← Chapters

အပိုင်း(၁)

Vol. 1 Ch. 1

အပိုင်း(၁)

Vol. 1 Ch. 1

"ဒီမှာ လက်မှတ်ထိုး၊ ကွာရှင်းပြီးရင် ဥပဒေအရ ထိခိုက်နစ်နာမှုတွေရှိလာမှာမဟုတ်ဘူး။ နောက် ထပ် သန်း ၂၀၀ ပေးမယ်၊ နောက်ပြီး မင်းရဲ့ စတူဒီယိုကိုခွဲထုတ်ပြီး မင်းကိုပေးမယ်၊ မြို့လယ်ခေါင်ကတိုက်ခန်းပါအပါ…"

အေးစက်စက်ဖြင့် ဆွဲဆောင်မှုရှိသော အသံထွက်ပေါ်လာသည်။ ကျီဖေး ရယ်မောရန် ပါးစပ်ကို အုပ်ထားရုံမှမတတ်နိုင်ပေ။ သူမ၏ လှပသော ဗာဒံစေ့သဏ္ဍာန်မျက်လုံးများသည်တောက်ပနေပြီး 200,000,000 ဆိုသည့် သုညဂဏန်းအတွဲလိုက်ပေါ်ကျရောက်နေ လေသည် ။

ကွာရှင်းစာချုပ်ရှိ သုညများကို ရေတွက်ပြီး သေချာစစ်ဆေးရန်ခေါင်းငုံ့ထားသည်။

စားပွဲခုံဘေးတွင် ထခြေထောက်ချိတ်ထိုင်နေသည့် အရပ်ရှည်ရှည် မြင့်မြတ်သောအသွင်အပြင်နှင့် အေးစက်သောမျက်လုံးများဖြင့် စိုက်ကြည့်ကာထိုင်နေသည်။ သူသည် ခေါင်းငုံ့ကာ ပါးစပ်ကိုအုပ်လျက် တုန်ရီနေသောကျီဖေး အားသတိပြုမိလိုက်ပြီးနောက်

သူ့နှလုံးသားက ပိုအေးစက်လာသည်။

ယခုလိုအခြေအနေသို့ရောက်လာမည်ကို သူသိခဲ့လျှင် ထိုမျှကြာအောင်သည်းခံမည်မဟုတ်ပေ။

ကျီဖေးသည် သနားစရာကောင်းပြီး စက်ဆုပ်ရွံရှာဖွယ်ကောင်းသည်။ သူ့ မိဘများသည် ချင်မိသားစု၏တစ်သက်တာသူငယ်ချင်း များဖြစ်ခဲ့သော်လည်း အရွယ်မတိုင်မီကွယ်လွန်သွားခဲ့သည်။ ၎င်းတို့၏မသေခင်ဆန္ဒကြောင့် ချင်မိသားစုမှ သူတို့၏ကြင်နာမှုကိုပြန် ပေးဆပ်ရန် ကျီဖေးအား သူ့ဇနီးလောင်းအနေနှင့်ခေါ်ယူထားရှိခဲ့ကြသည်။

ထို့နောက် သူမသည် ငြိမ်းချမ်းစွာ မနေထိုင်နိုင်တော့ဘဲ ကြိမ်ဖန်များစွာ ချောင်းမြောင်းကာ လေဖိအားနည်းရပ်ဝန်းကို နှိုးဆော်ကာ သူ့ဘဝကို ပရမ်းပတာအဖြစ်သို့ ပြောင်းလဲခဲ့သည်။

ယခု သူမသည် ကုမ္ပဏီလျှို့ဝှက်ချက်များကိုပင် ခိုးယူခဲ့ပြီး ပြိုင်ဘက်ကုမ္ပဏီတစ်ခုသို့ပေးအပ်ခဲ့ကာ အဓိကပရောဂျက်တစ်ခု ဆုံးရှုံးသွားရပြီး ကုမ္ပဏီတစ်ခုလုံး၏ဒေါသကိုဖြစ်ပေါစေခဲ့သည်။

ဒါရိုက်တာဘုတ်အဖွဲ့အားပြေလည်အောင် ဖြေရှင်းနိုင်လျှင်ပင် အခု ကွာရှင်းရမည်ဖြစ်သည်။

"ငါ မင်းကို တရားမျှတတာထက်ပိုလုပ်ပေးထားပြီးသား၊ ဘယ်အချိန်မှာ ရပ်တန့်ရမယ်ဆိုတာ မင်း သိမယ်လို့မျှော်လင့်တယ်"

