← Chapters

အပိုင်း(၅၅)

Vol. 4 Ch. 55

အပိုင်း(၅၅)

Vol. 4 Ch. 55

မျက်လုံးပွတ်နေသည့် ချန်းချန်းသည် ရုတ်တရက်နိုးလာပြီး ၀င်လာသည့်သူကို ၀မ်းသာအားရ အော်ခေါ်လိုက်လေသည်။

“ဖေဖေ”

ဟော်ရွှယ်၀မ်၏ အေးစက်စက် အမူအရာက အနည်းငယ် ပျော့ပြောင်းသွားသည်။ သူက ရှေ့သို့ ခြေလှမ်းအနည်းငယ် မြန်မြန်လှမ်းလိုက်ပြီး ချန်းချန်းကို ကောက်ချီလိုက်၏။

ချန်းချန်းသည် အနည်းငယ် အံ့အားသင့်သွားလေသည်။

“အဖေ”

အဖေက သူ့ကို ချီနေကြ မဟုတ်ဘူးလေ။ ဒါပေမဲ့ ချန်းချန်းကတော့ အရမ်းပျော်တယ်။

သူက ဟော်ရွှယ်၀မ်၏လည်ပင်းကို သိုင်းဖက်ထားလိုက်ပြီး အဖေဟု ဆက်တိုက် ခေါ်နေလေသည်။

ဟော်ရွှယ်၀မ်သည် သူ၏‌ကျောပြင်ကို သပ်ပေးလိုက်ပြီး ရင်ထဲထိသွားလေသည်။ သူ၏ တည်ကြည်နေသည့်အသံက ပျော့ပြောင်းသွား၏။

“ဘွားဘွားကြီးရဲ့အိမ်မှာ နေရတာပျော်ခဲ့လား”

သူသည် ထိုစကားကို မေးလိုက်ရင်း နဉ်ရှောက်ယွင်ကို ကြည့်လိုက်၏။ သို့သော်ငြားလည်း နဉ်ရှောက်ယွင်၏ အမူအရာကတော့ အေးစက်စက်ဖြစ်နေကာ ခပ်တန်းတန်းအမူအရာပင်။

“ရှင် ရောက်လာပြီလား”

ဟော်ရွှယ်၀မ်က ခေါင်းညိတ်ပြလိုက်ပြီး အင်း ဟု ခပ်တိုးတိုးလေး ပြောလိုက်ကာ “မနေ့က ချန်းပေ ပရောဂျက်ထဲမှာ ပစ္စည်းတွေနဲ့ပက်သက်ပြီး ပြဿနာအကြီးကြီးတစ်ခု ဖြစ်ခဲ့လို့လေ။ ကိုယ် တကယ် ထွက်လာလို့မရလို့ပါ။ တောင်းပန်ပါတယ်”

နဉ်ရှောက်ယွင်က ပြောလိုက်၏။

“ကျွန်မ နားလည်ပါတယ်၊ အဆင်ပြေပါတယ်”

ထို့နောက်တွင်တော့ ဟော်ရွှယ်၀မ်သည် အမှန်ပင် စကားပြောနေသည်ကို ရပ်လိုက်လေသည်။

ရှမြန်...

ဒီလူက လာရောက်တောင်းပန်ပြီး တစ်စုံတစ်ယောက်ကို လာရောက်ကြိုဆိုနေသည်လား။ ဘေးအိမ်တွင် နေသည့် ကျိုးချန်ချန်ကိုယ်စား သူ့ဒေါသကို လာဖွင့်ချလေသည်လား။ သူမမှာ အခိုက်အတန့် နားမလည်နိုင်တော့ချေ။

ရှမြန်က မနေနိုင်ဘဲ မေးလိုက်တော့သည်။

“လူကြီးမင်းဟော် ဒီနေ့နေ့လယ်ခင်းတုန်းက မျက်နှာချင်းဆိုင်လမ်းထဲကို ရောက်ခဲ့သေးလား”

“မျက်နှာချင်းဆိုင်ဘက်ကလမ်း ဟုတ်လား”

ဟော်ရွှယ်၀မ်က ဇဝေဇဝါဖြစ်သွားလေသည်။

“ဘာဖြစ်လို့ အဲဒီဘက်ကို သွားရမှာလဲ။ ကျွန်တော်က တစ်နေကုန် ဆောက်လုပ်ရေးဆိုဒ်ထဲမှာ ရှိနေခဲ့တာပါ”

