← Chapters

Chapter 34

Vol. 4 Ch. 34

Chapter 34

Vol. 4 Ch. 34

နောက်တစ်နေ့မနက်တွင် ကျုံချင်းယွီ ပင်ပန်းစွာနိုးထလာခဲ့သည်။ ယခင်နေ့များတွင် Face masks နှင့် အလှကုန်ပစ္စည်းများသုံး၍ အသားအရေထိန်းသိမ်းပြီးမှသာ အိပ်‌လေ့ရှိသည်။ ကျီယွမ်ဥယျာဉ် ပရောဂျက်ကြောင့်သာ မဟုတ်လျှင် သူမ ယခုလောက်အထိ ပင်ပန်းနေမည်မဟုတ်ချေ။

တစ်ဖက်တွင်မူ ရဲ့လော့ယီမှာ အားအင်များ ပြည့်ဝနေသည်။ ကျုံချင်းယွီ M brand နှင့် ကြေညာမရိုက်ကူးခင်တွင် သူမ စိတ်ညစ်စရာများနှင့်ကြုံတွေ့ ခဲ့ရသော်လည်း ဇာတ်လိုက်မတစ်ယောက် အနေဖြင့် အလိုက်သင့် ပြန်လည်ရုန်းထနိုင်ခဲ့သည်။ ဧည့်ခန်းထဲ၌ ကျုံချင်းယွီသည် ညိုနေ‌သည့်မျက်ကွင်းများအား နှိပ်‌နယ်နေသည်ကို ကြည့်၍ ရဲ့လော့ယီ အံ့ဩသကဲ့သို့ မေးလိုက်သည်။

“ချင်းယွီ၊ နင်မနေ့ညက မအိပ်ဘူးလား”

[ဟုတ်တယ်၊ငါသူ့ကို မျက်ကွင်းညိုနေတဲ့ပုံစံနဲ့တွေ့တာ ပထမဆုံးပဲ]

[မနေ့ညက ပါတီမှာကဲတာ လွန်သွားလို့ နေမှာပေါ့]

[မျက်ကွင်းညိုနေတာတောင် သူမက လှနေတုန်းပဲ]

ကျုံချင်းယွီသည် ရဲ့လော့ယီကို လျစ်လျူရှုလိုက်ပြီး ယန်ရှီကို ငေးကြည့်နေလိုက်သည်။

ယန်ရှီ: ????

ယန်ရှီသည် သူမကိုယ်သူမ လက်ညိုးထိုးကာ မသိသကဲ့သို့ မေးလိုက်သည်။

“ ကျီယွမ်ဥယျာဉ် ပရောဂျက်ကို ကြည့်ဖို့ ညလုံးပေါက်နေခဲ့ရတယ်ဆိုပြီး အခု ငါ့ကို အပြစ်လာပြောနေတာလား”

ပင်ပန်းခြင်းကို ဖြေလျော့ရန်အတွက် လူးဝစ်လာချပေးသော ဘလက်ကော်ဖီကို ကျုံချင်းယွီ တစ်ထိုင်တည်းသောက်ချပစ်လိုက်သည်။

“ဒါပေါ့၊နင့် အမှားပဲလေ၊ နင် ငါ့ကို ပရောဂျက် မကြည့်တော့ဖို့ လာဖျောင်းဖျလို့ရတာပဲလေ၊ ဘာလို့ လာမဖျောင်းဖျရတာလဲ”

ယန်ရှီ: “......”

မနေ့ညတွင် ယွီရှောင် လေလံပွဲအတွက် စီစဉ်ထားသည်များကို တင်ပြ၍ နောက်ဆုံးသဘောတူညီချက်ကို ရယူရန် ကျုံဟုန်ရှန့်ထံသို့ စီမံကိန်း ပို့ပေးခဲ့သည်။သို့သော် ကျုံမိသားစုကဲ့သို့ လုပ်ငန်းစုကြီးများအတွက် အစိုးရ အခန်းကဏ္ဍသည်လည်း အရေးပါလှသည်။ ကျုံဟုန်ရှန့်သည် နောက်ဆုံး ဆုံးဖြတ်ချက်ချရသူဖြစ်သော်လည်း စီမံကိန်းမှာ အစိုးရအပေါ်တွင် အများကြီး မူတည်နေသေးသည်။

ယန်ရှီ ရုတ်တရတ် တစ်စုံတစ်ခုကို စဉ်းစားမိသွားသည်။

“ကျီယွမ်ဥယျာဉ်ရဲ ရလဒ်ကို တရားဝင်ထုတ်ပြန်ပြီလား၊ ဘယ်သူနိုင်သွားလဲ”

“စီးပွားရေးလုပ်ငန်းရှင်တွေပဲပေါ့”

ကျုံချင်းယွီ စိတ်ပျက်လက်ပျက် ပြောသည်။

“ငါ ကျုံယန်စီကို အဲလိုအကြံမျိုးထွက်လိမ့်မယ်လို့ မထင်ထားဘူး”

“ဒါပေမယ့် လုမိသားစုနဲ့ ပေမိသားစုက လေလံပွဲမှာ ပါတယ်မလား၊ အနည်းဆုံးတော့ ငါတို့ နိုင်တယ်လေ”

ထိုသို့တွေးလိုက်မှသာ ကျုံချင်းယွီ အနည်းငယ် စိတ်သက်သာရာ ရသွားသည်။

ယန်ရှီ စနောက်ရန် အခွင့်ကို သတိပြုမိသွားသည်။

“အဲတော့ ရလာတဲ့အမြတ်တွေကို သုံးပစ်တာ ပိုမကောင်းဘူးလား အနည်းဆုံးတော့ နင် မျက်ကွင်းမညိုတော့…”

ကျုံချင်းယွီ ယန်ရှီကို စိတ်ဆိုးဆိုးဖြင့် လှည့်ကြည့်လိုက်သည်။

“သစ္စာဖောက်၊ ဘာမှလာမပြောနဲ့”

ယနေ့သည် ပြင်သစ်ခရီးစဉ်၏ နောက်ဆုံးရက်ဖြစ်သည်။ယခင်နေ့များကလို ဧည့်သည်များမှာ သူတို့ခရီးစဉ်သူတို့ စီစဉ်ထားခြင်းမဟုတ်ဘဲ ယနေ့မှာတော့ ဧည့်သည်များ အားလုံးအတူတကွ “အတူတူခရီးသွားကြစို့” အစီအစဉ်၏ ပရိုမိုးရှင်းဗီဒီယိုကို ရိုက်ကူးထုတ်လွှင့်မည်ဖြစ်သည်။

အစီအစဉ်ကို တိုက်ရိုက်လွှင့်ရုံသာမက ဖမ်းယူရိုက်ကူးထားမှာပင်ဖြစ်သည်။ အစီအစဉ်အတွက် ပရိုမိုးရှင်းဗီဒီယိုများသည် အများကြီးသရုပ်ဆောင်စရာမလိုသည့်အတွက် ယန်ရှီလို အနုပညာရှင်မဟုတ်သည့်သူများလည်း ပါဝင်လို့ရသည်။

