← Chapters

အပိုင်း(၅၄)

Vol. 4 Ch. 54

အပိုင်း(၅၄)

Vol. 4 Ch. 54

မှောင်လာချိန်တွင် ကား(၂)စီးသည် လမ်းကြားလေးတစ်ခုထဲတွင် ရပ်လိုက်လေသည်။ ရှမြန်က ရှောင်ဖုန်းကို လက်ပေါ်တွင် ချီထားပြီး သူမရှေ့က ပြဒါးနီရောင်ခြံဝင်းတံခါးကို မော့ကြည့်လိုက်၏။ သူမက မသဲမကွဲ ပြောလိုက်လေသည်။

“အစ်မနဥ် ဒါက အစ်မပြောနေတဲ့ ဟောင်းနွမ်းနေတဲ့ ခြံဝင်းငယ်လေးဆိုတာလား”

နဥ်ရှောက်ယွင်က တခစ်ခစ် ရယ်လိုက်သည်။

“ဒါတွေအားလုံးက အိုဟောင်းနေတဲ့ ခြံဝင်းတွေပါပဲ။ သူတို့တွေကို အခုမှပြန်ပြီး ပြင်ဆင်ထားတာ။ နောက်ပြီးတော့ ငါ့ခြံဝင်းကလည်း အရမ်းကြီး မကြီးပါဘူး။ ဝင်ပေါက်(၂)ခုပဲရှိတာ”

“ဒါက ငါ အသက်ဆယ်နှစ်တုန်းက မွေးနေ့လက်ဆောင်လေ”

သူမက အနီးအနားက ခြံဝင်းတစ်ခုကို ညွှန်ပြလိုက်ပြီး ပြောလိုက်လေသည်။

“အဲတစ်ခုကတော့ ရှောက်ပိုင်ရဲ့ဟာ။ အဲ့ဒါကတော့ ဝင်ပေါက်၃ခုပါတယ်”

ရှမြန်သည် ရုတ်တရက် နဥ်ရှောက်ပိုင်ကို ကြည့်လိုက်မိသည်။ သူက တကယ့်ကိုအနာဂတ်ရဲ့ သူဌေးကြီးတစ်ယောက်ပဲ။ သူက ဒီလောက်အစောကြီး ခြံဝင်း၃ခုပါတဲ့ အိမ်တစ်လုံးကို ပိုင်ဆိုင်ထားပြီးပြီတဲ့”

နဥ်ရှောက်ပိုင်သည် ရှမြန် သူ့ကို ကြည့်နေသည့်အကြည့်က အသားပေါက်စီကို မြင်လိုက်ရသည့် ခွေးတစ်ကောင်လို့ ခံစားရလေရာ တော်တော်လေးကို ကြက်သီးထဖွယ် ဖြစ်နေတော့သည်။

ရှမြန်က ကြယ်ရောင်လို လင်းလက်နေသည့် မျက်လုံးများဖြင့် မေးလိုက်၏။

“ရှင့်မှာ ဒီလိုခြံဝင်းတွေ အများကြီးရှိတာလား”

နဉ်ရှောက်ယွင်က အော်ရယ်လိုက်၏။

“မဟုတ်ပါဘူး နဥ်မိသားစုရဲ့ဘိုးဘေးတွေ အားလုံးက ဒီမှာနေခဲ့တာလေ။ ခွဲထွက်သွားတဲ့ မိသားစုတွေကတော့ အနီးအနားမှာ နေခဲ့ကြတယ်။ သူတို့ထဲက တချို့ကိုတော့ ပြီးခဲ့တဲ့နှစ်တုန်းက ရောင်းလိုက်ကြတယ်လေ။ ဒါပေမဲ့ ငါ့အဖေကို ပေးထားတဲ့ ခြံဝင်း(၂)ခုကိုတော့ ငါ့အစ်မနဲ့ငါ့ကို တစ်ယောက်တစ်ခုစီ ပေးခဲ့တာ”

“ဝင်ပေါက်၃ခုပါတဲ့ခြံက တကယ်တမ်းကျတော့ ငါတို့ရဲ့ဘိုးဘွားအိမ်ပါပဲ”

နဥ်ရှောက်ယွင်က ပြောလိုက်သည်။ “ဒါပေမဲ့ အပန်းဖြေအိမ်ယာလိုဟာမျိုးတွေက ပိုပြီး ရေပန်းစားလာပြီး နေထိုင်ရတာလည်း ပိုပြီးသက်သောင့်သက်သာရှိတယ်လေ။ ဒါကြောင့်မလို့ ငါ့အဖေနဲ့ သူ့မိသားစုက လွန်ခဲ့တဲ့(၂)နှစ်တုန်းက အပန်းဖြေအိမ်ယာတစ်ခုကို ပြောင်းရွှေ့ခဲ့တာပေါ့”

နဥ်ရှောက်ယွင်သည် ရှမြန်၏ စိတ်အားထက်သန်နေသည့်ရုပ်ကို မြင်လိုက်ရချိန်တွင် မအော်ရယ်ဘဲ မနေနိုင်အောင် ဖြစ်သွားတော့သည်။

“နင်က ဒီလိုခြံဝင်းမျိုးကို ကြိုက်တာလား”

ရှမြန်သည် ကြက်ပေါက်လေးက ဆန်များကို တတောက်တောက် ထိုးဆိတ်နေသလို ခေါင်းညိတ်ပြလိုက်လေသည်။

“ကျွန်မ ဒါကို သဘောကျတယ်။ ကျွန်မ ဒါကို အရမ်းသဘောကျတယ်”

