ကျီဖေး ဝိညာဉ်သည် မှားယွင်းစွာ ချိတ်မိသွားပြီး ချမ်းသာသော မိသားစုမှ ကွာရှင်းပြတ်စဲတော့မည့် ဇနီးသည်၏ ခန္ဓာကိုယ်ထဲသို့ ကူးပြောင်းသွားသည်။ [ဘုရားရေ! ကွာရှင်းပြီးရင် ချမ်းသာလာတော့မယ်၊ ပိုလှလာမယ်၊ ပြီးတော့ ဆင်ဂယ်ပြန်ဖြစ်တော့မယ်။ ဘယ်သူက ယောက်ျားလိုလို့လဲ? ဘာလား? ငါ ထောင်ချောက်အဆင်ခံတယ်.. မြန်မြန်လေး ကွာရှင်းကြတာပေါ့! အမြန်ကွာရှင်းရမယ်၊ အမှန်တရားကိုသိသွားကြရင် ငါ လွတ်မြောက်နိုင်မှာ မဟုတ်တော့ဘူး။] မစ္စတာချင် ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးဖို့?? မကြာခင်မှာပင် ကုမ္ပဏီ၏ ယုံကြည်ရသည့် အမှုဆောင်အတွင်းရေးမှူးအား ရဲတွေ ဖမ်းဆီးခေါ်ဆောင်သွားကြသည်။ ကျီဖေး ကွာရှင်းရန် ကြိုးစားခြင်း မအောင်မြင်သဖြင့် သည် လူကုံတန်မီသားစု၏ ဇနီးအဖြစ် ဆက်လက်ရပ်တည်ရုံသာ တတ်နိုင်ခဲ့ပြီး ကံကောင်းထောက်မစွာဖြင့် သူ့ပုံရိပ်ကိုထိန်းသိမ်းရန် ဒရာမာကြည့်သည့်စနစ်ဖြင့် လုပ်ဆောင်ခဲ့သည်။ [ဘာ... ငါ့ယောင်းမ မွေးစားချင်တဲ့ မိဘမဲ့ကလေးက သူ့ခင်ပွန်းနဲ့ ရည်းစားဟောင်းရဲ့ ကလေးတဲ့လား? ငါ့ခဲအိုက မိသားစုကို နှိမ့်ချဖို့ ကြိုးစားနေတာပဲ ] မျိုးမပွားနိုင်ခြင်းကြောင့် ကလေးမွေးစားရန်ဖိအားပေးခံနေရသော ယောင်းမ: !! ထိုညမှာပင် ယောင်းမဖြစ်သူသည် ကျေးဇူးကန်းသောမိသားစုအား ကန်ထုတ်လိုက်သည်။ [ထိတ်လန့်စရာပဲ၊ မတ်လေးက တခြားသူကို သူ့အချစ်ဦးလို့ အထင်မှားပြီး တကယ့်အစစ်အမှန် အချစ်ဦးကို အသဲကွဲအောင်လုပ်နေတာပဲ၊ သူသာ အမှန်တရားကို သိသွားရင် ခွင့်လွှတ်ဖို့ တောင်းပန်နေရတော့မှာပဲ] အပြစ်ကင်းစင်ပုံပေါက်သည့် မိန်းကလေးအား ကာကွယ်ပေးပြီး စေ့စပ်ထားသူကို ပြစ်တင်ဝေဖန်နေသည့် မတ်ဖြစ်သူ: ဘာ !!။ ရက်အနည်းငယ်အကြာတွင် မတ်လေးသည် ညသန်းခေါင်ယံအချိန် သူ့အခန်းအား တံခါးလာခေါက်သော အပြစ်ကင်းစင်ဟန်ရှိသည့် မိန်းကလေးကို ကန်ထုတ်ကာ စေ့စပ်ထားသူ၏ အခန်းတံခါးရှေ့တွင် ချောမွေ့စွာ ဒူးထောက်လိုက်သည်။ [ဘယ်လောက် စိတ်ပျက်စရာကောင်းလိုက်သလဲ၊ ယောင်းမလေးက အချစ်ကြောင့် မျက်စိကန်းနေပြီပဲ၊ ဒီလောက် မာနကြီးတဲ့သူက ရွံစရာကောင်းတဲ့အကောင်နဲ့ မိသားစုမသိအောင် တွဲခုတ်နေတယ်၊ အဲ့အမှိုက်ကောင် ယူလာတဲ့အစားအသောက်က ပါဆယ်တွေကို နွှေးပြီး ပြန်ယူလာမှန်း သူ တကယ် မသိတာလား?] ချစ်သူမှ သူ့အတွက် ထမင်းချိုင့် ထုပ်လာပေးသဖြင့်၊ စစ်မှန်သည့် ချစ်ခြင်းမေတ္တာအား ခံစားမိကာ မိသားစုမှ သူ၏ ဆိုးသွမ်းသော ချစ်သူကို လက်ခံလာလိမ့်မည်ဟု မျှော်လင့်နေသော ယောင်းမလေး: ...။ ကျောင်းပြန်ရောက်ပြီးနောက် ယောင်းမလေးသည် ခေါင်းများ ကြည်လင်လာပြီး ထမင်းဗူးဖြင့် အမှိုက်ကောင်၏ မျက်နှာသို့ ပစ်ပေါက်လိုက်သည်။ (ငါ့ပတ်ဝန်းကျင်မှာ ရှိတဲ့ ဒရာမာအားလုံး ကြည့်ပြီးသွားပြီးပြီဆိုတော့ တခြားသူတွေရဲ့ ဒရာမာကို ကြည့်ရမဲ့ အချိန်ပဲ] ချင်တစ်မိသားစုလုံးသည် ဒရာမာ ဆာလောင်နေသော ပရိသတ်များအဖြစ်သို့ ပြောင်းလဲသွားသည်- ခဏလေး၊ ဘာဒရာမာလဲ? ငါတို့ကိုလဲ ဒရာမာ အတူကြည့်ဖို့ ခေါ်သွားပါဦး။ ဘဝတွင် ပျော်ရွှင်မှု သုံးမျိုးရှိသည်- ဒရာမာကြည့်ခြင်း၊ အတင်းပြောခြင်းနှင့် စိတ်လှုပ်ရှားစရာကောင်းသည့် ကိစ္စများတွင် ပါဝင်ခြင်း!!

