← Chapters

အခန်း (၆၅၂)

Vol. 44 Ch. 652

အခန်း (၆၅၂)

Vol. 44 Ch. 652

“တကယ့်ပွဲက အခုမှ စမှာ”

အနာဂတ်မှ မုန့်ရှင်းကျီသည် မျက်လုံးများကို ပေကလပ် ပေကလပ် လုပ်ကာဖြင့် အဝေးတစ်နေရာတွင် ရှိနေသည့်လူ ကို လှမ်းကာ ကြည့်နေ၏။ သူ၏ မျက်လုံးထဲတွင် ရှိနေသည့် စိတ်လှုပ်ရှားမှုများသည် တလက်လက်နှင့်ပင် တောက်ပလျက် ရှိနေ၏။ လက်ရှိ သူ၏အမြင်အရဆိုလျှင် သမိုင်းသည် မပြောင်းလဲသေးချေ။ အရာအားလုံးသည် သူ မှတ်မိထား သကဲ့သို့ပင် ဖြစ်တည်နေ၏။ သူ၏ အခွင့်အရေးသည် တဖြည်းဖြည်းနှင့် ချဉ်းကပ်လာသည့်ပုံပေါ်၏။

တိုင်ချူးသည် လေဟာနယ်ထဲတွင် မတ်မတ်ရပ်လျက် ရှိနေပြီး အဝေးတစ်နေရာတွင် ရှိနေသည့် သတ်ဖြတ်ခြင်း အစီအရင် သုံးခုကို လှမ်းကာ ကြည့်ရှုလိုက်သည်။ “ချိုးဖြတ်စမ်း”

အသာအော်ဟစ် ပြီးသည့်နောက် သူ၏ အနောက်ဘက်တွင် များပြားလှသည့် ဓားစွမ်းအင်များ ဖြစ်တည်လာခဲ့၏။ ရေတွက်၍မရအောင် များပြားသည့် ဓားအလင်းတန်းများသည် စကြဝဠာ၏ ကြယ်စင်စုကြီးများကဲ့သို့ပင် ကောင်းကင်ယံဆီမှ ကျဆင်းလာခဲ့၏။

တချိန်တည်းမှာပဲ သတ်ဖြတ်ခြင်း အစီအရင်ထဲတွင် ရှိနေသည့် လျှိုချင်းကျီသည် ပြိုလဲလုမတတ် ဖြစ်နေ၏။ ၎င်း၏ ခန္ဓာကိုယ် တစ်ခုလုံးတွင် သွေးများ ဖုံးလွှမ်းလျက် ရှိနေပြီး ခန္ဓာကိုယ်ပေါ်တွင် ဓားရာများနှင့်လည်း ပြည့်နှက်နေ၏။ အရိုးဖြူများပင် ပေါ်ပေါက်လျက် ရှိနေ၏။ မြေပေါ်တွင် မတ်မတ်ရပ်လျက် ရှိနေပြီး ၎င်းသည် ကောင်းကင်ယံပေါ်တွင် ရှိနေသည့် လျှိုချင်းယုကို လှမ်းကာ အေးစက်စက်နှင့် ကြည့်ရှုနေ၏။ ၎င်း၏ ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်နေသည့် သတ်ဖြတ်လိုခြင်း ဆန္ဒများသည် အရှိန်တငြီးငြီးနှင့် တောက်လောင်နေသည်။

သူ၏ အားအင်အဆင့်သည် လျှိုချင်းယုထက် အားမနည်းချေ။ ပိုမိုကာပင် အားကောင်း၏။ သို့ပေမဲ့ သူသည် ရန်သူတစ်ယောက်တည်းနှင့် ရင်ဆိုင်နေရခြင်း မဟုတ်ချေ။ သတ်ဖြတ်ခြင်း အစီအရင် သုံးခုကလည်း ဘေးတစ်ဖက်ဆီမှ ပူးပေါင်းကူညီနေသေး၏။ ထို့ကြောင့် သူသည် ဒဏ်ရာများ ပြင်းပြင်းထန်ထန် ရရှိခဲ့ခြင်း ဖြစ်သည်။ ထိုသို့ဆိုလျှင်တောင်မှ သူသည် မသေဆုံးသေးချေ။ သို့ပေမဲ့ အချိန် အတော်ကြာသည်အထိတော့ ခုခံနိုင်လိမ့်မည် မဟုတ်ချေ။