ယနေ့၏လုပ်ဆောင်ချက်များကို တိုက်ရိုက်ထုတ်လွှင့်မည်မဟုတ်ချေ။ မနက်စာ စားပြီးနောက် ဧည့်သည်အသီးသီးသည် ဒါရိုက်တာယွီ နှင့် သူတို့၏ အပိုင်းများကို သီးခြားရိုက်ကူးကြပြီး နောက်ဆုံးတွင် ဧည့်သည်ရှစ်ယောက်စလုံး ရိုက်ကူးထားသည့် ဗီဒီယို ရလာသည်။အစီအစဉ်မှာ ရိုးရှင်းလွန်းသည်။

တစ်ဖွဲ့ရိုက်ကူးနေသည့်အချိန် အခြားတစ်ဖွဲ့သည် အေးအေးဆေးဆေး လျှောက်သွားပြီး အမှတ်တရပစ္စည်းများ ဝယ်လို့ရသည်။ ရိုက်ကူးရေးမလုပ်ရသည့်အခါ ဇိမ်ခံကားပေါ်တွင် ခြေဆန့်၍ အိပ်လည်းရသည်။

နေ့လည် ၂နာရီခန့်တွင် အဖွဲ့သုံးဖွဲ့၏ရိုက်ကူးမှု ပြီးဆုံးသွားသည်။ ကျန်းတုံနှင့် ရှောင်ယွီတို့သာ ရိုက်ကူးရန်ကျန်တော့သည်။

ရိုက်ကူးရေးသမားများသည် ဒါရိုက်တာယွီကို အလောတကြီး လာပြောလေသည်။

“ဒါရိုက်တာ၊ကျွန်တော်တို့နေရာတိုင်းမှာ ရှာပြီးပြီ၊ဒါရိုက်တာကျန်းနဲ့ ရှောင်ယွီကို မတွေ့ပါဘူး”

ဒါရိုက်တာယွီ စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းကုတ်လိုက်သည်။

“ဒီနှစ်ယောက်က ဘာဖြစ်နေတာလဲ၊ ငါတို့ ဒီပရိုမိုးရှင်းဗီဒီယိုရိုက်ပြီးရင် အိမ်ပြန်လို့ရပြီလေ၊ သူတို့က ဘာဖြစ်နေကြတာလဲ”

လူတိုင်းစိတ်ပူသွားကြသည်။ အရင်ဆုံး ရိုက်ကူးပြီးသွားသော ချင်းလီနှင့် ကန်းပေါ်ယဲ့အဖွဲ့သည် ကျန်းတုံနှင့် ရှောင်ယွီတို့ကို လိုက်ရှာကြသည်။ ဒါရိုက်တာယွီ သူတို့နားကိုချဉ်းကပ်လာပြီး

“ကျန်း၊မင်း ဒီလိုအချိန်မှာ ရှောင်ယွီနဲ့ ဘယ်တွေလျှောက်သွားနေတာလဲကွာ”

ကျန်းတုံပုံစံသည် အလွန်ကို စိတ်ဓါတ်ကျနေပုံပင်။သူ၏ ပါးလွှာသောဆံပင်ပုံစံမှာ ပုံပျက်နေပြီး သူ့မျက်နှာတွင်လည်း ပင်ပန်းနေသကဲ့သို့ ဖြစ်နေသည်။သူ၏မျက်လုံးထောင့်နားတွင် အရေးအကြောင်းများပင် ပေါ်နေသည်။ ကျန်းတုံသည် ၃၅နှစ်သာ ရှိသေးသည်ကို သူမ သိသော်လည်း ယခုသူ၏ပုံစံမှာ အသက်၅၀အရွယ် လူကြီးတစ်ယောက်နှင့် တူနေသည်။

“ The Bottom Line ရဲ့ ရင်းနှီးမြှုပ်နှံမယ့်သူ မရှိတော့ဘူး”

တစ်ရေးအိပ်နေသည့် ကျုံချင်းယွီသည် မျက်လုံးဖွင့်ကြည့်လိုက်သည်။

“ငါမနေ့က ကျီယွီဥယျာဉ် ပရောဂျက်ကို ကိုင်တွယ်နေတုန်း ဝူလျောင်ဆီက သတင်းကြားတယ်၊ ပြောရမယ်ဆိုရင် ကျန်းတုံကိုထောက်ပံ့ပေးနေတဲ့ ရင်းနှီးမြှုပ်နှံသူက ရုတ်တရတ်ကြီး ပျောက်သွားတယ်တဲ့”

ယန်ရှီ နားမလည်နိုင်ပေ။

“လူတစ်ယောက်က ဘယ်လိုလုပ် ရုတ်တရတ်ပျောက်….နေပါဦး၊ ဒါရိုက်တာကျန်းရဲ့ ရင်းနှီးမြှုပ်နှံမှုက‌ အခုဘယ်လိုဖြစ်သွားပြီလဲ”

“ပျက်ပြီ‌ပေါ့” ကျုံချင်းယွီ ပခုံးတွန့်ပြလိုက်သည်။

သူမသည် ဇိမ်ခံကား၏ ပြတင်းပေါက်မှန်ကို ချလိုက်သည်။ကားမှန်မှတစ်ဆင့် ကျန်းတုံသည် ဒါရိုက်တာယွီကိုဖက်၍ ငိုနေခြင်းကို တွေ့လိုက်သည်။

“ကျန်းတုံ ထုတ်လုပ်ရေးအဖွဲ့နဲ့ရိုက်ကူးနေကြမလို့ သဘောတူစာချုပ်တောင် ချုပ်စရာမလိုဘူးလေ၊ ပြီးတော့ သူက လိုင်မြို့ထဲ ရိုက်ကူးမယ့် နေရာအတွက်တောင် ငွေချေပြီးသွားပြီ၊ အခု ရင်းနှီးမြှုပ်နှံသူ မရှိတော့ သူရှေ့မှာ သုံးခဲ့တဲ့ငွေတွေအကုန် ဆုံးရှုံးသွားပြီ”

လက်ရှိတွင် ကျန်းတုံ လွန်စွာခံစား‌နေရသည်ကို ဧည့်သည်များမှာ စာနာသနားနေကြသည်။သို့သော်လည်း ယွမ်၂၀မီလီယမ်ဆုံးရှုံးမှုအတွက် သူတို့၏နှစ်သိမ့်မှုက အရာမထင်လှပေ။သူ့အတွက် စိတ်မကောင်းဖြစ်နေသော ဒါရိုက်တာယွီမှာလည်း ဧည့်သည်များကို ကျန်သည့်အပိုင်းဆက်လက်ရိုက်ကူးရန် ညွှန်ကြားလိုက်သည်။ကျန်းတုံကိုတော့မူ မရိုက်ကူးခိုင်းတော့ချေ။

ကျန်းတုံနှင့်ရှောင်ယွီတို့ ရိုက်ကူးရေးအပြင်၌ရှိသော ပန်းမွေ့ယာပေါ်တွင် ထိုင်ကာ ထောက်ပံ့ငွေရရှိရန်အတွက် ရင်းနှီးမြုပ်နှံသူတွေကို ကပြာကယာ ဆက်သွယ်နေကြသည်။သို့သော် သေချာစဉ်းစားကြည့်လျှင် အချိန်ရှိနေချိန်တွင် ရင်းနှီးမြှုပ်နှံသူ ရှာမတွေ့ခဲ့လျှင် အခြေအနေများမှာ ဒီထက်ပိုဆိုးကုန်တော့မည်ဆိုတာ သူတို့သိသည်။

