← Chapters

အပိုင်း(၄၂)

Vol. 3 Ch. 42

အပိုင်း(၄၂)

Vol. 3 Ch. 42

ရှမြန်သည် အမှန်ပင် ဒေါသထွက်ပေတော့မည်။ သူမက တစ်ခုခုကို ရုတ်တရက်သတိရသွားပြီး မော့ကြည့်လိုက်ကာ နဥ်ရှောက်ပိုင်ကို မေးလိုက်လေသည်။

“ဒီဦးထုပ်က ဘယ်ကနေရောက်လာတာလဲ”

နဥ်ရှောက်ပိုင်က သိမ်သိမ်မွေ့မွေ့ ပြုံးပြလိုက်ကာ သူ့မျက်လုံးထဲတွင်တော့ ဆိုးညစ်သည့် အရိပ်အယောင်တစ်ချို့ ပါနေလေသည်။

“ဒါပေါ့၊ ငါ့ဟာလေ။ အဲဒါကို ရုံးခန်းထဲမှာ သိမ်းထားတာ”

ဟုတ်နေပါပြီ။ ဒီကောင် တမင်လုပ်နေတာ။ သူ့ရုံးခန်းထဲမှာ ရှိနေရဲ့သားနဲ့ ငါ့ကို ဦးထုပ်အရင်မပေးဘဲနဲ့ ခေါင်းတုံးကြီးနဲ့ ဆေးရုံထဲက ထွက်လာရအောင် တမင်လုပ်တာလား။

ရှမြန်သည် အလွန်မှ ဒေါသထွက်သွားသဖြင့် သူ့ကိုရိုက်နှက်ချင်စိတ် ပေါက်သွားတော့သည်။ သို့သော်ငြားလည်း နဥ်ရှောက်ပိုင်က သူ၏ရှည်လျားသည့်လက်ကို ဆန့်လိုက်ပြီး ဦးထုပ်၏လျှာကို ရှေ့ကို ဆွဲချလိုက်လေသည်။ ရှမြန်မှာ ရုတ်တရက်ဆိုသလို ဘာမှမမြင်ရတော့ချေ။

“အား... ခွေးကောင်” ရှမြန်က ရုတ်တရက်ဦးထုပ်လျှာကို နောက်ကို ဆွဲလှည့်လိုက်ပြီး တစ်စုံတစ်ယောက်ကို ရိုက်နှက်မည့်ဟန် ပြင်လိုက်သည်။

သို့သော်ငြားလည်း နဥ်ရှောက်ပိုင်က ရှောင်ဖုန်းကို ကောက်ချီထားနှင့်ပြီးဖြစ်နေသည်။

“သားရဲ့အန်တီလေးလှလား”

ရှောင်ဖုန်းက တွေဝေမနေဘဲ ခေါင်းညိတ်ပြသည်။ ထိုအခိုက်အတန့်လေးတွင် သူ၏ စပျစ်သီးရောင်မျက်လုံးများက ရွေ့လျားသွားပြီး သူက အသံသေးသေးလေးနှင့် ပြောလိုက်လေသည်။

“ကြည့်လို့ကောင်းတယ်”

ရှမြန်သည် အခိုက်အတန့် တုံ့ဆိုင်းသွားပြီး နဥ်ရှောက်ပိုင်က ရယ်ချင်စိတ်ကို မျိုသိပ်ထားလိုက်သည်။

“ဦးလည်း ကြည့်လို့ကောင်းတယ်လို့ ထင်တယ်”

ကိုယ့်ညီအစ်မကိုများ ကြည့်လို့ကောင်းနေပေါ့။

ရှမြန်သည် အလွန်မှ ဒေါသထွက်သွားပြီး ရှောင်ဖုန်းကို လှမ်းချီလိုက်ကာ လှည့်ထွက်သွားတော့သည်။ ရှောင်ဖုန်းကလည်း သူ့အန်တီလေး၏ ဦးထုပ်လျှာကို နောက်သို့ ဆွဲလှည့်ပေးရအောင် သိတတ်လွန်းလေသည်။

ရှမြန်...

နဥ်ရှောက်ပိုင်သည် နောက်မှစောင့်ကြည့်နေရင်း မနေနိုင်ဘဲ အော်ရယ်မိတော့သည်။ မဆိုးဘူး (၂)ယောက်စလုံးက တော်တော်လေး တက်ကြွပါပေတယ်။

ရှမြန်သည် အလွန်မှ ဒေါသထွက်လွန်းသဖြင့် ဘာမှကြောက်ရွံ့မနေတော့ချေ။

သူမသည် အလွန်မှဒေါသထွက်နေသဖြင့် ကျန်းချီမင်နှင့် စာရင်းရှင်းဖို့ရန် ရဲစခန်းသို့ သွားရောက်လိုက်တော့သည်။

သို့သော်ငြားလည်း သူမကို အံ့ဩရစေသည်က ရဲစခန်းတွင် ကျန်းချီမင်တစ်ယောက်တည်း ရှိနေသည် မဟုတ်ပေ။ ဟွမ်ရှောင်ကျွင်းကလည်း ထိုနေရာတွင် ရှိနေသည်။

ရှမြန်က ရှောင်ဖုန်းကို ချီကာဝင်လာသည့်အချိန်တွင် သူမသည် ဟွမ်ရှောင်ကျွင်း၏ ပြိုလဲနေသည့်အသံကို ကြားလိုက်ရလေသည်။

