အပိုင်း(၂၂)
Vol. 2 Ch. 22
ရှမြန်သည် ရှောင်ဖုန်းကို ခေါ်ကာ ရှချွန်း၏တံဆိပ်ခေါင်းများကို မှတ်ထားလိုက်၏။ နောက်ဆုံး ဒါသည် ရှချွန်း၏အမွေပစ္စည်းပင်။ ဒါသည် မည်မျှပင် အဖိုးတန်ပါစေ ထိုအရာများကို သေသေချာချာ ထိန်းသိမ်းထားသင့်သည်။
အမျိုးအစား ရွေးထုတ်နေစဉ် ရှမြန်သည် မျောက်ပုံတံဆိပ်ခေါင်း တစ်တွဲ၏ တစ်ဝက်ကိုလည်း တွေ့လိုက်ရသေးသည်။
ချမ်းသာပြီ။ ချမ်းသာပြီ။
တခြား တံဆိပ်ခေါင်းတွေကိုတော့ အများကြီး မသိပါဘူး၊ ဒါပေမဲ့ တံဆိပ်ခေါင်းစုကြတဲ့လူသစ်တွေကတော့ နာမည်ကြီး မျောက်တံဆိပ်ခေါင်းနဲ့ ရင်းနှီးကြတယ်လေ။ သူ့တန်ဖိုးက နှစ်ပေါင်း ၃၀အတွင်းမှာ အဆ ၂သိန်းလောက် တက်သွားတာ။ ဒါက အင်မတန်မှ ဝယ်လိုအားကောင်းတဲ့ တန်ဖိုးနဲ့ တံဆိပ်တစ်ခုပဲ။
ဒါပေမဲ့ အခုချိန်မှာတော့ ဒါက အရမ်း သတိမထားမိလောက်သေးဘူး။ ဒီတော့ ကျန်းချီမင်က ဒါကို တံဆိပ်ခေါင်းပုံထဲ ထိုးထည့်ထားခဲ့တာ။
တချို့မှာ သေသေချာချာ မသိမ်းဆည်းထားသဖြင့် ပျက်စီးသွားသည်။ ရှမြန်သည် အကွက်လေးနှစ်ခုကို ခက်ခက်ခဲခဲ ပြန်ဆက်ထားရပြီး တခြားဟာများကိုတော့ သီးခြား ထည့်သိမ်းလိုက်ရသည်။
ထို့အပြင် ယွမ်၅၀တန် မျက်နှာတစ်ခုပါသည့် ငွေစက္ကူ ၁၀ရွက်လည်းရှိသည်။
အိုး မဟုတ်တာ။ သူက ရှောင်ဖုန်းကို သူ့ကိုယ်ပိုင် ဂိုဒေါင်လို သဘောထားနေတာပဲ။
ဒါကို ကြည့်လျှင် ဟွမ်ရှောင်ကျွမ်းသည် တံဆိပ်ခေါင်းနှင့် ပတ်သက်ပြီး မသိနေသည်ကို တွေ့နိုင်လေသည်။ ရှမြန်သည် မျက်လုံးများကို ပင့်ထားလိုက်ပြီး တံဆိပ်ခေါင်းများကို မည်သူမှ သတိမထားမိအောင် ယူသွားနိုင်မည့် စိတ်ကူးတစ်ခုရလာ၏။
ငါ့ရဲ့ကိုယ်ပိုင်ပိုက်ဆံတွေကို ရှာတွေ့သွားရင် ဘာလုပ်သင့်လဲ။ ဒါပေါ့။ ဒါကို ပြည်သူပိုင် သိမ်းထားရမှာပဲ။
ရှမြန်သည် ပိုက်ဆံကို ရှောင်ဖုန်း၏အိတ်ကပ်ထဲသို့ ထိုးထည့်လိုက်ပြီး အလွန်ပျော်ရွှင်သွားလေသည်။
ရှောင်ဖုန်းကလည်း အလွန်ပျော်ရွှင်နေသည်။ သူက ပိုက်ဆံကို ထုတ်လိုက်ပြီး ရှမြန်ကို ပေးလိုက်ကာ မျှော်လင့်တကြီး မေးလိုက်၏။
“အန်တီလေး အခု သားတို့ ယန်မြို့ကို သွားလို့ရပြီလား”
“အင်း”
ရှမြန်က တွေဝေမနေချေ။ သည်တံဆိပ်ခေါင်းအယ်လ်ဘမ်သည် ရှချွန်း၏ အိမ်ထောင်မကျခင်က ပိုင်ဆိုင်မှုဖြစ်လေသည်။ လက်တွေ့ကျကျပြောရလျှင် သည်ပစ္စည်းများကို ရှအမေက ပိုင်ဆိုင်သည်။ ရှအမေ ဆုံးသွားပြီးနောက်တွင် ထိုပစ္စည်းများသည် မူလပိုင်ရှင်၏ ပိုင်ဆိုင်မှု အလိုလို ဖြစ်လာသည်။