သူမ၏ကွယ်လွန်သွားသောမိဘများကြောင့်သာမဟုတ်ပါက ချင်ရှန့်သည် သူ့အား ဘယ်လိုမှချန်ထားမည်မဟုတ်ပေ။

ကျီဖေးသည် ကိုယ့်ကိုယ်ကိုယ်သတ်သေမည်ဟုခြိမ်းခြောက်ပြီး ကွာရှင်းရန်ငြင်းဆိုခဲ့သော်လည်း အံ့သြဖို့ကောင်းတာက တုန်တုန်ယင်ယင်လက်နှင့် ဘောပင်ကိုတန်းကောက်ကိုင်လိုက်ခြင်းပင်။

ချင်ရှန့်သည် ဒါကိုမြင်လိုက်ရသဖြင့် သက်ပြင်းတစ်ချက်ချလိုက်သည်။ ကျီဖေးသည် ယခုတစ်ကြိမ်တွင် သူတော်တော်လွန်သွားခဲ့ သည်ကို သိရှိပုံရသည်။

နောက်ဆုံး သူတို့ ကွာရှင်းနိုင်ခဲ့သည်။

[အိုး ဟို! နောက်ဆုံးတော့ ငါတို့ ကွာရှင်းနိုင်ပြီ!]

ချင်ရှန့်: ?

ဒါကျီဖေး ရဲ့အသံလား ?

ချင်ရှန်းသည် ကျီဖေး၏ ရွှင်မြူးကာစိတ်လှုပ်ရှားသည့်အသံကိုကြားဖူးခဲယဉ်းသည်။ ခဏလောက် သူ တပ်အပ်မသိဘဲ ဇဝေဇဝါဖြစ် ကာ သူမကိုမော့ကြည့်လိုက်ရာ ကျီဖေး မျက်နှာပျက်နေသည်ကိုသာတွေ့လိုက်ရသည်။

အဲဒီအမူအရာက ဒေါသလား ဒါမှမဟုတ်... ပျော်ရွှင်မှုလား ?

ခဏလေး၊ ကျီဖေး စကားပြောဖို့ သူ့ ပါးစပ်ဖွင့်မနေဘူးပဲ

[အရမ်းကောင်းတယ်၊ သန်း ၂၀၀၊ သန်း ၂၀၀! အဲဒါနဲ့ဆို ငါ အိမ်ဘယ်နှစ်လုံးဝယ်နိုင်မလဲ ? ချစ်စရာခွေးပေါက်လေး ဘယ်နှစ် ကောင်လောက်မွေးနိုင်မလဲ ? ခင်ပွန်းဟောင်းကတော့ထင်ထားတဲ့အတိုင်း အရမ်းရက်ရောတာပဲ!]

ချင်ရှန်း၏ချောမောမှုများ အရောင်တင်ပေးသည့် နက်နဲထူထဲသောမျက်ခုံးများပင် လှုပ်ယမ်းသွားရသည်။

ကျီဖေး စကားမပြောခဲ့တာသေချာပေမယ့် သူ့အသံကိုသေချာကြားလိုက်ရတာပါ

ဘာတွေဖြစ်နေတာလဲ ?

ချင်ရှန့်သည် အမြဲသတိရှိသည်။ သူ့နံဘေးက အတွင်းရေးမှုးကျင်းကိုလှမ်းကြည့်လိုက်မိသည်။

အတွင်းရေးမှုးကျင်းသည် ကျီဖေး၏လက်အောက်ရှိ ကွာရှင်းစာချုပ်ကိုစေ့စေ့ကြည့်နေသည်။

သူ့အကြည့်ကို သူမ သတိပြုမိသောအခါ ချက်ခြင်းဆိုသလို အတွင်းရေးမှုးကျင်းသည် 'စာနာစိတ်' များယိုဖိတ်ကာငိုကြွေးချင် နေသကဲ့သို့ဖြစ်သွားသည်။

