အပိုင်း(၄၇)
Vol. 4 Ch. 47
ရှမြန်၏ဆူဆဲသံက အင်မတန်မှ ရိုင်းစိုင်းလှပေသည်။
လူတော်တော်များများ၏ မျက်နှာက ပြောင်းလဲသွား၏။ ရှလိက ဒေါသတကြီး အော်ဟစ်လေသည်။
“ရှမြန် နင် ဘာသဘောလဲ။ ငါက နင့်ကို စေတနာနဲ့ ကူညီပေးတာလေ။ နင်က ငါ့ကို ဆဲဆိုနေတာ ဟုတ်လား”
“နင့်စေတနာတွေ ထားလိုက်စမ်းပါ”
ရှမြန်က ဒေါသခြောင်းခြောင်း ထွက်သွားသည်။ “နင်က တခြားသူတွေကို အရူးလို့မြင်နေတာပဲ။ နင့်မိသားစုရဲ့ မကောင်းတဲ့အတွေးတွေကို နင်က မသိတာလား”
ရှမြန်က သူမ၏ခြေထောက်ကို မြှောက်လိုက်ပြီး ပြတင်းပေါက်ဘောင်ဘက်သို့ လျှောက်သွားလိုက်လေသည်။ သူမ နောက်ကလိုက်လာသည့် ရှောင်ဖုန်းက တစ်ခုခုကို ခံစားမိလိုက်သယောင် သူ၏ခြေထောက်ပုတိုတိုလေးများဖြင့်လုံခြုံသည့်ထောင့်တစ်နေရာသို့ သတိနှင့် ပြေးသွားလိုက်လေသည်။ သူသည် ဘာကြောက်ရွံသည့် အရိပ်အယောင်ကိုမျှ မပြသခဲ့ချေ။
ရှမြန်က ပြတင်းပေါက်ဘောင်ပေါ်တွင် တင်ထားသည့် ကြက်မွှေးကို ကောက်ယူလိုက်ကာ ရှဦးလေး(၂)ကို ချိန်ရွယ်လိုက်ပြီး ပြောလိုက်လေသည်။
“ရှချန်းယောက် ကျွန်မ ရှင့်အပေါ် ကောင်းနေတယ်ဆိုတာက ရှင်က ကျွန်မအစ်မအတွက် အကောင်းဆုံး လုပ်ပေးနေလို့ပဲ။ ဒါပေမဲ့ အရှက်မရှိတော့ လာမလုပ်နဲ့”
“ရှင် ကျွန်မအပေါ်ထပ်ပြီးတော့ အခွင့်ကောင်းယူရဲမယ်ဆိုရင် ကျွန်မက အဲဒီအိမ်(၄)လုံးစလုံးကို ပြန်ယူရလိမ့်မယ်”
ရှဦးလေး(၂)သည် ချက်ချင်း ဒေါသထွက်သွားတော့သည်။
“ငါဒီ အိမ်(၄)ခန်းလုံးကို ဝယ်ထားတာပဲ။ နင်က ဘာဖြစ်လို့ ပြန်ယူရမှာလဲ”
“ရှင်က ဒါကို ဝယ်ထားတာဟုတ်လား”ရှမြန်က ဒေါသထွက်ကာ ရယ်မောပြလိုက်သည်။
“ကျွန်မအဖေ နေမကောင်းဖြစ်နေတဲ့အချိန်တုန်းက အိမ်ကိုရောင်းဖို့ လိုလာခဲ့တယ်။ ဒါပေမဲ့ ရှင်ကတော့ လာပြီး ကမ်းလှမ်းတဲ့အရာမှန်သမျှကို ဖျက်ဆီးခဲ့တယ်လေ။ ဒီတော့ ဘယ်သူကမှ ဒီအိမ်ကို မဝယ်ရဲကြတော့ဘူးပေါ့။ နောက်ဆုံး ကျွန်မအဖေက ခွဲစိတ်ဖို့အတွက် အရေးပေါ်ငွေ လိုနေတာနဲ့ စျေးနှိမ်ပြီး ရှင့်ကို ပေးလိုက်ရတယ်လေ။ ရှင်က ဒါကိုဝယ်တယ်လို့များ ပြောရဲသေးသလား”