ညနေငါးနာရီအရောက်တွင် ဒါရိုက်တာယွီမှ “အတူတူခရီးသွားစို့” အစီအစဉ်၏ ရိုက်ကူးရေး ပြီးမြောက်ကြောင်း တရားဝင်ကြေညာခဲ့သည်။ ရဲ့လော့ယီသည် ည၁၀နာရီ လေယာဉ်ကို ကြိုတင်မှာယူထားသောကြောင့် ဧည့်သည်တိုင်းသည် လေဆိပ်ကိုသွားရန် အထုပ်ပြင်ဆင်နေကြသည်။အိမ်ပြန်ခရီးသည် စိတ်ဝင်စားရန် မကောင်းသောကြောင့် တိုက်ရိုက်ထုတ်လွှင့်မည် မဟုတ်ချေ။

ကျန်းတုံနှင့်ရှောင်ယွီတို့ ငွေကြေးအခက်အခဲကိုဖြေရှင်းရန် တရုတ်ကို ချက်ချင်းပြန်ဖို့လိုနေသည်အား သိသည့်အတွက် အမြန် ပြင်ဆင်ထုတ်ပိုးနေကြသည်။

သို့သော်လည်း မနေ့ညက ရင်းနှီးမြှုပ်နှံသူပျောက်သွားမှန်းသိသည့်အချိန်ကစ၍ ဆက်တိုက်ဆက်သွယ်ခဲ့သော်လည်း ထိုလူ့ထံသို့ မရောက်ရှိခဲ့ပေ။သူတို့ တရုတ်သို့ရောက်လျှင် ရင်းနှီးမြှုပ်နှံသူကို ဆက်သွယ်ရန် အခွင့်အရေးရလာပေလိမ့်မည်။

အခန်းထဲတွင် ကျန်းတုံသည် ရင်းနှီးမြှုပ်နှံသူများကို ဆက်သွယ်နေပြီး ရှောင်ယွီမှာ အထုပ်အပိုးပြင်ဆင်နေသည်။ကျန်းတုံအငြင်းခံရသည်ကို သိ‌သော သူမသည် ကျန်းတုံဆီကိုလျှောက်သွားပြီး သူ၏လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလိုက်သည်။

ကျန်းတုံ၏အသံက စိတ်ဖိစီးမှုကြောင့် တိမ်ဝင်နေသည်။

“ငါတို့ ရင်းနှီးမြှုပ်နှံသူ မရှာနိုင်ရင် Hengdian က ငါတို့တိုက်ခန်း….”

“ရောင်းလိုက်မှာပေါ့”

ရှောင်ယွီ ကျန်းတုံ၏ပခုံးကို ပုတ်လိုက်သည်။

“ရပါတယ်၊ငါတို့ ပိုက်ဆံတွေထပ်ရှာလို့ရသေးတာပဲလေ”

“ဒါပေမယ့် ငါတို့ကလေး…”

ကျန်းတုံသည် ရှောင်ယွီ၏ ဗိုက်ကိုငေးကြည့်လိုက်သည်။သူမ၏ကိုယ်ဝန်မှာ နှစ်လလောက်ရှိနေပြီဖြစ်သည်။ သူမဗိုက်က မသိသာသေးသော်လည်း ထိုဗိုက်ထဲတွင် ဘဝအသစ်စမည့် သက်ရှိလေးရှိနေလေသည်။

ကျန်းတုံသည် “The Button Line” က သူ့ဘဝပြောင်းလဲနိုင်ရန် အခွင့်အရေးဖြစ်မည်ဟု မျှော်လင့်ခဲ့သည်။ ရှောင်ယွီနှင့်သူ၏ ကလေးကို ပိုကောင်းသည့်ဘဝတွက် ထားနိုင်လိမ့်မည်ဟု ထင်ခဲ့သည်။ယခုတော့ သူ အကုန်ဆုံးရှုံးသွားပြီ။

ဒေါက် ဒေါက် ဒေါက်…

တံခါးခေါက်သံကြောင့် သူ့အတွေးတွေရပ်သွားသည်။ ကျန်းတုံ မျက်ရည်များကို သုတ်လိုက်ပြီးနောက် အထုတ်အပိုးများနှင့်ရပ်စောင့်နေသော ချင်းလီကို တွေ့ရန် တံခါးဖွင့်လိုက်သည်။

“မင်းသွားတော့မှာလား”

ကျန်းတုံနားလည်ပါသည်။

“ငါတောင်းပန်ပါတယ်၊ ငါရင်းနှီးမြှုပ်နှံသူတွေကို ဆက်သွယ်တာနဲ့ အလုပ်ရှုပ်ပြီး အချိန်တွေဖြုန်းလိုက်မိတယ်၊ ငါတို့အခု အထုပ်အပိုးတွေပြင်ဆင်ပြီးသွားပြီ ဘယ်အချိန်ဖြစ်ဖြစ် ထွက်သွားနိုင်တယ်”

ချင်းလီ စကားဖြတ်ပြောလိုက်သည်။

“ဒါရိုက်တာကျန်း အခုမှ ရှစ်နာရီပဲရှိသေးတယ်လေ၊ လေဆိပ်ကိုသွားဖို့ အချိန်လိုသေးတယ်၊ ကျွန်တော် ရင်းနှီးမြှုပ်နှံမှုအကြောင်း ပြောချင်လို့ပါ”

ကျန်းတုံ ခေါင်းမော့လိုက်ပြီး သူ၏မျက်နှာက မယုံနိုင်သကဲ့သို့ ဖြစ်နေသည်။

“မင်း..မင်းက ရင်းနှီးမြှုပ်နှံချင်လို့လား”

ရှောင်ယွီ၏မျက်လုံးများလည်း မျှော်လင့်ချက်ရောင်ခြည်သန်းလာသည်။

“တံခါးမှာရပ်မနေနဲ့လေ ချင်းလီ အထဲဝင်”

“ရပါတယ်”

ချင်းလီ တည်တည်ငြိမ်ငြိမ်နှင့် ပြန်ပြောလိုက်သည်။

“အချိန်မကြာပါဘူး၊ဒီမှာပြောလည်းရပါတယ်”

ချင်းလီ၏ ရှည်လျားသော ၆ပေအရပ်ကြီးသည် ကျန်းတုံ၏ ၅ပေ ၇လက်မ အရပ်ကိုလွှမ်းမိုးထားသောကြောင့် ကျန်းတုံကို အနည်းငယ်ထိတ်လန့်စေသည်။

ကျန်းတုံ စိတ်လှုပ်ရှားမှုကြောင့် တံတွေးမျိုချလိုက်ပြီး ချင်းလီကို မျှော်လင့်ချက်ကြီးစွာ ကြည့်နေလိုက်သည်။

ချင်းလီ: “ကျွန်တော် စတော်ဘယ်ရီကွန်ရက် ကို ဆက်သွယ်လိုက်တယ်၊ သူတို့က “The Button Line”မှာ ၂၀မီလီယမ် ရင်းနှီးဖို့သဘောတူလိုက်ပြီ ဒါပေမယ့် ကျွန်တော့်ကို အဓိကဇာတ်ဆောင်တင်မှ ရင်းနှီးမှာ”

ကျန်းတုံ၏အပြုံးတွေ ရုတ်ချည်းပြောင်းလဲသွားသည်။

“ဒါ….ဒါပေမယ့် ငါ အဓိကဇာတ်ကောင် ရွေးပြီးပြီလေ”