“ကျုပ် မဟုတ်ပါဘူးလို့ ပြောပြီးပြီပဲ။ ကျုပ်က ဘယ်လိုဖြစ်ပြီး လူတွေကို မီးရှို့ပြီး သ-တ်ရမှာလဲ”

ကျန်းချီမင်သည် သူတို့(၂)ယောက်ကို မြင်လိုက်ချိန်တွင် အထူးသဖြင့် ရှောင်ဖုန်းကို မြင်လိုက်ချိန်တွင် သူ့မျက်လုံးထဲက အကြည့်များသည် သူ၏ချစ်လှစွာသော ဆုံးရှုံးရလုနီးနီး ဖြစ်နေသည့်ဟန်ဖြင့် ရှောင်ဖုန်းကို အပြေးအလွှား ပွေ့ချီဖို့ရန် ရောက်လာလေသည်။

“ရှောင်ဖုန်း ရှောင်ဖုန်း သားရယ်။ အဖေ့မှာ လန့်လို့သေတော့မယ်။ ငါ မင်းကို မင်းရဲ့အန်တီလေးဆီ မထည့်ပေးလိုက်သင့်ဘူး။ မင်းရဲ့အန်တီလေးက...“

ဒီကောင်က ဟွမ်ရှောင်ကျွင်းကို တကယ်တမ်း ချောက်ချချင်ခဲ့တာပဲ။

ရှမြန်သည် သူ၏လှည့်ကွက်များကို ချက်ချင်း သဘောပေါက်သွားသည်။ သို့သော်ငြားလည်း ဒီတစ်ကြိမ်တွင်တော့ သူမသည် ကြောက်ရွံ့မနေတော့ချေ။ ထိုအစား သူမသည် ဒေါသများဖြင့် လေးနက်နေ၏။ ကျန်းချီမင်သည် လုံးဝကို လူမဆန်လှချေ။

သူက ငါနဲ့ရှောင်ဖုန်းကို သ-တ်ပြီးတော့ ဟွမ်ရှောင်ကျွင်းကို ချောက်ချမယ်။ ပြီးရင် ဟွမ်ရှောင်ကျွမ်းကို အသုံးချပြီး ငွေအတွက် အလဲအလှယ် လုပ်မယ်ပေါ့။ အဆင့်တိုင်းက အဆုံးအစွန်အထိကို တွက်ချက်ထားခဲ့တာပဲ။ လူ့အသက်က သူ့မျက်လုံးထဲမှာ ဘာမှအရေးမပါဘူး။

ဒါက လူမဆန်တဲ့တိရစ္ဆာန်ပဲ။

ရှမြန်သည် ဒီအခိုက်အတန့်တွင် အင်မတန်မှ ဒေါသထွက်နေလေသည်။ သူက ရှောင်ဖုန်းကို ပွေ့ဖက်တော့မည့် ဟန်ဆောင်နေဆဲ မြင်လိုက်ရသည်တွင် ရှမြန်က ရှောင်ဖုန်းကို နောက်မှ လိုက်လာသည့် နဥ်ရှောက်ပိုင်ထံ လှမ်းပေးလိုက်လေသည်။

ထို့နောက်တွင် သူမသည် ခုန်ပျံသွားလိုက်ပြီး သူမ၏ခြေထောက်များဖြင့် သူ့လည်ပင်းကို ဆွဲညှပ်ထားလိုက်ကာ ထိုတိရစ္ဆာန်ကို ရက်ရက်စက်စက် ဆွဲလှည့်လိုက်လေသည်။

ပြိုင်ပွဲကွင်းအတွင်းတွင် professional ကျသည့် ကစားသမားနှင့် ရင်ဆိုင်ရသည့် အချိန်မှလွဲလျှင် ရှမြန်သည် သူမ၏ တကယ့်အင်အားအစစ်ကို ထုတ်သုံးသည်ကား ရှားပါးလေသည်။ ဒီအချိန်တွင်တော့ သူမသည် ဒီတိရိစ္ဆာန်က သူမ၏ သနားညှာတာမှုနှင့် လုံးဝမထိုက်တန်ဟု စဉ်းစားမိသည်။

ကျန်းချီမင်၏ ခေါင်းက ကြမ်းပြင်နှင့် ခပ်ကြမ်းကြမ်း သွားရိုက်မိလေသည်။ ထိုအခိုက်အတန့်တွင် သူသည် တစီစီမြည်သံတစ်ခုကို ကြားလိုက်ရပြီး ဘာကိုမှ မမြင်မကြားနိုင်တော့ချေ။ ထို့နောက်တွင် သူ၏ ခါးနှင့်ဗိုက်ထဲတွင် စူးရှသည့်နာကျင်မှုတစ်ခုကို ခံစားလိုက်ရတော့လေသည်။

စူးရှပြီး တိုတောင်းသည့် နာကျင်မှုနှင့်ယှဉ်လျှင် ဒီမှိန်ပျပျ ခံစားမှုက တလွှာပြီးတလွှာ စုစည်းလာသယောင် အော်ဟစ်လို့လည်း မတတ်နိုင်အောင် လုပ်လေသည်။ အလွန်မှ နာကျင်ရသဖြင့် သေချင်စိတ်များ ဖြစ်သွားရတော့သည်။

ရဲစခန်းထဲက သူများအားလုံးသည် အနက်ရောင်ဦးထုပ်တစ်လုံးက ပြုတ်ကျသွားသည်ကို အရင်ဆုံး မြင်လိုက်ရပြီး သူတို့၏အာရုံက ချောမွတ်နေသည့် ကတုံးခေါင်းလေးဆီသို့ ဆွဲဆောင်ခံလိုက်ရသည်။ သူတို့သည် ကျန်းချီမင်၏နှုတ်ခမ်းထောင့်မှ သွေးများကိုမြင်လိုက်ရချိန်မှ သတိပြန်ဝင်လာတော့သည်။

