အပိုင်း(၄၉)
Vol. 4 Ch. 49
ရှ၀မ်ယွဲ့က သူမကို ကိုယ်ချင်းစာနေသည်ကို ရှမြန် သိလိုက်သည်။ သို့သော်ငြားလည်း သူမကိုယ်တိုင် အခက်အခဲအားလုံးကို ရင်ဆိုင်ကျော်ဖြတ်ပြီးနောက်တွင် သူမသည် တခြားသူများကို အလွန်မှအခိုင်အမာ ကာကွယ်ပေးနေနိုင်သေးသည်။ ရှ၀မ်ယွဲ့က အံ့သြစရာကောင်းသည့်လူတစ်ယောက်ဟု သူမသည် အမှန်ထင်ခဲ့သည်။ ရှဦးကြီးကလည်း ရန်ဖြစ် စကားများရသည်ကို စိတ်ပျက်နေပြီဖြစ်ရာ ရှဦးလေး(၂)နှင့် ရှလိတို့ကို လက်ညှိုးထိုးကာ ပြောလိုက်တော့သည်။
“မင်းတို့အားလုံး ဒီကနေထွက်သွားကြ။ အခုအချိန်ကစပြီး မြန့်မြန်ရဲ့ကိစ္စဖြစ်ဖြစ် ရှောင်ဖုန်းရဲ့ ကိစ္စဖြစ်ဖြစ် မင်းတို့တွေထပ်ပြီးတော့ ဝင်ရောက်စွက်ဖက်ရဲမယ်ဆိုရင် အဲဒီအခါကျမှ ငါ့ကို ရိုင်းစိုင်းတယ်လို့ အပြစ်မတင်ကြနဲ့”
ထို့နောက်တွင် သူသည် ဝမ်ထောင်ဘက်သို့လှည့်ကာ ပြောလိုက်လေသည်။
“ဒီတစ်ကြိမ် ရှချွန်းကိစ္စကို ကူညီပေးတဲ့အတွက် ခင်ဗျားတို့ကို ကျေးဇူးတင်ပါတယ်။ ကျုပ်တို့ကလည်း ခင်ဗျားတို့ကို ထိုက်တန်တဲ့ငွေကြေးပေးပါမယ်။ တကယ်လို့ ခင်ဗျားတို့က ဒါကိုမလုံလောက်သေးဘူးလို့ ထင်တယ်ဆိုရင်လည်း ကျွန်တော်တို့တွေက ညှိနှိုင်းပေးလို့ရပါတယ်”
“ကျုပ်တို့က ခင်ဗျားနဲ့ ရှလိကိစ္စတွေကို ဂရုမစိုက်ပါဘူး”
ရှဦးကြီးက ထိုစကားကို ပြောလိုက်ပြီး သူ့မျက်လုံးများသည် ရုတ်တရက်ဆိုသလို ဝမ်ကျစ်ကန်းဆီသို့ စူးရှစွာ ကျရောက်သွားလေသည်။
“ဒါပေမဲ့ ကျုပ်တို့ရှမိသားစုက တခြားမိန်းကလေးတွေကတော့ ခင်ဗျားတို့ သာမန်ကာလျှံကာ ဆက်ဆံလို့ရတဲ့သူတွေ မဟုတ်ဘူး”
ရှ၀မ်ယွဲ့သည် ရှမြန်ကို သူမ၏နောက်တွင် ကာကွယ်ပေးထားလိုက်ပြီး ဝမ်ထောင်နှင့် ၀မ်ကျစ်ကန်းကို ဝါးစားမတတ် ကြည့်လိုက်လေသည်။
“ငါတို့ရဲ့မြန်မြန်က သူ့အစ်မလိုပဲ ကောလိပ် တက်ဦးမှာ။ နင်တို့တွေ ဒီကိစ္စကို မေ့ထားလိုက်တော့။ ထွက်သွားကြတော့”
ဘေးတွင် ပုန်းအောင်းနေပြီး ပွဲကြည့်နေသည့်လူ(၂)ယောက်သည် ရုတ်တရက်ဆိုသလို ခေါ်ထုတ်ခံလိုက်ရပြီး သတိပေးခံလိုက်ရသည်ဖြစ်ရာ သူတို့၏မျက်နှာများမှာ အနည်းငယ် အကျည်းတန်သွားတော့သည်။
၀မ်ထောင်က မျက်မှောင်ကြုတ်ထားလိုက်၏။ ဝမ်ကျစ်ကန်းက ရှလိကို ခေါင်းညိတ်ပြကာ ပြောလိုက်လေသည်။
“ငါတို့တွေက အဖိုးတန်တယ်လို့ နင်က ထင်တယ်။ တကယ်လို့ နင်သာ ငါတို့တွေကို မတောင်းဆိုခဲ့ဘူးဆိုရင်...“
ဒီကိစ္စကို အစောကြီးကတည်းက ပြင်ဆင်ထားခြင်းဖြစ်နေလေသည်။
ရှမိသားစုသည် ရှလိကို အေးစက်စွာ ကြည့်လိုက်၏။ ရှ၀မ်ယွဲ့ကလည်း ပြောလိုက်သည်။
“ဖွီ”
