← Chapters

အပိုင်း(၅၈)

Vol. 4 Ch. 58

အပိုင်း(၅၈)

Vol. 4 Ch. 58

ဟော်ရွှယ်ဝမ်သည် ထွက်မသွားခဲ့ချေ။ သူသည် ထွက်သွားဖို့ရန် စိတ်ကူးရှိဟန်လည်းမတူချေ။

ထိုအမည်ခံ အရေးပေါ်ဖြစ်နေပြီး အရေးကြီးလှပါသည်ဆိုသည့် ညွှန်ကြားချက်များမှာ အစ်မနဥ်ထက် ဒီအတိုင်း ပိုပြီးအရေးကြီးနေသည်မှာ မြင်သာလေသည်။

ရှမြန်က စိတ်ထဲတွင် သရော်လိုက်၏။ သို့သော်ငြားလည်း ဘာမှတော့ ထပ်မပြောတော့ချေ။ နောက်ဆုံး ဒါသည် နဥ်ရှောက်ယွင်၏ ပုဂ္ဂိုလ်ရေးကိစ္စဖြစ်လေသည်။ သူမတွင်လည်း သူမ၏ကိုယ်ပိုင်ဆုံးဖြတ်ချက် ရှိပေလိမ့်မည်။

တခြားသူများကလည်း မတ်တပ်ရပ်နေကြ၏။ သူတို့ထွက်လာချိန်တွင် ဒေါ်ဒေါ်ဝေက ရှမြန်ကိုသက်ပြင်းချပြီး ပြောလိုက်တော့သည်။

“ရှမြန် နင် ကိစ္စအကြီးကြီး လုပ်ခဲ့တာပဲ။ ကျိုးချန်ချန်က ငါတို့ရဲ့ရှောက်ယွင်ကို အနိုင်ကျင့်ဖို့ ဟော်မိသားစုရဲ့သခင်မကြီးနဲ့ အကြိမ်ကြိမ် ပူးပေါင်းခဲ့တာလေ။ ဒီနေ့တော့ ငါ စိတ်အေးသွားပြီ”

ရှမြန်က ပြောလိုက်၏။ “ဟော်မိသားစုရဲ့ သခင်မကြီးက ကျိုးချန်ချန်ကိုလည်း တကယ်ပဲ အဲဒီလောက်တောင် သဘောကျတာတဲ့လား”

သူက မျက်လုံးများ ကန်းနေတာလား။

ဒေါ်ဒေါ်ဝေသည် ထိုကိစ္စကို အမှန်ပင်နားမလည်ချေ။

“ဟော်မိသားစုရဲ့သခင်မကြီးက ဘာလုပ်ခဲ့မှန်းတော့ ငါလည်း မသိပါဘူး။ သူက ကောင်းမွန်တဲ့ဘဝတစ်ခုမှာ မနေနိုင်ဘူးလေ။ ဒါပေမဲ့ သူက သူတို့ပျော်အောင် လုပ်ပေးဖို့အတွက် လူငယ်လင်မယားကို ခွဲထားချင်နေတာ”

“ကျိုးချန်ချန်က ဘယ်လိုလုပ်ပြီး ငါတို့ရဲ့ရှောက်ယွင်နဲ့ ယှဉ်လို့ရမှာလဲ”

ရှမြန်က အတည်ပြုလိုက်လေသည်။ “သူဌေးဟော်က တကယ်ပဲ ဘာတစ်ခုမှ မသိဘူးလား”

ဒေါ်ဒေါ်ဝေက သက်ပြင်းချလိုက်ပြီး အသံတိုးလိုက်သော်ငြားလည်း သေချာသည့် အတိုင်းအတာတစ်ခုဖြင့် ပြောလိုက်လေသည်။

“မသိပါဘူး သမက်လေးကို သခင်ကြီးဟော်က အရမ်းကို စည်းကမ်းတင်းကြပ်ပြီးတော့ သင်ကြားပေးလာတာလေ။ သူ့မှာ ဘာလှည့်ကွက် ဘာဉာဏ်နီဉာဏ်နက်မှ မရှိဘူး။ သူက တစ်နေ့လုံး ကုမ္ပဏီကိစ္စနဲ့ ပရောဂျက် ကိစ္စတို့ကိုပဲ စဉ်းစားနေတာ”

“ဒါပေမဲ့ သခင်မကြီးကတော့ သူနဲ့သခင်ကြီးရှေ့မှာဆိုရင် အနိုင်ကျင့်ခံရတဲ့ ဇနီးမိန်းမတစ်ယောက်လို ဟန်ဆောင်နေပြီး သူ့နောက်ကွယ်မှာကျတော့ ရှောက်ယွင်ကို အနိုင်ကျင့်နေတာလေ။ ရှောက်ယွင်က ဘယ်လောက်တောင် မတရားခံခဲ့ရမလဲဆိုတာကို မသိတော့ပါဘူး”

သူမသည် သမီးယောက္ခမကြားက ဆက်ဆံရေးကို ရှင်းမပြတတ်သော်ငြားလည်း သူမ၏ ခင်ပွန်းယောက်ျားက ဒါကို နားမလည်နိုင်ဘူး ဖြစ်နေသည်။

ရှမြန်က သူမ၏နှုတ်ခမ်းကို ကွေးထားလိုက်၏။ “နောက်ဆုံး ကောက်ချက်ချမိတော့လည်း သူက လုံလောက်အောင် အာရုံမစိုက်နိုင်လို့ပဲလေ။ သူက ဒီကိစ္စကိုလည်း ဂရုမစိုက်သလို ဒါကို ဘယ်လိုတန်ဖိုးထား ချစ်မြတ်နိုးရမလဲဆိုတာလည်း မသိဘူးပေါ့”