သို့သော်လည်း ရှမြန်က သူမ၏မူလခန္ဓာကိုယ် မဟုတ်ချေ။ ထို့ကြောင့် သူသည် ဒါကို ရှောင်ဖုန်းအတွက် ထားပေးလိုက်မည်ဟု ဆုံးဖြတ်လိုက်၏။
အခြေအနေပေးလျှင် သူမသည် ရှောင်ဖုန်း ကြီးလာသည်အထိစောင့်ပြီး သူ့အမေ၏ ပိုင်ဆိုင်မှုပစ္စည်းများကို သူကိုယ်တိုင် ကိုင်တွယ်စေလိုသည်။ သို့သော်လည်း အခုတော့ ရှောင်ဖုန်းက ကျန်းမိသားစုက ထွက်သွားဖို့ ပိုပြီး စိတ်အားထက်သန်နေသည်။
ပထမအဆင့်မှာ ရှောင်ဖုန်းကို ရှမိသားစု အိမ်ထောင်စုစာရင်းထဲ ပြောင်းရမည်။
ရှမြန်သည် အခုတော့ အများကြီး ရှင်းလင်းသွားပြီဖြစ်သည့် ဧည့်ခန့်ကို ပတ်ကြည့်လိုက်၏။ သူတို့တွေက သဘောတူလောက်ပါတယ်နော်။
ကျန်းချီမင်က မျက်နှာဆယ်ဖို့ ဆွဲထားဖို့ ကြိုးစားခဲ့ရင်တောင် ဟွမ်ရှောင်ကျွမ်းက သူ့ကို ကော်ထုတ်အုံးမှာပဲ ဟုတ်တယ်မလား။
“အရင်ဆုံး စားရအောင်၊ ပြီးရင် ငါတို့တွေ ဒဏ်ရာမှတ်တမ်း သွားယူကြမယ်” ရှမြန်က ပြောလိုက်၏။
နေ့ခင်းဘက်တွင် အလွန်မှ ပူပြင်းသဖြင့် ရှမြန်က ခေါက်ဆွဲအေးနည်းနည်း လုပ်လိုက်သည်။ စားသောက်ပြီးနောက်တွင် အချိုပွဲအဖြစ် နှစ်ထပ်နို့ပူတင်းကို စားလိုက်ကြသည်။ အလွန်မှ သက်သောင့်သက်သာ ရှိလှ၏။
ရှောင်ဖုန်း၏ ပျော်ရွှင်နေသည့် မျက်နှာက နေရာလေးကို လွှမ်းမိုးထားသော်လည်း ရှမြန်က အိမ်နီးချင်းများကို ပေးချင်သေးသည်ဟု ပြောထားသည်ကိုလည်း သူက မှတ်မိနေသေးသည်။
“ကိုကိုကျွမ်းကျွမ်းနဲ့ အဘိုးထန်... ကိုကိုနဉ်တို့ကို ပေးမှာလား”
ရှောင်ဖုန်းသည် အနည်းငယ်မျက်မှောင်ကြုတ်ထားလိုက်ပြီး အနည်းငယ် စိတ်ရှုပ်နေ၏။ ရှမြန်က သူ့ကို အဘိုးထန်ဟု ခေါ်ရန် သင်ထားပေးသော်လည်း မနေ့ကတော့ သူ့ကို ကိုကိုနဉ်ဟု ခေါ်ရန် သင်ပေးထားပြန်သည်။
ရှမြန်သည် ပါးစပ်အပြည့် နှစ်ထပ်ပူတင်းကို ထွေးထုတ်မိမလိုဖြစ်သွားပြီး “သူ့ကို ကိုကိုလို့ ခေါ်ရမယ်လို့ သားကို ဘယ်သူ သင်ထားပေးတာလဲ”
ရှောင်ဖုန်းက နှစ်ထပ်ပူတင်းကို စားရင်း သူ့ခေါင်းလေးကို စောင်းထားလိုက်ပြီး
“ကိုကိုနဉ် လိုက်ပို့ပေးတုန်းက”
ရှမြန်က သူမ၏နှုတ်ခမ်းများကို ကွေးထားလိုက်ပြီး “ကိုယ့်ဟာကိုများ အစ်ကိုလို ခေါ်ရဲသေးသတဲ့လား၊ မစ္စတာနဉ်ရယ်...”
