← Chapters

Chapter 39

Vol. 4 Ch. 39

Chapter 39

Vol. 4 Ch. 39

ချင်းလီတွင် အွန်လိုင်းပေါ်မှ သတင်းများအားစစ်ကြည့်ရန် အချိန်မရှိချေ။အမှန်မှာမူ သူ့အတွက် ပို၍အရေးကြီးသောကိစ္စနှင့် ကြုံတွေ့နေရသောကြောင့်ဖြစ်သည်။မနေ့ညတွင် သူနှင့်ရှမော့မော့တို့ ကိုယ်ဝန်ဖျက်ချရန် ဆုံးဖြတ်ခဲ့ကြပြီး သူမသည်လည်း သဘောတူခဲ့သည်။သို့သော် မနက်‌အ‌ရောက်တွင် ရှမော့မော့မှာ စိတ်ပြောင်းသွားခဲ့သည်။သူမအား အတင်းအကျပ်ဖိအားပေး၍ ကိုယ်ဝန်ဖျက်ချခိုင်းမည် စိုးရိမ်သည့်အတွက်ကြောင့် သူမ ဟိုင်မြို့သို့ပြန်မည့် လေယာဉ်ကို ကြိုတင်မှာယူလိုက်သည်။

ဟိုင်မြို့ရှိ လေဆိပ်၌ ရှမော့မော့သည် သူမ၏ဗိုက်ကလေးကိုအသာအယာပွတ်လိုက်သည်။ သူမ ကိုယ်ဝန်ရှိ‌ခြင်းမှာ မသေချာသည့်အတွက် ချင်းလီကိုမပြောပြဘဲ တစ်ယောက်တည်းဓါတ်မှန်သွားရိုက်ခဲ့သည်။ ဆရာဝန်သည် ကလေးမှာ ပုံမှန်သန္ဓေသားကဲ့သို့မဟုတ်တော့ဘဲ အန္ဓာကိုယ်အစိတ်အပိုင်းများ၊နှလုံးခုန်သံလေးများဖြင့် ကောင်းကောင်းကြီးထွားလာသည်ဟုဆိုသည်။

ရှမော့မော့သည် ကိုယ်ဝန်မဖျက်ချချင်သော်လည်း သူမကိုယ်သူမ နားမလည်နိုင်ချေ။အကယ်၍ ချင်းလီ ကလေးမလိုချင်ဘူးဆိုလျှင်တောင် သူမတစ်ယောက်တည်း ကလေးကို ပျိုးထောင်နိုင်ပေသည်။လေဆိပ်တွင် လူများဖြင့် ပြည့်နှက်နေပြီး ရှမော့မော့သည်လက်မှတ်ကိုကိုင်၍ စစ်ဆေးခံရန် အသင့်ဖြစ်နေချိန်တွင် သူမ၏လက်ကောက်ဝတ်မှာ ဆုပ်ကိုင်ခံလိုက်ရသည်။ သူမလဲကျတော့မည့်အလား ယိုင်သွားပြီးနောက်‌တွင် ရင်ခွင်တစ်ခုထဲသို့ လဲကျသွားသည်။

ချင်းလီသည် သူမ၏လက်ကောက်ဝတ်ကိုလှမ်းဆွဲလိုက်ပြီး တစ်ခြားလက်တစ်ဖက်ဖြင့် သူမ ကိုင်ဆောင်ထားသည့် ခရီးဆောင်အိတ်ကိုကိုင်လိုက်သည်။သူသည် မက်စ်အမဲနှင့် ဘတ်စကတ်ဘောဦးထုပ်ကို ဝတ်ဆင်ထားပြီး သူ့ပုံစံမှာလွှမ်းမိုးနိုင်လွန်းသည်။

“ငါနဲ့လိုက်ခဲ့”

သူသည် အသံကိုနိမ့်၍ပြောပြီးနောက်တွင် သူမ၏စကားကိုပင် ပြန်နားမထောင်ဘဲနှင့် စစ်ဆေးရေးဂိတ်မှ ဆွဲခေါ်လာခဲ့သည်။

“ကျွန်မကိုလွှတ်၊ကျွန်မကိုလွှတ်”

ရှမော့မော့အတင်းရုန်းက‌န်လေသည်။သူမလက်ကောက်ဝတ်သည် သူ၏ဆုပ်ကိုင်ထားမှုကြောင့်နီရဲနေလေသည်။ မြင်ကွင်းသည် ထိတ်လန့်စရာကောင်းသော်လည်း ချင်းလီလျစ်လျူရှုလိုက်သည်။သူ၏လက်ရှိအခြေအနေတစ်ခုလုံးသည် မဖော်ပြနိုင်သောအရာ‌များ ဖုံးလွှမ်းနေသကဲ့သို့ ဖြစ်နေသည်။

နွေရာသီဖြစ်သည့်အတွက် လေဆိပ်တွင် လူအလွန်စည်ကားသည်။အစားအသောက်ဆိုင်များသာရှိသည့် ဒုတိယထပ်တွင် လူသိပ်မရှိပေ။ချင်းလီသည် ရှမော့မော့ကို သူမ ထွက်ပြေးရန်အကွက်ချလို့ရသည့် ဒုတိယထပ်ရှိအရိပ်ကျသောထောင့်‌တစ်နေရာသို့ ခေါ်ဆောင်လာခဲ့သည်။

ချင်းလီ၏မျက်နှာသည် တင်းမာနေပြီး “ငါနဲ့ပြန်လိုက်ခဲ့” ဟု‌ဆိုသည်။ သူသည် မက်စ်ဝတ်ထားသောကြောင့် သူ၏မျက်လုံးများမှာ ဦးထုပ်အောက်ပျောက်ကွယ်နေပြီး တမူထူးစွာ ဆွဲဆောင်မှုရှိနေသည်။

ရှမော့မော့ လက်ကို ရုန်းလိုက်သည်

“ပြန်မလိုက်နိုင်ဘူး၊ပြီးတော့ ကျွန်မကိုယ်ဝန်ဖျက်ချမှာမဟုတ်ဘူး၊ ကျွန်မထွက်သွား…”

ချင်းလီသည် ဒေါသထွက်သွားပြီး မျက်မှောင်ကြုတ်ကာ အေးစက်စက်ကြည့်လိုက်သည်။သူ၏ လက်သီး‌များကို တင်းတင်းကြပ်ကြပ်ဆုပ်ထားပြီး သွေးကြောများပင်ထောင်ထနေသည်။ရှမော့မော့မှာ သူ၏ဒေါသကိုခံစားမိသောကြောင့် ရင်တုန်လာသည်။သူမသည် တစ်ခြားသူစိတ်ကြိုက်နေပေးတက်သူဖြစ်ပြီး ငြင်းလေ့ငြင်းထမရှိချေ။

ဤသည်မှာ သူမ ချင်းလီကို ဒုတိယအကြိမ်မြောက်ငြင်းဆိုခြင်းဖြစ်သည်။

ပထမတစ်ခေါက်တွင် မနေ့က သူမ သူနှင့်အတူအိပ်ရန်ငြင်းဆိုခဲ့သည်။

ရှမော့မော့ စိတ်လှုပ်ရှားနေသော်လည်း သူမ၏ကလေးကို ကာကွယ်ချင်လျှင် သူမကိုယ်သူမ ရပ်တည်နိုင်ရမည်ဟု ခံစားလိုက်ရသည်။