နဥ်ရှောက်ပိုင်သည် သူမကို လှမ်းကြည့်လိုက်ပြီး အနည်းငယ် ဆွံ့အသွားတော့သည်။ သူက အခုမှ ၁၆နှစ်ကလေးမလေးပဲ ရှိသေးတာပဲ။ သူ ကိစ္စကို အဖြေမထုတ်ရသေးပေမဲ့ စိတ်ကူးတွေတော့ အများကြီးရှိနေသားပဲ။

သူမ၏မျက်လုံးများက လည်နေသည်ကို မြင်လိုက်သည်တွင် နဥ်ရှောက်ပိုင်သည် သူ၏လက်ချောင်းများဖြင့် သူမ၏ဦးထုပ်အနားကို ခေါက်လိုက်ပြီး ပြောလိုက်တော့သည်။

“တကတည်း မင်းဘာတွေ စဉ်းစားနေတာလဲ”

ရှမြန်က သူမ၏ခေါင်းကို အုပ်ထားလိုက်ကာ သူ့ကို စွပ်စွဲလေသည်။

“ရှင့်အစ်မက အနိုင်ကျင့်ခံနေရတာလေ။ ရှင်က ဘာဖြစ်လို့ သူ့အတွက် မရပ်တည်ပေးခဲ့ရတာလဲ။ ရှင်က မောင်လေးကောင်း တစ်ယောက် မဟုတ်ဘူး”

နဥ်ရှောက်ပိုင်က ပြောလိုက်၏။ “ငါက ဘာမှမလုပ်ပေးဘူးလို့ မင်းက ဘယ်လိုလုပ်ပြီး သိတာလဲ”

“ကျွန်မက ဘာဖြစ်လို့ မမြင်ရတာလဲ” ရှမြန်သည် မကျေမနပ်ဖြစ်နေပြီး ”ကျွန်မကတော့ မျက်စိရှေ့မှာ မြင်ရတဲ့ ရလဒ်ကိုပဲ ယုံတယ်”

နဉ်ရှောက်ပိုင်က တော်တော်လေး စိတ်ဝင်စားသွားသည်။ “မင်းက ဘယ်လိုထင်လို့လဲ”

“လူတစ်ယောက်ကို သူ့ရဲ့ဆေးကိုပဲ ပြန်အရသာခံခိုင်းရမှာပေါ့” ရှမြန်က ပြောလိုက်၏။

“လူကြီးမင်းဟော်က မပါးနပ်ဘူး။ အစ်မနဥ်လည်း အတူတူပဲ။ သူက အလုပ်နဲ့ အလုပ်များနေတယ်။ အစ်မနဥ်ကလည်း အဲ့လိုပဲလုပ်ရမယ်။ ဘယ်သူက တခြားလူ မရှိရင် မနေနိုင်ဘူးလဲဆိုတာ ကြည့်ကြတာပေါ့”

“အစ်မနဥ်က အသက်မွေးဝမ်းကျောင်း အလုပ်တစ်ခု ရှိဖို့လိုတယ်လို့ ကျွန်မထင်တယ်” ရှမြန်က နှာခေါင်းရှုံ့လိုက်ပြီး သူမ၏မျက်လုံးများသည် တဖျတ်ဖျတ် လက်သွားတော့သည်။

“အစ်မနဥ်က ပန်းချီဆရာတစ်ယောက်ပဲ။ ဒီတော့ ပန်းချီခန်းမတစ်ခု ဘာဖြစ်လို့ မဖွင့်နိုင်ရမှာလဲ။ ဒီလိုဆိုရင် ယောက်ျားလေးမော်ဒယ် ချောချောလေးတွေကို ရှာလို့ရတာပေါ့။ နေ့တိုင်း ကိုယ်လုံးတီး ဆွဲချက်တွေကို ပန်းချီဆွဲခိုင်းလို့ရတယ်...“

နဥ်ရှောက်ပိုင်မှာ အော်ရယ်နေလေတော့သည်။ “ငါ့အစ်မက တရုတ်ရိုးရာပန်းချီကားကို ဆွဲတာပါ။ လူပုံတွေကို ဆွဲတာ မဟုတ်ဘူး”

“စကားမစပ် မင်းကလည်း လူပုံတွေကို ဘယ်လိုဆွဲရမလဲဆိုတာ သိတယ်ပေါ့”

ရှမြန်က ဂုဏ်ယူ၀င့်ကြားစွာ ပြောလိုက်၏။ “ကျွန်မက အများကြီးသိတယ်”

“တကယ်လို့ ကျွန်မသာ ပြခန်းတစ်ခု ဖွင့်မယ်ဆိုရင် စိတ်တူကိုယ်တူ မိတ်ဆွေတွေနဲ့လည်း တွေ့ရမယ်။ သူတို့အများစုကလည်း အရပ်မြင့်မြင့် ချမ်းသာပြီး ချောမောကြလိမ့်မယ်”

နဥ်ရှောက်ပိုင်သည် သူမ၏ ဦးထုပ်အနားကို ခေါက်လိုက်ပြီး အလွန်မှ အနုပညာရသများသည့် ချဉ်းကပ်နည်းတစ်ခုပဲဟု ပြောလေတော့သည်။

