← Chapters

အခန်း (၆၅၁)

Vol. 44 Ch. 651

အခန်း (၆၅၁)

Vol. 44 Ch. 651

သူသေသေချာချာ မှတ်မိမည်ဆိုလျှင် ဤတောင်ကြားထဲတွင် အင်မော်တယ်ဘုရင် တိုင်ချူး ရှိနေ၏။ ၎င်းတို့သည် အတူတူ ပူးပေါင်းပြီး နက်နဲအလင်းလောကကြီးနှင့် ငရဲလောကတို့ကို တိုက်ခိုက်ရန် ပြင်ဆင်လျက် ရှိနေ၏။ လက်ရှိအခြေအနေတွင် မဟာမိတ် ရောင်းရင်းများဟုပင် ပြောဆို၍ ရနိုင်၏။

“ငါ ခန့်မှန်းတာ မှန်မယ်ဆိုရင် ဒီနေရာမှာ ကြာကြာထိုင်ပြီး စောင့်နေဖို့ မလိုဘူး” အနာဂတ်မှ မုန့်ရှင်းကျီသည် အသာပြောလိုက်သည်။

“ဘာ”

လက်ရှိလောက၏ မုန့်ရှင်းကျီသည် ထိုစကားကို ကြားရသည့်အချိန်မှာတော့ တစ်စုံတစ်ခုကို ပြောချင်၏။ သို့ပေမဲ့ မပြောနိုင်ချေ။

“ဘာမှ မဟုတ်ပါဘူး” အနာဂတ်မှ မုန့်ရှင်းကျီသည် ခေါင်းကို အသာခါယမ်းလိုက်၏။

“............”

လက်ရှိ မုန့်ရှင်းကျီ၏ အမူအရာ တစ်ခုလုံးက အေးခဲသွားခဲ့၏။ သူတို့နှစ်ယောက်သည် လူ တစ်ယောက်တည်း ဖြစ်၏။ သို့ပေမဲ့ မတူညီသည့် အချိန်နှင့် တည်နေရာဆီမှ လူများပင် ဖြစ်၏။ ထိုသို့ဆိုလျှင်တောင်မှ လျှို့ဝှက်ချက်များကို တစ်ယောက်နှင့်တစ်ယောက် ဖုံးကွယ်ထားရန် လိုနေလေသည်လား။ စိတ်ထဲတွင် သိချင်စိတ်များနှင့် ပြည့်နှက်လျက် ရှိနေသော်လည်း လက်ရှိ မုန့်ရှင်းကျီသည် တစ်ဖက်လူကို မေးမြန်းခြင်း မပြုတော့ချေ။ ထို့ကြောင့် စကားလမ်းကြောင်းကိုသာ ပြောင်းလိုက်သည်။

“အပေါ်ယံသာသာပဲ ရှိသေးတယ်ဆိုတော့ ဘာကိုဆိုလိုတာလဲ” မုန့်ရှင်းကျီက မေးမြန်းလိုက်၏။ သူ၏ အမြင်အရဆိုလျှင် နက်နဲလျှို့ဝှက်လောကကြီးသည် လက်ရှိအချိန်တွင် အလုံးစုံ ပြိုလဲလုမတတ် ဖြစ်နေသည် မဟုတ်ပါလား။

“အင်မော်တယ်ဘုရင်တွေရဲ့ တိုက်ပွဲက ဒီလောက် အကန့်အသတ်နဲ့ ပြီးသွားမယ်လို့ ထင်နေလို့လား”

အနာဂတ်မှ မုန့်ရှင်းကျီသည် အဝေးတည်နေရာရှိ လေဟာနယ်ထဲသို့ လှမ်းကြည့်ကာ ပြောလိုက်၏။ “မင်းမှားနေပြီ။ အစီအရင်ရဲ့ တားဆီးခြင်းကို ခံထားရတာကြောင့်မို့သာ ခံသာနေတာ။ ကြီးမားတဲ့ အစီအရင်ကြီး သုံးခုသာ ဒီနေရာမှာ မရှိဘူးဆိုရင် ငါ မင်းကို ဒီနေရာထိတောင် ခေါ်လာနိုင်မှာ မဟုတ်ဘူး”