“ဒါက လင်းမေဟွားနဲ့ ရှချန်းယောက်ကလေးလို့ မပြောရဘူး။ သူက ဒီလောက် အသက်ငယ်ငယ်ရွယ်ရွယ်လေးနဲ့ကို လုံးဝအရှက်မရှိတာပဲ”
ရှလိသည် သူမတွင် ရည်ရွယ်ချက်ကောင်းများ ရှိသော်လည်း အဆူအဆဲ ခံလိုက်ရသည်ဟု ခံစားလိုက်ရကာ ဒေါသထွက်သွားတော့သည်။ ဝမ်ထောင်နှင့် ဝမ်ကျစ်ကန်းတို့က မကျေမနပ် ဖြစ်နေသည်ကို မြင်လိုက်ရသဖြင့် သူမက အပြေးအလွှား အမြန်အဆန် ရောက်ရှိလာပြီး ဝမ်ထောင်၏ လက်မောင်းကို တွဲထားလိုက်ကာ ပြောလိုက်လေသည်။
“အစ်ကိုကျစ်ကန်း၊ အစ်ကိုထောင် သူတို့ကို စိတ်ရှုပ်ခံပြီး စိတ်ထဲထည့်မနေပါနဲ့”
“သူတို့တွေက သူတို့တစ်ဘဝလုံး ဒီလိုသေးငယ်တဲ့စီရင်စုမှာ နေလာခဲ့တာလေ။ ဆန်တာနာလို ကားမျိုးကိုတောင် ၁၀စီးပြည့်အောင် တွေ့ဖူးတာ မဟုတ်ဘူး။ ဒီတော့ သူတို့တွေက အစ်ကိုတို့ရဲ့အရည်အချင်းကို ဘယ်လိုလုပ်ပြီးသိနိုင်မှာလဲ”
“အစိကိုတို့တွေက တော်ကြပါတယ်။ ဒီလို အသေးအဖွဲကိစ္စလေးတွေကို မှတ်မထားကြပါနဲ့။ ကျွန်မကလည်း ကျွန်မရဲ့စေတနာကို မြွေတစ်ကောင်ရဲ့အသည်း၊ အဆုတ်လို သဘောထားပြီး ဆက်ဆံပေးပါမယ်။ နောက်ဆိုရင် သူတို့တွေကို ထပ်ပြီး ဂရုစိုက်တော့မှာ မဟုတ်ဘူး”
သူမ ပြောလိုက်သည့် စကားကို ကြားလိုက်ရပြီးသည့်နောက်တွင် ဝမ်ထောင်၏ အမူအရာသည် အနည်းငယ် ပျော့ပျောင်းလာလေသည်။ ဝမ်ကျစ်ကန်းက သူ၏ဘောင်းဘီအိတ်ထဲက ကားသော့များကို ဆွဲထုတ်လာပြီး သူ၏လက်ထဲတွင် ဝှေ့ယမ်းနေလိုက်ကာ သရော်လေသည်။
“ထားလိုက်ပါလေ။ လောကကြီးအကြောင်း တစ်ခါမှမမြင်ဘူးတဲ့ ကျေးတောသားတွေပဲ။ နင်တို့တွေ မကြာခင် နောင်တရကြလိမ့်မယ်”
ပွဲကြည့်နေကြသူများသည် သူ့လက်ထဲက ကားသော့၏ အမှန်တကယ် ဆွဲဆောင်မှုကို ခံလိုက်ရကာ သူတို့၏မျက်နှာပေါ်တွင် အားကျသည့်ရုပ်များ ဖြစ်သွားလေသည်။
ရှဦးကြီး(၂)နှင့်တခြားသူများက စိတ်ပျက်သွားဟန်တူသည်။ ရှမြန်ကတော့ အေးစက်စက်ပြောလိုက်၏။
“တောသား နင်က ဘယ်သူ့အကြောင်း ပြောနေတာလဲ”
“တောသားက နင့်ကို ပြောတာလေ” ဝမ်ကျစ်ကန်းက အကြောမခံဘဲ ပြန်ငြင်းလေသည်။
ရှမြန်က ရုတ်တရက် ပြုံးလိုက်ပြီး ”ကြည့်ရတာ နင်က ကိုယ့်ဟာကိုယ် တော်တော်လေးသိတဲ့ပုံပဲ”
ထို့နောက်တွင် သူမက အေးစက်စက် လေသံတစ်ခုဖြင့် ရှလိကို ပြောလိုက်၏။
“နင်က နင့်အကြီးအကဲတွေကို မလေးစားတတ်ဘူး။ နင်က သစ္စာဖောက်တစ်ယောက်ပဲ။ ဒီကနေ အခုချက်ချင်း ထွက်သွားတော့။ နင်က ငါတို့တွေနဲ့ အတူတူနေရတာတောင် မတန်ဘူး”
ရှဟိုင်တို့ ညီအကို၃ယောက်ကလည်း လိုက်ရယ်လိုက်ကြပြီး ထိုအခါကျမှ ကြည့်ရှုနေသူများနှင့် ဝမ်ထောင်သည် ဝမ်ကျစ်ကန်းပြောခဲ့သည့်စကားကို သဘောပေါက်သွားကြတော့သည်။
