← Chapters

အခန်း (၆၄၇)

Vol. 44 Ch. 647

အခန်း (၆၄၇)

Vol. 44 Ch. 647

“ဒီအစီအရင်ကြီး ပေါ်ပေါက်လာခဲ့တယ်ဆိုတော့ လျှိုကလန်ဘိုးဘေးတွေရဲ့ လမ်းစဉ်ကနေ သွေဖယ်သွားခဲ့ပြီဆိုတာ သေချာသွားပြီ” သတ္တမဘိုးဘေး၏ အသံသည် လေဟာနယ်ထဲသို့ ပျံ့နှံသွား၏။ စကားလုံးများ၌ ဒေါသအရိပ်အငွေ့များ ပေါ်ပေါက်လျက် ရှိနေသည်ကို မြင်ရမှာဖြစ်၏။

လျှိုကလန်သည် ငရဲလောကကြီးကို ကြီးမားသည့် ပေးဆပ်မှုမျိုး ပေးဆပ်ကာဖြင့် ခုခံခဲ့၏။ လျှိုကလန်၏ ဘိုးဘေးများ သေဆုံးခဲ့ပြီးသည့်နောက် လျှိုကလန်၏ မျိုးဆက်တစ်ယောက်သည် ငရဲလောကနှင့် ပူးပေါင်းသွားခဲ့သည်။

ယနေ့အချိန်မှာတော့ လျှိုချင်းယုသည် ကျိန်းသေပေါက် သူ၏ အစွယ်များကို ထုတ်ဖော်ကာ ပြသနေပြီဖြစ်၏။ သက်သေပြချက်များကို တကူးတက လိုက်လံရှာဖွေနေစရာပင် မလိုအပ်တော့ချေ။ အခြေအနေ တစ်ခုလုံးက သိသာ ထင်ရှားသွားခဲ့၏။

“အင်း… အကြောင်းအရာ မရှိဘဲနဲ့ ဒီလို ဖြစ်လာမှာ မဟုတ်ဘူး” လျှိုရွှမ်ချမ်သည် သက်ပြင်း ချလိုက်မိ၏။ သူသည် တစ်ဖက်လူများအပေါ်တွင် တကယ့်ကို ကြင်နာသနားစိတ်ရှိသူ တစ်ယောက်ဖြစ်၏။ လက်ရှိ အခြေအနေမှာတော့ သူ့အနေနှင့် မည်သို့မှ သည်းခံနိုင်ရန် မဖြစ်နိုင်တော့ချေ။ သူခွင့်လွှတ်ပေးရန် တောင်းဆိုခဲ့သည့် ကလန်အဖွဲ့သား တစ်ယောက်သည် သူတို့အား အစီအရင်ထဲတွင် ဖမ်းဆီးကာဖြင့် သတ်ဖြတ်ရန် ကြိုးစားလျက်ရှိ၏။ ထိုအထဲတွင် သတ္တမဘိုးဘေးလည်း ပါဝင်လျက် ရှိနေသေးသည်။

“လျှိုချင်းယု.. မင်းအပြစ်က ခွင့်လွှတ်ပေးလို့ မရတော့ဘူး” လျှိုချင်းကျီက ပြောဆိုလိုက်၏။ သူ၏ မျက်လုံးများက အေးစက်လျက်ရှိနေပြီး မရပ်တန့်နိုင်သည့် အရှိန်အဟုန်မျိုးကို ထုတ်ဖော်နေ၏။ သူသည် လေဟာနယ်ထဲသို့ လှမ်းကာ ဖမ်းဆုပ်လိုက်၏။ မဲနက်လျက်ရှိနေသည့် ဓားကြီးတစ်စင်းသည် သူ၏ လက်ထဲတွင် ပေါ်ပေါက်လာခဲ့၏။

လျှိုချင်းကျီသည် အရှေ့ဆီသို့ လှမ်းတက်လိုက်၏။ ၎င်း၏ နဖူးစပ်တွင် ရှိနေသည့် လခြမ်းကွေးလေးသည် ပိုမိုကာ တောက်ပလျက်ရှိ၏။ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တိုင်း လှိုင်းအဟုန်များသည် ပိုမိုကာ အားကောင်းလာခဲ့၏။ ဤအော်ရာသီးသန့်နှင့်ပင် လောကကြီး တစ်ခုလုံးသည် ပြိုလဲလုမတတ် ဖြစ်သည်။