ဒါက စစ်ဟဲ့ယွမ်တစ်ခုလေ။ သူမရဲ့အရင်ဘဝမှာတောင် တစ်ခါမှ စိတ်မကူးကြည့်ရဲဘူးတဲ့ ခြံဝင်းတစ်ခုပေါ့။

သူမရဲ့ ကြိုတင်မှန်းဆထားတဲ့ အားကျစိတ်ကြောင့် သူမက စစ်ဟဲ့ယွမ်တစ်ခုကိုရဖို့ တစ်ခါမှ အိပ်မက် မမက်ရဲခဲ့ဘူးလေ။ သူမက မြို့ပြလုပ်မဲ့ရွာတွေထဲက အိမ်တစ်ချို့ကိုပဲ ဝယ်ယူပြီး အဲဒီအိမ်တွေကို ဖြိုချမှာပဲစောင့်ရမယ်လို့ စဉ်းစားထားခဲ့တာ။ ဒါပေမဲ့ ၁၉၉၀ခုနှစ်တွေမှာ စီးပွားရေးက စတင်ဖွံ့ဖြိုးစအချိန်မှာပဲ လူတွေက စစ်ဟဲ့ယွမ်တန်ဖိုးကို နားမလည်ကြဖြစ်နေလိမ့်မယ်လို့ သူမက ထင်မထားခဲ့ဘူးလေ။

စျေးနှုန်းကလည်း အဆောက်အအုံတစ်ခုထက်တောင် ပိုပြီးတော့ သက်သာနေသေးတယ်။ ဒီအခွင့်အရေးကို ဘယ်လိုလုပ်ပြီး လွဲချော်လို့ရမှာလဲ။

“ကျွန်မ ဒီလိုခြံဝင်းတစ်ခုကို ဝယ်ရလိမ့်မယ်” ရှမြန်သည် တဖန်အလေးပေး ပြောဆိုလေသည်။

“ကျွန်မ ဒီလိုခြံဝင်းမျိုး နောက်ထပ်နည်းနည်းလေးကို ထပ်ဝယ်နိုင်သေးတယ်”

ထို့နောက်တွင်တော့ သူမသည် သူမနောက်က တိတ်တိတ်လေး လိုက်လာခဲ့သည့် ရှဝမ်ယွဲ့ကို လှည့်ကြည့်လိုက်ကာ ပြောလိုက်လေသည်။

“အဒေါ်(၂) အဒေါ်(၂)တို့လည်း ဒီလိုခြံဝင်းတစ်ခုကို ဝယ်ထားသင့်တယ်။ ကျွန်မတို့တွေ ဘေးချင်းကပ်ရပ် နေလို့ရတာပေါ့”

ရှမြန်သည် စိတ်လှုပ်ရှားလာဆဲမှာပင် ရုတ်တရက်ဆိုသလို လှောင်ရယ်သည့် ရယ်သံတစ်ခုကို ကြားလိုက်ရ၏။

“မင်းက အရမ်းလောဘကြီးနေတာပဲ။ ဆင်တစ်ကောင်လုံးကို မျိုချချင်နေတယ်ပေါ့လေ။ မင်းက ဒီလိုတွေးရဲတယ်နော်”

ရှမြန်သည် ကိုယ်ကိုပြန်လှည့်လိုက်သည်တွင် မျက်နှာချင်းဆိုင် ခြံတံခါးတွင် ရပ်နေသည့် အမျိုးသမီးငယ်လေးတစ်ယောက်ကို တွေ့လိုက်ရသည်။ သူမသည် အသက်(၂၀) ဝန်းကျင်အရွယ်ဟု ထင်ရပြီး ပန်းပွင့်ပုံဂါဝန်ရှည်တစ်ထည်ကို ဝတ်ဆင်ထားကာ လှိုင်းအကြီးကောက်ထားသည့်ဆံပင်ကို သူမ၏ပခုံးပေါ်တွင် ချထားလေသည်။

မှိန်ပျပျကောင်းကင်က မျက်နှာအမူအရာကို မြင်ရဖို့ရန် ခက်ခဲနေသည်။ သို့သော်ငြားလည်း ဒီလိုပုံစံက တစ်နည်းနည်းဖြင့် ရင်းနှီးနေသည်ဟု ရှမြန်သည် ခံစားနေမိ၏။ သူမ၏ မျက်လုံးထောင့်ထဲတွင် နဥ်ရှောက်ယွင်ကို မြင်လိုက်ရချိန်တွင် ဒီလူက နဥ်ရှောက်ယွင်နှင့် အလွန်မှ ပုံစံချင်းဆင်တူနေသည့် အကြောင်းအရင်းကို ရုတ်တရက် သဘောပေါက်သွားတော့သည်။

နဥ်ရှောက်ယွင်က ရှားရှားပါးပါး မျက်မှောင်ကြုတ်ထားလိုက်ပြီး မသိမသာအေးစက်သည့် လေသံတစ်ခုဖြင့် ပြောလိုက်၏။

“ကျိုးချန်ချန်လား၊ နင်ဘာလို့ ဒီကိုရောက်နေတာလဲ”

ကျိုးချန်ချန်ဟု ခေါ်သည့် မိန်းကလေးက လျှောက်လာခဲ့ပြီး သူမ၏လှုပ်ရှားမှုကိုကြည့်ရုံဖြင့် သူမသည် လုံးဝ ကွာခြားသည်ကို သိသာနိုင်ပေသည်။ သို့သော်ငြားလည်း သူမသည် နဥ်ရှောက်ယွင်၏အပြုအမူကို တုပနေသည်မှာ ရှင်းလင်းလေသည်။ ဘဲရုပ်ဆိုးဟု ချဲ့ကားပြီး မပြောလိုသော်ငြားလည်း ဒါက တော်တော်လေးကို အဆင်မပြေချေ။