ဝမ်ကျစ်ကန်းသည် ချက်ချင်းဆိုသလို ဒေါသထွက်သွားပြီး ရှမြန်ကို ပြောလိုက်၏။
“နင်က တောသားဆိုတာ ဘယ်သူမှန်းတောင် မသိဘဲနဲ့ ဒီအတိုင်း နှုတ်သီးကောင်းလျှာပါး ဖြစ်နေတာပဲ။ ဒါပေမဲ့ မင်းက သိပ်ပြီးတော့ အစွမ်းထက်နေတဲ့ပုံနဲ့ မင်းက ငါတို့ကိုများ အထင်သေးရဲသေးတယ်”
ခုနတုန်းက သူတို့အပေါ် ရှမြန်၏အထင်အမြင်သေးမှုကို စဉ်းစားမိလိုက်သည်တွင် ဝမ်ကျစ်ကန်းက သရော်စကား ပြောလိုက်သည်။
“မင်းက မိုဘိုင်းဖုန်းကိုများ အထင်သေးနေသေးတယ်။ တကယ်လို့ မင်းမှာ သတ္တိရှိတယ်ဆိုရင် ငါ့ကို မိုဘိုင်းဖုန်းတစ်လုံးလောက် ထုတ်ပြစမ်းပါ”
သူ့စကားဆုံးသွားသည်နှင့်ချက်ချင်း ကျွပ်ဆတ်ဆတ် ဖုန်းသံတစ်ခုသည် အိမ်ထဲမှ ရုတ်တရက် မြည်လာတော့သည်။ အားလုံးက မှင်တက်အံ့ဩသွားကြ၏။ ရှချွမ်းကလည်း ဖုန်းမြည်သံ ထွက်ပေါ်လာသည့် လားရာဘက်ကို ကြည့်လိုက်ကာ ပြောလိုက်လေသည်။
“မြန့်မြန် နင်ဖုန်းကို ပြန်ချိတ်ထားတာလား။ ဒါလည်း မဟုတ်သေးပါဘူး။ ဖုန်းသံက အဲ့လိုမဟုတ်ဘူးလေ”
ထောင့်လေးနားတွင် နေနေလာသည့် ရှောင်ဖုန်းသည် အိမ်ထဲသို့ အပြေးရောက်နှင့်သွားပြီ ဖြစ်လေသည်။ ခဏအကြာတွင် သူသည် သူ၏လက်သေးသေးလေးထဲတွင် သေးငယ်သည့် အရာတစ်ခုနှင့် ပြေးထွက်လာကာ ရှမြန်ကို လှမ်းပေးလိုက်လေသည်။
“အန်တီလေး ကိုကိုချန်းချန်းတဲ့”
အားလုံး၏မျက်လုံးများက သေးငယ်သည့်အရာလေးကို အာရုံစိုက်သွားကြသည်။
ရှမြန်က ဖုန်းကိုလှမ်းယူလိုက်ပြီး ခလုတ်ကိုနှိပ်လိုက်ရာ တခြားတစ်ဖက်မှ အသံတစ်ခု ထွက်လာလေသည်။
“နင့်အိမ်က မင်ရှီစီရင်စုရဲ့ ဘယ်နားမှာ ရှိတာလဲ”
ရှမြန်သည် အခိုက်အတန့် ကြောင်အမ်းအမ်းဖြစ်သွားလေသည်။
“အယ်... မင်ရှီစီရင်စုရဲ့ အလယ်တန်းကျောင်းနားမှာလေ၊ ဘာဖြစ်လို့လဲ”
ထို့နောက်တွင် သူမသည် ချန်းချန်း၏အော်သံကို ကြားလိုက်ရလေသည်။
“အန်တီရှမြန် သားတို့တွေ ရှောင်ဖုန်းကိုတွေ့ဖို့ ဒီကိုရောက်နေပြီ”
ရှမြန်သည် တအံ့တဩ ပြန်မေးလိုက်တော့သည်။
“ဘာပြောလိုက်တာ၊ မင်ရှီစီရင်စုကို ရောက်နေတာလား”
“ဟုတ်တယ်”
နဥ်ရှောက်ယွင်က ဖုန်းကို ယူလိုက်ကာ ပြောလိုက်လေသည်။
“ချန်းချန်းက ရှောင်ဖုန်းကို တွေ့ချင်တယ်လို့ ပြောနေလို့လေ။ နင်လည်းပဲ မကြာခင် ထွက်လာတော့မှာ မဟုတ်လား။ ငါတို့တွေ အတူတူသွားကြရအောင်လေ”
“အခု အစ်မတို့တွေ ဘယ်နားမှာလဲ”
ရှမြန်သည် ခြံဝင်းထဲကလူများကို ဆက်ပြီးဂရုမစိုက်နိုင်တော့ချေ။
“ကျွန်မ အစ်မတို့ကို လာကြိုမယ်”
“ငါတို့တွေ ကားဂိတ်နား ရောက်တော့မယ်”