အဝေးလေဟာနယ်၏ အပြင်ဘက်တွင်တော့ လူပေါင်းများစွာတို့သည် ကြောက်လန့်လျက် ရှိနေ၏။ တည်နေရာ တစ်ခုလုံးကို အစီအရင်ကြီးက ဖုံးလွှမ်းထားသည် ဆိုလျှင်တောင်မှ အထဲတွင် ဖြစ်တည်နေသည့် ကြောက်လန့် ဖွယ်ရာကောင်းသည့် အရှိန်အဝါများသည် အပြင်ဘက်သို့ စိမ့်ထွက်လျက် ရှိနေ၏။ ၎င်းတို့၏ ဝိညာဉ်များကို ထိုးခွင်းခံနေရသလိုပင် ခံစားနေမိကြ၏။

မြန်မြန်ဆန်ဆန်ဖြင့် နက်နဲလျှို့ဝှက်လောကဆီမှ လှမ်းဆုတ်ရန် ပြင်ဆင်ကြ၏။ သတ်ဖြတ်ခြင်း အစီအရင် သုံးခုတို့၏ အားအင်အဆင့်သည် နက်နဲလျှို့ဝှက်လောကကြီး တစ်ခုလုံးကို ပျောက်ကွယ်သွားအောင် စွမ်းဆောင်နိုင်၏။ ထို့အပြင် အသက်ဝင်ရုံလေးသာ ရှိသေးသည်။ ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်မှု မပြုလုပ်ရသေးချေ။

“ဪ”

လျှိုချင်းယုသည် ပေါ့ပေါ့ပါးပါးဖြင့် ပြန်လည်ကာ ရေရွတ်လိုက်၏။ သူသည် တည်ငြိမ်လျက် ရှိနေပြီး အစောကြီးတည်းက အောင်ပွဲရယူနိုင်မည်ဟု တွေးတောထားသည်။ “အသင်္ချေ များပြားတဲ့လောကထဲမှာ ကျုပ်ကို အပြစ်ပေးနိုင်တဲ့လူက ဘယ်သူရှိလဲ”

“ငါပဲ”

လျှိုချင်းကျီက ပြောဆိုလိုက်၏။ ထိုစကားစု ပြောဆိုပြီးသည့် အချိန်မှာပဲ သူသည် ပျောက်ကွယ်သွား၏။ သူ၏ လှုပ်ရှားမှုကို မည်သူမှ မမြင်လိုက်ရချေ။ သို့ပေမဲ့ သူသည် ဓားကြီးကို ကိုင်ဆောင်ကာဖြင့် တစ်ဖက်လူကို ခုတ်ပိုင်းလိုက်ပြီးပြီ ဖြစ်၏။

ချလွမ်

သံနှင့်သံ ထိခိုက်သည့်အသံ ထွက်ပေါ်လာခဲ့၏။ ပြီးသည့်နောက် တည်နေရာကြီး တစ်ခုလုံးသည် တိုက်ပွဲ တည်နေရာကြီး တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့၏။ တည်နေရာတစ်ခုလုံးသည် ပျက်စီးမှုများနှင့် ပြည့်နှက်လျက် ရှိနေပြီး အထဲတွင် ဝိညာဉ်၏ အော်သံများ ကျယ်လောင်စွာ ထွက်ပေါ်နေသလိုပင်။ မြူများက ရစ်သိုင်းလျက် ရှိနေလေပြီး အရာအားလုံးတို့သည် ပျက်စီးခြင်းအဖြစ်သို့ ရောက်ရှိနေသည်။

အင်မော်တယ်ဘုရင်နှစ်ယောက် ထိပ်တိုက် ရင်ဆိုင်တိုက်ခိုက်မှုသည် တည်နေရာ တစ်ခုလုံးကို ပျက်စီးသွားစေခဲ့၏။ လျှိုကလန်၏ နည်းစနစ်များကို နှစ်ယောက်လုံးက အပြင်းအထန် ကျင့်ကြံခဲ့ကြ၏။ ထို့ကြောင့် အပြင်လူများအနေနှင့် အချိန်အတိုင်းအတာတိုအတွင်း ၎င်းတို့ မည်သည့် နည်းစနစ်များကို အသုံးပြုကာ တိုက်ခိုက်နေသည် ဖြစ်ကြောင်းကို ဝေခွဲ၍ မရနိုင်ချေ။ သို့ပေမဲ့ အင်ပြည့်အားပြည့် ထုတ်ဖော်ကာ တိုက်ခိုက်လျက် ရှိနေသည်မှာတော့ သေချာ၏။

