရိုက်တယ်မလား”
မစ္စကျုံ၏ သရုပ်ဆောင်မှုများမှာ ရှုပ်ထွေးလွန်းသည်။အနုပညာလောကတွင် နှစ်နှစ်လောက်ကျင်လည်ခဲ့ပြီးသော်လည်း သူမနာမည်ထွက်ဖူးသည်မှာ မရှိသလောက်ရှားခဲ့သည်။သူမ အရံဇာတ်ဆောင်ဖြစ်နေသည့် တစ်ခုတည်းသော အကြောင်းအရင်းမှာ သူမ၏ ရုပ်ရည်နှင့် ကော်ဇော်နီပေါ်မှ သူမ၏ အသွင်အပြင်ကြောင့်ပင်ဖြစ်သည်။
ဝူလျောင်၏ ထင်မြင်ချက်များကို ကျီးယန် သဘောမကျပေ။
“သူရိုက်တယ်၊ပြီးတော့ E brand က သူမရဲ့ ကော်ဇောနီပုံစံကို သဘောကျလို့ ကြေညာရိုက်ဖို့ ကမ်းလှမ်းထားတယ်၊ ဒါပေမယ့် သူက အဲဒီအခွင့်အရေးကို ထျန်ဟွေ့ကိုလွှဲပေးလိုက်တယ်လေ”
ဝူလျောင်:?
ဝူလျောင် အံ့ဩတကြီး ထပ်မေးလိုက်သည်။
“ဖက်ရှင်မဂ္ဂဇင်းတွေကရော၊ သူရိုက်တယ်မလား”
ကျီးယန်: “ရိုက်တယ် ပြီးတော့ ထျန်းဟွေ့ကိုပေးလိုက်တယ်လေ”
ဝူလျောင်:???????
ဝူလျောင် သက်ပြင်းတောင် မချမိဘဲ အချိန်အတော်ကြာ တိတ်ဆိတ်နေမိသည်။ထို့နောက် ကျီးယန် ပခုံးကိုပုတ်လိုက်သည်။
“မင်းအတွက် ခက်ခဲခဲ့မှာပဲ”
ထို့ကြောင့် ကျုံချင်းယွီ ဝတ်စုံငှားရန် အမှတ်တံဆိပ်မလိုသည့်အပြင် ကြေညာ၊ မဂ္ဂဇင်းများလည်း ရိုက်စရာမလိုချေ။ ယန်ရှီ၏အပြုအမူများသည် သူမအပေါ် လွှမ်းမိုးမှုမရှိပေ။
ဝူလျောင် အမြဲတမ်း တစ်ခုခုမှားနေသည်ဟု ခံစားရသည်။ထို့အပြင် အနုပညာလောကတွင် သတင်းခေါင်းစီး ဝယ်သည်မှာ ပုံမှန်ပင်ဖြစ်သည်။ နာမည်ကြီးစေသော်လည်း ပြိင်ဘက်များ ပေါ်လာတက်သည်။ယန်ရှီ အဘယ်ကြောင့် ဤကဲ့သို့လုပ်သလဲ ဝူလျောင် နားမလည်ပေ။ ကျုံချင်းယွီ ဖက်ရှင်ပုံစံမရှိခြင်းမှာလည်း အဓိပ္ပါယ်အရှိပေ။ကျီးယန်သည် ဝူလျောင်ကိုခပ်ယဲ့ယဲ့ပြုံးပြီး ကြည့်နေသည်။
“မင်းကိုယ်မင်းဆိုးလှပြီ မထင်မနေနဲ့၊ ယန်ရှီငါ့ကိုလုပ်ခိုင်းတာက ပိုတောင် ဆိုးသေးတယ်”
ကျီးယန် ယန်ရှီပို့လိုက်သည့် မက်ဆေ့ခ်ျကို ဖွင့်ကြည့်လိုက်သည်။
“ယန်ရှီက ငါ့ကို ဥပဒေဌာနကို ဆက်သွယ်ပြီးတော့ မကြာခင် မစ္စကျုံက M brand နဲ့ ခေါင်းစီးကြေညာရိုက်မည်ဆိုတဲ့အကြောင်း ပြောလိုက်ပါတဲ့၊ သူက ဥပဒေဌာနကို ဘယ်အကြောင်းကိုမဆို ပြန်လည်ချေပဖို့ ပြင်ဆင်ထားပါတဲ့”
ဝူလျောင် မျက်လုံးကျယ်သွားသည်။
“သူတို့ M brand ကို ရသစုံရှိုးမှာ ဝေဖန်ခဲ့ပြီးတော့ အခု သူတို့က မစ္စကျုံကို M brand ရဲ့ မော်ဒယ်ဖြစ်ခိုင်းမယ်လို့ ထင်နေတာလား”
ကျီးယန် ခေါင်းညိတ်ပြသည်။
“ငါထင်တာတော့ ဒါယန်ရှီအကြံပဲနေမှာ”
ဝူလျောင်:??????