ဟုတ်ပါသည်။ တခြားသူအပေါ် အလကား အခွင့်အရေးယူနေကြ ဦးလေးရှလို လူလိမ်လူညစ်တစ်ယောက်က ဒါကိုဝန်ခံလိမ့်မည် မဟုတ်ချေ။
ရှမြန်ကလည်း သူနှင့်ငြင်းခုံပြီး အချိန်ဖြုန်းဖို့ စိတ်ကူးမရှိချေ။ ဒီအတိုင်း ပြောလိုက်တော့သည်။
“ကျွန်မ ဒီနေ့ရှင်းရှင်း ပြောထားမယ်နော်။ တကယ်လို့ တစ်ယောက်ယောက်က ရှမိသားစုကို ဆွဲထုတ်နိုင်ခဲ့တယ်ဆိုရင် ကျွန်မက ဒီအခန်း((၂))ခန်းနဲ့ ကျွန်မရဲ့ခြံဝန်းငယ်လေးကို အလကား ပေးပစ်လိုက်မယ်”
ရှဦးလေး(၂)၏မျက်နှာမှာ သိသိသာသာ ပြောင်းလဲသွားတော့သည်။
“မင်း ရူးနေလား၊ ဒီခြံက ယွမ် ထောင် ချီတန်တာနော်”
“ကျွန်မ ရူးတာ၊ မရူးတာ ရှင်နဲ့ဘာဆိုင်လဲ”
ရှမြန်က ပြောလိုက်၏။ “ယွမ် ၁ထောင်၊ ၂ထောင်လောက်လေးများ ဘာဖြစ်လဲ။ ရှင်တို့ရဲ့ အရှက်မရှိတဲ့မိသားစုကို မမြင်ရသ၍ ကျွန်မကတော့ ဝမ်းသာတယ်”
“ရှင်တို့တွေက တခြားသူတွေကို စိတ်မအေးရအောင်လုပ်ရတာ ကြိုက်တယ် မဟုတ်လား။ ကျွန်မက ရှင်တို့ကို ဘယ်တော့မှ စိတ်မအေးရအောင် လုပ်ပေးမယ်”
ရှဦးလေး(၂)က ဒေါသတကြီး ပြောလိုက်တော့သည်။
“မင်းက လုံးဝကို ယုတ္တိမရှိတာတွေ ပြောနေတာပဲ ကလေးမ”
သူသည် ရှမြန်၏ဒေါသကို အမှန်တကယ် ကြောက်ရွံ့ဟန်တူသည်။ နောက်ဆုံးတော့ ရှမြန်က မြို့မှပြန်လာကတည်းက သူမသည် သူမ၏စကားကို အမြဲတမ်းတည်တတ်ပြီး အလွန်မှ ရန်လိုတတ်လေသည်။
ရှဦးလေး(၂)က ညင်သာသည့်လေသံတစ်ခုဖြင့် စိတ်အားထက်သန်စွာ ပြောလိုက်တော့သည်။
“လိလိက နင့်ကို တကယ်စေတနာနဲ့ ခေါ်သွားချင်တာပါ”
“အခုခေတ်မှာ စာသင်တယ်ဆိုတာက လုံးဝအသုံးမကျတဲ့ကိစ္စပဲ။ အခုခေတ် သူဌေးကြီးတွေကိုပဲ ကြည့်လိုက်လေ။ သူတို့ထဲမှာ ကောလိပ်ကျောင်းသားတွေ ဘယ်နှစ်ယောက်ပါလို့လဲ။ ဆန့်ကျင်ဘက်အနေနဲ့ ကောလိပ်ကျောင်းသားတွေက သူဌေးတွေအတွက် အလုပ်လုပ်ပေးနေရတာပဲ”
