← Chapters

အပိုင်း(၄၁)

Vol. 3 Ch. 41

အပိုင်း(၄၁)

Vol. 3 Ch. 41

ရှမြန်သည် ရှောင်ဖုန်းကို ငုံ့ကြည့်လိုက်ပြီး သူက သတိရှိနေသေးသည်ကို မြင်လိုက်သည်တွင် သူ့ခေါင်းလေးကို ပွတ်သပ်ပေးလိုက်ကာ သူ့ကို ပြုံးပြလိုက်၏။

ရှောင်ဖုန်းကလည်း သူသည် ကယ်တင်ခံရတော့မည်ကို သိလိုက်ဟန်တူသည်။ နောက်ဆုံးတော့ သူ့ခန္ဓာကိုယ်က စိတ်အေးသွားပြီး ရှမြန်ကိုမျက်လုံးများ ကွေးပြလိုက်လေသည်။

“ရှမြန် သတိထား”

နဥ်ရှောက်ပိုင်၏ အလန့်တကြားအော်ဟစ်သံနှင့်အတူ ရှမြန်သည် သူမ၏ခေါင်းပေါ်က မီးတောက်သံကို ကြားလိုက်ရပြီး မွန်းကျပ်သွားသည်။ ပူပြင်းသည့်ခံစားချက်တစ်ခုက ချဉ်းကပ်လာလေသည်။

သူမသည် ရှောင်ဖုန်းကို တင်းကြပ်နေအောင် အလိုလို ကာကွယ်ပေးထားမိသည်။ ထို့နောက်တွင်တော့ သူမ၏ခန္ဓာကိုယ်ပေါ်တွင် အလေးချိန်တစ်ခုကို ခံစားလိုက်ရ၏။ တစ်စုံတစ်ယောက်ကလည်း သူမခန္ဓာကိုယ်ပေါ်သို့ ခုန်အုပ်လိုက်သည်။ တစ်ချိန်တည်းနီးပါးမှာပင် ဝုန်းခနဲ ကျယ်လောင်သည့် အသံတစ်ခုက သူမ၏ခေါင်းကို လာရိုက်မိတော့သည်။

သူမသည် ဘာနာကျင်မှုကိုမှ မခံစားခဲ့ရချေ။ သို့သော်ငြားလည်း အနည်းငယ် အသက်ရှူကြပ်သွားသည်။ သူမ သတိမလစ်ခင် ပရိုတင်းဓာတ် လောင်ကျွမ်းနေသည့်အနံ့ကို ရှူရှိုက်မိဟန်တူသည်...

ရှမြန်သည် အချိန်အကြာကြီး သတိလစ်မသွားခဲ့ချေ။ သူမ၏မျက်လုံးကို တစ်ဖန်ပြန်ဖွင့်လိုက်ချိန်တွင် သူမ၏ ပါးစပ်ပေါ်တွင် အောက်ဆီဂျင် Mask တပ်ထားပေးသည်။ သူမသည် လှပသည့် မက်မွန်ပွင့် မျက်လုံးတစ်စုံနှင့် ဆုံတွေ့သွားလေသည်။ အမြဲလိုလို ချစ်ခင်ကြင်နာမှုအပြည့်ရှိသည့် ထိုမျက်ဝန်းများက အခုတော့ လေးနက်ပြီး အာရုံစိုက်နေလေသည်။

သောက်ကျိုးနဲ၊ တကယ်ဆွဲဆောင်မှုရှိတာပဲ။

သို့သော်ငြားလည်း ထိုကြမ်းတမ်းသည့်ပါးစပ်က ရုတ်ခြည်းဆိုသလို ရှမြန်ကို လက်တွေ့ကိုဆွဲခေါ်လာ ပေတော့သည်။

“မင်း မသေဘူးနော်”

သူမဘေးက သူနာပြုကလည်း တအံ့တဩ ဖြစ်သွားတော့သည်။ ဒေါက်တာနဥ်သည် ပုံမှန်ဆိုလျှင် ပွင့်ပွင့်လင်းလင်း ပြောနေကြဖြစ်သော်ငြားလည်း လူနာတစ်ယောက်ကို ထိုမျှလောက် ကြမ်းကြမ်းတမ်းတမ်း ပြောသည်က ရှားပါးလေသည်။ အထူးသဖြင့် ဒီမိန်းကလေးငယ်လေးက ဒီလောက်ဆိုးဝါးသည့် မီးလောင်မှုနှင့် ရင်ဆိုင်တွေ့ကြုံပြီးကာစ ဖြစ်နေသည်။

သို့သော်ငြားလည်း သူမကို ပိုပြီးအံအားသင့်ရစေသည်က မိန်းကလေးကလည်း လုံးဝအားနွဲ့သည့်ဟန် မပေါ်ချေ။ သူမကလည်း ဒေါက်တာနဥ်ကို ဒီအတိုင်း မျက်စောင်းဖြင့် ကြည့်လေသည်။

သူနာပြုဆရာမ:...