ချင်းလီ ခပ်ယဲ့ယဲ့သာ ပြုံးပြလိုက်သည်။

“ကောင်းပါပြီ၊ဒါရိုက်တာကျန်း၊ ကျွန်တော်က ပြောပြရုံသက်သက်ပါ၊ မင်းမှာ တစ်ခြားရွေးစရာရှိရင် ကျွန်တော်ပြောတာတွေ စိတ်ထဲမထားပါနဲ့”

“ဒါပေမယ့်…”

ချင်းလီ ဖုန်းဖွင့်ကြည့်လိုက်သည်

“စတော်ဘယ်ရီကွန်ရက်က စဉ်းစားချိန် နှစ်ရက်ပေးထားတယ်၊ အခွင့်အရေးကို အသုံးချတက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”

ည ၁၀ နာရီတွင် ဧည့်သည့်‌များအားလုံး လိုင်မြို့၏ လေဆပ်၌ စုဝေးနေကြသည်။

ယခင်က သူ၏ စိတ်ပျက်ဖွယ်အခြေအနေဖြင့်စာလျှင် ကျန်းတုံ ယခုထိ စိတ်မကောင်းသော်လည်း ပိုကောင်းသည့်အရာကို ဆုပ်ကိုင်ရတော့မည်။ ယန်ရှီ သိချင်သော်လည်း ကျန်းတုံကို တိုက်ရိုက်မမေးရဲချေ။ ယန်ရှီသိလိုစိတ်ကို သတိပြုမိသော ရှောင်ယွီသည် သူမကို ပြောပြလိုက်သည်။

“ငါတို့ရင်းနှီးမြှုပ်နှံသူ ရှာတွေ့သွားပြီ”

“မြန်လိုက်တာ”

ယန်ရှီ အံ့ဩသမှုဖြင့် ပြန်ပြောသည်။

“ဂုဏ်ယူပါတယ်နော်”

“စတော်ဘယ်ရီကွန်ရက်က ရင်းနှီးပေးမယ်တဲ့လေ ချင်းလီဆက်သွယ်ပေးတာ၊ သူတို့က ၂၀မီလီယမ်ရင်းနှီးဖို့ သဘောတူလိုက်ပြီ၊ ငါတို့အစက ၃၀မီလီယမ်လောက်ကုန်ကျမယ်ထင်ခဲ့ပေမဲ့ နည်းနည်းချွေတာလိုက်တယ်လေ”

“စ‌တော်ဘယ်ရီကွန်ရက် ”

ကျုံချင်းယွီတစ်ချက်ရယ်လိုက်သည်။

“ဒါကငွေချွေတာရုံတင်မဟုတ်ဘူးမလား၊ စတော်ဘယ်ရီကွန်ရက်က အဲလောက် မရက်ရောတက်ဘူး သူတို့က ပရောဂျက်ရွေးလွန်းတယ်”

ကျုံချင်းယွီသည် ရှောင်ယွီ၏ ရှယ်ယာပိုင်ဆိုင်သူတစ်ဦးဖြစ်ပြီး ဤလမ်းကြောင်း၌ နှံစပ်စွာသိသူဖြစ်သည်။ ရှောင်ယွီ အတင်းပြုံးပြလိုက်သည်။

“သူတို့က ချင်းလီကို အဓိကဇာတ်ဆောင်ဖြစ်စေချင်တာ၊ ချင်းလီက ငါတို့အစကရွေးထားတဲ့ ဇာတ်ဆောင်လိုမဟုတ်ဘဲ လူသိများတယ်လေ”

ကျုံချင်းယွီ ပခုံးတွန့်လိုက်သည်။

“ဒါလည်းအဆင်ပြေတာပဲလေ။ “ The Button Line”လို ဇာတ်ညွှန်းနဲ့ ချင်းလီသရုပ်ဆောင်ရင် ငွေ၂၀မီလီယမ်ဆိုတာက သင့်တော်ပါတယ်။”

ဤအခြေအနေသည် နှစ်ဦးနှစ်ဖက်အကျိုးရှိသည့် စီမံကိန်းပင် ဖြစ်သည်။

ဤအခြေအနေတွင် ဆုံးရှုံးသွားသူမှာတော့ ရှန့်ရှင်းဟယ်ပင် ဖြစ်သည်။

ဒါပေမယ့် လူမသိသောသရုပ်ဆောင်ကို မည်သူက အလေးထားမည်နည်း။

ယနေ့ Fနိုင်ငံ လည်ပတ်ခရီးစဉ်ပြီးသွားသည်နောက် အရာရာဟာ ဝတ္ထု၏ ဇာတ်ကြောင်းအတိုင်း ပြန်လည်လှည့်ပတ်လာသည်။လေယာဉ်ပေါ်သို့တက်ရန် စာရင်းသွင်းပြီး‌နောက် ကိုယ်စီလေယာဉ်ပေါ်သို့တက်သွားကြသည်။ တစ်ဖက်တွင်တော့ ကျုံချင်းယွီနှင့်ယန်ရှီတို့မှာ ကိုယ်ပိုင်ဂျက်လေယာဉ်‌ဖြင့်သာ ပြန်ကြမည်ဖြစ်သည်။

ထိုအချိန် ယန်ရှီနှင့် ကျုံချင်းယွီတို့ နှစ်ယောက်တည်းသာ ဂျက်လေယာဉ်‌ေပါ်တွင်ရှိနေသည်။လေယာဉ်သည် ဟိုင်ချန်းမြို့သို့ မဟုတ်ဘဲ ကျုံချင်းယွီ ယနေ့ရိုက်ကူးရေးရှိသည့် ဟုန်ချန်းမြို့သို့ ဦးတည်နေသည်။ ယန်ရှီလည်း ဘာမျှလုပ်စရာမရှိသောကြောင့် ကျုံချင်းယွီနောက်လိုက်သွားရန်သာ ဆုံးဖြတ်လိုက်သည်။

လေယာဉ်ပေါ်၌ ကျုံချင်းယွီသည် အချိန်ကွာဟမှု‌ကြားတွင် အားအင်ပြန်လည်ဖြည့်တင်းရန်အတွက် အိပ်စက်အနားယူနေလေသည်။ ယန်ရှီကား အိပ်မပျော်သည့်အတွက် ရုပ်ရှင်ကြည့်၍ အချိန်ဖြုန်းနေလိုက်သည်။လေယာဉ်သည် Fနိုင်ငံမှ ထွက်ခွာသည်နှင့်တပြိုင်နက် ယန်ရှီ၏စိတ်ထဲတွင် အသိပေးချက်ပေါ်လာသည်။

[ဒင်း! ရသစုံရှိုးမှာ မင်း ကျုံချင်းယွီရဲ့ကံကြမ္မာကို ပြောင်းလဲပေးခဲ့တဲ့အတွက် ကျုံချင်းယွီရဲ့ ကံကောင်းမှုအမှတ် ၅ မှတ်တိုးတယ်၊ လက်ရှိ အမှတ်က ၁၉.၁ မှတ် ရှိသွားပြီ]

ရသစုံရှိုးတွင် ဝတ္ထုဇာတ်ကြောင်းကို သိသာစွာပြောင်းလဲခဲ့မည်ဆိုလျှင် ကံကောင်းမှုအမှတ်တိုးလာလိမ့်မည်ဟု System က ယန်ရှီ့ကို ကြိုတင်ပြောထားပြီးသားဖြစ်သည်။