“စာလည်းမတော်တဲ့ နင့်လို လူတစ်ယောက်အတွက်တော့ နင်ကအလုပ်မသွားဘဲ သူဌေးတစ်ယောက်နဲ့ တွေ့ဖို့ ငွေမရှာဘူးဆိုရင် နင် အထက်တန်း အောင်ပြီး အသက်ကြီးလာတဲ့အခါ တောသားတစ်ယောက်နဲ့ပဲ လက်ထပ်နိုင်ပြီး နေ့တိုင်း လိုအပ်ချက်နဲ့ပဲ နေသွားရလိမ့်မယ်။ အခုဆိုရင် နင်က ရွှေငွေရတနာတွေ ဝတ်ထားတဲ့ နင့်အစ်မလိလိနဲ့ ဘာမှမခြားဘူး”
ရှလိက ဝင့်ကြွားစွာ သူမ၏ရင်ဘတ်ကို ဖွင့်ထားလေသည်။
“ဟုတ်တယ်။ နင် ကောလိပ်သွားတယ်ဆိုရင်တောင် လက်ထပ်ပြီးတော့ ကလေးယူရဦးမှာ မဟုတ်ဘူးလား”
“ရှင်တို့တွေက စာသင်တာကို မကောင်းဘူးလို့ တကယ်ပဲ ထင်နေကြတယ်ပေါ့လေ”ရှမြန်က သရော်လိုက်လေသည်။
“ကျွန်မကတော့ အဲလိုမထင်ဘူး။ ရှင်တို့တွေက စာမသင်နိုင်လို့ဘဲ တခြားသူတွေကို ရှင်တို့နဲ့အတူ အမှိုက်ပုံထဲကို ဆွဲချနေတာလို့ပဲ ထင်တယ်”
သူမက ဝမ်ထောင်နှင့် ထိုကျစ်ကန်းညီအစ်ကိုနှစ်ယောက်ကို လှမ်းကြည့်လိုက်ပြီး လှောင်ပြောင်ကာ ပြောလိုက်လေသည်။
“ဪ နင်တို့တွေက အမှိုက်ပုံထဲက လူတွေကိုတောင် ကောက်လာသေးတာပဲ”
ဝမ်ထောင်နှင့် ကျစ်ကန်းတို့သည် မကျေမနပ် ဖြစ်သွားတော့သည်။ ဝမ်ထောင်က စူးရှသည့် လေသံတစ်ခုဖြင့် ရှမြန်ကိုပြောလိုက်၏။
“ရှမြန် မင်း ဒါ ဘာအဓိပ္ပာယ်လဲ”
“ကျွန်မက ရှင်တို့တွေကို အမှိုက်လို့ ပြောနေတာလေ။ ဒါပေမဲ့ ရှင်တို့တွေက နားမလည်ဘူးတဲ့လား။ ဒါမှမဟုတ် ကျွန်မက မှားနေတယ်လို့ပဲ ရှင်တို့က ထင်နေလို့လား”
ရှမြန်က မျက်နှာကို မဲ့ထားလိုက်ပြီး ရှဦးလေး(၂)နှင့် ရှလိကို ပြောလိုက်၏။ “ရှင်တို့တွေက စာသင်တာ ဘာအဓိပ္ပာယ်ရှိလဲလို့ ကျွန်မကို မေးနေတယ် ဟုတ်လား”
ရှမြန်က ကြက်မွှေးကို ဝှေ့ယမ်းလိုက်ပြီး သူတို့၏နှာခေါင်းကို ချိန်ရွယ်ထားလိုက်ကာ ပြောလိုက်လေသည်။
“ဒါဆိုရင် ကျွန်မက ရှင်တို့ကို ပြောပြလိုက်မယ်။ စာဖတ်တာက အနည်းဆုံးတော့ ရှင်တို့ရဲ့အမြင်ကို ကျယ်စေတယ်လေ။ ရှင်တို့တွေက လူတစ်ယောက်ရဲ့ အလွယ်တကူ အရူးလုပ်တာကို မခံရတော့ဘူးပေါ့”
“အဲဒီချိန်းကြိုး” ရှမြန်က ကြက်မွေးကိုသုံးကာ ရှလိ၏လည်ပင်းပေါ်က ရွှေဆွဲကြိုးကို ဆွဲမလိုက်ပြီး ”ဒါက(၂၄) ရည်ရှိတဲ့ ရွှေသန့်သန့်ဆိုလည်း မပြောပါဘူး။ ယွမ် ၁သောင်း၊ (၂)သောင်းတန်နဲ့ အလုပ်လုပ်နေတဲ့လူတစ်ယောက်က နင့်ကို ဒီလိုဆွဲကြိုးသေးသေးလေး ဝယ်ပေးခဲ့တာကို နင်က အဲဒီလောက်တောင်မှ ဂုဏ်ယူနေတယ်ပေါ့”
