အခန်း ၄၀
Vol. 4 Ch. 40
ချင်းလီသည်ကောင်းကင်အမှောင်ကျသွားသည့်အချိန်တွင် အိမ်သို့ပြန်သွားခဲ့သည်။
သူသည်စတော်ဘယ်ရီကွန်ရက်မှ သူအားခေါ်ယူလိုသော အမျိုးသားဇာတ်ဆောင်နေရာအား အောင်မြင်စွာရယူနိုင်ခဲ့သော်ညား “The bottom line” နှင့်ပတ်သက်သည့် ပြဿနာများကြောင့် စတော်ဘယ်ရီကွန်ရက်သည် သူ၏အခကြေးငွေအားသိသိသာသာလျှော့ချသွားလေသည်။
ဗီဒီယိုပလက်ဖောင်းတစ်ခုအနေနှင့် စတော်ဘယ်ရီဖျော်ဖြေရေးကုမ္ပဏီသည် လေးနက်သောဒရမ်မာများတွင် နှစ်စဥ်ရင်းနှီးမြုပ်နှံလေ့ရှိသည်။ ချင်းလီယခုတစ်ခါတွင် ယူထားသောဒရမ်မာသည် အရင်းအနှီး သန်းနှစ်ဆယ်ကျော်ဖြင့် လေးနက်စွာထုတ်လုပ်သောဒရမ်မာဖြစ်သည်။ သူသည် ဇာတ်ညွှန်းအားဖတ်ပြီးသော်ညား ဤဇာတ်ညွှန်းသည် ရှောင်းယွီရေးသည့်ဇာတ်ညွှန်း အားမမှီဟုထင်မြင်မိသည်။
ဒါရိုက်တာအဖွဲ့အတွက် “The bottom line” သည်အဆင့်မမှီပေ။
သို့သော် ယခုအချိန်တွင် ဤအရာသည် သူ၏လုပ်နိုင်စွမ်းအကုန်ဖြစ်လေသည်။ သူ၏အောင်မြင်ကျော်ကြားမှု တောက်လောင်နေသည့်အချိန်တွင် ဆက်လက်ထိန်းထားနိုင်ရန် လေးနက်သောဒရမ်မာအား အလောတကြီးလိုအပ်နေလေသည်။
“ကျွန်တော်တို့မနက်ဖြန်မှာ မင်း “ City of trapped beast” မှာပါဝင်သရုပ်သွားမယ်ဆိုတဲ့အကြောင်းနဲ့ “The bottom line” မှာပါဝင်ဖို့ အချိန်မရှိတဲ့အကြောင်းကိုကြေညာသွားမှာပါ၊ ဒါနဲ့ကျန်းထောင်ဘက်က ပြဿနာရှာလောက်မလားမသိဘူး၊ တကယ်လို့သူသာ မင်းဘက်က “The bottom line” ဘက်ကိုအတော်စိတ်ဝင်စားခဲ့တယ်ဆိုတာကို ပြောပြလိုက်ရင် ဒီအလိမ်အညာစကားတွေက ထိန်းထားနိုင်မှာမဟုတ်ဘူး”
သူ၏မန်နေဂျာသည် ချင်းလီအိမ်ပြန်ရောက်သည်တိုင်အောင် ဖုန်းမှစကားဆက်ပြောနေခဲ့သည်။ သူ၏ထိန်းချုပ်မှုအောက်တွင်ရှိနေသော အနုပညာရှင်များထဲတွင် ချင်းလီသည်အအောင်မြင်ဆုံးသူဖြစ်ရာ မန်နေဂျာ၏အကြီးမားဆုံးသော အကျိုးအမြတ်သည် ချင်းလီထံမှရရှိသည်။ သူသည်ချင်းလီအား အခြားသူများ၏အထက်တွင်သာ ရှိနေစေချင်သည်။
ချင်းလီသည် သူ၏ဖုန်းအား စပီအာဖွင့်လိုက်ကာ အိမ်စီးဖိနပ်ပါးလဲရန်အတွက် အောက်သို့ငုံ့လိုက်သည်။
“ကျန်းထောင်က ရင်းနှီးမြုပ်နှံမှုလိမ်လည်တာက ကျွန်တော်တို့လုပ်ခဲ့တယ်ဆိုတာ သူသိမှာမဟုတ်ပါဘူး၊ သူ့အမြင်မှာတော့ ကျွန်တော်က “The bottom line” ကိုစိတ်ဝင်စားခဲ့တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး သူ့ကိုစတော်ဘယ်ရီကွန်ရက်နဲ့ချိတ်ဆက်ဖို့ကြိုးစားပေးခဲ့တဲ့သူပဲလေ၊ ကျွန်တော်ကကူညီဖို့ကြိုးစားနေတဲ့အချိန်မှာ စတော်ဘယ်ရီကွန်ရက်က အပျက်သဘောဆောင်တဲ့ရှာဖွေမှုကို ရေပန်းစားဖို့အတွက် ဝယ်ခဲ့တာဖြစ်နိုင်တယ်၊ ကျန်းထောင် ကျွန်တော်ကိုမဖော်ထုတ်လောက်ပါဘူး”
မန်နေဂျာသည် စိတ်ချသွားသကဲ့သို့ သက်ပြင်းချလိုက်ကာ အတွန့်တက်လေသည်။
“နောက်ထပ်ရှူထောင့်ကနေကြည့်မယ်ဆိုရင် မင်းအတွက်သာမဟုတ်ခဲ့ဘူးဆိုရင် ကျုံချင်းယွီက သူ့အပေါ်ရင်းနှီးမြုပ်နှံခဲ့မှာမဟုတ်ဘူး၊ အဲတာဆိုရင် ကျန်းထောင်လည်း ဒီဒရမ်မာကို ရိုက်ကူးနိုင်မှာမဟုတ်ဘူး”
ချင်းလီ၏မျက်လုံးများသည် အနည်းငယ်မှောင်မိုက်သွားလေသည်။ ယခုအခြေအနေတစ်ခုလုံး၏ စိတ်ပျက်စရာအကောင်းဆုံးအပိုင်းသည် ကျုံချင်းယွီဖြစ်သည်။ သို့သော်ကံမကောင်းစွာနှင့် သူမသည် အဓိကလူဖြစ်ရာ ချင်းလီသည်သူမအားမထိနိုင်ပေ၊ မထိနိုင်သေးခြင်းဖြစ်သည်ဆို ပိုမှန်ပေလိမ့်မည်။
ဖုန်းချလိုက်ပြီးနောက် ချင်းလီသည် ဧည့်ခန်းထဲသို့ လျှောက်သွားလေသည်။
နူးညံ့သောအထိအတွေ့သည် သူ၏နောက်ကျောအောက်ပိုင်းအား ပွတ်တိုက်မိသွားကာ နွေးထွေးနူးညံ့သော မိန်းကလေးတစ်ဦး၏ရင်ဘတ်သည် သူ၏နောက်ကျောအားဖိထားလေသည်။
“ချင်းကော”
ရှမော့မော့သည် အိပ်ယာပေါ်တွင်အိပ်မောကျနေပါသော်ညား ချင်းကော၏အသံကြောင့်နိုးလာခဲ့လေသည်။ ချင်းလီသည် အနောက်သို့လှည့်လိုက်ကာ သူမ၏ပြားချပ်နေသည့် ဗိုက်အားအကြည့်ရောက်မိသောအခါ သူ၏ရင်ဘတ်ထဲတွင် စိတ်ပျက်သွားမိသည်။
“နောက်ကျနေပြီ စောစောမအိပ်ဘူးလား”
ရှမော့မော့သည် သူ့အားနာခံစွာကြည့်လျက်
“မနက်ဖြန်ကျွန်မကိုယ်ဝန်စစ်ဆေးဖို့ ချိန်ထားတာရှိတယ်၊ အဲတာ ကော ကျွန်မနဲ့လိုက်ပေးနိုင်မလား”
ချင်းလီသည် မျက်မှောင်ကြုတ် လိုက်မိသည်။ သူသည်မနက်ဖြန်တွင် “City of trapped Beast” အတွက် ဝတ်စုံကိုယ်တိုင်းပေးရန်သွားရမည်ဖြစ်သည်။ သူတွင်အချိန်မရှိနေပေ။
“ကိုယ်အခုတလော အလုပ်တွေရှုပ်နေလို့ အန်တီကျောက်ကိုပဲ မင်းနဲ့အတူခေါ်သွားလိုက်ပါ”
ရှမော့မော့သည် မပျှော်ရွှင်စွာ ဆူပုတ်လိုက်ကာ
“ကောင်းပြီလေ အို ဒါနဲ့ချင်းကော ကျွန်မတို့လက်ထပ်စာချုပ်သိပ်မကြာခင်မှာ သွားလုပ်ကြမလား၊ အခုဆိုရင်ကလေးကသုံးလရှိနေပြီ၊ ကျွန်မတို့နည်းနည်းထပ်ကြာသွားမယ်ဆိုရင် ဗိုက်ကထွက်လာတော့မှာ၊ ကျွန်မတို့မင်္ဂလာဆောင်မှာတော့ ဗိုက်ပူကြီးနဲ့ဆိုမဖြစ်ဘူး ဟုတ်တယ်မလား”
