← Chapters

အခန်း (၆၅၈)

Vol. 44 Ch. 658

အခန်း (၆၅၈)

Vol. 44 Ch. 658

“ကောင်းပြီ”

ခဏလောက် စဉ်းစားပြီးသည့်နောက် သတ္တမဘိုးဘေးသည် အကူအညီမဲ့စွာဖြင့် လျှိုရွှမ်ချမ်ကို လှမ်းကာ ကြည့်ကာ သက်ပြင်းချလိုက်၏။ “ကျုပ်တို့သုံးယောက် လုံလောက်တဲ့ အားအင်အဆင့်ကို ပြန်ရပြီဆိုရင် ကျုပ်တို့ဘာသာ ကျုပ်တို့ စီစဉ်ပါ့မယ်။ တာအိုရောင်းရင်းအနေနဲ့ လက်ရှိအချိန်မှာ ကျုပ်တို့ကို ကူညီပြီး စောင့်ကြပ်ပေးဖို့ အကူအညီ တောင်းချင်ပါတယ်”

“အင်း.. ဒါ ကျုပ်တို့ လုပ်ရမယ့် အလုပ်ပါ” တိုင်ချူး မတုံ့ပြန်ခင်မှာပဲ မုန့်ရှင်းကျီသည် ဝင်ရောက်ကာ ပြောဆိုလိုက်၏။ ၎င်းသည် တကယ်ပင် လျှိုကလန်ပေါ်တွင် ကောင်းမွန်သည့် စိတ်ဆန္ဒများ တည်ရှိသည့် လမ်းမှန် ကျင့်ကြံသူတစ်ယောက်ကဲ့သို့ပင် ထင်မှတ်မှားရသည်။

နက်နဲလျှို့ဝှက်လောကသို့ လာရသည့် ဤခရီးစဉ်သည် တကယ်ပင် ထိုက်တန်သည့် အရာပင်ဖြစ်၏။ လျှိုကလန်၏ သစ္စာဖောက်ကို ဖိနှိပ်နိုင်ရုံသာမက အမှောင်ထဲတွင် တည်ရှိနေသည့် လမ်းမှန် ကျင့်ကြံသူတစ်ယောက်ကို တွေ့ဆုံခဲ့ရ၏။ ဤအရာသည် တကယ်ပင် သူတို့ကို ဉာဏ်အလင်း ရရှိစေခဲ့၏။ ထိုကဲ့သို့သော လူမျိုးသည်သာ သူတို့နှင့် ထပ်မံကာ ပူးပေါင်းလာမည်ဆိုပါက ငရဲလောကကြီး ပျက်စီးသွားခြင်းအား မည်သူ တားဆီးနိုင် တော့မည်နည်း။

“တာအိုရောင်းရင်း.. ခင်ဗျားတို့ ဒဏ်ရာတွေကို လွတ်လွတ်လပ်လပ်နဲ့ ပြန်ကောင်းအောင် ကြိုးစားကြပါ။ ခင်ဗျားတို့ ကြိုးစားမှုကို ကျုပ် အသိအမှတ်ပြုပါတယ်” တိုင်ချူးက တုန့်ပြန်လိုက်၏။

“ကျေးဇူးပါပဲ” အင်မော်တယ်ဘုရင် သုံးယောက်တို့သည် အသာ ခေါင်းညိတ်လိုက်ကြ၏။ သူတို့သည် ခပ်ဝေးဝေးဆီသို့ ထွက်မသွားခဲ့ကြချေ။ ကြီးမားလွန်းသည့် စိတ်ဝိညာဉ် အစီအရင်ကြီးကို ဖန်တီးပြီးသည့်နောက် မိုင်သန်းနှင့်ချီ အကွာအဝေးတွင် တည်ရှိနေသည့် စိတ်ဝိညာဉ်စွမ်းအင်များကို စတင်ကာ စုပ်ယူ၏။ တစ်ယောက်ချင်းစီတိုင်းသည် ဆေးလုံးတစ်လုံးစီ ပါးစပ်ထဲ ထိုးထည့်ပြီးသည့်နောက် အစီအရင်၏ အလယ် ဗဟိုတွင် ခြေချိတ်ထိုင်ကာဖြင့် ဒဏ်ရာများကို ကုစားကြသည်။