အိမ်း ဒီကလေးမကလည်း သာမန်လူတော့ ဟုတ်ဟန်မတူဘူး။ အနည်းဆုံးတော့ အခုအချိန်အထိ ဒေါက်တာနဥ်ကို မျက်စောင်းထိုးရဲသောသူကို သူမတစ်ခါမှမမြင်ဖူးသေးဘူးလေ။

“အန်တီလေး”

ရှောင်ဖုန်းသည် တခြားဆရာဝန်၏လက်ပေါ်က ခုန်ချလုမတတ်ပင်။

ရှမြန်က အထိတ်တလန့်ဖြစ်သွားပြီး”ရှောင်ဖုန်း”

နဥ်ရှောက်ပိုင်က ကလေးကို ရှမြန်ရှေ့သို့ မြန်မြန်ချီလာလိုက်သည်။ ရှမြန်က သူ့ကိုဖက်ထားလိုက်ပြီး စိတ်အေးသွားကာ သက်ပြင်းချမိလေသည်။

“လန့်လိုက်တာ သေတော့မယ်”

ရှောင်ဖုန်းကို ချီထားသည့် ဆရာဝန်၏မျက်နှာပေါ်တွင်လည်း စိုးရိမ်သည့် အရိပ်အယောင်တစ်ခု ထင်ဟပ်နေလေသည်။

“ဒီကောင်ကလေးက အရမ်းသန်မာတာပဲ”

“အန်တီလေး... ဝူး ဝူး...အန်တီလေး...“

ရှောင်ဖုန်းသည် သူမ၏လည်ပင်းကို တင်းနေအောင် ဖက်တွယ်ထားပြီး စတင်ငိုယိုတော့သည်။

ဒီလောက် အချိန်အကြာကြီးနေမှ ရှောင်ဖုန်း၏ အကျယ်ကြီးအော်ငိုသံကို ရှမြန်သည် ပထမဦးဆုံး ကြားလိုက်ရလေသည်။ သူသည် တခြားကလေးများလို ကျယ်ကျယ်လောင်လောင် မအော်ငိုနိုင်ခဲ့ချေ။ သို့သော် သူမသည် ရှောင်ဖုန်း၏ငိုသံကို ရှင်းလင်းနေအောင် ခံစားနိုင်လေသည်။

ကြီးမားသည့် ကြောက်ရွံ့မှုနှင့် ဝမ်းနည်းမှုကို ခံစားမိသည်။

မီးလောင်မှုကြောင့် မဟုတ်ဘဲ သူမကြောင့်သာ ဖြစ်တော့သည်။

ရှမြန်၏ မျက်လုံးများကလည်း နီရဲသွား၏။ သူမက ရှောင်ဖုန်းကို တင်းနေအောင် ဖက်ထားလိုက်ပြီး သူ့ကျောပြင်လေးကို ပွတ်သပ်ပေးလိုက်ကာ သူ့နဖူးကို နမ်းရှုံ့လိုက်သည်။

“မကြောက်နဲ့တော့နော်၊ အဆင်ပြေသွားပြီ။ အန်တီလေးတို့အားလုံး အဆင်ပြေသွားပြီ... အန်တီလေးက ပြောထားတာပဲ။ သားကို ဘယ်တော့မှ ထားခဲ့မှာမဟုတ်ဘူးလေ”