ချင်းလီ မျက်မှောင်များကြုတ်လာသည်။ သူသည်ရှမော့မော့အား လက်ထပ်ရန်မတွေးခဲ့ဖူးပေ။ ကလေးအားလက်ခံထားခြင်းသည် အချိန်ဆွဲရန်နည်းဗျူဟာတစ်ခုသာဖြစ်၍ အဆုံးတွင်ကလေးအားဖျက်ချမည်ဖြစ်သည်။
“နည်းနည်းလောက်ထပ်စောင့်ကြရအောင်”
ချင်းလီပြောလိုက်သည်။
“ကိုယ် “journey” ကိုရိုက်ကူးပြီးသွားတဲ့အခါကျရင် မင်းလုပ်ချင်တာမှန်သမျှကိုယ်လုပ်ပေးပါ့မယ်”
ရှမော့မော့သည် တောက်ပစွာပြုံးလိုက်ကာ သူမ၏သမင်မျက်လုံးလေးများသည် လခြမ်းကွေးလေးများကဲ့သို့ ကွေးညွတ်သွားခဲ့သည်။မြောက်ဝန်ရိုးစွန်းမှ ဒီဇင်ဘာညကဲ့သို့ အေးစက်မှုများ သူမ၏မျက်လုံးထဲတွင်ရောင်ပြန်ဟပ်သွားသည်ကို မည်သူမှမသိလိုက်ပေ။
“ဒါဆိုရင် ချင်းကော”
သူမသည်ရုတ်တရက်အသံပြောင်းသွားတာ တက်ကြွသောအသံဖြင့်
“ဒီညကျွန်မနဲ့အတူနေပေးလေ၊ ရတယ်မလား”
ရှမော့မော့အား နှစ်ကြိမ်တိတိငြင်းပြီးနောက်တွင် ချင်းလီသည် သူမအားတတိယအကြိမ်ထပ်မငြင်းသင့်မှန်းသိလေသည်။ ကိုယ်ဝန်ဆောင်အမျိုးသမီးများသည် ထိုအချိန်တွင် အထိမခံနိုင်ပေ။ သူသည် သူမ၏ဆန္ဒအား ထပ်မံငြင်းဆိုလိုက်ပါက သူမနောက်ထပ် ပြဿနာများရှာမည်ကိုစိုးရိမ်လေသည်။
ထိုကြောင့် သူသည်သူမ၏ဆံပင်အား ညင်သာစွာပွတ်သပ်ကာ
“ကောင်းပါပြီ”
ညသည် မှင်ကဲ့သို့နက်မှောင်နေ ကာ မြို့၏နီယွန်မီးများသည်လည်း မှိန်ဖျော့သွားသည့်အချိန်တွင် လမ်းမီးတိုင်များ တစ်တိုင်ပြီးတစ်တိုင် ပိတ်သွားပြီဖြစ်သည်။
အသက်ရှူသံတစ်ခုသည် အခန်းတစ်ခုလုံးအား ဖုံးလွှမ်းနေသည်။ အမှောင်ထဲတွင် ရှမော့မော့သည် သူမ၏မျက်လုံးများအားဖွင့်လာခဲ့သည်။ သူမသည်အမြဲတစေ နိုးကြားစွာအိပ်တတ်သူဖြစ်သည်။ လွန်ခဲ့သောညများတွင် သူမအိပ်မပျော်၍နိုးလာရင်း သူမဘေးတွင် ချင်းလီအားတွေ့ပါက သူမ၏မျက်နှာတွင် နွေးထွေးမှုများနှင့်အပြုံးတစ်ခုရှိနေမည်ဖြစ်သည်။
သို့သော် ယခုညတွင် သူမဘေးရှိယောက်ျားအား ကြည့်လိုက်သောအကြည့်သည် ရေခဲသမျှအေးစက်နေလေသည်။ သူမသည်တိတ်ဆိတ်စွာထလိုက်ကာ အသံမထွက်စေပဲ ချင်းလီ၏ပိုက်ဆံအိတ်ထဲမှ သူမ၏အိုင်ဒီကဒ်အား တိတ်တဆိတ်ရယူလိုက်သည်။
ထို့နောက်သူမသည် နောက်သို့ကြန်မကြည့်ပဲ စိတ်ပိုင်းဖြတ်ခါထွက်ခွာသွားခဲ့သည်။
ထိုညသည်လည်း အိပ်မပျော်သည့်ညတစ်ညဖြစ်ဖို့ရန် သတ်မှတ်ထားသကဲ့သို့ဖြစ်လေသည်။
ယခုအချိန်တွင် ချင်းလီနှင့် *The Bottom line” သည် ဝေ့ပေါ်တွင် ရေပန်းစားနေဆဲဖြစ်သည်။
ယနေ့အစောပိုင်းရှိ ကောင်းမွန်သောဇာတ်ကောင်အား လုယူသွားသည့်ကိစ္စသည် စျေးကွက်ရှာဖွေသည့်အကောင့်များမှ လူတိုင်းအားလှည့်စားလိုက်သည် ဟူသော ကောလဟာလများဖြင့်အဆုံးသတ်သွားခဲ့သည်။
Entertainment dog brother သည် ရှင်းယောင်ဘက်မှ ရှန့်ရှင်းဟယ်၏ အရည်အချင်းစစ် ဗီဒီယိုအား လွှင့်လိုက်သည့်အချိန်မှ ၎င်းသည် အသုံးချခံလိုက်ရကြောင်းအား သိသွားခဲ့သည်။
(T/N Entertainment dog brother= ဒါလေး ဝေ့ပေါ်အကောင့်နာမည်နော်သဲလေးတို့ သူတို့ကအိုင်ဒေါတွေရဲ့သတင်းတွေလိုက်တင်တဲ့ အဖွဲ့တစ်ခုလိုမျိုးပဲ)
ရှင်းယောင်၏အတွင်းဝန်ထမ်းတင်ပြချက်ဆိုသည်မှာအဘယ်နည်း။ ဤသည်မှာ ရှင်းယောင် PR ဌာန၏လှုပ်ရှားမှုဆိုသည်မှာ သိသာပြီး သူတို့သည် ဗီဒီယိုဖိုင်အား တမင်တကာမှုန်ဝါးအောင်လုပ်ကာ ပထမတစ်ချက်တွင် ဖြေဆိုသူ၏မျက်နှာအား မြင်ဖို့ခက်ခဲစေခဲ့သည်။
ဘယ်လိုတောင်ယုတ်မာတဲ့သူတွေလဲ။ ခိုးကြောင်ခိုးဝှက်နိုင်လွန်းတယ်။
Entertainment dog borther သည် အင်တာနက်သုံးစွဲသူများထံမှ ဆိုးရွားစွာဝေဖန်ခံခဲ့ရပြီ အထူးသဖြင့်ချင်းလီ၏ ပရိတ်သတ်များထံမှ ၎င်း၏ဝေ့ပေါ်မှတ်ချက်များအထိ အဆိုးရွားဆုံးသောစော်ကားမှုများနှင့် ကျယ်ကျယ်ပြန့်ပြန့်ဝေဖန်ခံခဲ့ရလေသည်။ အကယ်၍သူသည် ၎င်း၏ဗီဒီယိုများတွင် ခွေးခေါင်းပုံစံမျက်နှာဖုံးမစွပ်ထားခဲ့ပါက သူ၏ အမှတ်ရဖွယ်ဓါတ်ပုံအား photoshop လုပ်ထားကြပြီးဖြစ်နိုင်သည်။
Entertainment dog brotherသည် စိတ်ထဲမှကြိမ်ဆဲလိုက်ကာ သူ၏ရှင်းယောင်အပေါ် နာကြည်းမှုသည်လည်း ကြီးထွားလာခဲ့သည်။ သို့သော် ရှင်းယောင်သည် အရည်အချင်းစစ်ဗီဒီယိုအား ထုတ်လွှင့်ပြီးနောက် အွန်လိုင်းမှသတင်းဖြန့်သူသည် ၎င်း၏ PR ဌာနမှ စျေးကွက်ရှာဖွေပေးမှုအတွက် အခကြေးငွေများစွာရရှိခဲ့သည်။
သူသည်အသုံးချခံခဲ့ရပါသော်ညား သူလိုချင်သည့်အရာအားရရှိခဲ့သည်။ သူသည်ဖော်လိုဝါများစွာရရှိခဲ့ပြီး ချင်းလီပရိတ်သတ်များနှင့်ကြည့်ရှူသူများကြောင့် ရေပန်းစားသည့်အကြောင်းအရာအဖြစ် နေရာယူခဲ့နိုင်သည်။ စျေးကွက်အခြေအနေအရကြည့်လျှင် သူ့အတွက်အရှုံးမရှိပေ။
Entertainment dog brother ၏ မကျေနပ်မှုများသည် ရှင်းယောင်ဘက်မှ ချင်းလီထံသို့ လျင်မြန်စွာပြောင်းလဲသွားလေသည်။