၎င်းတို့သုံးယောက် တန်ခိုးကျင့်နေသည်ကို မြင်ရချိန်မှာတော့ မုန့်ရှင်းကျီသည် အနီးအနားဆီသို့ သွားကာဖြင့် အရာအားလုံးကို ကြည့်ရှုစစ်ဆေးနေ၏။ ပြီးနောက် သူသည် လျှိုချင်းယုနှင့် တိုင်ချူးဆီသို့ လှမ်းကာ ကြည့်ရှုလိုက်၏။ တိုင်ချူးအနေနှင့် သူ့ကို သတိမပြုမိကြောင်း မြင်တော့ စိတ်သက်သာရာ ရသလို သက်ပြင်းချလိုက်မိ၏။

လွန်ခဲ့သည့် နှစ်ပေါင်းတစ်သန်းတုန်းက ကိစ္စရပ်များကို ပြန်လည်ကာ စဉ်းစားရမည်ဆိုလျှင် လျှိုချင်းယုသည် ငရဲလောက၏ အမွေအနှစ်များကို သယ်ဆောင်ထားသည့်အပြင် ၎င်း၏ ခန္ဓာကိုယ်တွင် လျှိုကလန်၏ အမွေအနှစ် များလည်း တည်ရှိလို့နေ၏။ အားလုံးသည် တန်ဖိုးကြီးမားသည့် အရာများသာဖြစ်သည်။

ငရဲလောက၏ အမွေအနှစ်များသည် ရှင်းပြရန် လိုအပ်လိမ့်မည် မဟုတ်ချေ။ အင်မော်တယ် အင်ပါယာတစ်ယောက် ချန်ထားခဲ့သည့် အရာများပင် ဖြစ်လို့၏။ လျှိုကလန်၏ အမွေအနှစ်များကလည်း သာမန်ထက် ပိုလွန်း၏။ အတိတ်တုန်းကကဲ့သို့ အောင်မြင်သည့် အခြေအနေမျိုး မရှိတော့ဘူး ဆိုလျှင်တောင်မှ ကြီးမားသည့် ရတနာများပင် ဖြစ်၏။

လျှိုကလန်သည် များပြားသည့် အင်မော်တယ်ဘုရင်များကို မွေးထုတ်ထားနိုင်သည့်အထိ ပေါကြွယ်သော အရင်းအမြစ်များကို ပိုင်ဆိုင်သည့် ကလန်တစ်ခုပင်။ ထိုအရာများသည်သာ သူ၏လက်ထဲသို့ ရောက်ရှိခဲ့ဆိုပါက ကြီးမားသည့် အကျိုးအမြတ်ကို ပိုင်ဆိုင်ပေလိမ့်မည်။

သူ့အနေနှင့် အင်မော်တယ်ဘုရင်အဆင့်ဆီသို့ ရောက်ရှိရန် နှစ်ပေါင်းတစ်သန်းကျော် ကြာမြင့်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ကျင့်ကြံခြင်း နည်းစနစ်များ လိုအပ်ခဲ့သောကြောင့်ပင်။ သူ့၌သာ ကျင့်ကြံခြင်း နည်းစနစ်များ ပေါပေါများများ တည်ရှိသည်ဆိုပါက အင်မော်တယ်ဘုရင် တစ်ယောက်ဖြစ်ရန် နှစ်ပေါင်းတစ်သန်း ကြာသည်အထိ ကျင့်ကြံနေစရာ လိုအပ်လိမ့်မည် မဟုတ်ချေ။ နှစ်ပေါင်းတစ်သောင်း သို့မဟုတ် နှစ်ပေါင်းတစ်ထောင်လောက်အတွင်း အင်မော်တယ်ဘုရင်တစ်ယောက် ဖြစ်လာနိုင်၏။ ထိုသို့ဆိုလျှင် မည်မျှ ကောင်းမွန်လိုက်မည်နည်း။

