← Chapters

အပိုင်း(၃၂)

Vol. 3 Ch. 32

အပိုင်း(၃၂)

Vol. 3 Ch. 32

ကျန်းချီမင်က အရာရှိတင်း၏လက်ထဲသို့ စီးကရက်၁ဘူးကို ထိုးထည့်ပေးလိုက်ပြီး ပြောလိုက်၏။

“ဒါက တကယ် နားလည်မှု လွဲနေတာပါ။ ခင်ဗျားလည်း သိတာပဲ။ ကျွန်တော့မိန်းမနဲ့ ကျွန်တော်ရဲ့ခယ်မက မတည့်ကြဘူးလေ။ ဒါက သူတို့၂ယောက်ကြားက ရန်ပွဲတစ်ခုပဲနေမှာပါ...“

ရဲအရာရှိတင်းက စီးကရက်ကိုယူလိုက်ပြီး နည်းနည်း ထပ်ပြောလိုက်သည်။

“ဒါက ရန်ပွဲတစ်ခု ဟုတ်ဟုတ်၊ မဟုတ်ဟုတ်ပေါ့လေ။ ဟွမ်ရှောင်ကျွမ်းကတော့ ခိုးမှုနဲ့အပြစ်ရှိနေတယ်။ ပိုင်ရှင်က သူ မခိုးပါဘူးလို့ ၀န်မခံမချင်းတော့ မင်းရဲ့မိန်းမကထောင်ထဲမှာ အနည်းဆုံး၃နှစ်လောက် နေရနိုင်တယ်... အမလေးဗျာ”

ရှောင်တင်းသည် သူ၏မျက်လုံးထောင့်မှတစ်ခုခုကို မြင်လိုက်ဟန်တူသည်။ ရုတ်တရက်ဆိုသလို ကျန်းချီမင်၏ ဘေးမှထွက်လာပြီး လှေကားဘက်သို့လှည့်သွားကာ လှေကားပေါ်မှဆင်းလာသည့် ချောမောလှသည့်လူငယ်လေးကို နှုတ်ဆက်လိုက်၏။

“ဒေါက်တာနဥ် ပြန်တော့မလို့လား”

နဉ်ရှောက်ပိုင်က သူ့ကိုခေါင်းညိတ်ပြလိုက်ပြီး “အလုပ်ကြိုးစားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

ရှောင်တင်းကလည်း မြောက်တက်သွားသည်။ “အဲ့လောက်လည်း မဟုတ်ရပါဘူးဗျာ”

ဘေးက ရုံးခန်းထဲတွင် တစ်စုံတစ်ယောက်သည် ဆူညံသံကို ကြားလိုက်သဖြင့် ထွက်လာလေသည်။ ရဲဌာန၏ လက်ထောက်ရဲမှူးဖြစ်လေသည်။

“ဒေါက်တာနဉ် မေးခွန်းတွေကို ဖြေလို့ပြီးသွားပြီလား”

ဒေါက်တာနဥ်က ရပ်လိုက်ပြီး တစ်ဖက်လူနှင့် စကားအနည်းငယ် ပြောလိုက်၏။

ကျန်းချီမင်သည် ပုံမှန်ဆိုလျှင် ကြောက်စရာကောင်းသော မျက်နှာထားများ ပိုင်ဆိုင်ထားသည့် ရဲအရာရှိ ၂ ယောက်၏ စိတ်အားထက်သန်နေသည့် အမူအရာကို ကြည့်လိုက်ပြီး ရဲအရာရှိတင်းကို ကြည့်လိုက်လေသည်။

သို့သော်ငြားလည်း နှုတ်ဖွာသည့် ရဲအရာရှိတင်းက ဘာတစ်ခုကိုမှ ထုတ်ပြောဖို့ရန် စိတ်ကူးမရှိဘဲ သူက တိုက်တွန်းလိုက်၏။

“ကလေးကို မြန်မြန်ခေါ်သွားတော့လေ။ မင်းရဲ့မိန်းမမှာ ငြင်းဆန်လို့မရတဲ့ သက်သေရှိနေတော့ မနက်ဖြန်ကျရင် ထိန်းသိမ်းရေးစင်တာကို ခေါ်သွားခံရမယ်ထင်တယ်။ မင်း မြန်မြန်ပြန်သွားတာ ကောင်းမယ်”

ရှမြန်သည် ကျန်းချီမင်၏ ဖုန်းခေါ်ဆိုမှုကို လက်ခံရချိန်တွင် သူမသည် ရှဦးလေး၂ကိုခါတိုင်းလိုပင် စာရင်းရှင်းပြီးစသာ ရှိသေးသည်။

ရှမြန်သည် ထိုသို့စဉ်းစားလိုက်၏။ တကယ်တမ်းကျတော့ ငါလည်း ဒီလိုလုပ်ချင်လို့ မဟုတ်ပါဘူး။