ဝူလျောင်၏ခေါင်းပေါက်ထွက်တော့မလို ခံစားရသည်။ယန်ရှီသာ စိတ်ထင်ရာမလုပ်ဘူးဆိုလျှင် M brand လည်းထိုသို့တုံပြန့်လိမ့်မည်မဟုတ်ချေ။ “M" နှင့်စသည့် ကုမ္ပဏီတိုင်းမှာ ဆိုးရွားနေတာမျိူးလည်း မဟုတ်ဘူးလေ၊ဟုတ်တယ်မလား။
ထို့အပြင်ကို ကမ္ဘာပေါ်မှာရှိသည့် အဆင့်မြင့်ဇိမ်ခံအမှတ်တံဆိပ်တွေအားလုံးက ကျုံချင်းယွီကို မော်ဒယ်ငှားနိုင်သော်လည်း M brandမှာတော့ မည်သည့်အခါမျှ မငှားလောက်ဘူးဟု ဝူလျောင် ထင်သည်။
M brand ၏ ဥက္ကဌသည် ကလေးသုံးယောက်ရှိသည့် မုန့်ဟွေ့ကူဖြစ်သည်။အကြီးဆုံးသား မုန့်ရွမ်းဟောင်၊ အကြီးဆုံးသမီး မုန့်ယင်းရုန်၊ ဒုတိယသား မုန့်ရွမ်းယွီဖြစ်သည်။
မုန့်ယင်းရုန်နှင့် ကျုံယန်စီတို့၏ ဆက်ဆံရေးကို လူတိုင်းသိသည်။ကျုံမိသားစု၏ ချမ်းသာမှုကြောင့် ကျုံယန်စီနှင့် ကျုံချင်းယွီတို့ အချင်းများကြခြင်းကိုလည်း ဝူလျောင်နှင့် ကျီးယန်တို့ကြားဖူးသည်။ထို့ကြောင့် M brandသည် ကျုံချင်းယွီကို မော်ဒယ်အဖြစ်ငှားရန် ဘယ်လိုမှ မဖြစ်နိုင်ပေ။
ဝူလျောင် ခေါင်းခဲစရာများ ရောလာတော့မည်ဟု ကြိုသိနေသည်။ကျုံချင်းယွီ အနေအထားနှင့် M brand ကို ကြေညာရိုက်ရန် အရည်အချင်းသိပ်မပြည့်ဝသော်လည်း ခေါင်းစီးတွင် ဖော်ပြခံရမည် မဟုတ်ချေ။ ယခုတော့ ယန်ရှီနှင့် ကျုံချင်းယွီတို့ M brand ကိုဝေဖန်ပြီး နာမည်ဆိုးတွင်စေလိုက်သောကြောင့် ကျုံယန်ကျီးပါ ပါဝင်လာတော့မည်။ဒါတောင် ယန်ရှီ ကျုံချင်းယွီက M brand၏ မော်ဒယ်ဖြစ်နိုင်သည်ဟု အဘယ်ကြောင့် တွေးနိုင်ရသနည်း။ဤသည်မှာ တော်တော်ကို အဓိပ္ပါယ်မရှိလှပေ။
ဝူလျောင် Weibo အဖွဲ့ကို မဆက်သွယ်ခဲ့ပေ။အးထိုအစား ယန်ရှီကို မက်ဆေ့ခ်ျပြန်ပို့ကာ ရှင်းပြလိုက်သည်။
“ငါဒီလိုခေါင်းစဉ်မျိုးကို မဝယ်နိုင်ဘူး၊ မစ္စကျုံရဲ့ ဖက်ရှင်အခွင့်အလမ်းတွေ ပျက်စီးသွားလိမ့်မယ်”
ယန်ရှီသည် ကျုံချင်းယွီနှင့် အတူ M brand ၏ ပွဲတက်ဂါဝန်များ ကိုဝေဖန်ရန် အလုပ်ရှုပ်နေသောကြောင့် ဝူလျောင်၏မက်ဆေ့ခ်ျကို မစစ်ကြည့်မိချေ။သို့သော်လည်း systemသည် ယန်ရှီလက်ထောက်အနေနှင့် မက်ဆေ့ခ်ျကို ကြည့်ပြီးနောက် စာပြန်လိုက်သည်။