အင်မော်တယ်ဘုရင် ငါးယောက်တို့ တိုက်ခိုက်နေသည့် အချိန်တွင် အနာဂတ်မှသူသည် အလွန် အားကောင်း လှသည်ဆိုလျှင်တောင်မှ ကျိန်းသေပေါက် လုံလုံခြုံခြုံနှင့် အနားကပ်သွားနိုင်ဖို့ ဆိုသည်မှာ အာမခံချက် မရှိချေ။ လက်ရှိ မုန့်ရှင်းကျီဆိုပါက ပိုမိုကာ ဆိုးရွားလွန်းလှ၏။ အဘယ်ကြောင့်ဆိုသော် တော်ဝင်အင်ပါယာ အဆင့် အားအင်ကိုသာ ပိုင်ဆိုင်သောကြောင့်ပင်။ တိုက်ပွဲ၏ သက်ရောက်မှုကို ခံရသည်နှင့်တပြိုင်နက် ကျိန်းသေပေါက် ပြာအဖြစ်သို့ပင် ပြောင်းလဲသွားနိုင်သည်။

“တောက်”

အနာဂတ် မုန့်ရှင်းကျီက တောက်ခေါက်လိုက်၏။ ပတ်ဝန်းကျင်ကို သေသေချာချာ လှည့်ကြည့်ပြီးနောက် ပုန်းအောင်းရန် နေရာတစ်ခုကို ကြိုးစားကာ ရှာဖွေလိုက်၏။ သို့ပေမဲ့ အပျက်အစီးပုံများနှင့် တည်နေရာ တစ်ခုလုံးတွင် ရှိနေသည့် အရာအားလုံးတို့သည် ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲနေသည်ကို မြင်ရသည့် အချိန်မှာတော့ သူသည် စိတ်ဓာတ်ကျသွားမိ၏။

သေသေချာချာ ရှာဖွေကြည့်ပြီးသည့်နောက် သူသည် အနာဂတ်မှ မုန့်ရှင်းကျီကို လှမ်းကြည့်ကာ ပြောလိုက်သည်။ “မကြာခင်မှာ လှုပ်ရှားမှာ မဟုတ်လား”

“အင်း”

အနာဂတ်မှ မုန့်ရှင်းကျီသည် မျက်ခုံးကို ပင့်လိုက်၏။ ပြီးသည့်နောက် ရုတ်တရက်ဆိုသလိုပဲ ခေါင်းကို လှည့်ကာဖြင့် လက်ရှိ မုန့်ရှင်းကျီကို စူးစိုက်ကာ ကြည့်ရှုလိုက်၏။ သက်ပြင်းကို အသာချပြီးသည့်နောက် သူသည် လက်ဝါးကို အသာလှန်ကာဖြင့် ရွှေရောင်စည်းသင်္ကေတ တစ်ခုကို ထုတ်ဖော်လိုက်၏။

စည်းတစ်ခုလုံးသည် ဘာမှန်းမသိသည့် ပစ္စည်းနှင့် ဖန်တီးထားသည့် အရာဖြစ်ပြီး ရှုပ်ထွေးလှသည့် သင်္ကေတ နိယာမများသည် ထိုအပေါ်တွင် ထင်ထင်ရှားရှား တည်ရှိနေ၏။ ကောင်းကင်တာအို၏ လမ်းစဉ်များသည် ထိုအထဲတွင် ပါဝင်လျက် ရှိနေပုံပင်။