“ဟေ့ မင်းဘာလုပ်နေတာလဲ”

စားပွဲနောက်တွင် ရပ်နေသည့် ရဲအရာရှိတင်းက အော်ဟစ်လိုက်လေသည်။

“လျိုဟုန်၊ အစ်ကိုကျန်း”

လျိုဟုန်က ဂရုမစိုက်ပေ။ ရှေ့ဆင့်နောက်ဆင့် ဖြစ်သွားသည့် ကိစ္စရပ်များက သူမကို ကျန်းချီမင်အား အင်မတန် ရွံရှာစိတ် ဖြစ်စေလေသည်။ သို့သော်ငြားလည်း ဒါက သူမ၏တာဝန် ဖြစ်နေပြန်သည်။

အစ်ကိုကျန်းကတော့ ခြေလှမ်းကျဲကြီးများနှင့် လျှောက်သွားနှင့်ပြီဖြစ်ရာ ဘာဖြစ်နေမှန်းမသိချေ။ စားပွဲနောက်က ထွက်လာသည့် အရာရှိတင်းနဲ့ တိုက်တိုက်ဆိုင်ဆိုင် ၀င်တိုက်မိသွားလေသည်။ သူက ရှေ့သို့ကုန်းလိုက်ပြီး ကျန်းချီမင်ကိုတွဲထူလိုက်၏။

“ဒီမယ် ဒီမယ် ဒီမယ် မတိုက်ခိုက်ကြနဲ့။ ဒါက ရဲစခန်းလေ”

လျိုဟုန်သည် မရပ်မနား ကန်ကြောက်နေသည့် ရှမြန်ကို ကြည့်လိုက်ပြီးနောက်တွင် တအံ့တဩဖြင့် သူမ၏တွဲဖက်ကို ကြည့်လိုက်ကာ သူမသည် သူ့ကို ပထမဦးဆုံးအကြိမ် တွေ့ဆုံလိုက်ရသည့်နှယ်။

အစ်ကိုကျန်းက သူမကို ဒေါသတကြီးဖြင့် ကြည့်ကာ မျက်တောင်ခတ်ပြလေသည်။

“ရှောင်လျို မင်း ဘာတွေလုပ်နေတာလဲ”

လျိုဟုန်က သတိပြန်ဝင်လာပြီး ရှမြန်ကိုတားမြစ်ဖို့ရန် အလောတကြီးသွားလိုက်သည်။ နောက်မှ အလောတကြီး ပြေးဝင်လာသည့်လူများသည် သူမ၏နောက်တွင် ပိတ်ဆို့ခံထားရပြီး အချိန်တခဏအတွင်း သူမထံသို့နီးကပ်မလာနိုင်ကြပေ။

အစ်ကိုကျန်းက သူ့မကို မော့ကြည့်လိုက်သည်တွင် သူတို့၏မျက်လုံးထဲတွင် လုံးဝမသိသာသည့် အပြုံးတစ်ခုသာ ရှိနေလေသည်။

နောက်ဆုံးတွင် နဥ်ရှောက်ပိုင်က ရှေ့သို့တက်လာပြီး ရှမြန်ကိုဖမ်းဆွဲလိုက်ကာ ပြောလိုက်၏။

“မင်းသူ့ကို ဒီလိုထပ်ပြီးရိုက်နှက်နေမယ်ဆိုရင် ငါတို့တွေ သူ့ကို စုံစမ်းစစ်ဆေးလို့ ရတော့မှာမဟုတ်ဘူး”

ထို့နောက်တွင် ရှမြန်က အမောတကော ကန်ကြောက်နေသည်ကို ရပ်လိုက်ပြီး ကျန်းချီမင်ကို လက်ညှိုးထိုးကာ ပြောလိုက်လေသည်။

“ကျန်းချီမင် တိရစ္ဆာန်ကောင် ငါ နင့်ကိုပြောလိုက်မယ်။ နင် မလွတ်စေရဘူး”

ကျန်းချီမင်က သူ့မျက်လုံးထဲတွင် အင်မတန်မှမုန်းတီးနေသည့်အရိပ်အယောင်တစ်ခုဖြင့် ရှမြန်ကို ကြည့်လိုက်လေသည်။ သူက အံကြိတ်လိုက်ပြီး သရော်လိုက်၏။

“မင်းဟာမင်းများ ဘာတွေထင်နေတာလဲ။ ဘယ်သူ လွတ်မြောက်နိုင်တယ်ဆိုတာတော့ ဒါက နောက်ထပ်ကိစ္စတစ်ခုပဲ။ မင်းက နေ့ခင်းကြောင်တောင်ကြီး ရဲစခန်းထဲမှာရောက်လာတယ်။ ငါက မင်းကို တမင်တကာ ထိခိုက်ဒဏ်ရာရအောင် လုပ်တဲ့အမှုနဲ့ တရားစွဲရလိမ့်မယ်”

ရှမြန်က လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး ”ဒါဆိုရင်တော့ ငါက နင့်ကို အသေရိုက်နှက်ရလိမ့်မယ်”

ကျန်းချီမင်သည် အလိုလိုတုံ့ပြန်ခြင်းဖြင့် သူ့ခေါင်းကို ကိုင်ထားလိုက်လေသည်။

ရဲစခန်း၏ ဝဖိုင့်ဖိုင့်ရဲမှူးချုပ်ကောင်းသည် ကွတကွတဖြင့် ထွက်လာလေသည်။ သူက အခြေအနေကို မြင်လိုက်ရသည်တွင် မျက်မှောင်ကြုတ်ကာ အော်ဟစ်လိုက်လေသည်။

