← Chapters

အပိုင်း(၅၀)

Vol. 4 Ch. 50

အပိုင်း(၅၀)

Vol. 4 Ch. 50

၀မ်ကျစ်ကမ်းက ရှမြန်ဘက်သို့ လှမ်းကြည့်လိုက်ပြီး သူမ၏နောင်တရနေသည့် အမူအရာကို စောင့်ကြည့်နေလိုက်သည်။

သို့သော်ငြားလည်း တစ်ဖက်လူကတော့ သူ့ဘက်သို့ပင် ခေါင်းမလှည့်ချေ။ မာစီးဒီးဘန့်စ်ကားကိုသာ စိုက်ကြည့်နေသည်။ ၀မ်ကျစ်ကမ်းက သရော်ကာပြောလိုက်၏။

“တချို့လူတွေက တကယ်ရည်မှန်းချက်ကြီးတာပဲ။ မာစီးဒီးဘန့်စ် ကားမောင်းတဲ့ သူဋ္ဌေးကြီးက မိန်းမယူမယ်ဆိုရင်တောင် သူက ကောလိပ်ကျောင်းသူ တစ်ယောက်ကိုပဲ လက်ထပ်မှာပေါ့”

ရှမြန်သည် ထိုဆူညံသံကို အမှန်တကယ်ပင် မုန်းတီးလှသဖြင့် သူမက ရှလိဘက်သို့ လှည့်ကာ တိုက်ရိုက်ပြောလိုက်တော့သည်။

“နင် ကြားတယ်နော်၊ ကောလိပ်ကျောင်းသူတွေက မာစီးဒီးဘန့်စ်ကားမောင်းတဲ့ သူဋ္ဌေးကြီးတွေနဲ့ လက်ထပ်နိုင်တယ်တဲ့။ ဒါပေမဲ့ နင့်လို အလုပ်လုပ်နေတဲ့ မိန်းကလေးတစ်ယောက်ကတော့ Second...Hand ဆန်တာနာကိုပဲ ဝယ်နိုင်တဲ့ ကန်ထရိုက်တာလေးတစ်ယောက်ကိုပဲ လက်ထပ်ဖို့တန်ပြီး ဒါကိုပဲ ကျေနပ်ရောင့်ရဲရဦးမယ်လေ”

၀မ်ကျစ်ကမ်းက နင်သွားတော့သည်။ သူက တစ်ခုခု ပြန်ပြောမည်ဟု ပြင်လိုက်စဉ်တွင် မာစီးဒီးဘန့်စ်ကားသည် အားလုံး၏ရှေ့တွင် ရုတ်တရက် ရပ်တန့်သွားလေသည်။

သူက ဒီအချိန်တွင် ရှမြန်နှင့် စကားပြိုင်ပြောဖို့ စိတ်မ၀င်စားတော့ချေ။ သူ့လက်(၂)ဖက်ကို ပွတ်သပ်ကာ မေးလိုက်လေသည်။

“သူဋ္ဌေး လမ်းမေးချင်လို့လား”

၀မ်ထောင်ကလည်း သူ့နောက်မှ လိုက်လာပြီး လိမ်ပြောလေသည်။

“ကျွန်တော်တို့တတွေက ဒီနေရာနဲ့ ရင်းနှီးပါတယ်။ ဘယ်သူ့ကို ရှာနေတာလဲ”

ရှမြန်...

အလို။ ရှလိက ဒီလိုအဆင့်အတန်း မရှိတဲ့သူနဲ့ပဲ တန်တာပဲ။

ဒီလူတွေကတော့ အရမ်းကို ရှက်လွန်းလို့ သူတို့ရဲ့ခြေထောက်နဲ့‌ မြေကြီးကိုတူးဆွပြီး ပုန်းချင်နေတော့မှာပဲ။ ဟုတ်တယ်မလား။

“တကယ်လို့ လမ်းမေးတာ မဟုတ်ဘူးဆိုရင်တော့ ကျေးဇူးပြုပြီး လမ်းဖယ်ပေးပါ” နူးညံ့ညင်သာလှသည့် ကားသံက အဝေးမှ ရောက်လာသည်။

၀မ်ကျစ်ကမ်းနှင့် ၀မ်ထောင်တို့သည် နောက်ထပ် စကားမပြောရဲကြတော့ချေ။ သူတို့က အောင့်သက်သက် အပြုံးများဖြင့် နောက်သို့ ပြန်ဆုတ်သွားသည်။ နောက်ဆုံးတော့ ကားထဲက ကားမောင်းသူ၏ မျက်နှာအစစ်အမှန်က ပေါ်လာလေသည်။