ရှမြန်က ပြောလိုက်၏။ “ရှင် ဘာလို့ရယ်နေတာလဲ။ ကျွန်မပြောတာ ဘာတစ်ခုမှ မမှားဘူး။ တကယ်လို့ ပန်းပွင့်တွေရှိနေမယ်ဆိုရင် လိပ်ပြာတွေကတော့ လာမှာပဲလေ”

“အစ်မနဥ်က အဲဒီလောက်လှတာ။ သူက သူ့ရဲ့ချောမောလှပမှုကို အကောင်းဆုံးထုတ်ဖော်ဖို့ ကြိုးစားသင့်တာပေါ့။ အချိန်တန်ရင် အရည်အချင်းရှိတဲ့သူတိုင်းက ဒါအတွက် လာပြီးတိုက်ခိုက်လို့ ရနိုင်တယ်။ အရည်အချင်းမရှိတဲ့သူကတော့ ဖယ်ထုတ်ခံရမှာပေါ့”

ဒေါ်ဒေါ်ဝေက ရယ်မောလိုက်တော့သည်။ ဒါသည် ကလေးစကားပင် ဖြစ်တော့သည်။ “သူတို့တွေကိုခွဲဖို့ အဲဒီလောက်ထိ မလွယ်ပါဘူး”

ရှမြန်က ပြောစရာမရှိတော့ချေ။ ထိုကြောင့် သူမက ဘာမှမပြောတော့ဘဲ ဒီအတိုင်းသာ ပြောလိုက်တော့သည်။ “အပြင်ထွက်ပြီး အလုပ်လုပ်တာလည်း ကောင်းပါတယ်။ ဟုတ်တယ်မလား”

ဒေါ်ဒေါ်ဝေက ခေါင်းခါပြလိုက်၏။ “ရှောက်ယွင်ရဲ့ယောက္ခမက သေချာပေါက် သဘောတူမှာ မဟုတ်ဘူး။ သူက ရှောက်ယွင်ကို အိမ်မှာပဲနေစေချင်ပြီး ယောက်ျားနဲ့ ကလေးကို စောင့်ရှောက်စေချင်တာ”

ရှမြန်မှာ အထိတ်တလန့် ဖြစ်သွားတော့သည်။ “ဒါက ဘယ်ခေတ်ကို ရောက်နေလို့လဲ။ အမျိုးသမီးတွေက ကောင်းကင်ကို ထောက်ခံပေးထားနိုင်တယ်ဆိုတဲ့ ဆောင်ပုဒ်ကို နှစ်ပေါင်းများစွာ အော်ဟစ်လာခဲ့ကြတာပဲ။ ဘာဖြစ်လို့ အခုအထိ အကျိုးသက်ရောက်မှု မရှိသေးတာလဲ။ သူက အစ်မနဥ်ကို အိမ်မှာပဲ ပိတ်လှောင်ထားပြီးတော့ တတ်နိုင်သလောက် သူ့ကို အနိုင်ကျင့်ချင်နေတာပဲ”

ဒေါ်ဒေါ်ဝေ၏ အမူအရာမှာ ဖော်ပြဖို့ရန် ခက်ခဲသွားတော့သည်။

“သခင်မကြီးဟော်က စည်းမျဥ်းစည်းကမ်းနဲ့ ပတ်သက်လာရင် အရမ်းထူးခြားတယ်လေ” သူမက သက်ပြင်းချလိုက်သည်။ “ဒီအပြင် သခင်ကြီးဟော်ကလည်း အပြင်ဘက်မှာ (၁)နှစ်လောက်နေနေတာ။ ဒီတော့ ဟော်မိသားစုရဲ့ စည်းမျဉ်းစည်းကမ်းက ပိုပြီးတော့တောင်မှ...“

ရှမြန်သည် မစဉ်းစားနိုင်တော့ချေ။ “စည်းမျဉ်းက အမျိုးသမီးတွေက အလုပ်လုပ်လို့ မရဘူးပေါ့လေ”

“နောက်ဆုံးသုံးသပ်ကြည့်ရရင် ဒါက အစ်မနဥ်မှာ အသက်မွေးဝမ်းကျောင်း အလုပ်တစ်ခု မရှိလို့ပဲ။ အခြေခံစီးပွားရေးက အမြင်သဘောတရားကို ဆုံးဖြတ်ပေးတာပဲ။ သခင်မကြီးက ယုံကြည်ချက်ရှိရှိနဲ့ အစ်မနဥ်ကို ဒီလိုတောင်းဆိုမှုမျိုး လုပ်ရဲတယ်။ ဒါက ငွေကို သူ့သားက ရှာနေတယ်လို့ သူက ထင်နေလို့ မဟုတ်လား။ အစ်မနဥ်က ငွေသုံးတဲ့နေရာမှာ ဘာမှပြောပိုင်ခွင့် မရှိတော့ဘူးလေ”

“အစ်မနဥ်ရဲ့ပန်းချီကို (၁.၈)သန်းနဲ့ လေလံတင်နိုင်ခဲ့တယ်ဆိုရင် သူ့မှာ ဘာပြောစရာရှိဦးမလဲဆိုတာ မြင်ချင်သေးတယ်။ သူက ဒီပန်းချီကားကို ဒါရိုက်တာငယ်လေးတစ်ယောက်ကို ပေးပစ်လိုက်တာကို နောင်တရသွားမှာကိုတောင် မြင်ချင်သေးတယ်”