လိုရမယ်ရ သူတို့၂ယောက်စလုံးသည် ဆေးစစ်ချက်များ ပြုလုပ်ရန် ဆေးရုံသို့သွားရလေသည်။

ရှောင်ဖုန်းက ရှမြန်ကို ချန်ထားဖို့ရန် ငြင်းဆန်နေသဖြင့် သူတို့၂ယောက်စလုံးကို ထမ်းစင်တစ်ခုပေါ်တွင် သယ်ပေးလိုက်ကာ ဆေးရုံဆီသို့ အလောတကြီး ရောက်သွားတော့သည်။ ဒီနေရာက ဆေးရုံအဆောင်တစ်ခု ဖြစ်သည့်အတွက် လူနာတင်ကား မလိုအပ်ချေ။ ဆေးလုပ်သား၄ယောက်က တစ်ယောက်ချင်းစီ နေရာယူလိုက်ကြပြီး တတ်နိုင်သလောက် မြန်မြန် ပြေးသွားကြလေသည်။

အရှိန်က မြန်လာသည်နှင့်အမျှ ရှမြန်သည် တစ်ခုခုလွဲနေသလို တဖြည်းဖြည်း ခံစားလာရသည်။ သူမက ခေါင်းကိုလှည့်လိုက်ပြီး သူမနောက် လိုက်လာသည့် နဥ်ရှောက်ပိုင်ကို မေးလိုက်၏။

“ကျွန်မခေါင်းတစ်ခြမ်းက ဘာဖြစ်လို့ အေးစက်နေသလို ခံစားနေရတာလဲ...“

သူမ၏မျက်နှာက ဖြူဆုပ်သွားလေသည်။ သူမသည် လှုပ်ရှားရဲတော့ချေ။ ”ထုပ်တန်းက ကျွန်မခေါင်းကို ပွင့်သွားအောင် ရိုက်မိသွားတာလား။ ကျွန်မဦးနှောက်ကြီး ထွက်သွားပြီလား။ အဲဒီလိုမှ မဟုတ်ဘူးဆိုရင် ဒီလောက်ပူပြင်းတဲ့နွေမှာ ဘာဖြစ်လို့ အေးနေတယ်လို့ ဘာလို့ခံစားနေရပါလိမ့်...“

နဥ်ရှောက်ပိုင်၏ မျက်လုံးများသည် သူမ၏ငယ်ထိပ်ပေါ်သို့ ကျရောက်သွားပြီး သူ့အမူအရာမှာ အလွန်မှ ထူးဆန်းသွားကာ သူသည် တစ်ခုခုကို ကြိုးစားသည်းခံနေရသည့်နှယ်...

ငိုယိုနေဆဲ ဖြစ်သည့်ရှောင်ဖုန်းက သူမ၏လက်မောင်းပေါ်မှ ခေါင်းကို ထောင်လိုက်ပြီး အနီးကပ် ကြည့်လိုက်လေသည်။ သူက ဝမ်းနည်းစွာငိုရှိုက်နေရင်းမှ ပြောလိုက်၏။

“ဆံပင်တွေ လုံးဝမရှိတော့ဘူး...“

ရှမြန်: !

ဘာ။

ရှမြန်နှင့် ရှောင်ဖုန်းတို့သည် အတူတူငိုယိုကာ ဆေးရုံသို့ ရောက်သွားတော့သည်။

ခေါင်းရိတ် ဓားတစ်ချောင်းဖြင့် ရောက်လာသည့် သူနာပြုဆရာမကို မြင်လိုက်သည်တွင် ရှမြန်သည် နီရဲနေသည့် မျက်လုံးများဖြင့် နောက်ဆုံးရုန်းကန်မှုတစ်ခုကို ပြုလုပ်လိုက်လေသည်။

“ဘာမှ မကျန်တော့ဘူးလား”

“ဆံပင်တိုလေးပဲ ဖြစ်ဖြစ်လေ။ မဟုတ်ဘူး။ ယောက်ျားလေး ဆံပင်ကေ နည်းနည်းလေး ရှိတယ်ဆိုရင်လည်း ရပါတယ်...“

နဥ်ရှောက်ပိုင်က သူနာပြုဆရာမကို ပြောလိုက်၏။

“ကျွန်တော် ဒါကို လုပ်လိုက်ပါ့မယ်။ မင်း လုပ်စရာရှိတာပဲ ဆက်လုပ်လိုက်ပါ”

သူနာပြုဆရာမလေးက ခေါင်းရိတ်ဓားကို သူ့ကိုလှမ်းပေးလိုက်ကာ ထွက်သွားလေသည်။ နဥ်ရှောက်ပိုင်က ရှမြန်ကို ကြည့်လိုက်ပြီး စတင်အော်ရယ်လေတော့သည်။

