← Chapters

အပိုင်း(၄၄)

Vol. 3 Ch. 44

အပိုင်း(၄၄)

Vol. 3 Ch. 44

ရှမြန်နှင့် ရှောင်ဖုန်းတို့သည် ဟိုတယ်တွင် တစ်ညသာတည်းခိုလိုက်ပြီး နောက်တစ်နေ့ မနက်စောစောတွင် မင်ရှီစီရင်စုသို့ပြန်ရန် ဘတ်စ်ကားစီးလာလိုက်သည်။

သူတို့သည် ကားပေါ်က ဆင်းလာသည်နှင့်ချက်ချင်း ဦးကြီးရှနှင့် သူ့မိသားစုကို တွေ့လိုက်ရ၏။ ဦးကြီးရှက ကလေး(၂)ယောက်ကို မြင်လိုက်သည်တွင် ဝမ်းသာသွားတော့သည်။

“နင်တို့တွေ ပြန်လာကြပြီပဲ၊ နင်တို့တွေ ပြန်လာကြပြီ”

သူသည် သူတို့ဆီသို့ လမ်းလျှောက်လာချိန်တွင် သူ့ခြေထောက်များက အားနည်းချည့်နဲ့သွားပြီး သူ့ကို ဘယ်တစ်ဖက်ညာတစ်ဖက် ရှဟယ်နှင့် ရှချွမ်းတို့က တွဲထားပေးရလေသည်။

ရှမြန်က ရှေ့သို့အလောတကြီးတိုးလာပြီး သူမ၏နှာခေါင်းများမှာ မွှန်ထူသွားတော့သည်။

“ဦးကြီး”

ရှဦးကြီးက ရှမြန်၏ပခုံးကို ကိုင်ထားလိုက်ပြီး သူမဆောင်းထားသည့် ဦးထုပ်ကိုမြင်လိုက်ချိန်တွင် စိုးရိမ်တကြီးနှင့် မေးလိုက်လေသည်။

“နင့်ဆံပင်တွေ ဘာဖြစ်သွားတာလဲ၊ နင့်ဦးရေပြားရော လောင်သွားသေးလား”

ရှမြန် ...

သူသည် အစကတည်းက သူမ၏ဝမ်းနည်းရသည့်အားနည်းချက်ကို လာရောက်တိုက်ခိုက်နေလသည်။

ရှောင်ဖုန်းကလည်း သူ၏အန်တီလေးက သူမ၏ဆံပင်ပြဿနာကို စိုးရိမ်နေမှန်း ပြီးခဲ့သည့် (၂)ရက်ကတည်းက သိထားလေသည်။ သူသည် ဦးကြီးရှက ဒီအကြောင်း မေးလိုက်သည်ကို ကြားလိုက်ချိန်တွင် သူသည် လက်သေးသေးလေးဖြင့် ရှမြန်ကိုနှစ်သိမ့်ပေးဖို့ရန် ရှမြန်၏လည်ပင်းကို ထိကိုင်လိုက်လေသည်။

ဦးကြီးရှက အမှန်ပင်စိုးရိမ်နေသည်ကို ရှမြန်က သိသည်။ ထို့ကြောင့် သူမက ပြန်ဖြေလိုက်၏။

“ရပါတယ်။ ကျွန်မဆံပင် လောင်သွားရုံပါပဲ”

“တော်ပါသေးတယ်၊ တော်ပါသေးတယ်”

ဦးကြီးရှက စိတ်အေးသွားကာ သက်ပြင်းချလိုက်၏။

“ဆံပင်ပဲ လောင်သွားပေလို့ပေါ့။ ဒါဆိုရင်တော့ ပြန်ပေါက်လာမှာပါ။ ဦးရေပြားသာ လောင်သွားရင်တော့ ဒုက္ခရောက်ပါပြီ”