ဒေါ်ဒေါ်ဝေသည် သူမက ထိုသို့ပြောလိုက်သည်ကို ကြားလိုက်ချိန်တွင် မှင်တက်အံ့သြသွားတော့သည်။ နဥ်ရှောက်ပိုင်က ပြုံးကာပြောလိုက်၏။ “ဒီကလေးမက နမော်နမဲ့နိုင်တယ်လို့ ထင်ရပေမဲ့ တော်တော်လေး ဉာဏ်ကောင်းတာပဲ”

“ဒါပေမဲ့...“

ရှမြန်က တစ်ဖန် မျက်မှောင်ကြုတ်လိုက်ပြီး ”အစ်မနဥ်က ကွာရှင်းစာချုပ် ရဖို့တော့ ခက်ခဲတယ်ပေါ့”

ဒေါ်ဒေါ်ဝေက ပြောလိုက်သည်။ “သူတို့ရဲ့မင်္ဂလာပွဲကို သခင်ကြီး(၂)ယောက်က စီစဉ်ပေးခဲ့တာလေ။ တကယ်လို့ သခင်ကြီးဟော်က ဘာမှမပြောခဲ့ဘူးဆိုရင်တောင် သခင်ကြီးနဥ်ကတော့ ဒါကို သဘောတူမှာ မဟုတ်ဘူး”

ရှမြန်သည် နဥ်ရှောက်ပိုင်ကို ကြည့်လိုက်၏။ နဥ်မိသားစုရဲ့သခင်ကြီးက ဘာဖြစ်နေတာလဲ။

နဥ်ရှောက်ပိုင်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

“မခက်ခဲပါဘူး သူသာ ဆန္ဒရှိတယ်ဆိုရင် အချိန်မရွေး လုပ်လို့ရတယ်”

ဪ ပြောရေးဆိုခွင့်ရှိသူက ဒီသူဌေးကြီးဖြစ်နေတာကိုး။ ဒီတော့ နဥ်ရှောက်ပိုင်က ဒီအကြောင်းကို နဥ်ရှောက်ယွင် သေသေချာချာ စဉ်းစားမဲ့အချိန်ကို စောင့်နေတာပေါ့။

ရှမြန်သည် နဥ်ရှောက်ယွင်တွင် ထွက်ပေါက်တစ်ခုရှိသည်ဟု သိလိုက်ရသဖြင့် စိတ်အေးသွားတော့သည်။

“ဒါနဲ့လေ” ရှမြန်သည် နဥ်ရှောက်ပိုင် ထွက်သွားတော့မည်ကို မြင်လိုက်သဖြင့် အလောတကြီး မေးလိုက်၏။ “ရှင် ဘေးအိမ်ကို ပြန်မလို့လား”

နဥ်ရှောက်ပိုင်က စိုးရိမ်တကြီး မေးလိုက်လေသည်။ “မင်းက ဘာလုပ်မလို့လဲ”

သူ့ကို ဒီလိုပုံစံဖြင့် မြင်လိုက်ရသဖြင့် ရှမြန်မှာ သူ့ကိုမစချင်ဘဲ မနေနိုင်အောင် ဖြစ်သွားတော့သည်။

“ဘေးအိမ်က စည်ကားနေတယ် မဟုတ်လား။ ဒါပေါ့လေ ကျွန်မက အဲဒီကိုသွားပြီးတော့ ကစားဖို့ လူသွားရှာမလို့လေ”

နဥ်ရှောက်ပိုင်သည် မျက်စောင်းထိုးလိုက်ပြီး ထွက်သွားလေတော့သည်။

ရှမြန်က အလောတကြီး ပြောလိုက်၏။ “မဟုတ်ဘူး၊ မဟုတ်ဘူး မဟုတ်ပါဘူး။ ကျွန်မမှာ ရှင့်ကို ပြောစရာအကြောင်းအရာ တကယ်ပဲ ရှိပါတယ်။ ကျေးဇူးပြုပြီးတော့ စောင့်ပေးပါဦး”

သူမသည် ပြောရင်းဆိုရင်း အခန်းထဲသို့ ပြေးဝင်သွားလေသည်။ “မသွားသေးနဲ့။ တကယ်ပဲ တစ်ခုခု မှားနေတယ်လို့”

သူမမှာ အမြန်ပြေးထွက်သွားသဖြင့် ရှောင်ဖုန်းမှာ နောက်တွင် ကျန်ခဲ့တော့သည်။

နဥ်ရှောက်ပိုင်နှင့် ကောင်ကလေးသည် အချင်းချင်း ငေးကြည့်လိုက်ကြပြီး ရှောင်ဖုန်းက လက်လေးကို ဖြည်းဖြည်းချင်း ဆန့်လိုက်ကာ နဥ်ရှောက်ပိုင်၏လက်ကြီးကို တွဲထားလိုက်တော့သည်။

နဥ်ရှောက်ပိုင်သည် ခဏလောက် ရပ်တန့်သွားပြီး သူ့လက်ကလေးကို ဖျစ်ညှစ်လိုက်ပြီးနောက် ပြောလိုက်‌လေသည်။

“မင်းက ငါ ထွက်ပြေးသွားမှာ စိုးရိမ်နေတယ်ပေါ့လေ”

ရှောင်ဖုန်း၏ စပျစ်သီးလို မျက်လုံးလေးများက ဘယ်ညာရွေ့သွားပြီး သူက အသာအယာ ခေါင်းခါပြလိုက်ကာ တိုးတိုးလေး ပြောလိုက်လေသည်။

