← Chapters

အခန်း (၃၈၇)

Vol. 39 Ch. 387

အခန်း (၃၈၇)

Vol. 39 Ch. 387

ထပ်မံ ဗုံးတစ်လုံးပစ်ချလိုက်သောကြောင့် ၎င်းတို့ ထိတ်လန့်တကြီးဖြစ်သွားသည်။ ၎င်းတို့သည် မကြာသေးမီက ယုရှင်းစကားများကို အံ့ဩနေဆဲရှိသေးသည်။

ရည်းစားဟောင်းလား ?

ဒါဆို ယုရှင်းက တတိယမဒမ်ချင် ရည်းစားဟောင်းရဲ့သမီးလား ?

သူတို့ မည်သို့တုန့်ပြန်ရမှန်းမသိတော့ချေ။ မိခင်ဖြစ်သူသည် ကလေးအဖေကို ချစ်ပါက ထိုကလေးကို မချစ်ပဲမနေနိုင်ချေ။ အကြောင်းပြချက်တစ်ခုမှာ ကလေးအ‌ဖေထက် ချစ်ရမည့်လူ ပိုရှိနေသောကြောင့်သာဖြစ်နိုင်သည်။

ထို့ကြောင့် တတိယမဒမ်ချင်သည် ရည်းစားဟောင်း၏ သား သမီးများအတွက် သူမ သမီးကို ခါးခါးသီးသီးဆက်ဆံရုံသာမက ရည်းစားဟောင်းသားနှင့် လက်ထပ်ရန်စီစဉ်ပေးခဲ့သည်။ ထိုလူမည်မျှပင် ရွံစရာကောက်းနေမှာ တတိယမဒမ်ချင် အမြင်တွင်တော့ ပြီးပြည့်စုံသည်ဟုထင်သည်။ သူ့ သားသမီးများကို ဖျက်ဆီးသွားလျှင်ပမှ ရည်းစားဟောင်း၏မိသားစုကိုထောက် ပံ့ဖို့ မည်သည့်အရာမဆို လုပ်သွားမည်ဆိုသလိုပင်။

ထိုသည် သစ္စာဖောက်ခြင်းတစ်မျိုးဖြစ်သလို အပြင်ဘက်ရှိလူများကို အထဲခေါ်သွင်းချင်နေပြီး သူ့ ရည်းစားဟောင်းမိသားစုအတွက် ချင်မိသားစု၏ပိုက်ဆံများကိုဖြုန်းတီးခြင်းပင်ဖြစ် သည်။

အခန်းတွင်းရှိမျက်လုံးတိုင်းသည် ချွန်ထက်သော ဓါးထက်ထက်အလား တတိယအဒေါ်ချင်းအပေါ် မညှာမတာလှီးဖြတ်ချင်သည့်ပမာပင်။

တတိယအဒေါ်ချင်၏စိတ်လည်း မတည်ငြိမ်နိုင်တော့ပဲ သူမ ငြင်းချင်သော်လည်း နှုတ်ခမ်းများတုန်ရီနေသည်။ သို့သော် ထိုအချိန်တွင် ကျယ်လောင်သောအသံသည် တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်- "ဘာကို ရည်းစားဟောင်းလဲ!"

အော်လိုက်သည့်သူသည် တတိယဦးလေးချင် မဟုတ်ပေ။ သူသည် နေရာတွင်သာရပ်နေပြီး သူမကို အေးစက်သောအမူအ ရာဖြင့် စိုက်ကြည့်နေသည်။

အောက်လိုက်သူမှာ ချင်ဟန်ဖြစ်ပြီး သူ့အမေကိုပေါက်ကွဲထွက်မတက်စိုက်ကြည့်နေကာ သူ့မျက်နှာသည် အမျက်တချောင်း ချောင်းထွက်နေသည်။

ယုရှင်းသည် မထီမဲ့မြင်စွာ လှောင်ပြုံးပြုံးလိုက်ပြီး "အရူး...၊ ငါတို့က မတော်တဆ သူငယ်ချင်းဖြစ်သွားတာလို့ တကယ်ထင်နေတာလား၊ မင်းအမေက ကာဗာတစ်ခုလိုတယ်လေ၊ သူလုပ်သမျှက ရည်းစားဟောင်းနဲ့ဆက်သွယ်ဖို့ပဲ၊ နင်လည်း အသုံးခံတစ်ယောက်ပဲလေ၊ မဟုတ်ရင် ဘာလို့ ငါ့လို ပြင်ပလူတစ်ယောက်ကို ပိုကောင်းကောင်းဆက်ဆံခိုင်းမှာလဲ၊ နင်က သူ့လိမ် လည်မှုကြားမှာ ပိတ်မိ‌နေတဲ့အရူးတစ်‌ယောက်ပဲ"