“ဒါ မင်းအတွက်ပဲ။ အင်မော်တယ်ဘုရင်တစ်ယောက်ရဲ့ တိုက်ခိုက်ချက်တစ်ခုကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်တယ်။ ဒါကို လိုအပ်တဲ့အချိန်မှာ အသုံးပြုပြီး ကိုယ့်အသက်ကိုယ် ကယ်ရမယ်” အနာဂတ်မှ မုန့်ရှင်းကျီသည် လေးနက်တည်ကြည်သည့် အသံဖြင့် ပြောဆိုလိုက်သည်။

၎င်းတို့သည် လူတစ်ယောက်တည်း ဖြစ်၏။ တခြားသော တစ်ယောက်၏ အတွေးများကို တစ်ချက် ကြည့်လိုက်ရုံနှင့် နားလည်၏။ သို့ပေမဲ့ အံ့အားသင့်စရာ ကောင်းလောက်အောင်ဘဲ အနာဂတ်မှ မုန့်ရှင်းကျီသည် ပစ္စုပ္ပန်၏ မုန့်ရှင်းကျီကိုပင် အရှက်မဲ့စွာဖြင့် အခွင့်အရေးယူရန် ကြံစည်လျက် ရှိနေ၏။

“ဒါက ကောင်းတဲ့အရာ တစ်ခုလား”

လက်ရှိမုန့်ရှင်းကျီသည် မျက်လုံးများ လင်းလက်သွားခဲ့၏။ သူသည် ပျော်ရွှင်စွာဖြင့် ထိုအရာကို လက်ခံရယူလိုက်၏။ သေသေချာချာ စမ်းသပ်စစ်ဆေးပြီးသည့်နောက် သူသည် ထူးခြားသည့် အသုံးဝင်ပုံများ ကို ရှာဖွေမတွေ့ရှိခဲ့ချေ။

ပြောရမည်ဆိုလျှင် ဤပစ္စည်းသည် တန်ဖိုးကြီးမည် ဖြစ်ကြောင်း သူ အလိုလိုသိ၏။ ထို့အပြင် အနာဂတ်မှ သူ ပေးထားသည့် ပစ္စည်းဖြစ်သောကြောင့် အကြံအဖန်၊ ပစ္စည်းအတု မဟုတ်နိုင်ချေ။ မုန့်ရှင်းကျီ၏ မျက်လုံးထဲမှာတော့ လောကတွင် ရှိနေသည့် လူပေါင်းများစွာတို့သည် မတူညီသည့် အတွေးအမြင်နှင့် မတူညီသည့် လုပ်ဆောင်မှုများ ရှိနေသည် ဆိုသော်လည်း တစ်ယောက်ကိုမှ မစိုးရွံ့ချေ။ အနာဂတ် မုန့်ရှင်းကျီနှင့် စီနီယာနန်းဆောင်သခင်တို့မှလွဲလျှင် သူ ကြောက်လန့်သူဟူ၍ လောက၌ မရှိပေ။

“အင်း... ဒီစည်းသင်္ကေတက တစ်ခါပဲ သုံးလို့ရတယ်။ မှတ်ထား။ အဆင်ခြင်မဲ့ လျှောက်ပြီး မသုံးနဲ့” အနာဂတ်မှ မု့န်ရှင်းကျီသည် သေသေချာချာ လေးလေးနက်နက်နှင့် မှာကြားလိုက်၏။

“အင်း”

လက်ရှိ မုန့်ရှင်းကျီသည် မျက်မှောင်ကုတ်လိုက်၏။ တစ်ကြိမ်တည်းပဲလား။ အနာဂတ်မှ သူသည် ဤမျှလောက် ကပ်စေးနည်းရသည်လား။ မုန့်ရှင်းကျီသည် အကျိုးအမြတ်အတွက် ထပ်မံကာ မေးမြန်းချင်စိတ် ရှိ၏။ သို့ပေမဲ့ သူ မမေးမြန်းရသေးခင်မှာပဲ အဝေးတစ်နေရာဆီမှ ကျယ်လောင်သော အသံကြီးတစ်ခု ထွက်ပေါ်လာသည်။