“မဟုတ်ဘူး၊ရတယ်၊ ကျွန်မတို့အဲဒီသတင်းကိုဝယ်လိုက်ရင် M brand ရဲ့ နောက်ဆုံးချုပ် ဝတ်စုံတွေကို ငှားလို့ရသွားလိမ့်မယ် ပြီးတော့ သတင်းခေါင်းစီးမှာ ကြေညာဖို့လည်း သေချာသွားလိမ့်မယ်၊ မဝယ်ဘူးဆိုရင် ကျွန်မတို့အဲဒါတွေအကုန်လုံးကို ဆုံးရှုံးရလိမ့်မယ်”
သဘာဝမကျမှာ စိုးရိမ်သည့်အတွက် Systemသည် အပြုံးအီမိုဂျီလေးတစ်ခု ထည့်ရေးပေးလိုက်သည်။
ဝူလျောင်: “...”
ဝူလျောင် ယန်ရှီပြောသည်ကို မယုံနိုင်ပေ။ထို့အပြင် သူ ယခု “ခရီးသွားကြစို့” တိုက်ရိုက်ထုတ်လွှင့်မှုကိုကြည့်နေတာဖြစ်ပြီး ယန်ရှီသည် M brandမှ ဘလူး၏ ဒီဇိုင်းများကိုဝေဖန်နေသည်ကိုလည်း ရှင်းရှင်းလင်းလင်းတွေ့နေရပေသည်။ သူမ ဘယ်လိုစာပြန်လိုက်တာလဲ။
ဖုန်းအခိုးခံလိုက်ရတာလား။
ဝူလျောင် ပြန်လည်မတုံ့ပြန်မှန်းသိတော့ System က စာထပ်ပို့သည်။
“တကယ်လို့ ရှင်မဝယ်ဘူးဆိုရင် ကျွန်မ ဘာသာဝယ်လိုက်မယ်”
ယန်ရှီသည် သူမစိတ်ထဲရှိ system ကို ဝူလျောင်မှ ခေါင်းစီးသတင်းကိုဝယ်မှာ မဟုတ်ကြောင်း ကြိုပြောပြီးသားဖြစ်သည်။ထို့ကြောင့် သူမသည် system ကို ဘယ်လိုလုပ်လျှင် ကောင်းမလဲဟုတောင် မေးလိုက်သေးသည်။ ကျုံချင်းယွီ ယန်ရှီကိုပေးထားသည့်လက်ဆောင်များနှင့် ယန်ရှီ၏ကျောင်းထောက်ပံ့ကြေး ငွေများပေါင်းလိုက်လျှင် ခေါင်းစီးသတင်းကို အသာလေးဝယ်နိုင်သည်။
ဝူလျောင် အံကြိတ်လိုက်သည်။
ပုံမှန်ဆိုလျှင် သူဤကိစ္စမျိုးကို သဘောတူမည်မဟုတ်ပေ။သိူ့သော် ယန်ရှီသည် ယခင်င်ကထက် ပိုဖြတ်ထိုးညဏ်ကောင်းလာသောကြောင့် သူမျှော်လင့်ချက် နည်းနည်းလေးပိုထားလိုက်သည်။
ထားလိုက်ပါ၊ကျုံချင်းယွီရဲ့ဂုဏ်သိက္ခာက အရင်ကတည်းက မြောင်းထဲကျနေတာပဲဟာ။M brand ကို ဝေဖန်ရုံလောက်နဲ့ ဘာမှ ပိုမဆိုးသွားပါဘူး။
“Weibo ကို ခေါက်ထားလိုက်ရအောင်၊ တစ်ခြားနည်းလမ်းနဲ့လုပ်လို့ရသေးတယ်”