သူက နဉ်ရှောက်ယွင်ကိုကြည့်ကာ ပြောလိုက်လေသည်။

“ကိုယ့်အလုပ်တွေ အားလုံးကို မြန်မြန်ဆန်ဆန် ပြီးအောင်လုပ်ပြီးတော့ ညနေခင်း အိမ်ကို ပြန်လာခဲ့တာ”

ဒီအခိုက်အတန့်တွင် သူသည် လေသံပျော့ပြောင်းစွာ ပြောလိုက်သည်။

“ကိုယ်ထင်တာက မင်း အိမ်ပြန်သွားမယ်လို့ ထင်ထားတာ”

သူသည် လိမ်ညာနေဟန်တော့ မတူချေ။ ကျိုးချန်ချန်ကသာ ပြဿနာကို ဆွပေးနေသည့်သူဟု ရှမြန်သည် ပိုပြီးတော့ ယုံကြည်လာတော့သည်။

သို့သော်ငြားလည်း နဉ်ရှောက်ယွင်ကတော့ လုံး၀ဂရုမစိုက်ဟန်တူသည်။ သူမသည် ဟော်ရွှယ်၀မ် ပြောလိုက်သည့်စကားက အမှန်ဟုတ်၊ မဟုတ် လုံး၀ကို ဂရုမစိုက်ချေ။

ရှမြန်သည် ဟော်ရွှယ်၀မ်ကို စိတ်ပျက်စရာကောင်းသူဟု ခံစားမိလေသည်။

သို့သော်ငြားလည်း ဒီရောဂါကျွမ်းနေသည့် သူက ဒါကို သတိမထားမိချေ။

နဉ်ရှောက်ယွင်က ဘာမှမပြောလျှင် သူကလည်း ဘာမှမပြောချေ။ သူသည် သူမကို ဒီအတိုင်း နှုတ်ဆိတ်ကာ ငေးကြည့်နေလေသည်။

ရှမြန်သည် သူ့အတွက် ရှက်ရွံ့သလို ခံစားလိုက်ရပြီး ထွက်သွားလိုက်မည် ပြင်လိုက်ချိန်မှ တစ်ဖက်လူက သူမကို လှမ်းကြည့်လိုက်သည်ကို တွေ့လိုက်ရသည်။ နောက်ဆုံးတော့ သူသည် ပြောစရာစကား ရှာတွေ့သွားဟန်တူသည်။

“ဒါက ရှမြန်နဲ့ ရှောင်ဖုန်းပေါ့နော်”

ဟော်ရွှယ်၀မ်က စိတ်ရင်းအတိုင်း ပြောလေသည်။

“ချန်းချန်းအတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ကျွန်တော် ရှေ့တစ်ခေါက် မင်မြို့ကိုသွားခဲ့တုန်းက မင်းက ဇာတိမြို့ကို ပြန်သွားခဲ့တယ်လေ။ ကျွန်တော် မင်းနဲ့မတွေ့ခဲ့ရတာ အားနာစရာကောင်းလိုက်တာ”

“ကျွန်တော်က ကျေးဇူးတင်စိတ်ကို ဖော်ပြချင်တဲ့အတွက် တစ်ရက်ကျရင်တော့ မိုးပြာရောင်ခန်းမမှာ စားသောက်ပွဲတစ်ခု ကြိုတင် မှာထားလိုက်ပါ့မယ်”

“လူကြီးမင်းဟော် အားနာလွန်းနေပြန်ပါပြီ” ရှမြန်ကပြုံးလိုက်ပြီး ”အဲဒီလိုအခြေအနေမှာ ဘယ်သူမှဒီအတိုင်း ရပ်ကြည့်နေမှာ မဟုတ်ပါဘူး”

နဉ်ရှောက်ယွင်ကလည်း ပြောလိုက်လေသည်။

“ဒီကိစ္စကို ရှင်စိတ်ပူစရာ မလိုပါဘူး”

သူမက လေသံပျော့ပျော့ဖြင့် ပြောလေသည်။ “ရှင်က အရမ်းအလုပ်များတဲ့သူပဲ။ ဒီကိစ္စကို ဘယ်လိုလုပ်ပြီး ဂရုစိုက်နိုင်မှာလဲ။ ကျွန်မ ဒါကို လုပ်တတ်ပါတယ်”

