← Chapters

အခန်း (၄၂၇)

Vol. 43 Ch. 427

အခန်း (၄၂၇)

Vol. 43 Ch. 427

ကျီဖေး၏အတွေးများကြောင့် ချင်ဒုတိယမိသားစုမှ လူတိုင်း အံ့အားသင့်သွားသည်။

လျှို့ဝှက်ချက်ကို ထုတ်ဖော်တာလား? ဘာကို ဆိုလိုတာလဲ? အဲဒီ အတင်းအဖျင်းစနစ်ကိုပြောတာလား?

ကျီဖေး စိတ်ထဲတွင် မတွက်ချက်ပဲမနေနိုင်ပေ။

[ကောင်းပြီ၊ အဲ့လိုလုပ်ရမယ်၊ အဲဒီတုန်းက ပါး၊မားနဲ့ အဘိုးတို့က သေသေချာချာ စုံစမ်းမှာပဲ၊ သူတို့မတွေ့တာက သက်သေမရှိလို့ပဲနေမှာ၊ ဒါကြောင့် ပါဝင်ပတ်သက်တဲ့သူတွေတောင် မ၀န်ခံရင်၊ ချင်ရှန့်ကိုယ်တိုင် မှတ်ဉာဏ်ပြန်မရရင် မျှော်လင့်ချက်က ငါ့စနစ်ပဲ]

ကျီဖေး သူ့ဘာသာ တွေးနေရင်း ထိုသည်မှာ ဖြစ်နိုင်ချေရှိသည်ဟု ယုံလာလေလေပင်။- [ငါ သိတာနဲ့ ချင်ရှန့်ကို နာကျင်အောင်လုပ်တဲ့သူကို ဖော်ထုတ်ဖို့ လူတိုင်းကို ငါ့မှာစနစ်ရှိနေတယ်ဆိုတာကို သက်သေပြဖို့ တွန့်ဆုတ်မှာမဟုတ်ဘူး]

ချင်ဒုတိယမိသားစု လန့်သွားပြီး အသက်ရှူသံများမြန်လာသည်။

ချင်ရှန့်သည် သူ့ရင်ခွင်ထဲရှိ အလွန်စိတ်အားထက်သန်နေသော ကျီဖေးအားစိုက်ကြည့်လိုက်သည်။

ထိုမျှကြီးမားသောလျှို့ဝှက်ချက်ကို ဤသို့သောအရာအတွက် ထုတ်ဖော်ဖို့ ဆန္ဒရှိနေတာလား ? သူမကို လူထန်းလူဆန်းလို့ ဆက်ဆံခံရမှာ မကြောက်ဘူးလား၊ အန္တရာယ်တွေထဲရောက် မှာကိုရော သူမ မစိုးရိမ်ဘူးလား?

သူတို့မိသားစုသည် ကျီဖေး လုံခြုံရေးအတွက် စိုးရိမ်သော ကြောင့် ထိုလျှို့ဝှက်ချက်ကို အမြဲတစေ ဂရုတစိုက်ဝှက်ထားခဲ့သည်။

ယခုအခါ ကျီဖေးသည် ချင်ရှန့်အတွက် စွန့်စားရန်ဆန္ဒရှိနေသည်။

တစ်မိသားစုလုံး တိတ်တိတ်ဆိတ်ဆိတ် တုန်လှုပ်‌နေမိသည်။

ချင်ဒုတိယမိသားစုသည် ကျီဖေးသာ ထိုလျှို့ဝှက်ချက်ကို ထုတ်ဖော်ရန်ကြိုးစားပါက ၎င်းတို့တက်နိုင်သမျှ ထိုအရာအားဖုံးကွယ်ပေးမည်ဖြစ်ပြီး ကျီဖေးအားဘယ်သောအခါမှ အန္တရာယ်အဖြစ်မခံနိုင်ကြောင်း တိတ်တဆိတ်တွေးတောကြသည်။

ချင်ရှန့်သည် ကျီဖေးကိုကြည့်ကာ သူ့တစ်ကိုယ်လုံးသည် ကမ္ဘာပေါ်ရှိ အနွေးထွေးဆုံးနေရသို့ရောက်နေသည့်ပမာ သူ့နှလုံး သားထဲထိတိုင် အနွေးလှိုင်းလေး စီးဆင်းနေသည်။