တစ်ဖက်လူက ပိုပြီးနီးကပ်လာသဖြင့် ရှမြန်သည် နောက်ဆုံးတော့ သူမ၏ရုပ်သွင်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရ၏။ သူမ၏ရုပ်သွင်ကို အမှတ်ပေးရမည်ဆိုလျှင် ၇မှတ်လောက်ရရှိနိုင်ပြီး မိတ်ကပ်ကို နည်းနည်း ထပ်ပေါင်းလိုက်လျှင် ၉မှတ်လောက်တော့ ရရှိနိုင်သည်။ သူမက အကျည်းတန်ပြီး ရန်လိုနေသည့် မျက်နှာထားတစ်ခုကို ပြသနေသဖြင့် ရှမြန်က သူမကို သုညအမှတ်ပေးဖို့ ဆုံးဖြတ်လိုက်သည်။

အမှတ်သုညရသွားသည့် မိန်းကလေးကျိုးချန်ချန်က လက်ပိုက်ထားလိုက်ပြီး ခမ်းနားကြော့ရှင်းချင် ဟန်ဆောင်ထားရင်း သူမက နဥ်ရှောက်ယွင်ဆီသို့ လျှောက်လာလေသည်။ သူမက ဂုဏ်ယူဝင့်ကြွားစွာ ပြုံးကာ ပြောလိုက်၏။

“အစ်ကိုရွှယ်ဝမ်က ငါ့ကို ဝယ်ပေးထားတဲ့ အိမ်ကို အသစ်ပြန်ပြင်ဖို့ နောက်ထပ်(၂)လလောက် အချိန်ယူရဦးမှာလေ။ အန်တီဟော်က ဒီခြံဝန်းရဲ့သော့ကို ငါ့ကို ပေးထားပြီးတော့ ဒီမှာ ခဏလောက် လာနေခိုင်းထားတာလေ”

“နင်တို့ကလည်း ဒီမှာလာနေလိမ့်မယ်လို့ ငါ ထင်တောင်မထားခဲ့ဘူး ရှောက်ယွင်”

“နင်ဘာဖြစ်လို့ ဟော်မိသားစုကို မပြန်သွားတာလဲ”

ကျိုးချန်ချန်က ပြောသည်။ “နင် အစ်ကိုရွှယ်ဝမ်ကို စောစောလေး ဖုန်းခေါ်သင့်တာပေါ့။ သူက အခုလေးတင်ပဲ ငါ့ကို ပစ္စည်းတွေ ရွှေ့ပေးသွားတာ။ တကယ်လို့ နင် ဖုန်းစောစော ခေါ်လာမယ်ဆိုရင် အစ်ကိုရွှယ်ဝမ်က နင့်ကို စောင့်နေလောက်တယ်။ နင် သူနဲ့တွေ့ရင်တောင် တွေ့နိုင်သေးတယ်”

ဒီလိုခွေးစကားပြောလိုက်သည်ကို ကြားလိုက်သည်တွင် ရှမြန်သည် မနေနိုင်တော့ဘဲ နဥ်ရှောက်ယွင်ကို မေးလိုက်တော့သည်။

“သူက ဘယ်သူလဲ၊ သူက မစ္စတာဟော်ရဲ့မယားငယ်လား”

ကျိုးချန်ချန်က မျက်မှောက်ကြုတ်သွား၏။

“နင်စကားကို ဘယ်လိုပြောနေတာလဲ။ ဘယ်သူက မယားငယ်လဲ”

နဥ်ရှောက်ယွင်၏ ခံစားချက်များက တည်ငြိမ်လာခဲ့သည်။ သူမသည် ကျိုးချန်ချန်ကို လုံးဝ ဂရုမစိုက်လိုပေ။ သူမက ရှမြန်ကို တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်၏။

“ဒီအတိုင်း မထင်မရှားလူတစ်ယောက်ပါ။ သူ့ကိုဂရုစိုက်မနေနဲ့။ သွားကြစို့”

သူမက မပြောချင်သည်ကို တွေ့လိုက်ရသဖြင့် ရှမြန်ကလည်း ဆက်မမေးတော့ပေ။ သို့သော်ငြားလည်း ကျိုးချန်ချန်သည် လက်လျှော့ဖို့ရန် ဆန္ဒမရှိသယောင်ဖြစ်နေပြီး အမှီလိုက်လာချင်ကာ တစ်ခုခု ပြောချင်လေသည်။

“နဥ်ရှောက်ယွင်...အား”

အော်သံတစ်ခုနှင့် တစ်ယောက်ယောက်က မြေကြီးပေါ်သို့ လဲကျသွားသည့်အသံ ဝုန်းခနဲ ကြားလိုက်ရလေသည်။ ရှမြန်က လှည့်ကြည့်လိုက်တော့ ဖရိုဖရဲနှင့် မှောက်လျက်မြေကြီးပေါ်သို့ လဲကျနေပြီး မျက်နှာက မြေကြီးပေါ်ကိုအပ်ထားသည့် ကျိုးချန်ချန်ကို တွေ့လိုက်ရ၏။ ရှမြန်က စဉ်းစားလိုက်၏။ ဒါဆိုရင်တော့သွားပြီ။ သုညအမှတ်က အနုတ်ပြတော့မှာပဲ။