“ဒါက သူတောင်းစားကို မောင်းထုတ်ဖို့အတွက် ယွမ် ၁၀၀၊ ၂၀၀ လောက် နင့်ကိုပေးလိုက်တာနဲ့ အတူတူပဲ”
“ဒါပေမဲ့ နင်ကလည်း တခြားသူတွေကို အပြစ်မတင်နိုင်ဘူးလေ။ ဘာဖြစ်လို့လဲဆိုတော့ နင်က အပေါစားဆန်နေတာကိုး”
“ဒုတိယအချက်” ရှမြန်က ဝမ်ထောင်ကို လက်ညှိုးထိုးပြလိုက်ပြီး ခနဲ့လိုက်လေသည်။
“ရှင်တို့တွေ ပရောဂျက် ဆိုတဲ့ဟာကို ဘယ်ကရခဲ့တာလဲ။ ပရောဂျက်ရဲ့နာမည်က ဘာလဲ။ ပရောဂျက်ကို လေလံတင်ဖို့ ဘယ်အစိုးရဌာနကနေပြီး ရှာတွေ့ခဲ့တာလဲ။ ဘယ်ဒါရိုက်တာကို ရှင်တို့တွေ သိလဲ”
ဝမ်ထောင်နှင့် ကျစ်ကန်းတို့သည် ပါးနပ်ကြသည့်သူများ လုံးဝမဟုတ်ပေ။ သူတို့သည် ရှမြန်၏ ဆက်တိုက် ပစ်ထည့်လာသည့် မေးခွန်းများကို တစ်ခုမှ မဖြေနိုင်ကြချေ။
“ဒီတော့ ရှင်တို့တွေက ရှလိလို ဘာမှမသိ၊ ပညာမတတ်တဲ့ မိန်းကလေးတွေကိုပဲ လှည့်စားနိုင်တာပေါ့” ရှမြန်က ပြောလိုက်သည်။
“အခုခေတ်မှာ ပရောဂျက် တစ်ခုအတွက် ငွေရဖို့ခက်ခဲတယ်ဆိုတာ လူတိုင်း သိတယ်။ ရှင်တို့တွေက အစိုးရဌာနထဲမှာ ညွှန်မှူးတစ်ယောက်လောက် မိတ်ဆွေမရှိဘဲနဲ့ ငွေသောင်းချီရှာနိုင်တဲ့ ပရောဂျက်ကို ဘယ်လိုလုပ်ပေးရနိုင်မှာလဲ”
“ကျွန်မအထင်တော့ သူက ကန်ထရိုက်တစ်ယောက်အတွက် အလုပ်လုပ်ပေးနေတဲ့ ကန်ထရိုက်ငယ်လေးတစ်ယောက်ပဲ နေမှာပေါ့။ ရှင်က ဖုန်းအစုတ်ကြီး ကိုင်နိုင်တာနဲ့ပဲ သူဌေးကြီးတစ်ယောက်လို ဟန်ဆောင်နိုင်ပြီလို့ ထင်နေတာလား”
ကျစ်ကန်းက ဒေါသဖြင့် ပြန်ချေပမည်ပြင်လိုက်လေသည်။ သို့သော်ငြားလည်း ရှမြန်က ကြက်မွှေးကို ဝှေ့ယမ်းလိုက်ပြီး ရွံရှာဟန်ဖြင့်ပြောလိုက်၏။
“နောက်ပြီးတော့ ရှင်။ ရှင်က အသက်၃၀ကျော်တောင် ရှိနေပြီပဲ။ ဟုတ်တယ်မလား။ ရှင်က လက်မထပ်ရသေးဘူးလား”
တစ်ဖက်လူကို စကားပြောခွင့်မပေးဘဲ သူမက တိုက်ရိုက်ပြောလိုက်လေသည်။