ရှမြန်မှာ ဒေါသထွက်သွားတော့သည်။

“ရှင်က ရယ်တယ်ပေါ့လေ၊ အခုထက်ထိ ရယ်နေတုန်း ဟုတ်လား။ ရှင့်မှာ ပြည်သူ့ကျင့်ဝတ်ဆိုတာရော သိသေးရဲ့လား”

နဥ်ရှောက်ပိုင်က သူ့အိပ်ကပ်လေးထဲက မှန်တစ်ချပ်ကိုထုတ်ကာ ပြောလိုက်လေသည်။

“မင်းဟာမင်း ကြည့်လိုက်။ လူနာကို ဘယ်လို ကယ်ဆယ်ရမယ်ဆိုတာနဲ့ ပတ်သက်ပြီး မင်းရဲ့သဘောထားကို ငါ လေးစားပါတယ်”

ရှမြန်သည် မှန်ထဲတွင် ညစ်ပတ်ပေရေနေသည့် သူမကိုယ်သူမ ပြန်မြင်ရလိုက်ချိန်တွင် ငိုချင်စိတ် ဖြစ်သွားကာ မျက်လုံးကို ဆွဲဆောင်နိုင်သည့် ယင်ယန်ဆံပင်ပုံစံကိုလည်း တွေ့သွားသည်။

ထုပ်တန်းက သူမ၏ခေါင်းပေါ်သို့ ကျလာသည့်အချိန်တွင် နဥ်ရှောက်ပိုင်က ဆွဲလိုက်သဖြင့် မီးလောင်နေသည့် စောင်က ချော်ထွက်သွားကာ သူမ၏ဆံပင် လောင်ကျွမ်းသွားခြင်း ဖြစ်ရမည်။

ရှမြန်က သူမ၏ညာဘက်လက်ကို ဆန့်ထုတ်လိုက်ပြီး ခေါင်းကို ပွတ်သပ်ကြည့်လိုက်ကာ ဆံပင်လေး နည်းနည်းပါးပါး ကျန်နေမလားဟု စမ်းကြည့်လိုက်လေသည်။ သို့သော်ငြားလည်း လက်တစ်ဆုပ်စာ ပြာများအပြည့် ဖြစ်သွားပြီးနောက်တွင် သူမသည် သူမ၏ချောမွတ်နေသည့် ဦးရေပြားကို တွေ့လိုက်ရတော့သည်...

သူမက ငိုတော့မည်ကို မြင်လိုက်သည်တွင် နဥ်ရှောက်ပိုင်က သူ၏ရယ်သံကို ထိန်းချုပ်ထားလိုက်ကာ သူမကို နှစ်သိမ့်လိုက်သည်။

“ကံကောင်းလို့ပေါ့၊ မင်းဆံပင်ပဲ လောင်သွားတာ။ ဆံပင်က နောက်ဆိုရင် ပြန်ပေါက်မှာပါ။ ဦးရေပြားကို လောင်သွားတာဆိုရင်တော့ အဲဒီတစ်ခြမ်းကနောက်ဆိုရင် အမြဲတမ်း အပြောင်ကြီးပဲ ဖြစ်နေတော့မှာ”

“ရှင်လေ လူတွေကို ဘယ်လိုနှစ်သိမ့်ရမယ်ဆိုတာ သိရဲ့လား။ ရှင်ပဲ ထိပ်ပြောင်၊ ကျွန်မကို ထိပ်ပြောင်လို့ လာမပြောနဲ့”

ရှမြန်၏မျက်လုံးများသည် မျက်ရည်များနှင့် ပြည့်နှက်သွားပြီး သူမသည် ဒေါသတကြီး ပြောလိုက်တော့သည်။

“ကျွန်မမှာ ကျွန်မရဲ့ ခန္ဓာကိုယ်တစ်ဝက် ရှိသေးတယ်...“

သို့သော်ငြားလည်း သူမ၏စိတ်ကတော့ နဉ်ရှောက်ပိုင်က ပြောထားသည့်အတိုင်းပင် သူမ၏ကျန်သည့် တစ်ဘဝလုံးတွင် ယင်ယန်ခေါင်းကြီးတစ်ခု ပိုင်ဆိုင်ထားရလိမ့်မည်ဟု စတင် စဉ်းစားမိလေသည်။ သူမသည် မနေနိုင်တော့ဘဲ တစ်ကိုယ်လုံး တုန်ယင်သွားတော့သည်။