ဟော်ရွှယ်၀မ်၏ မျက်လုံးများသည် ဘာမှမတတ်သာတော့သည့်ဟန်ဖြင့် လင်းလက်သွားလေသည်။

“ရှောက်ယွင် ချန်းချန်းက ကိုယ့်ရဲ့သားပါ...“

ရှမြန်သည် ရှောင်ဖုန်းကို အခန်းထဲသို့ မြန်မြန်ခေါ်၀င်သွားလိုက်ပြီး လင်မယား(၂)ယောက်ကို သူတို့၏ ကိုယ်ပိုင်ပြဿနာကို ဖြေရှင်းခိုင်းလိုက်သည်။

ဒီခေတ်၏ ယာဉ်အသွားအလာ အ‌ခြေအနေက အမှန်ပင် ပင်ပန်းစရာကောင်းသည်။ ရှမြန်သည် ရှောင်ဖုန်းကို ပွေ့ဖက်ထားရင်း လဲလျောင်းလိုက်ပြီးနောက်တွင် ချက်ချင်းနီးပါး အိပ်ပျော်သွားတော့သည်။

သူမသည် အိပ်မက် မမက်သည့် ညတစ်ညပိုင်ဆိုင်ခဲ့ပြီး သူမ နိုးလာသည့်အချိန်တွင်တော့ မိုးလင်းနေပြီဖြစ်သည်။ ရှောင်ဖုန်းက သူမ၏ဘေးတွင် ကွေးကွေးလေးနှင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်နေလေသည်။ သူက စောစောစီးစီး မနိုးသည်မှာ အလွန်မှရှားပါးလှသည်။

ခြံ၀င်းကတော့ စည်ကားသက်၀င်လို့နေသည်။

“ကြည့်ပါဦး၊ ရှင်က ဧည့်သည့်ပဲ။ ဘယ်လိုဖြစ်ပြီး ဒီကိစ္စတွေကို လုပ်နေတာလဲ” ဒေါ်ဒေါ်ဝေ၏ အသံဖြစ်။

“အို” ရှ၀မ်ယွဲ့၏အသံက ကျွတ်ဆတ်ဆတ်နှင့် ကြည်လင်နေသည်။ “ကျွန်မတို့တွေ ရှင့်ကိုဒုက္ခပေးတာ များနေပါပြီ။ ဒါက ခြံ၀င်းလေးကို တံမြက်စည်းလှဲရုံပါပဲ။ ဘယ်လိုလုပ်ပြီး ကျွန်မတို့က မလုပ်နိုင်ရမှာလဲ”

“အစ်မဝေ ရှင် ချက်ပြုတ်ဖို့ လိုသေးတယ်လေ။ ဟုတ်တယ်မလား။ သွားပြီး ချက်ပြုတ်လိုက်ပါ။ ကျွန်မ ဒီကိစ္စကို တာ၀န်ယူလိုက်ပါ့မယ်”

ထို့နောက်တွင်တော့ သူမက သူမ၏သမီးဖြစ်သူကို လှမ်းခေါ်လိုက်၏။

“ဟွေ့မေ ဒေါ်ဒေါ်ဝေကို ကူပြီးတော့ အသီးအရွက်တွေကို ရွေးပေးလိုက်ပါဦး။ ကျွန်မသမီးကလေ ဒီအတိုင်းငြိမ်ပြီး ထိုင်မနေနိုင်တဲ့သူ တစ်ယောက်လေ။ ဒီတော့ သူ့ကို အလုပ်လေးတချို့ ခိုင်းပေးပါ”

ရှဝမ်ယွဲ့သည် ဒီကိစ္စတွင် စိတ်ဓာတ်မာကျောလေသည်။ ရှမြန်က ဒါကို အရင်ကတွေ့ကြုံခဲ့ဖူးသည်။ သေချာပါသည်။ ဒေါ်ဒေါ်ဝေသည် အချိန်တိုအတွင်းတွင် အရှုံးပေးလိုက်ရတော့သည်။

“အို ဟယ် နင်တို့တွေက တကယ့်ကို ခေါင်းမာတဲ့ ကလေးမတွေပဲ”

