← Chapters

အခန်း (၆၅၄)

Vol. 44 Ch. 654

အခန်း (၆၅၄)

Vol. 44 Ch. 654

ပြောပြောပြီးချင်းမှာပဲ ၎င်းသည် နှောင့်နှေးခြင်း တစ်ချက်မရှိဘဲ တုံ့ပြန်လိုက်၏။

ချလွမ်

နတ်ဘုရားဓားသည် ကောင်းကင်ယံတစ်ခုလုံးကို တုန်ခါစေခဲ့၏။ မြေပြင်တစ်ခုလုံးက ကွဲအက်လျက် ရှိနေပြီး အဝေးတစ်နေရာတွင် ရှိနေသည့် ကြယ်စင်စုများအားလုံးပင်လျှင် အမှုန့်အဖြစ်သို့ ပြောင်းလဲကုန်၏။ အင်မော်တယ်ဘုရင်အဆင့် ဓားတိုက်ခိုက်ချက်သည် လေဟာနယ်တွင် ရှိနေသည့် တည်နေရာ တစ်ခုလုံးကို ပျက်စီးမှု ဖြစ်စေခဲ့၏။ ကောင်းကင်နှင့်မြေပြင် တစ်ခုလုံးတွင် ရှိနေသည့် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် စွမ်းအင်များသည် ဓားကြီးတစ်ခုအဖြစ် ဖြစ်တည်ကာဖြင့် လျှိုချင်းယုဆီသို့ ကျဆင်းသွားသည်။

ဘေးတစ်ဖက်တွင် ရှိနေသော သတ္တမဘိုးဘေးကလည်း ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ ၎င်းသည် လျှိုချင်းကျီနှင့်အတူ ပူးပေါင်းပြီး ထျန်းမင်တောင်သခင်ကို တစ်ယောက်က ဓား၊ တစ်ယောက်က လှံ ကိုင်စွဲကာဖြင့် ဝင်ရောက်ကာ တိုက်ခိုက်၏။ ကြောက်မက်ဖွယ်ရာကောင်းသည့် တိုက်ခိုက်မှု အဟုန်သည် ကျိန်းသေပေါက် အားလုံးသော သူတို့ကို ထိတ်လန့်စေခဲ့၏။ ၎င်းတို့သည် မိမိတို့၏ ပစ်မှတ်ကို ဦးစားပေးကာ ဝင်ရောက် တိုက်ခိုက်နေခြင်းပင် ဖြစ်၏။

အဆုံးမဲ့သော နတ်ဘုရားစိတ်ဆန္ဒသည် တည်နေရာ တစ်ခုလုံးကို ဖိနှိပ်လျက် ရှိနေပြီး လူပေါင်း များစွာတို့၏ မျက်နှာများသည် ဖြူလျော်ကုန်ကြ၏။ သတ်ဖြတ်လိုခြင်းဆန္ဒများ အားလုံးသည် အရပ် ရှစ်မျက်နှာ တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့၏။ နက်နဲလျှို့ဝှက်လောက တစ်ခုလုံးသည် တုန်ယင်လျက် ရှိနေပြီး အချိန်မရွေး ပြိုလဲလုမတတ်ပင်။

“ဘယ်လိုလဲ”

မျက်နှာတစ်ခုလုံး ဖြူလျော်လျက် ရှိနေသည့် လျှိုချင်းယုသည် ထျန်းမင်တောင်သခင်ကို လှမ်းကာ ကြည့်ရှုပြီးသည့်နောက် အသံမထွက်ဘဲ စိတ်နှင့်ဆက်သွယ်လိုက်သည်။

လက်ရှိအချိန်၌ အခြေအနေသည် သူတို့အတွက် ကောင်းမွန်သည့် အခြေအနေမျိုး မဟုတ်ချေ။ တစ်ဖက်လူများသည် ကျိန်းသေပေါက် အထက်စီးမှ ရယူလျက် ရှိနေ၏။ အချိန်ကြာမြင့်စွာ တိုက်ခိုက်သည် ဆိုပါက ကျိန်းသေပေါက် သူတို့၏ အသက်ဓာတ်များသည် တဖြည်းဖြည်း ယုတ်လျော့သွားပေလိမ့်မည်။