အသင်္ချေ များပြားလှသော ကျင့်ကြံသူများထဲတွင် အလွန်မြန်ဆန်သည့် ကျင့်ကြံနှုန်းကို ပိုင်ဆိုင်သည့် အံ့အားသင့်စရာ လူတစ်ယောက် တည်ရှိနေကြောင်း အားလုံးကို ထုတ်ဖော်ပြသမှ ဖြစ်ပေလိမ့်မည်။ ဟုတ်ပေ၏။ သူသည် ဤကဲ့သို့သော ထိပ်တန်းဇာတ်ကောင်တစ်ယောက်၏ ကံတရားများကို ပိုင်ဆိုင်သည့် လူတစ်ယောက် မဟုတ်ချေ။ ကံကြမ္မာသားတော် တစ်ယောက်၏ ကျင့်ကြံခြင်း အမြန်နှုန်းကို သာမန်လူ တစ်ယောက်နှင့် နှိုင်းယှဉ်၍ မရနိုင်ချေ။

ပြောရမည်ဆိုလျှင် သူသည် ကြိုးစားချင်စိတ်တော့ ရှိသေး၏။ မုန့်ရှင်းကျီသည် သူ့အခြေအနေကို သူ ရှင်းရှင်းလင်းလင်း သိရှိ၏။ သူသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ကို အမှီအခို ပြုနေသည်ဆိုပါက ကျိန်းသေပေါက် ထိပ်တန်းပါရမီရှင်များကို လိုက်မီနိုင်မှာ သေချာ၏။

ထိုအရာကို တွေးပြီးသည့်နောက် မုန့်ရှင်းကျီ၏ မျက်လုံးများသည် တစ်ဖက်သို့ စွေစောင်း ကြည့်ရှုလိုက်၏။ သူ၏ စိတ်ထဲတွင်တော့ အစီအစဉ်တစ်ခုက ဖြစ်တည်နေ၏။ ရှေ့ဆီသို့ ခြေနှစ်လှမ်း အသာလှမ်းပြီး တိုင်ချူး၏ ဘေးတစ်ဖက်ဆီသို့ လျှောက်သွားလိုက်၏။ ပြီးနောက် ပြုံးကာ ပြောလိုက်သည်။

“တာအိုရောင်းရင်း.. ခုဏက တိုက်ပွဲထဲမှာ အတွေ့အကြုံ ရခဲ့တယ် မဟုတ်လား။ အနည်းငယ် ပြန်ပြီး သုံးသပ်ဖို့ လိုမယ်ထင်တယ်။ ကျုပ် ဒီနေရာကို သေသေချာချာ စောင့်ကြပ်ထားမယ်။ ဘာမှ စိတ်မပူနဲ့။ ကျင့်စရာရှိတာ သွားကျင့်တော့”

“ဟမ်”

တိုင်ချူးသည် ထိုအရာကို ကြားသည့်အချိန်မှာတော့ မုန့်ရှင်းကျီကို လှမ်းကြည့်လိုက်၏။ ပြီးသည့်နောက် ငြိမ်ငြိမ်သက်သက်ပင် ပြန်လည် တုံ့ပြန်လိုက်၏။ “ကျုပ် လက်ရှိမှာ ဘာဒဏ်ရာမှ မရထားဘူး။ ဒီတော့ ပြန်လည် အားမွေးစရာ အချိန်မှ မလိုအပ်တာ။ ခင်ဗျားရဲ့ စိုးရိမ်ပူပန်မှုအတွက် ကျေးဇူးတင်ပါတယ်။ ပြီးတော့ ဒီလူ”

သူသည် ဘေးတစ်ဖက်တွင် ရှိနေသည့် လျှိုချင်းယုကို လှမ်းကြည့်ကာဖြင့် လေးလေးနက်နက် ပြောလိုက်သည်။ “ဒီလူက ငရဲလောကနဲ့ ပူးပေါင်းသွားပြီ။ ဒီတော့ သူ့ရဲ့နည်းလမ်းတွေက ဆန်းကြယ်လွန်းတယ်။ တစ်ယောက်တည်း နဲ့ သူ့ကို စောင့်ကြပ်ဖို့ဆိုတာ လုံလောက်တဲ့ ကိစ္စရပ်မျိုး ဟုတ်မယ် မထင်ဘူး”