နတ်ဘုရားဓားကြီးသည် ကောင်းကင်ယံသို့ ထိုးတက်လာခဲ့ပြီး ဓားအော်ရာများသည် ကြီးမားသည့် တောင်ကြီးတစ်ခုကဲ့သို့ပင် ပေါ်ပေါက်လာသည်။ အရာအားလုံးတို့သည် ကြောက်မက်ဖွယ်ရာ ကောင်းသည့် ဓားကြီး၏ တိုက်စားမှုကို ခံနေရ၏။ ဓား၏ ရောင်စဉ်ရောင်ဝါများသည် စူးရှ လင်းလက်လျက် ရှိနေပြီး ထိုအရာကို ကြည့်ရှုရန်ပင် ခက်ခဲချေ၏။

ကြည့်ရသည်မှာ ပြန်လည်မွေးဖွားလာခဲ့ပြီဖြစ်သော ဓားနတ်ဘုရားတစ်ပါးသည် ကောင်းကင်နှင့်မြေပြင် တစ်ခုလုံး၌ ရုတ်တရက် ထင်ပေါ်လာသကဲ့သို့ပင်။ ဆန်းကြယ်လွန်းသည့် လူတစ်ယောက်သည် မိုးကုတ်စက်ဝိုင်း ၏ အစွန်းဘက်ဆီမှ တစ်လှမ်းချင်း လျှောက်လာခဲ့၏။ ၎င်းသည် ရှည်လျားလှသော ဓားကြီးတစ်စင်းကို ကိုင်ဆွဲထားခဲ့ပြီး ၎င်း၏ မျက်လုံးများသည် ဓားရောင်စဉ်များနှင့် ထွန်းတောက်နေ၏။ ခြေလှမ်း တစ်လှမ်းချင်း လှမ်းလိုက်တိုင်း တည်နေရာ အကွာအဝေးက ကျုံ့ဝင်သွားသကဲ့သို့ပင် မြန်မြန်ဆန်ဆန် လှမ်းလာသည်။ ဓား၏ အော်ရာများ၊ ဓား၏ နိယာမများသည် တည်နေရာကြီး တစ်ခုလုံးကို လွှမ်းမိုးလျက် ရှိနေသည်။

“အင်မော်တယ်ဘုရင် တိုင်ချူးလား”

“စီနီယာတိုင်ချူးလား” မုန့်ရှင်းကျီနှင့် အနာဂတ်မှ မုန့်ရှင်းကျီတို့သည် အမှတ်မထင် ထကာ အော်ဟစ်လိုက်မိ၏။

မုန့်ရှင်းကျီသည် အဝေးတစ်နေရာတွင် ရှိနေသည့် တိုင်းချူးကို လှမ်းကြည့်လိုက်၏။ ပြီးသည့်နောက် အနာဂတ်မှ မုန့်ရှင်းကျီကို လှမ်းကြည့်လိုက်သည်။

လက်ရှိအချိန်၌ သူသည် တစ်စုံတစ်ခုကို နားလည်သွားပုံ ပေါ်၏။ ပြောရမည်ဆိုလျှင် အနာဂတ်မှ မုန့်ရှင်းကျီသည် တစ်စုံတစ်ခုကို စိတ်လှုပ်ရှားစွာဖြင့် စိတ်ရှည်ရှည် စောင့်မျှော်လျက် ရှိနေသည့်ပုံပေါ်ခဲ့သည်။ နှစ်သန်းပေါင်းများစွာ ကြာမြင့်ပြီးသည့်နောက် တူညီသည့် အကြောင်းအရာ တစ်ခုကို ပြန်လည် မြင်ရရန် မျှော်လင့်တကြီးနှင့် စောင့်မျှော်နေပုံပေါ်၏။

All Chapters