“ရှင်က အသက်၃၀အရွယ်မှာ လက်မထပ်ရသေးဘူးဆိုရင် ဒါက စျေးကွက်မကောင်းဘူးဆိုတဲ့ အဓိပ္ပာယ်ပဲပေါ့။ ရှင်က မသန်စွမ်းနေတာပဲဖြစ်ဖြစ် ဆင်းရဲမွဲတေနေတာပဲဖြစ်ဖြစ် ဖြစ်နိုင်တယ်။ ကျွန်မကတော့ ရှင်က ပထမတစ်ခုလို့ ထင်တယ်။ နောက်ဆုံး ဆင်းရဲတာက ဒီအတိုင်းလက်တွေ့ကျတဲ့ အခြေအနေတစ်ခုလေ။ လူကောင်းတစ်ယောက်က လက်ထပ်ဖို့အတွက် ထိခိုက်နစ်နာစရာမှမရှိတာ”
“ရှင်က လက်ထပ်ပြီးပြီဆိုရင်တော့ ရှင်က ငွေလေး နည်းနည်းပါးပါးရှိတာနဲ့ မိန်းကလေးတွေကို ကစားဖို့ သင်ယူချင်နေပြီ။ မယားငယ် ထားချင်နေတာဆိုတဲ့ အဓိပ္ပာယ်ပဲ။ ဒီလိုလူမျိုးက ငွေလေး နည်းနည်းပါးပါး ရှိလာရင် ကိုယ့်ဟာကိုယ် မထိန်းနိုင်တော့ဘူးလေ။ သူက ကောင်းတာတွေကို မသင်ယူဘဲနဲ့ မကောင်းတာတွေကိုပဲ သင်ယူလိမ့်မယ်။ သူက နောက်ပိုင်းကျရင် အသောက်အစား၊ မိန်းမနဲ့ လောင်းကစားတွေကိုပဲ လိုက်စားလိမ့်မယ်”
“နောက်ပြီးတော့ ရှလိက အသက်၁၈နှစ် မပြည့်သေးဘူးနော်” ရှမြန်က ဝမ်ထောင်ကိုထပ်ပြီး လက်ညှိုးထိုးလိုက်ကာ ”ရှင်သူနဲ့ဘာမှမလုပ်တာ ကောင်းလိမ့်မယ်။ အဲလိုမှမဟုတ်ဘူးဆိုရင်တော့ ရှင်က အသက်မပြည့်သေးတဲ့လူတွေကို အဓမ္မကျင့်တယ်လို့ သတ်မှတ်လို့ရတယ်။ တကယ်လို့ဒီကိစ္စကို ရဲစခန်းကို တိုင်ကြားခဲ့မယ်ဆိုရင် အနည်းဆုံးတော့(၃)နှစ် စီရင်ချက်ချခံလိုက်ရလိမ့်မယ်” ရှမြန်က ရှဦးလေး(၂)ကို ကြည့်လိုက်ပြီး
“ဒါက ဒဏ်ကြေးနဲ့ လျော်ကြေးငွေတစ်ခု လိုအပ်ကောင်းလိုအပ်နိုင်တယ်။ ပြောလို့မရဘူးလေ ယွမ်ထောင်ချီလောက် ရချင်ရမှာပေါ့”
ရှဦးလေး(၂)၏မျက်လုံးများသည် အမှတ်တမဲ့ လင်းလက်သွားပြီး ရှလိ၏မျက်နှာကတော့ သိသိသာသာ ပြောင်းလဲသွားလေသည်။
“အဖေ အစ်ကိုထောင်နဲ့ ကျွန်မက တွဲနေတာနော်”
“အဲဒါက သူ အသက်မပြည့်သေးတဲ့သူကို မြှူဆွယ်တယ်ဆိုတဲ့အချက်ကို ပြောင်းလဲနိုင်မှာ မဟုတ်ဘူး”
ရှမြန်က နီရဲနေသည့်မျက်နှာနှင့် ဝမ်ထောင်ကို ကြည့်လိုက်ပြီး သရော်လိုက်လေသည်။
“လုပ်စမ်းပါ၊ ကျွန်မကို ပြောစမ်းပါ။ ဘယ်သူက အမှိုက်မဟုတ်တာတဲ့လဲ။ အလိုမရှိတဲ့သူက ဘယ်သူတဲ့လဲ။ ပညာကောင်းကောင်းမတတ်တဲ့သူက ဘယ်သူလဲ။ ပြန်ပေးဆွဲတဲ့သူတစ်ယောက် ဖြစ်နေတာက ဘယ်သူလဲ။ ကျွန်မ ပြောတာမှားလို့လား”