ယန်ရှီ ဤမျှလောက်အထိ ကံကောင်းမှုတန်ဖိုး တက်လာလိမ့်မည်ဟု မထင်ခဲ့ချေ။ယခုတော့ ကျုံချင်းယွီ၏ ကံကြမ္မာပြောင်းလဲသွားပြီ။

“System ၊ ချင်းလီက ရှန့်ရှင်းဟယ်ရဲ့ အဓိကဇာတ်ဆောင်နေရာကိုယူသွားတာဆိုတော့ သူက ရှန့်ရှင်းဟယ်ရဲ့ကံကောင်းမှုကို နှုတ်ယူသွားတယ်လို့ ဆိုလိုတာလား”

[ဟုတ်တယ်]

အလင်းလုံးလေးပေါ်ထွက်လာသည်။

[ဘဝအခွင့်အရေးက အကန့်အသတ်ရှိတယ်၊ “The Button Line”ရဲ့အမျိုးသားဇာတ်ကောင်က အပြောင်းအလဲရှိကိုရှိမှာ၊ တကယ်လို့ ရှန့်ရှင်းဟယ်သာ ဒီအခွင့်အရေးကိုဆုံးရှုံးသွားရင် ချင်းလီဆီကို အဲဒီအခွင့်အရေးက အလိုလိုရောက်လာမှာပဲ]

ဤသည်မှာ ပေယွဲ့ပိုင် ကျုံချင်းယွီထံမှ ငွေ၊အရင်းအနှီး၊ကျော်ကြားမှုများကို အမျိုးသားဇာတ်ဆောင်၏ ကံကောင်းမှုများသုံးကာ လုယူတာနှင့် အတူတူပင်ဖြစ်သည်။

[ပြီးတော့ ချင်းလီက ရဲ့လော့ယီရဲ့လေးစားရတဲ့သူဖြစ်ပြီး သူပိုတော်လာရင် ပိုကံကောင်းလာရင် ရဲ့လော့ယီကိုလည်း အကျိုးရှိစေတယ်]

[ Host မင်းဒါကိုကောင်းကောင်းနားလည်သင့်တယ်၊ မင်း သူမဆီကနေ လက်ဆောင်တွေရတဲ့အခါ သူမရဲ့ကံကောင်းမှုတွေတိုးလာသလိုမျိုးပဲ တစ်ဦးကိုတစ်ဦးချိတ်ဆက်မှုကလည်း ကံကောင်းမှုကိုဖြစ်စေတယ်]

ချိတ်ဆက်မှုမှာလည်း ကံကောင်းစေသည်ပင်။

ယန်ရှီ ထိုစကားကို အချိန်အတော်ကြာ စဉ်းစားနေမိသည်။

ဝတ္ထုဇာတ်ကြောင်းမှာ တစ်ဝက်ပင်ရောက်နေပြီ။ထို့ပြင် ကျုံချင်းယွီ၏ ကံကောင်းမှုတန်ဖိုးတက်ရန်အတွက် ဇာတ်ကြောင်းကိုအမြဲတမ်းမပြောင်းနိုင်ချေ။ ကျုံချင်းယွီထံမှ လက်ဆောင်ရသည်ဖြစ်စေ ယန်ရှီသူမအတွက် ထောက်ခံပေးသည်‌ဖြစ်စေ ကံကောင်းမှုတက်လာသော်လည်း အချိန်ကြာသည်။ထို့ကြောင့် သူမ နောက်တစ်နည်းစဉ်းစားရပေတော့မည်။

ရှန့်ရှင်းဟယ်သည်လည်း တစ်စိတ်တစ်ပိုင်း ပါဝင်ပေလိမ့်မည်။

ယန်ရှီ: “ကျန်းတုံကို တစ်ယောက်ယောက်က ထောင်ချောက်ဆင်လိုက်တာလား၊ ရင်းနှီးမြှုပ်နှံမှုကြောင့်သာ မဟုတ်ရင် ကျန်းတုံ ချင်းလီကို အဓိကအမျိုးသားဇာတ်ဆောင်အဖြစ် ရွေးမှာမဟုတ်ဘူး”

[ကောင်းပြီ..]

Systemမှာ တုံ့ဆိုင်းနေသည်။

[Host ငါမသိဘူး ဝတ္ထုထဲမှာ မဖော်ပြထားဘူး]

ယန်ရှီအထင်သေးသလိုပြောသည်။

“ချင်းလီက အရံသရုပ်ဆောင်လေ၊ အဲတာကြောင့်ဝတ္ထုထဲမှာ ဖော်ပြထားမှာမဟုတ်ဘူး၊ တစ်ခြားဟာတွေလိုပဲ ဒီအပိုင်းက တော်တော်လွှမ်းမိုးတယ်၊ ကျန်းတုံ အရင်းအနှီးရပြီးလို့ ရိုက်ကွင်းလည်းငွေချေပြီးသွားတော့ ရင်းနှီးသူက ပျောက်သွားတယ်၊ ဲါက ချင်းလီကိုရွေးချယ်ဖို့ ကျန်းတုံကို ဖိအားပေးတာမဟုတ်ဘူးလား”

ပေယွဲ့ပိုင်၏ ကိစ္စနှင့်ယှဉ်လျှင် ချင်းလီ၏ကိစ္စက ပိုထင်ပေါ်သည်ဟု ယန်ရှီထင်သည်။သူမကို သာ့ကျားကျွမ် အထင်လွဲစေရန် လုပ်တာပင်ဖြစ်စေ ကျန်းတုံကိုအကွက်ဆင်တာဖြစ်စေ သူ၏အစီအစဉ်များအားလုံးကို စနစ်တကျချော့မွေ့အောင် စီစဉ်ထားသည်။

ဝတ္ထုတွင် ချင်းလီသည် ရဲ့လော့ယီကိုတစ်ဖက်သတ် အရူးအမူးချစ်နေသော အမျိုးသားအရံဇာတ်ကောင်အဖြစ် သရုပ်ဖော်ထားသည်။

သို့သော် တစ်‌ချို့အရာများသည် မမြင်တွေ့နိုင်သော်လည်း မည်သူအကျိုးအမြတ်များမည်ဆိုတာ စဉ်းစားဆုံးဖြတ်နိုင်သည်။

ကျန်းတုံ၏ကိစ္စတွင် အကျိုးအမြတ်ရသူမှာ ချင်းလီပင်။

ယန်ရှီတိုက်ဆိုင်မှုများကို မယုံကြည်သည့်အတွက် ချင်းလီကံကောင်းရုံသက်သက်ဟု သူမ မထင်ပေ။အကယ်၍ စတော်ဘယ်ရီကွန်ရက် မှ အရံသရုပ်ဆောင်ကို ဇာတ်ဆောင်တင်ချင်လျှင် အနုပညာလောကတွင် အရံသရုပ်ဆောင်များစွာရှိသောကြောင့် ချင်းလီမဖြစ်သင့်ချေ။