ချောမောလှသည့် လူငယ်လေးတစ်ယောက်သည် အဖြူရောင်တီရှပ်အင်္ကျီကိုသာ ပုံမှန်အတိုင်း ၀တ်ဆင်ထားပြီး သူ၏လက်မောင်းကို ကားပြတင်းပေါက်ပေါ်တွင် ပျင်းပျင်းရိရိ တင်ထားလေသည်။ လှုပ်ရှားမှုက ရိုးရှင်းပြီး သာမာန်ဆန်သော်ငြားလည်း အလွန်မှ လှပ‌‌နေရာ လူများက မျက်လုံးက မခွာနိုင်အောင် ဖြစ်သွားတော့သည်။

အထူးသဖြင့် ထိုလှပသည့်မက်မွန်ပွင့်ရောင် မျက်လုံးအစုံသည် အားလုံးကို ဝေ့ကြည့်လိုက်သည့်အချိန်တွင် သူတို့၏စိတ်ထဲ၌ စွဲမက်ဖွယ် ချစ်မြတ်နိုးမှုတစ်ခုနှင့် ပြည့်နှက်သွားသယောင်ပင်။

ရှလိသည် ထိုလူက သူမရှိရာဘက်သို့ ကြည့်လိုက်သည်ကို မြင်လိုက်သည့်အချိန်တွင် သူမ၏နှလုံးသားက ရင်ဘတ်ထဲက ခုန်ထွက်သွားတော့မလို ခံစားလိုက်ရ၏။

“မင်္ဂလာပါ မင်္ဂလာပါ...“

ထို့နောက်တွင်တော့ ထိုလူ ပြောလိုက်သည့်စကားကို ကြားလိုက်ရလေသည်။

“ကားကို ဘယ်နားမှာ ရပ်ရမှာလဲ”

“အယ်”

ရှလိသည် မင်းသားတစ်ယောက်နှင့်တူသည့် လူချောလေးက သူမကို စကားလာပြောလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။ သူမမှာ အလွန်ဝမ်းသာသွားသဖြင့် သူမ၏စိတ်တို့သည် မှင်တက် အံ့သြသွားတော့သည်။

သူမက ပြောရမည့်စကားလုံးများကို စီစဉ်နေတုန်းမှာပင် သူမ၏နောက်မှ ရှမြန်၏ရင်းနှီးနေသည့် လေသံတချို့ကို ကြားလိုက်ရလေသည်။

“လမ်းဘေးမှာပဲ ဒီအတိုင်း ရပ်ထားလိုက်ပါ”

“ရှင့်ကားက နည်းနည်းကြီးတယ်။ လမ်းကြားလေးနဲ့ ဆန့်မှာ မဟုတ်လောက်ဘူး”

၉၀ခုနှစ်များနှင့် ပတ်သက်ပြီး ကောင်းသည့်အရာတစ်ခုကို ပြောပါဆိုလျှင် ကားရပ်နားဖို့ရန် နေရာနှင့်ပတ်သက်ပြီး လုံးဝစိုးရိမ်ဖို့ရန် မရှိခြင်းပင်။ ထိုအရာက ပြဿနာတစ်ခုပင် မဟုတ်သေးချေ။

တစ်ဖက်လူက သူ၏အရိုးများ ထွက်နေသည့်လက်ဖျံကို ဆန့်ထုတ်လိုက်ပြီး အိုကေလက်ဟန်ကို ပြလိုက်သည်။

ကားသည် အားလုံး၏ မှင်တက်အံ့ဩနေသော အကြည့်များကြားတွင် တစ်ဖန်စက်နှိုးလိုက်လေသည်။ ကားနောက်ခန်းတံခါးက တဖြည်းဖြည်းအောက်သို့ ဆင်းလာပြီး တူညီသည့်သိမ်မွေ့လှပသည့် မျက်နှာနှစ်ခု ပေါ်လာသည်။

ကောင်ကလေးချန်းချန်းက ရှောင်ဖုန်းကို ဝမ်းသာအားရ လှမ်းနှုတ်ဆက်၏။

“ညီလေးရှောင်ဖုန်း”

ရှောင်ဖုန်းကလည်း ဝမ်းသာအားရဖြင့် လက်ဝှေ့ယမ်းပြသည်။ “ကိုကိုချန်းချန်း”

နဥ်ရှောက်ယွင်သည် သူမဘက်သို့ တန်းတန်းမတ်မတ် ကြည့်နေသည့် လူအုပ်ကြီးတစ်ခုကို မြင်လိုက်ရသည်။ သူမက ဘာမှမပြောလိုက်ဘဲ ရှမြန်ကိုသာ ခေါင်းညိတ်ပြလိုက်သည်။