ဘယ်စျေးကွက်ရှာဖွေရေးအကောင့်ကသူ့ကိုလှည့်စးသွားတာလဲ။
သိပ်မကြာခင်ကပင် ချင်းလီသည် “The bottom line” အတွက် အပျက်သဘောဆောင်သည့် ရေပန်းစားသည့်ခေါင်းစဥ်ဖြစ်စေရန်နှင့် အပျက်သဘောဆောင်သောဆောင်းပါးများအားဝယ်ယူခဲ့သည် မဟုတ်လော။ ယခုတွင် အပြစ်ကင်းချင်ယောင်ဆောင်နေသည်မှာ အဘယ်ကြောင့်နည်း။ ဖျော်ဖြေရေးနယ်ပယ်ရှိသူများသည် ၎င်းတို့၏အပုပ်အပွများအား အလွှာရှစ်ရာလောက်ဖြင့် ဖုံးထားကြသူများနှင့်ပြည့်နေကာ ၎င်းတို့အနက် တစ်ဦးမှမသန့်ရှင်းကြပေ။
အွန်လိုင်းသတင်းဖြန့်သူသည် ဤအဖြစ်အပျက်တစ်ခုလုံးတွင် သူသည်အနုံအဆုံးသူဖြစ်ကာ ရှင်းယောင်၏ အသုံးချခံ တစ်ဦးဖြစ်သွားရသည်ဟု ခံစားလိုက်ရလေသည်။ သူသည်လည်း စိတ်အားထက်သန်လွန်းပြီး သူ၏ကိုယ်ပိုင်အကောင့်ရှိမက်ဆေ့ချ်များအား လုံလောက်စွာဂရုမစိုက်မိသည့် သူ၏အမှားလည်း ပါလေသည်။ သူသည်နောက်ပိုင်းတွင်ပိုသတိထားရန်တွေးမိသည်။
သူထိုသို့တွေးပြီးသည်နှင့်တစ်ပြိုင်နက် နောက်ထပ် လွှင့်ရန်သတင်းတစ်ပုဒ်သည်သူ၏ ဖုန်းထဲသို့ ရောက်ရှိလာလေသည်။ ဤတစ်ကြိမ်တွင် အွန်လိုင်းသတင်းဖြန့်သူသည် ပို၍ထက်မြက်စွာတွေးကာ ထိုသတင်းကာအလွယ်တကူလွင့်ပေးမည်မဟုတ်ပေ။
သူသည် သတင်းအားဂရုတစိုက် ပြန်လည်သုံးသပ်ကာ ပို့ပေးထားသည့် အသံဖိုင်အား ထပ်ခါထပ်ခါပြန်လည်နားထောင်နေသည်။ သူသည် ချင်းလီ၏အသံဟုတ်မဟုတ်အား အတည်ပြုရန်သူ၏အဖွဲ့အား ခေါ်လာခဲ့သည်။
အရာအားလုံးအတည်ပြုပြီးနောက် အွန်လိုင်းသတင်းဖြန့်သူသည် အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်သည်။
ဒါကလုံးဝကိစ္စကြီးပဲ။
သူသည် ယနေ့သူခံစားခဲ့ရသည့် မကျေနပ်မှုများနှင့် ချင်းလီ၏ပရိတ်သတ်များထံမှ ကျိန်ဆဲမှုများသည် Nio:hura dog brother များ၏အောင်မြင်မှုအတွက် ကြိုတင်နမိတ်ပြခဲ့ခြင်းဖြစ်ရမည်။
( T/N Nio:hura dog brother =ဒါကကျတော့လေ သူတို့အသင်းကိုခေါ်တဲ့နာမည် ဟို Entertainment dog brother ဆိုတာကိအကောင့်နာမည်)
ထိုသတင်းအားပေးပို့ခဲ့သော အင်တာနက်သုံးစွဲသူသည် အဖွဲ့အစည်းတစ်ခုတွင်ပါဝင်နေသည့်ပုံရသည်။ သူမပေးသည်ပစ္စည်းများအားလုံးသည် စစ်မှန်ကာ ဥပဒေအရတာဝန်ယူရန်ဆန္ဒရှိကြောင်း ပြောခဲ့သည်။ သူမသည် Entertainment dog brother ထံရောက်လာရခြင်းမှာ သူမသည် အင်တာနက်ပေါ်တွင်လွမ်းမိုးမှုမရှိသည်ဖြစ်ကာ သူမမှာ ချင်းလီ၏ပုံစံအမှန်အား လူတိုင်းကိုသိစေချင်၍ဖြစ်သည်။
ချင်းလီ၏ ပရိတ်သတ်များသည် “စျေးကွက်ရှာဖွေရေးအကောင့်များသည် လူများအား မဟုတ်မမှန်သတင်းများအားပေးနေသည်” ဟူသောကိစ္စနှင့်ပတ်သက်၍ ဝီရိယရှိစွာ သတင်းဖြန့်နေဆဲဖြစ်သည်။ သူတို့သည် ချင်းလီနှင့်ပတ်သက်သည့် ရှာဖွေသည့်ခေါင်းစဥ်များအား ဖျက်ချနေကာ ကြီးမားသည့်စျေးကွက်ရှာဖွေရေးအကောင့်များ၏ ဝေ့ပေါ်ပို့စ်များအောက်ရှိ မှတ်ချက်များအားလည်း ထိန်းချုပ်နေလေသည်။
သူတို့သည် အနည်းဆုံးတွင်တော့ အရှုပ်အထွေးအားမသိရှိသေးသူများအား စျေးကွက်ရှာဖွေရေးအကောင့်များသည်သာ အဓိကပြဿနာ ဖြစ်သည်ဟုထင်သွားစေချင်ကြသည်။
အဲတာက စျေးကွက်ရှာဖွေရေးအကောင့်တွေရဲ့အမှားပဲလေ သူတို့ရဲ့ကောနဲ့ဘာမှမဆိုင်ဘူး။
ရုတ်တရက် သူတို့သည် ချင်းလီအားဆဲဆိုနေသည့် အဓိကအကောင့်များထဲမှတစ်ခုဖြစ်သည့် The dog brother သည် ဝေ့ပေါ်ပို့စ်တစ်ခုအား ပြန်လည်မျှဝေထားသည် ကိုတွေ့လိုက်ရသည်။
ထိုဝေ့ပေါ်အကောင့်သည် အသစ်ဝင်ထားသောအကောင့်ဖြစ်ကာ အိုင်ဒီနာမည်သည် “ချင်းလီ၏ရည်စားဟောင်း” ထိုအကောင့်သည် ဖော်လိုးထားသူ သုညနှင့် ဖော်လိုးထားသည့်သူမှာလည်း သုညသာရှိပြီး ဝေ့ပေါ်ပို့စ်သည်လည်း ထိုတစ်ခုသာရှိသည်။
ထိုဝေ့ပေါ်ပို့စ်၏အကြောင်းအရာမှာ အံ့ဩဖွယ်ဖြစ်ကာ ထိုပို့စ်တင်ပါဝင်သောအကြောင်းအရာမှာ ကျန်းထောင်လွန်ခဲ့သည်ရက်အနည်းငယ်အတွင်းကြုံခဲရသည့် ရင်းနှီးမြုပ်နှံမှုလိမ်လည်ခြင်းတွင် ချင်းလီပါဝင်ပတ်သက်နေသည်ဟု ပြောထားသည်။
ထို့ပို့စ်တွင် ချင်းလီနှင့်သူ၏မန်နေဂျာကြားမှ စကားဝိုင်းအား မှတ်တမ်းတင်ထားသည့် အသံဖိုင်လဲပါလေသည်။
“ကျွန်တော်တို့မနက်ဖြန်မှာ မင်း “ City of trapped beast” မှာပါဝင်သရုပ်သွားမယ်ဆိုတဲ့အကြောင်းနဲ့ “The bottom line” မှာပါဝင်ဖို့ အချိန်မရှိတဲ့အကြောင်းကိုကြေညာသွားမှာပါ၊ ဒါနဲ့ကျန်းထောင်ဘက်က ပြဿနာရှာလောက်မလားမသိဘူး၊ တကယ်လို့သူသာ မင်းဘက်က “The bottom line” ဘက်ကိုအတော်စိတ်ဝင်စားခဲ့တယ်ဆိုတာကို ပြောပြလိုက်ရင် ဒီအလိမ်အညာစကားတွေက ထိန်းထားနိုင်မှာမဟုတ်ဘူး”
