အခန်း (၆၅၅)
Vol. 44 Ch. 655
ဘန်း ......။
လျှိုချင်းယုသည် လက်နှစ်ဖက်ဖြင့် လက်စည်းသင်္ကေတများကို ဖန်တီးပြုလုပ်၏။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးတွင် သွေးနီရောင်ကဲ့သို့ အလင်းတန်းများ ထွန်းတောက်လာခဲ့၏။ ထိုအရာကြီးသည် ကြီးမားသည့် မီးသတ္တဝါကြီး တစ်ကောင်ကဲ့သို့ ဖြစ်တည်လာခဲ့၏။ ဤအရာသည် သူ၏ လျှို့ဝှက်နည်းစနစ် တစ်ခုဖြစ်ပြီး အားအင်အဆင့်ကို တိုးတက်အောင် ပြုလုပ်နိုင်စွမ်းမရှိသည့် အချိန်မျိုးတွင် အမြန်နှုန်းကို အားကိုးကာ ထွက်ပြေးရန် အသုံးပြုသည့်အရာမျိုးပင် ဖြစ်၏။ သူသည် ကျိန်းသေပေါက် ထွက်ပြေးရန် ကြိုးစားလျက် ရှိနေခြင်းပင်။
“ရပ်စမ်း” သတ္တမဘိုးဘေးက လှမ်းကာ အော်ဟစ်လိုက်၏။ သူသည် အသာတားဆီးရန် ကြိုးစားလိုက်၏။ သို့ပေမဲ့ နောက်ကျသွားခဲ့သည်။
“ဒီနေ့ကိစ္စကမပြီးသေးဘူး။ ကျုပ် လျှိုချင်းယုက မနှေးနဲ့မမြန်ဆိုသလို ပြန်လာခဲ့မယ်” သူသည် တိုင်ချူးကို နာနာကျင်ကျင်ဖြင့် လှမ်းကာ ကြည့်ရှုလိုက်၏။ လျှိုချင်းယုသည် ချက်ချင်းဆိုသလိုပဲ သွေးအလင်းတန်းအဖြစ် အသွင်ပြောင်းကာ ကောင်းကင်ပေါ်သို့ လှမ်းတက်ပြီး မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။
သို့ပေမဲ့ နက်နဲလျှို့ဝှက်လောကဆီမှ ထွက်ခွာရန် ပြင်လိုက်သည့်အချိန်မှာပဲ .....။
ဘန်း
လေဟာနယ်ထဲတွင် ပေါက်ကွဲသည့် အသံကြီးတစ်ခုက ထွက်ပေါ်လာခဲ့၏။ မြန်ဆန်လွန်းသည့် အရှိန်နှုန်းတစ်ခုနှင့် ပြေးထွက်သွားခဲ့သော သူသည် တစ်စုံတစ်ခုနှင့် တိုက်မိပြီးနောက် အနောက်ဘက်သို့ လွင့်စင်သွားခဲ့၏။
တိုင်ချူးနှင့် တခြားသောသူများသည် အံအားသင့်ဖွယ် လှမ်းကာကြည့်ရှုနေ၏။ ၎င်းတို့၏ မျက်နှာပေါ်တွင် ပုံမှန်မဟုတ်ဘဲ ရှုပ်ထွေးလှသည့် ခံစားချက်များနှင့် ပြည့်နှက်နေခဲ့သည်။
လက်ရှိအခြေအနေမှာတော့ ၎င်းတို့သည် ဆွံ့အလျက် ရှိနေ၏။ ဘာတွေဖြစ်သွားသည် ဆိုသည်ကို သေသေချာချာ မသိရှိချေ။ အဘယ့်ကြောင့် ထွက်ခွာသွားခဲ့ပြီဖြစ်သော လျှိုချင်းယုသည် ရုတ်တရက် အနောက်ဘက်သို့ ပြန်လည်ကာ လွင့်စင်လာရသနည်း။
“ဝေါ့”