အဓိကအကြောင်းရင်းက ရှဦးလေး ၂ လိုလူမျိုးက ကျန်းချီမင်နဲ့ ဟွမ်ရှောင်ကျွမ်းတို့လို့ အဲဒီရက်စက်တဲ့ခွေးကောင်တွေနဲ့ တော်တော်လေး မတူဘူးလေ။

သူက ကြီးကြီးမားမား ဆိုးဆိုးရွားရွား ဘာတစ်ခုမှ မလုပ်ရဲပေမဲ့လည်း သူက အသေးအဖွဲတွေကို လုပ်ထားပြီးရင် အပြုံးမျက်နှာတစ်ခုနဲ့ လျှောချတတ်တာလေ။ ဒါက အရမ်းကို စိတ်ရှုပ်ဖို့ ကောင်းတယ်။ အဲဒီလိုကျတော့ တစ်ယောက်ယောက်က ဒါကို အရေးယူပေးဖို့ဆိုတာလည်း မဖြစ်နိုင်ဘူးပေါ့။

ရှမြန်သည် သူမကိုယ်တိုင်လည်း ရက်စက်သည့်အလုပ်မျိုး မလုပ်ချင်ပေ။ ထို့ကြောင့် သူမက သူမမိသားစု၏ ဒီလူဆိုးလေးများကို ကိုင်တွယ်ဖြေရှင်းဖို့ရန် တစ်နေ့လျှင် ကောင်းမှုတစ်ခုသာ လုပ်လေတော့သည်။

ပထမနေ့တွင် ပြတင်းပေါက်မှန် ခွဲလိုက်သည့်အတွက် လက်စားချေမှုက ပြီးဆုံးမသွားခဲ့ချေ။ ဒုတိယနေ့တွင် ရှဦးလေး၂က သူ၏နည်းလမ်းဟောင်းအတိုင်း ပြန်ရောက်လာလေသည်။ ရှမြန်က အိမ်တွင် သူမ၏ပစ္စည်းများကို ထုတ်ပိုးနေသဖြင့် သူကတစ်နေ့ကို အကြိမ်များစွာ အလည် ရောက်လာပြန်သည်။

“မြို့ကိုသွားလိုက်ပြီးတော့ မြန်မြန်တို့က တော်တော်လေးကို ရင့်ကျက်လာတာပဲ။ သူက သူ့အဒေါ်အတွက်တောင် လက်ဆောင်တွေ ယူလာပေးဖို့ သိတတ်နေပြီ။ ငါတို့တွေက နင့်ပစ္စည်းကို လိုချင်လို့ မဟုတ်ပါဘူး။ နင့်အဘွားက နင့်အဒေါ်တွေထက် နင်နဲ့ပိုပြီးတော့ ရင်းနှီးတယ်မဟုတ်လား။ နင်က ဘာဖြစ်လို့ နင့်အဘွားအတွက် မစဉ်းစားပေးတာလဲ”

စကားပြောရင်းနှင့်ပင် သူ့မျက်လုံးများက ရှမြန်၏နောက်က ဗီရိုဆီသို့ ဆက်တိုက်ရောက်သွားလေသည်။

ရှမြန်သည် အလွန်မှစိတ်ရှုပ်သွားပြီး သူမက အားလုံးကို အပြင်သို့ တွန်းထုတ်လိုက်ကာ သူတို့ကိုတံခါးအပြင်ဘက်တွင် ပိတ်ထားလိုက်သည်။ မည်သူတစ်ဦးတစ်ယောက်ကိုမှ ဝင်ခွင့်မပေးတော့ချေ။ သို့သော်ငြားလည်း ချန်ချန်ကတော့ ရှောင်ဖုန်းကို မနားတမ်းလာရှာလေသည်။

ကလေးများက တခြားကလေးများနှင့် ကစားရသည်ကို ကြိုက်နှစ်သက်သဖြင့် ရှောင်ဖုန်းကလည်း ချန်ချန်ကို မငြင်းပယ်ချေ။

ချန်ချန်သည် ရှောင်ဖုန်းကို ဆက်တိုက်လာရှာရသည် အကြောင်းအရင်းမှာ သူသည် ရှောင်ဖုန်းကို သူနှင့်အတူ ခေါ်သွားပြီး ရှောင်ဖုန်းကို ရယ်မောအောင်လုပ်နိုင်သရွေ့ သူ့အဖေနဲ့ ဦးလေးများက သူပေါက်ကရများလုပ်လျှင်ပင် သူ့ကိုရိုက်နှက်ကြမည် မဟုတ်သောကြောင့်ပင်။

သူသည် ရှောင်ဖုန်းကို အရိုက်အနှက်ခံရခြင်းမှ ကာကွယ်ပေးနိုင်မည့် သူ၏ရွှေဒိုင်းလေးတစ်ခုအဖြစ် ချက်ချင်း သဘောထားလိုက်လေသည်။ သူသည် ရှောင်ဖုန်းကို သူသွားသည့် နေရာတိုင်းသို့ ခေါ်သွားတော့သည်။