“ရှောင်ဖုန်းက လမ်းပျောက်သွားမှာ စိုးရိမ်လို့ပါ”

နဥ်ရှောက်ပိုင်သည် သူ၏ မလုံမလဲခွေကျနေသည့် ဆံပင်လေးကို သပ်ပေးလိုက်ကာ ပြောလိုက်၏။ “မင်းကတော့ မင်းရဲ့အဒေါ်ဆီက မကောင်းတာတွေ သင်ရတော့မှာပဲ”

ရှောင်ဖုန်းသည် မျက်မှောင်ကြုတ်လိုက်ပြီး အခိုင်အမာ ပြောလိုက်လေသည်။ “အန်တီလေးက လူဆိုးတစ်ယောက် မဟုတ်ပါဘူး”

နဥ်ရှောက်ပိုင်သည် သူ့ခေါင်းလေးကို ချော့မော့သလို ပုတ်ပေးလိုက်ပြီး ”ဟုတ်ပါပြီ ငါ မှားသွားတာပါ။ မင်းရဲ့အန်တီလေးက အကောင်းဆုံးပဲ”

ရှောင်ဖုန်းက ခေါင်းညိတ်ပြလာ၏။ နဥ်ရှောက်ပိုင်က အော်ရယ်လေတော့သည်။

ခဏကြာပြီးနောက်တွင် ရှမြန်သည် အနက်ရောင်စာအုပ်လေးတစ်ခုကို ထူးထူးခြားခြား ကိုင်ထားပြီး ထွက်လာသည်။

“ဒီကိုလာ ဒီကိုလာ။ ကျွန်မ ရှင့်ကို တစ်ခုခုကောင်းတာ ပြစရာရှိတယ်”

ထိုသို့ ပြောလိုက်ပြီးနောက်တွင် သူမကရှေ့က ဦးဆောင်သွားလိုက်လေသည်။ ရှောင်ဖုန်းက နဥ်ရှောက်ပိုင်၏ လက်ကို ဂရုတစိုက်ဖြင့် တွဲထားလိုက်ပြီး လိုက်ပါသွားတော့သည်။ ခဏကြာပြီးနောက်တွင် (၃)ယောက်သားသည် ဘေးခြံ၏တံခါးတွင် ရပ်လိုက်ကြလေသည်။

ရှမြန်သည် ထည်ဝါခမ်းနားလှသည့်တံခါးကြီးကို ကြည့်လိုက်ပြီး ချီးကျူးစကားပြောလိုက်၏။ “ဒါက သေသေချာချာလေး ဆောက်လုပ်ထားတာပဲ။ အထဲဘက်မှာ ပိုပြီးတော့ လှမယ်ထင်တယ်”

နဥ်ရှောက်ပိုင်က လက်ပိုက်လိုက်ပြီး သူမကို ကြည့်လိုက်သည်။ “တကယ်လို့ တစ်ခုခုရှိတယ်ဆိုရင်လည်း မင်းဟိုဘက်မှာ ပြောလို့မရပါဘူး။ ဘာဖြစ်လို့ ဒီအထိခေါ်လာတာလဲ”

ရှမြန်က တခစ်ခစ်ရယ်မောကာ ပြောလိုက်၏။ “ကြည့်ရတာ ရှင် ဒီနေရာကို ရောက်ပြီးပြီပဲ။ တံခါးနားမှာ ဒီအတိုင်း ရပ်ပြီးစကားပြောနေရင်တော့ မကောင်းတော့ပါဘူး”

နဥ်ရှောက်ပိုင်က သူ့ကို မရေမရာ ခေါင်းညိတ်ပြလိုက်ပြီး တံခါးကို တွန်းဖွင့်ကာ သတိပေးလိုက်လေသည်။

“မင်း ငါ့အပေါ် ညဏ်နီညဏ်နက်မများရင် ပိုကောင်းမယ်”

“ကျွန်မမှာ ဘာဉာဏ်နီညဏ်နက်မှ မရှိပါဘူး” ရှမြန်က ဝမ်းသာအားရ အိမ်ထဲသို့လျှောက်ဝင်သွားပြီး ရှောင်ဖုန်း၏လက်ကို တွဲထားလိုက်သည်။

“ဝိုး အကြီးကြီးပဲ” ရှမြန်သည် တောက်ပနေသည့်မျက်လုံးများဖြင့် သူ့ရှေ့ကခြံဝင်းကို ကြည့်လိုက်၏။ “ဒီ‌တော့ ခြံဝင်း(၃)ခုပါတဲ့အိမ်ဆိုတာ ဒီလိုပုံစံမျိုးကိုး”

ရှောင်ဖုန်းသည် ဘာဖြစ်နေမှန်း နားမလည်ချေ။ သို့သော်ငြားလည်း ရှမြန်က တအံ့တသြ ပြောဆိုနေသည်ကို မြင်လိုက်ရချိန်တွင် သူကလည်း မျက်လုံးဝိုင်းဝိုင်းလေးကို ဖွင့်ထားလိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်လေသည်။

နဉ်ရှောက်ပိုင်မှာ ဆွံ့အသွားတော့သည်။ ဒီကောင်မလေး၏ဦးနှောက်ထဲတွင် ဘာတွေရှိနေမှန်း သူလည်း မသိတော့ချေ။ အားလုံးက မိုဘိုင်းဖုန်းကို မြင်လိုက်ရချိန်တွင် အလောတကြီး လာရောက်ကြည့်ရှုကြချိန်တွင် သူကတော့ ဘာမှမဖြစ်သလို နေနေသည်။ သို့သော်ငြားလည်း ခြံဝင်းတစ်ခုကတော့ ခမ်းနားလှသည့် မြင်ကွင်းရှိသည့်ဥယျာဉ်ထဲကို ဝင်သွားခဲ့သည့်အဘွားလျိုလို သူမကို ခံစားရအောင် လုပ်နေလေသည်။