ချင်ဟန်၏မျက်နှာသည် ထိုစကားကိုကြားပြီးနောက် ဖြူဖျော့သွားကာ သူ့တစ်ကိုယ်လုံးအားအင်များနွမ်းလျသွားပုံပေါ် သည်။

သူ့ဘဝတွင် အရေးကြီးဆုံးအမျိုးသမီးနှစ်ယောက်သည် သူ့အပေါ်ဘယ်လိုတောင်လုပ်ရက်တာလဲ ?

တတိယအဒေါ်ချင်သည် မျက်ရည်များကိုနေပြီး စိတ်မကောင်း‌ ဖြစ်နေပုံပေါ်သွားသည် သူ့အပေါ် မည်သူ့ကိုမှမသနားကြပေ။

ယုရှင်းသည် တတိယအဒေါ်ချင်ကိုမထီမဲ့မြင်ပြုကာ သူ ဆက် လက်လှောင်ပြောင်တော့သည်။

"ရှင်က တကယ်အရှက်မရှိတာပဲ၊ သူနဲ့ဆက်သွယ်ဖို့လမ်းကို ရှာနေတာလေ၊ ပရဟိတဆိုတဲ့ နာမည်အောက်မှာ ရှင့် အဆက်ဟောင်းရဲ့ ကလေးတွေကို ပြုစုပျိုးထောင်ပေးဖို့ထောက်ပံတာဘယ်သူသိမှာလဲ၊ အဲ့ငွေတွေ ဘယ်မှာကုန်သွားမလဲဆိုတာ ရှင်ကောင်းကောင်းသိမှာပါ၊ ရှင် ကျွန်မကိုလည်း ရည်းစားဟောင်းနဲ့ဆက်သွယ်ဖို့ တံတားတစ်စင်းလိုသုံးနေတာ၊ ရှင် ကျွန်မပါး ကျွန်မကို ဘယ်တော့မှလာမခေါ်ဘူးဆိုတာ သိတယ်၊ ပါးပါးနဲ့ ကျွန်မအစ်ကိုကတော့ သာမာန်ဘ၀မှာပျော်မွေ့နေပြိး ကျွန်မကတော့ အထီးကျန်ကျန်နေခဲ့ရတဲ့ မိဘမဲ့ကလေးဖြစ်ခဲ့တာ၊ ကျွန်မမှာလည်းသာမာန်ဘ၀လေးရှိခဲ့ပါတယ်၊ လူနှစ်ယောက်မကစားခဲ့တဲ့ သာမာန်ဘ၀လေ၊ ကျွန်မ ရှင့်ကို ကျေးဇူးတင်သင့်တယ်လို့ ထင်နေတုန်းပဲလား"

ထိုအချိန်တွင် ယုရှင်းမျက်နှာထက် ရက်စက်သောအပြုံးလေး ပေါ်လာသော တတိယဦးလေးချင်ဘက်သို့ လှည့်သွားပြီး "တကယ်တော့ အဲ့မတော်တဆမှုမှာ ကလေးနဲ့ သူ့ကိုကယ်တာက ကျွန်မဆိုတာကလည်း အဲ့တာ ကျွန်မကိုမွေးစားနိုင်ဖို့ သူ့သားနဲ့ စီစဉ်ထားတဲ့ အလိမ်အညာတစ်ခုပဲ"

နောက်ထပ် အမှန်တရားတစ်ခုကိုထုတ်မံဖော်လိုက်သဖြင့် အခန်းတွင်းတွင် ကျယ်လောင်သောအသံများဆူညံသွားပြန် သည်။

ယုရှင်းသည် တတိယအဒေါ်ချင် နှင့် ချင်ဟန်တို့၏ ဂုဏ်သိက္ခာကို လုံးလုံးလျားလျား ချိုးချေပစ်လိုက်ပြီး ခြေဖဝါးအောက် နင်းပစ်လိုက်သည်။