ပွင့်လင်းလွန်းသည့် ချန်ချန်၏လွှမ်းမိုးမှုအောက်တွင် ရှောင်ဖုန်းသည် တဖြည်းဖြည်း စိတ်ပြေလက်ပျောက် ဖြစ်လာကာ မနေနိုင်တော့ဘဲ မကြာခဏဆိုသလို ချန်ချန်နှင့် ပြေးလွှားကစားတတ်လေသည်။ ဒါကပင် ရှမြန်ကို ပျော်ရွှင်လာစေတော့သည်။

စိတ်ပျက်ရသည့်ကိစ္စမှာ ရှမြန်သည် သူမ၏အရှက်မဲ့လှသည့် ရှဦးလေး၂ကို မတားဆီးနိုင်ခြင်းပင်။

ထိုအချိန်တွင် ရှမြန်သည် သူမ၏ကျောင်းသုံးစာအုပ်များကို စုစည်းနေလေသည်။ သူမသည် အရင်ဘဝက ရန်ရှီတက္ကသိုလ်တွင် တက်ရောက်ခဲ့ပြီး ဒီဘဝတွင်လည်း သူမ၏မိခင်တက္ကသိုလ်တွင် ပြန်လည်လျှောက်ထားဖို့ စဉ်းစားထားသေးသည်။ သို့သော်ငြားလည်း အချိန်က ကွာခြားနေလေရာ ဝင်ခွင့်သတ်မှက်ချက်များကလည်း မတူချေ။ သူမသည် တချို့ကိစ္စများကို ပြန်လည်လေ့လာရန် လိုအပ်သည်။ ထို့ကြောင့် သူမ၏အထက်တန်းကျောင်း ပြဌာန်းစာအုပ်များကို ပြန်လည်လေ့လာဖို့ စဉ်းစားထားလိုက်သည်။

ရှဦးလေး၂က မျက်နှာပေါ်တွင် ခြိမ်းခြောက်နေသည့် ရုပ်တစ်ခုဖြင့် အရှေ့ဘက်တံခါးမှ ဝင်လာလေသည်။

“မြန်မြန် ငါတို့ရဲ့ရှောင်ပေါင်က အရမ်းကိုနာကျင်နေတယ်လေ။ အဲဒီနေ့က နင်အရမ်းရက်စက်သွားတာ မဟုတ်ဘူးလား”

ရှမြန်က သူ့ကိုမော့ကြည့်လိုက်ပြီး တည်တည်ငြိမ်ငြိမ် ပြောလိုက်၏။ “ကျွန်မက တကယ်တမ်းတော့ အဲဒီထက်တောင် ပိုပြီး ရက်စက်နိုင်သေးတယ်။ ရှင်က သူ့ကို စမ်းကြည့်စေချင်လား”

ရှဦးလေး၂သည် နင်သွားပြီး ပြောလိုက်၏။ “နင်ဆိုတဲ့ ကလေးဟာလေ ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်လာတာလဲ။ ငါ ကျန်းချီမင်ကို မေးမှဖြစ်မယ်။ သူက လိမ္မာတဲ့ကလေးတစ်ယောက်ကို ဖျက်ဆီးနေတာပဲ”

“ကောင်းတာပဲလေ”

ရှမြန်က ဆက်ပြောလိုက်သည်။ “အသွားအပြန်ကားခက ယွမ်၆၀နီးပါး လောက်ကျမယ်။ ကျွန်မကိုယ်စား စားသောက်စားရိတ်ကိုလည်း ပေးခဲ့ပေးပါဦး။ နောက်ဆုံးတော့ ရှင်က ကျွန်မရဲ့ဦးလေးပဲလေ”

ရှဦးလေး၂သည် တုံ့ဆိုင်းသွားပြီး ပြောလိုက်၏။ “ဒီအကြောင်းကို နင်ကျောင်းတတ်တဲ့အချိန်ကျမှ ပြောကြတာပေါ့”

ထို့နောက် သူက ရှမြန်ကို ကောက်ကျစ်စဥ်းလဲစွာ သင်ပေးလေသည်။

“သူက နင့်ကို အစားအသောက် ကုန်ကျစားရိတ် ပေးခိုင်းတယ်ပေါ့ ဟုတ်လား။ သူက နင့်ကို ဒီကနေ ခေါ်သွားပြီးရင် နင့်ကို စောင့်ရှောက်ပေးရမှာပေါ့။ နောက်ပြီးတော့ နင့်လိုကလေးမလေးက ဘယ်လောက်စားနိုင်မှာမလို့လဲ။ သူက အလုပ်သမားတစ်ယောက်ပဲ။ ဘယ်လိုလုပ်ပြီး အစားအသောက် ပြတ်လပ်နိုင်မှာလဲ။ ငတုံးလိုလုပ်ပြီးတော့ ပိုက်ဆံတွေ ပေးမနေနဲ့ဦး။ နင့်အမေက နင့်ကို တပြားတချပ်မှ ချန်ထားပေးခဲ့တာ မဟုတ်ဘူးလေ။ ဟုတ်တယ်မလား”