ရှမော့မော့၏ ပြန်ခံပြောနေသည့်ပုံစံကိုကြည့်ပြီး ချင်းလီ မျက်ခုံးတွန့်လိုက်သည်။ရှမော့မော့သည် စိတ်ကြိုက်ကြိုးကိုင်ချယ်လှယ်နိုင်သည့် ပန်းတစ်ပွင့်ကဲ့သို့ နူးညံ့သည့်မိန်းကလေးဖြစ်သည်။ရဲ့‌လော့ယီနှင့် တူသော သူမ၏နူးညံ့သည့်ပုံစံကို ချင်းလီအမြဲတမ်း သတိထားမိသည်။ရဲ့လော့ယီသည် နူးညံ့သော်လည်း စိတ်အားထက်သန်ပြီး အလွယ်တကူမတုန်လှုပ်တတ်ပေ။သို့သော် ယခုတော့ ရှမော့မော့ သူ့ကို ငြင်းဆိုသည့်မျက်လုံးများနှင့် ကြည့်နေခြင်းသည် ရဲ့လော့ယီကို များစွာအမှတ်ရစေသည်။

ချင်းလီ အသံကိုနိမ့်၍ သူမကို စိတ်ပြန်လည်အောင် ကြိုးစားလိုက်သည်။

“မင်းကိုယ်ဝန်မဖျက်ချချင်ရင် ငါတို့မွေးကြမယ်လေ၊ ငါတို့အတူ ကလေးကို ပျိုးထောင်ကြမယ်”

ရှမော့မော့၏ မျက်လုံးများသည် မယုံနိုင်မှုများဖြင့်မော့ကြည့်လာသည်

“တကယ်လားဟင်”

ချင်းလီသည် သူမ၏ဆံပင်များကို အသာအယာဖွပေးလိုက်သည်။

“မင်းက စိတ်ပိုင်းဖြတ်ထားတယ်ဆိုမှတော့ ငါကမင်းကို ဘယ်လိုလုပ်တားရက်မှာလဲ၊ လိမ္မာတယ်နော်၊ငါနဲ့အိမ်ပြန်လိုက်ခဲ့”

ရှမော့မော့သည် ချင်းလီ၏နူးညံ့သည့်ပုံစံကို မြင်လေ့မြင်ထမရှိချေ။ ထိုပုံစံသည်လည်း သူမတို့ဆက်ဆံရေးအစကို ပြန်လည်သတိရစေသည်။သူမ၏ ကြောက်စိတ်များ လျော့နည်းသွားပြီး ခေါင်းညိတ်ပြလိုက်သည်။

ထို့နောက် ချင်းလီ၏ဖုန်းအသံမြည်လာသည်။လက်ထောက်မှ သူ့အား လေဆိပ်တွင်မတွေ့သည့်အတွက် Check in ဝင်ရန် ဖုန်းခေါ်ဆိုလာခြင်း ဖြစ်သည်။

ချင်းလီသည် ရှမော့မော့ကို ကားသော့‌ပေးလိုက်သည်။

“ငါဖုန်းပြောလိုက်အုံးမယ်၊ ကားထဲမှာသွားစောင့်နေ၊အပြင်မထွက်နဲ့”

ရှမော့မော့ကားသော့ကို ယူလိုက်သည်။ ချင်းလီသည် ဖုန်းပြောရန်အတွက် ကြမ်းခင်းမှ မျက်နှာကျက်အထိ မှန်များတပ်ဆင်ထားသော ပြတင်းပေါက်ထံသို့ လျှောက်လမ်းသွားလိုက်သည်။

ရှောင်မိုမိုအား လေဆိပ်၌လိုက်ရှာနေသည့် သူ၏လက်ထောက်သည်လည်း ချင်းလီ သူမကိုရှာတွေ့သည်ဟု အကြောင်းကြားရသည့်အခါမှသာ စိတ်အေးရတော့သည်။

ထို့နောက် ချင်းလီ၏အသံသည်မာကျောသွားသည်။

“ငါ့ကို သုံးလအတွင်း ကိုယ်ဝန်ပျက်ကျစေမယ့် ဆေးရှာပေး”

လက်ထောက်၏မျက်လုံးများပြူးကျယ်သွားသည်။

“ချင်းလီ၊မင်းဒီလိုဆေးမျိူးကို အပြင်မှာဝယ်လို့မရဘူး၊ ကိုယ်ဝန်ဖျက်တယ်ဆိုတာဆေးရုံမှာလုပ်ရတာ၊မဟုတ်ရင် ကိုယ်ဝန်ဆောင်မိခင်အတွက် အရမ်းအန္ဓာရာယ်များတယ်”

ချင်းလီသည်စိတ်မရှည်သကဲ့သို့ ပြန်ပြောသည်

“ငါသာသူ့ကိုဆေးရုံခေါ်သွားလို့ရရင် အဲဒီလိုလုပ်မလား၊ ကိုယ်ဝန်ဆောင်သည်က မဖျက်ချချင်ဘူးတဲ့လေ၊ ငါပြောတဲ့ဆေးမျိုး မရှိဘူးလား ရအောင်ရှာပြီးယူခဲ့၊ငါသူ့ကို ဗီတာမင် ဘာညာပြောပြီး တိုက်လိုက်မယ်”

လက်ထောက် သူမကိုယ်သူမ ပါးလွှာသည့် ရေခဲပြင်ပေါ်ရပ်နေရသလို ခံစားရသည်။ သူမသည် လက်ထောက်တစ်ယောက်သာဖြစ်ပြီး လျို့ဝှက်အေးဂျင့်မဟုတ်ပေ။ထို့အပြင် သူကလေးမလိုချင်ပါက ဆေးရုံသွားပြီးဖျက်လိုက်လျှင် ရသည်။သူမ‌အား ကိုယ်ဝန်ပျက်စေသည့်ဆေးများရှာခိုင်းပြီး ရှမော့မော့ကို လှည့်စား၍ တိုက်ဦးမည်ဖြစ်သည်။

ဘယ်လိုတွေတောင်လား။

လက်ထောက်သည်သူမ၏မျက်လုံးကို တစ်ခြားဖက်လှည့်ကြည့်လိုက်ပြီး ပြောလိုက်သည်။

“ချင်းလီ ငါမလုပ်နိုင်ဘူး၊ ကိုယ်ဝန်ဆောင်ကို ကိုယ်ဝန်ပျက်ကျစေမဲ့ဆေးတွေတိုက်တာက တရားမဝင်ဘူး၊ မော့မော့ကို ဆေးရုံခေါ်သွားဖို့ပဲ အကြံပေးချင်တယ်၊ ဪ ဒါနဲ့ မျိုးပွားမှုအခွင့်အရေးက အမျိုးသမီးတွေနဲ့ပဲ သက်ဆိုင်တာနော်၊ ကိုယ်ဝန်ဖျက်ချတာ မဖျက်ချတာက သူတို့ပဲဆုံးဖြတ်ပိုင်ခွင့်ရှိတာ ပြီးတော့ သူမကို ကိုယ်ဝန်ဖျက်ချဖို့ အတင်းတိုက်တွန်းတာကလည်း တရားမဝင်ဘူး”