ရှမြန်သည် ကြောက်စရာကောင်းသည့်မြင်ကွင်းကိုဖယ်ထုတ်ထားလိုက်ပြီး သူမ၏ခေါင်းကို မည်သို့ ကယ်ဆယ်ရမည်နည်းဟု ဦးနှောက်ကို စတင်အလုပ်ပေးတော့သည်။

“ဒါမှမဟုတ်လည်း ညာဘက်အခြမ်းကို ဒီအတိုင်း ရိတ်လိုက်ပေါ့။ ဘယ်ဘက်ခြမ်းက ဆံပင်ကိုတော့ ဖြီးချထားလိုက်လေ။ ဒါက ထိပ်ပြောင်ဦးလေးတွေ အမြဲတမ်း လုပ်နေကြပဲ မဟုတ်လား”

“ဘယ်ဘက်အခြမ်းမှာ ဆံပင်တွေ တော်တော်များများ ကျန်သေးတာပဲ။ ညာဘက်ကို ဖုံးထားလိုက်လို့ ရပါတယ်။ ရလောက်ပါတယ်”

ရှမြန်က နဥ်ရှောက်ပိုင်ကို မျှော်လင့်တကြီးကြည့်လေသည်။

နဥ်ရှောက်ပိုင်က ဘာမှမပြောရသေးခင်မှာပင် ဆေးခန်းတံခါးသည် ရုတ်တရက် တွန်းဖွင့်ခံလိုက်ရပြီး မျက်နှာပေါ်တွင် ထိပ်ပြောင်ရုပ်တစ်ခုဖြင့် အသက်(၄၀)ဝန်းကျင် သက်လတ်ပိုင်းလူတစ်ယောက်က စိုးရိမ်တကြီး မေးမြန်းလိုက်၏။

“ဒေါက်တာ မီးဖွားခန်းက ဘယ်အထပ်မှာလဲ”

သူသည် အလောတကြီး ပြေးလာရသည့်အတွက် သူ့ဦးရေပြားပေါ်တွင် ကပ်နေရမည့်ဆံပင်များက ဘယ်ညာ ဝေ့ရမ်းလို့နေသည်။ ထို့ကြောင့် သူ့တစ်ခေါင်းလုံးက တောက်ပနေပြီး ဘယ်ဘက်ခြမ်းက မဖြစ်စလောက် ဆံပင်လေးတချို့ကသာ ခေါင်း၏တခြားဘက်သို့ ယိမ်းနွဲ့နေကာ ရှမြန်ကို ဘယ်လို ကြည့်ရမည်မှန်းမသိအောင် ဖြစ်သွားစေလေသည်။ နောက်ဆုံးတော့ တစ်ခြမ်း ပြောင်နေသည့်ခေါင်းနှင့် ပုန်ကန်နေသည့်ဆံပင်တို့မှာ အလွန်မှ မျက်စိပသာဒဖြစ်နေတော့သည်။

ရှမြန်: ...

နဥ်ရှောက်ပိုင်က သူ၏ရယ်ချင်စိတ်ကို မျိုသိပ်ထားကာ ပြန်ဖြေလိုက်၏။

“မီးဖွားခန်းက တတိယအထပ်မှာပါ”

ထိပ်ပြောင်ဦးလေးက တံခါးကိုပိတ်လိုက်ပြီး ပြေးထွက်သွားပြီးနောက်တွင် နဥ်ရှောက်ပိုင်သည် နောက်ဆုံးတော့ သည်းမခံနိုင်တော့ဘဲ ဝါးလုံးကွဲအောင် အော်ရယ်ကာ ရှမြန်ကို ကြည့်လိုက်ပြီး မနေနိုင်တော့ဘဲ ထပ်ပြီးရယ်မောပြန်လေသည်။

“မင်းသေချာရဲ့လား”

ရှမြန်မှာ မျက်ရည်များ စီးကျလာတော့သည်။ “နဥ်ရှောက်ပိုင် နင်ဟာလေ တကယ်ကို ဆိုးသွမ်းတဲ့ကောင်ပဲ”