ဒါတော့ မဟုတ်သေးဘူးလေ။ အဘွားလျိုက အနည်းဆုံးတော့ ခမ်းနားတဲ့မြင်ကွင်းပါတဲ့ဥယျာဉ်ကြီးကို အိပ်မက်မမက်ခဲ့ဘူး။ အဘွားရှကတော့ စိတ်အားထက်သန်စွာနဲ့ပဲ မေးနေသေးတယ်။

“ဒီလိုခြံတစ်ခုဆိုရင် ဘယ်လောက်ပေးရမှာလဲ။ ဒီနေရာမှာ ဒီလိုအိမ်တွေ အများကြီးရှိတာလား”

နဥ်ရှောက်ပိုင်သည် သူမ၏ဦးထုပ်အနားကို ဖိချလိုက်ပြီး တုံးတိ ပြန်ပြောလိုက်လေသည်။

“ခြံဝင်းက တကယ်တော့ စျေးမကြီးပါဘူး။ ယွမ်(၇)သောင်း၊ (၈)သောင်းလောက်ပဲ ရှိမှာပါ”

“ဒါပေမဲ့ အိမ်ကိုပြန်ပြီး ပြင်ဆင်တာတော့ ဈေးမပေါဘူး။ ရေပိုက်သွယ်တာ၊ မီးသွယ်တာတွေ အပါအဝင်ဆိုရင် စုစုပေါင်း ယွမ်(၅)သိန်းကျော်လောက် ကျသွားတယ်”

ရှမြန်က သူမ၏ဦးထုပ်အနားကို ပင့်တင်လိုက်ပြီး ၀မ်းသာပျော်ရွှင်နေသည့်မျက်နှာတစ်ခုကို ထုတ်ပြလိုက်ကာ ပြောလိုက်လေသည်။

“အဲ့လောက်တောင် စျေးသက်သာတာလား”

ထိုစကားက သူမ၏မျက်လုံးပေါ်တွင် အတိုင်းသား ရေးထား၏။

နဥ်ရှောက်ပိုင်က ပြုံးပြလိုက်သည်။ ဒီကောင်မလေးသည် ဖျတ်လက်တတ်ကြွသော်ငြားလည်း အမှန်တွင်တော့ သူမသည်ကိစ္စများကို ဆောင်ရွက်ရာတွင် အလွန်မှစည်းစနစ်ကျပြီး အတိုင်းအတာရှိသည်ကို အခုတော့ သူ နားလည်သွားလေသည်။ သူမသည် အမှန်တကယ် ချမ်းသာနေသယောင်ပင်။

“ဒါပေမဲ့ ပကတိအတိုင်း ရှိနေတဲ့ ခြံဝင်းတွေကတော့ အများကြီး မရှိတော့ဘူး။ တော်တော်များများကတော့ ယိုယွင်းပျက်စီးကုန်ပြီလေ”

ဟော်မိသားစုက အသင့်တော်ဆုံးမိသားစုတစ်ခု ဖြစ်နေသယောင်ပင်။

နဥ်ရှောက်ပိုင်သည် အနက်ရောင်လည်သာအယ်လ်ဘမ်ထဲက အနီရောင်တံဆိပ်ခေါင်း(၂)ခုမှာ တစ်ခုက (၁)ယွမ်တန် စာလုံးငယ်လေး(၁)ခု ရိုက်နှိပ်ထားသည့် တံဆိပ်ခေါင်းဖြစ်ပြီး ကျန်တစ်ခုမှာ တရုတ်ပြည်၏ အနီရောင်တောင်နှင့် မြစ်များပုံဖြစ်နေသည်ကို တွေ့လိုက်ရသည်တွင် မြင်လိုက်ရချိန်တွင် သူ၏ပထမဦးဆုံးတုံ့ပြန်မှုမှာ

“ဒါကျန်းချီမင် ပျောက်သွားတဲ့ပစ္စည်းပဲ”

“ဒါက အစတုန်းကတည်းက ကျွန်မအစ်မရဲ့ပစ္စည်းပါ” ရှမြန်က ပခုံးတွန့်ပြလိုက်ပြီး ပြောလိုက်၏။

“သူက အလယ်တန်း ဒုတိယနှစ်ကတည်းက တံဆိပ်ခေါင်းတွေကို စပြီးစုစည်းလာတာလေ။ (၁၀)နှစ်လောက်တောင် စုဆောင်းလာခဲ့တာ။ နောက်ပိုင်းကျတော့ ဒီတိရိစ္ဆာန်ကောင်က ဒီပစ္စည်းတွေကို သူ့အမေဆီကနေ လှည့်ထုတ်ထားတာပဲ...“

နဥ်ရှောက်ပိုင်သည် ကျန်းချီမင်ကို ဟောက်ချန်းစုန့် ခေါ်ထုတ်သွားသည့်နေ့ရက်ကို ပြန်စဉ်းစားမိလိုက်လေသည်။ ရှမြန်က ကျန်းချီမင်ကို သူမ၏ပါးစပ်ကို လှုပ်ပြလိုက်လေသည်။ ကျန်းချီမင်က ရုတ်တရက်ဆိုသလို အရူးတစ်ယောက်လို ပြိုလဲသွားလေသည်။