ကျီဖေးသည် မသိစိတ်မှ သူ့အတွက် အများကြီးလုပ်ပေးချင်နေသည်။

ဒါပေမဲ့ သူ ကျီဖေးအား မည်သို့ အန္တရာယ်အဖြစ်ခံမည်နည်း ? သူ သူ့မအား အခုချက်ချင်း အဝေးကိုခေါ်သွားလိုက်ချင်တယ်၊ သူ့အတွက် အမှန်တရားက အရေးမကြီးချေ၊ သူ့ဘ၀သည် ယခုဆိုပြည့်စုံနေပြီဖြစ်ကု ကျီဖေးသာ သူ့ဘေးမှာရှိနေသရွေ့ သူ တခြားဘာမှ မလိုအပ်တော့ပေ။

ချင်ရှန့်သည် ကျီဖေး တွေးနေသည့်အရာကြောင့် သူ့စိတ်တစ်ခုလုံး လွတ်သွားကာ သူမနှင့်အတူ ဤနေရာမှ ထွက်ခွာရန်ပြောလုနီးပါပင်။ ထိုအချိန် အပြင်ဘက်မှ ကားသံထွက်လာသည်။

လုမေ့ဟယ်သည် ယွီလုနှင့်အတူ ရောက်ရှိလာပြီဖြစ်သည်။

သူသည် အလွန်လှပပြီး တောက်ပသောအမျိုးသမီးတစ်ဦးဖြစ်ကာ သူမ၏ဆံပင်ကို ဆံထိုးဖြင့်ထိုးထားလျက် တရုတ်ရိုးရာစတိုင်ပုံစံ ၀တ်ဆင်ထားသည်။ သူမနှင့်အတူ လိုက်ပါလာသည့် မိန်းကလေးငယ်လေးသည် တက်ကြွပြီး ယုံကြည်မှုများ အပြည့်ဖြင့် စွမ်းအင်အပြည့်နှင့်ပင်။

ချင်မိသားစုမှ လူအချို့သည် မတ်တပ်ရပ်ကာ နှုတ်ဆက်ကြပြီး လူအချို့သည် ပြုံးကာနှုတ်ဆက်ကြသည်။

ချင်ဒုတိယမိသားစုသာ ရင်တလှပ်လှပ်ဖြင့် စစ်ဆေးမှုကို စောင့်ဆိုင်းနေခဲ့ခြင်းပင်။

[လုမေ့ဟယ်… ရှာစမ်း… ပြဿနာမရှိဘူး!]

ချင်ဒုတိယမိသားစုလည်း ထိုအခါမှ စိတ်သက်သာရာရစွာ သက်ပြင်းချမိလိုက်သည်။

ကျီဖေးလည်း အံ့အားသင့်သွားသည်။ [သူက ချင်ရှန့်ကို တကယ်သဘောကျတာပဲ၊ သူ ငယ်စဉ်ကတည်းက သူ့ကို ပြုစုစောင့်ရှောက်ပြီး မကြာခဏဆိုသလို သူ့ကို သင်ကြားပေးဖို့လည်း ကူညီပေးခဲ့တယ်၊ သူ့ စိတ်ကျန်းမာရေးအဆင်ပြေတော့လည်း နည်းလမ်းတွေကို တက်တက်ကြွကြွနဲ့ ရှာဖွေပေးခဲ့တယ်...]

ချင်ဒုတိယမိသားစု ပြုံးလိုက်ကြသည်။

သို့သော် ချင်ရှန့်သည် သူ့ မှတ်ဉာဏ်များ ဝေ‌၀ါးနေသော ကြောင့် ဘာမှ မခံစားရပေ။ မဟုတ်သေး.. သူ ခံစားမိသည့်အရာမှာ... အနည်းငယ် ရွံရှာမှုဖြစ်သည်။

သို့သော် သူသည် ကျီဖေးလက်ကို ကိုင်ထားရသောကြောင့် သူ့ ခံစားချက်များကို လျင်မြန်စွာမျိုသိပ်ထားနိုင်ခဲ့သည်။

[သူ အရမ်းအိ‌န္ဒြေရှိတော့ သူ့ အတင်းအဖျင်းတွေ နည်းနည်းလောက်ကြည့်ရအောင်၊ သူ့ရဲ့ အချစ်ဦးက… ဟမ်? သူမရဲ့ ပထမဆုံး အွန်လိုင်းအချစ်ဦးက စိတ်ပညာရှင် ယွီဟုန်ရှန့်လား?]