“ကောင်းပြီလေ ဒါဆိုရင် အဓိကလမ်းအတိုင်း မင်ရှီစီရင်စု အလယ်တန်းကျောင်းကို တွေ့တဲ့အခါ ဆက်ပြီးတော့ လျှောက်လာခဲ့ကြ။ ကျွန်မအဲဒီနားမှာ အစ်မတို့ကို လာကြိုပေးမယ်”
ရှမြန်သည် ဖုန်းကိုချလိုက်ပြီး တောက်ပနေသည့် မျက်လုံးများ ပိုင်ဆိုင်ထားသည့် လူအုပ်ကြီးတစ်အုပ်နှင့် တွေ့ဆုံလိုက်ရလေသည်။
ရှချွမ်းက မေးလိုက်၏။
“မြန့်မြန် ဒါကဘာလဲ။ ဒါလည်း မိုဘိုင်းဖုန်းပဲလား။ ဒါကျတော့ ဘာလို့ အဲဒီလောက်အထိ သေးနေတာလဲ”
ရှမြန်က ပိုပြီး တစ်ဆင့်မြင့်သည့် ဟန်ရေးပြခြင်းကို ပြသဖို့ရန် ရည်ရွယ်လိုက်ပြီး ဝမ်ထောင်နှင့် ဝမ်ကျစ်ကန်းတို့ကို လှမ်းကြည့်လိုက်လေသည်။
သူမက အေးအေးလူလူပုံစံဖြင့် ပြောလိုက်၏။
“ဪ ဒါက ဆဲလ်ဖုန်းလေ။ ဒီက အစ်ကိုကြီးကတော့ သုံးရမှာ အရမ်းပင်ပန်းနေမှာပဲ။ ဒါကလက်ထဲမှာ အုတ်ခဲတစ်လုံး ကိုင်ထားရသလိုပဲနေမှာ။ ပင်ပန်းပြီးတော့ အရုပ်လည်း ဆိုးလှတယ်”
ရှချွမ်းသည် ဝမ်ထောင်နှင့် ဝမ်ကျစ်ကန်းတို့ကို ချက်ချင်းလှမ်းကြည့်လိုက်ပြီး သရော်ကာပြောလိုက်၏။
“ငါတို့တွေက အိမ်မှာ မိုဘိုင်းဖုန်းတစ်လုံးတော့ မရှိပါဘူး။ ဒါပေမဲ့ ဆဲလ်ဖုန်းတစ်လုံးဆိုလည်း အလုပ်ဖြစ်တယ် မဟုတ်လား”
အားလုံးက အော်ရယ်ကြတော့သည်။
ရှမြန်က ရှောင်ဖုန်းကို ကောက်ချီကာ အပြင်သို့ လျှောက်သွားလိုက်လေသည်။
ကောင်ကလေးသည် အစမှအဆုံးအထိ မကြောက်လန့်နေချေ။ ဖြစ်နိုင်သည်က ရှမြန်သည် သူ့ကို ကြက်မွှေးတစ်ချောင်းကို ဝှေ့ရမ်းခြင်းဖြင့် ဟွမ်ရှောင်ကျွမ်း၏လက်ထဲမှ ကယ်ဆယ်ထားခြင်းကြောင့် ဖြစ်နိုင်သည်။
နောက်ပိုင်းတွင် ရှောင်ဖုန်းသည် ရှမြန်က အုတ်ခဲတုံးများကို ပစ်ထုတ်ပြီး ဓားပျံများကိုလည်း ပစ်ထုတ်ခဲ့သည်ကို မြင်လိုက်သေးသည်။ ထိုကြောင့် သူသည် ရှမြန်ပါဝင်သည့် ရန်ပွဲနှင့် အငြင်းပွားသည့် ကိစ္စများနှင့်ပတ်သက်ပြီး အလွန်မှ တည်ငြိမ်လေသည်။
ဥပမာ ဒီအခိုက်အတန့်တွင် သူသည် ခြံဝင်းထဲကပြဿနာများကို လုံးဝ ဂရုမစိုက်ချေ။ ထိုအစား သူက ဖုန်းထဲက အကြောင်းအရာကိုသာ စိုးရိမ်နေလေသည်။
“အန်တီလေး ကိုကိုချန်းချန်းတဲ့လား”
“ဟုတ်တယ်၊ သားရဲ့ ကိုကိုချန်းချန်းလေ”
ရှမြန်က ပြောလိုက်၏။ “သားပဲ မနေ့က သူ့ကို လွမ်းနေတယ်လို့ ပြောတယ် မဟုတ်လား။ သူက သားကို လာတွေ့တာတဲ့”
ရှောင်ဖုန်း၏မျက်လုံးများက လင်းလက်သွားလေသည်။
“ကိုကိုချန်းချန်း ဒီကိုရောက်နေတာလား”
မနေ့က ရှချွန်းကို အုတ်ဂူသွင်းပြီးနောက်တွင် ရှောင်ဖုန်းသည် တစ်ကိုယ်လုံး အားအင်ချိနဲ့သွားသည်အထိ အချိန်အကြာကြီး ငိုယိုခဲ့လေသည်။ သူက အလွန်မှ ငယ်ရွယ်သေးပြီး ထိခိုက်နိုင်သည်ကို စိုးရိမ်မိသည်။ ရှမြန်က နဥ်ရှောက်ယွင်ကို ဖုန်းခေါ်ခဲ့လေသည်။