ထို့နောက်တွင် သူသည် ရှောင်ဖုန်းကို ခေါင်းအစခြေအဆုံး စစ်ဆေးကြည့်လိုက်လေသည်။

“ရှောင်ဖုန်းကတော့ အရမ်းကြောက်သွားတော့မှာပဲ”

ကလေးက အဆင်ပြေသည်ကို သေချာအောင် စစ်ဆေးပြီးသွားသည့်နောက်တွင် သူက သက်ပြင်းချလိုက်လေသည်။

“တော်ပါသေးတယ်၊ တော်ပါသေးရဲ့ ဘုရားရှင်က စောင့်မကြည့်ရှုပေလို့ပဲ”

သူ့လေသံထဲတွင် ကြောက်ရွံ့မှုများအပြည့် ဖြစ်နေလေသည်။

ရှဦးလေး၂ကလည်း နောက်မှရောက်လာသည်။

“ဘာဖြစ်သွားတာလဲ။ ရှချွန်းကို ကျန်းချီမင်က သတ်လိုက်တယ်ဆိုတာ အမှန်ပဲလား။ သူက နင့်ကိုရော သတ်ချင်နေတာတဲ့လား”

ရှမြန်သည် ကျန်းချီမင်၏ ရှချွန်းကို လူသတ်မှုအကြောင်းနှင့် ရှမြန်နှင့်ရှောင်ဖုန်းတို့ကို သတ်ရန်ကြိုးပမ်းမှုအကြောင်းတို့ကို ရှဦးလေား(၂)အား အသိပေးဖို့ရန် လိုအပ်လေသည်။ ရှမြန်က အသက်မပြည့်သေးသူ ဖြစ်နေပြီး သူတို့၏ အရင်းနှီးဆုံးဆွေမျိုးများမှာ အဘွားရှနှင့် ရှဦးလေး၂သာရှိသည်။

အဘွားရှက အသက်ကြီးနေပြီဖြစ်ကာ ကိစ္စများကို မဖြေရှင်းနိုင်တော့ချေ။ ထို့ကြောင့် ဖြစ်သွားသည့်ကိစ္စကို အရင်ဆုံး အသိပေးရသည်မှာ ရှဦးလေး၂သာဖြစ်တော့သည်။

ရှမြန်က ရှောင်ဖုန်း၏ နားကို မြန်မြန်အုပ်ထားပေးလိုက်ပြီး ပြောလိုက်တော့သည်။

“ဦးလေး၂ ပြန်ရောက်မှပဲ ဒီအကြောင်းကိုပြောရအောင်”

ရှဦးလေး၂က လေးပင်စွာ သက်ပြင်းချလိုက်ပြီး ရှောင်ဖုန်းကို သနားစဖွယ် ကြည့်လိုက်လေသည်။

“သနားစရာကလေးပဲ”

နောက်ဆုံးတော့ အသိတရားရှိတဲ့စကားကို ပြောလာပြီပဲ။

သို့သော်ငြားလည်း ရှမြန်က ရှောင်ဖုန်းကို ချီထားပြီး ရှချွမ်း စီးလာသည့် သုံးဘီးပေါ်သို့ တက်ထိုင်လိုက်သည့်အချိန်တွင် ရှဦးလေး၂သည် မနေနိုင်တော့ဘဲ မေးလေတော့သည်။

“ကျန်းချီမင်က ဒီလိုလုပ်ရပ်တွေ လုပ်ထားပြီးတော့ လျော်ကြေးငွေ ယွမ် ၄သောင်းကိုလည်း ရထားသေးတယ်။ သူက ငါတို့ကို ဒီငွေတွေ ပြန်ပေးမှာလား”