“မင်းတို့တွေ ဘာလုပ်နေကြတာလဲ”

သူက ရှမြန်ကိုကြည့်လိုက်ပြီး ဒေါသတကြီးပြောလိုက်၏။

“မင်းက အတင့်ရဲလို့များ ရဲစခန်းထဲမှာ တိုက်ခိုက်ရဲရသလား။ မင်းက သိပ်ကို သတ္တိရှိနေတယ်ပေါ့။ မင်းက အသက်မပြည့်သေးဘူးဆိုတာနဲ့ပဲ မင်းလုပ်ချင်တိုင်း လုပ်လို့ရမယ်လို့ထင်မနေနဲ့”

သူ့မျက်လုံးများသည် ရှမြန်၏ခေါင်းပေါ်သို့ ကျရောက်သွားပြီး သူက မျက်မှောင်ကြုတ်ထားလိုက်ကာ

”မင်းက အထဲကို ကြိုဝင်ပြီးတော့ အတွေ့အကြုံတွေကို ကြိုပြီးတော့လိုချင်နေတာလား”

နဥ်ရှောက်ပိုင်က ရှမြန်၏ခေါင်းပေါ်သို့ ကပ်ဦးထုပ်ကို ပြန်ဆောင်းပေးထားလိုက်ကာ ရဲမှူးချုပ်ကောင်းကိုကြည့်ပြီး အေးစက်စက် လေသံတစ်ခုဖြင့် ပြောလိုက်သည်။

“သူ့ဆံပင်က မီးလောင်မှုထဲမှာ လောင်ကျွမ်းသွားတာ”

“ဘာတွေဖြစ်နေတာလဲ၊ သူက ရာဇဝတ်မှုသံသယရှိသူ မဟုတ်ဘူးလား။ သူ ဘာဖြစ်လို့ အခုထိ အဖမ်းမခံရသေးတာလဲ”

ရဲမှူးချုပ်သည် သူ ဖြစ်နေသည်ကို မြင်လိုက်သည့်အချိန်တွင် သူသည် ချက်ချင်းပြုံးလိုက်ကာ ပြောလိုက်၏။

“ဒါက မသေချာသေးလို့ပါ။ ကျွန်တော်တို့ သူ့ကိုသွားဖမ်းတုန်းက အကြီးမားဆုံး သံသယရှိသူက ဟွမ်ရှောင်ကျွင်းဖြစ်နေတာကို တွေ့လိုက်ရတယ်လေ”

ဟွမ်ရှောင်ကျွင်းက သူ့နာမည်ကို ကြားလိုက်ချိန်တွင် စိုးရိမ်တကြီးဖြင့် ချက်ချင်းအော်ပြောတော့သည်။

“မတရားဘူး ဒါက ကျုပ်အတွက် လုံးဝမတရားဘူး။ ကျုပ်က အိမ်မှာပဲ အေးအေးချမ်းချမ်း အိပ်နေတာ။ ခင်ဗျားတို့က အတင်းကြီးဝင်လာပြီး ကျုပ်ကို ရုတ်တရက် ဖမ်းခဲ့တာလေ။ ကျုပ်က ဘယ်လိုလုပ်ပြီး လူတစ်ယောက်ကို သ-တ်တာဖြစ်ဖြစ် တစ်စုံတစ်ခုကိုမီးရှို့တာဖြစ်ဖြစ် လုပ်နိုင်မှာလဲ”

ရဲအရာရှိတင်းက အော်ဟစ်လိုက်၏။

“တိတ်စမ်း၊ မင်းက ဘာဖြစ်လို့ ကျန်းအိမ်မှာ ရောက်နေတာလဲ။ မင်းက ညသန်းခေါင်ကြီးမှာ အပြင်ထွက်ခဲ့တာလား”

ဟွမ်ရှောင်ကျွင်းသည် ခဏလောက်တုံ့ဆိုင်းသွားလိုက်ပြီး သူက မှားယွင်းစွပ်စွဲခံရကြောင်း ဆက်တိုက် အော်ဟစ်နေတော့သည်။

နဥ်ရှောက်ပိုင်၏လေသံကလည်း အနည်းငယ်တိုးညှင်းသွားပြီး သူက ရဲမှူးချုပ်ကောင်းကို မေးလိုက်၏။ “ခင်ဗျား ဒါဘာသဘောလဲ”

ရဲမှူးချုပ်ကောင်းက ပြောလိုက်သည်။ “ကျုပ် သိသလောက်ကတော့ ဟွမ်ရှောင်ကျွမ်းက ရှမြန်ကြောင့် ရဲစခန်းကို (၂)ခါပို့ခံရပြီးပြီလေ။ ဟွမ်ရှောင်ရှာရဲ့အလုပ်ကိုလည်း သူကပဲ ဖျက်ဆီးပစ်ခဲ့တာ”

