← Chapters

အခန်း (၆၅၀)

Vol. 44 Ch. 650

အခန်း (၆၅၀)

Vol. 44 Ch. 650

တိုက်ခိုက်ချက် တစ်ခုတည်းနှင့် သူသည် လေဟာနယ်ကို ထိုးခွင်းကာဖြင့် သတ္တမဘိုးဘေးကြီး အရှေ့ဆီသို့ ရောက်ရှိအောင် တိုက်ခိုက်လိုက်၏။ ဓား၏ ရောင်စဉ်အလင်းတန်းများသည် သက်တန့်ရောင်စဉ်ကဲ့သို့ပင် အောက်သို ကျဆင်းလာခဲ့၏။ သတ်ဖြတ်လိုခြင်း ဆန္ဒများသည် ဒီရေလှိုင်းများအတိုင်း တိုက်စားလျက် ရှိနေပြီး ဓားအလင်းတန်း တစ်ခုချင်းစီတိုင်း၌ ကြောက်မက်ဖွယ်ရာကောင်းသည့် နိယာမ အသိအမြင်များ ပါဝင်လျက် ရှိနေပြီး အန္တိမကျင့်ကြံခြင်း ထိပ်ဆုံးအဆင့် ကျင့်ကြံသူများကိုပင် လွယ်လွယ်ကူကူ သတ်ဖြတ်နိုင်စွမ်း ရှိနေသည့် အရာမျိုးပင်။

အားလုံးသော တိုက်ခိုက်မှုများ စုစည်းဖြစ်တည်လာခဲ့သည့် အချိန်မှာတော့ အင်မော်တယ်ဘုရင် တစ်ယောက် ပင်လျှင် အသည်းအသန်နှင့် ခုခံရမည့် အခြေအနေမျိုးသို့ ရောက်ရှိလာခဲ့၏။

ချလွမ်

သတ္တမဘိုးဘေးကြီး လက်ထဲတွင် ရှိနေသည့် လှံက ထွန်းတောက်လာခဲ့၏။ ၎င်းလှံသည် သလင်းကျောက် တစ်ခုကဲ့သို့ တောက်ပလျက် ရှိနေ၏။ လှံတိုက်ခိုက်ချက်သည် ပြင်းထန်လွန်းလှသည်။ နားကွဲလောက်စရာ ကျယ်လောင်သော အော်ဟစ်ကြိမ်းမောင်းသံကြီးက ပေါ်ပေါက်လာခဲ့ပြီး ကောင်းကင်နှင့်မြေပြင် တစ်ခုလုံးကို တုန်ခါစေခဲ့သည်။

မြေပြင်တစ်ခုလုံး ကျွံဝင်သွားခဲ့ပြီးသည့်နောက် လေဟာနယ်၏ တည်နေရာ အစိတ်အပိုင်း အားလုံးတို့သည် မှန်ကဲ့သို့ပင် ကွဲကြေလာခဲ့၏။ လောကကြီးတစ်ခုလုံး ဖျက်ဆီးနိုင်စွမ်း ရှိနေသည့် တိုက်ခိုက်ချက်မျိုး ဖြစ်၏။

သတ္တမဘိုးဘေးကြီး၏ ဝတ်စုံသည် လေနှင့်အတူ လှုပ်ယမ်းလျက် ရှိနေ၏။ ၎င်းသည် အနောက်သို့ ခြေတစ်လှမ်းမှ မဆုတ်သွားခဲ့ချေ။ စစ်နတ်ဘုရား တစ်ပါးကဲ့သို့ မားမားမတ်မတ် ရပ်တည်လျက် ရှိနေ၏။ ၎င်းသည် အသက်အရွယ် အိုမင်းခဲ့ပြီ ဖြစ်သော်လည်း ၎င်း၏ အသက်ဓာတ်များနှင့် စွမ်းအင်များသည် တကယ့်ကို ကြမ်းတမ်းလွန်းနေသည်။ မယုံကြည်နိုင်ဖွယ်ရာပင်။