မုန့်ရှင်းကျီ၏ အမူအရာ တစ်ခုလုံးက အေးခဲသွား၏။ ဤအရာသည် ကြောင်တောင်တောင် နိုင်လွန်းလှ၏။ တိုင်ချူးသည် တကယ်ပင် သတိအပြည့် ရှိလွန်းနေ၏။ အေးအေးချမ်းချမ်းနှင့် အဘယ်ကြောင့် သွားရောက်ကာ မကျင့်ကြံရသနည်း။

“တာအိုရောင်းရင်း တိုင်ချူးရဲ့ စိုးရိမ်ပူပန်မှုက ကျုပ်လိုပါပဲ”

မုန့်ရှင်းကျီက ရယ်မောလိုက်၏။ ပြီးသည့်နောက် သူသည် လျှိုချင်းယုကို လှမ်းကြည့်လိုက်သည်။ “အင်း... ကျုပ်တို့နှစ်ယောက်သာ ပူးပေါင်းလိုက်မယ်ဆိုရင် သူထွက်ပြေးဖို့ အခွင့်အရေး ရမှာတောင် မဟုတ်ဘူး။ အခွင့်အရေး မရတော့ဘူး ဆိုမှတော့ လျှိုကလန်က သုံးယောက် သူတို့ ကျင့်ကြံခြင်းတွေ ပြန်လည်ရရှိအောင် ကြိုးစားနေတုန်းမှာ ကျုပ်တို့ သူနဲ့ ညှိနှိုင်းကြည့်ရင် ဘယ်လိုလဲ။ ဒါဆိုလို့ရှိရင် ထျန်းမင်တောင် သခင် ဘယ်နေရာမှာ ပုန်းနေလဲဆိုတာ သိရင် သိနိုင်လိမ့်မယ်”

မုန့်ရှင်ကျီ၏ စူးစိုက်ကြည့်ရှုမှုကို ခံရသည့် အချိန်မှာတော့ လျှိုချင်းကျီသည် ခန္ဓာကိုယ် တစ်ခုလုံးပင် တုန်ယင်သွားခဲ့၏။ သူ၏ ဇက်ပိုးများပင်လျှင် ယားယံလျက် ရှိသည်။ မုန့်ရှင်းကျီ၏ အကြည့်များသည် သူ၏ဇက်ပိုးကို ခုတ်ပိုင်းတော့မလိုပင်။

“ခင်ဗျားလုပ်ရဲတယ် ဟုတ်လား”

“ဟမ့်”

မုန့်ရှင်းကျီက နှာခေါင်းရှုံ့လိုက်၏။ “ကျုပ် ဘာလို့ မလုပ်ရဲရမှာလဲ။ နတ်ဆိုးလမ်းစဉ်ရဲ့ ဝိညာဉ် ရှာဖွေခြင်း နည်းလမ်းအကြောင်းကို ခင်ဗျား မကြားဖူးဘူးလား”

တိုင်ချူးသည် မျက်မှောင်ကုတ်လိုက်၏။ ပြီးနောက် မုန့်ရှင်းကျီကို ကြည့်ရှုကာဖြင့် ဖြည်းညှင်းစွာ ပြောလိုက်သည်။ “လျှိုချင်းယုက ဘာပဲဖြစ်ဖြစ် လျှိုကလန်ရဲ့ အဖွဲ့ဝင် တစ်ယောက်လေ။ သူက သစ္စာဖောက်သွားတဲ့ လူတစ်ယောက် ဖြစ်တယ်ဆိုရင်တောင်မှ ကျုပ်တို့အနေနဲ့ အကန့်အသတ်ကို ကျော်လွန်ပြီး သူနဲ့ ပြောဆိုညှိနှိုင်း အစ်အောက် မေးမြန်းဖို့ဆိုတာ မဖြစ်နိုင်ဘူး။ တာအိုရောင်းရင်းလျှိုတို့သာ ဒီအကြောင်းကို သိသွားမယ်ဆိုရင် သဘောမတွေ့ ဖြစ်သွားကြမှာ သေချာတယ်”