ကားက နောက်ပြန်လိမ့်သွားပြီး ရှလိက မယုံမကြည်ဖြင့် မသဲမကွဲ ရေရွတ်လေသည်။

“ဒါ...ဒါမဖြစ်နိုင်တာ...“

ဝမ်ထောင်နှင့် ဝမ်ကျစ်ကမ်းတို့အတွက်ကတော့ သူတို့၏ထိတ်လန့်မှုများ ပြီးဆုံးသွားသည့်နောက်တွင် သူတို့၏အားကိုးရာ ပျောက်ဆုံးသွားသည်ကို သိလိုက်ရတော့သည်။ အားလုံး၏အာရုံက မာစီးဒီးဘန့်စ်သို့ ရောက်နေချိန်တွင် သူတို့သည် ရှက်ရှက်ဖြင့် ကားစက်နှိုးကာ မောင်းထွက်သွားတော့သည်။

သို့တိုင် လူပေါင်းများစွာက သရော်လှောင်ပြောင်ကာ ရယ်မောကြသေးသည်။ ရှချွမ်းက နောက်ဆုံးတော့ ဂုဏ်ယူရသလို ခံစားလိုက်မိ၏။

ရှမြန်က ရှောင်ဖုန်းကို ချပေးလိုက်ပြီး ရှောင်ဖုန်းက ကားကြီးဆီသို့ ပြေးသွားလိုက်လေသည်။

ရှမြန်က ရှလိကို နောက်ဆုံးအကြိမ်အဖြစ် ပြောလိုက်၏။

“သူက ဒေါက်တာနဉ်လေ၊ သူက ကောလိပ်ကျောင်းသားအပြင် ဒေါက်တာဘွဲ့ယူထားတဲ့ ကျောင်းသားတစ်ယောက်လည်း ဟုတ်တယ်။ သူက သူဋ္ဌေးတစ်ယောက်လည်း ဟုတ်တယ်။ ဆောက်လုပ်ရေးဆိုဒ်ကို ကိုယ်တိုင် သွားစရာမလိုဘဲနဲ့ ယွမ်သန်းနဲ့ချီအောင် ရှာနိုင်တယ်”

“ဒီတော့ စာသင်တာက အသုံးမ၀င်ဘူးလို့ ငါ့ကို လာမပြောနဲ့။ နင်က စာမလေ့လာခဲ့လို့သာ စာမတတ်တဲ့သူဋ္ဌေးတွေနဲ့ပဲတွေ့တာ”

“တကယ့်သူဋ္ဌေးတွေက ဆောက်လုပ်ရေးဆိုဒ်မှာ နေစားစရာ မလိုဘူး”

နဉ်ရှောက်ပိုင်၊ သူ့အစ်မနှင့် ချန်းချန်းတို့သည် ကားပေါ်မှ ဆင်းလာပြီဖြစ်သည်။ ရှမြန်က ရှလိ၏ ရှက်သွားသည့်မျက်နှာကို ကြည့်လိုက်ပြီး သူမကတော့ အကောင်းဆုံးလုပ်ခဲ့သည်ဟု ခံစားရလေသည်။ သူမ၏အနာဂတ်၊ လျှောက်ရမည့်လမ်းအတွက်ကတော့ သူမ၏ကိစ္စသာ ဖြစ်တော့သည်။

ရှောင်ဖုန်းက ကားဘေးနားတွင် ရပ်လိုက်ကာ မော့ကြည့်လိုက်ပြီး ချန်းချန်းကို စောင့်နေလေသည်။ ချန်းချန်းက ကားပေါ်မှ ခုန်ဆင်းလိုက်ပြီးနောက်တွင် သူက လူကြီးလေးတစ်ယောက်လို ရှောင်ဖုန်းကို ကြည့်လိုက်ပြီး ရှောင်ဖုန်း၏ခေါင်းလေးကို ထိကိုင်ပေးကာ ပြောလိုက်၏။

“ညီလေးရှောင်ဖုန်း ဘာဖြစ်လို့ အရမ်းပိန်သွားတာလဲ”

“ငါ့မေမေနဲ့ ငါက (၁၀)ရက်စာ ချောကလက်ကို ကြိုပြီးတော့ ယူလာတယ်လေ”ချန်းချန်းက ပြောရင်းဆိုရင်း ရှောင်ဖုန်း၏လက်ကို တွဲလိုက်လေသည်။