သို့သော်ငြားလည်း သူမ၏လေသံက ပြုံးချိုလို့နေ၏။ သူမသည် သိမြင်တတ်ပြီး အလုပ်ကြိုးစားသူ တစ်ယောက်ဖြစ်ကာ သူမ သွားခဲ့သည့်နေရာတိုင်းတွင် သဘောကျခံရလေသည်။

ရှမြန်က အ၀တ်အစားများ လဲနေချိန်တွင် ရှောင်ဖုန်းသည် လှုပ်ရှားလာပြီး သူ့မျက်လုံးများက ဖြည်းဖြည်းချင်း ပွင့်လာသည်။ သူက အိပ်ချင်နေသေးသည်ရုပ် ဖြစ်နေသည်ကို မြင်လိုက်ရသဖြင့် ရှမြန်က သူ့ကျောလေးကို ပုတ်ပေးလိုက်ပြီး သူ့ကို ဆက်အိပ်စေချင်သည်။

ရလဒ်အနေဖြင့် ကလေးသည် တစ်ခုခုကို မြင်သွားပြီး မျက်နှာပေါ်တွင် ထင်ရှားသည့်အပြုံးတစ်ခုဖြင့် ရုတ်တရက် ထထိုင်‌လိုက်လေသည်။

“အန်တီလေး ယန်မြို့ကို ရောက်ပြီ”

ရှမြန်က အော်ရယ်လိုက်ပြီး သူ့အနားသို့သွားလိုက်ကာ အဝတ်အစားလဲ ပေးလိုက်လေသည်။

“ဟုတ်တယ် ငါတို့တွေ အခုယန်မြို့မှာ”

ရှောင်ဖုန်းက သူ၏ အဝါရောင်ဘဲရုပ် အင်္ကျီလက်တိုလေးကို ဆွဲဝတ်လိုက်ပြီး ရှမြန်ကို သတိပေးလိုက်သည်။

“အိမ်တစ်လုံး ဝယ်ရမယ်”

“ဟုတ်ပါပြီ ငါ သိပါတယ်။ ငါတို့တွေ သားရဲ့အန်တီနဥ်နဲ့ မျက်စောင်းထိုးလေးမှာ နေကြမယ်ဆို ဘယ်လိုလဲ” ရှမြန်က အပြုံးတစ်ခုဖြင့် ပြောလိုက်၏။

သူမသည် နဥ်ရှောက်ပိုင်အပေါ်တွင် ယုံကြည်မိနေဆဲ ဖြစ်လေသည်။ နောက်ဆုံး သူသည် စာအုပ်ထဲတွင် အာဃာတတရားကို ဘယ်တော့မှ လက်မလွှတ်တတ်ဘဲ သူ့စကားကို အမြဲတမ်းတည်သည့် ဇာတ်လမ်းနောက်ကွယ်က သူဌေးကြီးဖြစ်လေသည်။ မူလစာအုပ်ထဲတွင် ဟော်မိသားစုက ချန်းချန်းကို စွန့်ပစ်လိုက်ပြီးနောက်တွင် သူတို့သည် မြန်မြန်ဆန်ဆန်ပင် စီးပွားရေး ကျဆင်းသွားခဲ့လေသည်။ ချန်းချန်း အရွယ်ရောက်လာသည့်အချိန်တွင်တော့ ဟော်မိသားစုသည် အသက်ရှင်ဖို့ရန် ရုန်းကန်နေရပြီး သူ့ဂုဏ်သိက္ခာကို ကြိုးစားထိန်းသိမ်းနေရလေသည်။

အကယ်၍ သူမက ချန်းချန်းကိုယ်တိုင် ဟော်မိသားစုကို စာရင်းရှင်းမဲ့အချိန်အထိ စောင့်မနေခဲ့လျှင် ဟော်မိသားစုသည် နောက်ထပ်(၁၀)စုနှစ်တစ်ခုအထိ ကြာရှည်ခံလိမ့်မည်မဟုတ်ဟု ရှမြန်က သံသယဖြစ်မိသည်။