ဝူလျောင် သူ၏လက်အောက်ငယ်သားများကို အမိန့်ပေးသည်။
“ကုမ္ပဏီက ငွေပေးထားတဲ့ မှတ်ချက်ရေးတဲ့သူတွေရှိတယ်မလား၊ ခေါင်းစီးသတင်းအခုငါးဆယ်မှာ ဒီသတင်းကို ပွအောင်လုပ်လိုက်”
ထို့နည်းတူ ကျုံယန်စီသည်လည်း သတင်းများကို ညှိနှိုင်းဖုံးအုပ်နေလေသည်။
အစည်းအဝေးတွင် ပါဝင်သူများမှာ အောင်မြင်စွာ လက်မှတ်ထိုးပြီး လက်ဆွဲနှုတ်ဆက်ခဲ့ကြသည်။တစ်ခြားဖက်မှ ပြင်သစ်အမျိုးသား ကိုယ်စားလှယ်သည် ကျုံယန်စီကို ပြန်လည်ချီးမွမ်းခြင်းမရှိခဲ့ချေ။
“ကျုံ၊ မင်းက မုန့်ရွမ်းယွီ ထက်ပိုပြီးတော်တယ်။ငါတို့ရဲ့ အနာဂတ်ပူးပေါင်းဆောင်ရွက်မှုကို မျှော်နေမယ်နော်”
ကျုံယန်စီသည် တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။
“အကုန်လုံးအဆင်ပြေအောင် ကြိုးစားပါ့မယ်”
ကိုယ်စားလှယ်ထွက်သွားသည်နှင့် လက်ထောက်ဆန်းသည် ကျုံယန်စီကို ဘလူး၏အဖြစ်အပျက်တွေကို ပြောပြလိုက်သည်။
“မစ္စတာကျုံ ၊ မစ္စမုန့်က တကယ်စိတ်ညစ်နေတယ်”
လက်ထောက်ဆန်က အသိနိမ့်ကာပြောသည်။
“သူတို့က တိုက်ရိုက်ထုတ်လွှင့်မှုကြီးမှာ ပြောနေကြတာဆိုတော့ ယန်ရှီနဲ့ ကျုံချင်းယွီတို့က M brand ကို ဝေဖန်တာက ပျံ့နှံနေတယ်…”
ယန်ရှီနှင့် ကျုံချင်းယွီတို့သည် M brand ကို အတိုက်အခံလုပ်ရန်အတွက် မကြောက်ကြချေ။အဘယ်ကြောင့်ဆိုသော် သူတို့သည် အစကတည်းက M brand ကို ဝတ်ရန် စိတ်ကူးမရှိလို့ပင်ဖြစ်သည်။သို့သော် သူတို့မှတ်ချက်များသည်ညတစ်ခြားသူများကို M brand နှင့်C brand ကို နှိုင်းယှဉ်မှုတွေ ဖြစ်စေသည်။
[အမှန်အတိုင်းပြောရရင် မစ္စကျုံ ယန်ရှီကိုဝယ်ပေးထားတဲ့ ရေသူမပွဲတတ်ဝတ်စုံ နှစ်ခုစလုံးက မုန့်ယင်းရုန်ရဲ့ M brandက ဝယ်ထားတာ]
[မျှမျှတတပြောရမည်ဆို M brand ကဝတ်စုံတွေက လှတယ် ဒါပေမယ့် မုန့်ယင်းရုန်ယူလာတဲ့ အထည်နှစ်ဆယ်စလုံးက တစ်ထည်မှကြည့်မကောင်းတဲ့အပြင် မစ္စကျုံ ယန်ရှီကို C brandကနေ နောက်ဆုံးပေါ် ဆောင်းဦးရာသီ brandအကုန်လုံးကိုလည်း ဝယ်ပေးခဲ့သေးတယ်၊ ဒါက မတူတာတွေကို နှိုင်းယှဉ်နေသလိုပဲ၊ သူတို့က ဘယ်လိုပြိုင်နိုင်လဲ]