ရှမြန်သည် ရုတ်တရက် စဉ်းစားမိလိုက်၏။ ဒေါက်တာနဉ်က ယန်မြို့က ထင်တယ်။ နောက်ပြီး သူ့မိသားစု အရမ်းချမ်းသာရမယ်။
ငါ ရှောင်ဖုန်းကို ယန်မြို့ကို ခေါ်သွားဖို့ ဆုံးဖြတ်ခဲ့တာကလည်း အရင်ဘဝက .. အရင်ဘဝပဲထားပါတော့။ ငါ ယန်မြို့မှာ နေခဲ့တော အဲဒီနေရာနဲ့ တော်တော်လေး ရင်းနှီးတယ်လေ။
ဒါပေမဲ့ ဒီစာအုပ်က လက်တွေ့ဘဝနောက်ခံပြီး ရေးထားတာဆိုပေမဲ့ ကွာခြားချက်တချို့တော့ ရှိမှာပဲ။ ယန်မြို့က ငါနေခဲ့တဲ့ ယန်မြို့နဲ့ ကွာခြားနေရင်ကော။
နောက်ပြီး အသိမိတ်ဆွေ အကူအညီရှိထားတာကလည်း မရင်းတဲ့နေရာတစ်ခုမှ လျှောက်ပတ်သွားနေရတာထက် အမြဲတမ်း အချိန်ကုန်၊ အားကုန်သက်သာတယ်။
နောက်ပြီးတော့ ဈေးမြင့်တဲ့ တံဆိပ်ခေါင်းတွေကို စုဆောင်းတယ်ဆိုတာက ချမ်းသာရေးအတွက် ကစားပွဲတစ်ခုပဲ။ ဒီလိုအမှတ်မထင် ဖြစ်သွားတဲ့အခြေအနေမှာ အောက်ထပ်က ဒေါက်တာနဉ်နဲ့ ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်ထားဖို့ အရမ်းကို လိုအပ်တယ်။
“တကယ်လို့ သူက သားကို ကိုကိုနဉ်လို့ ခေါ်ခိုင်းတယ်ဆိုရင် ဒီအတိုင်း ကိုကိုနဉ်လို့ပဲ ခေါ်လိုက်” ရှမြန်က အလိုက်ထိုက် ပြောလိုက်လေသည်။
“တူလေး ပိုများလာတာလည်း ကောင်းတာပဲ”
“ကိုကိုနဉ်ကို နှစ်ထပ်ပူတင်း သွားပေးကြရအောင်”
ပန်းကန်နှစ်လုံးကို မျက်နှာချင်းဆိုင်အိမ်က အဘွားလျိုထံ သွားပို့လိုက်သည်။ ထို့နောက်တွင် ရှမြန်က ရှောင်ဖုန်းကို ခေါ်ကာ အောက်ထပ်ဆင်းလာချန်တွင် နေ့လယ်ခင်း အလုပ်မှ ပြန်လာသည့် ဒေါက်တာနဉ်ကို မထင်မှတ်ဘဲ တွေ့လိုက်ရသည်။
ရှမြန်က ချက်ချင်းဆိုသလို နွေးထွေးသည့်အပြုံးတစ်ခု ဆောင်ထားလိုက်ပြီး “ဒေါက်တာနဉ် ပြန်လာပြီပဲ”
သူမသည် ပြောရင်းဆိုရင်း မျက်နှာသေးသေးလေးကို မော့ထားသည့် ရှောင်ဖုန်းကို အသာလေး တွန်းလိုက်ကာ သူ့ကို လိမ်လိမ်မာမာနှင့် နှုတ်ဆက်ခိုင်းလိုက်၏။
“ကိုကိုနဉ်”
နဉ်ရှောင်ပိုင်သည် အနည်းငယ် အံ့ဩသွားတော့သည်။ သူသည် ရှောင်ဖုန်း၏ခေါင်းပေါ်က ဆံပင်ကို ထိကိုင်လိုက်ပြီး ပြန်ဖြေလိုက်သော်လည်း ထို့နောက်တွင် သူသည် ရှမြန်ကို ကြည့်လိုက်ပြီး သူ့မျက်နှာက အတိုင်းသား သတိနှင့်ဖြစ်နေကာ
“မင်း ဘာမကောင်းတဲ့ စိတ်ကူးတွေ ကြံနေတာလဲ”
ရှမြန်က ပင့်သက်ရှည်ကြီး နှစ်ချက်လောက် ရှူသွင်းလိက်ပြီး တိုးတိုးလေး ပြောလိုက်၏။
“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ၊ အရင်က ဖြစ်ခဲ့တာတွေအတွက် ကျွန်မ တောင်းပန်ပါတယ်၊ ဒါက ကျွန်မကိုယ်တိုင်လုပ်ထားတဲ့ နှစ်ထပ်ပူတင်းပါ၊ ရှင် မြည်းကြည့်လို့ရအောင် လာပေးတာပါ”
နဉ်ရှောင်ပိုင်းက သူမကို အတုလိုက်ခိုးကာ တိုးတိုးလေး ပြောလိုက်လေသည်။
“မင်း ကိုယ့်ဟာကို အဆိပ်ခပ်ထားတာလား”
ရှမြန်: ...