ချင်ရှန်းသည် အတွင်းရေးမှုးကျင်း၏ပုံမှန်မဟုတ်သောအပြုအမူကို တွေးတောရန်အချိန်မရှိပေ။ အဓိကအချက်မှာ အတွင်းရေးမှုး ကျင်းသည် ထိုအသံများကိုမကြားနိုင်ခြင်းပင်။

"မစ်ကျီ၊ ရှင် ဒီတစ်ခါ မစ္စတာချင်ကိုပြဿနာရှာတာအရမ်းလွန်သွားပြီ၊ ရှင် ထွက်သွားပြီးရင် ရှင် ဘဝသစ်ကိုကောင်းကောင်း စတင်နိုင်မယ်လို့ ကျမ မျှော်လင့်ပါတယ်... သက်ပြင်းချ~!"

အတွင်းရေးမှုးကျင်းသည် ကျီဖေးထံမှ ဇာတ်ဝင်ခန်းတစ်ခုစတင်လာမည်ကိုစောင့်ဆိုင်းနေရင်း စိတ်ထဲရေတွက်နေလိုက်ကာ သူမ၏ ပါးစပ်ထောင့်များကို အတင်းညွှတ်ချလိုက်ရသည်။

အဆုံးမှာ ဒီငတုံးမကျီဖေးက ဒေါသပေါက်ကွဲသွားလိမ့်မယ်။ သူစပြီး အဲ့လိုပြဿနာရှာလိုက်တာနဲ့ အဲ့ကွာရှင်းစရိတ်အသိမ်းခံရပြီး ဘာမှမကျန်မှာမဟုတ်တော့ဘူး။

ကျီဖေးသည် ချင်ရှန့်ကဲ့သို့သော လူကောင်းတစ်ယောက်ထံမှ ကြင်နာစွာဆက်ဆံမှုမျိုးမထိုက်တန်ဟု အတွင်းရေးမှုးကျင်းက ခံစားခဲ့ ရသည်။

သို့သော် ကျီဖေးသည် သူမကတစ်ချက်သာကြည့်လာပြီး ပြန်လည်မွေးဖွားရန်အပြေးအလွှားသွားသကဲ့သို့ သူ့နာမည်ကို လျှပ်တပြက် အရှိန်ဖြင့်ရေးထိုးခဲ့သည်။

[စိတ်ပျက်ဖို့ကောင်းလိုက်တာနော်၊ လျော်ကြေးကြီးကြီးနဲ့ ချောချောမွေ့မွေ့ကွာရှင်းနိုင်ဖို့ အပြစ်ခံပေးထားတာတောင်မှ … ထားလိုက်ပါ တရားခံက ဘယ်သူဆိုပြီးရှင်းဖို့ ငါ့ဘက်ကလည်းစိတ်၀င်စားမနေဘူး]

ကျီဖေးသညိ ချင်ရှန်းမှ ကွာရှင်းစာချုပ်ကိုရုတ်သိမ်းလိုက်သောအခါ အေးခဲသွားသည်။ သူ့မျက်လုံးများထဲမှ တိမ်တိုက်တစ်ခုကြား မုန်တိုင်းတစ်ခုတိုးဝင်လာသည်။

ဘာဖြစ်တယ် ? အပြစ်ခံယူတာ ? တရားခံအစစ် ?

ချင်းရှန်းသည် ရုတ်တရက်ကြားလိုက်ရသည့် သတင်းအသစ်ကြောင့် ထိတ်လန့်တုန်လှုပ်ရာမှပြန်လည်မသက်သာသေးပေ။

ကျီဖေးသည် သူ့အပေါ်ထားရှိသည့် အေးတိအေးစက်ဖြစ်မှုကိုမကျေမနပ်ဖြစ်ပြီး အာရုံစူးစိုက်မှုရရှိရန် စိတ်အနှောင့်အယှက်ဖြစ် စေရန် တမင်နှိုးဆော်ခဲ့ခြင်းမဟုတ်ပါလား။

အဲဒီကာလမှာ သူမတစ်ယောက်ပဲ CEO ရုံးခန်းထဲဝင်/ထွက် သွားလာကြသည်ကို လူတိုင်းမြင်ဖူးကြမည်ပင်။

တစ်စုံတစ်ဦးသည် ပြိုင်ဘက်ကုမ္ပဏီတစ်ခု၏ဒုတိယဥက္ကဋ္ဌနှင့် သူမ ၏သီးသန့်တွေ့ဆုံမှုကိုပင်ဓာတ်ပုံရိုက်ယူခဲ့သည်။

သို့ဖြစ်ရာ အထောက်အထားခိုင်လုံပုံရသည်။

ထိပ်တိုက်ရင်ဆိုင်ရချိန် အော်ဟစ်ငြင်းဆန်ခသော်လည်း အဆုံးမှာ...