သူမက ကလေး(၂)ယောက်ကို ခဏလောက်စကားပြောခွင့် ပေးထားလိုက်သည်။ သို့သော်ငြားလည်း မျှော်လင့်မထားဘဲ ချန်းချန်းက ရောက်လာသည်။
ရှဦးကြီးက နောက်ဆုံးတော့ စဉ်းစားမိလိုက်သည်။
“ဘယ်သူလာတာ၊ ငါတို့တွေက သူတို့ကို ဘယ်လိုဧည့်ခံရမှာလဲ”
“ဒေါက်တာနဥ်ပါ”
ရှမြန်က ပြောလိုက်၏။ “မင်မြို့မှာ ကျွန်မတို့ကို အများကြီး အကူအညီပေးခဲ့တဲ့ ဒေါက်တာနဥ်လေ။ သူ့ကို အထူးတလည် ဧည့်ခံပေးစရာ မလိုပါဘူး။ သူ့မိသားစုက ချမ်းသာတယ်။ သူတို့မှာ အရာအားလုံး ရှိပြီးသားပဲ။ ကျွန်မတို့တွေက ကျွန်မတို့ရဲ့ဒေသထွက် အထူးပစ္စည်းတချို့ကိုပဲ ပြင်ဆင်ပေးဖို့လိုတာပါ”
ရှလိသည် ရှမြန်၏ အရှက်ခွဲခြင်းကို လက်ခံဖို့ရန် မလိုလားပေ။ အခုတော့ သူမသည် တိုက်ခိုက်ဖို့ရန် အခွင့်အရေးကို ရှာတွေ့သွားသယောင်ဖြင့်
“အခြေအနေ ကောင်းတယ်တဲ့လား။ သူတို့က ဘယ်လောက်အထိ ကောင်းနိုင်မှာ မို့လို့လဲ။ သူတို့မိသားစုက အစ်ကိုထောင်တို့လောက် ချမ်းသာနိုင်လို့လား”
ရှမြန်သည် ဒီလိုအဆင့်နိမ့်သည်လူများကို အာရုံစိုက်ဖို့ရန် အလွန်မှ ပျင်းရိလေသည်။ ရှချွမ်းက သူမ၏ လက်ထဲမှဖုန်းကို သိလိုစိတ်ဖြင့် စိုက်ကြည့်နေသည်ကို မြင်လိုက်သည်တွင် သူမက သူ့ကို ဖုန်း လှမ်းပေးလိုက်၏။
ချက်ချင်းဆိုသလို လူငယ်လေးအများအပြားက သိလိုစိတ်ဖြင့် ရှေ့သို့တက်လာကြသည်။ ရှချွမ်းက စိုးရိမ်တကြီး ပြောလိုက်၏။
“ဟေ့ ဟေ့ဟေ့ သတိထားနော်။ မိုဘိုင်းဖုန်းပျက်တစ်လုံးက ယွမ် ၁သောင်းထက် ပိုတန်တယ်။ ဒီတစ်ခုက ပိုပြီးတော့တောင် စျေးကြီးလိမ့်အုံးမယ်”
သူသည် ပြောရင်းဆိုရင်းဖြင့် လည်ပင်းများကို ဆန့်တန်းကာ ဒီဘက်သို့ လှမ်းကြည့်နေကြသည့် ဝမ်ထောင်နှင့် ဝမ်ကျစ်ကန်းတို့ကို ကြည့်လိုက်လေသည်။
“ဟေ့ ဘော့စ်(၂)ယောက် ခင်ဗျားတို့မှာရော ရှိလား။ ဒါက ဘယ်လောက်တန်လဲဆိုတာ ခင်ဗျားတို့သိလား”
ရှမြန်သည် ရှောင်ဖုန်းကိုချီကာ ဖြတ်လျှောက်သွားရင်း တည်တည်ငြိမ်ငြိမ် ပြောလိုက်လေသည်။
“ဝမ်ထောင်ကို သူ့ဖုန်းနံပါတ် ငါတို့ကို ပေးဖို့ တောင်းထားလိုက်ပါဦး။ ငါတို့တွေ ဆက်သွယ်လို့ ရ၊မရ ကြည့်ကြတာပေါ့။ နောက်ဆုံး လူချမ်းသာတစ်ယောက်ရဲ့ဖုန်းက ရက်အကြာကြီး ဖုန်းမမြည်ဘဲ ဘယ်လိုလုပ်ပြီးနေမှာလဲ။ ဒါက ဟန်ပြသက်သက်ပဲလို့တော့ မပြောနဲ့ပေါ့”
၀မ်ထောင်၏မျက်နှာသည် ရုတ်တရက်ဆိုသလိုပင် အသည်း၏အရောင်အဝါ ပြောင်းလဲသွားတော့သည်။ ရှလိက ဒေါသတကြီး ပြောလိုက်၏။
“နင်က လူလိမ်တစ်ယောက်ပဲ၊ ငါတို့ရဲ့အစ်ကိုထောင်မှာ သူ့ဖုန်းကို ဖုန်းအားသွင်းဖို့ အချိန်မရတာပါ။ မင်ရှီစီရင်စုမှာလည်း စာတိုက်က မရှိဘူးလေ”
