← Chapters

အခန်း (၃၁၄)

Vol. 32 Ch. 314

အခန်း (၃၁၄)

Vol. 32 Ch. 314

ဇနီးဟောင်းသည် ကျေနပ်စရာကောင်းစွာ လက်စားချေနိုင်လိုက်သည်။ သူမသည် ယွီပါးပါးကို လှောင်ပြောင်မှုများဖြင့် ကြည့်လိုက်သော်လည်း သူမ စကားများသည် ချက်ကျလက် ကျရှိလှသည်။

"လောင်ယွီ... ရှင်နောက်ထပ် အိမ်ထောင်ပြုရင် ရှင့် မျက်လုံးတွေကို သေချာပြူးကြည့်၊ အာ.. နေပါဦး ရှင်မှ ကလေးမရနိုင်တော့တာ အရေးမကြီးပါဘူးလေ ထားလိုက်တော့၊ ရှင် လှည်းကြိုးထမ်းရတဲ့ အဖေနေရာ ရောက်စရာမှမလိုတော့တာ"

ဇနီးဟောင်းသည် ထိုလင်မယားအပေါ် မကျေမနပ်မှုမှာပြင်း ထန်သောကြောင့် နှစ်ယောက်လုံးကို လွယ်လွယ် မလွှတ်ပေးနိုင်ပေ။ သူမ၏စကားများသည် ထက်ရှသောဓားအလားပင်။

ခယ့်ယွမ်အာ၏တုံ့ပြန်မှုသည် အပြစ်ရှိကြောင်း သွယ်ဝိုက်၍ ၀န်ခံထားပြီးဖြစ်သည်။ သို့ဖြစ်ရာ ယွီပါးပါးသည် ဇနီးဟောင်း ၏စော်ကားမှုကြောင့် လဲပြိုလုနီးပါးပင်။

အခြားသူများလည်း သူမဘက်မှထောက်ခံကြသည်။ အဆုံးတွင် ထိုသည်မှာ သူ့မင်္ဂလာဆောင်ဖြစ်သလို သူ့မိန်းမသည်—သူကိုယ်တိုင် ထိုအရှုပ်အထွေးကို ရှင်းရပေမည်။

ယွီပါးပါးသည် အသက်ပြင်းပြင်းရှုပြီး ရှေ့သို့ တိုးလာကာ ခယ့်ယွမ်အာ မတုံ့ပြန်မီ သူမကို ပါးနှစ်ချက်ရိုက်လိုက်သည်။

"ကျေးဇူးကမ်းတဲ့ ဟာမ! ငါ မင်းအတွက် ငါအကုန်လုပ်ပေးခဲ့တယ်၊ ဒါပေမဲ့ နင်ကတော့ ဒီလိုမျိုးပြန်ပေးဆပ်လိုက်တာလား? မင်း ကောင် ဘယ်သူလဲပြောစမ်း! ငါ့အချိန်တွေကို မဖြုန်းစမ်းနဲ့!"

ယွီပါးပါးသည် အဖြစ်မှန်ကို ရင်ဆိုင်လိုက်ပြီး အရှက်တရားနှင့် ဒေါသများရောယှက်နေကာ သူ့ကို လူသိရှင်ကြား အရှက်ရစေသော ထိုအမျိုးသမီးကိုဖျက်ဆီးပစ်ရန် အသင့်ဖြစ်နေပြီဖြစ်သည်။

ခယ့်ယွမ်အာသည် ဤမျှ လူများရှေ့တွင် အရှက်မရဖူးပေ။ သူမ၏သည်းခံစိတ်မှား ကုန်ခမ်းသွားပြီး "ရှင်က ကျွန်မအပေါ်ကောင်းတယ် ? ရှင်က အိုစာနေတဲ့အဘိုးကြီးကလွဲပြီး ဘာမှမဟုတ်ဘူး"

"ဘာ ? မင်းကသာ ငါ့ကို အရင်ပတ်သက်တဲ့သူကွ! အမြင့်ကိုတက်‌ချင်နေတာ မင်းလေ!" ယွီပါးပါးသည် ကျယ်လောင်စွာ အော်လိုက်‌သောကြောင့် အသက်ရှုနှုန်းများပင် လွဲချော်သွားသည်။

သူ့စကားများသည် ခယ့်ယွမ်အာကို ပိုဒေါသူပုန်ထစေသည်။ "ကျွန်မက ရှင့်ကို လူကြီးတစ်ယောက်လိုပဲ လေးစားလို့ဂရုစိုက်ခဲ့တာ! ဒါပေမယ့် ရှင်က ကျွန်မရဲ့ ကြင်နာမှုကိုအခွင့်ကောင်း ယူခဲ့တယ်၊ ရှင့်ရဲ့ မသင့်လျော်တဲ့ ရည်ရွယ်ချက်တွေကြောင့် ကျွန်မမိဘတွေက ကျွန်မကို ရှင့်အိပ်ယာထဲပို့ခဲ့တာ! ရှင်က သောက်ရှက်မရှိတဲ့ အဘိုးကြီး! ကျွန်မက ရှင့်အိပ်ရာပေါ်ကို တက်ချင်တယ်များထင်နေလား? ကျွန်မက ဖိအားပေးခံရတာ!"