အဆုံးမှာ သူမ ဒေါသတကြီးအော်လိုက်သလိုပင်၊ ရှင် ကျမကိုမယုံဘူးဆိုမှတော့ အဲ့ဒါက ကျမဆိုရင် ရှင် ကျမကို ဘာလုပ်နိုင်မှာလဲ ?

ကျီဖေး အဖမ်းခံရပြီဟုထင်ကာ သူ ရှက်မိသလို ဒေါသလည်းဖြစ်ခဲ့သည်။

ယခုကြည့်ရသည်မှာ စိတ်ပျက်အားငယ်မှုနှင့်အတူလက်လျော့လိုက်ပြီး ရုန်းရင်းဆန်ခတ်ပြုမူခဲ့မိပုံရသည်။

"မစ္စတာချင်၊ လက်မှတ်ထိုးဖို့အချိန်ရောက်ပြီ" သူ့အနားရှိ အတွင်းရေးမှုးကျင်းသည် ချင်ရှန်း ဘောပင်ကို မလှုပ်ဘဲကိုင်ထားသော ကြောင့် စိတ်တိုလာသည်။ သူမ၏သာယာညင်သာသောအသံသည် အနည်းငယ်တင်းမာလာသည်။

သူမရဲ့အသံကိုကြားချိန် ချင်ရှန့် ရုတ်တရက်ဆိုသလို အတွင်းရေးမှုးကျင်းသည် စည်းကျော်လာသည်ဟုခံစားလိုက်ရသည်။

အစောပိုင်း 'တရားခံအစစ်' ကို ပြန်ပြောင်းသတိရပြီးနောက်လွဲမှားမှုအချို့ကို သူ မခံစားမိဘဲမနေနိုင်ချေ။

အတွင်းရေးမှုးကျင်းသည် သူ၏ကောလိပ်အတန်းဖော်ဖြစ်သည်။ ၎င်းတို့နှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် နှစ်အတော် ကြာသိကျွမ်းခဲ့ကြပြီး သူမကိုကောင်းကောင်းသိထားသလို သူမကိုလုံးဝယုံကြည်ခဲ့သည်။ ဒီလိုလူမျိုးက ကုမ္ပဏီကို ဘယ်လိုလုပ် သစ္စာဖောက်နိုင်မှာလဲ ?

အခုအချိန်မှာတော့ အတွင်းရေးမှုးကျင်းသည် စိတ်မရှည်စွာ သူ့အားဘောပင်ပေးလာသည်။

ချင်ရှန့်သည် အေးစက်နေသော်လည်း သူ့ထံတာဝန်သိစိတ်ရှိပြီး အထူးသဖြင့် သူ့မိသားစုကိုအလွန်အကျူးအကာအကွယ်ပေးတတ် ကြောင်း သူမ သိသည်။ သူ့မှာ နူးညံ့တဲ့နှလုံးသားရှိတယ်၊ မဟုတ်ရင် ဒီငတုံးမကျီဖေးနဲ့ ဒီလောက်အချိန်ကြာကြာ လုံးထွေးနေမှာ မဟုတ်ဘူး။

ယခင်ကလည်း ကျီဖေး၏ငိုယိုခြင်း၊ ဇာတ်ကွက်ဖန်တီးခြင်းနှင့် မိမိကိုယ်ကိုသတ်သေရန် ခြိမ်းခြောက်ခြင်းတို့ကြောင့် ကွာရှင်းလုနီး ပါးဖြစ်ခဲ့ဖူးသည်။ ယခုအခါ နောက်ဆုံး ကျီဖေးဘက်မှလက်မှတ်ထိုးပြီးနောက် ချင်းရှန်းဘက်က ဘာပြဿနာမှရှိလာမည်မဟုတ် တာသေချာသည်။

