← Chapters

အခန်း (၆၄၅)

Vol. 44 Ch. 645

အခန်း (၆၄၅)

Vol. 44 Ch. 645

ထို့အပြင်သူသည် နှစ်သန်းထောင်နှင့်ချီ နေထိုင်အသက်ရှင်ခဲ့သည့် ကျင့်ကြံသူတစ်ယောက်ဖြစ်သောကြောင့် လျှိုကလန်၏ ခေါင်းဆောင်သည် သူ့ကို အသက်ရှင်လျက် မြင်တွေ့ဖို့ဆိုသည်မှာ တကယ့်ကို ရွှေထက်ပင် ရှားသေးသည်။

သို့ပေမဲ့ အဓိကဟောခန်းရှေ့တွင် မတ်မတ်ရပ်လျက် ရှိနေသည်ဆိုသော်လည်း မည်သူမျှ ၄င်းတို့အား ရှေ့သို့ထွက်ကာ ကြိုဆိုခြင်းမျိုး မပြုလုပ်ခဲ့ကြချေ။ ၄င်းတို့သုံးယောက်သည် လျှိုကလန်၏ ခေါင်းဆောင်ဆီသို့ သွားရောက်ကာ နုတ်ခွန်းဆက်သရမည်လား။ ဤအရာမှာ လွန်လွန်းလှ၏။

လျှိုကလန်၏ သတ္တမဘိုးဘေးသည်လည်း သတိပြုမိသွားသည်။

"ဘာလို့ထွက်လာပြီး လေးစားသမှု မပြုတာလဲ" လျှိုချင်းကျီ သည် တင်းမာခက်ထန်သည့် လေသံဖြင့် ပြောဆိုလိုက်၏။ ​သူသည် နှလုံးသားထဲ၌ ဒေါသတရားများဖြင့် ပြည့်နှက်နေသော်လည်း တစ်ဖက်လူများကို အနည်းငယ် မျက်နှာသာပေးသင့်ကြောင်းလည်း တွေးတောလိုက်မိ၏။ ထို့အပြင် ဤလူများသည် ၄င်းတို့၏ အဓိက သွေးမျိုးဆက်များအဖြစ် တည်ရှိနေသေးသည် မဟုတ်ပါလား။

သို့ပေမဲ့ သူ၏ စကားသံသည် တည်နေရာတစ်ခုလုံးအနှံ့သို့ ပျံ့နှံ့သွားခဲ့သော်လည်း ဟောခန်းထဲ၌ မည်သည့် လှုပ်ရှားမှုမှ ဖြစ်ပေါ်မခဲ့ချေ။

လက်ရှိအခြေအနေ၌ လျှိုချင်းကျီ၏ မျက်နှာတစ်ခုလုံးသည် မဲမှောင်သွားသည်သာမက ဒေါသတရားများပါ ပေါ်ပေါက်လာသည်။ သူသည် ရှေ့ဆီသို့ လှမ်းတက်လိုက်ပြီး ကြီးမားသည့် လက်ကြီးတစ်ခုကို ဖန်တီးကာ အထဲတွင် ရှိနေသည့်လူကို ဖမ်းဆွဲရန်ပြင်လိုက်၏။

သို့ပေမဲ့ ဆွဲရန်ပြင်ဆင်လိုက်သည့် အချိန်ပိုင်းအတွင်းမှာပဲ ကြည်လင်ရှင်းလင်းသည့် အသံတစ်ခုက ထွက်ပေါ်လာခဲ့၏။ ထိုအသံသည် သူတို့သုံး​ယောက်၏ နားထဲသို့ ၀င်ရောက်လာခဲ့သည်။

"သတ္တမ​ဘိုးဘေးကိုယ်တိုင်လာလည်တယ်။ ဂျူနီယာက တကယ့်ကိုပျော်ရွှင်သွားခဲ့ပါတယ်။ အဝေးကနေ လာတဲ့သူတွေကို မကြိုဆိုမိတဲ့အတွက် တောင်းပန်ပါတယ်။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပါ သတ္တမဘိုးဘေး။ "