တခြားသော တိုက်ပွဲတည်နေရာမှာတော့ အခြေအနေ တစ်ခုလုံးက ဆိုးရွားလျက်ရှိ၏။ ထျန်းမင်တောင်သခင် သည် တစ်ယောက်တည်းနှင့် သတ္တမ ဘိုးဘေးကြီး ၊ လျှိုရွှမ်ချမ်တို့ နှစ်ယောက်လုံးကို ယှဉ်ပြိုင် တိုက်ခိုက်လျက် ရှိနေ၏။ တစ်ဖက်လူများအနေနှင့် တန်ပြန်တိုက်ခိုက်ရန် အခွင့်အရေးပင် မရခဲ့ချေ။

ဆယ်ရက်တာ ကုန်လွန်သွားခဲ့ပြီးသည့်နောက် လျှိုရွှမ်ချမ်သည် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိနှင့်ပြီးဖြစ်၏။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် အကြိမ်ပေါင်းများစွာ ပေါက်ကွဲပြီးဖြစ်၏။ ပြန်လည်ကောင်းမွန်နိုင်စွမ်းရှိသည့် စွမ်းအင်များကို ထုတ်ဖော်ခဲ့သော်လည်း သူသည် အလုံးစုံ မောပန်းလို့ နေခဲ့၏။ သူ့အနေနှင့် ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်ရန်အတွက် အချိန် သိပ်ကြာတော့မည် မဟုတ်ပေ။

“အင်း.. ကျုပ်တို့ ဒီနေ့ သေရတော့မှာလား” လျှိုချင်းကျီသည် မမျှော်လင့်သလို ခံစားနေမိ၏။ ကောင်းကင်ယံတွင် ရှိနေသည့် လျှိုချင်းယုကို လှမ်းကြည့်ပြီး သတ်ဖြတ်ချင်စိတ်များနှင့် အရှိန်တငြီးငြီး ဖြစ်လို့နေ၏။ သို့ပေမဲ့ သူ၏ ပြင်းပြင်းထန်ထန် ဒဏ်ရာ ရရှိထားသည့် ခန္ဓာကိုယ်သည် သူ့ကို ဤကဲ့သို့ ပြုလုပ်ရန် တားဆီးထားခဲ့၏။

သူ့သည် ဒဏ်ရာများကို ကုသနိုင်သည်နှင့်တပြိုင်နက် သုံးယောက်အတူ ပူးပေါင်းကာဖြင့် လျှိုချင်းယုကို တိုက်ခိုက် အနိုင်ယူနိုင်မည်ဟု စဉ်းစားထားခဲ့၏။ သို့ပေမဲ့ တစ်ဖက်လူသည် သူတို့ကို ထိုကဲ့သို့ အခွင့်အရေး မပေးချေ။

သတ်ဖြတ်ခြင်းအစီအရင်၏ ထောက်ပံ့မှုများ မရှိသည်ဆိုပါက သူတို့သည် လွတ်မြောက်ကောင်း လွတ်မြောက် နိုင်စွမ်းရှိ၏။ လက်ရှိအခြေအနေမှာတော့ မည်သို့မှ မဖြစ်နိုင်ချေ။

ဘုန်း

ကျယ်လောင်လှသော အသံကြီးသည် လေဟာနယ်ထဲမှ ထွက်ပေါ်လာခဲ့၏။

“မဟုတ်ဘူး”

အော်သံတစ်ခု ထွက်ပေါ်လာခဲ့ပြီး လျှိုရွှမ်ချမ်၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ပေါက်ကွဲသွားခဲ့၏။ ၎င်းသည် သွေးမြူများ အဖြစ်သို့ ပြောင်းလဲကာ ကောင်းကင်ပေါ်သို့ လွင့်စင်သွားခဲ့သည်။

လျှိုရွှမ်ချမ်၏ ခန္ဓာကိုယ် တစ်ခုလုံး ပွင့်ထွက်သွားသည့်အချိန်မှာတော့ ထျန်းမင်တောင်သခင်သည် လက်ကို အသာပြန်ရုတ်လိုက်၏။ သူ၏လက်တွင် သွေးများ စွန်းထင်းလျက် ရှိနေ၏။

လက်ရှိအချိန်တွင် တည်နေရာ၌ မတ်မတ်ရပ်လျက် ရှိနေသည်ဆိုသော်လည်း ၎င်းသည် သွေးကန်ထဲတွင် ဇိမ်ကျကျ လဲလျောင်းလျက်ရှိသည့် နတ်ဆိုးနတ်ဘုရားတစ်ပါး ကဲ့သို့ပင်။ ကြက်သီးထလောက်စရာ အရှိန်အဝါမျိုးပင်။