ချင်ဒုတိယမိသားစု အံ့အားသင့်သွားသည်။ ဘာ? သူတို့ ဒါကို တစ်ခါမှ မကြားဖူးနော်!

ပြီးတော့... ဘယ်သူမှလည်း မပြောဖူးဘူး!

ဘာတွေဖြစ်နေတာလဲ?

နည်းနည်း ထူးဆန်းသလိုပဲ!

သူတို့၏ဖြေလျှော့ထားသော နှလုံးသားသားများသည် ပြန်မတင်းကျပ်ပဲမနေနိုင်ချေ။

ထိုအချိန်တွင် လုမေ့ဟယ်နှင့် သူ့သမီးတို့သည် ချင်ဒုတိယမိသားစုကို နှုတ်ဆက်ရန် ရောက်လာကြသည်။

"အာ့ကော၊ အာ့စောင်" လုမေ့ဟယ် မျက်လုံးများသည် တောက်ပနေပြီး သူမ အပြုံးများသည် ပိုနွေးထွေးလာသည်။

[ဟင်? ဘာတွေဖြစ်နေတာလဲ? စနစ် ချို့ယွင်းနေတာလား? အချက်အလက်တွေ ဘာလို့ ပြောင်းလဲသွားတာလဲ? သူမရဲ့ အချစ်ဦးက အခု ပါးပါးချင်ဖြစ်သွားပြီး!]

ပါးပါးချင်သည် စိတ်အေးလက်အေးနေနေရာမှ အေးခဲသွားပြီး သူ့အမူအရာမှာ ရှုပ်ထွေးသွားသည်ာ

မားမားချင် အမူအရာသည်အနည်းငယ်ပြောင်းလဲသွားသော် လည်း အမြန်ထိန်းလိုက်သလို ပါးပါးချင်လည်း အမူအရာကို နဂိုအနေအထား၏တစ်၀က်လောက် အနိုင်နိုင်ပြန်ထိန်းလိုက်သည်။ မားမားချင်သည် ထိုအရာကို ပါးပါးချင်ပြောသည်ကို မကြားဖူးချေ။

[ထူးဆန်းလိုက်တာ၊ ဘာလို့ အချက်အလက်တွေက ပြောင်းသွားတာလဲ?]

ကျီဖေး စစ်ဆေးနေစဉ် သူ စာကြောင်းများမှားဖတ်မိသည်လားဟု အံ့သြနေမိသည်။

ကျီဖေး ထိုအရာကို အတည်မပြုနိုင်ခင် စနစ်၏အသံလုပ် ဆောင်ချက်သည် ပိတ်သွားပြီး သူမ မည်မျှခေါ်ပါစေ တုံ့ပြန်မှုမရှိပေ။ ကျီဖေးထင်သည်မှာ သူမ မေးခွန်းများသည် အလွန်ပေါင်ကြောင်ကြောင်နိုင်သောကြောင့် စနစ်မှမဖြေချင်ဟုသာ ယူဆလိုက်သည်။ ယခုတော့ အရာများကို သူ့ဘာသာ အဖြေရှာရတော့မည်။

သူ မေးခွန်းအချို့ကို ရေရွတ်လိုက်သော်လည်း တုံ့ပြန်မှု မရှိသောကြောင့် ဆက်သာဖတ်လိုက်သည်။