“ကျန်းထောင်က ရင်းနှီးမြုပ်နှံမှုလိမ်လည်တာက ကျွန်တော်တို့လုပ်ခဲ့တယ်ဆိုတာ သူသိမှာမဟုတ်ပါဘူး၊ သူ့အမြင်မှာတော့ ကျွန်တော်က “The bottom line” ကိုစိတ်ဝင်စားခဲ့တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး သူ့ကိုစတော်ဘယ်ရီကွန်ရက်နဲ့ ချိတ်ဆက်ဖို့ကြိုးစားပေးခဲ့တဲ့သူပဲလေ၊ ကျွန်တော်ကကူညီဖို့ကြိုးစားနေတဲ့အချိန်မှာ စတော်ဘယ်ရီကွန်ရက်က အပျက်သဘောဆောင်တဲ့ရှာဖွေမှုကို ရေပန်းစားဖို့အတွက် ဝယ်ခဲ့တာဖြစ်နိုင်တယ်၊ ကျန်းထောင် ကျွန်တော်ကိုမဖော်ထုတ်လောက်ပါဘူး”
“နောက်ထပ်ရှူထောင့်ကနေကြည့်မယ်ဆိုရင် မင်းအတွက်သာမဟုတ်ခဲ့ဘူးဆိုရင် ကျုံချင်းယွီကသူ့အပေါ်ရင်းနှီးမြုပ်နှံခဲ့မှာမဟုတ်ဘူး၊ အဲတာဆိုရင် ကျန်းထောင်လည်း ဒီဒရမ်မာကို ရိုက်ကူးနိုင်မှာမဟုတ်ဘူး”
Entertainment dog brother သည် စျေးကွက်ရှာဖွေရေးအကောင့်ဖြစ်ကာ သူသည်ယနေ့မုန်တိုင်း၏ အဓိကဗလိုပင်ဖြစ်သည်။ သူ၏ပြန်တင်ထားသောပို့စ်သည် ကြီးမားသောလွမ်းမိုးမှုရှိနေလေသည်။
ယခင်ကငြိမ်သက်နေခဲ့သော် ဝေ့ပေါ်သည်ယခုတွင်ပေါက်ကွဲထွက်မတတ်ဖြစ်လာနေလေသည်။ ချင်းလီ၏ပရိတ်သတ်များသာ ထိုပို့စ်အားမြင်လိုက်သည်မဟုတ် အခြားညဇီးကွက်များသည်လည်း ထိုသတင်းအားတွေ့လိုက်ကြလေသည်။
[ငါကတော့ ဒီနေ့သတင်းကဝမ်းနည်းစွာနဲ့အဆုံးသတ်သွားတော့မယ်ထင်နေခဲ့တာ၊ ဒါပေမဲ့ ဒီအလှည့်အပြောင်းကြီးကိုတော့မမျှော်လင့်ထားခဲ့ဘူး]
ချင်းလီသည် ကျန်းထောင်ကို တမင်ရင်းနှီးမြုပ်နှံမှုလိမ်လည်ခံရစေရန်လုပ်ခဲ့သည်လား။ ပြီးလျှင်သူသည် ထိုအရာအား စျေးကွက်ရှာဖွေရေးအကောင့်များထံသို့ ပုံချခဲ့သည်။
[အဲတာဆို ချင်းလီကစတော်ဘယ်ရီကွန်ရက်နဲ့လက်တွဲလိုက်ပြီး ကျန်းထောင်ကိုဖြုတ်ချလိုက်ပြီးတော့ “The bottom line” ရဲ့ အမျိုးသားဇာတ်ဆောင်နေရာကိုလုယူခဲ့တာပေါ့]
[ဒါရိုက်တာကျန်းကတော့ ချင်းလီကကောင်းတဲ့သူတစ်ယောက်ပဲလို့ထင်ပြီး အမှောင်ချခံခဲ့ရမှာပဲ]
[အကယ်၍ ကျုံချင်းယွီသာမပါဝင်ခဲ့ရင် ကျန်းထောင်အရူးလုပ်ခံခဲ့ရမှာအသေအချာပဲ]
[ဟုတ်တယ်၊ ကျုံချင်းယွီသာမပါခဲ့ရင် ရှန့်ရှင်းဟယ်က ဘေးကိုတွန်းပို့ခံလိုက်ရပြီ၊ ချင်းလီကအဓိကဇာတ်ကောင်နေရာကို ပေါ်ပေါ်ထင်ထင်ပဲ ရသွားခဲ့မှာ ပြီးတော့အဲတာကို လူအများစုကသိကြမှာတောင်မဟုတ်ဘူး]
[ချင်းလီကအရမ်းကြောက်ဖို့ကောင်းတာပဲ]
လွန်ခဲ့သော ကိစ္စဖြစ်သည့် ဇာတ်ကောင်လုခြင်းကိစ္စသည် အုတ်ခြေရှိပြီးဖြစ်၍ ချင်းလီနှင့်ပတ်သက်သည့် hashtag များသည်လည်း ဝေ့ပေါ်တွင် အလျင်အမြန်ရေပန်းစားလာခဲ့သည်။
ပရိတ်သတ်များသည် ယခင် ဇာတ်ကောင်လုသည့်ကိစ္စတွင် စျေးကွက်ရှာဖွေရေးအကောင့်များအပေါ် အပြစ်တင်နိုင်ပါသော်ညား ယခုဝေ့ပေါ်ပို့စ်တွင်မူ ၎င်းတို့တတ်နိုင်သည့်အရာမရှိတော့ပေ။
ဆဲဆိုခံခဲ့ရသည့် စျေးကွက်ရှာဖွေရေးအကောင့်များအားလုံးသည် မဟာမိတ်များအဖြစ်ပြောင်းလဲကာ ထိုဝေ့ပေါ်ပို့စ်အား ပြန််လည်မျှဝေခဲ့ကြသည်။ ချင်းလီသည် စျေးကွက်ရှာဖွေရေးအကောင့်များအား အပြစ်ပုံချရန်လုပ်ခဲ့ပါသော်ညား ယခုတွင်မူအမှန်တရားမှာပေါ်ပေါက်လာကာ ထိုအကောင့်များသည်လည်း သူအားအလွတ်ပေးတော့မည်မဟုတ်ပေ။ ဖျော်ဖြေရေးနယ်ပယ်တွင်ရှိသောသူများတွင် မဟုတ်မမှန်သတင်းများအား မတင်ဖူးသည့်သူများလဲမရှိလောက်ပေ။ ဖျော်ဖြေရေးနယ်ပယ်ရှိ စျေးကွက်ရှာဖွေရေးအကောင့်များအား ချင်းလီ၏ပရိတ်သတ်များသည် တစ်မျိုးမဟုတ်တစ်မျိုး ပြောဆိုခဲ့ကြသည်။ ယခုချင်းလီ ပြဿနာတက်သည့်အချိန်တွင် သူတို့သည်လည်း သူ့အားဒုက္ခရောက်စေရန် ထိုဝေ့ပေါ်ပို့စ်အားပြန်လည်မျှဝေကြခြင်းဖြစ်သည်။ ချင်းလီ၏ပရိတ်သတ်များမှာ ဤကိစ္စတွင် အများဆုံးရှုပ်ထွေးသွားသူများဖြစ်ကြသည်။
လွန်ခဲ့သောတစ်ခဏမှ သူတို့သည် ဝေ့ပေါ်သတင်းများအား ရှင်းလင်းရန်အလုပ်များခဲ့ရပြီ ယခုတွင်၎င်းတို့အိုင်ဒေါနှင့်ပတ်သက်သည့် စိတ်ဝင်စားဖွယ်သတင်းတစ်ပုဒ်ထပ်ထွက်လာပြီဖြစ်လေသည်။
ချင်းလီ သရုပ်ဆောင်သက်တမ်းတစ်လျောက်အတွင်း ဝေ့ပေါ်တွင် ဆက်တိုက်ကျော်ကြားခြင်းဖြစ်စဥ်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။
အချို့ပရိတ်သတ်များသည် မူမမှန်သည်ကိုခံစားမိလေသည်။ ချင်းလီသည် စျေးကွက်ရှာဖွေရေးအကောင့်များအား အပြစ်များပုံချတွင်အချိန်တွင် ၎င်းတို့သည် သူအမှန်တကယ် ဇာတ်ကောင်နေရာအားလုခဲ့သည်ဟုထင်ခဲ့ကြသည်။ သို့သော် သူတို့၏အိုင်ဒေါအပေါ်ထားသည့်အချစ်သည် သူတို့အားအရာအားလုံးကို ဆက်ငြင်းဆိုစေခဲ့သည်။
သို့သော် ယခုအသံဖိုင်တွင်မူ သူတို့အကုန်အသိဝင်လာကြသည်။
သူတို့သည် တိတ်ဆိတ်သွားကာ ဘာလုပ်ရမည်ကိုမသေချာဖြစ်နေခဲ့သည်။
နောက်ဆုံးတွင်တော့ သူတို့သည် ချင်းလီ၏နောက်အားရန်ဆုံးဖြတ်လိုက်ကာ သတင်းအချက်အလက်များရှာကာ သူ့အားအားပေးခဲ့ကြသည်။ ကုန်ဆုံးထားသော ကုန်ကျစရိတ်များသည် သူတို့အားလက်မလွတ်နိုင်ဖြစ်စေခဲ့သည်။