ချင်းလီ အစကတည်းက စိတ်မကြည်ဖြစ်နေသည်ကို လက်ထောက်၏စကားများသည် ပိုဆိုးအောင်လုပ်နေလေသည်။ချင်းလီသည် သူမ ပြောသည်ကိုဆုံးအောင် နားမထောင်ဘဲ စိတ်ပျက်စွာဖြင့် ဖုန်းချလိုက်သည်။

သူရှေ့သို့ကြည့်လိုက်သည့်အချိန် ရှမော့မော့သည် ခရီးဆောင်အိတ်ကိုဆွဲ၍ ကားထံသို့ သွားနေသည်။လေဆိပ်ရပ်နားရာနေရာသည် ဒုတိယထပ်တွင်ရှိနေပြီး ဓါတ်လှေကားနှင့် အနည်းငယ်အလှမ်းဝေးသည်။သို့သော် အနီးနားတွင် စက်လှေကားတစ်ခုထပ်၍ ရှိသေးသည်။

ရှမော့မော့ သူမခရီးဆောင်အိတ်၏ ဘီးတစ်လုံးကျွတ်ထွက်သွားသောကြောင့် စက်လှေကားပေါ်သို့တက်ရန် ခက်ခဲနေသည်။သူမသည် စက်လှေကားထိပ်၌ပင် ဘီးသေးသေးများဖြင့် ချော်နေကာ ထိန်းရခက်နေသည်။

သူမ၏ပုံစံမှာ သေးသွယ်သောကြောင့် မည်သူမျှသူမအား ကိုယ်ဝန်ဆောင်ဟုမထင်ကြပေ။ချင်းလီသည် သူမကို ခပ်စူးစူး‌ကြည့်လိုက်ပြီး စက်လှေကားထံသို့ လျှောက်လာသည်။

ချင်းလီ ရှမော့မော့၏နောက်ကျောကို ကြည့်လိုက်သည့်အချိန် သူမျက်မှောင်ကြုတ်လိုက်သည်။

သူနှလုံးခုန် သိသိသာသာ မြန်လာသည်ကို ခံစားမိလိုက်သည်။

တစ်ဆယ်မီတာဟာ သူမကို သေစေနိုင်မည်မဟုတ်ပေ။

သို့သော် ကိုယ်ဝန်ဆောင်ထားရသောကြောင့် အလျော့ပေးလိုက်ရသည်။

ချင်းလီသည် ရှမော့မော့ထံသို့ ဖြည်းဖြည်းချင်းလျှောက်လှမ်းသွားသည့်အချိန် သူ၏အသက်ရှုသံများ မြန်ဆန်လာသည်။ သူမထံသို့ရောက်သည့်အခါ သူမသည် သူ၏ ဖိနပ်များကို သတိပြုမိသွားသည်။

“ချင်းလီ၊ ကျွန်မအိတ်ကဘီးတွေပြုတ်သွားပြီ ကျွန်မကိုကူပါဦး”

ချင်းလီသည် တံတွေးမျိုချလိုက်ပြီး လက်များအား ဆန့်ထုတ်လိုက်သည်။

သူ၏လက်များ အနည်းငယ်တုန်နေသည်ကို သတိပြုမိသွားသည်။

ရှမော့မော့သည် နူးညံ့သောမိန်းကလေး၊ပြီးတော့ သူက လူကြီးလူကောင်းလေ။နည်းနည်းလေး…

“ဟိုမှာ ချင်းလီပဲ”

“သူ့ပဲ၊အဲဒါချင်းလီ”

“နင်မမြင်ဘူးလား၊ဦးထုပ်အမဲနဲ့မက်စ်တက်ထားတဲ့တစ်ယောက်”

စက်လှေကားအောက်တွင် ရုန်းရင်းဆန်ခတ်ဖြစ်သွားပြီး ပါပါရာဇီအဖွဲ့မှာလည်း ကင်မရာနှင့်မိုက်ခရိုဖုန်းများပြင်ဆင်ကာ ချင်းလီထံသို့ ရောက်လာကြသည်။

လေဆိပ်သည် အမြဲလိုလို ပါပါရာဇီများနှင့် ပြည့်နေသောကြောင့် ချင်းလီသည် ကိုယ့်ကိုကိုယ် ဂရုတစိုက်ရုပ်ဖျက်ထားပြီး ရှမော့မော့ကို တိတ်ဆိတ်သည့်နေရာသို့သာ ခေါ်လာခြင်းဖြစ်သည်။သူ၏ရှည်လျားသောအရပ်နှင့် ထူးခြားသောဝတ်စားဆင်ယင်ပုံမှာ သတင်းထောက်များအတွက် အာရုံစိုက်စရာဖြစ်သွားခဲ့သည်။

တစ်ချို့ ပါပါရာဇီများသည် အနုပညာရှင်များ မျက်လုံးတစ်ခုတည်းသာဖော်ထားလျှင်တောင် မည်သူဖြစ်သည်ဟု တန်း၍မှတ်မိကြသည်။

ပါပါရာဇီများသည် ချင်းလီဘေးနားသို့ရောက်လာကြပြီး မိုက်ခရိုဖုန်းနှင့် ကင်မရာများကို ပြင်ဆင်နေကြသည်။

“မင်း ရှန့်ရှင်းဟယ်ရဲ့နေရာကိုလုတဲ့ဆိုတဲ့ သတင်းနဲ့ပတ်သတ်ပြီး ဘာများပြောချင်သလဲ”

“တစ်ချို့လူတွေက ကျန်းတုံရင်းနှီးမြုပ်နှံသူပျောက်သွားတဲ့ကိစ္စက မင်းနဲ့ပတ်သတ်နေတယ်လို့ ထင်ကြေးပေးကြတယ်၊ အဲဒါအမှန်ပဲလား”

“မင်းကနာမည်ကြီးပြီးသားပဲကို ဘာလို့အသစ်လေးနဲ့ ပြိုင်လုတာလဲ”

မေးခွန်းများကိုနှုတ်ဆိတ်နေပြီး ချင်းလီရှောင်ထွက်လာခဲ့သည်။သူသည် ရှမော့မော့ကိုခေါ်၍ ထွက်လာမည့်အချိန်တွင် သူ့ရှေ့ရှိ လူအုပ်ကြီးက တားဆီးထားသည်။အဘယ်ကြောင့် သူ နေရာလုသည် ဟူသည့် စွပ်စွဲချက်များ ထွက်လာသနည်း။

ပိုဆိုးသည်မှာ ကျန်းတုံ၏ကိစ္စနှင့် သူ၏ရင်းနှီးမြှုပ်နှံမှုများကို မည်သို့ သိသွားကြသနည်း။

ရှမော့မော့သည် ပါပါရာဇီလူအုပ်ကြီးကိုတွေ့သည့်အချိန်တွင် ချင်းလီ၏နောက်၌သာ တင်းတင်းရပ်ပြီး ပုန်း‌နေ လိုက်သည်။

သူမသည် မက်စ်မဝတ်ထားသည့်အပြင် မည်သည့်ရုပ်ဖျက်ခြင်းမျိုးမှ မပြုလုပ်ထားသည့်အတွက် ပါပါရာဇီများသည် သူမကို ချက်ချင်း သတိပြုမိသွားသည်။

“ရဲ့လော့ယီ”