သူက တဟင်းဟင်း ရယ်မောလိုက်ကာ မသေမချင်း ဒီကိစ္စကို လက်လွှတ်နိုင်မှာမဟုတ်သည့် ထိုလူယုတ်မာကို စဉ်းစားမိလိုက်ပြီးနောက်တွင် သူရှေ့က ကောင်မလေးကို လေးစားအားကျသွားသလို ကြည့်လိုက်မိတော့သည်။

ရှမြန်ကတော့ သူ့အကြည့်ကို သတိမထားမိချေ။ သူမသည် ခြံဝင်းနှင့် အိမ်တစ်လုံးအကြောင်းကိုသာ စဉ်းစားနေလေသည်။

“ဒီလိုလုပ်ရင်ရော။ ဒီငွေက ဟော်မိသားစုရဲ့ ခြံဝင်း နည်းနည်းပါးပါးကို ဝယ်ဖို့လောက်မလား”

နဥ်ရှောက်ပိုင်သည် ချက်ချင်းဆိုသလို ဝမ်းသာသွားတော့သည်။

“မင်းရဲ့ကံကောင်းခြင်းက မင်းရဲ့ခွန်အားပဲဆိုတာကို ငါ အခု ယုံသွားပြီ”

ရှမြန်က ခေါင်းကို စောင်းလိုက်ပြီး ခဏလောက်စဉ်းစားလိုက်၏။ ဒါတွေက စကားကောင်း မဟုတ်ဘူးလို့ ဘာဖြစ်လို့များ ခံစားမိနေပါလိမ့်။

နဥ်ရှောက်ပိုင်က ပြောလိုက်၏။

“ခုနတုန်းက ကျိုးချန်ချန်ဘာဖြစ်လို့ အဲဒီလောက်တောင် ထောင်လွှားနေလဲဆိုတာ မင်းသိလား”

“ဟော်မိသားစုရဲ့သခင်မကြီးက သူ့ကို နောက်ကနေ ထောက်ပံ့ပေးထားတယ်လို့ ရှင်ပဲ မပြောလိုက်ဘူးလား။ ဘာမှားလို့လဲ”

ရှမြန်သည် နဥ်ရှောက်ပိုင်၏အမူအရာကို တအံ့တဩကြည့်ကာ မေးလိုက်လေသည်။

“ဧကန္တ ဟော်မိသားစုရဲ့သခင်မကြီးက သူ့အတွက်ကြောင့် ကျွန်မကို ပြဿနာလာရှာတော့မှာလား”

“ဟုတ်တယ်” နဥ်ရှောက်ပိုင်က ပြောလိုက်သည်။ “ပြီးတော့ အရမ်းကို မြန်မြန်ကြီး ရောက်လာလိမ့်မယ်”

ရှမြန်မှာ အမှန်တကယ် မှင်တက်အံ့သြသွားတော့သည်။ “မဟုတ်သေးပါဘူး ကျွန်မက ပုစွန်ဆိတ်သေးသေးလေးဆိုရင်လဲ မပြောနဲ့ဦး။ ကျွန်မက သူ့မြေးရဲ့အသက်ကိုတောင် ကယ်ထားပေးခဲ့တာပဲ။ သူက ဒီလိုအသေးအဖွဲ့ကိစ္စနဲ့ ကျွန်မကို တကယ်ပဲလာပြီး ပြဿနာရှာမှာတဲ့လား။ ကျိုးချန်ချန်က သူ့မြေးထက်တောင် ပိုပြီးတော့အရေးကြီးတာတဲ့လား”

“မဟုတ်သေးဘူး” ရှမြန်သည် ခဏလောက် စဉ်းစားလိုက်ပြီး ပြောလိုက်လေသည်။ “သူက ကျွန်မကို ပြဿနာရှာဖို့ ကြိုးစားမှာ မဟုတ်ဘဲ အစ်မနဥ်ကို...“

“အဘွားကြီးက ရူးနေတာလား” သူမသည် အမှန်ပင် နားမလည်နိုင်တော့ချေ။ “ကျိုးချန်ချန်က အစ်မနဥ်နဲ့ လုံးဝတခြားစီပဲဆိုတာ လူတိုင်းမြင်နိုင်သားပဲ။ အဘွားကြီးက အစ်မနဥ်ကို တကယ်ပဲ မောင်းထုတ်ချင်နေပြီး ကျိုးချန်ချန်ကို ခေါ်ဝင်ချင်နေတာပဲ”

“ဒါမှမဟုတ် ကျိုးချန်ချန်က သူ့ကို ရူးသွားအောင်လုပ်နိုင်တဲ့ ဆေးတစ်မျိုးမျိုးကိုများ တိုက်ထားလို့လား”

“ဒါက မှော်ဆေးရည်လို ပစ္စည်းမျိုးမဟုတ်ပါဘူး” နဉ်ရှောက်ပိုင်သည် ရှုပ်ထွေးနေသည့် အမူအရာတစ်ခုကို ထုတ်ပြလိုက်ပြီး ”အဘွားကြီးက ဘာဖြစ်လို့အဲ့လောက်အထိ စည်းကမ်း တင်းကြပ်လဲဆိုတာ မင်းသိလား”

“ဘာဖြစ်လို့လဲ”