သို့သော် အသံဖိုင်၏မှန်ကန်မှုနှင့် တင်ပြချက်အား ယုံကြည်နိုင်ရန်ရှင်းဆိုနေသည့် ပရိတ်သတ်များလဲရှိသည်။
[ဒါကသေချာပေါက် AI နဲ့လုပ်ထားတာပဲ]
[ငါတို့ ကောကအဲတာမျိုးဘယ်တော့မှလုပ်မှာမဟုတ်ဘူး၊ ဒီလူတွေသူ့ကိုချောက်ချချင်နေကြတာပဲ]
[သတင်းတင်တဲ့သူက သူ့ကိုယ်သူ “ချင်းလီ၏ရည်းစားဟောင်း” ဆိုပဲ သူမဘာလုပ်ချင်နေတာလဲ ရွံစရာကောင်းလိုက်တာ]
[ဘယ်လိုအဖွဲ့အစည်းမျိုးက ငါတို့ကောကိုပစ်မှတ်ထားနေတာလဲ၊ သူတို့ကသူ့ကိုပျက်စီးသွားအောင်လုပ်ချင်နေကြတာပဲ၊ အဲဒီအသံဖိုင်ကလည်း သေချာပေါက်အတုပဲ၊ ငါတို့ကောကအဲလိုဘယ်တော့မှလုပ်မှာမဟုတ်ဘူး]
ဖျော်ဖြေရေး blogger “dog brother” သည် ချင်းလ၏ဖန်များမှအွန်လိုင်းပေါ်တွင်ပေးနေသော အကြောင်းပြချက်များအား ဖတ်ကာရီမောမိသည်။
သူ့ကိုတစ်ယောက်ယောက်ကချောက်ချနေတာတဲ့လား။
ဒီရူးသွတ်နေတဲ့ပရိတ်သတ်တွေက ညှင်းပန်းနိုပ်စက်မှုကိုမခွဲခြားတတ်တဲ့ရောဂါရနေတာမြန်းလား မင်းတို့ရဲ့ကောကသာသူများကိုအကွက်ချဖို့ကြံစည်နေခဲ့တာပဲလေ။
ဘယ်လိုတောင်ခေါင်းမာနေကြတာလဲ။
ဤကဲ့သို့ခိုင်မာသည့် အထောက်အထားများနှင့်တောင် သူတို့မှာ ယုံရန် ငြင်းနေကြတုန်းပင်ဖြစ်သည်။
သို့ပေမဲ့အရေးမကြီးပေ။ ချောက်ချခြင်းသည်ကိစ္စသေးလေးတစ်ခုသာဖြစ်ပြီး “Dog brother” တွင်ပို၍ကြီးမားသောကိစ္စကြီရှိသေးသည်။ “ချင်းလီသည်ကျန်းထောင်အားချောက်ချခဲ့သည်” ဟူသော hashtag သည် ဝေ့ပေါ်ပေါ်တွင် တစ်နာရီခန့်ရေပန်းစားနေချိန်မှာ dog brother သည် “ချင်းလီ၏ရည်းစားဟောင်း”ထံမှ ပို့စ်နောက်တစ်ခုအား ပြန်လည်မျှဝေလိုက်သည်။
အကယ်၍ပထမဆုံးဝေ့ပေါ်ပို့စ်သည် ယနေ့အဖြစ်အပျက်များအတွက် ဖြေရှင်းချက်ဆိုလျှင် ယခုအရာသည် တကယ့်ကိုပင်ကြီးမားတုန်လှုပ်ဖွယ်အရာဖြစ်သည်။
ထိုဝေ့ပေါ်အကောင့်သည် ရှမော့မော့၏ ကိုယ်ပိုင်အကောင့်ဖြစ်သည်။
ထိုအသံဖိုင်တွင် သူမလူစားထိုးတစ်ဦးအဖြစ်ရှိနေသေးချိန်တွင်စတင်ခဲ့သော ချင်းလီနှင့်သူမ၏ သုံးနှစ်တာဆက်ဆံရေးများအကြောင်းအသေးစိတ် ဖော်ပြထားလေသည်။
သူမသည်ချင်းလီသူမအားချစ်သည်ဟုယုံကြည်ခဲ့ပါသော်ညား သူမသည်သူနှင့်ရဲ့လော့ယီ ၏ဆက်ဆံရေးအားရှာဖွေတွေ့ရှိသွားပြီး ပါပါရာဇီများ၏ရှေ့တွင်သူမအား ညီမလေးဟုခေါ်ခဲ့သည်ကို ကြားပြီးနောက် သူမသည်အစားထိုးခံခဲ့ရသည်ကို သဘောပေါက်သွားခဲ့သည်။
ရှမော့မော့သည် သူမ၏ကိုယ်ဝန်ဆောင်ဆေးမှတ်တမ်းများ၊ချင်းလီနှင့်ဓါတ်ပုံများနှင့် ချင်းလီသူမအား ကိုယ်ဝန်ဖျက်ချရန်တွန်းအားပေးနေသည့် အသံဖိုင်တို့ အားချပြလိုက်သည်။
“မင်းဆေးမသောက်ခဲ့ဘူးလား”
“သောက်ခဲ့ပါတယ် ဒါမဲ့ကောကအကာအကွယ်မသုံးပဲ ကျွန်မကပဲဆေးသောက်မယ်ဆိုရင် အောင်မြင်နိုင်ချေအစကတည်းကသိပ်မရှိဘူးလေ”
“ဖျက်ချလိုက်”
“ဒါကကျွန်မတို့ရဲ့ကလေးလေ”
“ကိုယ်ကအခု ကိုယ့်အလုပ်အကိုင်အတွက်အရေးကြီးတဲ့အချိန်မှာရောက်နေတာ၊ ကိုယ့်မှာကလေးတစ်ယောက်ကိုပြုစုဖို့အတွက်အချိမ်ရှိမယ်ထင်လား၊ မော့မော့ ကိုယ်တို့တွေကငယ်ပါသေးတယ်၊ နောက်မှကလေးယူလို့ရပါတယ် ဒီတစ်ခေါက်ကဒီတိုင်းမှားပြီးရောက်လာခဲ့တာပါကွာ အဲတာကြောင့်ဖျက်ချလိုက်ရအောင်ပါ”
ချင်းလီနှင့်သူ၏မန်နေဂျာကြားရှိ စကားဝိုင်းအား ရှမော့မော့သည် တမင်သက်သက်အသံသွင်းခဲ့သည်ဖြစ်ပြီး ယခုစကားဝိုင်းသည် အသံသွင်းထားခဲ့ခြင်းမဟုတ်ပဲ အိမ်ရှိစောင့်ကြည့်ကင်မရာမှ ရိုက်ကူးမိထားးခြင်းဖြစ်လေသည်။
ချင်းလီသည် သူရှမော့မော့အားစောင့်ကြည့်ရန်ထားခဲ့သည့် စောင့်ကြည့်ကင်မရာမှာ သူဘဝအားဖျက်စီးပစ်မည့် သက်သေတစ်ခုဖြစ်လာမည်ဟုမထင်ခဲ့ပေ။
[အဲဒီကောင်မလေးက ဒီနေ့လေယာဥ်ကွင်းမှာတွေ့လိုက်ရတဲ့ကောင်မလေးမလား၊ ချင်းလီကသူမကို သူ့ဝမ်းကွဲအစ်မလို့ပြောခဲ့တာလေ]
[ငါ့ခြေထောက်ကိုပဲအစ်မနေလိုက်၊ တကယ်အစ်မဆိုရင် သူ့အစ်ကိုကို ထိခိုက်အောင်လုပ်ပါ့မလား]
[ပုံထဲမှာသူတို့နမ်းနေတာကိုမြင်နေရတာကိုကို နင်ကသူတို့ကို မောင်နှမတွေလို့ခေါ်နေသေးတယ်၊ အဲတာကဘယ်လိုမိသားစုမျိုးဖြစ်သွားမှာလဲ]
[အသံဖိုင်ကိုနားထောင်လိုက်ရတာ ငါ့သွေးတွေတောင်ဆူပွက်လာသလိုပဲ၊ အကာအကွယ်မသုံးခဲ့ပဲနဲ့ အခုမှသူမကို ကိုယ်ဝန်ဖျက်ချခိုင်းနေတယ်၊ ချင်းလီကဘယ်လိုယောက်ျားမျိုးလဲ]
[ပြီးတော့ အကာအကွယ်မသုံးပဲဆက်ဆံတာက ကိုယ်ဝန်ရနိုင်ချေများတယ်မလား၊ သူသေချာပေါက် အကာအကွယ်ကိုအကြိမ်ပေါင်းများစွာမသုံးခဲ့တာပဲဖြစ်ရမယ်]
[ကောင်မလေးတို့ ထက်မြက်ကြရအောင်၊ ကိုယ့်ကိုယ်ကိုယ်ကာကွယ်ကြပါ၊ အကာအကွယ်မပါရင် လုံးဝမဆက်ဆံပါနဲ့]
[ငါကတော့ရှမော့မော့ကိုသနားမိတယ်]
[ရှမော့မော့ပြောပုံအရဆိုရင် ချင်းလီက ရဲ့လော့ယီကိုသဘောကျနေခဲ့ပြီး ရှမော့မော့ကိုအစားထိုးအနေနဲ့သုံးခဲ့တာမလား]