ထိုစကားစုကို ထွက်ပေါ်လာပြီးနောက် ​ဟောခန်း၏ ရှေ့၌ လူတစ်ယောက်ပေါ်ပေါက်လာခဲ့၏။ ထိုသူသည် အရပ်ရှည်ရှည်နှင့် ပြိုင်ဘက်ကင်းသည့် အရှိန်အဝါများကို ပိုင်ဆိုင်ထား၏။ ၎င်းသည် ရောင်စဥ်ရောင်၀ါများကို ထုတ်ဖော်လျက် ရှိနေသည်။ ဆန်းကြယ်လှသည့် တာအို၏ နိယာမများသည် ၎င်းကို လွှမ်းခြုံထားခဲ့၏။

"လျှိုချင်းယု"

ထိုသူကိုမြင်ရသည့်အချိန်မှာတော့ သုံးယောက်လုံး၏ မျက်နှာများက တင်းမာခက်ထန်သွားခဲ့၏။ ပြန်လည် မွေးဖွားလာပြီးဖြစ်သော လျှိုချင်းယု၏ ပုံပန်းသဏ္ဏာန်သည် ယခင်ဘ၀က အသွင်အပြင်နှင့်တစ်ထပ်တည်း မတူညီပေ။သို့ပေမဲ့ ၄င်း၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော အော်ရာများသည် ပြောင်းလဲမှု မရှိခဲ့ချေ။

ဤဘ၀သက်တမ်းတွင် ၄င်းသည် ငရဲလောက၏ နည်းစနစ်များကိုလေ့ကျင့်ခဲ့သော်လည်း အလုံးစုံသော အားအင်နှင့် အရင်းအမြစ်များသည် လျှိုကလန်၏ အမွေအနှစ်များဆီမှ အခြေခံကာ ဖြစ်တည်လာခြင်း ဖြစ်၏။သူ ပေါ်ပေါက်လာသည်နှင့် တပြိုင်နက်လျှိုကလန်၏ ဘုရင်သုံးပါးသည် တခါတည်း သတိပြုမိကြ၏။

လျှိုချင်းကျီ၏ မျက်လုံးများက ကျဥ်းမြောင်းသွားခဲ့၏။ ၄င်း၏ မျက်လုံးထက်တွင် အေးစက်သည့် အရိပ်အာ၀ါသများ ပေါ်ပေါက်လာခဲ့၏။ သူ၏ ခန္ဓာကိုယ်ပတ်လည်တွင် တာအို၏ သင်္ကေတများ ပြည့်နှက်လျက် ရှိနေ၏။ ပတ်၀န်းကျင်တည်နေရာကြီး တစ်ခုလုံးသည် တစ်၀ုန်း၀ုန်းနှင့် လှုပ်ခါနေသည်။

"ချင်းယု ….. မိသားစုဆီကနေ ထွက်ခွာခဲ့တာ အချိန်တစ်ခုကြာပြီ။ မင်းအတောင်ပံတွေက ပိုပြီး အားကောင်း လာတဲ့ပုံပဲ"

လျှိုချင်းကျီက မှတ်ချက်ပြုလိုက်၏။ ယခင်တုန်းက လျှိုကလန်၏ခေါင်းဆောင် သူ့ကို လာရောက် ကြိုဆိုရန် လစ်ဟင်းခြင်းနှင့် ပတ်သက်၍ ဒေါသထွက်ခဲ့၏။ လက်ရှိအခြေနေမှာတော့ ပြောင်းလဲသွားခဲ့၏။ အဓိက ဟောခန်းကြီးရှေ့တွင် လျှိုချင်းယု ပေါ်လာခဲ့၏။ သို့ပေမဲ့ ရုတ်တရက် ပေါ်ပေါက်လာခြင်းဖြစ်သည်။ လျှိုချင်းယု တည်ရှိနေကြောင်းကို သူတို့ အစောတည်းက အာရုံမခံမိကြချေ။ ထို့ကြောင့် တစ်စုံတစ်ခုလွဲမှားနေခြင်းသာ ဖြစ်ပေလိမ့်မည်။

