← Chapters

အခန်း (၄၃၃)

Vol. 44 Ch. 433

အခန်း (၄၃၃)

Vol. 44 Ch. 433

ချင်ရှန့် ယခုထိ သည်းခံနေခြင်းမှာ အဖွားလုကို လေးစားသော ကြောင့် ဖြစ်သည်။ ယွီလု၏ လုပ်ရက်များသည် အလွန်ရဲတင်းသောကြောင့် သူမကိုသာ လွှတ်ထားပါလျှင် ပိုထိန်းမနိုင်သိမ်းမရ ဖြစ်နိုင်သည်။

ရှုပ်ထွေးမှုများမှ ရှောင်ရှားရန် ယွီလု၏အတွေးများကို ရပ်တန့်အောင် တစ်ကြိမ်တည်းနှင့် ရှင်းရှင်းလင်းလင်းပြောဖို့လိုပေသည်။

ချင်ရှန့်စကားဆုံးသောအခါ ယွီလုနေရာတွင်သာအေးခဲ‌နေမိသည်။ သူ့လေသံသည် အလွန်လေးနက်သဖြင့် သူသာ မတုံးအပါက ဆိုလိုရင်းကို နားလည်ပေသည်။

ယောင်္ကျားတွေဆိုတာက သူတို့အတွက် မိန်းကလေးတွေတိုက် ခိုက်နေတာကို သဘောကျတာမဟုတ်ဘူးလား? သူမတို့နှစ်ယောက် ထိတ်တိုက်မတိုက်ခိုက်ရင်တောင် ယခုလိုအခြေအနေမျိူးဆိုလျှင် ပျော်မွေ့မေရမည်မဟုတ်ပါလား ? အထူးချွန်ဆုံး အမျိုးသားများပင် ထိုအရာကို ငြင်းဆန်နိုင်မည်မဟုတ်ပဲ နားမလည်ဟန်ဆောင်နေပြီး တိတ်တဆိတ်သဘောကျနေနိုင်သည်။ ချင်ရှန့်ကျမှ ဘယ်လိုဖြစ်တာလဲ ?

ယွီလုသည် သူမရှေ့တွင် ပိတ်ထားသည့် တံခါးကိုစိုက်ကြည့်ရင်း ကြောင်တက်တက်ဖြင့် အခန်းထဲသို့ ပြန်ဝင်လာကာ ကုတင်ပေါ် လှဲချလိုက်သည်။

သူ့ဘ၀တွင် ယခုလောက် အရှက်မကွဲဖူးသလို ရှုံးနိမ့်သလိုမျိုး မခံစားရဖူးချေ။ သူ တစ်ကိုယ်လုံး ခါးသီးမှုများလွှမ်းခြုံသွားပြီး မျက်ရည်များစီးကျလာသည်။

သူ ယခင်က ယောက်ျားတစ်ယောက်အတွက် မငိုဖူးပေ။

သူ မူလက ချင်ရှန့်အား သာမာန်စိတ်၀င်စားသည်ဟု ဆိုလျှင် ယခုအခါ သူသည် သူမနှလုံးသားထဲကို၀င်ရောက်နိုင်ပြီးဖြစ် သည်။

သူ လူများ၏စိတ်ပညာကို နားလည်မှုအပေါ် အမြဲတမ်းယုံ ကြည်မှုရှိသောကြောင့် ယခုအခါ သူ ထိန်းချုပ်မှုမှလွတ်သွားခြင်းဖြစ်သလို သူမ ပထမဆုံးရှုံးနိမ့်ခြင်းပင်။

သူ လက်လျှော့ဖို့ငြင်းဆန်မိသည်။ သူ့ လှည့်ဖြားမှုသာမအောင် မြင်ပါက ဆေးသုံးလို့ရပေသည်။ ထိုနည်းလမ်းကို သူ့ မိန်းမလည်း သုံးခဲ့သည်မဟုတ်ပါလား?

ကံမကောင်းစွာပင် ကျီဖေးသည် သူမ အစီအစဉ်များအားမြင်နိုင်သည်။

သူ ချင်ရှန့်ကို ဖက်ထားလျက် သူ့မေးစေ့ကို ဆွဲမော့လိုက်ပြီး သူ့ နှုတ်ခမ်းများရွဲ့စောင်းသွားသည်။

"တကယ်ပဲ ပြဿနာတွေကိုဆွဲဆောင်နိုင်လွန်းတဲ့ ပန်းပွင့်ကြီး!"