တတိယဦးလေးချင်သည် အေးစက်စွာ ရယ်မောရင်း

"လီကျိရွှမ်... မင်း ကောင်းကောင်း လုပ်ခဲ့တာပဲ၊ သိပ်ကောင်းတယ်၊ ငါ မင်းအပေါ် တစ်ခါမှ ကောင်းကောင်းမဆက်ဆံခဲ့ဖူးတာမျိုးမရှိပေမယ့်၊ မင်းကတော့ ရက်စက်တက်တယ်ပေါ့"

တတိယအန်တီချင်သည် ငြင်းဆိုရန်မျှော်လင့်ချက်မရှိမှန်းသိသဖြင့် တတိယဦးလေးချင်အား ကြည့်ကာ

"ယောင်္ကျား ကျွန်မ ဗိုက်နာတယ်၊ တကယ်နာလာပြီ၊ ကျွန်မ ဒီအသက်အရွယ်မှာတောင် ရှင့်ရဲ့ကလေးကို လွယ်ထားရတုန်းပဲ၊ ကျွန်မကိုကြည့်ပါဦး၊ ကျွန်မကို ဒီလိုပုံစံနဲ့ မဆက်ဆံပါနဲ့၊ ကျွန်မက... ကျွန်မက တခြားတစ်ယောက်ရဲ့ သားသမီးတွေကို နည်းနည်းပိုပြီးဂရုစိုက်ပေးမိရုံတင်ပါ"

"ဟားဟား အန်တီက တကယ်ရှက်စရာမရှိဘူးပဲ၊ ကျွန်မပါးပါးနဲ့ရခဲ့တဲ့ကလေးကို မစ္စတာချင်ကိုခြိမ်းခြောက်ဖို့သုံးနေတာလား ? အန်တီ ရူးသွားပြီလား ?"

တတိယအဒေါ်သည် ယုရှင်း၏စကားကြောင့် ထအော်သည်။

"နင် လိမ်နေတာ၊ နင် ငါ့ကို ဘယ်လိုတောင်စွပ်စွဲနိုင်တာလဲ၊ ငါ နင်ကို ကောင်းကောင်းဆက်ဆံခဲ့တယ်၊ နင်ကတော့ ကျေးဇူး ကန်းတဲ့ မျက်လုံးဖြူဝံပုလွေပဲ"

တတိယအဒေါ်ချင်သည် ထိုအရာကို ယုရှင်းသိမည်ဟုမထင်ပဲ သူမ ထင်ရာလျှောက်ပြောနေသည်ဟုသာ ထင်မိသဖြင့် သူ ဆက်ငြင်းနေပါက သူလည်း ရှေ့ဆက်တိုးလာနိုင်မည်မဟုတ်ချေ။

"ဟမ့် ရှင် ဖုံးကွယ်ထားနိုင်မယ်လို့ ထင်လား? ကျွန်မ ပါးပါးက လွန်ခဲ့တဲ့တစ်နှစ်ခွဲလောက်မှာ ဒီကိုလာပြီး ရှင်နဲ့ ခိုးတွေ့ခဲ့တယ်၊ ကံမကောင်းချင်တော့ ကျွန်မက အဲ့အိမ်မှာ CCTV တပ်ထားတယ်လေ၊ ရှင်တို့ နှစ်ယောက် ဧည့်ခန်းဆိုဖာပေါ်မှာလုပ်နေကြတာ စိတ်ပျက်စရာကောင်းချက်၊ ရှင် ကိုယ့်ဘာသာမေ့သွားပြီး ကျွန်မပါးပါးကို ရှင့်မှာ သူ့ကလေးလွယ်ထားတယ်ဆိုပြီးပြောမိသွားတယ်၊ ဒါပေမယ့် မစ္စတာချင်က ခရီးပဲထွက်နေလို့ သူ တတ်နိုင်သလောက်ပြန်လာနိုင်အောင် သူ့ကလေးပါဆိုပြီးပြော ခဲ့တယ်၊ ကျွန်မက ရှင့်ရဲ့မွေးစားသမီးဖြစ်လာပြီး ကျွန်မအစ်ကိုက ရှင့်သမက်ဖြစ်လာမယ်၊ ပြီးတော့ အမွေဆက်ခံဖို့ ညီလေးတစ်ယောက်နဲ့ ရှင်က ချင်မိသားစုကိုချုပ်ကိုင်မယ်ပေါ့၊ ပြီးတော့ ရှင့်မိသားစုနဲ့မခွဲဘဲ ထာဝရနေနိုင်သွားမယ်ပေါ့"