“နောက်ပြီးတော့ မြို့က အဲ့ဒီအိမ်ကိုရော ဘယ်လိုလုပ်မှာလဲ။ အဲဒီအိမ်ကို ရှောင်ဖုန်းက ပိုင်ရမှာ မဟုတ်လား။ ကျန်းမိသားစုက အဲဒီအိမ်ကိုရယူဖို့ နည်းလမ်းရှာလိမ့်မယ်။ အဲဒီအိမ်ကို ဘယ်လိုစီမံရမယ်ဆိုတာ စက်ရုံကိုရော မေးထားပြီးပြီလား”

“ချန်းယောက်”

ဦးကြီးရှက ဒေါသတကြီး ပြောလိုက်လေသည်။

“ကလေးတွေက အခုမှပြန်လာတာ။ မင်း သူတို့ကို အရင်ဆုံး ပေးနားလိုက်လို့ မရဘူးလား”

ရှချွမ်းကလည်း သူ့ကို လုံးဝစိတ်ပျက်သွားသည်။ ထို့ကြောင့် သူက ရှမြန်နှင့် ရှောင်ဖုန်းတို့နှင့်အတူ သုံးဘီးကို မောင်းထွက်သွားတော့သည်။

ရှဦးလေး၂က ပါးစပ်ပိတ်ဖို့ရန် အင်တင်တင် ဖြစ်နေလေသည်။ ငွေနှင့်ပတ်သက်လာလျှင် သူသည် ဘယ်တော့မှ ဣန္ဒြေမရနိုင်ချေ။ မနေနိုင်ဘဲ ရှဦးကြီးကို ထပ်မေးပြန်သည်။

“ရှောင်ဖုန်းကရော ဘယ်လိုလုပ်မှာလဲ။ ကလေးက အရမ်းငယ်သေးတယ်နော်။ ဘယ်သူက သူ့ကိုမွေးမှာလဲ။ တကယ်လို့ ကျွန်တော်တို့ သူ့ကို မွေးရမယ်ဆိုရင်တော့ ကျွန်တော်တို့တွေကို ကလေးထောက်ပံ့ကြေး ပေးမှ ဖြစ်မယ်။ ဟုတ်တယ်မလား”

ရှဟယ်က စိတ်မရှည်လက်မရှည်ဖြင့် ပြောလိုက်တော့သည်။

“ကျန်းချီမင်က သေဒဏ်ပေးခံရတော့မယ်။ ခင်ဗျားက ကလေးထောက်ပံ့ကြေးကို ဘယ်ကနေ သွားတောင်းမလို့လဲ”

ရှဦးလေး၂က ပြောလိုက်၏။

“ကျန်းချီမင်ကတော့ သေသွားတာ ဟုတ်တယ်လေ။ ဒါပေမဲ့လည်း သူ့မှာ သူ့အဘွား ရှိသေးတယ် မဟုတ်လား။ ရှောင်ဖုန်းကလည်း သူ့မြေးပဲ မဟုတ်လား”

တစ်ခုခုကို စဉ်းစားမိလိုက်ပြီး ဦးလေး၂က စိုးရိမ်တကြီး လက်ဖျောက်တီးလိုက်လေသည်။

“ဟာ ဒီကိစ္စကို အေးအေးဆေးဆေး လုပ်လို့မဖြစ်ဘူး။ သူတို့ဘက်က နောက်ချွေးမဆီမှာ သားတစ်ယောက် ကျန်သေးတယ်မဟုတ်လား။ ဟွမ်မိသားစုက ငွေနဲ့ပတ်သက်ပြီး လောဘကြီးတယ်နော်။ သူတို့တွေက အိမ်ကို လုပြေးသွားမှာကိုလည်း သတိထားဦး”

ရှဟယ်သည် ဒီစကားကို ကြားလိုက်မိသည့်အချိန်တွင် မျက်နှာကို မဲ့ထားမိလိုက်တော့သည်။ တခြားလူက ငွေကြောင့် မျက်ကန်းဖြစ်နေတယ်လို့များ သူက ဘယ်လိုလုပ်ပြီး ပြောရဲပါလိမ့်။