ချင်ရှန့် ကျီဖေး၏အတွေးများကို ကြားသောအခါ သူ့အမူအ ရာတစ်ခုလုံး မှောင်မဲသွားသည်။ အချို့လူများသည် သူ ကောင်းကောင်း သတိပေးသည်ကို နားမထောင်ချင်ကြပုံပင်။

ချင်ရှန့်သည် ထိုအရာကို ကိုင်တွယ်ဖြေရှင်းရန် စိတ်မ၀င်စားဘဲ ကျီဖေးမပါပဲ ဖွင့်ထားသော ချင်မိသားစု အတင်းအဖျင်းအဖွဲ့ကိုမက်ဆေ့ချ်ပို့လိုက်သည်။ သူ့တွင် ထို့ထက် ပိုအရေးကြီးသည့် ကိစ္စရပ်များရှိသေးသည်။

သိပ်မကြာခင် အဖွဲ့ထဲတွင် စကားပြောနေသောကြောင့် စာသားများပလူပျံ့နေတော့သည်။

ချင်ရှန့် မက်ဆေ့ချ်အနည်းငယ်ကို စာပြန်ပြီးနောက် သူ့ဇနီးကို ဖက်ကာ အိပ်ပျော်သွားခဲ့သည်။

နောက်မနက်တွင် ချင်ရှန့်ကို အဘိုးကြီးချင်သည် တစ်ယောက် တည်း လာတွေ့ရန်ပြောလာသည်။

အဘိုးချင်သည် သူ့တောင်းဆိုမှုကို ကြားကြားချင်းတွင် ဒေါသတကြီး စိုက်ကြည့်နေသော်လည်း သူ့စိတ်သည် အနိုင်ယူနိုင်သွားသည်။ မြေးဖြစ်သူမှာ ယခုလို ရဲရဲတင်းတင်းတောင်းဆိုခြင်းမှာ ရှားရှားပါးပါးဖြစ်သဖြင့် သူတက်နိုင်သလောက် ဖြည့်စည်းပေးချင်သည်။ အဘိုးချင်သည် ချင်ရှန့်အပေါ် အမြဲတမ်း အပြစ်ရှိသည်ဟု ခံယူထားသောကြောင့် ချင်ရှန့်သည် တခြားမြေးများဖြင့်မတူပဲ အခွင့်ထူးခံတစ်ရပ်ကိုရရှိထားသည်။

"အဲဒီတုန်းက မင်းကို ငါကောင်းကောင်းဂရုမစိုက်ခဲ့ဘူး အခုမင်းက... မိသားစုတစ်ခုကိုတောင် တည်ထောင်တော့မှာဆိုတော့ အဘိုး၀မ်းသာပါတယ်ကွာ၊ မင်းဘဝကို အတူတူဖြတ် သန်းချင်တဲ့သူတစ်ယောက်ကိုရှာတွေ့ခဲ့တာ အဘိုးတကယ် ပျော်တယ်" အဘိုးကြီး ချင်၏မျက်လုံးများသည် စကားပြောလေလေ မှုန်မှိုင်းလာသည်။

"အဘိုး ကျွန်တော် အခုအဆင်ပြေနေပါပြီ" ချင်ရှန့် တည်ငြိမ်စွာပြန်ပြောလိုက်သည်။ သူ့အတိတ်ကို မမှတ်မိတော့သော် လည်း ထိုအရာမှာ အရေးမပါတော့ချေ။

အဘိုးချင်သည် မျက်တောင် အတန်ငယ်ခတ်ပြီး သူ့လက်ကို ဝှေ့ယမ်းကာ "ကောင်းပြီ၊ မင်းရဲ့လူတွေကို စီစဉ်ခိုင်းလိုက်တော့"