ဟော်ရွှယ်၀မ်ကိုတော့ ရှမြန်သည် အသေးစိတ် မမှတ်မိတော့ချေ။ သူသည် အမည်မသိ အကြောင်းအရာတချို့ကြောင့် ဟော်မိသားစုထဲက ထွက်သွားခဲ့ဟန်တူပြီး သူ့ကိုယ်ပိုင်စီးပွားရေးကို စလုပ်ခဲ့သည်ဟုသာ သူမ မှတ်မိလေသည်။ သူ၏နောက်ပိုင်းနှစ်များတွင် သူသည် လုပ်ငန်းအများအပြားကို လုပ်ကိုင်ခဲ့။ သို့သော်ငြားလည်း သူသည် နောက်ဆုံးတွင်တော့ သူ့ပိုင်ဆိုင်မှုအားလုံးကို အမျိုးသားအဓိကဇာတ်ဆောင် ဟော်ယွိချန်းသို့သာ လွှဲပြောင်းပေးခဲ့ကာ တစ်ယောက်တည်း သေဆုံးသွားသည်။

ရှမြန်သည် တစ်ချိန်က ဟော်ယွိချန်း၏ မိဘများကြားထဲက ဆက်ဆံရေးနှင့် ပတ်သက်ပြီး ဝမ်းနည်းမိသလို ခံစားမိလေသည်။ သို့သော်ငြားလည်း အခုတော့ သူမ၏မျက်လုံးဖြင့် ကိုယ်တိုင် မြင်လိုက်ရသဖြင့် ဟော်ရွှယ်ဝမ်က အမှန်ပင် ဒီလိုကိစ္စနှင့် ထိုက်တန်သည်ဟု ခံစားမိလေသည်။

ယခုအချိန်တွင် နဥ်ရှောက်ယွင်သည် ဟော်မိသားစု၏ အနိုင်ကျင့်ခြင်းခံနေရသည်မှာ သိသာသည်။ နဥ်ရှောက်ပိုင်ကလည်း သူ့အရင်ဘဝက လုပ်ခဲ့သလို ဟော်မိသားစုကို အပြစ်ပေးလိမ့်မည် မဟုတ်ချေ။ သို့သော်ငြားလည်း သူသည် သူတို့ကိုသေချာပေါက် အနည်းငယ်တော့ ဉာဏ်ဆင်ပေလိမ့်မည်။

ရှောင်ဖုန်းသည် မျက်နှာချင်းဆိုင်မှ ခြံဝင်းလေးကို အလွန်မှသဘောကျနေ၏။

“အိမ်ဟောင်းလေး”

ရှမြန်က အော်ရယ်တော့သည်။

“အိမ်ဟောင်းတွေဆိုတာ အိုဟောင်းနေတဲ့အိမ်ကို ပြောတာ။ ဒါပေမဲ့ ဒီတစ်လုံးကိုတော့ ဖြိုချမှာ မဟုတ်ဘူး။ ဒါပေမဲ့ မစိုးရိမ်ပါနဲ့။ နောက်ပိုင်းကျရင် ဒီအိမ်က တန်ဖိုးတက်လာလိမ့်မယ်”

ရှောင်ဖုန်းသည် ငွေရှိလာမည်ဟု ကြားလိုက်ရချိန်တွင် သူသည် စိုးရိမ်နေသည်ကို ရပ်တန့်လိုက်လေသည်။ ရှမြန်က သူ့ကို အိပ်ရာပေါ်မှ ချီဆင်းပေးလိုက်ပြီး ပြောလိုက်၏။

“အိမ်တစ်လုံး ရှာကြမယ်။ ငါတို့တွေလည်း ကျောင်းတစ်ကျောင်း ရှာဖို့လိုသေးတယ်။ သားက မူကြိုကျောင်းတက်ရမဲ့ အရွယ်ရောက်ပြီလေ”

“ကိုကိုချန်းချန်းနဲ့ မူကြိုကျောင်းသွားမယ်” ရှောင်ဖုန်းက ပြောလိုက်၏။ ညီအစ်ကို၂ယောက်သည် မနေ့က ကားထဲတွင် ဒီကိစ္စကို တိုင်ပင်ခဲ့ဟန်တူသည်။

ရှမြန်က သူ့ခေါင်းလေးကို ထိကိုင်ပေးလိုက်ပြီး ပြောလိုက်၏။

“ကောင်းပြီလေ သားရဲ့အန်တီနဥ် ကိစ္စတွေ ဖြေရှင်းပြီးသွားရင် သားကို မူကြိုကျောင်းကို ခေါ်သွားပေးမယ်”