ရှင့် လက်ရှိအပြုအမူမျိုးနဲ့ဆိုရင် လုံးဝဖြစ်နိုင်ခြေရှိတယ်လို့ မျှော်လင့်ထားလို့ရတယ်။
ရှောင်ဖုန်းအတွက်။ ငါ ဒါကို သည်းခံရမယ်။
ရှမြန်သည် အပြုံးတုကို ခက်ခက်ခဲခဲ ကြိုးစားထိန်းသိမ်းလိုက်ပြီး
“ဒေါက်တာနဉ်က တကယ် ရယ်စရာ ပြောတတ်တာပဲ၊ ဒါက အတုံးလေးတွေ တုံးထားတဲ့ သစ်သီးနဲ့ဆိုရင် တကယ်အရသာရှိတာပါ”
...
သူမသည် စကားပြောနေရင်းက အရပ်မြင့်မြင့် မိန်းကလေးတစ်ယောက်သည် အဆောက်အအုံဝင်ပေါက်သို့ ဝင်လာလေသည်။ သူမသည် ထန်ဆန်းကိုယ်တော်ကို မြင်လိုက်ချိန်တွင် သူမ၏မျက်နှာက လင်းလက်သွား၏။
“ဒေါက်တာနဉ် အလုပ်ဆင်းချိန်ပဲ”
ရှမြန်က နဉ်ရှောင်ပိုင်ရှေ့တွင် အတုံးတုံးထားသည့် သစ်သီးကို ကိုင်ထားသည်ကို မြင်လိုက်သည်တွင် ကိုလူချော နဉ်ရှောင်ပိုင်သည် တစ်ဖန်နှောင့်ယှက်ခံရနေသည်ဟု ထင်သွားပြီး သူမက ချက်ချင်းပြောလိုက်၏။
“ကလေးမ ဒေါက်တာနဉ်က စတော်ဘယ်ရီမကြိုက်ဘူး၊ ကျေးဇူးပြုပြီး သူ့ကို အခက်တွေ့အောင် လုပ်နေတာ ရပ်လိုက်ပါ”
ထိုသို့ပြောလိုက်ပြီးနောက် သူမသည် ဒေါက်တာနဉ်ကို ဣန္ဒြေရသည့်အပြုံးတစ်ခု ထုတ်ပြလိုက်ပြီး သူမ၏ ကြော့ရှင်းလှသည့် ခါးလေးကို လိမ်ကာ အပေါ်ထပ်သို့ ဖြည်းဖြည်းချင်း တက်သွားလေသည်။
ရှမြန်က မေးခွန်းထုတ်နေသည့် အကြည့်တစ်ခုဖြင့် ပန်းကန်လုံးထဲက စတော်ဘယ်ရီတုံးလေးများကို ငုံ့ကြည့်လိုက်၏။ ရှင် တကယ်ပဲ ဒါတွေကို မကြိုက်တာလား။
နဉ်ရှောင်ပိုင်းက မျက်နှာကို မဲ့ထားလိုက်ကာ သူ့မျက်လုံးများနှင့် ပြန်ဖြေလေသည်။ မင်းက တောင်းပန်တဲ့အနေနဲ့ ငါမလိုချင်တဲ့ ပစ္စည်းကို ပေးတဲ့အပြင် တောင်းပန်တဲ့အနေနဲ့ ငါ မကြိုက်တဲ့ အရာကို လာပေးနေတယ်ပေါ့။
ဆရာမမီကလည်း ဆူညံသံကို ကြားလိုက်ပြီး ထွက်လာကြည့်လေသည်။
“ရှောင်ပိုင် ဘယ်သူနဲ့ စကားပြောနေတာလဲ၊ ဘာလို့ ဝင်မလာတာလဲ”
ရှမြန်က ခြင်းထဲတွင် ထည့်ထားသည့် နှစ်ထပ်ပူတင်း နှစ်ပန်းကန်ကို ရိုရိုကျိုးကျိုးနှင့် လှမ်းပေးလိုက်ပြီး