ပါပါရာဇီတစ်ယောက်မှ သတိပြုမိ‌လိုက်သော်လည်း ခဏတာမျှသာဖြစ်သည်။ အစတွင် ထိုမိန်းကလေးသည် ရဲ့လော့ယီနှင့် တူသည်ဟုထင်ရသော်လည်း သေချာကြည့်လျှင် ကွဲပေသည်။

“သူမက ရဲ့လော့ယီနဲ့တူတယ်”

“ရဲ့လော့ယီရဲ့ နောက်ပုံစံတစ်မျိုးကျနေတာပဲ”

“ချင်းလီနဲ့ဘယ်လိုပတ်သတ်တာလဲ၊ အတူတူ ရပ်နေတာဆိုတော့ ချစ်သူရည်းစားများလား”

ချင်းလီ မျက်မှောင်ကြုတ်သွားသည်။ သူသည် အနုပညာလောကတွင် တစ်ကိုယ်တည်းသမားဟုသာ ပြောဆိုထားသည်။အကယ်၍လူတွေသာ ရှမော့မော့နှင့်ဆက်ဆံရေးကိုသိသွားကြလျှင် သူသည် ရဲ့လော့ယီ၏ အနားကို မည်သို့ဆက်လိုက်ရမည်နည်း။

သူသည် အလျင်အမြန်ပင် ပြန်လည်ရှင်းပြလိုက်သည်။

“ ဒါကျွန်တော့အစ်မပါ၊ သူကဟိုင်မြို့ကိုလာလည်တော့ ကျွန်တော်လာကြိုတာ”

ပါပါရာဇီများသည် နားလည်သကဲ့သို့ ခေါင်းညိတ်ပြသည်။

“အိုး၊မင်းအစ်မလား”

“သူက တော်တော်လှတယ်နော်”

“ဒါနဲ့မင်းတို့က ရုပ်ချင်းမဆင်ဘူးနော်၊ မင်းမှာ အစ်မရှိမှန်း မပြောဖူးပါဘူး”

“ဝမ်းကွဲ အစ်မပါ”

ရှမော့မော့သည် ချင်းလီ၏စကားများကိုကြားပြီးနောက် ပခုံးများ တဆတ်ဆတ်တုန်လာခဲ့သည်။

သူမနှင့်ချင်းလီသည် ကျိန်းသေပေါက်ကို ချစ်သူရည်းစားတွေဖြစ်သည်။သူမသည် သူ့ကိုယ်ဝန်လွယ်ထားရသောသူဖြစ်နေပါလျက် သူသည် ထိုကဲ့သို့သောစကားမျိုး အဘယ်ကြောင့် ပြောရက်လိုက်သနည်း။

ရှမော့မော့သည် အသည်းနာသကဲ့သို့ ခံစားလိုက်ရသည်။သူမ၏နားထဲတွင် အသံတစ်ခုအား ဆက်တိုက် ကြားယောင်နေမိသည် *ဘာလို့ချင်းလီက မင်းတို့ဆက်ဆံရေးကို အမှန်အတိုင်းမပြောတာလဲ၊ သူကရက်စက်လိုက်တာ* တစ်ခြား‌ေသာအသံများလည်း ကြားယောင်လာသည် *ဒါပေမယ့် အနုပညာရှင်တွေက ဒီလိုပဲလေ၊ သူတို့ရဲ့ဘဝအစစ်ကို ထုတ်ပြလို့မရဘူး၊ ချင်းလီရဲ့အလုပ်ကို ထိခိုက်စေလိမ့်မယ်” ထိုအသံနှစ်ခုမှာ သူမ၏စိတ်ထဲတွင် သံပြိုင်ယှက်နေပြီး နောက်ဆုံးတွင် ရှမော့မော့ ဘာမှပင်ပြန်၍မပြောနိုင်ခဲ့ပေ။ပါပါရာဇာများသည် သူမ၏အကြောင်းမှ *The Button Line* ကိစ္စသို့ ရောက်သွားသည်။အကယ်၍ သူတို့၏ဆက်ဆံရေးကိုအမှန်တကယ်ဖော်ထုတ်လိုက်လျှင်တောင် ဇာတ်လမ်းနေရာလုယူသည့်ကိစ္စထက်ပို၍ သတင်းထူးမည်မဟုတ်ချေ။

ချင်းလီမှာယခုထိ အွန်လိုင်းသတင်းများကို မဖတ်ကြည့်ရသေးသော်လည်း ပါပါရာဇီများပြောဆိုချက်ကိုဆက်စပ်ကာ အတော်ပင်သဘောပေါက်နေပြီ ဖြစ်သည်။ Starry Entertainment မည်သည့်အကွက်ရွေ့နေသည်ကို မသိသော်လည်း သူဇာတ်လမ်းနေရာခိုးသည့်ကိစ္စသည် အတော်ပင် ပေါက်ကြားနေ‌လေသည်။

ယခုချိန်တွင် တရားဝင်ဆက်နွယ်ချက်များသည် အရေးကြီးသည်။

ချင်းလီ သက်ပြင်းချလိုက်သည်။

“ခင်ဗျားတို့ မှားနေပြီ ကျွန်တော်ဘယ်တုန်းကမှ *The Button Line * မှာသရုပ်‌ဆောင်မယ်လို့ မပြောဖူးဘူး၊ စတော်ဘယ်ရီ ကွန်ရက်က‌နေရော ငါ့ရဲ့Weiboကနေရော မပြောဖူးဘူး၊ ဒါရိုက်တာကျန်းလည်း မပြောရသေးဘူးမလား”

ပါပါရာဇီများပြန်၍မေးသည်။

“မင်းနဲ့ ဒါရိုက်တာကျန်းတို့ပဲ Starry Entertainment နဲ့ ရှန့်ရှင်းဟယ်ကို ဖယ်ထုတ်ဖို့ *The Button Line*မှာ မင်းသရုပ်ဆောင်မယ်လို့ ဖော်ထုတ်ခဲ့တာမဟုတ်လား”

ချင်းလီ တစ်ချက်ရယ်မောလိုက်သည်။

“သတင်းတွေက ဒီလိုပဲ ပြန့်နေတာမဟုတ်လား၊ ငါ *The Button Line*မှာ သရုပ်ဆောင်ရမယ်ဆိုတာ ငါကိုယ်တိုင်တောင်မသိခဲ့ဘူး၊ အဲဒီအကောင့်တွေက အမြဲဒီလိုဖြန့်နေကြပဲလေ၊ သူတို့မှန်ရင် အတွင်းကိစ္စတွေကိုပါ ဖော်ထုတ်လာကြတယ်၊ သူတို့မှားရင်တော့ မသိသလိုနေကြတာ‌ပဲ၊ အနုပညာလောကက ဒီလိုပဲမဟုတ်ဘူးလား”

ပါပါရာဇီများသည် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်သည်။ ချင်းလီ၏တရားဝင်အကောင့်၊စတော်ဘယ်ရီ ကွန်ရက်နှင့် ကျန်းတုံတို့ တစ်ဦးတစ်ယောက်ကမျှ *The Button Line*အကြောင်း တရားဝင်ထုန်ပြန်ထားခြင်းမရှ်ိခဲ့ချေ။ထိုသို့ဆိုလျှင် ပရိသတ်များ အထင်လွှဲကာထွက်လာသည့် အတင်းအဖျင်းများသာဖြစ်မည်ဟု ထင်သည်။