နဉ်ရှောက်ပိုင်က အော်ရယ်လေသည်။

ဘေးက အိပ်ရာပေါ်တွင် အစစ်ဆေးခံနေသည့် ရှောင်ဖုန်းသည် လိုက်ကာကို ဖွင့်လိုက်ပြီး စိုးရိမ်တကြီးပြေးလာလေသည်။

“အန်တီလေး ဘာဖြစ်တာလဲ”

သူသည် ထိုသို့ပြောလိုက်ရင်းက သူ၏လက်နှင့်ခြေလေးကို အသုံးချကာ ရှမြန်၏ခုတင်ပေါ်သို့ ကုန်းတက်လိုက်လေသည်။

ရှမြန်မှာ ထပ်ပြီး မငိုရဲတော့ချေ။ ကလေးကို မြန်မြန်လှမ်းဖက်လိုက်ကာ ပြောလိုက်၏။ “ရပါတယ် ရပါတယ်။ အန်တီလေးက နည်းနည်း ဝမ်းနည်းသွားလို့ပါ။ မနာပါဘူး အန်တီလေးက နေမကောင်း မဖြစ်ဘူး”

ဘေးအခန်းက သူနာပြုဆရာမသည် အပြေးရောက်လာပြီး နဥ်ရှောက်ပိုင်ကို ရှက်ရွံ့စွာဖြင့် ပြောလိုက်လေသည်။

“ကျွန်မ တောင်းပန်ပါတယ် ဒေါက်တာနဥ်။ ကျွန်မ သူ့ကို သေချာမထိန်းထားခဲ့နိုင်ပါဘူး”

နဥ်ရှောက်ပိုင်က အဆင်ပြေကြောင်း လက်ဟန်ပြလိုက်လေသည်။ သူက နောက်ကလိုက်လာသည့် ကလေးဆရာဝန်ကို မေးလိုက်၏။ “စစ်ဆေးချက် ဘယ်လိုရှိလဲ”

“ပြီးသလောက်ရှိပါပြီ။ ကျန်တဲ့တစ်ခုတည်းက ဒူးနားက ဒဏ်ရာပါ”

ကလေးဆရာဝန်ကလည်း ရှောင်ဖုန်း၏သွက်သွက်လက်လက် ခုတင်ပေါ်တက်သွားသည့် လှုပ်ရှားမှုကို မြင်လိုက်သည်တွင်”အခုကြည့်ရတာကတော့ ပြဿနာ လုံးဝ မရှိတော့ဘူး ထင်ပါတယ်”

နဥ်ရှောက်ပိုင်က ပြောလိုက်၏။ “ကောင်းပြီလေ ကျန်တာကို ကျွန်တော့်တာဝန်ထားလိုက်ပါ။ ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

ဒီအခြေအနေတွင် ဒေါက်တာနဥ်က တူဝရီး၂ယောက်နှင့် ကောင်းမွန်သည့် ဆက်ဆံရေးတစ်ခု ရှိကြောင်း သိလိုက်လေသည်။ ထို့ကြောင့် သူတို့က ဘာမှထပ်မပြောတော့ဘဲ ဒီအတိုင်း လှည့်ထွက်သွားကြတော့သည်။

ထွက်မသွားခင်တွင် ဆရာဝန်နှင့် သူနာပြုတို့သည် ရှမြန်ဘက်သို့ လှည့်မကြည့်ဘဲ မနေနိုင်အောင် ဖြစ်သွားကြသည်။

အတိအကျ ပြောရလျှင်တော့ သူတို့သည် ရှမြန်၏ ပြောင်နေသည့် ခေါင်းတစ်ခြမ်းကို လှမ်းကြည့်လိုက်ကြခြင်းပင်။

သို့သော်ငြားလည်း ရှောင်ဖုန်းက ဘေးတွင်ရှိနေသဖြင့် ရှမြန်မှာ မငိုနိုင်ချေ။ သူမက စူပုပ်ထားလိုက်ကာ အလွန်မှ ဝမ်းနည်းသည့်ရုပ် လုပ်ထားလိုက်လေသည်။

နဥ်ရှောက်ပိုင်က ဆံပင်ရိပ်ဓားကို ကိုင်မြှောက်လိုက်ကာ မေးလိုက်၏။

“ဒီတော့ မင်း ဘယ်လိုဆုံးဖြတ်မှာလဲ”

ရှမြန်က နှာခေါင်းကို တရှုံ့ရှုံ့လုပ်နေပြီး စူပုပ်နေလိုက်ကာ မျက်လုံးထဲတွင် မျက်ရည်များဖြင့် ခေါင်းညိတ်ပြလိုက်တော့သည်။

ဒီလိုသနားစဖွယ် ချစ်စရာကောင်းသည့်ရုပ်သွင်လေးက နဥ်ရှောက်ပိုင်ကို ဆံပင်များကို ရိတ်ပစ်ရန် အနည်းငယ် ချီတုံချတုန် ဖြစ်နေသလို ခံစားရစေတော့သည်...