တိုက်ပွဲသည် အချိန်အနည်းငယ် ကြာပြီးသည့်နောက် စွမ်းအင်လှိုင်းများသည် ကောင်းကင်ယံတစ်ခုလုံးသို့ ပျံ့နှံ့လျက် ရှိနေ၏။ မိုးကြိုးများပင်လျှင် ကျဆင်းလျက်ရှိနေပြီး တည်နေရာကြီး တစ်ခုလုံးသည် ကြောက်မက်ဖွယ်ရာပင်။

“သတ္တမဘိုးဘေး… ဒီတိုက်ပွဲက ဘယ်လိုဖြစ်လာမယ် ထင်လဲ” လျှိုရွှမ်ချမ်သည် ဘေးတစ်ဖက်တွင် ရှိနေသည့် သတ္တမဘိုးဘေးကို လှမ်းကာ ကြည့်ရှုလိုက်၏။ သူ့အနေနှင့် ဝင်ရောက်တိုက်ခိုက်ရန် ရည်ရွယ်ချက် မရှိဘဲ သိချင်ရုံ မေးမြန်းလိုက်ခြင်းသာဖြစ်၏။ သူ၏အထင်အရဆိုလျှင် လျှိုချင်းယုသည် ဤအတောအတွင်း အတော်အတန် တိုးတက် လာခဲ့သည်။ သို့ပေမဲ့ လျှိုချင်းကျီကဲ့သို့ ခန့်မှန်း၍ မရနိုင်သည့် ကျင့်ကြံသူတစ်ယောက်နှင့် ရင်ဆိုင်သည့် နေရာတွင် ကျိန်းသေပေါက် အနိုင်ရလိမ့်မည် မဟုတ်ချေ။

လျှိုချင်းယုသည် သတ်ဖြတ်ခြင်း အစီအရင် သုံးခုကို ကြိုတင်ကာ ဖန်တီးထားသည် ဆိုလျှင်တောင်မှ ဘာဖြစ်နိုင် မည်နည်း။ ၎င်းကိုယ်တိုင်ပင်လျှင် တိုက်ပွဲကြားတွင် ပိတ်မိလျက် ရှိနေသည့် သားရိုင်းကြီး တစ်ကောင်ကဲ့သို့ ဖြစ်လိုနေ၏။

အင်မော်တယ်ဘုရင် တစ်ယောက်နှင့် သတ်ဖြတ်ခြင်းအစီအရင် သုံးခု တည်ရှိသည် ဆိုလျှင်တောင်မှ အင်မော်တယ် ဘုရင် ထိပ်ဆုံးအဆင့် ကျင့်ကြံသူ သုံးယောက်ကို ရင်ဆိုင်တိုက်ခိုက်ဖို့ ဆိုသည်မှာ မလွယ်လှချေ။ သူတို့သာ ထွက်ခွာသွားချင်သည်ဆိုပါက မည်သူမှ တားဆီးနိုင်လိမ့်မည် မဟုတ်ချေ။ ချက်ချင်းဆိုသလို ထွက်ခွာသွားနိုင်သည်။

ပိုမို၍ အရေးကြီးမားသည်မှာ လျှိုချင်းယုသည် လက်ရှိအခြေအနေတွင် အောက်စည်းဘက်သို့ ရောက်ရှိလျက် ရှိနေလေ၏။ ၎င်း၏ စွမ်းဆောင်ရည်သည် အကန့်အသတ် တည်ရှိနေ၏။ ထို့ကြောင့် အစီအရင်ကို မည်သူက ဖန်တီးထားသနည်း။

“ပြောဖို့တော့ခက်တယ်”

သတ္တမဘိုးဘေးက ခေါင်းကို ခါယမ်းလိုက်၏။ ပြီးနောက် ပြောလိုက်၏။ “ချင်းယုက ဒီတလောအတွင်းမှာ ပိုပြီးတော့ တိုးတက်လာခဲ့တယ်။ ချင်းကျီအနေနဲ့ အပြင်းအထန်တိုက်ခိုက်မယ်ဆိုရင်တောင်မှ မြန်မြန်ဆန်ဆန် ဖိနှိပ်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ပြီးတော့”

သတ္တမဘိုးဘေးကြီးသည် တည်နေရာ တစ်ခုလုံးကို ဝေ့ကြည့်ပြီးသည့်နောက် မျက်မှောင်ကုတ်သွား၏။ သူ၏မျက်လုံးထဲတွင် သင်္ကေတများ ဖြစ်တည် လာခဲ့၏။ ပတ်ဝန်းကျင် တည်နေရာ၏ တစ်လက်မတိုင်းကို သူက သေသေချာချာ ကြည့်ရှုနေသည်။