ပါပါရာဇီများ၏ကင်မရာများသာမက ဘေး၌တိုက်ရိုက်လွှင့်နေသောကင်မရာများလည်းရှိသည်။ ချင်းလီ တိုက်ရိုက်ကြည့်ရှုနေသော ပရိသတ်များအား နှုတ်ဆက်လိုက်သည်။

[ချင်းလီပြောတာ မှန်တယ်၊ အစတည်းက တရားဝင်ကြေညာထားတာမှ မဟုတ်တာ၊ ဒါက အတင်းအဖျင်းသက်သက်ပဲ]

[ဒါက နာမည်ကြီးချင်လို့ဖြန့်နေတဲ့ အတင်းအဖျင်းပဲ၊ သနားစရာချင်းလီလေး၊ အရှုပ်ထုပ်ထဲမှာ အကြောင်းမရှိဘဲ ဆွဲထည့်ခံလိုက်ရတယ်]

[ချင်းလီလို သရုပ်ဆောင်အတွက် *The Button Line*မှာ သရုပ်ဆောင်ဖို့က မခက်ခဲပါဘူး၊ *The Button Line*က တစ်ခုတည်းသော ပရောဂျက်မှမဟုတ်တာ ပြီးတော့ ကျန်းတုံရဲ့ အရင်ဒရမ်မာနှစ်ခုက ပျက်သွားတာလေ၊ အခုဇာတ်လမ်းကလည်း အောင်မြင်ဖို့သိပ်အခွင့်အရေးမရှိပါဘူး၊ ချင်းလီက ဘာလို့အဲ့နေရာကို လိုချင်ရမှာလဲ ရယ်စရာကောင်းလိုက်တာ]

[*The Bottom line*က ချင်းလီကိုသုံးပြီး ပရိသတ်တွေကို လှည့်စားချင်တာပဲ]

[ဒီကိစ္စမှာ အကျိုးအများဆုံးက *The Button Line*ပဲလေ၊ ငါထင်တာကတော့ ဒီကိစ္စတစ်ခုလုံးက မာကတ်တင်းဆင်းနေတာပဲ]

အစည်းအဝေးခန်းထဲ၌ ချင်းလီ၏လေဆိပ်မှ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေကြသည်။ ဝူလျောင်ကြည့်ပြီးနောက် ချင်းလီအား အထင်ကြီးမိသည်။

“ချင်းလီက အတင်းအဖျင်းအကောင့်‌တွေ ဝေဖန်တာကို ပြောင်းလဲပစ်ဖို့ ကြိုးစားနေတာပဲ”

ထိုသို့ရှင်းပြခြင်းကို ယုံကြမလားမသေချာသော်လည်း သူ၏ပရိသတ်များ ကျေနပ်လျှင် ရပြီဖြစ်သည်။

အနုပညာလောကတွင် ဇာတ်ဆောင်နေရာခိုးယူခြင်းသည် လှောင်ရယ်ခံသော်လည်း အနုပညာလမ်းကြောင်းကိုတော့ အဆုံးအသတ်မနိုင်ချေ။ချင်းလီ ဒရမ်မာအသစ်‌တွင် ကြိုးစားသရုပ်ဆောင်ပြီး ထုတ်လွှင့်လိုက်ပါက ပရိသတ်များ ထိုအကြောင်းအားလုံးကို မေ့သွားပေလိမ့်မည်။

……

“မင်းရဲ့ ပညာရေးအကြောင်းကို ထုတ်ဖော်လိုက်တာလည်း ချင်းလီလုပ်တာပဲနေမှာ” ဝူလျောင်ပြောလိုက်သည်။

“ဒါပေမယ့် ငါတို့မှာရှိတာက သာ့ကျားကျွမ်နဲ့ ချင်းလီတို့တွေ့ခဲ့တဲ့ ပုံတွေပဲရှိတာ၊ သက်သေပြစရာ အတည်တကျမရှိဘူး၊ ဒီလူကသေသပ်လွန်းတယ်”

ယန်ရှီ ခေါင်းညိတ်လိုက်သည်။သူမ၏ အကြည့်များမှာ ချင်းလီနောက်တွင်ပုန်းနေသည့် ရှမော့မော့ထံသို့ ရောက်သွားသည်။

*သူမက ရဲ့လော့ယီနှင့် တူလိုက်တာ*

ရှမော့မော့၏ မျက်နှာကိုဖုံးလိုက်ပြီး မျက်လုံးတစ်ခုတည်းသာဖော်ထားမည်ဆိုလျှင် လူတိုင်း သူမကို ရဲ့လော့ယီဟု ထင်ကြပေလိမ့်မည်။

ဝတ္ထုထဲတွင်လည်း ရှမော့မော့၏ အကြောင်းပါဝင်သည်။

ပေယွဲ့ပိုင်နှင့် ကျုံချင်းယွီတို့‌ စေ့စပ်ထားကြပြီး တစ်ယောက်နှင့်တစ်ယောက်ရင်းနှီးကြသော်လည်း သူတို့၏ဆက်ဆံရေးသည် လက်ကိုင်တာထက်ပိုခဲ့ခြင်း မရှိချေ။ တစ်ဖက်တွင် ချင်းလီနှင့် ရှမော့မော့တို့သည် မရေမတွက်နိုင်သော အခိုက်အတန့်များကို မျှဝေပြီးပြီဖြစ်သည်။

ထို့ကြောင့် ဝတ္ထုထဲတွင် ချင်းလီသည် နာမည်ကြီးသရုပ်ဆောင်ဖြစ်သော်လည်း ပေယွဲ့ပိုင်ကို ရှုံးနိမ့်ခဲ့ရခြင်းဖြစ်သည်။ သူကဲ့သို့သော သရုပ်ဆောင်မျိုးသည် မည့်သည့်အခါမျှ အဓိကဇာတ်ဆောင်ဖြစ်လာမည်မဟုတ်ချေ။

ပေယွဲ့ပိုင်သည် လှေနံနစ်ဖက်နင်း၍ မိန်းမများကို အသုံးချတာသည်ပင် ယန်ရှီမျက်လုံးထဲတွင် စက်ဆုပ်စရာကောင်းနေလေပြီ။

သို့သော် ချင်းလီမှာ ပိုဆိုးသည်။

အပြင်ပိုင်း၌ ယဉ်ကျေးသိမ်မွေ့သော်လည်း သူသည် အဆိပ်မှုတ်ထုတ်ရန် အဆင့်သင့်ဖြစ်နေသည့် မြွေတစ်ကောင်ကဲ့သို့ သွေးအေးရက်စက်လှသည်။

“မင်း ရသစုံရှိုးမှာပါရဦးမှာပဲ”

ဝူလျောင် ယန်ရှီကို သတိပေးလိုက်သည်

“ချင်းလီအနားရောက်ရင် သတိထား”

ယန်ရှီသည် ရှမော့မော့ကို ကြည့်နေလျက်ပင် မျက်ခုံးပင့်လိုက်သည်။

“ သူ တစ်ခြားရှိုးတွေမှာပါ ပါဝင်နိုင်ဖို့ မျှော်လင့်တယ်”