“ဟွမ်ရှောင်ကျွမ်းက အမှန်တရားကို သိရှိခံလိုက်ရလို့ ထိန်းသိမ်းထားတာကနေ ပြန်လွတ်လာပြီးတဲ့နောက်ပိုင်း တကယ့်ကို ဆိုးရွားတဲ့စိတ်အခြေအနေ ရှိနေတာဆိုပေမဲ့လည်း ဟွမ်ရှောင်ကျွင်းက သူ့ညီမအတွက် စိတ်မကောင်းဖြစ်သွားတယ်လေ။ ရှမြန်ကို အငြိုးအတေး ထားတာက သဘာဝပဲပေါ့” ဟွမ်ရှောင်ကျွင်းသည် သူတို့က သူ့ကိုလူသ-တ်သမားကဲ့သို့ပင် အမှန်တကယ် သဘောထားနေသည်ကို မြင်လိုက်ရသည့်အချိန်တွင် သူက စိုးရိမ်တကြီး ပြောလိုက်၏။

“ကျုပ် မလုပ်ခဲ့ဘူး၊ ကျုပ်ကို ဒီနေ့ အရက်သောက်ဖို့ ဖိတ်ခေါ်ခဲ့တာလည်း ကျန်းချီမင်ပဲ။ ပြီးတော့ သူက အမူးလွန်သွားတယ်လေ။ သူ့နာရီက ယွမ်၃၀၀၊ ၄၀၀ လောက်တန်တယ်လို့ ပြောတယ်။ ဒီလိုနဲ့ ကျုပ်ကလည်း နာရီကိုယူလာတာပေါ့။ သူသိသွားမှာ ကြောက်လို့ ညပိုင်း ကျုပ်က ထွက်ပြေးပြီး အပြင်ဘက်မှာ သွားပုန်းနေခဲ့တာ”

“ကျုပ် ပြန်လာတဲ့အချိန်ကျတော့ သူက ဧည့်ခန်းထဲမှာ မရှိတော့ဘူးလေ။ သူက ပြန်ပြီး အနားယူနေတယ်လို့ ကျုပ်က ထင်လိုက်တာ။ ဒါပေမဲ့ ခင်ဗျားတို့တွေက သိပ်မကြာခင်မှာပဲ ဝင်လာပြီး သူ့ကိုဖမ်းသွားခဲ့တာလို့ ကျုပ်က မထင်ထားမိခဲ့ဘူးလေ”

ဒီလိုအရေးကြီးသည့် အခိုက်အတန့်တွင် ဟွမ်ရှောင်ကျွင်းသည် သူ့ခေါင်းထဲတွင် ရုတ်တရက် အတွေးတစ်ခု ပေါ်လာလေသည်။

“အဲ့ဒါသူပဲ၊ ကျန်းချီမင်က မီးရှို့ပြီးလူသ-တ်ဖို့ စဉ်းစားထားခဲ့တာ။ သူက အစောကြီးကတည်းက ထောင်ချောက်တစ်ခုကိုဆင်ထားပြီး ကျုပ်ကို ချောက်ချခဲ့တာ”

“တိတ်စမ်း”

ရဲမှူးချုပ်ကောင်းက အော်ငေါက်လိုက်၏။ သူသည် နဥ်ရှောက်ပိုင်ဘက်သို့ လှည့်လိုက်ချိန်တွင်တော့ သူ့လေသံက အများကြီး ပိုသာယာနေပြန်သည်။

“မင်းက ရဲကို ဖုန်းဆက်ခဲ့ပြီး ပြောတယ်၊ ကျန်းချီမင်က မီးရှို့ခဲ့တဲ့သူတဲ့။ သူက ဒီလိုလုပ်စရာအကြောင်း လုံးဝမရှိခဲ့ဘူးလေ။ ဒီကလေးက သူ့သားပဲ”

ရှမြန်က မျက်နှာကို မဲ့ထားလိုက်ပြီး ”ရှင်က စုံစမ်းတာတောင်မှ မလုပ်ရသေးဘဲနဲ့ အကြောင်းအရင်း လုံးဝ မရှိဘူးလို့ ပြောနေတာလား။ ကြည့်ရတာ အခုခေတ်မှာ အမှုကိုကိုင်တွယ်တဲ့အချိန်မှာ သက်သေ မလိုတော့ဘဲနဲ့ ကျိုးကြောင်းဆင်ခြင်ဉာဏ်ကပဲ အသုံးဝင်တော့တာလား”

ရဲမှူးချုပ်က မျက်မှောင်ကြုတ်လိုက်၏။ “ကျားတစ်ကောင်တောင်မှ သူ့ရဲ့သားကို မစားပါဘူး။ ကျန်းချီမင်က ဘယ်လိုလုပ်ပြီး သူ့ရဲ့သားအရင်းကို သ-တ်ချင်ပါ့မလဲ”

“ကျန်းမိသားစုကို အကြိမ်ကြိမ်ချောက်ချခဲ့တာက နင်ပဲလေ ကောင်မလေး။ ဒါက အမှုကြီးတစ်ခုပဲ။ နင်က နင်လုပ်ချင်တိုင်း လုပ်လို့ရမယ်မထင်နဲ့”

ကျန်းချီမင်ကလည်း ဒီအချိန်တွင် ပြန်လည်သက်သာလာပြီး ပြန်ဖြေလိုက်လေသည်။

“ဟုတ်တယ် ရှောင်ဖုန်းက ကျုပ်ရဲ့ သားအရင်းပဲ။ ကျုပ်က ဘယ်လိုလုပ်ပြီး သူ့ကို သ-တ်ရက်မှာလဲ”

“ဘာဖြစ်လို့ မသ-တ်ရက်ရမှာလဲ”