လျှိုချင်းယု၏ ခန္ဓာကိုယ်တစ်ခုလုံးက တုန်ယင်သွားသည်။ သူ၏ ခန္ဓာကိုယ်သည် လေထဲသို့ လွင့်စင်သွား၏။ ပါးစပ်ကိုဟလိုက်သည့် အချိန်မှာတော့ သွေးများသည် အဆုံးအစမဲ့ အန်ထွက်လျက် ရှိနေ၏။ ကောင်းကင်ယံရှိ လေဟာနယ်တစ်ခုလုံးသည် သွေးများနှင့် စွန်းထင်းနေ၏။
အဝေးတစ်နေရာဆီသို့ လှမ်းကာကြည့်ရှုပြီးသည့်နောက် သူသည် မယုံကြည်သလို ဖြစ်မိနေ၏။ မျက်လုံး အပြူးသားဖြင့် လှမ်းကာကြည့်ရှုပြီးသည့်နောက် တစ်စုံတစ်ခုကို ခံစားလိုက်မိ၏။ မျက်စိတစ်မှိတ်အတွင်း သူသည် လွတ်မြောက်တော့မှာဖြစ်၏။ သို့ပေမဲ့ အရေးအကြောင်း အခြေအနေမျိုးတွင် တစ်စုံတစ်ယောက် သည် သူ၏လမ်းကို တားဆီးခဲ့၏။ တခြားသောသူများသည် ဘာတွေဖြစ်ခဲ့ကြောင်း သတိမပြုမိ ကြသော်လည်း သူကတော့ ကောင်းကောင်းသိရှိသည်။
သူ၏ ထွက်ပြေးသွားမည့် လမ်းတွင် အစီအရင်တစ်ခုက တည်ရှိနေခြင်းပင်။ သတ်ဖြတ်ခြင်း အစီအရင် မဟုတ်ချေ။ ချုပ်နှောင်ခြင်းအစီအရင် တစ်ခုသာလျှင် ဖြစ်၏။
မည်သူ ဖန်တီးထားသနည်း။ မည်သည့် အချိန်က ဖန်တီးထားသနည်း။ အဘယ့်ကြောင့် ထျန်းမင်တောင်သခင် ထွက်ခွာသွားသည့်အချိန်တွင် ဤကဲ့သို့သော အစီအရင်မျိုးက မရှိသနည်း။ သို့ပေမဲ့ သူထွက်ခွာသွားရန် ကြိုးစားသည့်အချိန်မှာတော့ အဘယ့်ကြောင့် ရုတ်တရက် အစီအစဉ်တစ်ခုက ပေါ်ပေါက်လာရသနည်း။ ဤအရာမှာ မမျှတချေ။
“လျှိုချင်းယု .... ကြည့်ရတာ ကောင်းကင်ကြီးကတော့ မင်းသွားဖို့အတွက် လက်မခံတော့ဘူးနဲ့တူတယ်” လျှိုချင်းကျီသည် နှာခေါင်းကို ရှုံ့လိုက်မိ၏။ သူသည် ချက်ချင်းဆိုသလိုပဲ သဘောတွေ့သလို ခံစားနေမိ၏။ စောဏတုန်းက ဘာတွေဖြစ်သွားသည် ဆိုသည်ကို မသိရှိခဲ့သော်လည်း ခဏအတွင်းမှာပဲ သူသည် အရာအားလုံးကို နားလည်သွားခဲ့သည်။
မျက်စိတစ်မှိတ်အတွင်း လျှိုချင်းယုသည် အနောက်ဘက်သို့ လွင့်စင်လာခဲ့၏။ အစီအရင် (သို့မဟုတ်) ဆန်းကြယ်သည့် ကျင့်ကြံသူတစ်ယောက်နှင့် ထိပ်တိုက်ရင်ဆိုင် တွေ့ဆုံမိသည့်ပုံပင်။ အချိန်အတိုင်းအတာ အတိုတွင်း ဘာတွေဖြစ်နေသည်ကို မသိရှိသည် ဆိုသော်လည်း သူ့အနေနှင့် ထိုအရာကို ဆက်လက် မစဉ်းစားတော့ရန် ဆုံးဖြတ်လိုက်၏။
လျှိုချင်းယုကို ဖမ်းဆီးနိုင်သည်ဆိုပါက အရာအားလုံးကို စီမံခန့်ခွဲနိုင်၏။ အနည်းဆုံးအနေဖြင့် လျှိုကလန် သည် ကျိန်းသေပေါက် ငရဲလောကကြီးနှင့် ပတ်သက်သည့် အရှုပ်အထွေး အခက်အခဲအတွင်းမှ လွတ်မြောက်နိုင်ပေလိမ့်မည်။ ထျန်းမင်တောင်သခင်အတွက်မှာတော့ ....... လျှိုကလန်နှင့် ဘာမှ မသက်ဆိုင်သောကြောင့် သူတို့သည် ဂရုစိုက်နေလိမ့်မည် မဟုတ်ချေ။