သူတို့အနေဖြင့် တစ်ဖက်လူကို အာရုံမခံမိသောကြောင့် လျှိုချင်းယုသည် ကျိန်းသေပေါက် ခန့်မှန်း၍ မရနိုင်သည့် အားအင် အဆင့်ကို ပိုင်ဆိုင်ပေလိမ့်မည်။

လျှိုကလန်၏ စည်းမျဥ်းစည်းကမ်းအရဆိုလျှင် တစ်ဖက်လူသည် သူတို့ရောက်ရှိလာသည်ကို သိသည်နှင့် အပြင်ဘက်သို့ ထွက်ကာနူတ်ဆက်ရမှာဖြစ်၏။ ယခုအချိန်တွင် နှောင့်နှေးလို့ နေခဲ့၏။ ထို့ပြင် သတ္တမဘိုးဘေးသည် ၎င်းနှင့် ဦးလေးတော်စပ်သည် မဟုတ်ပါလား။ သို့ပေမဲ့ လျှိုချင်းယုသည် လုံးဝ ထွက်မလာခဲ့ဘဲ သူတို့ လှုပ်ရှားတိုက်ခိုက်ရန် ပြင်ဆင်နေချိန်မှာ ထွက်လာခဲ့သည်။

ထို့ကြောင့် တစ်ဖက်လူ၏ ရည်ရွယ်ချက်သည် မရိုးရှင်းတော့ချေ။ အနည်းဆုံးအနေနှင့် အကြီးအကဲများ အပေါ်တွင် လေးစားမှုကင်းလျက် ရှိကြောင်းကတော့ ထင်ရှားလှ၏။ မိသားစု၏ ထုံးတမ်း အစဥ်အလာ အားလုံး ကို ပြောင်းလဲချင်စိတ်ရှိနေပြီလားမသိနိုင်ချေ။

သူတို့သည် လျှိုချင်းယု တစ်ယောက် ငရဲလောကနှင့် ပူးပေါင်းသွားခဲ့ပြီဟူသော နောက်လိုက်၏ စကားကို ပြန်လည် စဥ်းစားလိုက်မိကြ၏။ အခြေနေတစ်ခုလုံးသည် တင်းမာလာခဲ့၏။ လျှိုချင်းယု ငရဲလောကနှင့် ပူးပေါင်းသွားသလား၊ မပူးပေါင်းလား ဆိုသည်မှာ မသေချာချေ။ သို့ပေမဲ့ ယနေ့ လုပ်ရပ်သည် ပူးပေါင်းသွားခဲ့သည်ဆိုသော အခြေအနေမျိုးကို ပြသနေ၏။

"ချင်းယုက တတိယဦးလေးရဲ့ရှေ့မှာ ဂျူနီယာလေး တစ်ယောက်သာသာပါပဲ။ ချင်းယုရဲ့ အတောင်ပံတွေက ပိုပြီး အားကောင်းလာတယ် ဆိုရင်တောင်မှ ချင်းယုက တတိယဦးလေး သဘောမတွေ့တာမျိုးကို မပြုလုပ်ရဲပါဘူး။" လျှိုချင်းယုသည် ပြုံးကာပြောလိုက်၏။ သူ၏အကြည့်သည် လျှိုချင်းကျီဆီသို့ ရောက်ရှိနေသည်။

လက်ရှိအချိန်တွင် မှာတော့ လျှိုချင်းယုသည် ဟောခန်း၏ အ၀င်၀တွင် မတ်မတ်ရပ်လျက်ရှိနေပြီး နတ်ဘုရားလောကဆီမှ လျှိုကလန်၏ ဘုရင်သုံးပါးတို့သည် သူ၏ အောက်သို့ ရောက်ရှိနေသကဲ့သို့ပင်။ အခြေအနေတစ်ခုလုံး၌ သူသည် လျှိုကလန်၏ ဘုရင်သုံးပါးအား ငုံ့မိုးကာ ကြည့်ရှုနေသကဲ့သို့ပင်။