ဖမ်းချုပ်ခြင်း ခံရပြီးသည့်နောက် ဤအစီအရင်သည် အင်မော်တယ်ဘုရင် တစ်ယောက်ကိုပင် သတ်ဖြတ်နိုင်စွမ်းရှိသည့် အစီအရင်ဖြစ်ကြောင်း အားလုံးက နားလည်ထားဖို့သင့်၏။ သို့ပေမဲ့ လက်ရှိ အခြေအနေမှာတော့ သတ်ဖြတ်ခြင်း အစီအရင်သုံးခု တည်ရှိနေသည် ဆိုလျှင်တောင်မှ သတ္တမဘိုးဘေးကြီး သည် ထျန်းမင်တောင် သခင်၏ တိုက်ခိုက်ချက်ကို ခုခံနိုင်သေး၏။

ဤသတင်းသည်သာ အပြင်သို့ ပျံ့နှံ့သွားသည်ဆိုပါက နတ်ဘုရားလောကကြီး တစ်ခုလုံးပင် တုန်လှုပ် သွားမှာ သေချာသည်။

ထျန်းမင်တောင်သခင်သည်လည်း လေးလေးနက်နက်ဖြင့် ဖြစ်တည်လာခဲ့၏။ သူသည် ငရဲလောက၏ တိုက်ပွဲကြားတွင် အသက်ရှင်ကျန်ရစ်ခဲ့သည် ဆိုသော်လည်း တစ်ဖက်လူသည်လည်း ထိုကဲ့သို့သော အတွေ့အကြုံများကို ရရှိခဲ့သည့် လူတစ်ယောက် ဖြစ်၏။

ထိုကဲ့သို့ အတွေ့အကြုံ များပြားသည့် လူနှင့် တိုက်ခိုက်သည့်နေရာတွင် သာမန်အင်မော်တယ်ဘုရင် တစ်ယောက်အဖြစ် သတ်မှတ်၍ တိုက်ခိုက်မည်ဆိုလျှင် အဓိပ္ပာယ်ရှိမည် မဟုတ်ချေ။ အတွေ့အကြုံ များပြားသည့် တိုက်ခိုက်ရေး စွမ်းအင်ကို ပိုင်ဆိုင်သော အင်မော်တယ်ဘုရင်များသည် အန္တရာယ် များလှ၏။ သတ္တမဘိုးဘေးကဲ့သို့သော လူသည် ပိုမိုကာ ဆိုးရွား၏။ တစ်ဖက်လူသည် သာမန် အင်မော်တယ်ဘုရင် တစ်ယောက် မဟုတ်ချေ။

ထျန်းမင်တောင်သခင်သည် နှစ်ပေါင်းများစွာကြာအောင် စည်းခတ်ခြင်းကို ခံထားခဲ့ရသောကြောင့် ၎င်းတို့ နှစ်ဦးကြားတွင် တည်ရှိနေသည့် ကွာခြားချက်သည် နည်းပါးသွားခဲ့၏။ ထို့ကြောင့်ပင်လျှင် တူညီသည့် ကျင့်ကြံခြင်းအဆင့်ကို ပိုင်ဆိုင်သည်ဟုပင် သတ်မှတ်ရလုမတတ် ဖြစ်နေခဲ့၏။

“ကြည့်ရတာ ကျုပ်အနေနဲ့ ခင်ဗျားတို့ အားလုံးကို ထိန်းချုပ်ထားချင်တယ်ဆိုရင် အားအင်အဆင့် ပိုပြီး တိုးဖို့ လိုအပ်လာခဲ့ပြီပဲ” ထျန်းမင်တောင်သခင်က ပြောလိုက်၏။ သူသည် အမဲရောင် မျက်ဝန်းများနှင့်အတူ တစ်ဖက်လူများကို စူးစိုက်ကာ ကြည့်ရှုလိုက်၏။ သူသည် ရှေ့ဆီသို့ အသာလှမ်းတက်လိုက်သည်။

ခန္ဓာကိုယ်တစ်ခုလုံးသည် နှစ်ပိုင်း ကွဲထွက်သွားပြီးသည့်နောက် လူနှစ်ယောက် ဖြစ်တည်လာခဲ့၏။ အားလုံးသောသူတို့၏ ရှေ့တွင် ထျန်းမင်တောင်သခင် နှစ်ယောက် ဖြစ်လာခဲ့၏။ အင်မော်တယ်ဘုရင် ထိပ်ဆုံးအဆင့် ကျင့်ကြံခြင်းအော်ရာများကို ထုတ်ဖော်လျက် ရှိနေသည့် လူနှစ်ယောက်ပင်။ ကျိန်းသေပေါက် လျစ်လျှူရှုထား၍ ရသည့်အရာမျိုး မဟုတ်တော့ချေ။