နဥ်ရှောက်ပိုင်က သူမ ဘေးတွင်ရပ်ကာ သရော်လိုက်၏။

“မင်းက ဦးနှောက်မကောင်းသေးတာ မလုံလောက်သေးလို့ မင်းရဲ့ခန္ဓာကိုယ် အနေအထားကလည်း တော်တော်လေးကို ဆိုးဝါးလာတာပဲ။ မင်းရဲ့မျက်နှာက တော်တော်လေးကို ကြည့်ရတာ ရုပ်ဆိုးနေပြီ။ မင်း ဂရုစိုက်တာ ပိုကောင်းလိမ့်မယ်။ တကယ်လို့ မင်းလဲကျသွားပြီး ပတ်တီးစီးနေရရင် လူတွေကို ထပ်မမြင်ရဘဲနေလိမ့်မယ်နော်”

ရှမြန်:...

နှိုင်းယှဉ်ကြည့်လျှင် နဥ်ရှောက်ပိုင်၏ သူမအပေါ်ကြမ်းတမ်းမှုက ဘာမှမဟုတ်လေဘူးဟု ခံစားလိုက်ရလေသည်။ ဒီစကားလုံးတွေက ဘယ်လိုလုပ်ပြီး ကြားလို့ အရမ်းကောင်းနေပါလိမ့်။

ကျိုးချန်ချန်သည် ခပ်ကြမ်းကြမ်းလဲ ကျသွားသည်မှာ သိသာလေသည်။ သူမသည် ပြန်ထရပ်ဖို့အရေး အချိန်တော်တော်ယူလိုက်ရသည်။ သူမက သူမ၏နာကျင်နေသည့်နှာခေါင်းကို ထိကိုင်ထားလိုက်ပြီး နဥ်ရှောက်ပိုင်ကို မော့ကြည့်ကာ ပြောလိုက်၏။

“နဥ်ရှောက်ပိုင် နင် တမင်လုပ်လိုက်တာ”

နဥ်ရှောက်ပိုင်က တည်တည်ငြိမ်ငြိမ် ပြောသည်။

“ဟုတ်တယ်လေ၊ မင်းလည်း တမင်ရည်ရွယ်ချက်နဲ့ ဒီကိုလာခဲ့တာပဲ။ ငါက ဒါကို တမင်မလုပ်ဘူးဆိုရင် မမျှတဘဲနေတော့မှာပေါ့”

သူက သရော်ကာ ထပ်ပြောလိုက်သေး၏။

“ကျိုးချန်ချန် ငါ မင်းကို သတိပေးလိုက်မယ်။ ဒါက ဟော်မိသားစု မဟုတ်ဘူးနော်။ မင်းဒီနေရာမှာ လာပြီး စိတ်ကြီးဝင်ပြနေလို့မရဘူး။ ငါတို့နဥ်မိသားစုမှာ ဘယ်သူမှ မရှိတော့ဘူးလို့ မင်းက တကယ် ထင်နေတာလား”

ကျိုးချန်ချန်သည် နဥ်ရှောက်ပိုင်၏ အပြုအမူအပေါ် မျှော်လင့်ချက် တစ်စုံတရာမှ မထားရဲခဲ့ချေ။ သို့သော်ငြားလည်း သူမက လက်လျှော့ဖို့ရန်လည်း မလိုလားချေ။ သူမက အောက်နှုတ်ခမ်းကို ကိုက်ထားလိုက်ပြီး နဥ်ရှောက်ယွင်ကို ပြောလိုက်လေသည်။

“ဘာပဲဖြစ်ဖြစ်ပါ။ ငါကတော့ နင့်ကို ကျေးဇူးအရမ်းတင်ရဦးမယ်။ ဒေါက်တာလော့က နင်ဆွဲထားတဲ့ပန်းချီကားကို အရမ်းကြိုက်တယ်တဲ့။ အစ်ကိုရွှယ်ဝမ်ရဲ့ ပရောဂျက်ကို လက်ခံလိုက်ပြီ”

နဥ်ရှောက်ယွင်သည် ရုတ်တရက် ရပ်လိုက်ပြီး ကိုယ်ကိုလှည့်ကာ အခုလေးတင် ထရပ်လိုက်သည့် ကျိုးချန်ချန်၏ ခြေသလုံးကို ခပ်နာနာလေး ကန်ပစ်လိုက်တော့သည်။

နဥ်ရှောက်ယွင်သည် ထိပ်ချွန်လည်သာဖိနပ်ကို ဝတ်ဆင်ထားသည်။ သူမက အားအများကြီးသုံးခဲ့သဖြင့် ရှမြန်မှာ အမှတ်တမဲ့ မျက်လုံးများကို မှိတ်ထားလိုက်ပြီး “အ” ဟုပင် အသံတစ်ချက် ထွက်မိသွားတော့သည်။

“အား”

ကျိုးချန်ချန်သည် နာကျင်မှုကြောင့် အော်ဟစ်လိုက်၏။ သူမသည် နာကျင်မှုကြောင့် မူးနောက်သွားဟန်ပင်တူသည်။