……

ပါပါရာဇီများ၏ မေးမြန်းမှုပြီးသွားသည့်အချိန်တွင် ချင်းလီသည် ရှမော့မော့အား ကားပါကင်သို့ ခေါ်ဆောင်လာခဲ့သည်။ ချင်းလီသည် ရှမော့မော့ကို “အစ်မ”ဟု အသိပေးလိုက်သည့်အတွက် သူမ စိတ်ထိခိုက်ပြီး ဟိုင်မြို့သို့ ပြန်ချင်လာသည်။ သို့သော် သူမဝယ်ယူထားသည့် လေယာဉ်လက်မှတ်သည် ထွက်ခွာသွားပြီဖြစ်သည်။ သူမ ဟိုင်မြို့သို့ ပြန်ချင်လျှင် လက်မှတ်တစ်စောင် ထပ်ဝယ်မှသာ ရလိမ့်မည်။

ချင်းလီသည် သူမ အတွေးလွန်နေမည်ကို စိုးရိမ်သည့်အတွက် သူမ၏ ID ကိုသိမ်းဆည်းထားလိုက်သည်။

ချင်းလီ အွန်‌လိုင်းပေါ်ရှိ ကိစ္စများနှင့် စတော်ဘယ်ရီ ကွန်ရက်အကြား ဆက်ဆံရေးကို ပြန်လည်စီစဉ်ရဦးမည် ဖြစ်သည်။ အပြင်တွင် ရုတ်တရတ် ရုပ်လုံးပြမိသောကြောင့် စတော်ဘယ်ရီ ကွန်ရက်ထောက်ပံ့မည့် ဒရမ်မာအသစ်ကိစ္စအတွက် သူ သေချာ ပြန်လည်ညှိနှိုင်းရဦးမည်။

ချင်းလီသည် သူ၏လက်ထောက်ကို ရှမော့မော့အား လိုက်ပို့‌ပေးရန် ညွှန်ကြားလိုက်သည်။

သူတို့ အိမ်ရှေ့ရောက်သည့်အခါ လက်ထောက်သည် ကားရပ်လိုက်သည်။

“မော့မော့ ကုမ္ပဏီမှာ အရေးကြီးကိစ္စရှိလို့ ငါပြန်သွားရအုံးမယ်”

ရှမော့မော့ အားမရှိသကဲ့သို့ ပြန်လည်တုံ့ပြန်လိုက်သည်။

လက်ထောက်သည် သူမကိုယ်သူမ အပြစ်ရှိသကဲ့သို့ ခံစားရသော်လည်း သူမ၏စာချုပ်တွင် ချင်းလီ၏ ဂုဏ်သတင်းကိုထိခိုက်စေသော သို့မဟုတ် ကိုယ်ဝန်ကိစ္စဖော်ထုတ်ခြင်းများအား မပြုလုပ်ရန် တားမြစ်ထားသည်။ သူမသည် ရှမော့မော့ကို သတိပေးလိုက်သည်။

“မော့မော့ ကိုယ်ဝန်သုံးလအတွင်းမှာ ကလေးက မတည်ငြိမ်သေးဘူး၊ အစားအသောက်ကို သတိထား၊ တစ်ချို့အစားအစာတွေက ကလေးအတွက် မကောင်းဘူး”

ရှမော့မော့သည် လက်ထောက်အစ်မကို ပြုံးပြလိုက်သည်။

“စိတ်မပူပါနဲ့၊ ချင်းလီက ကျွန်မအတွက် အိမ်အကူ ငှား ပေးထားပါတယ်၊ အစားအသောက်လည်း ဂရုစိုက်လိုက်ပါ့မယ်”

လက်ထောက်ပို၍စိတ်ပူသွားသည်။

“အဲ့လိုဆိုရင်တောင် သူကျွေးတာတွေကို လက်လွယ်စပယ်မစားနဲ့ စစ်ဆေးပြီးမှ စားနော်”

ရှမော့မော့သည် လက်ထောက်၏စကားများကို ရှုပ်ထွေးသွားသကဲ့သို့ ကြည့်လိုက်သည်။လက်ထောက်သည် စကားများများပြောမိလျှင် အလုပ်ပြုတ်သွားမည်ကိုလည်း စိုးရိမ်နေသည်။

“ဒီအတိုင်း အစစအရာရာ သတိထား”

သူမသည် ရှမော့မော့ကို စိုးရိမ်သည့်အကြည့်များဖြင့် ကြည့်ပြီးထွက်သွားသည်။အမှန်တရားကိုတော့ မပြောခဲ့ချေ။

ရှမော့မော့ဗိုက်ဆာလာသည်။ယခုတော့ စားသောက်ရသည်မှာ သူမတစ်ယောက်တည်းမဟုတ်တော့ဘဲ ဗိုက်ထဲရှိကလေးလေးပါ ပါဝင်နေသည်။ သူမသည် အိမ်အကူပြုလုပ်ပေးသည့်အစားအသောက်များကို ခံတွင်းမတွေ့သည့်အပြင် အိမ်၌ မှာယူစားသောက်ခြင်းကို ခွင့်မပြုသည့်အတွက် အနီးနားရှိယာဂုဆိုင်သို့ သွားစားရန် ဆုံးဖြတ်လိုက်သည်။

နွေရာသီ၏ နေမှာ တောက်လောင်နေသည်။ သွေးတွင်းသကြားဓါတ်နည်းနေသည့်အတွက်ကြောင့် ယာဂုဆိုင်မှ ထွက်လျှင်ထွက်ခြင်း သိပ်မကြာခင်၌ပင် သူမ လဲကျချင်သကဲ့သို့ ယိုင်သွားသည်။

“အစ် လော့ယီ၊သတိထားပါဦး”

မိန်းကလေးတစ်ယောက်သည် ရှမော့မော့ကို လှမ်းဖမ်းလိုက်သည်။

ရှမော့မော့ မျက်လုံးဖွင့်ကြည့်လိုက်သည့်အချိန်တွင် အပြစ်ကင်းအောင် လှပသည့် မျက်နှာလှလှလေးကို တွေ့လိုက်ရသည်။ ရှမော့မော့သည် သူမကို ရင်းနှီးနေသကဲ့သို့ ခံစားလိုက်ရသည်။သူမကို ချင်းလီ၏ရသစုံရှိုးတွင်မြင်ဖူးသည်။ နာမည်မှာ ယန်ရှီဟု ခေါ်သလား မသိပေ။

“အစ်မလော့ယီ၊ ဒီမှာဘာလုပ်နေတာလဲ၊ နေမကောင်းဘူးလား”

ယန်ရှီသည် ရှမော့မော့အား သိချင်‌စိတ်ဖြင့်ကြည့်လိုက်ပြီးနောက် အံ့ဩသွားကာ တောင်းပန်လိုက်သည်။

“တောင်းပန်ပါတယ်၊ ကျွန်မအသိတစ်ယောက်နဲ့ လူမှားသွားတယ်”

ရှမော့မော့ ပြုံးပြလိုက်သည် “ရပါတယ်”

“ရှင်က ချင်းလီရဲ့ အစ်မ မဟုတ်လား”

ယန်ရှီထပ်မေးသည်။

“ရှင်သူနဲ့အတူရှိနေတဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို ကျွန်မကြည့်လိုက်တယ်”

ယန်ရှီသည် ခင်မင်တက်ပြီး သူမသည် ချင်းလီနှင့်အတူ ရသစုံရှိုးတွက်ပါဝင်ဖူးသည့်အတွက် ရှမော့မော့ သူမကို သူငယ်ချင်းတစ်ယောက်ကဲ့သို့ ခင်မင်မိသည်။