ကိုယ်ပိုင်ဂျက်လေယာဉ်သည် မနက်၆နာရီတွင် ဟုန်ချန်းမြို့သို့ ရောက်ရှိသည်။

လေယာဉ်ဆိုက်ကပ်ပြီးသည်နှင့်တစ်ပြိုင်နက် ကျုံချင်းယွီသည် ရိုက်ကွင်းနေရာသို့ တန်းသွားသည်။ လုပ်စရာမရှိသည့် ယန်ရှီမှာတော့ လေယာဉ်ပေါ်တွင် မနက်၈နာရီ မထိုးမချင်း မှေးနေလေသည်။ကျုံချင်းယွီ၏ အပိုင်းများကို ညအထိရိုက်မည်ဖြစ်သောကြောင့် ယန်ရှီတွင် ဟုန်ချန်းမြို့ကို လည်ပတ်ရန် အချိန်တစ်ရက်ရှိပေသည်။

ယန်ရှီ အနုပညာလက်ရာမြောက်သော အဆောက်အဦများနှင့်ပြည့်နှက်နေသည့် ဟုန်ချန်းမြို့ကို ပထမဆုံးရောက်ဖူးခြင်းဖြစ်သည်။ မြို့ထဲတွင် လမ်းပတ်လျှောက်ရသည်မှာ အရင်ခေတ်ကိုရောက်သွားသည့်အတိုင်းပင်။

သို့သော်လည်း နွေရာသီဖြစ်သောကြောင့် ဟုန်ချန်းမြို့၏ နေ့ခင်းအပူချိန်မှာ အတော်ပူသည်။တီရှပ်အကျီနှင့် ဘောင်းဘီတိုဝတ်ဆင်ထားသော်လည်း ယန်ရှီပူနေသေးသည်။လမ်းတစ်လျှောက်တွင် မပူသည့်အတိုင်း အကျီအထူကြီးများကိုဝတ်ဆင်ထားသည့် လူများကိုလည်း တွေ့မြင်ခဲ့သည်။

ရှေးယောင်းအိမ်ကြီး၏အပြင်ဘက်တွင် ယန်ရှီ ကျီးယန်ကို တွေ့လိုက်သည်။

အသက်သုံးဆယ်အရွယ် ကျီးယန်သည် ရိူရှင်းသောရှပ်အဖြူနှင့် ဂျင်းဘောင်းဘီကိုဝတ်ဆင်ထားပြီး ရင်ဘက်တွင်ဝန်ထမ်းတံဆိပ်ကို ကပ်ထားသည်။သူမ ယန်ရှီကိုတွေ့လိုက်သောအခါ လက်ယမ်းနှုတ်ဆက်ပြသည်။ ကျီးယန်သည် ယန်ရှီကို တံဆိပ်ပေးပြီး

“ဒီမှာ ဒါက *လော့ချန်းကျမ်းသစ္စာ* အဖွဲ့ရဲ့တံဆိပ်လေ၊ မင်းကျုံချင်းယွီရဲ့ ရိုက်ကွင်းကိုမလိုက်သွားဘူးလား၊ မင်းကဒီရောက်နေတာပဲ မင်း ဖန်းဆွေ့ကို ကြိုက်လား”

“ဟမ်? မင်းသူ့ကိုမသိဘူးလား၊ သူကအခုနောက်ပိုင်း တော်တော်နာမည်ကြီးနေတာလေ”

ယန်ရှီခေါင်းခါပြလိုက်သည်။သူမတစ်ညလုံး အဖြေရှာရန် ကြိုးစားသော်လည်း ရှန့်ရှင်းဟယ်၏တံဆိပ်မဗာ ဘာလဲဆိုတာ သူမစဉ်းစားမရချေ။ System ကိုကူညီပေးရန် ပြောပြီးနောက် သူမရှာတွေ့ခဲ့‌သည်မှာ ရှန့်ရှင်းဟယ်*လော့ချန်းကျမ်းသစ္စာ*အဖွဲ့တွင် မကြာခဏ ရိုက်ကူးရေးလုပ်လေ့ရှိမှန်း သူမ သိသွားသည်။ထို့ကြောင့် သူမ ဤနေရာတွင်ကံကောင်းမှုရှာရန် ဆုံးဖြတ်လိုက်သည်။

“ကောင်းပြီ၊ရှောင်ယွီက လော့ချန်းကျမ်းသစ္စာအသင်းမှာ အများကြီး ရင်းနှီးမြှုပ်နှံထားတာလေ၊ ဒါပေမယ့် တံဆိပ်ရဖို့ကတော့ မခက်ပါဘူး၊ မင်းအထဲမှာဓါတ်ပုံရိုက်လို့ရတယ်၊ဒါပေမယ့် ဘာမှမကြေညာမိစေနဲ့၊ဟုတ်ပြီလား”

ကျီးယန်သည် ယန်ရှီအခြေခံစည်းကမ်းတွေ သိလောက်မည်ဟုယူဆပြီး အများကြီးသတိမပေးတော့‌ချေ။

သူတို့ လော့ချန်းကျမ်းစာအသင်းကိုရောက်သည့်အခါ ကျီးယန်မှာ ပရိုဂျူဆာကိုနှုတ်ဆက်နေသည်။ရင်းနှီးမြှုပ်နှံသူတစ်ဦးအနေဖြင့် ရှောင်ယွီကိုလေးစားစွာ ဆက်ဆံကြသည်။ယနေ့ အဓိကအတိုက်အခိုက်ခန်းကို ရိုက်ကူးမည့်ဇာတ်ဆောင်များလည်း ရောက်ရှိနေကြသည်။ ပရိသတ်များနှင့် ပါပါရာဇီများကို ကြီးမားသော အစိမ်းရောင်ပိတ်စများဖြင့် ကာထားသည်။ အထဲတွင် လူထုကြီးနှင့် သရုပ်ဆောင်များ ပြည့်နှက်နေသောကြောင့် အလွန်ပူအိုက်လွန်းလှသည်။

ယန်ရှီ အမျိုးသားဇာတ်ဆောင် ဖန်းဆွေ့ရိုက်ကူးနေသည်ကို ကြည့်နေသည်။သူ၏ပုံစံမှာ မသေသပ်သော်လည်း သူကဓါးရှည်ကိုကိုင်ဆောင်ကာ အင်ပါယာမြို့ကို သိမ်းပိုက်နေသော ဇာတ်ဝင်ခန်းကို ရိုက်ကူးနေသည်။

ဖန်းဆွေ့၏ ဓါးသိုင်းကွက်များကို ကြည့်ရှုရန် အနားပိုကပ်သွားလိုက်သည်။ ဖန်းဆွေ့ကိုတားဆီးရန် စစ်သားတစ်‌ယောက် သူ့ရှေ့၌လာရပ်သော်လည်း ချက်ချင်းပင် သူ၏ဓါးချက်ကြောင့် လှဲကျသွားသည်။

ထို့နောက် ဖန်းဆွေ့အင်ပါယာဘုရင်ထံ လျှောက်သွားပြီး သူ၏ရင်ဘက်ကိုဓါးဖြင့် ထိုးချလိုက်သည်။

“ရပ်”

ဒါရိုက်တာသည် ခဏနားရန် ပြောလိုက်သည်နှင့် လက်ထောက်လေး၊ငါးယောက်သည် ဖန်းဆွေ့ဘေးသို့ ကပျာကယာသွားသည်။ တစ်ချို့မှာ ချွေးသုတ်ပေးပြီး တစ်ချို့မှာမူ ရေတိုက်နေကာ တစ်ချို့သည် အေးသွားသေရန် ယက်ခပ်ပေးနေသည်။အရံသရုပ်ဆောင်များသည်လည်း လက်ထောက်များနှင့် လိုအပ်သည်များကို ပြင်ဆင်နေသည်။