[ဖြစ်နိုင်ချေရှိတယ် ရဲ့လော့ယီရဲ့ရှမော့မော့ကနည်းနည်းဆင်တူတယ်၊ ပြီးတော့ ချင်းလီက ရဲ့လော့ယီအပေါ်ကို “travel” မှာတုန်းကအတော်ကောင်းခဲ့တာ၊ ဒါမဲ့အဲတာရဲ့နောက်ကွယ်မှာ ဒီလိုမျိုးဇာတ်လမ်းတွေရှိနေမယ်လို့ ဘယ်သူထင်ခဲ့မှာလဲ]
[ဒီကိစ္စကငါတို့ယီယီနဲ့မဆိုင်ဘူးနော်၊ ငါတို့ယီယီကချင်းလီကိုလုပ်ဖော်ကိုင်ဖက်တစ်ယောက်အနေနဲ့ပဲမြင်တာ၊ သူတို့နှစ်ယောက်ကြားမှာဘာမှမရှိဘူး]
ညနက်နေချိန်တွင် ချင်းလီသည်သူ၏မန်နေဂျာ၏အဆက်မပြတ်ဖုန်းခေါ်နေသံကြောင့် နိုးလာခဲ့သည်။ သူဖုန်းပြန်ဖြေလိုက်ချိန်တွင် ရှမော့မော့ပျောက်နေကြောင်းကို သူသတိပြုမိသွားသည်။
ချင်းလီသည် ရှမော့မော့အား တစ်အိမ်လုံးပတ်ရှာပါသော်ညား သူမ မပြောနှင့်သူလုယူထားသည့် သူမ၏အိုင်ဒီကဒ်ကိုပင် ရှာမတွေ့တော့ပေ။
သူသည်သူမအားခေါ်ဆိုင်ရန်ကြိုးစားကြည့်ပါသော်ညား ဖုန်းလိုင်းမအားသေးပါ နှင့်သာကြုံနေလေသည်။
ယခင်တစ်ခါ သူမထွက်သွားသည့်အခါတွင် သူမသည်ချင်းလီအား သူမကိုရှာဖွေစေချင်ခဲ့သည်ဖြစ်ရာ သူမနှင့်သူ၏ မျှသုံးသည့်အကောင့်အားသုံးကာ လေယာဥ်လက်မှတ်အားဝယ်ယူခဲ့ပြီး လေယာဥ်အချက်အလက်များအား သူ့ကိုသိစေခဲ့သည်။ ယခုတွင်မူ သူမသည်လမ်းစမချန်ထားကာ လုံးဝပျောက်ဆုံးသွားပြီဖြစ်သည်။
“မင်းရဲ့ကောင်မလေးက ပြဿနာတွေရှာနေပြီ”
ကုမ္ပဏီတွင် မန်နေဂျာသည်ချင်းလီအား အစည်းအဝေးခန်းသို့ခပ်သွက်သွက်ခေါ်သွားကာ နှစ်ဦးလုံး၏မျက်နှာသည်လည်း မဲမှောင်နေလေသည်။
ညသန်းခေါင်ယံအချိန်တွင် ထိုသတင်းမျိုးဖြင့်နိုးထလာရခြင်းအား မည်သူမှပျော်ရွှင်မည်မဟုတ်ပေ။
“မင်းရှမော့မော့ကို ဆက်သွယ်လို့ရပြီလား”
မန်နေဂျာသည်မေးလိုက်ကာ
ချင်းလီသည်အေးစက်စွာဖြင့် “မရသေးဘူး” ဟုပြောလိုက်သည်။
မန်နေဂျာသည်သွားများကြိတ်လိုက်ကာ
“ကျန်းထောင်ကို ချောက်ချတဲ့ကိစ္စကိုကုမ္ပဏီကဝေ့ပေါ်မှာပို့စ်တင်ပြီး အကုန်ငြင်းလိုက်လို့ရတယ်၊ ဟိုဘက်မှာကအသံဖိုင်ပဲရှိတာမလို့ ငါတို့တွေအဲတာကို AI နဲ့လုပ်ထားတာဆိုပြီးပြောလို့ရတယ်”
“ဒါပေမဲ့ ရှမော့မော့ကတော့တကယ့် ပြဿနာပဲ၊ သူမကအသက်ရှိနေတဲ့သူလေ၊ ပြီးတော့မင်းကသူမကို ကိုယ်ဝန်ဖျက်ချဖို့တွန်းအားပေးခဲ့တာ၊ ငါတို့မှာအဲတာအတွက်လုပ်နိုင်တာဘာမှမရှိဘူး”
မန်နေဂျာသည် စိတ်ကျဥ်းကျပ်စွာဖြင့်သူ၏ခြေအားဆောင့်လိုက်ကာ
“မင်းတို့နှစ်ယောက်အတူရှိလာတာပဲ သုံးနှစ်ရှိနေပြီကို မင်းသူ့ကိုမဆက်သွယ်နိုင်ဘူးလား၊ မင်းသူ့ကိုချော့မော့ပေးဖို့လိုတယ် မိန်းမတွေဆိုတာချော့လိုက်ရင်ရတယ်”
ချင်းလီအေးခဲသွားလေသည်။ တကယ့်ပြဿနာမှာ သူ ရှမော့မော့မား အမှန်တကယ်ဆက်သွယ်မရခြင်းဖြစ်သည်။ သူသည်သူမအား အစားထိုးတစ်ယောက်အနေနှင့်သာတွေးခဲ့ပြီး သူမအားသူခေါ်ချင်လျှင်ခေါ် ထားချင်လျှင်ထားသွားလို့ရသည့် သူတစ်ဦးဟုသာတွေးခဲ့သည်။ သူသည် သူရဲ့လော့ယီအားလွမ်းဆွတ်သည့်အခါတွင် သူမ၏ခန္ဓာကိုယ်အား အသုံးပြုကာဖြေသိမ့်ခဲ့သည်။ သို့သော် ရှမော့မော့ထိုသို့ ထိန်းချုပ်မရနိုင်ဖြစ်လာမည်ကို သူမမျှော်လင့်ခဲ့ဖူးပေ။
အွန်လိုင်းလူထု၏ထင်မြင်ယူဆချက်များသည် ထိန်းမနိုင်သိမ်းမရဖြစ်လာလေသည်။ ဇာတ်ကောင်လုယူသည့်ကိစ္စသည် ချင်းလီအားလူအများနှစ်သက်မှုလျော့နည်းသွားစေပြီးဖြစ်ကာ ယခုကျန်းထောင်အားချောက်ချသည့်အသံဖိုင်သည် သူ၏ဂုဏ်သိက္ခာအား လုံးဝပျက်စီးစေခဲ့သည်။
ကျန်းထောင်မှဝင်၍ သူ၏နာမည်အားမရှင်းလင်းပေးပါက ပြန်ပြင်စရာနည်းမရှိတော့ပေ။ သို့သော် ကျန်းထောင်သည်သူ့အားယခုအချိန်တွင် ကူညီခြင်းထက် ထိုးချချင်မည်ကို သူနားလည်ပေသည်။
ယခုအချိန်တွင်သူ၏ အဓိကဦးစားပေးမှာ သူ၏ပရိတ်သတ်များအား ထိန်းသိမ်းရန်ဖြစ်သည်။
သူတွင်ပရိတ်သတ်များရှိနေသ၍ ပြန်လည်စတင်ဖို့ရာအခက်အခဲမရှိပေ။ သို့သော်သူ့ပရိတ်သတ်များအား ထိန်းသိမ်းနိုင်ရန် ရှမော့မော့သည်အတားအဆီးကြီးကဲ့သို့ရှိနေလေသည်။ ကျန်းထောင်အားချောက်ချသည့်ကိစ္စနှင့် ဇာတ်ကောင်လုယူသည့်ကိစ္စနှင့်နှိုင်းယှဥ်ကြည့်လျှင် သူ၏ပရိတ်သတ် အများစုသည် အမျိုးသမီးများဖြစ်ကာ သူတို့သည် ချင်းလီ ရှမော့မော့အား ကိုယ်ဝန်ဖျက်ချရန်တွန်းအားပေးခဲ့သည်ကို လက်ခံရန်ပို၍ခက်ခဲမည်ဖြစ်သည်။
ယခုသည် အလွန်နောက်ကျနေပြီဖြစ်သောကြောင့် ယခုအချိန်တွင် ရှင်းပြချက်အားတင်လိုက်ပါကလည်း ကွာခြားသွားမည်မဟုတ်ပေ။ မနက်စောစောအချိန်တွင် ချင်းလီသည် ချက်ချင်းလိုက်ဖ်လွင့်လိုက်သည်။
ကျန်းထောင်အားချောက်ချသည့်ကိစ္စတွင် သူသည်ပြတ်ပြတ်သားသားငြင်းဆိုခဲ့သည်။ ရှမော့မော့ ကိစ္စတွင်မူချင်းလီ၏အသံမှာ ထိရှနေသည့်ပုံပေါက်လာကာ
“ရှမော့မော့နဲ့ကျွန်တော့တို့ တွဲခဲ့ဖူးပါတယ်၊ ဒါပေမဲ့သူမကဘယ်တုန်းကမှအစားထိုးတစ်ယောက်မဟုတ်ခဲ့ပါဘူး၊ ကျွန်တော်ဘက်ကလည်း ရဲ့လော့ယီကိုအရင်ကမသိခဲ့ပါဘူး၊ အဲတာကိုကျွန်တော်ရှမော့မော့ကိုသူအစားထိုးအနေနဲ ဘယ်လိုသုံးနိုင်ပါ့မလဲ”