သတင်းအချက်အလက်များ ပျံ့နှံ့သွားသည် ဆိုလျှင်တောင်မှ ကျိန်းသေပေါက် အသင်္ချေများပြားသည့် လောကအသီးသီးမှ စွမ်းအားမြင့် ကျင့်ကြံသူများသည် သူတို့နှင့်အတူ ပူးပေါင်းကာ တစ်ဖက်လူကို တိုက်ခိုက်မှာ သေချာ၏။ မည်သို့ပင် အလှည့်အပြောင်း များသည်ဆိုဆို ထျန်းမင်တောင်သခင်သည် ရန်သူ တစ်ယောက်၊ နှစ်ယောက်လောက်နှင့် တိုက်ခိုက်ကောင်း တိုက်ခိုက်နိုင်၏။ သို့ပေမဲ့ သုံးယောက်၊ လေးယောက်၊ ဆယ်ယောက်လောက်နှင့် တိုက်ခိုက်မည်ဆိုပါက ကျိန်းသေပေါက် ကျရှုံးမှာ သေချာ၏။
“ဒီကိစ္စအားလုံးက ပြီးသွားပြီ။ ချင်းယု.. မင်းအနေနဲ့ ငါတို့နဲ့အတူ နတ်ဘုရားလောကဆီကို ပြန်ဖို့အချိန် ရောက်ပြီ” သတ္တမဘိုးဘေးက ချဉ်းကပ်လာခဲ့၏။ သူသည် အကြီးအကဲတစ်ယောက်၏ ဟန်ပန်နှင့် မျက်နှာ အမူအယာမျိုးနှင့် လျှိုချင်းယုကို နှမြောသလို လှမ်းကာ ကြည့်ရှုနေ၏။
“ဟမ့်”
လျှိုချင်းယုက အေးစက်စက် နှာခေါင်းရှုံ့လိုက်၏။ သူသည် သတ္တမဘိုးဘေးကြီးနှင့် တခြားသော သူများကို ဂရုမစိုက်ချေ။ ထိုအစား သူသည် ကောင်းကင်ယံဆီသို့ လှမ်းကြည့်ကာဖြင့် ခပ်တင်းတင်း ပြောဆိုလိုက်သည်။ “ဘယ်သူလဲ။ အမှောင်ထဲက ပုန်းပြီးတော့ အခုထွက်လာရမှာ ကြောက်နေပြီလား”
သတ္တမဘိုးဘေးနှင့် တခြားသောသူများကို သူ မစိုးရွံ့လှချေ။ သို့ပေမဲ့ လက်ရှိအခြေအနေတွင် သူ့ကို တိတ်တဆိတ် ကြိတ်ကာ ဒုက္ခပေးခဲ့သူကိုသာ သူ မုန်းတီးမိ၏။ ဤအမုန်းတရားသည် တကယ်ပင် ကြီးမားလွန်း၏။ ဤပုန်းအောင်းလျက် ရှိနေသည့်လူကြောင့်သာ မဟုတ်ပါက သူသည် နက်နဲ လျှို့ဝှက်လောကဆီသို့ပင် ရောက်ရှိနေနှင့်ပြီ ဖြစ်၏။
အချိန်ကို ကြည့်ရှုရမည်ဆိုလျှင် သူသည် ကျိန်းသေပေါက် အေးအေးဆေးဆေး လွတ်မြောက်သွားနိုင်သည့် အခြေအနေမျိုးကို ရောက်ခဲ့၏။ အရေးအကြောင်း အခြေအနေမျိုးတွင် တစ်စုံတစ်ယောက်သည် သူ၏ လမ်းကို တားဆီးခဲ့၏။ သူ့အား ထွက်ခွာသွားနိုင်စွမ်း မရှိသည့် လူတစ်ယောက်အဖြစ်သို့ ပြောင်းလဲခဲ့သည်။