ယုရှင်းသည် လျှို့ဝှက်ချက်အားလုံးကိုထုတ်ပြောပြီး မစ္စတာချင်ဘက်သို့လှည့်ကြည့်ကာ "ဒီလျှို့ဝှက်ချက်တွေက ကျွန်မကို ကာကွယ်ဖို့လုံလောက်တယ် မဟုတ်လား? ရှင် သက်သေလို ချင်ရင် ကျွန်မမှာ ဗီဒီယိုတွေရှိတယ်"

“ဟင့်အင်း၊ မဟုတ်ဘူး၊ ယောင်္ကျား ဒီမိန်းမပျက်ရဲ့စကားတွေကို နားမထောင်နဲ့၊ သူ ပြောတာ တစ်ခုမှမဟုတ်ဘူး…”

တတိယအဒေါ်ချင်သည် အလွန်ထိတ်လန့်သွားပြီး ရှင်းပြရန် အရူးအမူးကြိုးစားကြတော့သည်။

ပတ်ဝန်းကျင်မှလူများသည် တတိယအဒေါ်ချင်အား လှောင် ပြောင်လာကြသည်။ သူတို့သည် လူတစ်ယောက် ထိုမျှအရှက်ကင်းမဲ့သည်ကို တစ်ခါမှမတွေ့ဖူးချေ။ ကံကောင်းထောက်မစွာ သူ့ကို ဖော်ထုတ်နိုင်ခဲ့သည် သို့မဟုတ်ပါက ချင်ပါးပါးနှင့် သူ့သမီးသည် ကျော့ကွင်းထဲတွင်ဖမ်းမိမည့် သားကောင်းများဖြစ်ရလိမ့်မည်။

တတိယအဒေါ်ချင်၏ လီမိသားစုသည် လွန်ခဲ့သောနှစ်များကတည်းက နိုင်ငံရပ်ခြားသို့ပြောင်းရွှေ့နေထိုင်ခဲ့သည်။ ဤမွေးနေ့ပွဲကို တက်ရောက်ရန်လာကြသည့် ဆွေမျိုးများလည်း အလွန်ကြောက်လန့်ပြီး အခြေအနေကိုအသိပေးရန် လီမိသားစုအားလျှို့ဝှက်ဆက်သွယ်ခဲ့သည်။

ချင်ကျားရှီသည် သည်းမခံနိုင်တော့ဘဲ ယိုင်လဲသွားကာ ချင်ရုန်ကို မှီထားလိုက်သည်။ သူမသည် မိခင်ဖြစ်သူ ဂရုမစိုက်ရန် မိမိကိုယ်ကို အချိန်အတော်ကြာ ထွေးထားခဲ့သော်လည်း ယခုလိုပေါ်ထွက်လာမှုသည် သူ့ ဘဝကိုပင် မေးခွန်းထုတ်ချင်သွားသည်။

ချင်မိသားစုမှ အခြားမိသားစုဝင်များလည်း ၎င်းတို့၏ တတိ ယဦးလေး မည်မျှဆိုးရွားစွာလှည့်ဖြားခံရသည်ကို နားလည်သွားသဖြင့် ဒေါသထွက်သွားကြသည်။

ချင်ဝမ်ရှန့်သည်လည်း လှည့်စားခံရလုနီးပါးဖြစ်သွားသဖြင့် အလွန် ဒေါသထွက်ကာ သူမအား ဒေါသတကြီးဆူပူကြိမ်း မောင်းလိုက်သည်။

ကျီဖေးနှင့် ချင်ရှန့်တို့သည် ယုရှင်းကို အခြေအနေဆောင်ရွတ်ရန် လွှတ်ထားသဖြင့် ၎င်းတို့ ဝင်မစွက်ဖက်ဘဲပွဲသာကြည့်နေခဲ့သည်။