“ငါ... ခဏနေကျရင် အားလုံးကို ပေးမယ်နော်။ မင်း ဒါတွေ စားပြီးသွားရင် ၀မ်းနည်းတော့မှာ မဟုတ်ဘူး”

“အန်တီလေးကလည်း သားအတွက် ချောကလက်နဲ့ သကြားလုံးတွေ ၀ယ်ထားပေးတယ်။ အတူတူစားကြမယ်နော်”

“တကယ်လား”ချန်းချန်းသည် ရုတ်တရက် ၀မ်းသာသွားတော့သည်။

“နင်တို့(၂)ယောက် ပြီးခဲ့တုန်းက အကြောင်းတွေကို ပြောလို့ပြီးသွားပြီလား။ အဲဒါပြီးရင်တော့ သွားလို့ရပြီ”

ရှမြန်က သူတို့၏ခေါင်းသေးသေးလေးကို ထိကိုင်လိုက်ပြီး နဉ်ရှောက်ပိုင်နှင့် နဉ်ရှောက်ယွင်တို့ကို အိမ်သို့ အရင်ဆုံး ခေါ်ပြန်လာခဲ့သည်။

ရှချွမ်းက သူ့နောက်မှ လိုက်လာချင်နေကြသည့် လူအားလုံးကို ချက်ချင်းပြန်လွှတ်လိုက်တော့သည်။

“အိမ်မှာ ကိစ္စလေးတွေ ရှိသေးတယ်။ ဒီမှာထပ်ပြီးတော့ စည်ကားနေမှာ မဟုတ်တော့ဘူး။ အားလုံးပဲ မြန်မြန် ပြန်ကြတော့။ နေ့လယ်ခင်းတောင် ရောက်နေပြီလေ။ ခင်ဗျားတို့တွေ မချက်ပြုတ်ကြတော့ဘူးလား”

ခြံ၀င်းထဲက အရှုပ်အပွများကို မြင်လိုက်သည်တွင် ရှမြန်သည် ရုတ်တရက်ဆိုသလို ရှက်သွားတော့သည်။

နဉ်ရှောက်ပိုင်သည် ပြန့်ကျဲနေသည့်ကြက်‌မွှေးနှင့် သွေးစွန်းနေသည့် ကတ်ကြေးကို မြင်လိုက်ချိန်တွင် ဇဝေဇဝါဖြင့် မေးလိုက်၏။

“အခုလေးတင်ပဲ ရန်ပွဲပြီးသွားတာလား။ ဪ မှားလို့။ လေ့ကျင့်ခန်း လုပ်ပြီးသွားတာလား”

ရှမြန်...

သူက တစ်ရက်လေး အကျင့်မယုတ်လိုက်ရရင် သေသွားမှာ မလို့လား။

ရှ၀မ်ယွဲ့က နောက်မှနေ၍ တိတ်တိတ်လေး လိုက်လာသည်။ သူမသည် ထိုစကားကို ကြားလိုက်ရချိန်တွင် အနည်းငယ် ရှက်ရွံ့သလို ခံစားလိုက်ရပြီး ပစ္စည်းများကို မြန်မြန်သိမ်းဆည်းလိုက်လေသည်။

ယခုအချိန်တွင်တော့ နဉ်ရှောက်ပိုင် ရှက်ရမည့်အလှည့် ဖြစ်သွားတော့သည်။ ရှမြန်က သူ့ကို မျက်စောင်းထိုးပြလိုက်ပြီး ရှ၀မ်ယွဲ့ကို မြန်မြန်လှမ်းဆွဲလိုက်၏။

“အဒေါ်(၂) လုပ်မနေပါနဲ့တော့ သူ‌တို့တွေက အပြင်လူ မဟုတ်ပါဘူး”

နဉ်ရှောက်ယွင်ကလည်း လေသံပျော့ပျော့ဖြင့် ပြောလိုက်၏။

“မင်္ဂလာပါ အဒေါ်(၂)။ အဒေါ်တို့ကို လာနှောင့်ယှက်ရတဲ့အတွက် အားနာပါတယ်။ ကျွန်မတို့တွေက ရှမြန်နဲ့ ရင်းနှီးကြပါတယ်။ ဒီတော့ ကျွန်မတို့တွေက စကားပြောရင် အရမ်းကို ပုံမှန်ဆန်တယ်လေ။ စိတ်ထဲမထားပါနဲ့ရှင်”

ရှ၀မ်ယွဲ့က စိုးရိမ်တကြီးဖြင့် သူမ၏လက်ကို ပွတ်သပ်လိုက်ကာ ပြောလိုက်သည်။

“စိတ်ထဲ မထားပါဘူး၊ စိတ်မရှိပါဘူး။ ၀င်လာပြီးထိုင်ကြပါဦး”