[ဒါက တကယ်မယုံနိုင်စရာပဲ၊ အိုးမိုင်ဂေါ့... ငါ လူကြီးတွေရဲ့ ငယ်ဘ၀ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်မိသွားတာလား? အရမ်းထူးဆန်းတာပဲ! အဲ့တုန်းက ပါးပါးချင်ကလွဲပြီး ချင်မိသားစုက အခြားယောင်္ကျားလေးသုံးယောက်စလုံးက သူမကို သဘောကျခဲ့ကြတယ်၊ ဒါပေမဲ့ သူက ပါးပါးချင်အပေါ်ကိုပဲ ခံစားချက်ရှိခဲ့တာ၊ ပါးပါးချင်နဲ့ မားမားချင်ကိုတစ်ယောက်နဲ့ တစ်ယောက်တွဲတာမြင်တော့ သူ လန့်သွားပြီး သူ့ခံစားချက်တွေကိုဝန်ခံခဲ့ပေမယ့် ပါးပါးချင်က မားမားချင်ကို သဘောကျနေပြီဖြစ်လို့ငြင်းခဲ့တယ်၊ ပြီးတော့ သူနဲ့ လုမေ့ဟယ်က သိသိသာသာကြီး အသက်ကွာဟချက်က သူ့ကို ညီမလေးတစ်ယောက်လိုပဲအမြဲမြင်တယ်၊ ဒီတော့ သူတို့က မဖြစ်နိုင်ဘူးပေါ့၊ သူ ငြင်းပယ်ခံရပြီး အွန်လိုင်းပေါ်က ဆက်ဆံရေးစတင်ခဲ့ပြီး ရည်းစားရသွားတော့မှ သူ ပါးပါးချင်အပေါ် ရှိတဲ့ ခံစားချက်တွေက နားလည်မှုလွဲတာမှန်း သိသွားခဲ့တယ်]

ပါးပါးချင် စိတ်သက်သာရာရသွားသည်။ သူ့နာမည်ကို ကြို တင်ရှင်းပေးခဲ့သည့် အံ့သြစရာကောင်းသော ချွေးမလေးကို တကယ်ကျေးဇူးတင်မိတယ်၊ အဲဒီတုန်းက သူ နားလည်မှုလွဲတာဟုလာပြောသော်လည်း သူ ဒါကို အလေးအနက်မထားလို့ အမှတ်မထားမိ‌ပေ၊ အချိန်ကြာလာသည်နှင့် သူ တကယ်မေ့သွားခဲ့ကာ၊ ကျီဖေးသာ ဒါကိုထပ်မပြောလာရင် သူ့တစ်သက်လုံး ဘယ်တော့မှအမှတ်ရလိမ့်မည်မဟုတ်ချေ။

ဘယ်လူကြီးကများ ကလေးမလေးတစ်ယောက်က သူ့ ခံစားချက်တွေရှုပ်ထွေးနေတာကို မှတ်မိမှာလဲ ? အဲ့တုန်းက သူက ယွီလုထက်တောင်ငယ်သေးသည့်အပြင် အတိအကျကို အရွယ်မရောက်သေးပေ။

ပါးပါးချင် ရုတ်တရက် ရပ်တန့်သွားသည်။ ခဏလေး... ဒါဆို သူတို့ မိသားစုထဲမှာ အသက်မပြည့်သေးတဲ့ မိန်းကလေးတွေကိုကြိုက်တဲ့လူ အများအပြားရှိနေတယ်လို့ ဆိုလိုတာလား ? လန့်စရာကြီး!

မားမားချင်လည်း စိတ်အေးလက်အေးဖြစ်သွားသည်။ အနည်း ဆုံးတော့ ပါးပါးချင်သည် သူ့အား ရည်ရွယ်ချက်ရှိရှိဖုံးကွယ်ထားခြင်းမဟုတ်ပေ။

သူ လုမေ့ဟယ်၏ လက်ရှိအခြေအနေကို စမ်းစစ်ကြည့်ပါက ၎င်းသည် သူ့ ပြိုင်ဘက်မဟုတ်ချေ။

ချင်ဒုတိယမိသားစုမှ မျိုးဆက်သစ်ကလေးများသည် ထိုအ တင်းအဖျင်းဟောင်းကို လက်ခံရန် အတင်းတွန်းအားပေးလိုက်ပြီး သူတို့ မိသားစုမှလူကြီးများကြောင့် အဆင်မပြေဖြစ်နေမိသည်။