ရှလိသည် သူမက အစ်ကိုကြီးနှင့် မယှဉ်နိုင်သည်ကို သိလေသည်။ ထို့ကြောင့် သူမက ချက်ချင်းဆိုသလို စကားလမ်းကြောင်း လွှဲလိုက်၏။
“ငါတို့ရဲ့အစ်ကိုထောင်မှာ ကားတစ်စီးရှိတယ်လေ။ နင့်ရဲ့ မဖြစ်စလောက်ဆရာဝန်မှာ ကားရှိလို့လား”
“ဟုတ်တယ် ငါ့ရဲ့မဖြစ်စလောက်ဆရာဝန်ကပဲ ဒီဆဲလ်ဖုန်းကို ငါ့ကို ပေးထားတာလေ။ နင့်ရဲ့အစ်ကိုထောင်က နင့်ကို မိုဘိုင်းဖုန်းကြီးတစ်လုံး ပေးချင်လို့လား”
ရှမြန်က ပြန်ချေပလိုက်သည်။
ရှလိသည် စူပုတ်နေသည့် မျက်နှာထားတစ်ခုဖြင့် နှုတ်ဆိတ်ကာ နေနေသည့်ဝမ်ထောင်ကို ချက်ချင်းကြည့်လိုက်လေသည်။
ရှမြန်က မျက်နှာမဲ့ပြလိုက်၏။ ဒီလိုလူတစ်အုပ်ရှေ့မှာ ခပ်မိုက်မိုက်လေး လုပ်ပြနေတာက သူ့အတွက် အရူးတစ်ယောက်လိုပဲ။ သူမမှာ တစ်ခါမှအောင်မြင်မှုကို မခံစားခဲ့ရဘူး။
အပြင်သို့ လျှောက်ကာထွက်သွားပြီးနောက်တွင် ရှ၀မ်ယွဲ့သည် အနည်းငယ် မျက်မှောင်ကြုတ်ထားလိုက်ပြီး ရှမြန်ကို လေသံတိုးတိုးဖြင့် မေးလိုက်လေသည်။
“မြန့်မြန် ဒါက ဒေါက်တာနဥ် ပေးထားတာလား”
“မဟုတ်ပါဘူး။ ကျွန်မ သူတို့ကို လိမ်လိုက်တာ”ရှမြန်က သူတို့ကို ပြုံးပြလိုက်သည်။ “ဒေါက်တာနဥ်က ကျွန်မတို့တွေ အဆက်အသွယ်လုပ်လို့ရအောင် ကျွန်မကို ငှားပေးထားတာပါ”
ရှ၀မ်ယွဲ့က ပြောလိုက်သည်။ “အကြောင်းအရင်း မရှိဘဲနဲ့ လူတစ်ယောက်ရဲ့ တန်ဖိုးရှိတဲ့ပစ္စည်းကို ယူထားရတာက မကောင်းပါဘူး။ အခွင့်အရေးတစ်ခုရှာပြီးတော့ ဖုန်းကို ပြန်ပေးလိုက်နော်”
ရှဦးကြီးကလည်း ထောက်ခံလေသည်။
“နင့်အဒေါ်(၂) ပြောတာဟုတ်တယ်။ နင်က ငယ်သေးတယ်လေ ဒီတော့ နင့်ရဲ့ရှဦးလေး(၂)ဆီကနေ မကောင်းတာတွေ မသင်ယူနဲ့။ ချမ်းသာတာကပဲ ကောင်းတယ်ဆိုပြီးတော့လည်း မဟုတ်ပါဘူးလေ...“
“နားလည်ပါတယ်။ ကျွန်မ နားလည်ပါတယ် စိတ်မပူပါနဲ့”
ရှမြန်သည် သူမ၏ရင်ထဲတွင် နွေးထွေးသွားသလို ခံစားလိုက်ရလေသည်။ ထိုမနိုင်စိန်နှစ်ယောက်ဖြစ်သည့် ရှအဘွားနှင့် ရှဦးလေး(၂)ကြောင့်သာ မဟုတ်လျှင် ရှမိသားစုသည် အလွန်မှ ဖြောင့်မတ်မှန်ကန်သည့် မိသားစုတစ်ခု ဖြစ်ပေလိမ့်မည်။
သူတို့က အတွေးလွန်နေမည်ဆိုသဖြင့် ရှမြန်က ရှင်းပြလိုက်၏။
“ကျွန်မက ဒေါက်တာနဥ်ရဲ့တူလေးကို ကယ်တင်ပေးခဲ့လို့ သူတို့တွေက ကျွန်မကို ကျေးဇူးပြန်ဆပ်တဲ့ သဘောပါပဲ။ ဒေါ်ကြီးတို့ ခဏနေ သူတို့နဲ့တွေ့တဲ့အခါကျရင် သိပါလိမ့်မယ်”