ရှမြန်သည်လည်း နဥ်‌ရှောက်ပိုင်၏မျက်လုံးလေးက အံ့သြသည့်အရိပ်အယောင်ကို မြင်လိုက်ရ၏။ သိမ်မွေ့ပြီး စကားနည်းသည့် နဥ်ရှောက်ယွင်က ဒီကိစ္စကို သူမကိုယ်တိုင် အမှန်တကယ် လုပ်လိမ့်မည်ဟု မျှော်လင့်မထားခဲ့ခြင်းပင်။ ဒီမိန်းကလေးက နတ်ဘုရားနှင့်အားလုံးကို ဒေါသထွက်စေမည့် တစ်စုံတစ်ခုကို သေချာပေါက်လုပ်ခဲ့သည်မှာ သိသာလေသည်။

(၂)ယောက်သားက လက်ဖြင့်ခြေထောက်ကိုအုပ်ကာ ခုန်ထလာသည့် ကျိုးချန်ချန်ကို ကြည့်ရင်း စကားပြောလိုက်ကြ၏။

နဥ်ရှောက်ပိုင်က ရှမြန်ကို မေးလေသည်။

“မင်းဒီလို ခြံဝင်းမျိုးကို ကြိုက်တာလား”

ရှမြန်က အားတက်သရော ခေါင်းညိတ်ပြ၏။

“ကျွန်မ ဒါကို အရမ်းကြိုက်တယ်”

နဉ်ရှောက်ပိုင်က မျက်နှာချင်းဆိုင်က အိမ်တန်းကြီးကို လှမ်းကြည့်လိုက်ပြီး ကျိုးချန်ချန်ထွက်လာသည့် ခြံဝင်းအပါအဝင် သူက ထည့်ပြောလိုက်လေသည်။

“ဒါတွေအားလုံးကာ ဟော်မိသားစုကလေ။ မင်း ဘယ်တစ်ခုကို ကြိုက်လဲ”

ရှမြန်၏ မျက်လုံးများမှာ ဝိုင်းစက်သွားတော့သည်။

“ဟော်မိသားစုမှာ ဘာဖြစ်လို့ ဒီလိုခြံဝင်းမျိုးတွေ အများကြီး ရှိနေတာလဲ”

“အင်း အရင်တုန်းက ငါတို့မိသားစု(၂)ခုက ဘေးချင်းကပ်လျက် နေခဲ့ကြတာလေ။ ဒီတော့ ငါတို့တွေက မိတ်ဆွေဟောင်းတွေ ဆိုပါတော့”

နဥ်ရှောက်ပိုင်က သူမကို သူတို့၏ဆက်ဆံရေး၏ မူလအစအကြောင်းကို ရှင်းပြလိုက်လေသည်။

“ဟော်မိသားစု မကျဆင်းခင်တုန်းက သူတို့တွေက အရမ်းချမ်းသာခဲ့တာလေ။ သူတို့ရဲ့မျိုးဆက်တွေက အိမ်ခွဲကြပြီး ဒီအိမ်တန်းကြီးမှာ နေလာခဲ့ကြတာပေါ့။ နောက်ပိုင်းတော့ အဘိုးဟော်တစ်ယောက်တည်း ပြန်လာတော့တယ်။ ဒါကြောင့် ဒီအိမ်တန်းတွေထဲက ခြံဝင်း၄ခုကို ဟော်မိသားစုက ပိုင်သွားတာပေါ့”

“ကြည့်လိုက်။ အလယ်က ခြံဝင်း၃ခုနဲ့တစ်ခုဆိုရင် အိမ်ဟောင်းတစ်ခုလို့ မှတ်လို့ရတယ်။ ဒါပေမဲ့ ဟော်မိသားစုရဲ့အဘွားကြီးက အပန်းဖြေအိမ်ယာနဲ့ အဆောက်အအုံတွေကို ပိုပြီးတော့ ကြိုက်တယ်လေ။ ဒီတော့ ဒီခြံဝင်းတွေက အားလုံးနီးပါး အလွတ်ဖြစ်နေတာပေါ့။ ဘယ်သူကမှ ဒီခြံဝင်းတွေကို ဂရုမစိုက်ကြဘူးလေ။ တကယ်လို့ မင်း ဒါကိုကြိုက်တယ်ဆိုရင် ငါတို့တွေ ပြန်ဝယ်လို့ရပါတယ်”

ရှမြန်သည် သူမ၏ပါးစပ်ကိုဖွင့်လိုက်ပြီး “ဝိုး” ဟုပြောလိုက်လေသည်။

“ဘာရွေးရမှာလဲ။ ကလေးတွေပဲ ရွေးချယ်တာတွေ လုပ်တာ။ လူကြီးတွေက ဒါပေါ့လေ အားလုံးကို လိုချင်တယ်”

နဥ်ရှောက်ပိုင်သည် အခိုက်အတန့် မှင်တက်အံ့သြသွားပြီးနောက် အသံထွက်ကာ ရယ်လိုက်လေသည်။

“စန်းကျင်းဘက်က တစ်လုံးကတော့ အဆင်မပြေဘူး။ အဲဒါက ချန်းချန်းရဲ့ဟာလေ။ တခြားဟာဆိုရင်တော့ အဆင်ပြေပါတယ်”

“ဝိုး”

အခုလေးတင်မှ အဆင်ပြန်ပြေလာသည့် ကျိုးချန်ချန်သည် မိန်းကလေး၏ကျွတ်ဆတ်ဆတ် အသံတစ်ခုကို ကြားလိုက်ပြီး သူမသည် ဒီခြံဝင်းများကို သူမ၏ပိုင်ဆိုင်မှုအသွင် သဘောထားနေသယောင် တွေ့လိုက်ရ၏။