“ဆရာမမီ ကျွန်မ ဒါကို ဆရာမနဲ့ ဦးလေးချန် မြည်းကြည့်ဖို့ လုပ်ထားတာပါ”
“ဟယ် လှလိုက်တာ” ဆရာမမီက ပြောလိုက်၏။ “နင်က အချက်အပြုတ် ကောင်းတယ်လို့ ငါ ရှင်းမေဆီက ကြားထားတယ်၊ မြန်မြန်ဝင်လာခဲ့၊ အခုပဲ ဖရဲသီးခွဲထားတာ၊ မကုန်ဘူး”
မုန့်ပေးပြီးလျှင် ပြန်မည်ဟု အစက စဉ်းစားထားခဲ့သည့် ရှမြန်သည် အခုတော့ ရှောင်ဖုန်း၏လက်ကို တွဲကာ အထဲသို့ လျှောက်သွားလိုက်တော့သည်။
သူမသည် စားပွဲပေါ်တွင် နှစ်ထပ်ပူတင်း သုံးပန်းကန်ကို ချထားလိုက်ပြီး သတင်းစားဖတ်နေသည့် မစ္စတာချန်ကို မေးလိုက်၏။
“ဦးလေးချန်က ဘာအသီး ကြိုက်လဲ၊ ဆရာမမီရော”
အင်ဂျင်နီယာချန်သည် အတုံးလေးများ တုံးထားသည့် အသီးများကို ကြည့်ကာ ပြောလိုက်၏။
“ငါတို့တွေ အားလုံး ကြိုက်ပါတယ်၊ ဒါက ဘာလ၊ တို့ဟူး ပူတင်းလား၊ အရမ်းကို နူးအိနေတာပဲ”
“တို့ဟူးပူတင်း မဟုတ်ပါဘူး၊ နှစ်ထပ်နို့ပူတင်းပါ”
ရှမြန်က ပြောရင်းဆိုရင်း အပေါ်တွင် အသီးအတံးလေကို တင်ပေးလိုက်သည်။
“ဒါကို နို့နဲ့ကြက်ဥ သုံးပြီးလုပ်ထားတာလေ၊ ဦးလေးနဲ့ ဆရာမမီတို့ စားလို့ရပါတယ်”
မစ္စတာချန်က စိတ်ဝင်စားလာသည်။
“အိုး ဒါဆိုရင်တော့ ငါ မြည်းကြည့်ရမှာပဲ”
ဆရာမမီက ဇွန်းတစ်ချောင်းနှင့် ထွက်လာသည်။ နဉ်ရှောင်ပိုင်က စားပွဲတွင် ထိုင်ရုံရှိသေးသည်။ နှစ်ထပ်နို့ပူတင်းပန်းကန်တစ်လုံးက သူ့ရှေ့သို့ ချက်ချင်း တွန်းပို့ခံလိုက်ရသည်။ သူသည် မျက်နှာသေနှင့် နစ်ဝင်လုနီးပါးကပ်နေသည့် စတော်ဘယ်ရီတုံးများကို ကြည့်နေလိုက်၏။
ရှမြန်က သူ့ကို စိတ်အားထက်သန်နေပုံဖြင့် ကြည့်လိုက်ပြီး
“ဒေါက်တာနဉ် သေသေချာချာလေး မြည်းကြည့်ပါ၊ တကယ် စားလို့ကောင်းတာနော်”
သူမသည် ပြောရင်းဆိုရင် ရှောင်ပိုင်ကို ကိုင်လိုက်လေသည်။
ရှောင်ပိုင်က သူ့ခေါင်းလေးကို ချက်ချင်းမော့လိုက်ပြီး ကလေးသံလေးနှင့် ပြောလိုက်၏။
“ကိုကိုနဉ် ဒါက အရသာရှိတယ်”
နဉ်ရှောင်ပိုင်: ...