ကျယ်လောင်ပြီး ဖြောင့်မတ်သည့်အသံတစ်ခုက တံခါးနားတွင်ပေါ်လာသည်။

အားလုံးက လှည့်ကြည့်လိုက်ချိန်တွင် ထသွားထလာ အဝတ်အစားကို ဝတ်ဆင်ထားသည့် လေးထောင့်မျက်နှာနှင့် ယောက်ျားတစ်ယာက်က ဝင်လာသည်ကို တွေ့လိုက်ရ၏။ သူသည် အရပ်မြင့်မြင့် သန်မာလှပြီး လမ်းလျှောက်လာနေရင်းကပင် အတိုင်းအဆ မရှိသည့် ဖြောင့်မတ်မှန်ကန်မှုကို သယ်ဆောင်ထားဟန်တူသည်။

သူက သူ့အိတ်ကပ်ထဲက သက်သေခံကတ်ပြားကို ဆွဲထုတ်လိုက်ပြီး ရဲမှူးချုပ်ကို ပြလိုက်၏။

“ဟောက်ချမ်းစုန့် ရန်ပြည်နယ်ရဲ့ မှုခင်းစုံစမ်းရေးတပ်ဖွဲ့ခေါင်းဆောင်ပါ”

ရဲမှူးချုပ်၏ မျက်နှာသည် ပြောင်းလဲသွားတော့သည်။

“ခေါင်းဆောင်ဟောက် ကျွန်တော် ခင်ဗျားအကြောင်း အများကြီး ကြားဖူးပါတယ်။ ဒီလိုကိစ္စ သေးသေးလေးက ဘယ်လိုလုပ်ပြီး ခင်ဗျားကို အထိတ်တလန့် ဖြစ်သွားစေတာလဲ”

ဟောက်ချမ်းစုန့်သည် တည်ကြည်သည့်လူတစ်ယောက်ဖြစ်မှန်း ထင်ရှားလေသည်။ သူက တိုက်ရိုက်ပြောလိုက်၏။

“ကျန်းချီမင်နဲ့ ကောင်းရုံဖန်းတို့က လူသ-တ်မှုနဲ့အာမခံလိမ်လည်မှု သံသယရှိတဲ့သူတွေပဲ။ ပမာဏကလည်း ကြီးမားပြီး အခြေအနေတွေကလည်း အရမ်းပြင်းထန်တယ်။ အခုအချိန်ကစပြီး သူ့အမှုကို ပြည်နယ်မှုခင်း စုံစမ်းရေးအဖွဲ့က တာဝန်ယူရမယ်”

ရှမြန်၏ မျက်လုံးများမှာ ဝိုင်းစက်သွားတော့သည်။ “ဒါက ကျွန်မအစ်မရဲ့ အမှု မဟုတ်လား။ သူက ကျွန်မအစ်မကို သ-တ်ခဲ့တာ ဟုတ်တယ်မလား”

ဟောက်ချမ်းစုန့်က ပြောလိုက်၏။ “သူ ကျန်းယွီဖုန်းအတွက် ပေးထားခဲ့တဲ့ မတော်တဆ အာမခံပေါ်လစီကိုလည်း ကျွန်တော်တို့ ရှာတွေ့ထားတယ်”

နဥ်ရှောက်ပိုင်သည် ရှောင်ဖုန်း၏နားကို မြန်မြန်အုပ်ထားပေးလိုက်ပြီး ကလေးကို သူ့လက်မောင်းပေါ်တွင် ချီထားလိုက်သည်။

“ကျန်းယွီဖုန်း...“

ရှမြန်သည် အခိုက်အတန့် ကြောင်အမ်းအမ်းဖြစ်သွားပြီးမှ သတိပြန်ဝင်လာတော့သည်။ သူမ၏အသံက ရုတ်တရက် မြင့်တက်သွား၏။ “ရှောင်ဖုန်းလား”

ရှမြန်သည် သူမ၏ခြေဖဝါးမှ တိုးထွက်လာသည့် အေးစိမ့်သည့် ခံစားမှုတစ်ခုကိုသာ ခံစားလိုက်ရပြီး သူမသည် နွေနေပူထဲတွင် တုန်ရင်သွားတော့သည်။

ဒီတော့ ကျန်းချီမင် နောက်ပစ်မှတ်က ဟွမ်ရှောင်ကျွမ်းမဟုတ်ဘဲ ရှောင်ဖုန်း ဖြစ်နေတာတဲ့လား။

ရုတ်ခြည်းဆိုသလို အရာအားလုံးက ရှင်းလင်းသွားတော့သည်။

ရှောင်ဖုန်းအပေါ်ထားတဲ့ ကျန်းချီမင်ရဲ့သဘောထားက ဘာဖြစ်လို့ အဲဒီလောက်တောင် ထူးဆန်းနေတာလဲ။ သူက ရှောင်ဖုန်းကို ရန်သူတစ်ယောက်လို သ-တ်မှတ်ခဲ့တာမဟုတ်ဘဲ ငွေနဲ့ အလဲအလှယ်လုပ်လို့ရတဲ့ လက်နက်တစ်ခု၊ ပစ္စည်းတစ်ခုလို့ သဘောထားခဲ့တာပဲ။

ရှောင်ဖုန်းက ဟွမ်ရှောင်ကျွမ်း နှိပ်စက်တာကြောင့် သေသွားတာဖြစ်ဖြစ် ဒဏ်ရာရသွားတာပဲဖြစ်ဖြစ် သူက ကြီးမားတဲ့ လျော်ကြေးငွေ ပမာဏအများကြီးကို ရနိုင်တယ်လေ။

ရှမြန်သည် စာအုပ်ထဲက ရှောင်ဖုန်း၏ အတွေ့အကြုံကို ပြန်စဉ်းစားမိလိုက်သည်။ သူသည် ကလေးဘဝက အမှန်ပင် မီးလောင်ခံခဲ့ရပြီး ရုပ်ရည် ပျက်စီးသွားခဲ့သည်။ ဒါသည် ကျန်းချီမင်က လျော်ကြေးငွေအဖြစ် အလဲအလှယ်လုပ်ဖို့ရန် အသုံးချခံရခြင်း ဖြစ်ပေလိမ့်မည်။

ဒီတစ်ကြိမ်တွင် သူက ရှောင်ဖုန်းကို သ-တ်ချင်နေသည်မှာသိသာနေသည်။ အကယ်၍ သူမက မနိုးလာဘဲ သူ့ရည်ရွယ်ချက်ကို အချိန်မီ မသိရှိခဲ့လျှင်...