“ဒါဆိုရင် ဒီတစ်ခုကို အရင်ဆုံး ယူကြတာပေါ့။ နောက်ဆုံး ကျွန်မတို့တွေက အဲ့မှာနေဖို့ အလျင်လိုနေတယ်လေ။ ဒီတော့ ဒီတစ်ခုကိုပဲ အရင်ယူကြမယ်”

ကျိုးချန်ချန်သည် နီရဲနေသည့်မျက်လုံးများဖြင့် သူမ၏ခြေထောက်ကို အုပ်ထားလိုက်ကာ ရှမြန်ကို သရော်လိုက်၏။

“နင်က တောသူတစ်ယောက်ပဲ။ အရှက်မရှိလိုက်တာ။ ဒါက ဟော်မိသားစုရဲ့ ခြံဝင်းပဲ။ နင့်မှာ ငွေမရှိဘူးလို့တော့ မပြောနဲ့နော်။ တကယ်လို့ နင့်မှာ ငွေရှိတယ်ဆိုရင်တောင် ဒါကိုဝယ်ဖို့ စဉ်းတောင်မစဉ်းစားနဲ့”

ရှမြန်သည် နားမလည်စွာဖြင့် နဥ်ရှောက်ပိုင်ကို ကြည့်လိုက်လေသည်။

“သူက ဘယ်သူလဲ။ ဘာဖြစ်လို့ အဲဒီလောက်အထိ မောက်မာနေတာလဲ။ သူက ဟော်မိသားစုမှာ တစ်ခွန်းဆိုတစ်ခွန်း စကားပြီးတဲ့ပုံပဲ”

နဥ်ရှောက်ပိုင်က စကားပြောတော့မည်ဟု ပြင်လိုက်စဉ်တွင် လမ်းမျက်နှာချင်းဆိုင်က နဥ်ရှောက်ယွင်၏ အိမ်တံခါးအနီရောင် ပွင့်သွားသည်ကို မြင်လိုက်ရပြီး အသက်၄၀အရွယ် အမျိုးသမီးတစ်ယောက်က ထွက်လာလေသည်။ နဥ်ရှောက်ယွင်နှင့် နဥ်ရှောက်ပိုင်ကို မြင်လိုက်သည်တွင် သူမက ဝမ်းသာအားရ ပြောလိုက်၏။

“အပြင်ဘက်မှာ ဆူညံသံတွေ ကြားနေရပါတယ်လို့ ငါ ပြောသားပဲ။ နင်တို့တွေ ပြန်လာတာ ဖြစ်နေတာကို”

“ဒေါ်ဒေါ်ဝေ”

နဥ်ရှောက်ယွင်က ပြုံးလိုက်ပြီး ရှမြန်ကို လက်ယက်ခေါ်လိုက်ပြီးနောက် သူမကို မိတ်ဆက်ပေးလိုက်လေသည်။

“ဒါက ကျွန်မအဒေါ့်ကို ပြောပြဖူးတဲ့ ရှမြန်နဲ့ ရှောင်ဖုန်းတို့လေ။ ဒါက ရှမြန်ရဲ့အဒေါ်(၂)နဲ့သူ့မိသားစုပေါ့”

ထို့နောက်တွင်တော့ သူမက ရှမြန်ကိုပြောလိုက်၏။

“ဒါက ဒေါ်ဒေါ်ဝေလေ။ ငါတို့တွေ ငယ်ငယ်ကတည်းက ရှောက်ပိုင်နဲ့ ငါ့ကို စောင့်ရှောက်ပေးခဲ့တာ”

ရှမြန်နှင့် ရှဝမ်ယွဲ့တို့က သူတို့ကို အလျင်စလို နှုတ်ဆက်လိုက်ကြပြီး ဒေါ်ဒေါ်ဝေကလည်း စိတ်အားထက်သန်စွာ ပြောလိုက်လေသည်။

“အထဲကို မြန်မြန် ဝင်ကြ။ နင်တို့တွေ ခရီးကနေ ပင်ပန်းလာမှာပဲ။ စားစရာတွေကလည်း အဆင်သင့် ဖြစ်ပါပြီ။ ငါတို့ နင့်ကို စောင့်နေကြတာ”

သူမသည် လမ်းကြား၏အလယ်ထဲတွင် ရပ်နေသည့် ကျိုးချန်ချန်ကို လှမ်းကြည့်လိုက်ပြီး ခေါင်းခါလိုက်လေသည်။

“သူက ခွေးရည်ခြုံထားတဲ့ ပလက်စတာပဲ။ ငါတို့ကို ခြောက်လန့်နေတာ။ ရှောက်ယွင် သူ့ကို လျစ်လျူရှုထားလိုက်။ သူက ဒီအတိုင်း လူပြက်တစ်ယောက်ပါပဲ”

နဥ်ရှောက်ယွင်က ဘာမှဂရုမစိုက်သလို ခေါင်းညိတ်ပြလိုက်ပြီး ရှမြန်ကို ပြောလိုက်လေသည်။

“သူ့ကို လျစ်လျူရှုထားလိုက်။ သေးသိမ်တဲ့သူတစ်ယောက်ပဲ”

သူမသည် ပျော့ပျောင်းသည့် သဘောထားရှိသည့်တိုင် ကျိုးချန်ချန်ကို ဒီလိုစကားလုံးမျိုး ပြောရသည်ဆိုကတည်းက သူမသည် ထူးထူးခြားခြားလူတစ်ယောက်ဖြစ်လိမ့်မည်။