ယခုလို အာရုံပြောင်းသွားသောကြောင့် လူတိုင်းသည်အချက် အလက် ရုတ်တရက်ပြောင်းလဲသွားသည်ကို မေ့သွားကြသည်။

လုမေ့ဟယ်သည် ချင်ရှန့်ကိုမြင်သောအခါ ခေတ္တရပ်လိုက်ပြီး "မင်းက ချင်ရှန့်လား? မင်း ငယ်ငယ်ကနဲ့ လုံးဝကိုမတူတော့ဘူးပဲ၊ အန်တီတောင် မမှတ်မိတော့မလို့"

ချင်ရှန့်သည် မှုန်ကုပ်ကုပ်ဖြင့် ခေါင်းညိတ်လိုက်ပြီး သူ လုမေ့ဟယ်နှင့် မျက်လုံးချင်းမဆိုင်သည်ကိုတော့ မည်သူမှသတိမထားမိချေ။

"အန်တီ"

ကျီဖေး သူ့လက်မောင်းအနည်းငယ် တင်းကျပ်သွားသလို ခံစားလိုက်ရသည်။

ကျီဖေး ချင်ရှန့်ကို စိတ်ရှုပ်ထွေးစွာကြည့်လိုက်ချိန် လုမေ့ဟယ်သည် "နင်က ချင်ရှန့်ရဲ့ဇနီး ကျီဖေးဖြစ်ရမယ်၊ မင်္ဂလာပါ ၊ အရမ်းလှတယ်"

"မင်္ဂလာပါ အန်တီ" ကျီဖေးသည် ယဉ်ကျေးစွာ ပြုံးပြီး ပြန်နှုတ်ဆက်သည် ။

လုမေ့ဟယ်သည် တုံ့ဆိုင်းမနေဘဲ ယွီလုကို နှုတ်ဆက်ဖို့တိုက် တွန်းလိုက်သည်။

သူ အချိန်အတော်ကြာ မည်သို့မှမတုံ့ပြန်သဖြင့် ကျီဖေး ကြည့်လိုက်သောအခါ လှပကာတက်ကြမှုများပြည့်နှက်နေသော မိန်းကလေးသည် ချင်ရှန့်အား စိုက်ကြည့်နေပြီး သူသည်တော့ အတွေးများပျံ့နေကာ သူမကိုအနည်းငယ်မှကြည့်မလာပေ။ သူ ရပ်နေရာမှ မလှုပ်ရှားသော်လည်း ပါးပြင်များသည် တဖြည်းဖြည်းနီလာသည်။

သူမကြည့်ရသည်မှာ သူ့အား စွဲလန်းသွားသလိုပင်။

ကျီဖေးသည် သူမကိုသတိပေးဖို့ ချောင်းနည်းနည်းဟမ့်လိုက်သည်။ လုမေ့ဟယ်သည် သူ့ သမီးအား ကသိကအောက်ဖြစ်စွာ လှမ်းတို့လိုက်သော်လည်း ယွီလုသည်မူ မတုံ့ပြန်လာသေးချေ။

ချင်ရှန့်သည် ကျီဖေး ချောင်းဆိုးသံကိုကြားမှ သူ၏အေးစက်မှုများပျံ့လွင့်သွားပြီး အခြားလူများကို လျစ်လျူရှုကာမေးလိုက်သည်။

"ဘာဖြစ်လို့လဲ၊ မင်း လည်ချောင်းတွေ ခြောက်နေလို့လား ? ရေသောက်ချင်လား"

ချင်ရှန့် စကားပြောသောအခါမှ ယွီလု ပြန်သတိ၀င်လာသည်။ ထို့နောက် သူ ကျီဖေးဘက်သို့လှည့်ကြည့်ကာ သူ့အကြည့်များသည် ဖော်ရွေမှုမရှိတော့ဘဲ လေးနက်ပြီးသတိထားနေကာ အကြည့်များမှာ ကျီဖေးအား ခေါင်းမှခြေဖျားအထိ ဆန်းစစ်နေသလိုပင်။

All Chapters