ရှမြန်သည် ရဲအရာရှိတင်း တွဲထူပေးထားသည့် ကျန်းချီမင်ဆီသို့ အရှိန်ဖြင့်ပြေးသွားလိုက်ပြီး သွေးများနီရဲနေသည့်မျက်လုံးများဖြင့်

“တိရစ္ဆာန်ကောင် ငါ နင့်ကို သေအောင်ရိုက်မယ်”

ရဲအရာရှိတင်းသည် အမှတ်တမဲ့ သူ့ကို ကာကွယ်ဖို့ ကြိုးစားပေးလိုက်၏။ သို့သော်ငြားလည်း လျိုဟုန်က သူ့လက်မောင်းကို ဖမ်းဆွဲကာ ပြောလိုက်၏။

“သူက မှုခင်းစုံစမ်းရေးတပ်ဖွဲ့ရဲ့ စီရင်ပိုင်ခွင့်အောက်ရောက်သွားပြီလို့ ပြောလိုက်တာ ရှင် မကြားလိုက်ဘူးလား”

သူမက သူ့ကို တားဖို့ကြိုးစားနေရင်း ရှမြန်က ကျန်းချီမင်ကို ဖမ်းဆွဲပြီးသားဖြစ်နေကာ သူ့မျက်နှာနှင့် ခန္ဓာကိုယ်ပေါ်က အနာကျင်ဆုံးနေရာများကို လက်သီးဖြင့် ထိုးချလိုက်တော့သည်။

ကျန်းချီမင်၏ အမူအရာသည် ဟောက်ချမ်းစုန့်က သူသည် မတော်တဆ အာမခံများကို ဝယ်ယူထားခဲ့သည်ဟု ပြောလိုက်သည်နှင့် ချက်ချင်း ပြောင်းလဲသွားတော့သည်။

ဒီအခိုက်အတန့်တွင် သူ့မျက်နှာပေါ်၌ ဘဝင်မြင့်နေသည့်ရုပ် လုံးဝ မရှိတော့ချေ။ သူသည် ကြောက်လန့်တကြားဖြင့် ဆက်တိုက်ရှောင်တိမ်းနေလေသည်။

“ငါ့ကို မရိုက်ပါနဲ့တော့၊ ငါ့ကိုမရိုက်ပါနဲ့တော့။ ငါ မလုပ်ခဲ့ပါဘူး။ ငါ ဘယ်သူ့ကိုမှ မသ-တ်ခဲ့ပါဘူး။ ငါက ဘယ်လိုလုပ်ပြီး လူသ-တ်ရမှာလဲ”

“ဟုတ်တယ်”

နဥ်ရှောက်ပိုင်က ရှေ့သို့ တစ်လှမ်းလှမ်းလာပြီး ရှမြန်ကို လှမ်းဆွဲလိုက်လေသည်။ “မှုခင်းရဲအရာရှိ စုံစမ်းနေတာကို ဝင်မနှောင့်ယှက်ပါနဲ့”

ရှမြန်၏ မျက်လုံးများက နီရဲနေ၏။ သူမက မျက်နှာပေါ်တွင် သွေးများပေကျံနေသည့် ကျန်းချီမင်ကို ကြည့်လိုက်ပြီး သူမ၏ကိုယ်ပိုင်လက်ဖြင့် သူ့ကို အသေသ-တ်ချင်စိတ်သာ ဖြစ်နေတော့သည်။

နဥ်ရှောက်ပိုင်က ရှမြန်၏ပခုံးကို တင်းကြပ်နေအောင် ဖမ်းဆုပ်ထားလိုက်ပြီး

”ရှမြန် စိတ်လျှော့”

“သူ့အတွက် အကြီးမားဆုံးပြစ်ဒဏ်က သူ့အမှုကို တစ်လောကလုံး သိသွားအောင်လုပ်ပြီး သူ့ရဲ့အောက်တန်းကျတဲ့ အကျဥ်းတန်တဲ့ပုံတွေကို အားလုံးကို အသိပေးဖို့ပဲ။ သူ့ကို အားလုံးရဲ့ တံတွေးခွက်ထဲမှာ သေသွားအောင်လုပ်ဖို့ပဲ”

“မဟုတ်ဘူး၊ ငါ မလုပ်ဘူး”

ကျန်းချီမင်သည် လုံးဝကို ခြောက်ခြားသွားတော့သည်။ သူက ပါးစပ်ကိုဖွင့်လိုက်ပြီး နင်သွားကာ သွား(၂)ချောင်းကို ထွေးထုတ်လိုက်လေသည်။ သူသည် အရင်တုန်းကလို တည်ငြိမ်ပြီးတော့ ဣန္ဒြေမရနိုင်တော့ချေ။ သူက ပါးစပ်ထဲကလေများကို မှုတ်ထုတ်ရင်း သွေးရူးသွေးတန်း အော်ဟစ်တော့သည်။