စိတ်ထဲတွင်ထိုသို့တွေးနေသော်လည်း ရှမော့မော့မည်သည့်ပုံစံမျှ မပြဘဲ ညင်သာစွာပြန်ပြောလိုက်သည်။

“ဟုတ်ပါတယ်၊ ကျွန်မပါ”

ယန်ရှီ ခေါင်းညိတ်လိုက်သည်။

“ရှင့်မှာ မွေးချင်းတွေရှိတာလား”

ရှမော့မော့၏ ရင်တွေနာလာသည်။

“မဟုတ်ပါဘူး၊ ကျွန်မတို့က အဲလောက်မရင်းနှီးဘူးရယ််”

“ဟုတ်လား၊ ဒါနဲ့ ချင်းလီက ရှင့်ကိုကာကွယ်ပေးတယ်ဆိုတော့ အစ်မအရင်းထင်နေတာ”

ယန်ရှီ ထပ်ပြောလိုက်သည်

“သူရှင့် ကို အရမ်းဂရုစိုက်တယ်ဆိုတာ ကျွန်မပြောနိုင်တယ်”

ရှမော့မော့၏ရင်တွေခုန်လာပြီး သူမ၏စိတ်ထဲ၌ ပျော်ရွင်မှုများ ခုန်ပေါက်နေသကဲ့သို့ခံစားရသည်။

“ညီမက ဘယ်လိုပြောနိုင်တာလဲ”

ယန်ရှီသည် ရှမော့မော့၏အိတ်ကို ကူကိုင်ပေး၍ သူမ၏အိမ်သို့ လိုက်ပို့ပေးသည်။

“ကျွန်မက ချင်းလီနဲ့အတူ ရသစုံရှိုးမှာပါဝင်ခဲ့တာလေ၊ ရှိုးမှာ သူက အစ်မလော့ယီကို အရမ်းဂရုစိုက်တာ၊ ကျွန်မတို့တွေက သူမကို လိုက်နေတယ်လို့တောင် ထင်ခဲ့ကြတာ”

“အခုတော့ ငါသဘောပေါက်သွားပြီ ချင်းလီက အစ်မရဲ့လော့ယီကို ရှင်နဲ့တူလို့ ဂရုစိုက်ပေးတယ်ဆိုတာ”

ရှမော့မော့၏ သွေးများခဲသွားသည့်အလား ကျင်တက်သွားသည်။

သူမ ရုတ်တရတ်ရပ်လိုက်ပြီး ယာဂုအိတ်ကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ကာ မေးလိုက်သည်။

“ရဲ့လော့ယီနဲ့ တကယ်တူတာလား”

“ဟုတ်တယ်”

ယန်ရှီထိုသို့ပြောပြီး သူမ၏မျက်နှာကိုလက်ဖြင့် ပင့်တင်လိုက်ပြီး

“အထူးသဖြင့် ရှင့်ရဲ့မျက်လုံးတွေက သူမနဲ့တစ်ထပ်တည်းပဲ”

ရှောင်မော့မော့ အသက်ရှုရခက်သလို ခံစားရသည်။

ချင်းလီသည် သူမထံသို့လာလေ့မရှိချေ။လာသည့်အချိန်တိုင်းလည်း စိတ်မကြည်ချေ။သူသည် သူမကို အိပ်ရာပေါ်တွန်းလှဲပြီး မက်စ်တပ်ခိုင်းကာ မျက်လုံးများသာ ဖော်ခိုင်းသည်။ ထို့နောက် သူ၏အကြည့်များမှာ တဖြည်းဖြည်းအရိုင်းဆန်သွားတက်သည်။ရှမော့မော့သည် ၎င်းဟာ ချင်းလီ၏ လျှို့ဝုက်ထားသော ပုံစံဟုထင်ခဲ့သည်။သို့သော် ယခုတော့ သူမရုတ်တရတ်နားလည်လိုက်သည်။

ရှမော့မော့၏ ပခုံးများ တုန်လှုပ်နေပြီး နှလုံးခုန်သံများ မူမမှန်ဖြစ်နေသည်။

သူမ အိမ်ယာကိုရောက်သည့်အချိန်တွင် ယန်ရှီထံမှအိတ်ကိုယူကာ တစ်ယောက်တည်း အထဲဝင်လာလိုက်သည်။ ရှမော့မော့၏လက်ချောင်းများတုန်လှုပ်နေသည်ကိုကြည့်ပြီး system သည် မနေနိုင်တော့ပဲ ဆိုလာသည်။

[Host မင်းက သိပ်ရက်စက်တာပဲ၊ သူမကို စကားနဲ့သတ်လိုက်တာလား]

“ရက်စက်တယ်”

ယန်ရှီပခုံးတွန့်လိုက်သည်။

“ငါက ယဉ်ကျေးသိမ်မွေ့ပါတယ်”

[ဒါပေမယ့် ရှမော့မော့အတွက်တော့ တုန်လှုပ်စရာကြီးလေ]

[သူမက အစားထိုးသက်သက်ဆိုတာ အခုသိသွားပြီ သူမ ကြေကွဲနေရပြီ]

“သူ တစ်ချိန်ချိန်သိမှာပဲလေ”

ယန်ရှီ မထူးဆန်းသကဲ့သို့ ပြောလိုက်သည်။

သူမသည် ရှမော့မော့၏ ဗိုက်သားကိုကြည့်လိုက်သည်။ အိမ်ယာသည် အတော်ကျယ်ဝန်းပြီး ရှမော့မော့အိမ်ထဲသို့ရောက်ရန် အတော်ကြာ လမ်းလျှောက်ရသည်။ ရှမော့မော့လမ်းလျှောက်နေသည့်အချိန်တွင် သူမ၏ဗိုက်ကလေးအား ခဏခဏပွတ်သပ်နေသည်ကို ယန်ရှီသတိထားမိသည်။ လေဆိပ်တွင်လည်း ပါပါရာဇီများ စုပုံလာချိန် ရှမော့မော့ သူမ၏ ဗိုက်ကိုအရင်ကာကွယ်သည်ကို သူမ သတိထားမိသည်။

သူမသည် ဗိုက်ဖုံးအကျီမဝတ်ထားသည့်အတွက်ကြောင့် သူမ၏ဗိုက်ကို အလွန်ကာကွယ်နေရခြင်းဖြစ်သည်။

“System ချင်းချင်းက ဇာတ်ကြောင်းအတိုင်းပဲသွားနေတယ်၊ ငါဘယ်လောက်တားတား အသုံးမဝင်ဘူး”

ယန်ရှီ ညင်သာစွာပြောသည်။ယ

“ဒါပေမယ့် ရှမော့မော့က အရံဇာတ်ကောင်လေ၊ သူက ဇာတ်ကြောင်းအတိုင်း မသွားလည်းရတယ်မလား”

[ရတာပေါ့၊ ရှမော့မော့ရဲ့နာမည်က ဝတ္ထုထဲမှာ ပါတာတောင် မဟုတ်ဘူး]

[သူမက အစားထိုး သက်သက်ပဲ]

ယန်ရှီ နားလည်သကဲ့သို့ ခေါင်းညိတ်လိုက်သည်။

သူမ လုပ်‌ပေးနိုင်သည်များကို လုပ်ပေးခဲ့ပြီးပြီ ဖြစ်သည်။

နွံထဲနစ်နေသည့် လူတစ်ယောက်အား ကြိုးလှေကား ချပေးလိုက်သည်နှင့် ပုံစံတူသည်။ သူတို့တက်ချင်သည်ဖြစ်စေ မတက်ချင်သည်ဖြစ်စေ သူတို့အပေါ်တွင်သာ မူတည်သည်။