[ယုရှင်းက ငါ့စနစ်ထက်တောင် ပိုကောင်းတာပဲ၊ သူ ငယ်ငယ်ကတည်းက နာကြည်းမှုတွေကိုအငြိုးအတေးထားတက်တဲ့ပုံပဲ၊ သူ့ ဘဝက အခြေခံလိုအပ်ချက်တွေနဲ့ ပြည့်စုံနေပေမယ့် အကြိမ်ကြိမ် စွန့်ပစ်ခံရပြီး ဒုတိယနေရာမှာ ထားခံရတယ်၊ သူ အရမ်းအကွက်ရွှေ့တော်တာ အံ့သြစရာမဟုတ်တော့ဘူး၊ သူ့မျက်လုံးထဲမှာတော့ မိသားစုနဲ့ အချစ်ဆိုတာက ယုံကြည်လို့မရဘူး]

ယုရှင်းသည် ထိုလူများ ငိုယိုတောင်းရမ်းနေသည်ကိုကြည့်နေစဉ် သူ့မျက်လုံးများသည် ကျေနပ်မှုအပြည့်ဖြင့် ရှုပ်ထွေးနေသောအရိပ်အယောင်များပါ၀င်သည်။

ကျီဖေးသည် တတိယဦးလေးချင်နှင့် တခြားသူများကို လှည့်ကြည့်လိုက်ကာ သူ့နှလုံးသားထဲ နောင်တအနည်းငယ်ရနေမိသည်။

[ချင်မိသားစုက အထက်တန်းလွှာထဲမှာဆိုတစ်ခြားလူတိုင်းထက် စိတ်ကောင်းနှလုံးကောင်းရှိပြီး သူတပါးကိုအနိုင်ကျင့်ဖို့ ဘယ်တော့မှ အာဏာအသုံးဘူး၊ သူတို့က သိုသိုဝှက်ဝှက်နဲ့ ကြီးထားလာတဲ့မိသားစုဖြစ်လို့ တခြားသူတွေကို အထင်ကြီးစေတယ်၊ တချို့လူဆိုးတွေက အချောင်သမားတွေကို အနိုင်ကျင့်ကြတယ်၊ သူတို့က ချင်မိသားစုကိုစော်ကားရင်တောင် ဘာမှမဖြစ်ဘူးထင်လာကြပြီ၊ ဒါ အလောင်းကစားတစ်ခုပဲလေ၊ နိုင်သွားတာနဲ့ သူတို့ လိုချင်တာရနိုင်တယ်]

ချင်ဒုတိယမိသားစုလည်း ထိုအတွေးကိုကြားချိန်အနည်းငယ် လန့်သွားသည်။

ထိုအတောအတွင်း တတိယအဒေါ်ချင်သည် ရုတ်တရက်တတိ ယဦးလေးချင်ဘက်သို့ လှည့်ကာ "ရှင် ကျွန်မကို မယုံရင် ဒီကလေးနဲ့အတူတူ သတ်သေပစ်လိုက်မယ်"

ထို့နောက် သူမသည် အနီးနားရှိ ရေကန်ထဲခုန်ချဖို့ လုပ်လိုက်သည်။

သူ ရူးသွားတာလား ? ပထမဆုံး ငိုကြွေးပြီး ဒေါသတကြီးဝုန်း ဒိုင်းကြဲမယ်၊ ပြီးရင် ကိုယ့်ကိုယ်ကို သတ်သေဖို့ ကြိုးစားမယ် ?

သို့သော်လည်း တတိယဦးလေးချင်သည် သူ့ကို ဂရုမစိုက်ဘဲ တိတ်ဆိတ်နေခဲ့သည်။ လူသေမည်ကိုကြောက်သည့် ဧည့်သည်များက သူ့ကိုတားရန် အလိုလိုရှေ့တိုးလာခဲ့သည်။

တတိယအဒေါ်ချင်သည် ရုတ်တရက် ရပ်တန့်သွားကာ စိတ် ပျက်လက်ပျက်ဖြင့် "ရှင် ကျွန်မကို မယုံရင် ဒီကလေးက ဘာလုပ်လို့ရ..."

"အဲ့လိုလား ? ဒါဆို ငါတို့ ကလေးရဲ့အဖေက ဘယ်သူလဲဆိုတာ မမေးသင့်ဘူးလား ?" တတိယဦးလေးချင် ရုတ်တရက် ဖြတ်ပြောလိုက်သည်။

All Chapters