အားလုံးက ဖြစ်ပျက်နေသည့်အကြောင်းအရာများကို သိလိုက်ကြပြီး သူမအကြောင်း ပြောသည်ကို ရပ်ထားလိုက်ကြကာ ဒေါ်ဒေါ်ဝေနောက်က လိုက်ပြီး အိမ်ထဲသို့ တစ်ယောက်ပြီးတစ်ယောက် ဝင်သွားလိုက်ကြသည်။

သူတို့နောက်က ဟော်မိသားစု၏ ဒရိုင်ဘာက ဇဝေဇဝါ ဖြစ်သွားပြီးပြောလိုက်၏။

“သခင်မလေး...“

နဥ်ရှောက်ယွင်က အခုမှ သူ့ကို သတိရသွားဟန်တူသည်။ ကိုယ်ကိုပြန်လှည့်လိုက်ကာ အပြုံးတစ်ခုဖြင့် ပြောလိုက်၏။

“ရှောင်လီ ရှောင်လီ ဟုတ်တယ်မလား။ ရှင် မြန်မြန်ပြန်သွားလိုက်ပါ။ ရှင့်သူဌေးဟော်က အရမ်းအလုပ်များနေတာ။ သူ ရှင့်ကို လိုနေမှာပဲ။ ဒါက ရှင့်ကို(၂)ရက်လောက် အချိန်ဖြုန်းမိသွားစေပြီ”

ရှောင်လီသည် လက်များကိုပွတ်လိုက်ပြီး ပြောလိုက်၏။

“သခင်မလေး သခင်လေးဟော်က သခင်မလေးကို အိမ်မှာစောင့်နေမယ်လို့ ကျွန်တော့်ကို ပြောခိုင်းလိုက်ပါတယ်”

နဥ်ရှောက်ယွင်က ရယ်မောလိုက်၏။

“ကျွန်မက သူ့အကြောင်းကို မသိလို့လား။ သူ အလုပ်များနေမှာ သေချာတယ်။ ကျွန်မတို့ ပြန်သွားရင် သူ့ကို ဒုက္ခပေးရာပဲ ကျလိမ့်မယ်။ ကျွန်မတို့တွေ အခုအချိန်ကစပြီး ဒီနေရာမှာပဲ နေတော့မှာ။ သခင်လေးဟော်ကိုတော့ သူ့အလုပ်ကိုပဲ အာရုံစိုက်ပါစေ”

“အယ်”

ဒရိုင်ဘာသည် တစ်ခုခု ထပ်ပြောချင်သော်လည်း ဒေါ်ဒေါ်ဝေက အပြုံးဖြင့်ပြောလိုက်၏။

“ဒါဆိုရင်တော့ ငါ နင့်ကို မခေါ်ထားတော့ဘူးနော်။ ရှောင်လီ နင်လည်း တစ်နေ့လုံး ကားမောင်းလာရတာ ပင်ပန်းနေရောပေါ့။ ပြန်သွားပြီးတော့ အနားယူလိုက်တော့”

ထို့နောက်တွင်တော့ တံခါးကို ဝုန်းခနဲပိတ်လိုက်ပြီး ဒရိုင်ဘာလီသည် မျက်နှာပေါ်တွင် ကူကယ်ရာမဲ့သွားသည့် ရုပ်တစ်ခုဖြင့် ကျန်ရစ်ခဲ့တော့သည်။

ကျိုးချန်ချန်က သူမ၏ခြေထောက်များကို ပွတ်သပ်ကာ သူ့ကိုပြုံးပြလိုက်၏။

“အစ်ကိုလီ ရှင်တကယ်ပဲ ပင်ပန်းနေပြီနော် ဟုတ်တယ်မလား။ သူတို့တွေက ရှင့်ကို ပြန်သွားခိုင်းတယ်ဆိုရင်လည်း ဒီအတိုင်းပြန်သွားပြီးတော့ အနားယူလိုက်ပါ”

ဒရိုင်ဘာရှောင်လီ၏ မျက်နှာပေါ်က ကူကယ်ရာမဲ့နေသည့်အမူအရာသည် ပျောက်ကွယ်သွားတော့သည်။ သူက ကျိုးချန်ချန်ကို အနည်းငယ် မြှောက်ပင့်သည့်အပြုံးတစ်ခု ပြုံးပြလိုက်၏။

“သခင်မကြီးက မင်းကို တကယ်ချစ်တာပဲ။ သူက ဒီလောက်ကြီးတဲ့ ခြံဝင်းကြီးတစ်ခုကိုတောင် မင်းကို ပေးလိုက်တယ်နော်”

ကျိုးချန်ချန်က ဂရုမစိုက်ချေ။

“ဒီခြံဝင်းက လုံးဝတန်ဖိုးမရှိပါဘူး။ အဆောက်အဦတွေကမှ ပိုပြီးတော့လှတာ”

ရှောင်လီက အားကျကာပြောလိုက်၏။

“မင်းက တကယ် အံ့သြဖို့ကောင်းတာပဲ။ ဒီတစ်ကြိမ် သခင်မလေးကတော့ တကယ် ဒေါသထွက်သွားပြီ ထင်တယ်”

ကျိုးချန်ချန်က ကိုယ့်ဟာကိုယ် ကျေနပ်သည့်ဟန်ဖြင့် ပြုံးလိုက်လေသည်။

“သူ ဒေါသထွက်သွားတယ်ဆိုရင်တော့ ကောင်းတာပေါ့။ ဒါပေမဲ့ အစ်ကိုရွှယ်ဝမ်က အလုပ်များနေတာလေ။ ဒီတော့ သူ့မှာ သူ့ကိုဂရုစိုက်ပေးဖို့ အချိန်မရှိဘူးပေါ့”