သူမသည် ရှောင်ဖုန်းကို ခေါ်ထုတ်လာချိန်တွင် ချန်းချန်းကလည်း နိုးနေပြီဖြစ်ကာ ဟော်ရွှယ်ဝမ်က မျက်နှာ သစ်ပေးရန်အတွက် သူ့ကိုလက်တွဲထားသည်။

ကောင်လေး၂ယောက်က ဘေစင်ရှေ့တွင် ရပ်လိုက်ကြပြီး ချန်းချန်းက သူ့လက်ထဲကရေဖြင့် ရှောင်ဖုန်းဆီသို့ ရုတ်တရက် လှမ်းပက်လေသည်။

ရှောင်ဖုန်းသည် အလန့်တကြားဖြစ်သွား၏။ ထို့နောက်တွင်တော့ သူသည် သတိပြန်ဝင်လာကာ ချန်းချန်းဘက်ကို ရေပြန်ပက်လေသည်။

သူသည် ဒါကို ချန်ချန်ဆီက သင်ယူခဲ့ခြင်းဖြစ်လေသည်။ ထိုကောင်လေးက အလွန်မှလွှမ်းမိုးမှုရှိသည်ဟု ပြောရမည်။ အလွန်မှ တည်ကြည်သည့် လူရည်မွန်ပေါက်လေးအဖြစ် နေလာခဲ့သည့် ချန်းချန်းကပင် အခုတော့ သူ့ကိုယ်သူ လွှတ်ချတတ်လာလေသည်။

သို့သော်ငြားလည်း ကလေး၂ယောက်က ချန်ချန်လောက်တော့ ထိန်းရမခက်ချေ။ သူတို့သည် အချင်းချင်း ရေစက်ကလေးများကိုသာ လှမ်းပက်ကြလေသည်။

ဟော်ရွှယ်ဝမ်သည် အနည်းငယ် အံ့သြသွားပြီး အသာအယာ ချောင်းဟန့်လိုက်သည်။

“ချန်းချန်း”

ချန်းချန်းသည် အခိုက်အတန့် တောင့်တင်းသွားပြီး ရုတ်တရက်ဆိုသလို သေသေချာချာ မျက်နှာသစ်တော့သည်။ ရှောင်ဖုန်းက ဟော်ရွှေဝမ်ကို လှမ်းကြည့်လိုက်ပြီး ရှမြန်ဘက်သို့ တိတ်တိတ်လေး ကပ်နေလိုက်သည်။

ရှမြန်က သူ့ခေါင်းကို ထိကိုင်ပေးလိုက်ပြီး သူ့ကို မျက်နှာသစ်ပေးဖို့ရန်အတွက် သူမက လက်မြှောက်လိုက်လေသည်။

“အန်တီလေးက အပြင်ထွက်ပြီးတော့ သားတို့အတွက် ရေ‌သေနတ် သွားဝယ်ပေးမယ်။ ဒါမှ သားတို့တွေ ရေကစားပြီးတော့ စိတ်တိုင်းကျ ပျော်လို့ရမှာ”

ချန်းချန်း၏မျက်လုံးများက လင်းလက်သွား၏။ “ရေသေနတ် ဟုတ်လား”

“ဟုတ်တယ်”ရှမြန်က ပြောလိုက်သည်။

“မနေ့တုန်းက လမ်းဘေးမှာ တွေ့ခဲ့တယ် မဟုတ်လား။ အန်တီလေးက မင်းတို့အတွက် ဝယ်ပေးမယ်”

ချန်းချန်းသည် ချက်ချင်း ဝမ်းသာသွားလေသည်။ သူက လက်ဆေးလိုက်ပြီး သူ့မျက်နှာကို ဝမ်းသာအားရ သုတ်လိုက်ပြီးနောက်တွင် ဟော်ရွှယ်ဝမ်နှင့် မျက်နှာချင်းဆိုင်ရပ်လိုက်၏။

ဟော်ရွှယ်ဝမ်က တစ်ခုခုပြောချင်ဟန် တူသည်။ သို့သော်ငြားလည်း သူ့ခံစားချက်ကို ထည့်သွင်း စဉ်းစားပေးသည့်အတွက် သူက ချန်းချန်း၏မျက်နှာကို သုတ်ပေးလိုက်ပြီးနောက် ကလေးကို ခေါ်ထွက်သွားတော့သည်။