ရှမြန်သည် ငိုရခက်ရယ်ရခက် ဖြစ်သွားတော့သည်။ ရှဦးလေး၂က ဆက်ပြောလိုက်၏။

“နင်စုဆောင်းထားတဲ့ငွေတွေက နင့်ရဲ့အကြီးအကဲတွေကို လိမ္မာသိတတ်ကြောင်း ပြသဖို့လောက်ပဲ ရှိတာ။ နင့်မိဘတွေကလည်း မရှိတော့ဘူး။ ဒီတော့ နင့်မှာရှိတဲ့ ကျေးဇူးတရားအတွက် ဒီငွေတွေကို ဘာလို့ ထုတ်မလာတာလဲ”

ရှမြန်က ဦးကြီးရှမိသားစုကို လက်ဆောင်များ ပေးခဲ့သည်ကို ရှဦးလေး၂က မှတ်မိလေသည်။ လိုရင်းကိုပြောရလျှင် ဒါသည် ပစ္စည်းများကို တောင်းခံနေသည့် သွယ်ဝိုက်သည့် နည်းလမ်းတစ်ခုသာ ဖြစ်လေသည်။

ရှမြန်က သူ့ကို လျစ်လျူရှုထားသည်ကို မြင်လိုက်ရသဖြင့် ရှဦးလေး၂က တိုက်ရိုက်ပြောလိုက်၏။

“ဒီနေ့ ရှောင်ပေါင်က သူ့ခန္ဓာကိုယ်တစ်ခုလုံး နာကျင်နေလို့ ဆိုပြီးတော့ ဆရာဝန်သွားပြခဲ့တယ်လေ။ ဆရာဝန်က ပြောတယ်။ သူက နည်းနည်းလေး အားနည်းနေတယ်တဲ့။ သူက အာဟာရဖြည့်စွက်စာတွေ နည်းနည်းလောက် သောက်ဖို့လိုတယ်တဲ့။ ငါ့အထင်တော့ နင် ယူပြန်လာခဲ့တဲ့နို့မှုန့်က အရမ်းကောင်းတယ်လေ။ ဒါက မြို့ကြီးတစ်ခုက ဝယ်လာတာပဲ။ အဲ့လိုနို့မှုန့်မျိုး ဒီမှာ မရှိဘူး။ ငါ့ကို တစ်ဘူးလောက် ယူလာပေးလိုက်။ ငါ နင့်ကို ပိုက်ဆံပေးမယ်”

သူ့ကိုယုံကြည်လိုက်လျှင် တစ်ခုခုမှားနေလို့ပင်။ ရှဦးလေး၂ကို သူ့ပိုက်ဆံအိတ်ထဲကငွေကို ထုတ်ယူခိုင်းသည်ထက် သူ့ကို သတ်လိုက်သည်က ပို၍ပင်လွယ်ကူအုံးမည်။

“ရှောင်ဖုန်းမှာလည်း တစ်ဘူးပဲရှိတာ။ သူက ပိုပြီးတော့ လိုတယ်”

ရှဦးလေး၂က ချက်ချင်းပြောလိုက်၏။

“ရှောင်ဖုန်းက ၅နှစ်တောင်ပြည့်တော့မှာပဲ။ သူကဘာဖြစ်လို့ နို့မှုန့်ကိုသောက်နေသေးတာလဲ။ သူက ပိုပြီးကြီးထွားဖို့ဆိုရင် အစားစားဖို့လိုတာပေါ့။ ကလေးက ဘယ်လောက်အထိ ပိန်နေလည်း ကြည့်လိုက်ပါဦး။ ဒါက နို့ကိုပဲ သောက်နေလို့လေ...“

ရှမြန်သည် သူ့ကိုအလွန်မှ စိတ်ပျက်သွားတော့သည်။ ထိုအခိုက်မှာပင် ချန်ချန်က ရှောင်ဖုန်းနှင့်အတူ အပြင်မှ ပြေးဝင်လာပြီး အော်ပြောလိုက်၏။

“ဒေါ်လေးမြန် ရှောင်ဖုန်းက ငှက်ပျောသီးစားချင်လို့တဲ့”

ရှောင်ဖုန်းသည် နောက်မှလိုက်လာပြီး ချန်ချန်ကိုယ်စား အပြစ်ကိုနားမလည်ဘဲ ခံယူလိုက်ရလေသည်။ သို့သော်ငြားလည်း သူ မပြောခဲ့သည့်အကြောင်းကိုတော့ မပြောရဲချေ။ သူသည် သူ့အန်တီလေးက နားလည်မှုလွဲသွားမည်ကို မလိုချင်ပေ။ ထို့ကြောင့် သူကမျက်မှောင်ကြုတ်ကာ စိုးရိမ်တကြီး ပြောလိုက်လေသည်။