[အကယ်၍ မုန့်ယင်းရုန်သာ ကျုံချင်းယွီကို အကောင်းဆုံးဝတ်စုံတွေ ပေးခဲ့ရင် သူမဒီလိုမျိုး ဆိုးဆိုးရွားရွား ဝေဖန်ခံနေရမှာ မဟုတ်ဘူး]
……
“ကျွန်တော်တို့သိထားတဲ့ နောက်ဆုံးရ သတင်းတွေအရ C brand က ရေသူမဂါဝန်က ‘Ocean’ စီးရီးထဲက ဝတ်စုံတဲ့၊ နှစ်စုံစလုံးကို ကျုံချင်းယွီက မှာထားတာတဲ့၊ ယန်ရှီနဲ့ လိုက်ဖက်တော့ “ခရီးသွားစို့” ရသစုံရှိုးမှာ ဝတ်ဆင်ခဲ့တယ်၊နောက်တစ်စုံလည်း မှာထားပြီးသားတဲ့”
လက်ထောက်ဆန် ကျုံယန်စီကို တင်ပြသည်။
“သူတို့က M brand ကပွဲတက်ဂါဝန်တွေကို ဒီလိုဝေဖန်တော့ ရောင်းထွက်ဖို့ ခက်သွားပြီ”
#ယန်ရှီကM brand ဝတ်စုံတွေကို မလှဘူးပြော
#ကျုံချင်းယွီက M brand အင်္ကျီတွေကကို သဘောမကျ
ဟူသည့်ဟက်တဒ်များသည် နာမည်ကြီးနေသောကြောင့် M brand ၏ ဂုဏ်သတင်းအတွက် စိတ်ပူစရာပင်ဖြစ်သည်။
ကျုံယန်စီ နှာခေါင်းပွတ်ပြီးနောက်
“သတင်းကို ဖျက်ချလိုက်ပြီလား”
လက်ထောက်ဆန် ပြန်ပြောလိုက်သည်။
“ထိပ်တန်းသတင်း ၅၀ ထဲရောက်ကတည်းက ဖျက်လိုက်ပါပြီ”
အရာအားလုံးဖြစ်ပျက်ပြီးနောက် ကျုံယန်စီ ဒါကို တိုက်ဆိုင်မှုဟု မထင်မှတ်ပေ။ ယန်ရှီ ရှင်းယောင်ကို သတင်းခေါင်းစီး ဝယ်ခိုင်းလိမ့်မည်ဟု သူထင်ခဲ့သည်။
မည်သည့်အနုပညာရှင်မှ ဇိမ်ခံအမှတ်တံဆိပ်များကို လက်လွတ်စပယ် မဝေဖန်ရဲကြပေ။ထို့သို့ဝေဖန်သည်မှာ ဖက်ရှင်လောက၌ နာမည်ဆိုးတွင်စေပြီး တစ်ခြား အမှတ်တံဆိပ်များနှင့်ပါ လက်တွဲ၍အလုပ်လုပ်ရန် ခက်ခဲသွားစေနိုင်သည်။
သို့သော် ကျုံချင်းယွီမှာ ဂရုမစိုက်ချေ။ ပြောရမည်ဆိုလျှင် သူမသည် ဖောက်သည်ဖြစ်သည်။ သူမ ဝတ်ခဲ့သည့် ပွဲတက်ဂါဝန်တိုင်းမှာ သူမကိုယ်တိုင် ဝယ်ယူခဲ့ပြီး နှစ်တိုင်း ဘရန်းအမျိုးမျိုးတွင် သုံးဖြုန်းပေးခဲ့သည်။ ဘရန်းများကသာ သူမကို ဝယ်ချင်စိတ်ရှိစေရန် ကြိုးစားကြသည်။သာမာန်လူတစ်ယောက် အမှတ်တံဆိပ်တစ်ခုကို ဝေဖန်ခြင်းမှာ ဘာမှမဖြစ်သော်လည်း အနုပညာရှင်တစ်ယောက်ဝေဖန်ခြင်းမှာမူ ထိုအမှတ်တံဆိပ်ကို အမှန်ပင် သက်ရောက်စေလိမ့်မည်။