ထို့နောက် သူမက ရှလိကို အထင်သေးသလိုကြည့်ကာ ပြောလိုက်လေသည်။
“ဒါနဲ့များ နင်က ဘာကို အဲဒီလောက်အထိ ဂုဏ်ယူနေတာလဲ”
ရှလိမှာ အလွန်မှ ရှက်ရွံ့သွားသဖြင့် စကားမပြောနိုင်တော့ချေ။ ရှမြန်က တံခါးပေါက်ကို လက်ညှိုးထိုးပြလိုက်ကာ ပြောလိုက်လေသည်။
“ဘာလဲ ဒီနေရာက ထွက်သွားကြ”
သူမက ငွေအထောက်အပံ့ ပေးသည့်လူကြီး(၂)ယောက်ကို ပစ်မှားနေသည်ကို မြင်လိုက်သည်တွင် ရှဦးလေး(၂)က ဒေါသတကြီး ပြောလိုက်လေသည်။
“မြန်မြန် နင် ဘယ်လိုလုပ်ပြီး ဒီလိုပြောနိုင်ရတာလဲ-“
သူ့စကားမဆုံးခင်မှာပင် သူသည် ဒေါသကြီးနေသည့် အမျိုးသမီးတစ်ယောက်၏ အသံကို ကြားလိုက်ရလေသည်။
“ရှချန်းယောက် သောက်တိရိစ္ဆာန်ကောင်”
ရှမြန်မှာ အခိုက်အတန့် မှင်တက်အံ့သြသွားတော့သည်။ ထို့နောက်တွင်တော့ တံခါးမှ အလောတကြီး ပြည့်ဝင်လာသည့် ရှဝမ်ယွဲ့ကို တွေ့လိုက်ရလေသည်။ စကားတစ်ခွန်းမှ မပြောဘဲ သူမက ရှဦးလေး(၂)ဆီသို့ တည့်တည့်လျှောက်သွားလိုက်ကာ ပြောလိုက်လေသည်။
“နင် ငါ့ကို ဒုက္ခပေးလို့မဝသေးလို့ မြန့်မြန်ကို ဒုက္ခပေးရဲနေတယ်ပေါ့။ ငါ ဒီနေ့ နင့်ကို သတ်ရလိမ့်မယ်”
ရှဦးလေး(၂)သည် မျက်နှာပေါ်တွင် သွေးများဖြင့်ငိုကြွေးကာ မြန်မြန်ဆန်ဆန် ထွက်ပြေးတော့သည်။
“၀မ်ယွဲ့ ၀မ်ယွဲ့”
“နင် ငါ့ကို ခေါ်ရဲတဲ့ သတ္တိရှိသေးတယ်နော်”
ရှဝမ်ယွဲ့က သူမ၏လက်ကို မြှောက်ထားလိုက်ကာ ရှဦးလေး(၂)၏ဆံပင်ကို ဖမ်းဆွဲထားလိုက်ပြီး အလွန်မှဒေါသထွက်ထွက်ဖြင့် ကုတ်ခြစ်တော့သည်။
“နင်က နင့်သမီးအရင်းကို ဒုက္ခပေးချင်တာကို ငါ ဂရုမစိုက်ဘူး။ ဒါပေမဲ့ နင် မြန့်မြန်ကို ဒီလိုဒုက္ခပေးမဲ့စိတ်ကူးမျိုး ရှိသေးတယ်ဆိုရင်တော့ ငါ နင့်ကို သတ်မယ်”
“ငါ သူ့ကိုဒုက္ခပေးဖို့ မရည်ရွယ်ပါဘူး” ရှဦးလေး(၂)က အလောတကြီး ကိုယ့်ဟာကိုယ် ခုခံပြောဆိုလေသည်။ “ငါက သူကောင်းဖို့အတွက် လုပ်ပေးနေတာပါ”