“ကျုပ်ဒီနေရာကို ရောက်လာတာ ကြာလှနေပြီ။ ဒါပေမဲ့ မင်း သတိမထားမိဘူးမလား” လေဟာနယ် ထဲတွင်တော့ အသံတစ်ခုက ထွက်ပေါ်လာခဲ့၏။ ထိုအချိန်မှာတော့ အမဲရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် လူတစ်ယောက်သည် လက်နှစ်ဖက်ကို အနောက်သို့ပစ်ကာ ရပ်လျက်ရှိနေပြီး ထိုသူသည် နတ်ဆိုး စွမ်းအင်များကို ထုတ်ဖော်လျက် ရှိနေသည့် မုန့်ရှင်းကျီပင် ဖြစ်၏။ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တိုင်း ကောင်းကင်နှင့်မြေပြင် တစ်ခုလုံးတွင် ကျယ်လောင်သည့် တာအို၏နိယာမအသံများ ထွက်ပေါ်လျက် ရှိနေ၏။ ၎င်း၏လှုပ်ရှားမှု တစ်ခုချင်းစီတိုင်းသည် တကယ်ပင် ဆန်းကြယ်လွန်းလှချေ၏။
“ငရဲလောကရဲ့ အကြွင်းအကျန်က သုတ်သင်ရှင်းလင်းခြင်းကို ခံရမယ်လေ။ ဒီနေ့ ကျုပ်နဲ့ ရင်ဆိုင် တွေ့ရတယ်ဆိုတာတောင် ကံကောင်းတယ်လို့ သတ်မှတ်ရမယ်။ လျှိုကလန်က လူတစ်ယောက် ဖြစ်နေတဲ့ အကြောင်းအရာသာ မဟုတ်ဘူးဆိုရင် ကျိန်းသေပေါက် ကျုပ်မင်းကို သတ်ပစ်ပြီးပြီ” အနာဂတ်မှ မုန့်ရှင်းကျီသည် လှမ်းလျှောက်လာရင်း အသာပြောလိုက်သည်။
သူ၏အသံသည် တကယ့်ကို အားကောင်းလွန်း၏။ သူ၏ခန္ဓာကိုယ်တွင် နတ်ဆိုးစွမ်းအင်များ လွှမ်းခြုံနေခြင်းသာ မရှိပါက ကျိန်းသေပေါက် ၎င်းအား လမ်းမှန်ကျင့်ကြံသူတစ်ယောက်အဖြစ် ထင်မှတ်မှားမိ ပေလိမ့်မည်။
“တာအိုရောင်းရင်းမုန့်လား”
တိုင်ချူးသည် ရုတ်တရက် ပေါ်ပေါက်လာသည့် မုန့်ရှင်းကျီကို လှမ်းကြည့်၏။ ပြီးနောက် ကြောင်အအ ခံစားနေမိ၏။ သူမှတ်သားထားသည်သာ မှန်သည်ဆိုပါက တစ်ဖက်လူသည် တော်ဝင်အင်ပါယာအဆင့် ကျင့်ကြံသူတစ်ယောက်သာလျှင် ဖြစ်၏။ အင်မော်တယ်ဘုရင်တစ်ယောက် မဟုတ်ချေ။ တော်ဝင်အင်ပါယာ ကျင့်ကြံခြင်းအဆင့်သည် သေမျိုးကျင့်ကြံခြင်း၏ ထိပ်ဆုံးအဆင့် ဖြစ်သည်။ သို့ပေမဲ့ အင်မော်တယ် လမ်းစဉ်ဆီသို့ လျှောက်လှမ်းရန်အတွက် လမ်းအရှည်ကြီး ကျန်ရစ်နေသေး၏။
နောက်ဆုံးအကြိမ် သူ မုန့်ရှင်းကျီကို မြင်ရသည့်အချိန်က မုန့်ရှင်းကျီသည် အင်ပါယာဖြစ်ကာစ လူတစ်ယောက်သာ ဖြစ်၏။ အဘယ့်ကြောင့် အင်မော်တယ်ဘုရင် တစ်ယောက်အဖြစ် ပြောင်းလဲသွား ရသနည်း။
ထို့ပြင် ကျင့်ကြံခြင်း၏ အော်ရာများကို သုံးသပ်ရမည်ဆိုလျှင် ကျိန်းသေပေါက် သူ ... တိုင်ချူးထက် မည်သို့မျှ အားနည်းလှသူ မဟုတ်ချေ။ အင်ပါယာတစ်ယောက်၏ အသွင်ပြောင်းလဲခြင်းသည် မယုံကြည်နိုင်စရာပင်။