ထျန်းမင်တောင်သခင်သည် လွယ်လွယ်ကူကူဖြင့် တည်တည်ငြိမ်ငြိမ် ထွက်ခွာနိုင်စွမ်း ရှိကောင်းရှိနိုင်၏။ သို့ပေမဲ့ လျှိုချင်းယုသည် လက်ရှိအခြေအနေမှာ သူ့အတွက် ကောင်းမွန်သည့် အခြေအနေမျိုး မဟုတ်မှန်း ကောင်းကောင်း သိရှိ၏။ တိုက်ခိုက်ရေး တည်နေရာထဲမှ ထွက်ခွာသွားဖို့ဆိုသည်မှာ သူသည် ကြီးမားသည့် ပေးဆပ်မှုကို ပေးဆပ်ရဖို့ရှိနေ၏။

ယခင်တုန်းက သူ မောက်မာခဲ့၏။ သူသည် ပြိုင်ဘက်ကင်းလှသည့် ပါရမီကို ပိုင်ဆိုင်သည်ဟု ယုံကြည် ခဲ့၏။ ထျန်းမင်တောင်သခင်နှင့် သူ၏ တတိယဦးလေးပင်လျှင် သူ့အား မယှဉ်နိုင်ဟု သတ်မှတ်ခဲ့၏။ သို့ပေမဲ့ တိုက်ခိုက်မှု ဖြစ်သွားခဲ့ပြီးနောက် တစ်ဖက်လူများသည် ကျိန်းသေပေါက် ကြောက်မက်ဖွယ်ရာ ကောင်းသည့် တိုက်ခိုက်ရေး အတွေ့အကြုံများကို ပိုင်ဆိုင်ခဲ့ကြပြီး ၎င်းတို့၏ ကိုယ်ပိုင်အားအင် အဆင့်ထက် ပိုမိုကာသာလွန်လှသည့် နိယာမနှင့် နားလည်မှုတရားများ တည်ရှိနေသည်ကို သူက မျက်ဝါးထင်ထင် သိရှိခဲ့သည်။

သတ်ဖြတ်ခြင်း အစီအရင်ထဲ ရှိခဲ့သည် ဆိုလျှင်တောင်မှ သူသည် လျှိုချင်းကျီကြောင့် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့၏။ သတ်ဖြတ်ခြင်းအစီအရင်၏ အကူအညီ မရှိခဲ့ပါက သူသည် လျှိုချင်းကျီ၏ ဖိနှိပ် တိုက်ခိုက်မှုအောက်တွင် သေဆုံးသွားနိုင်၏။

“ဒီနေရာကနေ မြန်မြန် ထွက်ကြရအောင်။ ကျုပ်တို့ ကွာစီအင်မော်တယ် အင်ပါယာအဆင့် သတင်းကို ဖြန့်လိုက်မယ်ဆိုရင် ကျုပ်တို့ ပိုပြီးအားကောင်းတဲ့ အခြေအနေမျိုးနဲ့ ပြန်လာနိုင်လိမ့်မယ်” ထျန်းမင်တောင် သခင်သည် မြန်မြန်ဆန်ဆန် တုံ့ပြန်လိုက်သည်။

ပြောနေတုန်းမှာပဲ အဆုံးမဲ့သည့် နတ်ဘုရားဆန္ဒများသည် ၎င်းတို့၏ ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းလာခဲ့၏။ ထျန်းမင်တောင်သခင်သည် အန္တရာယ်နှင့် ရင်ဆိုင်နေရသည့် အခြေအနေတွင် တည်ငြိမ်လျက်တော့ ရှိနေသေး၏။ သူသည် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီးသည့်နောက် ကောင်းကင်ယံပေါ်သို့ ခုန်တက် လိုက်၏။ နတ်ဘုရားအသွင်သဏ္ဍာန် တစ်ခုကို ပြောင်းလဲလိုက်၏။

ပေထောင်နှင့်ချီ ကြီးမားသည့် လူ့ဘီလူးကြီးတစ်ယောက်၏ အသွင်သဏ္ဍာန်မျိုးကို ပြောင်းလဲခဲ့ခြင်းပင်။ ၎င်း၏ မျက်လုံးများသည် နေနှင့်လကဲ့သို့ပင် ကြီးမားလွန်း၏။ ကောင်းကင်ယံ၌ မတ်မတ်ရပ်လျက်ရှိနေပြီး ၎င်းသည် ကောင်းကင်နှင့်မြေပြင် တစ်ခုလုံးကို ဆွဲကာ ဖွင့်နိုင်စွမ်းရှိနေသည့် ရှေးလူ့ဘီလူးကြီး တစ်ကောင် ကဲ့သို့ပင်။ အင်မော်တယ်၏ စိတ်ဆန္ဒများသည် တည်နေရာ တစ်ခုလုံးကို ပျံ့နှံလျက် ရှိနေပြီး ကြီးမားသည့် လက်ကြီးတစ်ဖက်ကို ဆန့်တန်းကာဖြင့် ၎င်းသည် အရာအားလုံးကို ဖိနှိပ်လိုက်သည်။