“ရွှမ်ချမ်” သတ္တမ ဘိုးဘေးကြီးက အော်ဟစ်လိုက်၏။ သို့ပေမဲ့ သူ ဘာမှ မလုပ်နိုင်ချေ။ သူသည် ထျန်းမင်တောင်သခင် ကို တားဆီးချင်၏။ သို့ပေမဲ့ သူတစ်ယောက်တည်းနှင့် ထျန်းမင်တောင်သခင်ကို ယှဉ်ပြိုင်နိုင်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် အကူအညီမဲ့စွာဖြင့် ကြည့်ရှုရန်သာရှိသည်။

“ဒီတစ်ကြိမ်မှာ ခန္ဓာကိုယ် ပြန်ပြီးဖြစ်တည်ဖို့ လွယ်ကူမှာ မဟုတ်ဘူး” ထျန်းမင်တောင်သခင်သည် သွေးအဆီအနှစ်များ ပြန်လည်ကာ စုစည်းလျက် ရှိနေသော လျှိုရွှမ်ချမ်ကို လှမ်းကြည့်ရင်း အေးစက်စက် ပြုံးလျက် ရှိနေ၏။ ပြီးနောက် အေးစက်သည့် အသံနှင့်အတူ ပြောဆိုလိုက်၏။

“နှစ်သန်းပေါင်းများစွာ ကုန်လွန်သွားခဲ့ပြီးတဲ့နောက်မှာ ကျုပ်ရဲ့လက်ထဲ အရင်ဆုံးသေရတဲ့ အင်မော်တယ်ဘုရင် တစ်ယောက် ဖြစ်လာခဲ့တယ်။ ဒီနေ့မှာ ကျုပ်က ခင်ဗျားရဲ့ သွေးတွေကို စတေးပြီးတော့ လောကကြီး တစ်ခုလုံးကို ထျန်းမင်တောင်သခင် ပြန်လာပြီဆိုတဲ့အကြောင်း အသိပေးရမယ်”

ပြောပြီးသည့်နောက် သူ၏လက်ဝါးထက်တွင် ရောင်စဉ်အလင်းတန်းများ ထွန်းတောက်လာခဲ့၏။ ထိုရောင်စဉ် အလင်းတန်းများသည် ကောင်းကင်ယံ တစ်ခုလုံးကိုပင် ထွန်းလင်းစေခဲ့၏။ သူသည် လက်ကို အသာဝှေ့ယမ်း ပြီးသည့်နောက် လျှိုရွှမ်ချမ်၏ ဝိညာဉ်ကို လှမ်းကာ ဆွဲလိုက်၏။ ထျန်းမင်တောင်သခင်၏ ဖမ်းဆီးခြင်းကို ခံရမည်ဆိုပါက ကျိန်းသေပေါက် ဖြစ်ပေါ်လာနိုင်သည့် အကျိုးရလဒ်သည် အားလုံးသောသူတို့ ကျောချမ်းစရာ ဖြစ်ပေမည်။

“ဖန်းရှန်... မင်းလုပ်ရဲလား” သတ္တမ ဘိုးဘေးကြီး၏ မျက်လုံးများက ပွင့်ထွက်သွားလုမတတ် ပြူးကျယ်နေ၏။ သူသည် ကောင်းကင်ယံဆီသို့ အသာခုန်တက်ပြီးသည့်နောက် လက်ထဲတွင် ကိုင်ထားသည့် လှံကြီးအား လှမ်းကာ ပစ်လွှတ်လိုက်၏။ ထိုလှံကြီး၏ထိပ်သည် ထျန်းမင်တောင်သခင်၏ နဖူးတည့်တည့်ဆီသို့ အရှိန်အဟုန်ပြင်းပြင်းနှင့် ရောက်ရှိသွား၏။

“ကျုပ် အရာအားလုံးကို လုပ်ရဲတယ်”

ထျန်းမင်တောင်သခင်သည် ခေါင်းကို အသာလှည့်ကာဖြင့် သတ္တမ ဘိုးဘေးကို လှောင်ပြောင်သလို ကြည့်ရှုလိုက်၏။ ပြီးနောက် သူသည် တခြားသော လက်တစ်ဖက်ကို အသာမြှောက်ကာဖြင့် လက်နှစ်ချောင်းနှင့် လှံကြီးကို တောက်ထုတ်လိုက်သည်။ “ခင်ဗျားလည်း အားအင်တွေ ကုန်ခမ်းတော့မယ်လေ။ ဒီတော့ သူပြီးတာနဲ့ ခင်ဗျားအလှည့်ပေါ့။ ကျုပ် နောက်ဘဝကို ပို့ပေးမယ်”