“သတ္တမဘိုးဘေး… ပြီးတော့ ဘာဖြစ်လဲ” လျှိုရွှမ်ချမ်သည် ဇဝေဇဝါ ဖြစ်သွားမိ၏။

“ပြီးတော့ ကျေးကျွန် ပေးပို့လိုက်တဲ့ သတင်းအချက်အလက်တွေ အရဆိုရင် လျှိုချင်းယုက ထျန်းမင်တောင်သခင်နဲ့ ပူးပေါင်းသွားတာလေ။ ထျန်းမင်တောင်သခင်က စည်းကို ချိုးဖြတ်ပြီး သူရဲ့ မူလအားအင်အဆင့်ကို ပြန်လည် ရရှိခဲ့ပြီလို့ ကျုပ် သံသယဝင်မိတယ်” သတ္တမဘိုးဘေးက အသာပြောလိုက်သည်။

သတင်းအချက်အလက်သည် ကျေးကျွန်ဆီမှ ရရှိခဲ့သည် ဆိုလျှင်တောင်မှ အလုံးစုံ သေချာလို့နေပြီ ဖြစ်၏။ လျှိုချင်းယုသည် ထျန်းမင်တောင်သခင်နှင့် ပူးပေါင်းသွားခဲ့ပြီဖြစ်ကြောင်း လက်ရှိအခြေအနေက ဖော်ညွှန်းပြသ နေ၏။

ထျန်းမင်တောင်သခင်သည် နတ်ဘုရားလောကတွင် ရှိနေသည့် အင်မော်တယ်ဘုရင် တော်တော်များများကို ကိုယ်တိုင်ကိုယ်ကျ သတ်ဖြတ်ခဲ့သူ တစ်ယောက်ဖြစ်ကြောင်း သူ မှတ်မိနေ၏။ အားအင့်အဆင့်ကို လျော့တွက်၍ မရနိုင်ချေ။ ကျိန်းသေပေါက် သူပင်လျှင် ဖိနှိပ်ခြင်းကို ခံရနိုင်၏။ အင်ပြည့်အားပြည့်သာ တိုက်ခိုက်သည်ဆိုပါက ကျိန်းသေပေါက် ကြီးမားလှသည့် ကပ်ဘေးကြီး ကျရောက်မှာ သေချာသည်။

အတိတ်တုန်းက ထျန်းမင်တောင်သခင်ကို ဖိနှိပ်နိုင်ရန်အတွက် နတ်ဘုရားလောကသည် များပြားလှသည့် အင်မော်တယ်ဘုရင်များကို ထုတ်ဖော်ကာ တိုက်ခိုက်ခဲ့၏။ ထိုအထဲတွင် ကွာစီအင်မော်တယ် အင်ပါယာ တစ်ယောက်ပင်လျှင် ပါဝင်လျက် ရှိနေပြီး နက်နဲမီးတောက်လောကကြီး တစ်ခုလုံး ပျက်စီးခဲ့၏။ ထိုကဲ့သို့ ပြုလုပ်တိုက်ခိုက်ခြင်းကိုသာ မပြုလုပ်ပါက ထျန်းမင်တောင်သခင်သည် မသေဆုံးလျှင်တောင်မှ လွတ်မြောက်သွားနိုင်မည့် လူတစ်ယောက်ပင်။

ထို့အပြင် ပျက်စီးသွားခဲ့သည့် နက်နဲလျှို့ဝှက်လောကကြီးသည် အန္တိမကျင့်ကြံခြင်းအဆင့်ကိုသာလျှင် ထားရှိနိုင်သည့် လောကကြီးတစ်ခုဖြစ်၏။ သို့ပေမဲ့ သူတို့ အံ့အားသင့်စရာပင်။ နက်နဲလျှို့ဝှက်လောကကြီးဆီသို့ ရောက်ရှိသည့်အချိန်တွင် အရာအားလုံးသည် အသစ်အတိုင်း ပြန်လည်ကာ ကောင်းမွန်လျက် ရှိနေပြီး နိယာမများ ကလည်း ပိုမိုကာ အားကောင်းလျက် ရှိနေ၏။

ထျန်းမင်တောင်သခင်၏ အားအင်အဆင့်သည် ပြန်လည်ကာ ကောင်းမွန်သွားခဲ့ပြီးသည့်နောက် မည်မျှ အားကောင်းသည့် အခြေအနေဆီသို့ ရောက်ရှိသွားသနည်း။ လက်ရှိ အခြေအနေတွင် သူတို့ကို အမှောင်ထဲမှ ပုန်းအောင်းကာ ကြည့်ရှုနေလေသည်လား။