[Tsk tsk tsk သူမ မစောင့်နိုင်တော့ဘူးဘဲ၊ ဟမ် ? အတွင်းရေးမှုးကျင်းကြည့်ရတာ သူ အများကြီးကြိုးစားထားတာတွေ အလဟသဖြစ်မှာကြောက်လို့ မသိုးမသန့်ဖြစ်နေတယ်ထင်ပါ့]

ချင်ရှန်း၏ မျက်လုံးများပြောင်းလဲသွားသည်။

ဘောပင်ကိုကိုင်ထားပြီး သူ့လက်ကောက်ဝတ်ကိုလှည့်ကာ သူ့လက်ချောင်းရှည်များက အနက်ရောင်ဖောင်တိန်ကိုစားပွဲပေါ်ကို ဖိချလိုက်သည်။

ဒီလုပ်ရပ်က ကျီဖေးနှင့် အတွင်းရေးမှုးကျင်း နှစ်ယောက်စလုံးကိုထိတ်လန့်သွားစေခသည်။

ချင်ရှန်း၏နက်နဲသောနက်မှောင်သောမျက်လုံးများသည် ယခု ဒရာမာကြည့်နေသည့် သူမ၏အမူအရာကိုဖုံးကွယ်ရန် အချိန်မရှိသော ကျီဖေးအား စိုက်ကြည့်နေသည်ကိုတွေ့လိုက်ရသည်။

"ငါ မင်းကို နောက်ဆုံးတစ်ခုမေးမယ် မင်း တကယ်လုပ်ခဲ့တာလား ?"

သူ အမြဲသတိရှိခဲ့သည်။ သူကြားခဲ့တာ မှန်ပါက၊အပြစ်မဲ့သူတစ်ဦးသည် မှားယွင်းစွပ်စွဲခံရရုံသာမက ကုမ္ပဏီသည်လည်း လျို့ဝှက် အန္တရာယ်ကို လွတ်သွားနိုင်သည်။ အဲဒီတော့ စီစစ်မှရမယ်။

အတွင်းရေးမှုးကျင်း၏မျက်နှာသည် ချက်ချင်းဆိုသလိုသဘာဝမကျဘဲ ထိတ်လန့်သွားသည်။ ကျီဖေးသည်လည်း သူမ၏အပြစ်ကင်း ကြောင်းသက်သေမပြနိုင်ပေ။

ချင်ရှန်း၏ပြင်းထန်သောအကြည့်အောက်တွင် ကျီဖေး စိတ်မသက်မသာခံစားလိုက်ရသည်။

[ အခုမေးနေတာက ဘာကိုဆိုလိုတာလဲ ? ငါ့ကို သန်း 200 ပေးဖို့အပြင် သူ့မှာ နောက်အတွေးရှိသေးတာလား ? သူ နောင်တရနေ တာတော့ မဟုတ်လောက်ပါဘူးနော် ဟုတ်တယ်မလား ? အရင်လက်မှတ်ထိုးပြီးတော့မှ မေးခွန်းဆက်မေးပေးလို့မရဘူးလား။]

ချင်ရှန့်၏နှလုံးခုန်သံသည် တစ်ချက်လွှဲသွားရသွားသော်လည်း အဖြေရရန်စိတ်ပိုင်းဖြတ်ထားသည့်အတိုင်း ကျီဖေးအား တည့်တည့် စိုက်ကြည့်နေလိုက်သည်။

အတွင်းစိတ်ထဲ မကျေမနပ်ဖြစ်နေတာကြောင့် ကျီဖေး၏ မျက်လုံးများဝိုင်းစက်သွားသည်။

[ဒါပေါ့ ငါမလုပ်ဖူး၊ လူတိုင်းကကန်းနေကြတာလေ အဲ့ဒါ ငါ့အပြစ်မဟုတ်ဘူး!]

[ရှင်းရှင်းပြောရရင် ငါ့အပြင် အတွင်းရေးမှုးကျင်းလည်း ရုံးခန်းကို ဝင်လိုက်ထွက်လိုက်လုပ်တာပဲလေ၊ ဒါပေမယ့် CEO ရုံးခန်းက ဝန်ထမ်းတွေက အဲ့ဒါကိုလုံးဝလျစ်လျူရှုထားခဲ့ကြတယ်။ မသင်္ကာဖွယ်လူ အဝင်အထွက်အကြောင်းမေးတော့ သူတို့က ငါ့ကို သူခိုးဆိုပြီး မဆွဲထုတ်ခင် CCTV မှတ်တမ်းကိုစစ်ဖို့တောင်မလိုခဲ့ဘူးလေ။]

[ဒါကို မသိစိတ်ကကန်းတာလို့လို့ခေါ်တယ်]

ချင်ရှန်း ရုတ်တရက်ထိတ်လန့်သွားသည်။

အဲဒီတုန်းက သူ့ရုံးခန်းထဲဝင်ပြီး ထွက်သွားတဲ့သူက ကျီဖေးပဲ မဟုတ်ဘူးလား ?