ချင်ရှန့် အဘိုးချင်နှင့် ဆွေးနွေးပြီးနောက် အဖွားလုကို သွားကြည့်သည်။ သူမသည် မွေးနေ့ပွဲအတွက် ပြင်ဆင်မှုများကို ကိုင်တွယ်ခဲ့သူဖြစ်သော်လည်း ယခုအခါ ချင်ရှန့်သည် ထိုအရာအားလုံးကို လွှဲပြောင်းတာဝန်ယူလိုက်သည်။

အဖွားလုသည် ချင်ရှန့် အလုပ်ရှုပ်မည်ကို စိုးရိမ်မိသေးသော် လည်း သူသည် ပြဿနာမရှိဟုအာမခံခဲ့သည်။

၎င်းတို့စကားပြောနေစဉ် လုမေ့ဟယ်ရောက်လာသည်။ သူမ အမေဖြစ်သူဆီ အလည်လာခြင်းမှာသဘာ၀ကျလှသည်။ သူမ ချင်ရှန့်ကိုတွေ့သောအခါ ပြုံးပြကာ နှုတ်ဆက်လိုက်၏။

ချင်ရှန့် ချက်ချင်းပင် စိတ်မသက်မသာဖြစ်သွားသည်။ ထို့အ ပြင် အဖွားလုသည် တစ်ခုခုကို ယူရန်ထသွားသောကြောင့် လုမေ့ဟယ် သူနှင့်အနီးတွင် ဝင်ထိုင်လိုက်လာချိန် သူ့ခန္ဓာကိုယ်လည်းပိုမိုတောင့်တင်းလာပြီး အမူအရာမှာဆိုးရွားလာခဲ့သည်။

"ယွီလု အိပ်ရာမထသေးဘူးထင်တယ်၊ မနေ့ညက သူ နင်တို့အားလုံးနဲ့ အနားယူဖို့ ပြန်လာတာမလား၊ နင်တို့ကို ဒုက္ခမပေးမိဖို့ ငါ မျှော်လင့်တယ်၊ အဲဒီကောင်မလေးက သူ့ဒယ်ဒီနဲ့ ငါက အလိုလိုက်ထားတော့ အရမ်းဆိုးတယ်၊ သူ အရမ်းခေါင်းမာတော့ သူ့အစ်ကိုကြီးဖြစ်တဲ့ နင်က ဆူလည်းရတယ်"

ထိုစဉ် အဖွားလုသာပြန်မလာပါက ချင်ရှန့် လုံးဝမတုံ့ပြန်နိုင်တော့ပေ။ သူ လျင်မြန်စွာထရပ်လိုက်ပြီး သူ့အား စကားတခွန်းမှမပြောဘဲထွက်သွားသည်။

"ကျွန်မ တစ်ခုခုမှားပြောမိလို့လား" လုမေ့ဟယ် အံ့ဩစွာမေးလိုက်သည်။

အဖွားလု သက်ပြင်းချလိုက်ပြီး "အင်း၊ သူ ငယ်ငယ်တုန်းက ကောင်းကောင်း ဂရုမစိုက်မိတာက ငါတို့ အမှားပဲ၊ သူ့စိတ်၊ အပြည့်အဝပြန်ကောင်းမလာသေးဘူး၊ သမီး ခင်ပွန်းရောက် လာရင် သူ့ကိုထပ်စစ်ဆေးကြည့်ရမယ်"

လုမေ့ဟယ် ရုတ်တရက် အေးစက်သွားပြီး သူ့စိတ်များအတွေး ထဲမျောသွားသည်။

အဖွားလု သူ့နာမည်ကို နှစ်ကြိမ်ခေါ်ကာမှ သတိပြန်၀င်လာပြီး လုမေ့ဟယ် စကားလမ်းလွှဲလိုက်သော်လည်း အဖွားလုလည်း သတိမထားမိဘဲ စကားဆက်ပြောနေသည်။

ထိုနေ့မှစ၍ အိမ်ဟောင်းကြီးတစ်ခုလုံးအား အလှဆင်မှုများ စလုပ်လာသည်။ ဆောက်လုပ်ရေးအဖွဲ့ အသီးသီးလည်း သက် ဆိုင်ရာတာ၀န်များလုပ်ဆောင်ရန်လာကြသည်။

ပထမဦးစွာ ပင်မနေအိမ်အား အလှဆင်ထားပြီး နောက်ဖေး၊ ရင်ပြင်...