“တာအိုရောင်းရင်း တိုင်ချူးက အရမ်းကို ရှေးရိုးဆန်တာကိုး” မုန့်ရှင်းကျီက နှာခေါင်းရှုံ့လိုက်၏။ တိုင်ချူးသည် ကောင်းမွန်သည့် စိတ်သဘာဝရှိပြီး လောက၏ နိယာမများ အားလုံးကို တလေးတစားနှင့် လိုက်နာတတ်သူ တစ်ယောက် ဖြစ်၏။

အင်မော်တယ်ဘုရင် တစ်ယောက်ဖြစ်ခဲ့ပြီးပြီ ဆိုလျှင်တောင်မှ တိုင်ချူးသည် မပြောင်းလဲခဲ့ချေ။ သို့ပေမဲ့ မုန့်ရှင်းကျီ သည် တစ်ဖက်လူအား ရန်သူအဖြစ် သတ်မှတ်မထားချေ။ သို့ပေမဲ့ သူသည်သာ တစ်ဖက်လူနှင့် ရင်ဆိုင်ချင်နေသည် ဆိုပါက အရမ်းကို လွယ်ကူ၏။

“ငရဲလောကကြီးက အသင်္ချေ များပြားတဲ့ လောကတွေအတွက်တော့ ရန်သူကြီး တစ်ယောက်လိုပဲ။ လျှိုချင်းယုက လျှိုကလန်ကို သစ္စာဖောက်ခဲ့တယ်ဆိုတာ တခြားအကြောင်း ရှိသေးတယ်။ ဒီတော့ ကျုပ်တို့ အနေနဲ့ ဝင်ပြီး စွက်ဖက်လို့ မဖြစ်ဘူး။ ဒါပေမဲ့ ...”

မုန့်ရှင်းကျီသည် ခဏလောက် ရပ်တန့်လိုက်၏။ သူ၏ လေသံသည် တကယ်ကို တည်ငြိမ်လျက် ရှိနေသည်။

“လျှိုချင်းယုက ငရဲလောကကို ပူးပေါင်းသွားခဲ့ပြီဆိုတော့ လျှိုကလန်ရဲ့ ကိစ္စ မဟုတ်တော့ဘူး။ အသင်္ချေ များပြားတဲ့ လောကထဲမှာရှိတဲ့ ကျင့်ကြံသူတွေ အကုန်လုံးက ငရဲလောကနဲ့ ပတ်သက်ပြီး တာဝန် ဝတ္တရားဆိုတာ ရှိကြတယ်။ အခု ကျုပ်တို့ ထျန်းမင်တောင်သခင်ရဲ့ သတင်းအချက်အလက်တွေကို မေးမြန်းတဲ့အချိန်မှာ အသင်္ချေ များပြားတဲ့ လောကအသီးသီးရဲ့ လုံခြုံရေးအကြောင်းပဲ တွေးကြရအောင်”

မုန့်ရှင်းကျီသည် ခဏလောက် ရပ်တန့်ပြီးသည့်နောက် သူ၏ လေသံသည် လေးလေးပင်ပင် ဖြစ်လာ၏။ “ထျန်းမင်တောင်သခင်က ထွက်သွားပြီ။ သူ သွားနေတဲ့ နေရာတိုင်းက အန္တရာယ်တွေ ကြုံလာရမှာ သေချာတယ်။ သူ့ရဲ့ အားအင်အဆင့်အရ သူသာ အဆင်ခြင်မဲ့ လျှောက်လုပ်မယ်ဆိုရင် လောကငယ်လေးတွေ တော်တော်များများက ဖျက်ဆီးခြင်း ခံရလိမ့်မယ်။ တာအိုရောင်းရင်း တိုင်ချူး... ဒီအရာတွေအားလုံး ဖြစ်လာခဲ့ရင် ခင်ဗျားရဲ့ ကြင်နာသနားမှုကြောင့်ပဲ။ အရာအားလုံးကို စည်းမျဉ်းတွေ၊ စည်းကမ်းတွေ ၊ လောကဝတ်တွေနဲ့ ကျုပ်တို့ တွေးလို့မရဘူးမလား။ ဒါကို နားလည်သင့်တယ်”

All Chapters