ထိုအချိန်တွင်၊ ကျီဖေးအားညွှန်ပြသော သက်သေထွက်ဆိုချက်နှင့် ရုပ်ပိုင်းဆိုင်ရာသက်သေ အထောက်အထားများဖြင့် CCTV မှတ်တမ်းကိုပင်အတည်မပြုဘဲ တရားခံအဖြစ်ဆွဲထုတ်ခဲ့ကြသည်။

မသိစိတ်ကလည်း ကျီဖေးကို ဒီလိုမဆင်မခြင်လုပ်မယ့်လူမျိုးဆိုပြီး ယုံကြည်နေခဲ့မိတာကြောင့်ပဲ...

သူ စကားပြောခါနီးမှာ ကျီဖေး အေးစက်စက်ပြောလာသည်ကိုကြားလိုက်ရသည်။

"ကျမ ဘာမှပြောစရာမရှိဘူး၊ မြန်မြန်လက်မှတ် ထိုး"

ချင်ရှန်း၏အမူအရာသည် တဖြည်းဖြည်းအေးစက်လာသည်။ ကျီဖေး အဖြစ်မှန်ကိုသိရက်နဲ့ ဘာကြောင့် ဘာမှမပြောမှန်း သူ နားမလည်ပေ။

သူမကို မယုံမှာကြောက်နေတာလား ?

ဒါကိုတွေးရင်း ချင်ရှန်း ရုတ်တရက်ဆိုသလိုထရပ်လိုက်သည်။

အတွင်းရေးမှုးကျင်းသည် ချင်ရှန့်ကို အံ့အားသင့်စွာကြည့်ကာ သူသည်လည်း သူ့အား တစ်ချက်လှမ်းကြည့်လိုက်သည်။

ထိုအကြည့်က အတွင်းရေးမှုးကျင်း၏နှလုံးသားကိုတုန်လှုပ်စေခဲ့သည်။

အတွင်းရေးမှုးကျင်း မတုံ့ပြန်မီ ချင်ရှန့်သည် ခြေတံရှည်များဖြင့် တံခါးဆီသို့လျှောက်သွားသည်။

စိတ်ရှုပ်နေသောကျီဖေး အနားကိုဖြတ်သွားရင်း "ငါ့နဲ့လိုက်ခဲ့!"

"ဟမ်... ဘာ အတွက်လဲ ?" ကျီဖေး လုံးဝအံသြသွားသည်။

ချင်ရှန့် တံခါးဖွင့်လာသည်ကိုတွေ့လိုက်ကြပြီး အပြင်မှာအလုပ်များနေသည့်လက်ထောက်များအား "၁၁ ရက်နေ့ ညနေက CCTV မှတ်တမ်းပြန်ယူလာခဲ့ပေး၊ ငါ့မိန်းမက သိပ်လက်မခံချင်ဘူး၊ အဲ့နေ့ညအဝင်အထွက် သူ တစ်ယောက်တည်း ဟုတ်၊ မဟုတ်ကြည့် ကြရအောင်!"

အဲ့ဒါကိုကြားတော့ နောက်ကနေ အနီးကပ်လိုက်လာသည့်အတွင်းရေးမှုးကျင်း မျက်နှာက သိသိသာသာပြောင်းလဲလို့သွားသည်။

"မစ္စတာ ချင်!"

ကျီဖေး: ??

[ဒါ လုံးဝမတရားဘူး! ငါကပဲ သိပ်လက်မခံချင်ဘူးဖြစ်ရသေးတယ် ငါ ဘယ်တုန်းက ဘာပြောမိလို့လဲ? ငါ့ မျက်နှာတစ်ပြင်လုံး လုံးဝလက်ခံတယ်လို့ရေးထားတာကြီးကို ]

All Chapters