ကျီဖေး အလှဆင်မှုများကြားမှ ဖြတ်လာစဉ်တွင် မရယ်ပဲမနေနိုင်တော့ချေ။

"အဘိုးက အသက်ကြီးပေမယ့် သူ့နှလုံးသားကတော့ နူးညံ့နေတာပဲ၊ သူ ပန်းရောင်နဲ့ အပြာရောင်တွေကို တကယ်ကြိုက်သေး တာလား၊ ပြီးတော့ ဒီအသဲပုံတွေ၊ ဘောလုံးတွေ၊ ပန်းတွေကရော မွေးနေ့ပွဲအတွက် စတိုင်တစ်ခုလား ?"

အခြားမိသားစုဝင်များလည်း နားမလည်သဖြင့် လူကြီးများကို မေးခဲ့သော်လည်း အတိအကျမသိခဲ့ရပေ။ ထိုအရာအားလုံးကို ချင်ရှန့် စီစဉ်ထားသည်ဆိုတာ သူတို့သိသည်။

"ဒါက အားစောင်ရဲ့အကြိုက်နဲ့ အံဝင်ခွင်ကျ ဖြစ်ရဲ့လား" ချင်ထျန်းထျန်း ပြုံးလျက်မေးလိုက်သည်။

ကျီဖေး လှည့်ကြည့်လိုက်ကာ "နင့်အစ်ကိုက တကယ့်ကိုအလှ အပမြင်မရှိဘူး၊ ဒါပေမယ့် နင်ပြောတာ မှန်တယ်၊ ဒါက ငါ့စတိုင်နဲ့ အတိအကျကိုက်သားပဲ"

ချင်မိသားစုဝင်များသည် စကားအပိုမပြောရဲကြပေ။ ၎င်းတို့ သည် အလုပ်သမားများနှင့် ညှိနှိုင်းရသည့်အပြင် အခြားလူများသတိပြုမိခြင်းမှ ကာကွယ်ရန်လည်း ဂရုစိုက်ခဲ့ရသည်။

တစ်ဖက်တွင် ယွီလုသည် လက်လျှော့ရန် စိတ်ကူးမရှိပဲလမ်း ဆုံးအထိသွားချင်နေသဖြင့် သူမ အစီအစဥ်တိုင်း မှာထားသောဆေးသည်လက်ထဲသို့ရောက်နေပြီဖြစ်သော်ငြား ထိုအရာကို အသုံးပြုရန်အခွင့်အရေးမရရှိသေးပေ။ ချင်ရှန့်သည် အလုပ် များလွန်းသဖြင့် ကျီဖေးပင် သူ့ကို ညမှမြင်ရသည်။ ကျီဖေး သည် ဖြစ်လာနိုင်သော အန္တရာယ်များမှရှောင်ရှားနိုင်ရန် သူ့ကို ယွီလုနှင့် ဝေးဝေးနေရန်သတိပေးကာ သံသယဖြစ်ဖွယ် အစား အသောက်များကို မစားမသောက်ရန်မှာကြားလိုက်သည်။

ချင်ရှန့်သည် ကျီဖေး၏သတိပေးချက်ကို မလိုအပ်သော်လည်း သူမကိုကြည့်သော သူ့မျက်လုံးများထဲ ချစ်ခြင်းမေတ္တာများမှာ ဖုံးမနိုင်ဖိမရပေါက်ကွဲထွက်လာသည်။

ပွဲမတိုင်မှီ တစ်ရက်တွင် မိတ်ကပ်ပညာရှင်အဖွဲ့ရောက်လာပြီး အိမ်တော်ရှိအမျိုးသမီးများကို အစမ်းပြင်ဆင်ရန်ရောက်လာကြသည်။

ကျီဖေးသည် ပုံမှန်အားဖြင့် ပေါ့ပါးသောမိတ်ကပ်လိမ်းခြယ်မှုကိုနှစ်သက်ကာ အလုပ်ရှုပ်မခံချင်သော်လည်း ချင်ရန် နှင့် ချင်ရုန်သည် သူ့အားအခန်းထဲသို့ အတင်းဆွဲခေါ်လာကာ ထိုင်ခိုင်းခဲ့သည်။