"ဘုန်း"

ရှေ့ဆီသို့လှမ်းတက်ပြီးသည့်နောက် လျှိုချင်းကျီ၏ ခြေလှမ်းများသည် တကယ့်ကို ကြောက်စရာကောင်းသော အရှိန်အ၀ါများကို ထုတ်ဖော်နေ၏။ လေဟာနယ်တစ်ခုလုံးတွင် လှိုင်းများပင် ဖြစ်တည်လျက်ရှိနေပြီး ပတ်၀န်းကျင် တည်နေရာတွင်ရှိနေသည့် အဆောက်အဦတစ်ချို့က ပျက်စီးသွား၏။

လျှိုချင်းကျီ၏ ဆံနွယ်များသည် လေထုထဲတွင် လွင့်မျောလျက်ရှိနေပြီး ၄င်း၏ နဖူးစပ်တွင်ရှိနေသည့် လခြမ်းပုံသဏ္ဏာန် အမှတ်အသားသည် တောက်ပလွန်းသည့် နတ်ဘုရားအလင်းတန်းများကို ထုတ်ဖော်နေသည်။

အင်မော်တယ်တစ်ယောက်၏ စိတ်ဆန္ဒသည် လေဟာနယ်တစ်ခုလုံးကိုပင် ပျက်စီးသွားစေခဲ့၏။

"၀ုန်း"

များပြားလွန်းလှသည့် သက်ရှိများသည် သွေးများပင် အန်ထွက်လာခဲ့၏။ တချို့သည် ချက်ချင်းဆိုသလိုပင် အမှုန်အဖြစ်သို့ပြောင်းလဲကာ သေဆုံးသွားခဲ့သည်။

အင်မော်တယ်ဘုရင်တစ်ယောက် ဒေါသထွက်သွားသည်နှင့် သာမန်ကျင့်ကြံသူများသည် မြက်ပင်များကဲ့သို့ပင် ဖြစ်၏။ ဖြစ်ပေါ်လာနိုင်သည့် ကပ်ဘေးကြီးကို မည်သို့မှ ရှောင်ရှားနိုင်ခြင်း မရှိကြချေ။

လျှိုရွှမ်ချမ်မှာတော့ တွန့်ဆုတ်လျက်ရှိနေ၏။ သူသည် အင်္ကျီလက်ကို အသာဝှေ့ယမ်းပြီးသည့်နောက် အနီးအနားတွင် ရှိနေသည့် လျှိုကလန်၏ အားအင်နည်းပါးသော ကျင့်ကြံသူငယ်လေးများအား တိုက်ခိုက်ရေးတည်နေရာ၏ အဝေးဆီသို့ ပို့လွှတ်လိုက်၏။ လျှိုချင်းယု ပြောင်းလဲသွားခဲ့ပြီဖြစ်ကြောင်း သူ နားလည်၏။

လျှိုချင်းကျီ၏ စိတ်နေစိတ်ထားအရဆိုလျှင် ကျိန်းသေပေါက်တိုက်ပွဲကို ရှောင်လွှဲ၍ ရတော့မည်မဟုတ်ချေ။ အင်မော်တယ်ဘုရင်များ တိုက်ခိုက်မည်ဆိုပါက သာမန်လူများသည် အသက်ရှင်ရန် အခွင့်ရေး ကျန်ရှိတော့မည် မဟုတ်ချေ။ ထို့ကြောင့် ဤကဲ့သို့ အားနည်းသူများကို အဝေးဆီသို့ ပို့ဆောင်ခြင်းသည် ကြင်နာလွန်းသည့် အပြု အမူပင် ဖြစ်လေသည်။