“အန်တီလေး”

ရှမြန်က ချန်ချန်၏ခေါင်းကို ခေါက်လိုက်ပြီး ပြောလိုက်၏။

“နင် စားချင်တယ်ဆိုရင် နင့်ဟာနင် ပြောပါလား။ ဘာဖြစ်လို့ ညီလေးရှောင်ဖုန်းကို ဆွဲထည့်နေတာလဲ”

ရှောင်ဖုန်း၏ အမူအရာသည် စိတ်အေးသွားတော့သည်။ သူကရှမြန်၏ခြေထောက်ကို ဖက်ထားကာပြုံးပြလိုက်ပြီး “အန်တီလေး”

“အင်း”

ရှမြန်က ကိုယ်ကိုကုန်းကာ သူ့နဖူးပေါ်ကချွေးများကို သုတ်ပေးလိုက်ပြီး”သားက ကိုကိုနဲ့ ကစားလာခဲ့တာလား”

ရှောင်ဖုန်း၏မျက်လုံးများက လင်းလက်သွားလေသည်။ “ပုရစ်ကောင်ကြီးကို သွားဖမ်းတာ”

“ဝိုးး ရှောင်ဖုန်းကလည်း ဖမ်းခဲ့တာလား”

ရှမြန်သည် အနည်းငယ် အံ့အားသင့်သွားတော့သည်။ ၂ရက်သာ ရှိသေးသည်။ ရှောင်ဖုန်းသည်ပိုပြီးတော့ ရဲတင်းလာလေသည်။

ရှောင်ဖုန်းက ချန်ချန်ကိုကြည့်ကာ ပြောလိုက်၏။

“ကိုကိုက သားအတွက် ဖမ်းပေးတာလေ”

ရှမြန်က ချန်ချန်၏ခေါင်းကို အသာအယာပုတ်ပေးကာ ပြောလိုက်လေသည်။

“မဆိုးဘူး၊ နင်က ညီလေးကို ဘယ်လိုကာကွယ်ပေးရမလဲဆိုတာ သိသားပဲ”

ချန်ချန်သည် သွားတစ်ချောင်းကျိုးနေသည့် သူ့ပါးစပ်လေးကို ဖွင့်လိုက်ကာ ရှမြန်၏ခြေထောက်ကို ဖမ်းဆွဲလိုက်ပြီး ဆွဲလှုပ်လေသည်။

“ဒေါ်လေးမြန်မြန်၊ ငှက်ပျောသီး ငှက်ပျောသီး”

“ဟုတ်ပါပြီ၊ ဒီမှာ နင်တို့အတွက် ငှက်ပျောသီးတွေ”

ရှမြန်သည် ဗီဒိုထဲကငှက်ပျောသီးကို ယူပေးဖို့ ကိုယ်ကို လှည့်လိုက်သည်တွင် သူမ၏နောက်က တစ်စုံတစ်ယောက်ကို သတိထားမိသွားသည်။

သူမက ကိုယ်ကိုလှည့်ကြည့်လိုက်ချိန်တွင် သူမနောက်က လိုက်လာသည့် ဦးလေးရှကိုတွေ့လိုက်ရသည်။

သူသည် လည်ပင်းကိုဆန့်ပြီး အထဲသို့လှမ်းကြည့်ကာ အပြစ်တင်သည့်သဘောဖြင့် ပြောလိုက်သည်။

“နင်က တကယ့်ကို နမော်နမဲ့နိုင်တဲ့ ကလေးတစ်ယောက်ပဲ။ ဒီပစ္စည်းက စျေးကြီးတဲ့ဟာကို ဒီအတိုင်း ထားလို့မရဘူးလေ။ ဘာဖြစ်လို့ပစ္စည်းတွေ ဒီလောက်အများကြီး ဝယ်လာတာလဲ”

“ငါ့အတွက် နည်းနည်းလောက် ခွဲပေးလိုက်။ ပြီးရင် နင့်ရဲ့အဒေါ်၂နဲ့ရှောင်ပေါင်တို့ စားကြည့်ဖို့အတွက် ငါ ယူပြန်သွားပေးမယ်။ မဟုတ်ဘူးဆိုရင် အဲဒါတွေကို ဒီအတိုင်း လွှတ်ပစ်ရလိမ့်မယ်။ နှမျောစရာကြီး”