ထျန်းမင်တောင်သခင်သည် အရှေ့ဆီသို့ လှမ်းတက်လာပြီးသည့်နောက် ထူးမခြားနားသလို ပြောဆိုလိုက်၏။ “မင်း ဒီလူတွေ လွတ်မသွားအောင် ထိန်းထားလိုက်။ ငါ သူတို့ကို သွားသတ်မယ်” ပြောပြောပြီးချင်းမှာပဲ သူသည် လက်ကို မြှောက်ပြီး ဓားတစ်စင်းအလားပင် လောကကြီးကို ခုတ်ပိုင်းလိုက်၏။

“အင်း… အမိန့်ပေးနေဖို့ လိုသေးတာလား။ ကြည့်ရတာ ဒီလူနှစ်ယောက်က မတူညီတဲ့ တည်ရှိမှုပဲ ဖြစ်လိမ့်မယ်” သတ္တမဘိုးဘေးကြီးက မျက်မှောင်ကုတ်လိုက်၏။ ပြီးနောက် ထျန်းမင်တောင်သခင် နှစ်ယောက်ကို လှမ်းကြည့်ရင်း မြန်မြန်ဆန်ဆန် သုံးသပ်လျက် ရှိနေ၏။ သို့ပေမဲ့ သူ အပြည့်အဝ နားမလည်နိုင်ခင်မှာဘဲ တစ်ဖက်လူ၏ လက်ဝါးရိုက်ချက်သည် ကောင်းကင်ရှိ ဓားများကဲ့သို့ပင် သူ့ဆီသို့ ရောက်ရှိလာခဲ့သည်။

ချလွမ်

သတ္တမဘိုးဘေးကြီးသည် လက်ကိုမြှောက်ကာ ကာကွယ်လိုက်၏။ ကြောက်မက်ဖွယ်ရာကောင်းသည့် စွမ်းအင်လှိုင်းများသည် တည်နေရာ တစ်ခုလုံးသို့ ပြည့်နှက်သွားခဲ့၏။ သူသည် တစ်ဖက်လူ၏ လက်ဝါးချက် ကို အသာ လှမ်းဆွဲလိုက်၏။ ပြီးနောက် ရုတ်တရက် ချိုးဖြတ်ရန် ပြင်ဆင်လိုက်၏။ သို့ပေမဲ့ သူ ထင်မှတ်ထားသည့် အရာမျိုး ဖြစ်မလာခဲ့ချေ။

ထျန်းမင်တောင်သခင်သည် နှာခေါင်းကို ရှုံ့ပြီးသည့်နောက် တစ်ဖက်လူ၏ ဖမ်းဆွဲမှုကို အသာရှောင်ရှား လိုက်၏။ ပြီးသည့်နောက် ထိုလက်ဝါးရိုက်ချက်သည် နတ်ဘုရားဓား တစ်ခုကဲ့သို့ အသွင်ပြောင်းကာဖြင့် သတ္တမဘိုးဘေးကြီး၏ လည်ကုတ်ပေါ်သို့ ကျဆင်းလာခဲ့ပြန်၏။

ဇွပ်

သွေးများ ဖြစ်တည်လာခဲ့၏။ ကောင်းကင်နှင့်မြေပြင် တစ်ခုလုံးတွင် သွေးများ စွန်းထင်းလာခဲ့သည်။

ဆယ်ရက် ကြာမြင့်ပြီးသည့်နောက် တိုက်ပွဲကြီးက ဆက်လက် ဖြစ်တည်လျက် ရှိနေသေး၏။ သတ်ဖြတ်ခြင်း အစီအရင် သုံးခုတို့ဆီမှ စွမ်းအင်လှိုင်းများသည် ဒီရေလှိုင်းများအလား တည်နေရာတစ်ခုလုံးကို တိုက်စားလျက် ရှိနေ၏။ နက်နဲလျှို့ဝှက်လောကကြီး တစ်ခုလုံးက တုန်ခါလျက် ရှိနေပြီး အချိန်မရွေး ပျက်စီးသွားမည့် အခြေအနေမျိုးပင်။