"နင်က ငါတို့အိမ်တော်က သခင်မပဲ၊ ဒါကြောင့် အံသြစရာကောင်းတဲ့ ပုံစံမျိုးဖြစ်ကိုဖြစ်ရမယ်၊ ပေါ့ပေါ့တန်တန်လုပ်ရဘူး" ချင်ရန် ပြောလိုက်သည်။

"ကျဲ ပြောတာလုံး၀မှန်တယ်!! အဲ့မှာ စီးပွားရေးလုပ်ဖော်ကိုင် ဖက်တွေ အားလုံးလာကြမှာ၊ အဲ့မှာ ယွီလုလိုလူမျိုးတောင် ထပ်ပေါ်လာရင် အိပ်မက်ဆိုးတစ်ခုဖြစ်နိုင်တယ်၊ ဒါကြောင့် အာ့စောင်က လူတိုင်းထင်သာမြင်သာရှိနေမှရမှာ" ချင်ရုန် စိတ်လှုပ်ရှားစွာ အော်ပြောလိုက်သည်။

"ကောင်းပြီ၊ ကောင်းပြီ၊ ဒါပေမယ့် နင်တို့ ငါ့ကို ဒီလိုမျိုး စောင့်ကြည့်ဖို့လိုလို့လား၊ နင်တို့ရော ပြင်ဆင်ဖို့ရောမလို‌ဘူးလား" ကျီဖေးကို တာဝန်ပေးသည့်အဖွဲ့သည် အကြီးဆုံးအဖွဲ့ဖြစ်ကာ အခြားအမျိုးသမီးများတွင်လည်း ထိုသို့သော သီးသန့်မိတ် ကပ်ဆရာများရှိသည်ကို သတိပြုမိသည်။

အလှပြင်ကိရိယာများကြောင့် အခန်းပင် အနည်းငယ်ကျဉ်းလာသည်။

"ငါတို့ နင်ကို အရင်ကြည့်ပြီးမှ သွားလုပ်လိုက်မယ်" ၎င်းတို့ နှစ်ယောက်၏ စိတ်အားထက်သန်မှု‌မှာ ကျီဖေးကိုသံသယ၀င်စေသည်။

[သူတို့က ငါ့ကို အရုပ်လိုသဘောထားနေတာလား]

ချင်ရန် နှင့် ချင်ရုန်: အင်နိုးစန့်ပုံ

[သူတို့က ဒီလိုမျိုးစောင့်ကြည့်တာကို တကယ်ရော လိုလို့လား? မဟုတ်မှ ငါ့ကို သုံးပြီး အဝတ်လဲဂိမ်းလိုမျိုးဆော့နေကြတာလား]

ချင်ရန် နှင့် ချင်ရုန်- …

ရုတ်တရက် အပြင်ဘက်တွင် ကျယ်လောင်သော အသံတစ်ခု ထွက်လာသည်။ ကျီဖေး တစ်ချက်စောင်းငှဲ့ကြည့်လိုက်သော် လည်း ကန့်လန့်ကာများ တားဆီးထားသောကြောင့် သူ မမြင်ရပေ။

"ဘာတွေဖြစ်နေတာလဲ?" ကျီဖေး မေးလိုက်သည်။

ချင်ရန် သူ့ကို အမြန်ဆွဲလိုက်ပြီး "မလှုပ်နဲ့၊ မိတ်ကပ်ပညာရှင်က စတော့မှာ"

ချင်ရုန် ပြတင်းပေါက်ဆီသို့ပြေးသွားကာ အပြင်ကိုလှမ်းကြည့် ဟန်ဆောင်လိုက်ပြီး "အိုး... စောစောက ရွှေ့ထားတဲ့ပစ္စည်းတစ်ခု ပြုတ်ကျသွားတာပါ၊ ဘာမှမဖြစ်ဘူး"

အသစ်ဆောက်လုပ်ထားသော အဆောက်အအုံတွင် မိတ်ကပ်အစမ်းပြင်ရန်စောင့်နေကြသော မိန်းကလေးများလည်း အပြင် ထွက်ကြည့်လာကြသည်။

၎င်းတို့ အပြင်ကိုလှမ်းကြည့်လိုက်သောအခါ အံ့အားသွားကြသည်။

All Chapters