ရှမြန်က ဗီရိုတံခါးကို ပိတ်လိုက်ကာ မျက်စောင်းထိုးပြီး ပြောလိုက်သည်။

“ဦးလေးက ဒီကိစ္စနဲ့ ပတ်သက်ပြီး စိတ်ပူပေးစရာမလိုပါဘူး။ ရှောင်ဖုန်းနဲ့ ကျွန်မတို့နှစ်ယောက်စလုံးက ဒါကို စားရတာ ကြိုက်တယ်လေ။ ကျွန်မတို့က တစ်ရက်တည်းနဲ့တောင် ဒါကို ကုန်အောင် စားနိုင်သေးတယ်”

“နင် ငှက်ပျောသီးတွေ အများကြီးစားရင် ၀မ်းလျှောလိမ့်မှာပေါ့။ ကလေးတွေဟာလေ ဘာမှကို မသိဘူး။ နင်တို့တွေ လူကြီးစကားကို နားထောင်သင့်တယ်”

ရှဦးလေး၂က ဗီရိုဘက်သို့ လက်လှမ်းလိုက်လေသည်။ ရှမြန်က သူ့လက်ကို နည်းနည်းလေး ဆွဲဆန့်လိုက်၏။ ရှဦးလေး၂၏ လက်မောင်းတစ်ခုလုံးမှာ ထုံကျင်သွားတော့သည်။ သူက အထိတ်တလန့်ဖြင့် ပြောလိုက်၏။

“အမလေး ငါ့ရဲ့လက်မောင်း”

ရှမြန်က ဗီရိုတံခါးကိုသော့ခတ်လိုက်ပြီး ချန်ချန်နှင့်ရှောင်ဖုန်းကို ငှက်ပျောသီးတစ်လုံးစီ ပေးလိုက်တော့သည်။

ချန်ချန်သည် ရှဦးလေး၂ကို စိုးရိမ်သလိုကြည့်လိုက်ပြီးနောက် ရှောင်ဖုန်းကို ဆွဲကာ ပြောလိုက်လေသည်။

“အိမ်မှာသွားစားရအောင်၊ အဘွားရဲ့ပုရစ်တွေကလည်း ကြော်ပြီးသွားလောက်ပြီ။ ဒါက တကယ်အရသာရှိတာနော်”

ရှောင်ဖုန်းသည် ရှမြန်ကိုလှမ်းကြည့်လိုက်၏။ ရှမြန်ကလည်း ပြုံးကာ ပြောလိုက်လေသည်။

“သွားနှင့်နော်၊ အန်တီလေး ခဏနေလိုက်ခဲ့မယ်”

ရှောင်ဖုန်းက ချီတုံချတုံဖြစ်နေဆဲမှာပင် ချန်ချန်ကသူ့ကို ဆွဲထုတ်သွားတော့သည်။

“သွား သွား သွား။ မြန်မြန်လုပ်။ ဒါမှမဟုတ်ဘူးဆိုရင် ဦးလေးက နင့်ကို စားလိုက်မယ်”

ကလေး၂ယောက် ပြေးထွက်သွားသည်ကို မြင်လိုက်ချိန်တွင် ရှဦးလေး၂သည် ခုနကဖြစ်ခဲ့သည့်ကိစ္စကို ဂရုမစိုက်နိုင်တော့ဘဲ နောက်ထပ်မေးခွန်းတစ်ခုကိုမေးလိုက်၏။

“ကျန်းချီမင်က ကလေးကို နင်နဲ့ထည့်ပေးလိုက်တာဆိုတော့ သူ ငွေဘယ်လောက်ပေးလိုက်လဲ”

ရှမြန်က ပြောလိုက်၏။ “ဒါကဦးလေးရဲ့အလုပ်လား မြန်မြန်ပြန်တော့”

ရှဦးလေး၂သည် မကြားသလို ဟန်ဆောင်ပြီး ဆက်ပြောလေသည်။

“ကလေးတစ်ယောက်ကို စောင့်ရှောက်ရတယ်ဆိုတာ ငွေအများကြီး ကုန်တဲ့ကိစ္စပဲ။ ရှောင်ဖုန်းရဲ့မျိုးရိုးနာမည်က ကျန်းလေ။ ဒီတော့ သူ့ကို ကျန်းမျိုးရိုးနာမည်အောက်က တစ်ယောက်ယောက်ကပဲ စောင့်ရှောက်သင့်တာပေါ့။ အတိအတနဲ့ အဲဒီအတွက် ကုန်ကျစရိတ်တွေ ပေးမနေနဲ့ဦး။ နင့်ကို ယွမ် ၁၀၀ ပေးခဲ့သေးလား”

ရှမြန်က ဒေါသတကြီးဖြင့် အော်ရယ်လိုက်တော့သည်။

“မပေးဘူး နည်းနည်းပါးပါးပဲပေးတာ။ ဟုတ်ပြီ မြန်မြန်ပြန်တော့။ ဦးလေးက မဖြစ်စလောက်လေးကို စားချင်နေတာ မဟုတ်လား။ ကျွန်မမှာ ဦးလေးအတွက် ဘာအစားအသောက်မှ မရှိဘူး”