သတ္တမဘိုးဘေးသည် ထိုသူကို ရှာဖွေချင်စိတ် ရှိနေသည် ဆိုသော်လည်း ထျန်းမင်တောင်သခင်၏ အားအင်အဆင့်သည် ကျိန်းသေပေါက် လျော့တွက်၍ ရနိုင်သည့် အရာမျိုး မဟုတ်ချေ။ တစ်ဖက်လူမှာ ပုန်းအောင်းနေချင်သည်ဆိုပါက ကျိန်းသေပေါက် သတ္တမဘိုးဘေးသည် တစ်ဖက်လူကို ရှာဖွေ တွေ့ရှိနိုင်လိမ့်မည် မဟုတ်ချေ။

“သူ့ရဲ့အားအင်အဆင့်တွေ ပြန်ကောင်းသွားခဲ့ပြီ။ ဘယ်လို ဖြစ်နိုင်မှာလဲ” လျှိုရွှမ်ချမ်က တီးတိုးရေရွတ်လိုက်၏။ ထျန်းမင်တောင်သခင်၏ အားအင်အဆင့်သည် ကျိန်းသေပေါက် အားကောင်းလွန်းလှချေ၏။ သို့ပေမဲ့ နှစ်ပေါင်း များစွာ စည်းခတ်ခြင်းကို ခံထားရသည် ဖြစ်သောကြောင့် အချိန်အတိုင်းအတာတိုအတွင်း ၎င်း၏ အားအင် အဆင့်ကို ထိပ်ဆုံးအဆင့်အထိ ပြန်လည်ရရှိဖို့ ဆိုသည်မှာ မလွယ်ချေ။

“အရာအားလုံးက ဖြစ်နိုင်တယ်။ ထျန်းမင်တောင်သခင်က ဒီအခြေအနေထိ ရောက်အောင် ကျင့်ကြံနိုင်တယ် ဆိုမှတော့ သူ့မှာ တကယ့်ကို ပြိုင်ဘက်ကင်းတဲ့ နည်းလမ်းတွေ ရှိမှာပဲလေ။ တချို့ ထူးဆန်းတဲ့ နည်းစနစ်တွေက ကျင့်ကြံခြင်းအဆင့်ကို မြန်မြန်ဆန်ဆန် ပြန်လည်ရရှိအောင် ပြုလုပ်နိုင်တယ်” သတ္တမဘိုးဘေးက ရည်ရွယ်ချက်ရှိရှိနှင့် ပြောဆိုလိုက်၏။

“ဒီလိုဆိုရင် ထျန်းမင်တောင်သခင်က ပုန်း..”

လျှိုရွှမ်ချမ်၏ နှလုံးသား တစ်ခုလုံးက တင်းကျပ်သွားခဲ့၏။ သူသည် အနီးတဝိုက်သို့ ကြည့်ရှုရင်း ထျန်းမင်တောင်သခင်၏ အရိပ်သင်္ကေတကို မြင်ရမလားဟု ရှာဖွေကြည့်လိုက်၏။ သူ၏အကြည့်သည် ဟောခန်း တစ်နေရာဆီသို့ ရောက်သည့်အချိန်မှာတော့ သူ၏ မျက်စိသူငယ်အိမ်များက ကျုံ့ဝင်သွားခဲ့သည်။

မဲနက်လျက် ရှိနေသည့် ရောင်စဉ်ရောင်ဝါများသည် မြူများကြားထဲတွင် ပေါ်ပေါက်လာခဲ့၏။ သူ့အနေနှင့် မတုံ့ပြန် နိုင်ခင်မှာပဲ ရုတ်တရက် ဇက်ပိုးထက်တွင် အေးစက်သည့် ခံစားချက်များကို ရရှိလိုက်သည်။ မျက်လုံးများက ချာချာလည်သွားခဲ့၏။ ပြီးနောက် လေထုထဲတွင် ကြီးမားလှသည့်‌ ခေါင်းကြီးတစ်ခုက လွင့်စင်သွားခဲ့လေ၏။ ထိုခေါင်းကြီး မြေပေါ်သို့ မကျခင်မှာပဲ လက်တစ်ဖက် ပေါ်ပေါက်လာခဲ့ပြီး ထိုအရာကို ဖမ်းဆုပ်သွားခဲ့၏။

လျှိုရွှမ်ချမ်၏ ခန္ဓာကိုယ်ဆီမှ သွေးများ ပန်းထွက်လျက် ရှိနေပြီး ၎င်း၏ ဝတ်စုံ၌ သွေးများ ရွှဲနစ်လျက် ရှိနေ၏။ ဤမြင်ကွင်းသည် ကြက်သီးထလောက်စရာ မြင်ကွင်းပင် ဖြစ်သည်။

All Chapters