ရှ၀မ်ယွဲ့နှင့် ရှဦးကြီးတို့သည် ထိုစကားကို ကြားလိုက်ပြီးနောက်တွင် ဘာမှထပ်မပြောကြတော့ချေ။ ဧည့်သည်ကို လူကိုယ်တိုင်အရင်ဆုံး တွေ့ဆုံရမည်ဟု ဆုံးဖြတ်လိုက်ကြသည်။ ဒေါ်ကြီးက ရှဟိုင်နှင့် ရှဟယ်ကို ပြန်သွားခိုင်းပြီး ဧည့်သည်များကို ဧည့်ခံဖို့ရန် ပြင်ဆင်ခိုင်းလိုက်လေသည်။
ဒီနေရာငယ်လေးက လူများသည် ပွဲကြည့်ရသည်ကို ကြိုက်နှစ်သက်သော်ငြားလည်း သူတို့သည် သူတို့၏ အိမ်နီးချင်းများမှ အလည်အပတ် ရောက်လာသောလူတိုင်းကိုတော့ စိတ်မဝင်စားကြချေ။
သို့သော်ငြားလည်း ဝမ်ထောင်နှင့် ဝမ်ကျစ်ကန်းတို့နှင့် နှိုင်းယှဉ်ပြီး အငြင်းပွားဖွယ်ရာ ဖြစ်နေသောကြောင့် သူတို့၏သိလိုစိတ်များမှာ မြင့်တက်နေကြပြီး သူတို့အားလုံးကလည်း ရှမြန်နောက်မှ တံခါးအထိလိုက်လာကြကာ လုပ်စရာလည်း မရှိသည့်အချိန်တွင် လူများကို စောင့်ဆိုင်းနေလိုက်ကြလေသည်။
ရှမြန်မှာ အနည်းငယ် ကူကယ်ရာမဲ့သလို ဖြစ်သွားတော့သည်။
“ဦးကြီးနဲ့ ဒေါ်ကြီး သူတို့တွေက အလုပ်မရှိကြဘူးလား”
ရှလိသည် ဂနာမငြိမ်ဘဲ သူမနောက်မှ လိုက်လာလေသည်။
“ဘာဖြစ်လို့လဲ နင့်ရဲ့ ဒေါက်တာနဥ်ဆိုတဲ့သူကို ပြရမှာ အရမ်းရှက်စရာကောင်းနေလို့လား။ ဒါမှမဟုတ် နင် ခုနတုန်းက လိမ်ခဲ့တာလား။ လိမ်ထားတာပေါ်သွားမှာ ကြောက်နေတာလား”
“ဒါက နင့်အတွက် ဘယ်လိုဆဲလ်ဖုန်းမျိုး ဖြစ်နိုင်မှာလဲ။ ဒါက အဓိပ္ပာယ်ကို မရှိဘူးလေ ဟုတ်တယ်မလား”
ရှလိသည် တစ်ခုခုကို အတည်ပြုရန် စိုးရိမ်နေလေသည်။ သူမက ဝမ်ထောင်၏ လက်ကို လှမ်းဆွဲလိုက်ကာ ပြောလိုက်သည်။
“အစ်ကိုထောင် သူ ကျွန်မတို့ကို ရွှီးလုံးထုတ်နေတာပဲ ဖြစ်ရမယ်”
“ဒီနေရာမှာ နေပြီး သူ့ကိုစောင့်ကြည့်ရအောင်”
ရှလိက သရော်လိုက်လေသည်။
“သူက အစ်ကိုထောင်နဲ့ အစ်ကိုကျစ်ကန်းတို့ထက် ပိုချမ်းသာတဲ့လူကို သိမယ်လို့ ကျွန်မတော့ မယုံပါဘူး။ သူက မျက်နှာဆယ်ချင်လို့ ဟန်ဆောင်နေတာပဲဖြစ်ရမယ်”
၀မ်ထောင်သည် နောက်ဆုံးတော့ စိတ်အေးသလို ခံစားလိုက်ရ၏။ ဝမ်ကျစ်ကန်းကလည်း ရှလိ ပြောလိုက်သည့်စကားက အဓိပ္ပာယ်ရှိသည်ဟု ခံစားရလေသည်။ သူက လှောင်ပြောင်လိုက်လေသည်။
“ဆရာဝန်တစ်ယောက်ဆိုတာ တစ်လကိုမှ ယွမ်၁ထောင်ကျော်လေးပဲ ရှာနိုင်တာပါ။ မင်းတို့ရဲ့မင်ရှီစီရင်စုမှာတော့ လူချမ်းသာတစ်ယောက်လို့ မှတ်ယူလို့ရနိုင်ပါတယ်။ ဒါပေမဲ့ ငါတို့အတွက်ကတော့ ဒါကမလောက်သေးဘူးလေ”
သူတို့နှစ်ယောက်သည် သူတို့၏ဂုဏ်သတင်းနှင့်ပတ်သက်ပြီး အင်မတန်မှ စိုးရိမ်နေကြလေသည်။ သူတို့သည် မကြာသေးမီက ပရောဂျက် တစ်ခုမှ ငွေတချို့ရှာနိုင်ခဲ့ပြီး ရှလိလို မိန်းကလေးတစ်ယောက်ကို မြှောက်ပင့်ကာ ပြောဆိုနိုင်လေသည်။ သို့သော်ငြားလည်း ရှမြန်လို မိန်းမငယ်လေးတစ်ယောက်၏ အထင်အမြင်သေးခံရခြင်းကို မည်သို့လက်ခံနိုင်ပါမည်နည်း။