“ကျွန်တော်ရဲ့အလုပ်ကြောင့် ကျွန်တော် ရှမော့မော့နဲ့ဆက်ဆံရေးကို လူသိရှင်ကြားထုတ်ပြလို့မရခဲ့ဘူး အဲတာကကျွန်တော်အမှားပါ၊ ပြီးတော့ကျွန်တော်ရဲ့အလုပ်ကြောင့်မလို့ ရှမော့မော့နဲ့မနေ့က နှစ်ဦးသဘောတူလမ်းခွဲခဲ့ကြတာပါ၊ ကျွန်တော်သူမကိုစွန့်လွှတ်ခဲ့ပြီး အချစ်ဖက်ကျွန်တော်ရဲ့အလုပ်ကိုပဲရွေးချယ်ခဲ့တာပါ”
“ဒါပေမဲ့ ကိုယ်ဝန်ဖျက်ချခိုင်းတာ အဲတာကတော့သေချာပေါက်အမှန်မဟုတ်ပါဘူး”
“မော့မော့ ကိုယ်တကယ်နားမလည်နိုင်ဘူး မနေ့ကကိုယ်တို့ အကုန်နားလည်မှုယူပြီးပြီလေ မဟုတ်ဘူးလား၊ မင်းဘာလို့ညတွင်းချင်းစိတ်ပြောင်းသွားပြီး ကိုယ့်ကိုရှုံချဖို့လုပ်ခဲ့ရတာလဲ”
[ငါတို့ကောကို ကြည့်ရတာအတော်ပင်ပန်းနေပုံရတယ်]
[ရှမော့မော့က သူတို့ရဲ့ဆက်ဆံရေးကိုလူသိရှင်ကြားမပြောပြခဲ့လို့ နာကြည်းနေခဲ့ပြီး အခုတော့သူ့ကိုတမင်သိက္ခာချနေတာပဲ]
[ငါတော့နားမလည်နိုင်တော့ဘူး၊ ငါတို့ကောနဲ့တွဲခွင့်ရခဲ့တာကိုက ကံကောင်းနေပြီ သူအဲတာအတွက်ပျော်ရွှင်နေသင့်တယ်၊ တကယ်လို့ငါသာ ငါ့ကောနဲ့အတူရှိနေနိုင်မယ်ဆိုရင် လျို့ဝှက်ဆက်ဆံရေးကလည်း အဆင်ပြေပါတယ်]
[လမ်းခွဲပြီးတော့ သူ့ကိုခုလို့သိက္ခာချနေတာကတော့ ဒီလိုအချစ်မျိုးကအရမ်းကြောက်စရာကောင်းလွန်းတာပဲ၊ ကော သူမနဲ့လမ်းခွဲလိုက်တာတော်သေးတယ်]
[ကော စိတ်မပူပါနဲ့ ကျွန်မတို့အမြဲကောကိုဝန်းရံနေမှာပါ၊ အဲဒီခွေးမပြောတဲ့အလိမ်အညာတွေကိုလဲ ယုံမှာမဟုတ်ပါဘူး]
ချင်းလီအား ယခုအချိန်အထိဝန်းရံပေးနေကြသော ပရိတ်သတ်များသည် သူ၏ နှစ်ရှည်လများရှိနေပြီဖြစ်သော ပရိတ်သတ်များဖြစ်သည်။ သူတို့အတွက် ဆက်ဆံရေးအား လူထုထံသို့မချပြခြင်းသည် ပုံမှန်ပင်ဖြစ်သည်။ ကျော်ကြားသောသူများသည် ၎င်းတို့၏ဆက်ဆံရေးများအား လူထုသို့ချပြလေ့မရှိကြပေ။
[ကိုယ်ဝန်ဖျက်ချခိုင်းတာ အဲတာကောကအဲတာအကုန် အလိမ်အညာတွေလို့ပြောတယ်လေ အဲတာကရှမော့မော့ တမင် ကောကို သိက္ခာချဖို့ပြောခဲ့တာတွေပဲ]
ထပ်ပြောရလျှင် ကိုယ်ဝန်ဖျက်ချခိုင်းတာကအမှန်ဆိုလျှင်တောင် ဘာဖြစ်သနည်း။
ချင်းလီသည်ယခုအချိန်သည် သူ၏အလုပ်၏အရေးကြီးသည့်အချိန်အားရောက်နေသည့်အတွက်ကြောင့် ကလေးအားမယူနိုင်သေးပါဟုပြောလေသည်။ များစွာသော အတွဲများသည်လည်း ကိုယ်ဝန်ဖျက်ချကြသည်မလား အဘယ်ကြောင့် ဤသည်မှာ လူတစ်ယောက်၏ သိက္ခာအတွက်အစွန်းအထင်တစ်ခုဖြစ်လာရသနည်း
ဟူရှင်းသည် အစည်းအဝေးခန်းထဲတွင်ရှိနေကာ ချင်းလီ၏လိုက်ဖ်အား ကူညီပေးရန်ရှိနေလေသည်။
ချင်းလီ၏လိုက်ဖ်လွင့်သည့်အကြောင်းအရာအားကြားလိုက်ရချိန်တွင် ဟူရှင်းသည်အလွန် ထိတ်လန့်သွားခဲ့သည်။
သူသည် ယောက်ျားတစ်ဦးသည်ထိုမျှနိမ့်ချနိုင်မည်ဟုတ်မထင်ခဲ့ဘူးပေ။
သူမသည် ချင်းလီ၏လက်ထောက်အဖြစ်လျောက်ခဲ့ခြင်းမှည သူ၏မျက်နှာအား နှစ်သက်သောကြောင့်ဖြစ်သည် သူသည်ချောမောသည်ဟုသူမထင်ခဲ့သည်။
ယခုတွင်မူ သူမရွံရှာမှုမှတစ်ပါး မခံစားရပေ။
“ဆက်ဆံရေးကို သူရဲ့အလုပ်ကြောင့်အများကိုမချပြနိုင်တာပါ”
ဘယ်လိုတောင်အဓိပ္ပါယ်မရှိတဲ့စကားတွေလဲ။
ထိုသို့ပြောနေခြင်းသည် ရှမော့မော့ဘက်သို့ အပြစ်တင်စကားများအားပြောင်းပေးလိုက်ခြင်းဖြစ်ကာ ပရိတ်သတ်များအား ရှမော့မော့သည် ချင်းလီအား ”ဆက်ဆံရေးအား အလုပ်ကြောင့်ချမပြနိုင်”ရခြင်းကြောင့် ကောလာဟာလများ ဖြန့်နေသည်ဟုအထင်မှားသွားစေသည်။
သို့ပေမဲ့ ရှမော့မော့က သူတို့ဆက်ဆံရေးကို အများကိုမချပြနိုင်လို့ ဝမ်းနည်းနေတာကောဟုတ်ရဲ့လား။
ဟူရှင်းအမှန်ပင်သိချင်နေမိသည်။
ဘယ်လိုတောင်ညစ်ပတ်တဲ့သူလဲ *တံတွေးထွေးလိုက်သည်*။
ဟူရှင်းသည် အသက်၂၂နှစ်အရွယ် ကောလိပ်ပြီးခါစကျောင်းသူလေးဖြစ်ကာ ချင်းလီအားကြိုက်သောကြောင့် ချင်းလီ၏လက်ထောက်အဖြစ်အလုပ်ဝင်လုပ်ခဲ့သည်။
အစမှစ၍ သူမသည်ချင်းလီနှင့်ရှမော့မော့၏ဆက်ဆံရေးအားသိရှိခဲ့သည်။ ထိုနယ်ပယ်ရှိသူများကဲ့သို့ သူမသည်လည်း ၎င်းတို့နှစ်ဦး၏ ဆက်ဆံရေးအားလျို့ဝှက်ထားပေးရလေသည်။
သို့သော် အချိန်ကြာလာသောအခါ ဟူရှင်းသည် ချင်းလီအကြောင်းပိုသိလာရသည်။ ဥပမာအားဖြင့် ချင်းလီသည် သာ့ကျားကျွမ်အား ယန်ရှီ၏ ပညာရေးအရည်အချင်းနှင့်ဆိုင်သော ကောလဟာလများဖြန့်ခိုင်းခဲ့သည်။ ချင်းလီသည် ရင်းနှီးမြုပ်နှံသူများနှင့်ပူးပေါင်းကာ ကျန်းထောင်အားလိမ်လည်ခဲ့ပြီး မနေ့ကပင်လျှင် လေဆိပ်တွင် ကိုယ်ဝန်ဖျက်ချဆေးများဝယ်ယူနေခဲ့သေးသည်။
ဟူရှင်းသည် သူမကိုယ်သူမ သူမသည်လက်ထောက်ငယ်လေးတစ်ယောက်သာဖြစ်ပြီး ထိုကိစ္စများသည် သူမလုပ်နိုင်စွမ်းထက်ကျော်လွန်နေသည်ကို သတိပေးနေခဲ့ရသည်။
သို့ပေမဲ့ သူ၏ကောင်မလေးအား ကိုယ်ဝန်ဖျက်ချဆေးအားတတ်တဆိတ်ပေးခြင်းသည် ပြစ်မှုတစ်ခုမဟုတ်ပေလား။ ပြီးနောက် ယခုနေ့လိုက်ဖ်တွင် ဟူရှင်းသည် သူမငြိမ်ခံမနေနိုင်တော့ဟုခံစားလိုက်ရကာ အကယ်၍သူမကုမ္ပဏီသည် သူမအားထုတ်ပယ်ချင်ပါက ထုတ်ပယ်ပါစေ ထိုကဲ့သို့ ပြစ်မှုမျိုးအားမဖော်ထုတ်လျှင် ကမ္ဘာပေါ်တွင် တရားမျှတမှုပင်ရှိတော့မည်မဟုတ်ပေ။