ဟုတ်ပါသည်။ ဒါတော့ လုံးဝမဖြစ်နိုင်ချေ။

ဒေါက်တာနဥ်က ရက်စက်ပေသည်။ ရှမြန်၏တစ်ခေါင်းလုံးကို အချိန်တိုအတွင်း ရိတ်ပေးလိုက်သည်။

ဒီကလေးမလေးက ပုံမှန်ဆိုရင် အရမ်းကို ခေါင်းမာတဲ့ပုံပါပဲ။ ဒါပေမဲ့ ထင်မထားဘဲ သူ့ခေါင်းလေးကတော့ သေးသေးနဲ့ လုံးလုံးလေး။

နဥ်ရှောက်ပိုင်သည် ကိုယ်တိုင်ပင် သတိမထားမိလိုက်ဘဲ သူ့လက်ဖဝါးနှင့် ရှမြန်၏ခေါင်းကို နှိုင်းယှဉ်မိလိုက်ကာ ကောင်မလေး၏မျက်နှာက အလွန်မှသေးငယ်နေပြီး သူ၏ လက်ဖဝါးတစ်ဖက်နှင့်ပင် ဖုံးကွယ်လို့ရနိုင်သည်ကို ထင်မှတ်မထားဘဲ တွေ့လိုက်ရ၏။

တစ်နည်းအားဖြင့်ပြောရလျှင် သူသည် သူမ၏ခေါင်းကို လက်ဝါး၂ဖက်ဖြင့် အုပ်ထားနိုင်လေသည်။

နဥ်ရှောက်ပိုင်သည် သူ့အတွေးများဖြင့် သဘောကျနေတော့သည်။ သူက သူမ၏ဆံပင်များကို သုတ်ပေးဖို့ရန် တဘက်တစ်ခု သုံးလိုက်ပြီး သူ၏လက်ရာမြောက်လှသည့်အနုပညာကို သေသေချာချာ ကြည့်လိုက်လေသည်။

ဆံပင်မရှိတော့သည့်အတွက် ဘာဒံစေ့သဏ္ဌာန်မျက်ဝန်းတစ်စုံက ပိုလို့ပင်လှပနေသည်က ထူးဆန်းမနေတော့ချေ။ ဒေါသထွက်နေပြီး ကူကယ်ရာမဲ့နေသည့်ရုပ်က သူ့အမေ အသက်ရှိစဉ်က မွေးခဲ့သည့် မွှေးပွကြောင်လေးကို သတိရမိစေတော့သည်။ ထိုကြောင်လေးသည် စနောက်ခံရသည့် အချိန်တိုင်း သူ့မျက်လုံးများဖြင့် စိုက်ကြည့်နေတတ်ပြီး သူ့အမွှေးဖွားဖွားလေးကလည်း ထောင်တက်နေတတ်သည်။ ဒါက သနားစရာကောင်းသလို ချစ်စရာလည်းကောင်းနေပေသည်။

“ရှင့်ရုပ်က ရယ်ချင်နေသေးတဲ့ရုပ်ပဲ။ ရှင့်မှာ ကိုယ်ချင်းစာတရားကော ရှိသေးရဲ့လား”

ရှမြန်သည် မနေနိုင်တော့ဘဲ သူမ၏ခေါင်းလုံးလုံးလေးကို ထိကိုင်လိုက်ပြီး ဒေါသတကြီး ပြောလိုက်လေသည်။

“သတိထားနော်၊ မဟုတ်လို့ကတော့ ကျွန်မရှင့်ကို တိုင်ပစ်လိုက်မှာ”

နဥ်ရှောက်ပိုင်ကလည်း မနေနိုင်တော့ဘဲ သူမ၏ခေါင်းလေးကို ထိကိုင်လိုက်ကာ ရုပ်တည်ဖြင့် ပြောလိုက်လေသည်။