“အဲဒီအဘွားကြီးက ဟော်ဖန့်ယီကို ကျေးလက်မှာ အလုပ်လုပ်ဖို့ ဖိအားပေးခံရပြီး လွှတ်လိုက်တုန်းက လက်ထပ်လာခဲ့တဲ့မိန်းမလေ။ ဟော်မိသားစု ပြန်လည်ထူထောင်လာတဲ့အချိန်မှာ သူက ရယ်စရာအများကြီး လုပ်ခဲ့တာပေါ့”

နဥ်ရှောက်ပိုင်သည် တစ်ဖက်လူက တောသူတစ်ယောက် ဖြစ်ရုံနှင့်တော့ မရယ်မောတတ်ချေ။ ထိုခေတ်အခါတွင် လူတော်တော်များများသည် တောသူများကို လက်ထက်ခဲ့ရသည်။ သို့သော်ငြားလည်း ကိုယ့်ဟာကိုယ် ဆက်တိုက်အရူးလုပ်နေသူမှာ ဟော်မိသားစု၏သခင်မကြီးဖြစ်နေခြင်းပင်။

ဒါသည် သူမက တည်ရှိမှုခံစားချက်တစ်ခုကို ရှာဖွေရသည်ကို ကြိုက်နှစ်သက်သည့် လူတစ်ယောက် ဖြစ်နေသည့် သဘောပင်။ ဒီလိုလူမျိုးသည်...

သူက ကိုယ့်ဟာကိုယ်ယုံကြည်မှု အရမ်းနည်းပါတယ်လေ။ ဒါကြောင့် သူ့မှာ တစ်ခုခုမရှိလေလေ ဒါကိုကြွားလုံးထုတ်ဖို့ ပိုပြီးကြိုးစားလေလေပဲပေါ့။

ရှမြန်က သူမ၏နှုတ်ခမ်းများကို မဲ့ထားလိုက်ပြီး

“ဒီတော့ သူက သူ့ရဲ့ကိုယ်ပိုင်မပြည့်ဝတဲ့ နောက်ခံကို ဖုံးကွယ်ဖို့အတွက် စည်းမျဉ်းစည်းကမ်းတွေကို ပိုပြီးတော့ ထုတ်လာတာပေါ့လေ”

နဥ်ရှောက်ပိုင်သည် ဒီကလေးက သင်ပေးလို့ရတာပဲဟူသည့် လေးစားနေသည့် အမူအရာတစ်ခုကို ထုတ်ပြလိုက်သည်။

ရှမြန်က နားမလည်နိုင်အောင် ဖြစ်နေသည်။ “ဒါက အစ်မနဥ်နဲ့ ဘာဆိုင်လို့လဲ”

နဉ်ရှောက်ပိုင်က ပြောလိုက်၏။ “တခြားသူတွေကို ဘယ်လို အတုယူရမလဲဆိုတာ မင်းသိလား”

“‌ဪ သူက နောက်ပိုင်းကျတော့ သူ့ရဲ့လုပ်ပုံတွေကို ပြောင်းလိုက်တယ်ပေါ့။ ဒီတော့ သူက အစ်မနဥ်ရှေ့မှာဆိုရင် သိမ်ငယ်သလို ခံစားရတယ်ပေါ့” ရှမြန်သည် ဆွံ့အသွားတော့သည်။

“ဒီတော့ သူက သူနဲ့ပုံစံတူ ရူးသွပ်နေတဲ့လူတစ်ယောက်ကိုရှာပြီး သူ့ထက်ပိုပြီးဆိုးတာကို သဘောကျနေတာပေါ့”

“ကျိုးချန်ချန်က မနေ့တုန်းက တခြားသူတွေကို အတုခိုးနေတာကို မြင်လိုက်ရတာလည်း မဆန်းတော့ပါဘူး။ သူတို့တွေက တကယ်ကို လိုက်ဖက်တဲ့လူ ဖြစ်နေတာပဲ”

ရှမြန်သည် အမှန်ပဲ ဘာပြောရမည်မှန်း မသိအောင် ဖြစ်သွားတော့သည်။

“ချွေးမဖြစ်သူက အရမ်းကို ထူးချွန်နေတာကြောင့် သူ့ကို ပြောင်းလဲလိုက်ပြီး သူ့ကို သာလွန်စေတယ်လို့ ခံစားရစေတဲ့ တစ်စုံတစ်ယောက်နဲ့ အစားထိုးစေချင်တာပေါ့”

“ဒီလောဂျစ်က မှန်သားပဲ။ ဒါနဲ့များ ဘာဖြစ်လို့ သူ့ကို ချက်ချင်း လက်မထပ်ပေးလိုက်တာလဲ။ ကျိုးချန်ချန်က ငယ်တော့တဲ့ပုံလည်း မပေါ်တော့ပါဘူး”

“ကျိုးချန်ချန်နဲ့ ဟော်ရွှယ်ဝမ်က အသက်တူတူပဲလေ”

နဉ်ရှောက်ပိုင်သည် ဒီစကားကို ပြောလိုက်ချိန်တွင် သူ၏မျက်နှာပေါ်မှ အမူအရာသည် အလွန်မှ ထူးဆန်းသွားပြီး လှောင်ပြောင်သရော်နေသလို ဖြစ်နေသော်ငြားလည်း သနားစဖွယ် ဖြစ်နေပြန်လေသည်။ သူက မည်သူ့ကို သနားနေသည်တော့ သေချာမသိရချေ။

“သူ့မှာ ဟော်ရွှယ်ဝမ်ရဲ့မင်္ဂလာပွဲနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ပိုင်ခွင့် မရှိဘူးလေ”

...

All Chapters