ထိုစကားကို ကြားလိုက်သည်တွင် ဆရာမမီက အော်ရယ်ပြီး ပြောတော့သည်။
“သားကို ဘယ်သူ သင်ထားပေးတာလဲ၊ သားက ဘယ်လိုလုပ်ပြီး သူ့ကို ကိုကိုနဉ်လို့ ခေါ်နေတာလဲ”
အင်ဂျင်နီယာချန်က ပြုံးကာ ပြောလိုက်၏။
“ရှောင်ပိုင်လေ မနေ့က ကလေးကို စနေတာ” သူက ရှောင်ဖုန်းကို ကြင်ကြင်နာနာ ပြောလိုက်၏။ “သား သူ့ကို ကိုကိုနဉ်လို့ မခေါ်ရဘူးနော်၊ မျိုးဆက်ကွာဟခြင်းဆိုတာ ရှိတယ်”
ရှောင်ဖုန်းသည် လုံးဝ သံသယအပြည့် ဖြစ်သွား၏။ ရှမြန်က မြန်မြန် ပြောလိုက်လေသည်။
“ရပါတယ်၊ ရပါတယ်၊ နာမည်လေးတစ်ခုပဲဟာ၊ ဒေါက်တာနဉ်က သဘောကျရင် ကျွန်မ စိတ်မရှိပါဘူး”
နဉ်ရှောင်ပိုင်: ...
သေနာမလေး။
ရှမြန်သည် စိတ်လက်ကြည်လင်စွာဖြင့် ဒုတိယထပ်သို့ ပြန်လာခဲ့လေသည်။ နွေရာသီ၏ နေ့လယ်ခင်းက တဖြည်းဖြည်း တိတ်ဆိတ်လာ၏။ ရှမြန်သည် ရှောင်ဖုန်းကို လက်မောင်းထဲတွင် ဖက်ကာ တစ်ရေးအိပ်နေစဉ် ရုတ်တရက် တံခါးခေါက်သံ ကြားလိုက်ရ၏။ အသံကြားလိုက်ရုံနှင့် ရောက်လာသူမှာ လုံးဝမယဉ်ကျေးမှန်း ခံစားမိလိုက်သည်။
အိပ်ပျော်တော့မည့်ဆဲဆဲ ရှောင်ဖုန်းသည် ရုတ်တရက် နိုးသွားတော့သည်။ ရှမြန်သည် တံခါးဆီသို့ လျှောက်သွားသည့်အချိန်တွင် တံခါးကို ထုရိုက်သံက ထပ်ပေါ်လာ၏။ သူမသည် တံခါးကို မကျေမနပ် ဖွင့်ပေးလိုက်ရာ အပြင်ဘက်တွင် ရပ်နေသည့်လူကို တွေ့လိုက်ရပြီး မျက်မှောင်ကြုတ်သွားတော့သည်။
ဒီလူတွေ ဒီအထိ လာလိမ့်မယ်လို့ ထင်မထားခဲ့ဘူး။
တံခါးအပြင်ဘက်တွင် ရပ်နေသည့်လူများ မနေ့က ခေါင်းဆောင် ဖြစ်သော်လည်း သည်နေ့ သူသည် ညီငယ်လေးတစ်ယောက် ဖြစ်လာသည်။ သူတို့ကို ဦးဆောင်နေသည့် လူနှစ်ယောက်က သူ့ထက် နှစ်အနည်းငယ် ကြီးပုံရသည်။
ခေါင်းဆောင်က သူ့နေကာမျက်မှန်ကို ဖြည်းဖြည်းချင်း ချွတ်လိုက်ပြီး သူ၏ပန်းပွင့်ရှပ်အင်္ကျီ ကော်လံတွင် ချိတ်ထားလိုက်၏။ သူသည် မျက်လုံးထဲတွင် တအံ့တဩအကြည့်နှင့် ရှမြန်ကို ခေါင်းအစ ခြေအဆုံး ကြည့်လိုက်သည်။ သူက နှုတ်ခမ်းနှင့် မျက်ခုံးများကို ပင့်ကာ မှန်ကန်ဖြောင့်မတ်ပြီး ဆွဲဆောင်မှုရှိသည့်ပုံနှင့် ပြောလေသည်။
“မင်းက ရှမြန်လား”
ရှမြန်က သူ့ကို လျစ်လျူရှုထားလိုက်ပြီး အစ်ကိုကျီးထိုကို ကြည့်ကာ မေးလိုက်၏။
“ရှင်က ဘယ်သူလဲ၊ ရှင် ဒီမှာ ဘာလာလုပ်တာလဲ”
အစ်ကိုကျီးထို၏မျက်လုံးများက တဖျတ်ဖျတ်လက်သွားပြီး သူသည် ပန်းပွင့်ရှပ်အင်္ကျီ နေကာမျက်နှာနှင့်လူကို ကြည့်လိုက်ကာ “ငါတို့အစ်ကိုလုံနဲ့ အစ်ကိုဟူက မင်းနဲ့ စကားပြောချင်လို့တဲ့”