ဝမ်ကျစ်ကန်းက ဆရာဝန် ရောက်လာချိန်တွင် သူက ဒီတောသားများကို ဆုံးမဖို့ရန် အရှက်ခွဲရလိမ့်မည်ဟု ဝမ်ထောင်ကို မျက်ရိပ်မျက်ကဲပြကာ ပြောလိုက်လေသည်။
ဝမ်ကျစ်ကန်းက သူ၏ကားသော့ကို ဝှေ့ယမ်းလိုက်ပြီး ဒီနေ့သူ့မောင်းလာခဲ့သည့် ဆန်တာနာကို မှီထားလိုက်ကာ သူ့ပတ်ဝန်းကျင်က လူများ၏ သူ့အပေါ် ခိုးပြီးကြည့်နေကြသည်ကို ခံယူနေလေသည်။ သူက စိတ်ထဲတွင်တော့ သရော်ကာပြောလိုက်လေသည်။
“ရှမြန် မင်းတော့ ခဏနေ နောင်တရတော့မှာပဲ”
သူတို့သည် ထိုအကြောင်းကို စဉ်းစားနေစဉ်မှာပင် ကားတစ်စီးသည် အဝေးမှနေ၍ မြင်ကွင်းထဲသို့ ရောက်လာလေသည်။ အားလုံး၏မျက်လုံးများက နောက်ဆုံးတော့ ဆန်တာနာဆီမှ အကြည့်ရွှေ့ပြောင်းလိုက်ကြပြီး ရောက်လာသည့်ကားကို ကြည့်လိုက်ကြလေသည်။
မင်ရှီစီရင်စုတွင် အမှန်ပင် ကားငယ်လေးများက လက်ချိုးရေလို့ရပေသည်။ ဆန်တာနာတစ်စီးသည် လူများကို အားကျအောင် ပြုလုပ်ဖို့ရန် လုံလောက်သော်ငြားလည်း လာနေသည့်ကားက ဆန်တာနာထက် အများကြီးပိုပြီး ကြီးနေလေသည်။
ဝမ်ကျစ်ကန်းသည် ချက်ချင်းဆိုသလို အော်ပြောလိုက်တော့သည်။
“သောက်ကျိုးနည်း ဒါက တကယ်ကို မာစီဒီးဘန့်စ်ပဲဟ”
အားလုံး၏မျက်လုံးများက တောက်ပသွားသည်ကို မြင်လိုက်သည်တွင် ဝမ်ကျစ်ကန်းသည် သူ၏အသိပညာကို ဂုဏ်ယူ၀င့်ကြွားစွာ ချက်ချင်း ထုတ်ပြတော့သည်။
“ဒါက နိုင်ငံခြားကနေ တင်သွင်းလာတဲ့ကားလေ။ ဒါက ယွမ်သန်းချီအောင် ကုန်တယ်”
“အမှန်ပဲ” ၀မ်ထောင်ကလည်း ရှလိကို ရှင်းပြနေသယောင်ဖြင့် ပြောလိုက်၏။
“ဒီကားကို ဝယ်ဖို့ဆိုရင် အရမ်းကိုကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခု ရှိဖို့လိုတယ်။ မနှစ်တုန်းက ငါတို့တွေ လေလံသွားခဲ့ကြသေးတယ်လေ။ ယန်မြို့က လူကြီးမင်းလျိုက ဒီလိုကားတစ်စီးကို မောင်းလာခဲ့တာပေါ့”
ဝမ်ကျစ်ကန်းသည် စီးကရက်တစ်လိပ်ကို မီးညှိလိုက်ကာ ပြိုင်ဘက်ကင်းသည့် အပြုအမူတစ်ခုဖြင့် ပြောလိုက်လေသည်။
“ထန်ဖေးက လူကြီးမင်းလျိုကို ပြောတာလား။ ငါ သူ့ကို ကောင်းကောင်းသိသားပဲ။ ငါ သူနဲ့ သဘောတူညီမှုတစ်ခုတောင် လုပ်ထားပြီးပြီလေ။ သူက နောက်တစ်နှစ် ငါတို့ရဲ့ ပရောဂျက် ပြီးသွားရင် ငါတို့အတွက် တစ်ခုကိုဆောက်ပေးမယ်တဲ့”
သူက ဆန်တာနာအဟောင်းကြီးကို ပုတ်လိုက်ကာ ပြောလိုက်လေသည်။
“ဒီဟာကတော့ မင်းအတွက်ပဲ လိလိရေ”
“တကယ်လား”
ရှလိသည် အလွန်မှဝမ်းသာသွားပြီး ထခုန်မတတ် ဖြစ်သွားလေသည်။
“အစ်ကိုထောင်၊ အစ်ကိုကျစ်ကန်း သူတို့တွေက တကယ် သဘောကောင်းတာပဲ”
...