“မင်းတို့တွေ ဘာပြောနေကြတာလဲ။ အာမခံကြေးရဖို့ လူသ-တ်တယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ။ ငါ ဘယ်သူ့ကိုမှ မသ-တ်ခဲ့ဘူး။ ငါက ဘာဖြစ်လို့ လူ သ-တ်ရမှာလဲ”

သူက ရဲမှူးချုပ်ကို မော့ကြည့်လိုက်ပြီး ”ရဲမှူးချုပ်ကောင်း သူတို့ကျွန်တော့်ကိုခေါ်သွားတာကို ခင်ဗျားဒီအတိုင်း ခွင့်ပြုလိုက်လို့မရဘူးလေ။ ရဲမှူးချုပ်ကောင်း ခင်ဗျား...“

“တိတ်စမ်း”

ရဲမှူးချုပ် ၏မျက်နှာသည် ဖြူဆုပ်သွားပြီး သူ့က ဟောက်ချမ်းစုန့်၏ အမူအရာကို ဂရုတစိုက် ကြည့်ရှုလိုက်သည်။

သို့သော်ငြားလည်း တစ်ဖက်လူက ဘာအမူအရာမှ မပြချေ။ သူက ကျန်းချီမင်ရှိရာဘက်သို့ ဒီအတိုင်း မေးငေါ့ပြလိုက်ရာ လူ(၂)ယောက်က သူ့နောက်မှ ချက်ချင်းထွက်လာပြီး ကျန်းချီမင်ကို လက်ထိပ်ခတ်လိုက်တော့သည်။

ကျန်းချီမင်က ရှက်ရှက်ရွံ့ရွံ့ဖြင့် စားပွဲကို ဖမ်းဆုပ်ထားပြီး စကားကို အစီအစဥ်မကျ ပြောတော့သည်။

“ငါ ဘယ်သူ့ကိုမှ မသ-တ်ခဲ့ဘူး။ မင်းတို့တွေ လူကို ကိုယ့်စိတ်တိုင်းကျ ဖမ်းဆီးလို့မရဘူး။ မင်းတို့တွေက ဥပဒေကို ချိုးဖောက်နေတာပဲ။ ငါ မင်းတို့ကို တရားစွဲရမယ်။ ရဲမှူးချုပ်ကောင်း ခင်ဗျား ကျုပ်ကို ကယ်ပေးမှရမယ်။ ကျုပ်ကို ကယ်ပေးပါ။ ရှမြန်က ကျုပ်ကို ချောက်ချခဲ့တာ”

ရဲမှူးချုပ်ကောင်းသည် သူ့ရဲ့အော်သံများကို ကြားလိုက်ပြီးနောက်တွင် ချွေးအေးများ ထွက်လာတော့သည်။

ရှမြန်က သူ့ကို အေးတိအေးစက် ကြည့်လိုက်ကာ သူ့ကို စကားတစ်ခွန်း ပြောလိုက်သည့်ဟန် ပါးစပ်လှုပ်ပြလိုက်၏။

ဒါကိုမြင်လိုက်သည်တွင် ကျန်းချီမင်သည် အခိုက်အတန့် ကြောင်အမ်းအမ်းဖြစ်သွားပြီးနောက် ရုတ်တရက် အရူးတစ်ယောက်လို ရုန်းကန်တော့သည်။

“မင်းပဲ၊ မင်းပဲ၊ ရှမြန်၊ မင်း... ငါ နင့်ကို သ-တ်မယ်”

“အား...“

ကျန်းချီမင်သည် ဒေါသခြောင်းခြောင်း ထွက်နေလေသည်။ သူ့မျက်နှာက အပြာရောင်သွေးကြောများ အပြည့်ဖြစ်နေပြီး သူ့မျက်လုံးအိမ်ကလည်း သွေးများဖြင့် ရဲရဲတောက်နေသည်။ သူသည် နောင်တရရမည်လား ကြောက်ရွံ့ရမည်လား မသိတော့ချေ။

မည်သို့ဆိုစေ သူသည် ဘာတတ်နိုင်ပါတော့မည်နည်း။ တံဆိပ်ခေါင်းက သူမ၏ လက်ထဲတွင် ရှိနေသည်ကို သိနေသည့်တိုင် သူသည် ထိုကိစ္စကို ထုတ်ပြောရဲပါမည်လား။

တံဆိပ်ခေါင်းသည် နဂိုကတည်းက သူမ ပိုင်ဆိုင်မှု ဖြစ်နေသည်ကို ထည့်မပြောသေးနှင့် သူက ထိုအကြောင်းကို ထုတ်ပြောခဲ့လျှင်ပင် ဒါသည် ငွေအတွက် လူသ-တ်မှု၏ နောက်ထပ်လုပ်ကြံမှုတစ်ခုဖြစ်လာလိမ့်မည်။ သူ၏အမှုက ပိုလို့ပင် ပြင်းထန်သွားပြီး သူသည် ပိုပြီး မြန်မြန်သေဆုံးသွားရန်သာ ရှိတော့သည်။

သူမသေမချင်း အေးအေးချမ်းချမ်း လုံးဝ အနားမယူရအောင် လုပ်ပေးရလိမ့်မည်။ အမှန်ပင် ဒေါသထွက်ပေတော့မည်။ သူမက တစ်ခုခုကို ရုတ်တရက် သတိရသွားပြီး မော့ကြည့်လိုက်ကာ နဥ်ရှောက်ပိုင်ကို မေးလိုက်လေသည်။

...

All Chapters