ဖားမျက်မှန်နှင့်လူက သူ့လက်မနှင့် အောက်နှုတ်ခမ်းကို သုတ်လိုက်ပြီး ဘေးဘီကို ကြည့်လိုက်ပြီး သူ့မျက်လုံးများက လုံခြုံရေးတံခါးပေါ် ကျရောက်သွားလေသည်။
“မင်း တံခါးမဖွင့်ဘူးလား၊ မင်း ငါတို့နဲ့ ဒီလို စကားပြောချင်တာသေချာလား”
လက်မောင်းတွင် တက်တူးနှင့် အစ်ကိုဟူသည် အရပ်မြင့်သော်လည်း လက်ပြင်ကုန်းထားသည်။ သူသည် ကြွက်မျက်လုံးများနှင့် ရှမြန်ကို ကြည့်လိုက်ပြီး သူ့လောဘကို ဖုံးကွယ်မထားချေ။
“ဒီအတိုင်း ပြောလဲရပါတယ်၊ ဒါဆိုရင်တော့ မင်းက ငါတို့ကောင်မလေးဆိုတာ ဒီနေရာက လူအားလုံး သိသွားလိမ့်မယ်”
ရှမြန်သည် နောက်သို့ ပြန်လှည့်ကြည့်လိုက်ပြီး ဧည့်သည်အိပ်ခန်းတံခါး ပိတ်ထားသည်ကို မြင်လိုက်၏။ သူမက တံခါးဖွင့်ပေးလိုက်ပြီး လူများကို ပေးဝင်လိုက်တော့သည်။
ရှမြန်က တံခါးဖွင့်ပေးလိုက်သည်ကို မြင်လိုက်ချိန်တွင် ယောက်ျားနှစ်ယောက်သည် သူတို့၏ သားကောင်ကို သေချာဖမ်းမိသွားသယောင်။ ဖားမျက်မှန်ကို တပ်ထားသည့် အစ်ကိုလုံက ဆိုဖာပေါ်တွင် ထိုင်ချလိုက်၏။
တက်တူးနှင့် လူငယ်လေး အစ်ကိုဟူက အခန်းကို ပတ်ကြည့်လိုက်ပြီး နောက်ဆုံးမှ master bedroom တံခါးကို ဖွင့်ကာ တစ်ချက်ကြည့်လိုက်လေသည်။ သူက ကျေနပ်သွားသည့်ပုံဖြင့် ပြောလိုက်၏။
“အစ်ကိုလုံ အဲဒီအခန်းက တော်တော်ကောင်းတာပဲ”
သူသည် စကားဆုံးသွားသည်နှင့် စီးကရက်နှစ်လိပ်ကို ထုတ်ကာ တစ်လိပ်ကို အစ်ကိုလုံအား လှမ်းပေးလိုက်သည်။ အစ်ကိုကျီးထိုက သူ့အိတ်ကပ်ထဲက မီးခြစ်ကို ချက်ချင်း ထုတ်လိုက်ပြီး နှစ်ယောက်လုံးအတွက် စီကရက် မီးငြိပေးလိုက်၏။
ရှမြန်က မီးဖိုချောင်ဘက်သို့ တန်းသွားလိုက်ပြီး ရေတစ်ဖလားကို ယူလာလိုက်သည်။
အစ်ကိုလုံက မီးခိုးငွေ့တစ်ကွင်းကို မှုတ်ထုတ်လိုက်ပြီး ထောင်လွှားကာ ပြောလိုက်၏။ “ကလေးမ မင်း မနေ့က ငါတို့ဆီကနေ ငွေတွေအများကြီး ညစ်သွားခဲ့တယ်၊ အခု မင်းက ငါတို့ကို ရေစိမ်းသုံးပြီး အရူးလုပ်နေတာလား”
သူသည် အံဆွဲထဲက အသီးပန်ကန်းကို လက်ညှိုးထိုးပြလိုက်ပြီး ပြောလိုက်၏။
“အဲဒါကို ဒီကို ယူလာခဲ့”
ရှမြန်သည် အံ့ဩသွားတော့သည်။ ဒီလူတွေက ငါ သူတို့ကို ရေနဲ့ဧည့်ခံနေတာလို့ ထင်နေတာတဲ့ား။ တကယ် စိတ်ဝင်စားစရာ ကောင်းတာပဲ။
သူမသည် စိတ်ရှုပ်ခံပြီး မျက်စောင်းပင် မထိုးတောဘဲ သူမ၏လက်ကို လှန်လိုက်ကာ လူနှစ်ယောက်မျက်နှာကို ရေနှင့်ပက်လိုက်ရာ စီကရက်မီးက အလိုလို ငြိမ်းသွားတော့သည်။
“ကျွန်မတို့အိမ်မှာ ကလေးရှိတယ်၊ ဆေးလိပ်သောက်ခွင့် မပြုထားဘူး”
“သောက်ကျိုးနဲ...” အစ်ကိုလုံက ထရပ်မည်ပြင်လိုက်၏။
“ခွေးမလေး...”