ထျန်းမင်တောင်သခင်က နှာခေါင်းရှုံ့လိုက်၏။ ပြီးနောက် သူသည် လက်ဖျောက်တစ်ချက်တီးပြီး သတ္တမ ဘိုးဘေးအား အဝေးဆီသို့ လွင့်စင်သွားအောက် တိုက်ခိုက်လိုက်သည်။

ခေါင်းကို အသာ ပြန်လှည့်ပြီးနောက် လျှိုရွှမ်ချမ် ရှိရာသို့ လှမ်းကာ ကြည့်ရှု၏။ ပြီးနောက် ထူးမခြားနားသလိုပင် ပြောဆိုလိုက်၏။ “သတ်ဖြတ်ခြင်းအစီအရင် သုံးခုရဲ့အောက်မှာ ဒီလောက် အခြေအနေအထိ တောင့်ခံထားနိုင်တယ်ဆိုတာ မဆိုးဘူးလို့ ပြောရမယ်။ ဒါပေမဲ့ အဲလောက်ကြီးတော့ မဟုတ်ပါဘူး။ တစ်ယောက်တည်း သွားနှင့်လိုက်တော့။ မကြာခင်မှာ ခင်ဗျားရဲ့လူတွေ အနောက်က လိုက်လာလိမ့်မယ်”

“ကျုပ် သေသွားပြီ ဆိုရင်တောင်မှ ခင်ဗျားကို ခေါ်သွားမှာပဲ” လျှိုရွှမ်ချမ်၏ ဝိညာဉ်တစ်ခုလုံးက တောက်ပလာခဲ့၏။ ရုတ်တရက်ဆိုသလိုပဲ ကြောက်မက်ဖွယ်ရာကောင်းသည့် အော်ရာများသည် သူ၏ရှေ့တွင် ဖြစ်တည်လာခဲ့၏။ ထိုအရာများသည် အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန် အရာအားလုံးကို ထိုးခွင်းသွားနိုင်သည့် အရာဝတ္တု တစ်ခုကဲ့သို့ပင်။

ကြောက်မက်ဖွယ်ရာကောင်းသည့် နတ်ဘုရားစိတ်ဆန္ဒသည် သတ်ဖြတ်ခြင်း အစီအရင် သုံးခုကိုပင် တုန်ခါ စေခဲ့၏။ အချိန်မရွေး ပြိုကျပျက်စီးလုမတတ်ပင်။ ထွက်ပေါ်လာခဲ့သည့် အော်ရာသည် ကောင်းကင် တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့ပြီးသည့်နောက် ကြယ်စင်စုများပင်လျှင် အရောင်အဆင်းများ မှေးမှိန်ကုန်၏။

“မဟုတ်ဘူး”

သတ္တမ ဘိုးဘေးက အော်ဟစ်လိုက်၏။ သူ၏ ခန္ဓာကိုယ်ကြီးသည် တုန်ယင်လျက် ရှိနေလေ၏။ ရှေ့ဆီသို့ လှမ်းတက်ပြီး တားမြစ်ရန် ကြိုးစားခဲ့၏။ သို့ပေမဲ့ လျှိုရွှမ်ချမ်သည် ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပစ်ရန် ဆုံးဖြတ်ပြီးပြီ ဖြစ်သည်။

အင်မော်တယ်ဘုရင် တစ်ယောက် သူ့ကိုယ်သူ ဖောက်ခွဲရန် ကြိုးစားခြင်း ဆိုသည်မှာ ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။ လက်ရှိ သတ်ဖြတ်ခြင်း အစီအရင်သုံးခုကို မဆိုနှင့် ထျန်းမင်တောင်သခင်ပင်လျှင် ပြင်းပြင်းထန်ထန် ဒဏ်ရာ ရရှိသွားနိုင်၏။ လျှိုရွှမ်ချမ်သည် သူ၏ အသက်ကို စတေးကာဖြင့် သူ၏လူနှစ်ယောက် ထွက်ပြေးနိုင်ရန် လမ်းတစ်ခုကို ကြိုးစားခဲ့ခြင်းဖြစ်၏။