ရှမော့မော့သည် သူမအိမ်ကို မည့်သို့ပြန်လာသည်ကိုပင် မမှတ်မိတော့ပေ။

ယန်ရှီ၏ စကားများသည် နားထဲတွင် ပဲ့တင်ထပ်နေပြီး သူမ၏ကျောသည် ချွေးများဖြင့် စိုရွဲနေသည်။ သူမအိမ်ပြန်ရောက်သည်နှင့် ကွန်ပျူတာကိုဖွင့်၍ “ရဲ့လော့ယီ”ဟု ရှာဖွေကြည့်လိုက်သည်။

ကြွေကျလာသော ကြယ်တစ်ပွင့်အလား တောက်ပ၍အသက်ဝင်နေသည့် လှပသော မိန်းကလေးတစ်ဦးအား တွေ့လိုက်သည်။

သူမသည် ရဲ့လော့ယီနှင့်တူသည်ဟု ပြောစကားများကိုကြားဖူးသော်လည်း သူမဒီလောက်အထိ မရှာဖွေဖူးပေ။ထို့ပြင် ရဲ့လော့ယီသည် နာမည်ကြီးအနုပညာရှင် တစ်ယောက်ဖြစ်ပြီး သူမသည် သာမာန်လူတစ်ယောက်သာ ဖြစ်သည်။ထိုပြောစကားများသည် ထင်မြင်ချက်သက်သက်ဟု ထင်ခဲ့ဖူးသည်။ ထို့နောက် ချင်းလီ၏ ရသစုံရှိုးကိုကြည့်နေချိန် ရဲ့လော့ယီကို သတိပြုမိသော်လည်း အတူတွဲမတွေ့မိချေ။အဘယ့်ကြောင့်ဆိုသော ကင်မရာရှေ့တွင် ချင်းလီနှင့်ရဲ့လော့ယီတို့ သိပ်၍ စကား‌မပြောကြပေ။သိူ့သော် ကင်မရာနောက်ကွယ်တွငိ တစ်ခြားတစ်မျိုးဖြစ်နေသည်။

သူတို့နှစ်ယောက်တွင် ချင်းလီသည် အဘယ်ကြောင့် ရဲ့လော့ယီအပေါ်တွင် နူးညံ့သည်ကို ရှမော့မော့ နားမလည်နိုင်ပေ။

သူမသည် ချင်းလီ၏ ရဲ့လော့ယီကို ကောင်းကောင်းမွန်မွန်ဆက်ဆံရခြင်း အကြောင်းများလား။

မဟုတ်လောက်ဘူး။ရှောင်မော့မော့ ပိုသိသည်။ သူမသည် ချင်းလီ၏ အစ်မအရင်းဖြစ်၍ဆိုလျှင် ပိုမှန်လိမ့်မည်။

သို့သော် သူမသည် အစ်မအရင်းမဟုတ်ပေ။

ချင်းလီသည် ရဲ့လော့ယီအား ကောင်းကောင်းမွန်မွန်ဆက်ဆံသည်မှာ သူမကြောင့် မဟုတ်ချေ။

ချင်းလီသည် သူမကိုကောင်းကောင်းမွန်မွန်ဆက်ဆံသည်မှာ သူမသည် ရဲ့လော့ယီနဲ့တူနေသောကြောင့် ဖြစ်သည်။သူမသည် အစားထိုးခံသက်သက် လူတစ်ယောက်သာဖြစ်သည်။

ချင်းလီသည် သူမနှင့်အနေဝေးသည်။ယခင်အချိန်များတွင် ချင်းလီသည် ရှမော့မော့နှင့် အချိန်ဖြုန်းရန် အလွန်အလုပ်များသောကြောင့် ငြင်းဆန်သည်ကို သူမအမြဲတမ်း နားလည်ပေးခဲ့သည်။ ယခုတွင် သူမ ဝန်ခံရန် ငြင်းဆန်ခဲ့သည့် အသေးစိတ်အချက်အလက်များမှာ ပေါင်းစပ်လိုက်သကဲ့သို့ပင် အစီအစဉ်တကျဖြစ်လာသည်။

သူမသည် အစားထိုးသက်သက်သာဖြစ်သောကြောင့် သူမတို့ရင်းနှီးနေစဉ် သူသည် သူမ၏မျက်နှာကိုအုပ်ထားတက်သည်။ထိုမှသာ သူသည် ရဲ့လော့ယီကို မြင်ယောင်နိုင်မည် ဖြစ်သည်။

သူမသည် အစားထိုးသက်သက်သာဖြစ်သောကြောင့် သူလိုအပ်သည့်အခါမှသာ သူမထံသို့လာတက်ပြီး သူ့ကိုဆက်သွယ်ဖို့ပင် ခက်ခဲခဲ့သည်။

ထို့အပြင် သူမသည်အစားထိုးသက်သက်သာဖြစ်‌သောကြောင့် သူမကိုယ်ဝန်ရှိနေမှန်းသိသည်နှင့်တပြိုင်နက် ချင်းလီသည် ကိုယ်ဝန်ဖျက်ချခိုင်း‌ခြင်းဖြစ်သည်။

ရှမော့မော့၏ လက်ချောင်းများသည် အေးစက်နေပြီး သူမ၏ဗိုက်အား တုန်တုန်ယင်ယင်ဖြင့် ပွတ်သပ်လိုက်သည်။

လက်ထောက်ပြောခဲ့သည့်စကားများကို အစကသူမ နားမလည်သော်လည်း ယခုတော့ သိသွားခဲ့ပြီဖြစ်သည်။ သူမ၏ ID ကဒ်ကိုသိမ်းထားခြင်းသည် သူမကို ကိုယ်ဝန်ဖျက်ချရန် ချုပ်နှောင်ထားခြင်းပင် ဖြစ်သည်။ သူဘာဆက်လုပ်မည်နည်း။ ကိုယ်ဝန်ပျက်စေသည့်ဆေးများကို အစာထဲ ထည့်ကျွေးမည်လား။ချင်းလီသည် သူမနှင့်ဒီနှစ်များတွင် အတူနေခဲ့သည်မှာ သူ၏ လိုအင်ဆန္ဒတစ်ခုတည်း‌ကြောင့်သာဖြစ်သည် ။

သူသည် ရဲ့လော့ယီကို အစွဲအလမ်းကြီးစွာ ချစ်မိသည့်အတွက် အစားထိုးမည့်လူလိုအပ်ခဲ့သည်။ ကလေးကို ဖျက်ချရန် သူမကို မည်သို့ဆက်လက် ဖိအားပေးမည်ဆိုသည်ကို ရှမော့မော့တွေးတောင် မတွေးရဲပေ။သူမ ကွန်ပျူတာမောက်စ်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားပြီး သူမ၏မျက်လုံးများသည် မျက်ရည်များဝဲတက်လာကာ ကူရာကယ်ရာမဲ့သကဲ့သို့ ဖြစ်လာသည်။ သူမနှင့် ကလေးအတွက် ဤနေရာတွင် ဆက်လက်ရှိနေ၍မရတော့ချေ။

All Chapters