ဘုန်း ....။

လက်ဝါးရိုက်ချက်ကြီးသည် ကြောက်မက်ဖွယ်ရာကောင်းသည့် စွမ်းအင်အဆင့်များ ပါဝင်လျက် ရှိနေ၏။ စကြဝဠာတစ်ခုလုံး၏ နိယာမများသည် ဖိနှိပ်ခြင်းကို ခံထားရ၏။ လောကထဲတွင် ရှိနေသည့် သက်ရှိသတ္တဝါများ အားလုံးတို့သည် ခန္ဓာကိုယ်များ တုန်ယင်လျက်ရှိပြီး တချို့သော အားနည်းသူများသည် သွေးများပင် အန်ထွက်လာခဲ့ကြ၏။ ကောင်းကင်ယံကြီးသည် အချိန်မရွေး ပေါက်ကွဲလုမတတ်ပင် ဖြစ်လို့နေခဲ့၏။

ဘန်း ....။

အဆုံးအစမဲ့ နတ်ဘုရားစွမ်းအင်များသည် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ပြီးသည့်နောက် နားကွဲလောက်စရာ ကျယ်လောင်သော အသံကြီး ပေါ်ပေါက်လာခဲ့၏။ ချက်ချင်းပဲ ကောင်းကင်ယံထက်ဆီမှ ကြယ်စင်စုများသည် ပျောက်ကွယ်သွားခဲ့ပြန်၏။ မြေပြင်တစ်ခုလုံး ကွဲအက်လျက် ရှိနေပြီး လောကကြီးတစ်ခုလုံး ပျက်စီးတော့မည် သကဲ့သို့ပင်။

သတ္တမဘိုးဘေးနှင့် လျှိုချင်းကျီတို့ပင်လျှင် အနောက်ဘက်သို့ လွင့်စင်သွားခဲ့ပြီး သွေးများ အန်ထွက် လာခဲ့ကြ၏။ ထျန်းမင်တောင်သခင်၏ ကြီးမားလှသည့် လူ့ဘီလူးကြီး ပုံပန်းသွင်ပြင်သည် အနောက်ဘက်သို့ အသာဆုတ်ခွာလိုက်၏။ ၎င်းသည် အနောက်ဘက်တွင် ရှိနေသည့် တည်နေရာ အက်ကွဲကြောင်းထဲသို့ လှမ်းကာ ဝင်ရောက်လိုက်၏။ ၎င်း၏ ရင်ဘတ်၌ ကြီးမားသည့် အနီရောင် ဓားဒဏ်ရာကြီးတစ်ခု ရှိနေပြီး ထိုအရာသည် လျှိုချင်းကျီ ၊ သတ္တမဘိုးဘေးတို့၏ တိုက်ခိုက်ချက်ကြောင့် ဖြစ်တည်ခဲ့သည့် ဒဏ်ရာမျိုးပင်။

၎င်းသည် လျှိုချင်းယုကို တစ်ချက် လှမ်းကြည့် ခဲ့ပြီးသည့်နောက် အော်ဟစ်လိုက်၏။ ‌ “အနောက်ကိုဆုတ်”

ထိုစကားစု ထွက်ပေါ်လာလာချင်းမှာပင် သူသည် အလင်းတန်းများအဖြစ် အသွင်ပြောင်းကာ တည်နေရာ ပတ်လမ်းကြောင်းထဲသို့ တိုးဝင် ပျောက်ကွယ်သွားခဲ့သည်။

“ချီးထဲမှ” လျှိုချင်းယု၏ အမူအရာ တစ်ခုလုံးကလည်း ပျက်ယွင်းသွားခဲ့၏။ သူသည် ထျန်းမင်တောင်သခင် တည်နေရာ ပတ်လမ်းကြောင်းထဲသို့ ဝင်ရောက်ကာ ပျောက်ကွယ်သွားသည်ကို ကြည့်ရှုရင်းထကာ ဆဲဆိုလိုက်မိ၏။ တစ်ဖက်လူသည် ခန့်မှန်း၍မရအောင် အားကောင်း၏။ စိတ်ရှိတိုင်း ထွက်ခွာသွားနိုင်စွမ်း ရှိနေ၏။ သို့ပေမဲ့ သူ့မှာတော့ ထိုကဲ့သို့ စွမ်းအင်များကို ပိုင်ဆိုင်သူတစ်ယောက် မဟုတ်ချေ။