ခြံဝင်းထဲသို့ ဝင်သွားကြသည့်သူများသည် အပြင်ဘက်က ပူးပေါင်းကြံစည်မှုကို မသိသလို သို့မဟုတ် ဒီအတိုင်း ဂရုမစိုက်တာလည်း ဖြစ်နိုင်သည်။

ချန်းချန်းကသာ ပြောလိုက်၏။

“အမေ သားတို့တွေ အိမ်မပြန်တော့ဘူးလား”

နဥ်ရှောက်ယွင်က သူမ၏ခေါင်းကို စောင်းထားလိုက်ကာ မေးလိုက်၏။

“သားက ပြန်ချင်လို့လား။ ဒါဆိုရင် အမေတို့ပြန်ကြမယ်လေ။ ဒါပေမဲ့ ညီလေးရှောင်ဖုန်းက ဒီမှာနေမှာ။ ဒီလိုဆိုရင်တော့ ပြန်သွားရင် ညီလေးရှောင်ဖုန်းနဲ့ ကစားလို့ရမှာ မဟုတ်တော့ဘူးနော်”

“သားတို့တွေ မပြန်လို့ရောရလား” ချန်းချန်းက ဝမ်းသာအားရပြောလိုက်၏။

“သား ဒီနေရာကို ကြိုက်တယ်။ ဒီနေရာမှာပဲ နေကြမယ်။ သားက ညီလေးရှောင်ဖုန်းနဲ့လည်း ကစားချင်သေးတယ်”

ရှမြန်သည် အနည်းငယ်သိချင်စိတ် ဖြစ်သွားလေသည်။ အချစ်ခံနေရသင့်သည့် မိသားစု၏ အကြီးဆုံးမြေးလေးက သူ၏အဘိုးအဘွားများကို လုံးဝဂရုစိုက်သည့်ဟန်မတူချေ။ ဟော်မိသားစုက မည်မျှအေး စက်လိုက်ပါသနည်း။

သို့သော်ငြားလည်း တစ်ဖန်ပြန်စဉ်းစားမိလေသည်။ အကယ်၍ သူတို့သည် ထိုမျှလောက် အေးစက်မနေခဲ့လျှင် ချန်းချန်းက သူ့အရင်ဘဝတွင် အခက်ခဲဆုံးအချိန်၌ စွန့်ပစ်ခံရလိမ့်မည် မဟုတ်ချေ။

နဥ်ရှောက်ယွင်က ထိုအကြောင်းကို ထုတ်မပြောလိုချေ။ ထို့ကြောင့် အားလုံးကလည်း ထိုအကြောင်းကို ပြောရမည်ကို ရှောင်ရှားထားလိုက်၏။ ထို့အပြင် တစ်နေ့လုံးကားထဲတွင် နေလာရပြီးနောက် ရှမြန်၏စိတ်တို့က အိပ်ရာဆီသို့သာ ရောက်နေတော့သည်။ ဒေါ်ဒေါ်ဝေ၏ ပညာရှင်ဆန်ဆန် ကျွမ်းကျင်မှုက နဥ်မောင်နှမကို ငယ်ငယ်လေးကတည်းက စောင့်ရှောက်လာသဖြင့် လုံးဝကို ထူးချွန်နေလေသည်။ ရိုးရှင်းလှသော်ငြားလည်း အလျှံအပယ်ဖြစ်နေသည့် အစားအသောက် အပြည့်ရှိနေသောစားပွဲက အားလုံး၏စားလိုစိတ်ကို နှိုးဆွလိုက်တော့သည်။

ညစာစားပြီးနောက်တွင် ကိုယ်လက်သန့်စင်ဖို့အတွက် ရေပူရေနွေးကလည်း အဆင်သင့်ဖြစ်နေသည်။ ရေချိုးပြီးနောက်တွင် ပင်ပန်းနွမ်းနေမှုအားလုံးက ရောက်ရှိလာခဲ့ပြီးတော့ အနားယူဖို့ကောင်းသည့် အချိန်တစ်ခု ဖြစ်သွားတော့သည်။ ရှမြန်နှင့် နဥ်ရှောက်ယွင်တို့က ရေချိုးခန်းတစ်ခုအဖြစ် အသုံးပြုထားသည့် ဘေးအခန်းတစ်ခုဆီမှ ကလေးလေးတစ်ယောက်စီကို ခေါ်ထုတ်လာခဲ့သည်။ ကလေးလေး(၂)ယောက်စလုံးက တစ်ပြိုင်တည်း သူတို့၏မျက်လုံးများကို ပွတ်သပ်နေကြသည်။

အပြင်ဘက်က တံခါးခေါက်သံ ထွက်လာ၏။ ဒေါ်ဒေါ်ဝေက ထွက်လာပြီး နဉ်ရှောက်ယွင်ကို လှမ်းကြည့်လိုက်ပြီးနောက်တွင် တံခါးဆီသို့ အပြေးအလွှာ သွားဖွင့်လိုက်လေသည်။ ခဏကြာပြီးနောက်တွင် ဒေါ်ဒေါ်ဝေသည် အရပ်မြင့်မြင့် ချောမောလှပသည့်သူတစ်ယောက်နှင့်အတူ ဝင်လာပြီး အပြုံးတစ်ခုဖြင့် နဥ်ရှောက်ယွင်ကို ပြောလိုက်၏။

“ရှောက်ယွင် သမက်လေး ရောက်နေတယ်”

...

All Chapters