“တော်စမ်းပါ၊ ဒါက သူ့ကောင်းဖို့အတွက်တဲ့လား”ရှဝမ်ယွဲ့က သူ့ကို ရိုက်နှက်လေသည်။ “ငါက နင့်စိတ်ထဲမှာ ဘာရှိတယ်ဆိုတာကို မသိဘဲ ဘယ်နေမှာလဲ”
“နင်က နင့်အတွက်ပဲ နင်ကြည့်တဲ့ တိရစ္ဆာန်ကောင်ပဲ”
ရှဝမ်ယွဲ့၏ မျက်လုံးများသည် နီရဲသွားကာ သူ့ကိုရိုက်နှက်လေသည်။
“နင်ကများ အတင့်ရဲလို့ ငါ့အပေါ်လုပ်သလို ရှမြန်ကိုလည်း လုပ်ချင်နေတယ်ပေါ့။ ငါ နင့်ကို ဒီနေ့အသက်ရှင်ရက် အရေခွံဆုတ်ပစ်မယ်”
ချန်ချန် ခေါ်ဝင်လာသည့် ရှဦးကြီးနှင့် တခြားသူများကလည်း ထိုစကားကို ကြားလိုက်ပြီး ရှလိဘေးတွင် ရပ်နေကြသည့် ဝမ်ထောင်နှင့် ကျစ်ကန်းတို့ကို ကြည့်လိုက်လေသည်။ သူတို့သည် ဘာကိုနားမလည်ဘဲ ရှိပါမည်နည်း။
အမြဲတမ်း တည်ငြိမ်နေတတ်သည့် ရှဦးကြီးက တံမြက်စည်းတစ်ချောင်းကို ကောက်ယူလိုက်ကာ ရှဦးလေး(၂)၏ခေါင်းကို ရိုက်နှက်တော့သည်။
“တိရစ္ဆာန် မင်းက အတင့်ရဲလှချည်လား။ အတင့်ရဲလို့ ဒီလိုကိစ္စမျိုးကို လုပ်ရဲရသလား”
ဒေါ်ကြီးကလည်း မျက်ရည်များကိုသုတ်ကာ ပြောလေသည်။ “ချန်းယောက် နင့်မှာ နှလုံးသားရော ရှိသေးရဲ့လား။ ၀မ်ယွဲ့က အသက်(၁၆)နှစ်မှာပဲ နင့်ကြောင့် ရောင်းစားခံလိုက်ရတယ်။ သူ ဘယ်လိုနေနေရလဲဆိုတာကို နင် မမြင်လို့လား။ နင်က ဘယ်လိုလုပ်ပြီး ဒီလိုကိစ္စမျိုးကို လုပ်နေသေးတာလဲ”
ရှဦးလေး(၂)သည် သူ့အစ်ကိုနှင့် အစ်မ၏ ရိုက်နှက်ခံနေရပြီး သူသည် မတရားသဖြင့် အော်ဟစ်ပြောဆိုနေလေသည်။
“ငါ တကယ် အဲဒီလိုလုပ်တာ မဟုတ်ပါဘူး။ ဝမ်ကျစ်ကန်းက ငွေအများကြီးရှိတဲ့ သူဌေးငယ်လေးပဲ။ ငါက မြန့်မြန်ကို ဒုက္ခပေးဖို့ တကယ်မရည်ရွယ်ပါဘူး”
“ချမ်းသာတယ်ဟုတ်လား၊ ချမ်းသာတယ်ပေါ့” ရှ၀မ်ယွဲ့က မှင်တက်အံ့ဩနေသည့် ရှမြန်ဆီမှ ကြက်မွှေးကို လုယူလိုက်ပြီး ရှဦးလေး(၂)၏ခေါင်းကို ရိုက်နှက်လေသည်။
“ငွေအပြင် နင် တခြား ဘာသိသေးလို့လဲ။ နင်က ငါ အသက်(၁၆)နှစ်မှာ လက်ဖွဲ့ပစ္စည်းအတွက် ငါ့ကို ရောင်းခဲ့တယ်။ ဒါကလည်း မော့မိသားစုက ချမ်းသာလို့ မဟုတ်ဘူးလား”
“ငါ မော့မိသားစုမှာ ဘယ်လိုဘဝမျိုးနဲ့ နေနေရတယ်ဆိုတာကို နင်မသိလို့လား”