ကံအားလျော်စွာ အိမ်ကတော့ သန့်ရှင်းနေလေသည်။

သို့သော်ငြားလည်း သူတို့သည် ဒီနေရာတွင် အချိန်အကြာကြီး မထိုင်ခဲ့ကြချေ။ သူတို့က ဤနေရာနှင့် ရင်းနှီးနေအောင် တစ်ချက်လောက် ကြည့်ပြီးလိုက်သည့်နောက်တွင် ရှဦးကြီး၏အိမ်သို့ သွားလိုက်ကြလေသည်။

နောက်ဆုံး ဒီနေရာတွင် ဘာမှမရှိသလို လူကြီးများကလည်း ဟိုဘက်အိမ်တွင်သာ ရှိလေသည်။

ချန်းချန်းသည် ရှောင်ဖုန်း၏ မိတ်ဆက်ပေးခြင်းမှတစ်ဆင့် ချန်ချန်နှင့် တွေ့နေပြီဖြစ်သည်။ ချန်ချန်သည် အလွန်မှပွင့်လင်းပြီး ကလေး(၃)ယောက်မှာ မကြာခင်အတူတူ စတင်ကစားနေကြလေသည်။

ချန်းချန်းက ရှောင်ဖုန်းကို နဉ်ရှောက်ယွင်ထံသို့ ခေါ်လာပြီး ပြောလိုက်၏။

“‌မေမေ.. သား ရှောင်ဖုန်းနဲ့ ချန်ချန်တို့နဲ့တူတူ အပြင်မှာ‌ သွားဆော့မလို့”

နဉ်ရှောက်ယွင်က ပြုံးကာပြောလိုက်၏။

“သွားကြလေ ညီလေးရှောင်ဖုန်းကို ဂရုစိုက်နော်”

ရှမြန်သည် ရှောင်ဖုန်း၏ ကျောပြင်လေးကို ကြည့်ပြီး နောက်ဆုံးတော့ စိတ်အေးသွားကာ သက်ပြင်းချမိလေသည်။ သူမက နဉ်ရှောက်ယွင်ကို ပြောလိုက်၏။

“ကျေးဇူးအများကြီးတင်ပါတယ်၊ ရှောင်ဖုန်းက ဒီရက်ပိုင်းအတွင်းမှာ ပျော်နေတာတွေ ရပ်သွားတယ်လေ။ သူ ချန်းချန်းကို တွေ့လိုက်ရတော့ အရမ်းပျော်နေတာပဲ”

နဉ်ရှောက်ယွင်သည် ရှောင်ဖုန်းကို တွေ့လိုက်ရသည့်အချိန်တွင် အနည်းငယ် စိတ်မကောင်း ဖြစ်ရလေသည်။

“ကလေးမှာ အသားလေးတွေ ပြည့်လာဖို့ကို နင့်မှာ အများကြီး ကြိုးစားလိုက်ရတာ။ အခုတော့ ကြည့်ရတာ အများကြီး ပိန်သွားတဲ့ပုံပဲ”

“ဒီက ကိစ္စတွေ ပြီးသွားပါပြီ။ အနာဂတ်မှာ အခြေချပြီးသွားတာနဲ့ အဆင်ပြေသွားပါလိမ့်မယ်”

ရှမြန်က ခေါင်းညိတ်ပြလိုက်သည်။ “အစ်မ ဒီနေရာကို ရောက်နေပြီဆိုတော့ အစ်မနဉ် ကျွန်မ အစ်မကို အကူညီတောင်းစရာရှိတယ်”

နဉ်ရှောက်ပိုင်နှင့် တခြားသူများရောက်လာခြင်းက ရှမြန်အတွက် ကောင်းသည့်ကိစ္စဖြစ်လေသည်။ သူမက ယန်မြို့သို့သွားမည့်အကြောင်းကိုလူကြီးများကို ပြောပြမည့်ဆဲဆဲအချိန်ဖြစ်သည်။

သူမသည် ထွက်သွားဖို့ရန် ဆုံးဖြတ်ချက် ချထားပြီးဖြစ်သော်ငြားလည်း လူကြီးများကို စိတ်ချရအောင် လုပ်နိုင်လျှင် အကောင်းဆုံးဖြစ်လိမ့်မည်။ နဉ်မောင်နှမက သူမအတွက် အာမခံပေးလာလျှင် ပိုပြီးတော့ ယုံကြည်လာလိမ့်မည်။

...

All Chapters