ဖန်းဆွေ့၏လက်ချက်ကြောင့် လဲကျသွားသော စစ်သားတစ်ယောက်သည် ခြေထောက်နာကျင်သွားဟန် တူသည်။

ရိုက်ကူးရေးမပြီးသေးသည့်အတွက် သူ၏မျက်နှာပေါ်ရှိ သွေးများကို မဖျက်ရဲချေ။သူသည် အနီးနားရှိခုံပေါ်တွင် ထိုင်လိုက်ပြီး ရေဘူးယူရန်အတွက် သူ၏အားကစားအိတ်ကို လက်လှမ်းလိုက်သည်။ရေမရှိတော့သည်ကိုတွေ့သောအခါ စိတ်ပျက်သွားသော်လည်း ဘာမှမပြောဘဲ ရေဘူးကိုအိတ်ထဲပြန်ထည့်လိုက်သည်။စေးကပ်နေသော သွေးမိတ်ကပ်သည် သူ့ကိုယားယံစေပြီး မသက်မသာဖြစ်စေသော်လည်း သူသည်းခံရပေမည်။

“ရေသောက်ချင်လို့လား”

ယန်ရှီ ရှန့်ရှင်းဟယ်ကို ရေဘူးကမ်းပေးလိုက်သည်။

ရှန့်ရှင်းဟယ် လန့်သွားပြီး သူ၏ဘေးတွင်ရှိနေသောမိန်းကလေးကို စိတ်ရှုပ်သွားသကဲ့သို့ ကြည့်လိုက်သည်။ သူမ၏ မိတ်ကပ်မလိမ်းထားသောမျက်နှာလေးမှာ ဖြူစင်လှပြီး အပူဒဏ်ကြောင့် သူမနဖူးတွင် ဆံပင်စလေးများမှာ စေးကပ်နေသည်။

“ကျေးဇူးပါ…”

ရှန့်ရှင်းဟယ် အာခြောက်နေသောကြောင့် ရေကိုယူသောက်လိုက်သည်။ ယန်ရှီသည် ခုံပုလေးကိုဆွဲယူကာ ရှန့်ရှင်းဟယ်ဘေးတွင် ထိုင်လိုက်သည်။

သူသည် ပင်ပန်းမှုကြောင့် ရေအများကြီးသောက်လိုက်သည်။သူ၏ လည်စေ့မှာလှုပ်ချည်ပေါ်ချည်ဖြစ်နေပြီး လည်ပင်းမှချွေးများသညိ အကျီကော်လံထဲသို့ စီးသွားသည့်ပုံစံသည် ဆွဲဆောင်မှုရှိလှသည်။သူသည် ခေါင်းစွပ်ဝတ်ဆင်ထားပြီး သူ၏မျက်နှာမှာ သွေးများနှင့်ပေပွနေသောကြောင့် သူ၏ပုံစံအစစ်ကို မမြင်ရချေ။

System သာသတိမပေးဘူးဆိုလျှင် ယန်ရှီသူ့ကို ရှန်းရှင်းဟယ်မှန်း သတိပြုမိမည်ပင် မဟုတ်ပေ။

ကျန်းတုံ၏ရိုက်ကူးရေးတွင် ရှန့်ရှင်းဟယ်၏မိတ်ကပ်မပါသည့် မျက်နှာကို သူမ မြင်ဖူးသည်။ ကင်မရာသည် သူ့ကိုမရိုက်ကူးနေလျှင်တောင် ရှန့်ရှင်းဟယ်ပြုံးလိုက်သည့်အခါ သူ၏ဆိုးသွမ်းသော ခပ်မိုက်မိုက်ပုံစံမှာ မိန်းကလေးအများစုကို အမှန်ပင် ဆွဲဆောင်နိုင်သည်။

သို့သော် ယခုတွင် သူသည် တစ်ခြားသူတစ်ယောက်လိုပင်။

တစ်စုံတစ်ယောက် ပြောဖူးသည့်စကားတစ်ခွန်းရှိသည်။ “ရွေက အမြဲတမ်းတောက်ပတယ်”။

ယန်ရှီ ဤအခြေအနေမှာ မှားနေမှန်းသိသည်။ ရွှေသည်တောက်ပနိုင်သော်လည်း အရင်ဆုံး တောက်ပကြောင်းပြသရန် လိုသေးသည်။ထိုသို့မဟုတ်လျှင် မည်မျှပင်တန်ဖိုးရှိပါစေ အသုံးမဝင်ချေ။ ရှန့်ရှင်းဟယ် ရေတစ်ငုံသောက်လိုက်ပြီး ယန်ရှီသူ့ကို ကြည့်နေမှန်း သတိပြုမိသွားသည်။သူ၏မျက်နှာသည် ချက်ချင်းနီရဲသွားပြီး နားရွက်များမှာလည်း သွေးဖြန်းလိုက်သကဲ့သို့ နီရဲသွားသည်။

“မင်း…”

သူ စကားပြောတော့မည့်အချိန်တွင် ယန်ရှီသည် သူမ၏ ဖန်းဆွေ့ပုံကပ်ထားသော လက်ကိုင်ပန်ကာလေးကိုထုတ်ကာ သူမကိုယ်သူမ အေးအောင်လုပ်နေသည်။

သူပြောချင်သောစကားများသည် တစ်စို့သွားပြီး သူ့ကိုယ်သူ ခပ်ယဲ့ယဲ့ပြုံးမိသွားသည်။

ဖန်းဆွေ့ကဲ့သို့ အနုပညာရှင်ရှိနေတာတောင် သူမက သူ၏ပရိသတ်ဖြစ်လိမ့်မယ်ဟု အဘယ့်ကြောင့်ထင်မိသနည်း။

သူမသည်လည်း ဖန်းဆွေ့ကို ချဉ်းကပ်ချင်သောပရိသတ်သာဖြစ်လိမ့်မည်။ ကံဆိုးချင်တော့ ဖန်းဆွေ့အနားတွင် လူအရမ်းများနေသောကြောင့် သူမ သွား၍မရပေ။

“မင်းနောက်ကျမှ လာရမှာ”

ရှန့်ရှင်းဟယ် ပြောလိုက်သည်။

“ဖန်းဆွေ့ကရိုက်ကွင်းပြီးသွားရင် ပရိသတ်တွေကို လက်မှတ်ထိုးပေးတယ်”

“ဖန်းဆွေ့”

ယန်ရှီ ရှုပ်ထွေးသွားသည်။

“ကျွန်မက ဖန်းဆွေ့ရဲ့ပရိသတ်မဟုတ်ဘူး”

“ဒါဆိုဘာလို့…”

ရှန့်ရှင်းဟယ် ယန်ရှီပန်ကာပေါ်တွင် ကပ်ထားသည့်ပုံလေးကို လက်ညိုးထိုးပြလိုက်သည်။

“အော် ဒါလား”

ယန်ရှီ ပန်ကာပေါ်တွင် ကပ်ထားသော ဖန်းဆွေ့၏ပုံကိုကြည့်ပြီး ရယ်လိုက်သည်။

“ဖန်းဆွေ့ရဲ့ပရိသတ်တစ်ယောက်က ကျွန်မကိုပေးလိုက်တာလေ၊ ဟုန်ချန်းမှာ တကယ်ပူတာပဲ ရှင်ရောလိုချင်လား၊ ကျွန်မမှာ အများကြီးပါတယ်”