ရှမြန်က ကြွေပန်းကန်ကို သူ့ပါးစပ်ထဲ ထိုးထည့်လိုက်ရာ ကျယ်လောင်သည့်အသံတစ်ခုနှင့် သူ့သွားများကို ပွတ်တိုက်မိသွားပြိး အစ်ကိုလုံသည် အားဖြင့် နောက်ပြန်လှန်ကျသွားပြီး ဆိုပေါ်သို့ ပြန်ထိုင်ကျသွားတော့သည်။
ရှမြန်က စိတ်မရှည်လက်မရှည် ပြောလိုက်တော့သည်။
“နင့်အသံကို လျှော့၊ ကလေးက အခုမှ အိပ်ပျော်သွားတာ”
အစ်ကိုဟူက ရှေ့ရေးကို ကြိုမမြင်ချေ။ ဒါကို မြင်လိုက်ရသည်တွင် သူသည် အသံတိတ်နေရမည်ဟု လုံးဝ အသိမရှိချေ။ သူက ရှေ့သို့ အရှိန်နှင့်ပြေးလာပြီး အော်ပြောလိုက်၏။
“ခွေးမ..”
ရှမြန်က စိတ်မရှည်တော့ဘဲ ‘ကျစ်’ဟု စုပ်သပ်လိုက်ပြီး အစ်ကိုလုံ၏ပါးစပ်ထဲသို့ ထိုးထည့်ထားသည့် ကြွေပန်းကန်လုံးကို ထောက်တိုင်အဖြစ်သုံးလိုက်ကာ သူမ၏ခြေထောက်ကို မြှောက်လိုက်ပြီး ကန်ထည့်လိုက်ရာ အစ်ကိုကျား၏ ကျန်းနေသည့် စကားလုံးများက ညီအစ်ကိုနှစ်ယောက်၏ မေးရိုးလွဲသွားခြင်းနှင့် အဆုံးသတ်သွားတော့သည်။
ရှမြန်က သွားများပေါ်သည့် ပြုံးကာ သူမ၏ခြေထောက်ကို ပြန်ချထားလိုက်၏။ ဒီလူက တော်တော်အရပ်မြင့်တာပဲ။ ဒီကန်ချက်က မနေ့က ခြေခွဲထားလို့ တင်းနေတဲ့အကြောကို ဆွဲဆန့်လိုက်သလိုပဲ။ တော်တော်နာတယ်ဟ။
သူမသည် စကားပြောနိုင်သေးသည့် တဦးတည်းသောသူ အစ်ကိုကျီးထိုကို ကြည့်ကာ ပြောလိုက်လေသည်။
“ငါ့ကို ပြောစမ်းပါ၊ ကျန်းချီမင်က နင်တို့ကို ဘာထပ်လုပ်ခိုင်းပြန်ပြီလဲ”
အစ်ကိုကျီးထိုသည် အစ်ကိုလုံနှင့် အစ်ကိုဟူတိ့ကိကြည့်လိုက်ပြီး သူ့ရင်ဘတ်တွင် ဆွဲထားသည့် ကင်မရာကို အမှတ်တမဲ့ ကိုင်ဆုပ်လိုက်မိတော့သည်။
...