အဆိုးဆုံးဆိုရင်တော့ သူမအလုပ်ထွက်ပြီး သူမမွေးရပ်မြေကိုပြန်ပြီး နွားတွေသိုးတွေကိုပဲ ထိန်းရမှာလောက်ပင်ဖြစ်သည်။
ဆယ်မိနစ်အကြာတွင် ဟူရှင်းသည် သူမ၏ကိုယ်ပိုင်ဝေ့ပေါ်အကောင့်ပေါ်တွင် ချင်းလီသည် သူမအားကိုယ်ဝန်ဖျက်ချဆေးဝယ်ခိုင်းသည့်အသံဖိုင်အား ချပြလိုက်သည်။
များစွာသော ချင်လီ၏အကြီးစားပရိတ်သတ်များနှင့် ပရိတ်သတ်အဖွဲ့မန်နေဂျာများသည် ဟူရှင်းအားသိကြကာ သူတို့တော်တော်များများသည် သူမအားဖော်လိုးထားကြသည်။
ဟူရှင်းပို့စိအားတင်လိုက်ချိန်တွင် ချင်းလီ၏ပရိတ်သတ်များ အုံးအုံးကျတ်ကျတ်ဖြစ်သွားကြသည်။
ရှင်းယောင်၊ The dog brother ၊ ရှမော့မော့နှင့်အခြားစျေးကွက်ရှာဖွေရေးအကောင့်များသည် ချင်းလီ၏ပရိတ်သတ်များအတွက် အပြင်လူများဖြစ်သည်။
သို့သော် ဟူရှင်းသည် သူတို့၏ဘက်တွင်ရှိသည့်သူဟု သူတို့ထင်ထားသည့်သူဖြစ်သည်။
သို့ပေမဲ့ ယနေ့တွင် သူမသည်ချင်းလီအား တိုက်ခိုက်ခဲ့သည်။
၎င်းတို့၏ငြင်းဆိုမည့်စကားလုံးများသည်လည်း လည်ချောင်းထဲတွင်ပျောက်ကုန်ကာ ထိုအသံဖိုင်ထဲတွင် ချင်းလီသည်သူ၏လက်ထောက်အားတိတ်တဆိတ် ရှမော့မော့အတွက် ကိုယ်ဝန်ဖျက်ချဆေးသွားဝယ်ခိုင်းနေသည်မှာ အမှန်ပင်ဖြစ်သည် ဘယ်လိုတောင်ရွံစရာကောင်းတာလဲ
[ကိုယ်ဝန်ဖျက်ချဖို့ဆေးတွေကို တိတ်တဆိတ်ဝယ်ပြီးတော့ ကောင်မလေးကို ဗီတာမင်ဆိုပြီးလိမ်ကျွေးမလို့ပေါ့လေ၊ ဘယ်လိုယောက်ျားမျိုးကများ ဒီလိုလုပ်နိုင်တာလဲ]
[ငါ့အမြင်တွေဝေဝါးလာနေပြီ]
[ငါ့ကိုယ်ငါ ချင်းလီကို အားလုံးကထိခိုက်အောင်လုပ်ချင်နေကြတာလို့ တွေးခဲ့ဖူးတယ်၊ ဒါပေမဲ့ အခုသူရဲ့လက်ထောက်ကတောင် ပြောနေပြီ၊ ငါ့ကိုယ်ငါဆက်လိမ်နေလို့မရတော့ဘူး ချင်းလီတကယ်ပဲ အဲတာတွေကိုလုပ်ခဲ့တာလား]
[ယောက်ျားတွေအကုန်လုံးကတူတူပဲ ချင်းလီကတော့မတူဘူးလို့ထင်နေခဲ့တာ၊ ငါကန်းနေခဲ့တာပဲ]
[အားလုံးက သူကနာမည်ကြီးဖြစ်နေလို့ပါ၊ ရှမော့မော့သူကိုဖော်ထုတ်လိုက်ကတည်းက သူကလူကောင်းမဟုတ်ဘူးဆိုတာငါတို့သိလိုက်သင့်တာ]
[ငါအရင်က သူ့ကိုကာကွယ်ခဲ့ပြီးရှမော့မော့ကိုတောင်တိုက်ခိုက်ခဲ့တာ၊ ငါအခုတော့အပြစ်ရှိသလိုခံစားနေရပြီ တောင်းပန်ပါတယ်၊ ရှမော့မော့ရေ ချင်းလီကတော့တကယ့်ကိုရွံစရာပဲ]
[ဝူး ဝူး ဝူး လက်ထောက်ဟူရှင်း၊ ဒါကအမှန်မဟုတ်ဘူးလို့ မင်းငါ့ကိုပြောပေးပါ၊ ချင်းလီကဘယ်လိုလုပ်အဲလိုလုပ်နိုင်မှာလဲ သူကအမြဲတမ်းလူကောင်းတစ်ယောက်ဖြစ်နေခဲ့တာပါ]
ဟူရှင်းသည်ထိုမှတ်ချက်အား လေသံမာစွာဖြင့်ပြန်လည်ဖြေကြားခဲ့ကာ
“မဟုတ်ဘူး ဒီအသံဖိုင်ကမနေ့က လေဆိပ်ကနေရခဲ့တာ၊ ပြီးတော့အဲတာက တစ်ရာရာခိုင်နှန်းမှန်တယ်ဆိုတာ ငါအာမခံရဲတယ်၊ ကျန်းထောင်ကိုချောက်ချတယ်ဆိုတဲ့ကိစ္စကလဲအမှန်ပဲ”
“ပြီးတော့ ယန်ရှီရဲ့ပညာရေးအချက်အလက်တွေကအတုတွေဆိုတဲ့ကိစ္စကလဲ ချင်းလီလုပ်ခဲ့တာပဲ”
“ငါ့မှာ အသံဖိုငိတွေသက်သေပြစရာရှိတယ်၊ မင်းတကယ်လို့ငါ့ကိုမယုံဘူးဆိုရင် မင်းသူတို့ကိုစစ်ကြည့်လို့ရတယ်၊ အကုန်လုံးက တစ်ရာရာခိုင်နှုန်းအစစ်တွေပဲ”
“ချင်းလီကဒီတိုင်းရွံစရာကောင်းတဲ့ကောင်ပဲ၊ သူ့လိုလူမျိုးကမင်းရဲ့ချစ်ပေးမှုနဲ့မတန်ဘူး”
ချင်းလီ၏နာမည်ကြီးမှုသည် လုံးဝပြိုလဲသွားပြီဖြစ်သည်။
ယခင်ကဆိုလျှင်၊ အချို့သောပရိသတ်များသည် "အခြားသူများက ချင်လီအား ချောက်ချနေကြသည်" ဟု တွယ်ကပ်နေကြမည်ဖြစ်သော်ညား ဟူရှင်း၏ပေါ်ပေါက်လာမှုသည်ထိုအမြင်အား ချက်ချင်းပြောင်းလဲလိုက်လေသည်။ ချင်းလီအား ကြော်ငြာအပ်ထားသည့်သူတို့သည် ၎င်းတို့၏ ပူးပေါင်းဆောင်ရွက်မှုကို ရပ်စဲကြောင်း အမြန်ကြေညာခဲ့ကြသည်။
ဗီဒီယိုပလက်ဖောင်းအများစုသည်လည်း ချင်းလီ ၏ဇာတ်ကားများအား လျင်မြန်စွာ ဖယ်ရှားခဲ့ပြီး သူ၏အမည်အား ၎င်းတို့၏ အကြောင်းအရာများမှ ဖျက်ပစ်ခဲ့သည်။
ချင်းလီ၏ ပရိသတ်အဖွဲ့မန်နေဂျာများကပင် ၎င်းတို့သည် ပရိသတ်မဟုတ်တော့ဘဲ သူနှင့်အဆက်အသွယ်ဖြတ်ကြောင်း ထုတ်ဖော်ပြောဆိုလာကြသည်။
တစ်ချိန်က ဖျော်ဖြေရေးလောက၏ အထွတ်အထိပ်သို့ရောက်ရှိရန် ရည်မှန်းထားသည့် သရုပ်ဆောင် ပါရမီရှင်တစ်ဦးအဖြစ် ချီးကျူးခံရခြင်းမှ ယခုအခါတွင် တစ်ကမ္ဘာလုံးက ကဲ့ရဲ့ရှုံ့ချစရာ လူယုတ်မာတစ်ဦးဖြစ်သည်။
သူ့ကို ဘယ်သူမှ မချစ်တော့ပေ။
သူ၏အနာဂတ် ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။
တစ်ချိန်တည်းမှာပင် ယန်ရှီ၏ စိတ်ထဲတွင် အကြောင်းကြားချက်တစ်ခုပေါ်လာလေသည်။
[ဒင် ဝတ္ထု၏အမျိုးသား အမျိုးသားဇာတ်ပို့ဇာတ်ကောင်ချင်းလီသည် အလုံးစုံသနားစဖွယ်ဖြစ်ပြီဖြစ်ရာ ကျုံချင်းယွီသည်ကံကောင်းမှုအမှန် ၅ မှတ်တက်လာလေသည်၊ လက်ရှိကံကောင်းမှုအမှတ်စုစုပေါင်း - ၂၆.၁ မှတ်]