“ဒီတော့ အင်မော်တယ်ဘုရင်တွေ တိုက်ခိုက်တယ်ဆိုတာ ဒီလိုကိုး။ တကယ်ကို ကြောက်မက်ဖွယ်ရာပဲ” မုန့်ရှင်းကျီသည် လေဟာနယ်ထဲတွင် မတ်မတ်ရပ်လျက် ရှိနေ၏။ သူသည် အနာဂတ် နှစ်ပေါင်းတစ်သန်းဆီမှ မုန့်ရှင်းကျီကို လှမ်းကာ ကြည့်ရှုလိုက်၏။

လက်ရှိ အခြေအနေမှာတော့ အမဲရောင်မြူများ ရစ်သိုင်းလျက် ရှိနေသည့် မုန့်ရှင်းကျီသည် လေဟာနယ်ထဲ၌ ပုန်းအောင်းလျက်ရှိပြီး ၎င်း၏ မြင်နိုင်သည်။

သူတို့သည် သေသေချာချာ ပြင်ဆင်လာခဲ့ခြင်းဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်လျှို့ဝှက် နန်းဆောင်ဆီမှ ထွက်ခွာလာပြီးနောက် ဤလောကကြီး၏ နိယာမများသည် သူတို့ကို ချက်ချင်းပဲ အာရုံခံမိမှာ သေချာ၏။ ထို့ကြောင့် အနာဂတ် မုန့်ရှင်းကျီက ပုန်းအောင်း နေထိုင်ခြင်းဖြစ်၏။

ပြောရမည်ဆိုလျှင် အနာဂတ်မှ မုန့်ရှင်းကျီသည် ကောင်းကင်တာအို၏ နိယာမများကို ခဏလောက် ဖိနှိပ်ထားခဲ့ခြင်းဖြစ်၏။ သူသည် လောကထဲသို့ လှမ်းလျှောက်ထွက်လာသည့် အချိန်တွင် မည်သူမှ သတိမပြုမိအောင် ကြိုးစားလာခဲ့၏။ ထို့အပြင် သူသည် ဤခေတ်ကြီးထဲမှ လူတစ်ယောက် မဟုတ်ချေ။ အနာဂတ်မှ လူတစ်ယောက် ဖြစ်နေသည်။

သာမန်ကျင့်ကြံသူ တစ်ယောက်သည် သူ့ကို သတိပြုမိလိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ လက်ရှိအချိန်မှာတော့ တစ်ဖက်လူများသည် အင်မော်တယ်ဘုရင်များပင် ဖြစ်၏။ သာမန်ထက်ပိုသည့် စွမ်းအားမြင့် ကျင့်ကြံသူများ ဖြစ်သောကြောင့် သူ့ကိုသာ ရှာတွေ့ခဲ့သည်ဆိုပါက ကျိန်းသေပေါက် ပြဿနာများမှာ သေချာ၏။ အင်မော်တယ်ဘုရင် တစ်ယောက်ကို ဖိနှိပ်ဖို့ ဆိုသည်မှာ ကျိန်းသေပေါက် လွယ်ကူလိမ့်မည် မဟုတ်ချေ။

“အခု မင်း မြင်နေရတာတွေ အားလုံးက အပေါ်ယံသာသာပဲ ရှိသေးတယ်။ တကယ့် တိုက်ပွဲက မကြာခင် လာလိမ့်မယ်” အနာဂတ်မှ မုန့်ရှင်းကျီသည် အသာပြောဆိုလိုက်၏။ သူ၏ အကြည့်များသည် မနီးမဝေးတွင် ရှိနေသည့် တောင်ကြား တည်နေရာဆီသို့ လှမ်းကာ ကြည့်ရှုလိုက်၏။

ပတ်ဝန်းကျင် တည်နေရာကြီး တစ်ခုလုံး ပျက်စီးလျက် ရှိနေသည် ဆိုသော်လည်း ထိုတောင်ကြား တည်နေရာကြီးက အရင်အတိုင်း တည်ရှိနေသေး၏။ ထိုအရာမှာ ပုံမှန်ထက်ပိုကာ ထူးခြားသည့် တည်နေရာဖြစ်ကြောင်း သိသာထင်ရှားနေသည်။

All Chapters