ရှဝမ်ယွဲ့၏မျက်ရည်များသည် သူမ၏ပါးဖြင့်ပေါ်တွင် စီးကျလာလေသည်။ သို့သော်ငြားလည်း သူမသည် လူကို ရိုက်နှက်နေသည်အားက ရပ်မသွားချေ။
ရှအဒေါ်(၂)သည် ဆူညံသံကိုကြားလိုက်ရချိန်တွင် အပြေးအလွှားရောက်လာပြီး သူတို့ကိုဆွဲခွာရန်ရှေ့သို့ အလောတကြီးတက်လာတော့သည်။
“ဟဲ့ ဟဲ့ ဘာတွေဖြစ်နေကြတာလဲ။ နင်က ဘာလို့လူတွေကို ရိုက်နေတာလဲ”
သို့သော်ငြားလည်း သူမက ရှေ့သို့တစ်လှမ်းတက်လာသည်နှင့် ချက်ချင်း ရှ၀မ်ယွဲ့က ကြက်မွှေးတစ်ခုဖြင့် သူမကိုပါ ရိုက်လေတော့သည်။
“နင်ကများ အတင့်ရဲလို့ဒီကို လာရဲတယ်ပေါ့လေ။ နင်လည်း ဒီကိစ္စမှာ ပါတယ်ဆိုတာ ငါ သိသားပဲ။ နင်က အတင့်ရဲလို့များ ရှမိသားစုက ကလေးတွေကို ဒုက္ခပေးတယ်ပေါ့။ ငါ နင့်ကို သေအောင် ရိုက်ရလိမ့်မယ်”
ရှအဒေါ်(၂)သည် သူမ၏မျက်နှာပေါ်တွင် နာကျင်မှုကို ခံစားလိုက်ရပြီး မြေကြီးပေါ်တွင်ထိုင်ချကာ စတင်ငိုကြွေးလေတော့သည်။ ရှဝမ်ယွဲ့က ပြတင်းပေါက်ဘောင်ပေါ်က ကတ်ကြေးကို ချက်ချင်း လှမ်းယူလိုက်ပြီး ရှအဒေါ်(၂)ကို လှမ်းထိုးစိုက်လိုက်လေသည်။
“လင်းမေဟွာ ငါ နင့်ကို ပြောထားတယ်လေ။ ငါ့ကို လာမရှုပ်နဲ့လို့။ ငါက တစ်ခါ သေပြီးသွားပြီ။ ငါ ဘာကိုမှ မကြောက်တော့ဘူး”
“တစ်နေ့ကျရင် ငါ အသက်ဆက်ပြီး မရှင်ချင်တော့ဘူးဆိုရင် ငါက နင်တို့မိသားစုတွေကို ငါနဲ့ အတူတူ ငရဲကို ဆွဲခေါ်သွားရလိမ့်မယ်”
ရှ၀မ်ယွဲ့သည် ရူးသွပ်တော့မတတ် ဖြစ်သွားလေသည်။
ရှအဒေါ်(၂)မှာ လူဆိုးလူညစ်တစ်ယောက်လို ဟန်မဆောင်ရဲတော့ချေ။ ကြောက်လန့်တကြား လေးဘက်ထောက်လုနီးပါး ထွက်ပြေးသွားတော့သည်။ သူမ၏အထင်မှန်ကန်နေကြောင်း အချက်အလက်များက သက်သေပြနေသည်။ ရှဝမ်ယွဲ့က အတည်ကြီးလုပ်နေသည်။ ကတ်ကြေးတစ်လက်က သူမ ထိုင်ခဲ့သည့်နေရာတွင် စိုက်ကျသွားလေသည်။ အပြာရောင်အုတ်ကြွပ်ကြီးတစ်ချပ်က ကွာကျလာ၏။
ရှအဒေါ်(၂)မှာ အလွန်မှ လန့်ဖြတ်သွားပြီး ရှအဘွားဆီသို့ သွားကာ ပြောလိုက်တော့သည်။
“အမေ အမေ အမေ့ရဲ့သမီးကို ကျေးဇူးပြုပြီးတော့ ထိန်းပါဦး”
...