မုန့်ယင်းရုန်သည် သူမ ကျုံချင်းယွီကို ပွဲတက်ဝတ်စုံ မငှားနိုင်သောကြောင့် လှောင်ရယ်နိုင်မည်ဟု ထင်ခဲ့သော်လည်း အမှန်တွင် M brand၏ ဂုဏ်သိက္ခာကို အဖက်ဆယ်ရန် ကြိုးစားရပေတော့မည်။ကျုံယန်စီ မကူညီနိုင်ပေ။ သို့သော် သူ့အမေ ကူရာကယ်ရာမဲ့နေသည်ကို ခံစားမိသည်။ ကျုံချင်းယွီ၏အရှုပ်ထုပ်များကို မဖြေရှင်းရသည်မှာ ကောင်းသော်လည်း အကယ်၍ယန်ရှီသာ သူ့အမေကို ထိခိုက်မည်ဆိုလျှင် သူရှေ့ထွက်ပြီး ကူညီရမည်ပင်။
“မစ္စတာကျုံ မုန့်မိသားစုက ဖုန်းခေါ်လာတယ်”
လက်ထောက်ဆန်မှ ဖုန်းလှမ်းပေးလာသည်။ဖုန်းမျက်နှာပြင် ကိုကြည့်လိုက်စဉ် “မုန့်ဟွေ့ကူ ” ဟူသည့် နာမည်ပေါ်လာသည်။ မုန့်ယင်းရုန်၏အဖေ မုန့်ဟွေ့ကူသည် ကျုံယန်စီ၏အဖိုးပင်ဖြစ်သည်။ ကျုံယန်စီ ဖုန်းကိုင်လိုက်ပြီး
“အဖိုး ကျွန်တော်ပါ”
ဖုန်း၏တစ်ဖက်က လူကြီးက သက်ပြင်းချသည်။
“ယန်စီ၊ ယင်းရုန်နဲ့ ဒီကိစ္စနဲ့ပတ်သတ်ရင် အရမ်းကလေးဆန်လွန်းတယ်၊ ငါမင်းကို ကိုင်တွယ်စေချင်တယ်”
ကျုံယန်စီ ပြန်ပြောသည်။
“စိတ်မပူပါနဲ့၊ကျွန်တော် ဖြေရှင်းလိုက်ပါမယ်”
ဖုန်းခေါ်ဆိုမှုပြီးသွားသည့်နောက် အစည်းအဝေးခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်။
လက်ထောက်ဆန် အနည်းငယ် ခါးကွေးပြီး မေးလိုက်သည်။
“မစ္စတာကျုံ၊ M brand ရဲ့ PRက အလုပ်သိပ်မလုပ်ဘူး၊ ကျုံလုပ်ငန်းစုက PRအဖွဲ့ကို ဝင်ပါခိုင်းလိုက်ရမလား”
“မလိုဘူး”
ကျုံယန်စီ တည်ငြိမ်စွာ ပြန်ပြောသည်။
“PRအဖွဲ့က ဒါကို ကိုင်တွယ်နိုင်မှာ မဟုတ်ဘူး”
သူမတ်တပ်ထရပ်လိုက်သည်။
“M brand ရဲ့ အကန့်အသတ်ထုတ်တွေအပါအဝင် ဒီနှစ်ထုတ်ဝေမဲ့ ဝတ်စုံတွေက ပြင်ဆင်ထားပြီးသား မဟုတ်လား၊ ငါတို့ ဘလူးဆီကို သွားမယ်”
လက်ထောက်ဆန် ကြောင်သွားသည်။
“ကျွန်တော်တို့က ဘလူးဆီ ဘာသွားလုပ်မှာလဲ”
ကျုံယန်စီ ပြန်ပြောလိုက်သည်။
“ကျုံချင်းယွီနဲ့ ဆက်သွယ်ပြီးတော့ သူ့ကို M brand ရဲ့ မော်ဒယ်လုပ်ခိုင်းမလို့”