လက်ရှိအခြေအနေတွင် တိုင်ချူးသည် သူနှင့်တိုက်ခိုက်လျက် ရှိနေ၏။ ထျန်းမင်တောင်သခင် လွတ်မြောက် သွားခဲ့ပြီဖြစ်သောကြောင့် သတ္တမဘိုးဘေးနှင့် လျှိုချင်းကျီတို့သည် ကျိန်းသေပေါက် သူနှင့်လာရောက်ကာ ရင်ဆိုင်ပေတော့မည်။ အခြေအနေသည် သူ့အတွက် ပိုမိုကာ ဆိုးရွားသည့် အခြေအနေမျိုး ဖြစ်တည်လာခဲ့၏။ ထိုအတွေးကို တွေးပြီးသည့်နောက် သူသည် ငရဲလောက၏ တိုက်ခိုက်ရေး ရထားလုံးကို ဆင့်ခေါ်လိုက် လေ၏။ ထွက်ပြေးဖို့ ဆိုသည်မှာ မဖြစ်နိုင်တော့ချေ။ ထို့ကြောင့် အသက်ကို စတေးကာဖြင့် ရှေ့သို့ လှမ်းတက်ရန်သာ ပြင်ဆင်လိုက်၏။

“လျှိုချင်းယု... အခု လက်လျော့စမ်း။ ငါနဲ့အတူ နတ်ဘုရားလောကကို ပြန်လိုက်ခဲ့” လျှိုချင်းကျီက ဝင်ရောက်ကာ တားမြစ်လိုက်၏။ သူ၏ အမဲရောင်ဆံနွယ်များသည် လေနှင့်အတူ လွင့်မျောလျက်ရှိနေ၏။ ထိုအရာဆီမှ ဓား၏အော်ရာများက ထွက်ပေါ်လျက် ရှိနေသည်။

“ချင်းယု... မင်း ... မင်းရဲ့လမ်းကနေ သွေဖယ်မသွားနဲ့” သတ္တမဘိုးဘေးကလည်း ဝင်ရောက်ကာ ပြောဆိုလိုက်၏။ သူ၏လှံသည် လေဟာနယ်ထဲသို့ အသာညွှန်ကာဖြင့် တစ်ဖက်လူကို ဖိအားပေးလျက် ရှိနေ၏။ ကောင်းကင်နှင့်မြေပြင် တစ်ခုလုံးတွင် ရှိနေသည့် တာအို၏ နိယာမများသည် လှံထိပ်တွင် လာရောက်ကာ စုဝေး၏။

ဘုန်း ဘုန်း ဘုန်း

အရာအားလုံးတို့သည် ပျက်စီးလျက် ရှိနေ၏။ အင်မော်တယ်ဘုရင် ထိပ်ဆုံးအဆင့် ကျင့်ကြံသူ နှစ်ယောက်တို့ ထပ်ပေါင်းကာ ရောက်ရှိလာခဲ့ပြီး လျှိုချင်းယုကို ဖိအားပေးနေသည့် အခြေအနေမှာတော့ ကျိန်းသေပေါက် အရာအားလုံးတို့သည် ပျက်စီးခြင်းအဖြစ်သို့ ရောက်ရှိကုန်လေသည်။

“မလိုဘူး”

လျှိုချင်းယုသည် အံကိုကြိတ်လိုက်၏။ ပြီးနောက် အေးစက်စက် ရယ်မောလိုက်၏။ “ကျုပ် ခင်ဗျားတို့နဲ့ ပြန်သွားမယ် ဆိုရင်ရော ခင်ဗျားတို့က ကျုပ်ကို အသက် ချမ်းသာပေးမှာ မို့လို့လား”

ထျန်းမင်တောင်သခင်သည် သူ့ကို စွန့်ခွာသွားခဲ့သည် ဆိုသော်လည်း သူ့အနေနှင့် လျှိုကလန်ဆီသို့ လိုက်ပါ သွားခြင်းမှာ မိမိကိုယ်ကိုယ် သတ်သေခြင်းနှင့် ဆင်တူနေကြောင်း နားလည်မိ၏။ ထျန်းမင်တောင်သခင်ကို လိုက်ရှာနိုင်သည်ဆိုပါက ကျိန်းသေပေါက် အခွင့်အရေးတစ်ခုကို ပြန်လည်ကာ ရရှိမှာဖြစ်၏။ ရွေးချယ်မှုနှစ်ခု ရှိသည်ဆိုလျှင်တောင်မှ သူသည် မိမိသွားချင်သည့် လမ်းတစ်ခုကို ရွေးချယ်ရန်အတွက်တော့ ခက်ခဲနေမည် မဟုတ်ချေ။

All Chapters