“နင်ဘယ်နှစ်ရက်လောက် နေမှာလဲ။ တကယ်လို့ (၁၀)ရက် အဲ့လောက်နေမယ်ဆိုရင် ယွမ်(၅၀)က မလောက်ဘူးနော်”

ရှဦးလေး၂က သူ့ကိုယ်သူ ပြောနေသလိုဖြင့် ဆက်ပြောလေသည်။ “နင်ပစ္စည်းတွေ အများကြီး ယူပြန်လာတယ်မဟုတ်လား”

“နို့မှုန့်၊ ဘီစကစ်၊ သကြားလုံးတွေ။ ဒါတွေက သူစားဖို့ လောက်ပါတယ်။ ငှက်ပျောသီးနဲ့ တခြားစျေးကြီးတဲ့ပစ္စည်းတွေ မဝယ်နဲ့နော်”

“စကားမစပ် ငါ့ကို နို့မှုန့်နည်းနည်းနဲ့ ဘီစကစ်လေး ပေးပါဦး။ အဲ့ဒါတွေက မြို့ကြီးက ပစ္စည်းကောင်းတွေလေ။ အဲဒီပစ္စည်းတွေကို ဒီမှာမရောင်းဘူး။ ဦးလေးက အဲဒီပစ္စည်းတွေကို နင့်ဆီက ပြန်ဝယ်ပါ့မယ်”

စကားဝိုင်းမှာ နောက်ဆုံးတော့ ဒီအကြောင်းအရာကို ပြန်ရောက်လာလေသည်။ ရှမြန်သည် လုံးဝကို စိတ်မရှည်နိုင် ဖြစ်သွားပြီး သူ့ကိုတွန်းထုတ်တော့သည်။

“မြန်မြန်ပြန်ပါတော့။ ကျွန်မတို့က ဒီပစ္စည်းကို မရောင်းရင်တောင် စားဖို့မလောက်တဲ့ကိစ္စကို”

“ဒီမယ်၊ ဒီမယ်၊ ဒီမယ် နင်က ဘာတွေလုပ်နေတာလဲ။ ကလေးမလေး နင်က ဘယ်လိုဖြစ်ပြီး ဒီလောက်အများကြီး စားနိုင်မှာလဲ။ အခု နင့်မိဘတွေကလည်း မရှိတော့ဘူး။ နင့်ရဲ့ဦးလေး၂ဖြစ်တဲ့ ငါကပဲ စောင့်ရှောက်နေရတာ”

ရှမြန်သည် သူ့ကိုလျစ်လျူရှုထားလိုက်ကာ ထိုလူကို တွန်းထုတ်ပစ်လိုက်တော့သည်။

ရှဦးလေး၂သည် လက်ဗလာဖြင့် တစ်ဖန်ပြန်သွားရတော့မည်ကို မြင်လိုက်သည်တွင် သူသည် လုံးဝကိုစိုးရိမ်စိတ်ဖြစ်သွားကာ သူ့ခြေထောက်ကို တံခါးဘောင်နားတွင် ခံထားလိုက်လေသည်။

“ဟုတ်ပါပြီ ဟုတ်ပါပြီ။ နင် ငါ့ကို ဘာမှပေးစရာမလိုပါဘူး”

“တကယ်ပါ။ ငါ နင့်ရဲ့ဓားကို ခဏငှားသွားလို့ရမလား။ နင်က ငါ့ကို ဘာမှမပေးဘူးဆိုတော့ ငါက ရှပေါင်အတွက် ကြက်တစ်ကောင် သတ်ပေးမှ ဖြစ်တော့မှာလေ”

“နင့်အိမ်က ဓားက ထက်ပြီးတော့ သုံးရတာလွယ်တယ်လေ။ နင်က နင့်ဦးကြီးရဲ့အိမ်မှာ နေ့တိုင်း သွားစားနေတာပဲ။ ဒီတော့ နင်က ဓားသုံးစရာမလိုပါဘူး”

နောက်ဆုံးသူသည် ခွန်အားကြီးမားသည့် ယောင်္ကျားဖြစ်လေသည်။ ရှမြန်က သူ့ကို တွန်းထုတ်လို့မနိုင်တော့ချေ။ ထိုစကားကို ကြားလိုက်ချိန်တွင် သူမက ဒေါသတကြီး အော်ရယ်တော့သည်။ ဒီနေရာ၏ ၅မိုင်ပတ်ဝန်းကျင်က လူတိုင်းသည် ပစ္စည်းတစ်ခုခုက သူတို့အိမ်သို့ ဝင်သွားပြီဆိုသည်နှင့် ဘယ်တော့မှ ထွက်မလာတော့ကြောင်း သိကြလေသည်။

“ဦးလေးက ဓားတစ်ချောင်း ငှားချင်တယ်ပေါ့ဟုတ်လား”