ရှမြန်သည် ရှဦးလေး၂ ထပ်ပြောမည့်စကားကို ခန့်မှန်းနိုင်လေသည်။ သို့သော် သူမတွင် လုပ်စရာကိစ္စများ အများကြီးရှိနေသဖြင့် သူ့ကို အာရုံစိုက်ဖို့ အင်အားမရှိတော့ချေ။

ရှဦးလေး၂လိုလူမျိုးက အရိုက်ခံရမှသာ အဆင်ပြေလိမ့်မည်။

သို့သော်ငြားလည်း ရှဦးလေး၂၏ ပြေးမလွတ်သည့်အကုသိုလ်က သူမပင် ဘာမှမလုပ်လိုက်ရချေ။ ရောက်လာတော့သည်။

ရှချွမ်းက သူမ၏ဒေါ်ကြီး စောင့်ဆိုင်းနေသည့် ရှဦးကြီး၏အိမ်သို့ သူတို့ကို တိုက်ရိုက် ခေါ်သွားလိုက်တော့သည်။

သူမသည် ရှမြန်နှင့် ရှောင်ဖုန်းတို့ကို မြင်လိုက်ချိန်တွင် သူမ၏မျက်လုံးများက ချက်ချင်း နီရဲသွားတော့သည်။ သူမက သူမ၏မျက်ရည်များကို သုတ်လိုက်ကာပြောလိုက်၏။

“နင်တို့တွေ ပြန်ရောက်ကြပြီလား။ သေချာပေါက် ပင်ပန်းနေတော့မှာပဲ။ စားစရာတွေက အသင့်ဖြစ်နေပြီ။ ငါ နင်တို့အတွက် အခုချက်ချင်းပဲ သွားပြင်ပေးလိုက်တော့မယ်။ အထဲဝင်ပြီးစောင့်နေလိုက်ကြ”

ပင်မဆောင်၏ တံခါးလိုက်ကာက ဖွင့်ထားလေသည်။ အရပ်မြင့်မြင့်၊ အသားဖြူဖြူ အဘွားကြီးတစ်ယောက်က လမ်းလျှောက်ထွက်လာ၏။ မျက်နှာပေါ်တွင် အရေးအကြောင်းများ ရှိနေသော်ငြားလည်း သူမ ငယ်ရွယ်စဉ်က မင်ရှီစီရင်စု၏ ကျက်သရေရှိသည့် အလှလေးတစ်ယောက်ဟု တစ်ချက်ကြည့်ရုံနှင့် သိနိုင်ပေသည်။

ဒါသည် ရှအဘွားဖြစ်လေသည်။

သူမသည် အသက်(၇၀)ကျော် ရှိပြီဖြစ်သည်။ သို့သော်ငြားလည်း အဒေါ်ကြီး၏ ဘေးတွင် ရပ်နေချိန်မှာပင် သူမသည် သက်တူရွယ်တူဟု ထင်ရလေသည်။

သူမ၏မျက်လုံးများကလည်း နီရဲနေပြီး သူမက ငိုယိုထားသည်မှာ သိသာလေသည်။ သူမသည် ရှမြန်နှင့် ရှောင်ဖုန်းကို တွေ့လိုက်ချိန်တွင် လက်ကိုင်ပဝါတစ်ထည်ဖြင့် သူမ၏မျက်လုံးများကို သုတ်လိုက်ပြီး ပြောလိုက်သည်။

“လိမ္မာတဲ့ကလေးလေးတွေ အရင်ဆုံး ဝင်လာခဲ့ကြ”

ရှမြန်သည် ရှောင်ဖုန်းကိုချီထားရင်းက သူမကို ဖြတ်လျှောက်လာချိန်တွင် သူမက ကလေးကို လှမ်းပြီးထိကိုင်လိုက်လေသည်။

“ရှောင်ဖုန်းက အရမ်းကိုထွားလာတာပဲ”

...

All Chapters