"အင်း … မင်းက တတိယဦးလေးအဖြစ် အသိအမှတ်ပြုသေးတယ်ဆိုပြီး အောက်ကိုဆင်း ဂါရဝပြုဖို့ မလုပ်သေးတာလဲ” လျှိုချင်းကျီက အော်ဟစ်လိုက်၏။ သူ၏ အသံသည် မိုးခြိမ်းသံကဲ့သို့ပင် ကျယ်လောင်လျက် ရှိနေပြီး ကောင်းကင်နှင့်မြေပြင်တစ်ခုလုံးသို့ ပဲ့တင်ထပ်လျက် ရှိနေ၏။ ကောင်းကင်ထက်တွင် ရေတွက်၍ မရအောင် များပြားသည့် မိုးကြိုးနဂါးများအော်ဟစ်နေသကဲ့သို့ပင်။ အားလုံးသောသူတို့၏ စိတ်နှလုံးကို တုန်လှုပ်စေခဲ့၏။

"ဘာကိုဆိုလိုတာလဲ … တတိယဦးလေး"

လျှိုချင်းယုသည် တည်ငြိမ်လျက်ရှိနေတုန်းပင်။ ၎င်း၏ ၀တ်စုံသည် လေနှင့်အတူ လှုပ်ခါလျက် ရှိနေ၏။ ၄င်းသည် လျှိုချင်းကျီ၏ ကြောက်မက်ဖွယ်ရာကောင်းသည့် အော်ရာများကို မသက်ရောက်သကဲ့သို့ပင် မတ်မတ်ရပ်လျက် ရှိနေ​သည် "တတိယဦးလေး ၊ အကြီးအကဲ ရွှမ်ချမ် ပြီးတော့ သတ္တမဘိုးဘေးတောင်မှ ဒီကိုကိုယ်တိုင် ရောက်လာခဲ့ရတာပဲ၊၊​ဒီဂျူနီယာက ဘယ်လိုပြစ်မှုမျိုးကို လုပ်ထားလို့လဲ။"

"မင်းငရဲလောကနဲ့ ပူးပေါင်းသွားခဲ့ပြီ မဟုတ်လား" လျှိုချင်းကျီသည် တင်းမာခက်ထန်သည့် လေသံဖြင့် မေးမြန်းလိုက်၏။

သတ္တမဘိုးဘေးသည် ခံစားမှုကင်းမဲ့စွာဖြင့် ရုပ်ထုတစ်ခုကဲ့သို့ မတ်မတ်ရပ်လျက်ရှိနေ၏။ သတ္တမ​ဘိုးဘေးသည် ရုတ်တရက် မျက်လုံးကို ဖွင့်ပြီးသည့်နောက် ၎င်း၏ အကြည့်များသည် မိုးကောင်းကင်၏ ဓားသွားများကဲ့သို့ပင် စူးရှလွန်းလှသည်။

တစ်ဖက်လူများသည် သူနှင့် မျက်လုံးချင်းဆိုင် ကြည့်ရှုရန် ခက်ခဲလှချေ၏။ သတ္တမ ဘိုးဘေးကြီးသည် လျှိုချင်းယု ဆီသို့ အကြည့်ရွေ့လိုက်၏။ လေးစားသမှုကင်းမဲ့ပြီး လျှိုချင်းယုဆီမှ သာမန်ဆန်လွန်းသည့် နူတ်ဆက်မှုကို ကြားရသည့် အချိန်မှာ ဤဂျူနီယာလေးအပေါ်တွင် ထားရှိသည့် မျှော်လင့်ချက်အားလုံးကို သတ္တမဘိုးဘေးက ဖယ်ရှားလိုက်ပြီးဖြစ်၏။

"မပူးပေါင်းပါဘူး"