“ဟမ်”

ထျန်းမင်တောင်သခင်က မျက်မှောင်ကုတ်လိုက်၏။ သူသည် အနောက်သို့ ဆုတ်ခွာရင်း လေးလေးနက်နက် ပြောလိုက်သည်။ “သတ္တိတော့ ရှိတာပဲ”

အင်မော်တယ်ဘုရင်တိုင်းသည် နောက်ဆုံးအချိန်တွင် မိမိကိုယ်ကို စတေးပစ်ရန် သတ္တိမျိုး တည်ရှိသည် မဟုတ်ချေ။ လက်ရှိအချိန်မှာတော့ တစ်ဖက်လူသည် တကယ်ပင် မိမိကိုယ်ကို ဖောက်ခွဲကာ သတ်သေရန် ကြိုးစားလျက် ရှိနေ၏။

ဤကဲ့သို့ ဖောက်ခွဲခြင်းကြောင့် သေဆုံးသွားခဲ့သည်ဆိုပါက ကျိန်းသေပေါက် အရာအားလုံးကို ဆုံးရှုံးတော့မှာ ဖြစ်၏။ နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့သည့် ကျင့်ကြံခြင်း အရင်းအမြစ်အားလုံးက ပျက်စီးသွားမည်ဖြစ်ပြီး ဝိညာဉ်တစ်ခုလုံး ပေါက်ကွဲသွားခဲ့သောကြောင့် ပြန်လည်မွေးဖွားခြင်း စက်ဝန်းထဲသို့ ဝင်ရောက်နိုင်မည် မဟုတ်ချေ။

“အနောက်ကိုဆုတ်”

ထျန်းမင်တောင်သခင်သည် သတ္တမဘိုးဘေးနှင့် လျှိုချင်းကျီတို့ကို အထင်အမြင်သေးစွာဖြင့် ကြည့်ရှုလိုက်၏။ အင်မော်တယ်ဘုရင်တစ်ယောက်သည် မိမိကိုယ်ကို ဖောက်ခွဲရန် ပြင်ဆင်နေ၏။ ထို့ကြောင့် ဤနေရာတွင် ဆက်လက်ကာ နေထိုင်ခြင်းသည် ရူးသွပ်ခြင်းသာလျှင် ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် သူနှင့် လျှိုချင်းယုတို့သည် တည်နေရာဆီမှ ခဏတာ ထွက်ခွာသွားရန် ပြင်လိုက်၏။

ထိုအချိန်မှာပဲ ကြောက်မက်ဖွယ်ရာကောင်းသည့် အသံကြီးတစ်ခုက ထွက်ပေါ်လာခဲ့၏။ များပြားလွန်းသည့် ဓားအလင်းတန်းများသည် အစီအရင်ကို ချိုးဖြတ်သွားပြီး သူတို့ဆီသို့ ကျဆင်းလာခဲ့သည်။

ချွလွမ် ချလွမ် ချလွမ်

ဓား၏ အလင်းတန်းများသည် သက်တန့်ရောင်စဉ်ကဲ့သို့ပင်။ ကောင်းကင်ယံထက်ဆီမှ ဓားများသည် ရောင်စဉ်အလင်းတန်းများနှင့်အတူ ကျဆင်းလာခဲ့၏။ ဓားအလင်းတန်း တစ်ခုစီတိုင်းသည် သက်ရှိသတ္တဝါများ ကဲ့သို့ပင်။ ရှောင်ရှားလျက် ရှိနေသည့် လျှိုချင်းယုနှင့် ထျန်းမင်တောင်သခင်တို့ဆီသို့ ကျဆင်းလာခဲ့၏။

ဘုတ် ဘုတ် ဘုတ်

ဒဏ်ရာများ များများပြားပြား ရရှိထားခဲ့ပြီဖြစ်သော လျှိုချင်းယုသည် တိုက်ရိုက်ဆိုသလိုပဲ မြေပေါ်သို့ ပြုတ်ကျ သွားခဲ့၏။ မပြင်ဆင်ထားခဲ့သော ထျန်းမင်တောင်သခင်သည်လည်း ရှက်ရွံဖွယ်ကောင်းလောက်အောင် အောက်သို့ ပြုတ်ကျလာခဲ့၏။ သို့ပေမဲ့ သူသည် ဓားအလင်းတန်းတချို့ကို တားဆီးလိုက်နိုင်သည်။

All Chapters