ယန်ရှီက ရှန့်ရှင်းဟယ်ကိုလေနည်းနည်းမှုတ်ပေးလိုက်ပြီးနောက် ပန်ကာ‌နှစ်ခု‌ေပးလိုက်သည်။

“ရှင်သိလား၊ပစ္စည်းသေးသေးလေးဆိုပေမယ့် တကယ်အသုံးဝင်တယ်”

နွေးထွေးသောလေညှင်း‌များမှာ ထိုမိန်းကလေးထံမှ ပန်းမှထုတ်ယူထားသော ရေမွှေးရနံ့ကိုပျံ့နှံစေသည်။

“စကားမစပ်”

ယန်ရှီသိချင်သည်ကို မေးလိုက်သည်။

“ကျွန်မရှင့်ကိုသိတယ်၊ ရှင် ဒါရိုက်တာကျန်းရဲ့ ဒရမ်မာမှာ စာချုပ်ချုပ်ထားတယ်မလား၊ ရှင်က အဓိကဇာတ်ဆောင်လေ ဟုတ်တယ်မလား၊ ရှင်ကဘာလို့ဒီမှာ အရံလုပ်နေတာလဲ”

ရှန့်ရှင်းဟယ် ယန်ရှီကို အံ့ဩသလိုကြည့်လိုက်သည်။

“မင်း ငါ့ရဲ့*The Button Line*အကြောင်းကို ဘယ်လိုသိတာလဲ”

ရှန့်ရှင်းဟယ်နှင့် ကျန်းတုံတို့ ပူးတွဲရိုက်ကူးရန်စီစဉ်နေသော်လည်း *The Button Line *၏ ရင်းနှီးငွေမရသေးသော်ကြောင့် ပရိသတ်များသိ၍မရပေ။

ယန်ရှီ၏မျက်လုံးများတောက်ပလာပြီး သူမ၏အမှတ်တံဆိပ်ကို ညွှန်ပြသည်။

“ကျွန်မက ဒီထဲကလူပဲ၊ ကျွန်မရှင့်ရဲ့ လူရွေးပွဲဗီဒီယိုကို ကြည့်ပြီးသွားပြီ ရှင်တကယ်တော်တာပဲ”

အတည်ပြုပြီးနောက် ရှန့်ရှင့်ဟယ်၏နှုတ်ခမ်းများ ပြုံးယောင်သန်းသွားသည်။ သူ၏ ခပ်မိုက်မိုက် မျက်နှာတွင် ရိုးသားသောပုံရိပ်များ ပေါ်နေသည်။

“ဟုတ်တယ်၊ ငါလူရွေးပွဲအောင်သွားတယ်လေ၊ ဒါပေမယ့် ဒါရိုက်တာကျန်းက ရန်ပုံငွေမရှာရသေးဘူး အဲဒါသာရှိရင် ငါတို့စရိုက်လို့ရပြီ”

[Host၊ ကြည့်ရတာ ရှန့်ရှင်းဟယ်က *The Button Line *ရဲ့ အဓိကဇာတ်ဆောင်ပြောင်းသွားတာ သိသေးပုံမရဘူး]

[အင်းလေ၊မနေ့ညကမှ ဆုံးဖြတ်ချက်ချထားတာဆိုတော့ ဒါရိုက်တာကျန်း သူ့ကိုမပြောရသေးတာနေမယ်]

System စကားပြောပြီးသည်နှင့် ရှန့်ရှင်းဟယ်၏ဖုန်း မြည်လာသည်။

ယန်ရှီဖုန်းကိုကြည့်လိုက်သည့်အချိန် ခေါ်ဆိုသူမှာ “ဒါရိုက်တာကျန်း” ဖြစ်သည်။

ရှန့်ရှင်းဟယ် ယန်ရှီကိုခွင့်တောင်းပြီးနောက် ဖုန်းပြောဖို့အပြင်ထွက်သွားသည်။ ယန်ရှီအဝေးတစ်နေရာမှ လှမ်းကြည့်နေသည်။အစပိုင်းတွင် ရှန့်ရှင်းဟယ်မျှော်လင့်စွာ ပြုံးနေသော်လည်း ကျန်းတုံပြောပြီးသည့်အချိန်တွင် အပြုံးများသည် တဖြည်းဖြည်းမှေးမှိန်လာကာ ပျောက်ကွယ်သွားတော့သည်။

သူ၏ချောမောသောအသွင်အပြင်တွင် ဆုံးရှုံးသွားသောအမူအရာမှ အပ ဘာမျှမရှိတော့ချေ။

သူသည် ဘာမှပြန်မပြောဘဲ ယန်ရှီဘေးသို့ ပြန်ရောက်လာသည်။

*လော့မြို့ တိုက်ပွဲ* ရိုက်ကူးရေးအဖွဲ့ သရုပ်ဆောင်များအား ဆက်လက်ရိုက်ကူးရန် တိုက်တွန်းလေသည်။ ရှန့်ရှင်းဟယ် မျက်လွှာကိုအောက်ချထားသောကြောင့် ယန်ရှီမှာ သူ၏ မျက်တောင်ရှည်များကိုသတိပြုမိသွားသည်။ ထိုမျက်တောင်ရှည်များကြောင့် ရှန့်ရှင်းဟယ်၏မျက်လုံးထဲမှ အကြည့်များကိုမြင်နိုင်ရန် မလွယ်ကူပေ။

“ငါမင်းကိုစိတ်ပျက်အောင်လုပ်မိလို့တောင်းပန်ပါတယ်။ငါ * The Button Line* မှာ သရုပ်မဆောင်နိုင်တော့ဘူး”

ယန်ရှီ သူ့ကိုအားပေးသည်။

“အားမငယ်ပါနဲ့ အခွင့်အရေးတွေရှိပါသေးတယ်”

ရှန့်ရှင်းဟယ် ခေါင်းခါပြသည်။

“အတည်ပြုပြီးသွားပြီ အခွင့်အရေးမရှိတော့ဘူး”

သူသည် ယန်ရှီကို နူးညံ့စွာကြည့်သည်။

“ဒါပေမယ့် ဒါရိုက်တာကျန်းက အမြင်ရှိတယ်၊ သူရွေးလိုက်တဲ့ ဇာတ်ကောင်ကို မင်းသဘောကျမှာသေချာတယ်”

ရိုက်ကူးရေးအဖွဲ့သည် အရံများကို နေရာယူကြရန် မှာကြားလိုက်သည်။ရှန့်ရှင်းဟယ်၏မျက်နှာသည် စိတ်ညစ်နေပုံပေါ်သော်လည်း ရိုက်ကွင်းထံသို့ သွားရောက်နေရာယူကာ အသက်ပြင်းပြင်းရှုလိုက်သည်။ စိတ်ညစ်မှုများကိုဖုံးကွယ်လိုက်ပြီး သူ၏မျက်လုံးများကို ခပ်ကျယ်ကျယ်ဖွင့်ကာ သေရန် အဆင့်သင်ဖြစ်နေသည့်စစ်သားတစ်ယောက်သကဲ့သို့ ပြောင်းလဲလိုက်သည်။

All Chapters