ရှမြန်က သူ့ကျောကိုကြည့်လိုက်ပြီး မျက်နှာမဲ့ပြလိုက်သည်။

ဧည့်ခန်းထဲတွင် ဟွေ့မေနှင့် ဟွေ့လန်တို့သည် လူ(၁၂)ယောက်ကျော် ထိုင်နိုင်သည့် ကြီးမားသည့် စားပွဲ၀ိုင်းကြီးတစ်ခုကို ပြင်ဆင်ပေးနေသည်။

မနက်စာအဖြစ် အီကြာကွေး၊ ပေါက်စီ၊ ဆန်ပြုတ်နှင့် တိုဖူးပူတင်းတို့ကို စားပွဲပေါ်တွင် ပြင်ဆင်ထားပြီး လူများ၏စားချင်စိတ်ကို တိုးလာအောင်လုပ်နေလေသည်။

နဥ်ရှောက်ပိုင်က ထသွားထလာ တီရှပ်တစ်ထည်နှင့် ဂျင်းဘောင်းဘီကို ဝတ်စားထားပြီး တံခါးမှ အေးအေးလူလူလျှော က်ဝင်လာခဲ့သည်။ သူသည် မနေ့က ညစာစားပြီးနောက်တွင် ဘေးအိမ်သို့ ပြန်သွားလေသည်။ ခြံဝင်းကို စောင့်ရှောက်ပေးဖို့ရန်အတွက် တစ်စုံတစ်ယောက်ကို ချန်ထားခဲ့သည်။

ရှမြန်က သူ့ကိုမြင်လိုက်ချိန်တွင် သူမက မနေနိုင်ဘဲ စပ်စုကြည့်လိုက်တော့သည်။

“ဒီလောက်ကြီးမားတဲ့ခြံဝင်းထဲမှာ တစ်ယောက်တည်း နေရတာ ရှင် မကြောက်ဘူးလား”

နဥ်ရှောက်ပိုင်က နှာခေါင်းရှုံ့လိုက်ကာ ရယ်မောလိုက်လေသည်။

“မင်း မရှိသရွေ့တော့ ဘာမှကြောက်စရာမရှိပါဘူး”

ရှမြန်က သူ့ကိုမျက်စောင်းထိုးလိုက်ပြီး သွားများပေါ်သည်အထိ ပြုံးပြလိုက်သည်။

“ဟုတ်ပါပြီ ကျွန်မ မှားတာပါ။ အဲဒီဘက်မှာ လူအများကြီး ရှိမှာပေါ့နော်။ ပြောကြတာတော့ ဒါတွေက အိမ်ဟောင်းတွေဆို။ ခေါင်မိုးတွေနဲ့ အိပ်ခန်းတွေအောက်မှာ လူအပြည့်ဖြစ်နေမှာပဲ”

နဥ်ရှောက်ပိုင်၏ မျက်နှာက မသိမသာ အေးခဲသွားလေသည်။ နဥ်ရှောက်ယွင်က ဧည့်ခန်းထဲမှ ထွက်လာပြီး ပြောလိုက်၏။

“ရှမြန် သူ့ကိုမခြောက်နဲ့...“

“အစ်မ”

နဥ်ရှောက်ပိုင်က သူမကို မြန်မြန် တားလိုက်သော်ငြားလည်း နဥ်ရှောက်ယွင်ကတော့ နောက်တစ်ခွန်းကို ပြောနှင့်ပြီးသားဖြစ်လေသည်။

“...သူက တကယ်သရဲကြောက်တာ”

ဤတွင် ရှမြန်၏မျက်လုံးများက လင်းလက်သွား၏။ အမူအရာတစ်ခုက ဒီလိုဖော်ပြနေသည်မှာ ရှင်းလင်းနေသည်။ “အို ဟယ် ဒီလောက်ကောင်းတဲ့ကိစ္စလည်း ရှိသေးတယ်တဲ့”

နဥ်ရှောက်ပိုင်သည်ရှမြန်အပေါ် အကာအကွယ်အဆင့်ကို အမြင့်မားဆုံးအဆင့်အထိ တိုးမြှင့်ထားရတော့မည်ဟု ခံစားလိုက်ရတော့သည်။

...

All Chapters