ရှမြန်သည် လုံးဝကို စိတ်မရှည်တော့ချေ။

“ဦးလေးက ကြက်တစ်ကောင် သတ်ချင်တယ်ပေါ့”

ရှဦးလေး၂က ညည်းညူလေသည်။

“ငါတို့ရဲ့စီရင်စုမြို့လေးက မြို့ကြီးနဲ့မတူဘူးလေ။ နင့်မှာ ငွေရှိတယ်ဆိုရင်တောင် ပစ္စည်းကောင်းကောင်း ဝယ်နိုင်တာ မဟုတ်ဘူး။ နင်က နို့မှုန့်ကိုမပေးဘူးဆိုမှတော့ ငါကလည်း ရှာပေါင်ကို အာဟာရဖြစ်အောင်လုပ်ပေးဖို့ ကြက်သတ်ဖို့ကလွဲပြီး တခြားရွေးစရာ မရှိတော့ဘူးလေ”

ဒီတော့ နောက်ဆုံးတော့ ဒါက ငါ့အမှားပေါ့လေ။ ဟုတ်လား။

“ကောင်းပြီလေ”

ရှမြန်က ကိုယ်ကိုလှည့်လိုက်ပြီး မီးဖိုချောင်ထဲသို့ဝင်သွားကာ မီးဖိုချောင်ဓားကို ကောက်ယူလိုက်ပြီး အပြင်သို့ လျှောက်ထွက်သွားတော့သည်။

“ဟုတ်တယ် အဲ့တစ်ခုပဲ။ နင့်မှာရှိတဲ့မီးဖိုချောင်ဓားက အရမ်းအသုံးဝင်တယ်လေ”

ရှဦးလေး၂၏မျက်လုံးများက တောက်ပသွားလေသည်။ သူသည် ဒီအကြောင်းကိုစဉ်းစားရဖို့ရန် ခက်ခက်ခဲခဲ အချိန်အကြာကြီး ယူခဲ့ရသည်။

ရှဦးလေး၂က ဓားကိုယူဖို့ရန် သူ့လက်ကိုလှမ်းလိုက်သော်လည်း ရှမြန်က ဓားကို သွက်သွက်လက်လက် ဝှေ့ရမ်းလိုက်သည်ကို မြင်ရပြီး ဓားကို သူမ၏ ချိုင်းကြားအောက်သို့ တိုက်ရိုက် ညှပ်ထားပြီးသည့်နောက်တွင် လှည့်ထွက်သွားကာ တံခါးကို ပိတ်ထားလိုက်လေသည်။

ရှဦးလေး၂က ကြောင်အန်းအန်း ဖြစ်သွားလေသည်။

“နင် ဘာလုပ်မလို့လဲ”

ရှမြန်က သူ့ကိုလစ်လျူရှုထားလိုက်ကာ သူမ၏ဘေးအိမ်ထဲသို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်တော့သည်။

ရှဦးလေး၂က ပြောလိုက်၏။

“ငါ ပြောပါတယ်။ ဟိုကလေး နင်က အကြီးအကဲရဲ့အိမ်ကို သွားမယ်ဆိုရင် တစ်ခုခုတော့ ယူသွားသင့်တယ်မဟုတ်လား”

“ငါက နင့်ရဲ့ဦးလေးပဲ။ ဒီတော့ ငါက နင်နဲ့ ငြင်းခုံနေမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ နင်ကလည်း ရိုင်းစိုင်းနေလို့ မရဘူးလေ။ နင်က ကောလိပ်ကို သွားချင်သေးတယ်ဆိုမှတော့ ဒီအခြေခံ အကြောင်းအရာတွေကို နားလည်ရမှာပေါ့။ အဲ့လိုမှမဟုတ်ဘူးဆိုရင် နင်က အနာဂတ်မှာ ဘယ်လိုလုပ်ပြီးအောင်မြင်မှုတွေ ရနိုင်ပါ့မလဲ”

“ဒီလိုစဉ်းစားကြည့်လိုက်တော့ နင်က နင်ပြန်လာကတည်းက နင့်အဘွားကို သွားမတွေ့ရသေးဘူးပဲ။ ဟုတ်တယ်မလား။ နင့်ဦးကြီးကိုတောင် နင်က ဒီလောက်ကောင်းတဲ့ နို့မှုန့်ပေးထားတာ။ နင့်အဘွားဆို...“

ရှမြန်သည် သူ၏ပူညံပူညံစကားများကြောင့် ပိုပိုပြီးဒေါသ ထွက်လာတော့သည်။ ထို့ကြောင့်သူမက ရှဦးလေး၂၏ သစ်သားခြံဝင်းတံခါးကို ဝုန်းခနဲ တွန်းဖွင့်လိုက်ကာ ခြံဝင်းထဲက ကြက်ခြံဆီသို့ တန်းတန်းမတ်မတ် ပြေးဝင်သွားတော့သည်။

...

All Chapters