လျှိုချင်းယုသည် တည်ငြိမ်စွာဖြင့် ခေါင်းကို ခါယမ်းလိုက်၏။ သူသည် ထင်ထင်ရှားရှား သိရှိနိုင်သည့် အကြောင်းအရာကို မျက်နှာပြောင်တိုက်ကာ ငြင်းပယ်လိုက်၏။ ငရဲလောကကြီးနှင့် ပူးပေါင်းခဲ့သည်ကို မည်သူက ၀န်ခံရမည်နည်း။ ထို့ပြင် လျှိုချင်းယုသည် ဤလူသုံးယောက်တို့မှာ ခန့်မှန်း၍မရအောင် အားကောင်းသည့် လူမျိုးများ ဖြစ်ကြောင်း သိရှိပြီးဖြစ်သည်။

သတ္တမဘိုးဘေးတစ်ယောက်တည်းနှင့်ပင် ကြောက်မက်ဖွယ်ရာကောင်းသည့် အခြေအနေနှင့် တိုက်ခိုက်မှုမျိုးကို ထုတ်ဖော်နိုင်စွမ်းရှိ၏။ လျှိုရွှမ်ချမ် နှင့် လျှိုချင်းကျီတို့သည်လည်း ခန့်မှန်း၍မရနိုင်သော ကျင့်ကြံသူများပင်။ ထို့ကြောင့် မလိုအပ်ဘဲ ကြမ်းတမ်းစွာ တို​က်ခိုက်ရမှုကို ရှောင်ရှားမှ ဖြစ်ပေလိမ့်မည်။

"မပူးပေါင်းဘူးဟုတ်လား "

လျှိုချင်းကျီ၏ မျက်နှာအမူအရာတစ်ခုလုံးက အေးစက်သွား၏။ သူကဆက်လက်ကာ ပြောဆိုလိုက်၏။ "ကောင်းပြီ မင်းရဲ့နတ်ဘုရား၀ိညာဥ်ကို ထုတ်လိုက်။ ငါမင်းကို စစ်ဆေးမယ်။ ပြီးရင် သတ္တမဘိုးဘေးနဲ့ ငါ ဒီနေရာက ချက်ချင်း ထွက်ခွာသွားမယ်။ "

နတ်ဘုရား၀ိညာဥ်နှင့် သိစိတ်ဆိုသည်မှာ လူတစ်ယောက်၏ မှတ်ဥာဏ်ထဲတွင် တည်ရှိနေသည့် အကြောင်းအရာ အားလုံးကို သိရှိနိုင်သော အရာမျိုးဖြစ်၏။ ဘ၀တစ်လျှောက်တွင် မည်သည့် အတွေ့ကြုံများကို ရရှိခဲ့ကြောင်း အထဲ၌ ထင်ထင်ရှားရှား တည်ရှိနေသည်။ လုံလောက်သည့်စွမ်းအင် အဆင့်ကို ရှိသည်ဆိုပါက တစ်ဖက်လူ ဘာတွေကြုံခဲ့သည်ဆိုသည်ကို ကောင်းကောင်း ကြည့်ရှုနိုင်စွမ်းရှိနေသည်။

ဤအဆိုပြုချက်ကို ကြားသည့်အချိန်မှာတော့ လျှိုချင်းယု၏ မျက်နှာပေါ်မှ အပြုံးများသည် ပျောက်ကွယ်သွားခဲ့၏။ မျက်လုံးထဲတွင် အေးစက်မှုများက အစားထိုး၀င်ရောက်လာခဲ့၏။ တတိယဦးလေးသည် သူ့ကို ထောင့်တစ်ခုဆီသို့ အတင်း တွန်းပို့ နေလေသည်လား။

နတ်ဘုရားဝိညာဥ်ကို ထုတ်ဖော်ခြင်းဆိုသည်မှာ လျှို့ဝှက်ချက်အကုန်လုံးကို ဖွင့်ထုတ်ပြောပြလိုက်ခြင်းနှင့် ဆင်တူ၏။ ထျန်းမင်တောင်သခင်နှင့် သူ ပြုလုပ်ထားခဲ့သည့် အကြောင်းအရာများ အစီအရင်များ အရာအားလုံး သည် တစ်ဖက်လူများ၏ ရှေ့၌ ပေါ်ပေါက်သွားပေလိမ့်မည်။

All Chapters