“သေသပ်နေတာပဲ၊ အရမ်းလှတယ်”

ထိုသို့ပြောလိုက်ပြီးနောက်တွင် သူသည် စတင်ရယ်မောပြန်ကာ နောက်ပြန် လှန်လဲကျတော့မတတ်ပင်။

ရှမြန်မှာ အလွန်မှ ဒေါသထွက်သွားတော့သည်။

မနက်စောစောတွင် ရှမြန်သည် ခေါင်းတုံးလေးဖြင့် ဒေါသထွက်ထွက်နှင့် ဆေးရုံမှ ထွက်လာခဲ့သည်။ သူမသည် သူမကိုလှမ်းကြည့်လာသည့်လူများကို၁၀၀ ရာခိုင်နှုန်း ဆွဲဆောင်ထားလေသည်။

လူတော်တော်များများက ကိုယ်ချင်းစာစိတ် ပြသကြပြီး လူတစ်ယောက်၏မျက်လုံးများကတော့ နီရဲသွားကာ ”ငါ့သမီးလည်းအဲ့လိုပဲ... မင်းလည်း အကောင်းဆုံး ကြိုးစားရမယ်နော်။ အားလုံးကို သည်းခံထားရမယ်...“

ရှမြန်သည် မျက်တောင်လေးကို ပုတ်ခတ်ပုတ်ခတ် လုပ်မိသွားပြီး ဆေးရုံတစ်ခုထဲတွင် ဟန်ရေးပြနေသည်က မသင့်တော်မှန်း ရုတ်တရက် ခံစားလိုက်ရသည်။

သို့သော်ငြားလည်း ဆေးရုံထဲက ထွက်လာပြီးနောက်တွင် ရှမြန်သည် နွေနေပူပူထဲတွင် သူမ၏ခေါင်းက အေးနေသေးသဖြင့် ငိုချင်သလို ခံစားမိနေသေးသည်။ ကျန်းချီမင် ရှင် ကျွန်မကို စောင့်နေလိုက်။

အနက်ရောင် ဘတ်စကတ်ဘောဦးထုပ်တစ်လုံးက သူမ၏ရှေ့တွင် ရုတ်တရက်ပေါ်လာသည်။ သွယ်လျလျ လက်ချောင်းလေး၂ချောင်းက ဦးထုပ်ကိုကိုင်မြှောက်ထားကာ အသာအယာ လှုပ်ယမ်းပြနေ၏။

ဟုတ်ပါသည်။ ရှမြန်သည် ဒီလက်ကို မမေ့နိုင်ချေ။ ဤသည်ကား သူမ၏တစ်ခေါင်းလုံးကို ရိတ်ပေးလိုက်သည့် ဒီလက်ဖြစ်သည်...

“ဘာလဲ” ရှမြန်က ဒေါသတကြီး ပြောလိုက်၏။

နဥ်ရှောင်ပိုင်၏မျက်လုံးများက သူမ၏ခေါင်းပေါ်က ဦးထုပ်ဆီသို့ ကျရောက်သွားကာ ”မင်း ဒါကိုလိုလား”

ရှမြန်က ဒေါသတကြီး ဦးထုပ်ကိုလှမ်းဆွဲလိုက်ကာ ”လိုတာပေါ့”

နဉ်ရှောက်ပိုင်က သူ့လက်ကိုမြှောက်လိုက်ကာ သူမ ဒေါသမထွက်ခင် ရှမြန်၏ခေါင်းပေါ်တွင် ဦးထုပ်ကို မြန်မြန် ဆောင်းပေးလိုက်လေသည်။ သို့သော်ငြားလည်း ဦးထုပ်က အလွန်ကြီးနေပြီး သူမ၏မျက်နှာတစ်ခြမ်းလုံးကိုပင် ဖုံးအုပ်လုနီးပါး ဖြစ်သွားမည်ဟု ထင်မထားမိခဲ့ချေ။

နဥ်ရှောက်ပိုင်၏မြင်ကွင်းမှကြည့်လျှင် သူသည်သေးငယ်သည့် မေးစိလေးတစ်ခုကိုသာ မြင်နိုင်လေသည်။

ဦးထုပ်က ကြပ်လိုက်တာ။ ကျွတ်... ငါ ထပ်ပြီး ဒေါသထွက်မိတော့မယ်။

...

All Chapters