ယွီပါးပါး မျက်နှာသည် ဒေါသကြောင့်စိမ်းဖန့်သွားပြီး

" ငါ့တစ်သက်နဲ့တစ်ကိုယ် မိန်းမတစ်ယောက်ကို ဖိအားမပေးဖူးဘူး၊ ဒါက မင်းမိသားစုက လုပ်တာလေ၊ မင်းတကယ် ဖိအားပေးခဲ့ရရင် ငါ့ကို ဘာလို့မပြောတာလဲ? မင်း တရားစွဲလို့တောင်ရတယ်! အဲ့လိုလုပ်မဲ့အစား မင်းက သစ္စာရှိတဲ့ကောင်မလေးလို ဟန်ဆောင်ပြီး ငါ့ကို လက်ထပ်ဖို့တောင် သဘောတူခဲ့တာလေ? ဒါကရော ဖိအားပေးခံရတာလား ?"

ထိုအချက်တွင် ယွီပါးပါးသည် မမှားပေ။ သူသည် မိန်းမရှုပ်သော်လည်း ဘယ်သောအခါမှ ဖိအားမပေးတက်ချေ။

သို့သော်လည်း နှစ်ဖက်စလုံးသည် ဤအခြေအနေတွင် မကျေမနပ်ဖြစ်နေကြသည်။

ခယ့်ယွမ်အာသည် ပြိုလဲသွားပြီး "ကျွန်မ ဘာတက်နိုင်မှာလဲ? ကျွန်မက ပျက်စီးသွားပြီလေ၊ ကျွန်မ တကယ်ချစ်တဲ့သူနဲ့နေဖို့ အခွင့်အရေးကိုဆုံးရှုံးသွားပြီ၊ ဒါကြောင့် ကျွန်မမှာ ရှင့်ကိုလက်ထပ်ဖို့ကလွဲပြီး တစ်ခြား ရွေးချယ်စရာမရှိတော့ဘူး"

ထို့အပြင် သူမ ချစ်သူဆိုသည်မှာလည်း အခြားသူမဟုတ်ပဲ.... သူ့သားနှင့်ပင်။ သူမ ယွီယွဲ့ကို ဘယ်တော့မှလက်မထပ်နိုင်တော့ဘူးဆိုတာသိသည်။ သူနှင့်နီးချင်ပါက သူ့အဖေကိုသာ ကြံရပေမည်။

သို့သော် ယွီပါးပါးသည် သူကစားခံလိုက်ရသလို ခံစားရသဖြင့် "ဒါက ဒရာမာတစ်ပုဒ်မဟုတ်ဘူး၊ အကုန်လုံးက ငါ့အမှား မဟုတ်ဘူး၊ ငါက အလိမ်ခံရတာ"

အခြားသူများအတွက် ခယ့်ယွမ်အာပြောသော ဇာတ်လမ်းသည် အလွန်ဝေးသွာခဲ့သည်။ ငယ်ရွယ်လှပသော သူမလို အမျိုးသမီးတစ်ယောက်သည် အဖေအရွယ်ရှိသည့် မကောင်းသတင်းဖြင့်ကျော်စော်သောလူကို ဖြားယောင်းသည်ဟူသည်ကို မကြားဖူးချေ။ ထိုသည်မှာ နားလည်မှုလွဲသွားခြင်းဖြစ် သည်။

သို့သော် အဖြစ်မှန်ကိုသိသူလူတစ်ချို့အတွက် ခယ့်ယွမ်အာသည် ယွီပါးပါးကို သူမ၏ အနာဂတ် ယောက္ခမတစ်ဦးကဲ့သို့ ဆက်ဆံတက်သည်ကိုသိကြသည်။ သူမသည် မျက်နှာသာရရန်မျှော်လင့်ကာ သူမ ချွေးမဖြစ်လာနိုင်ရန်ဖြစ်သည်။

ကံမကောင်းစွာ ယွီပါးပါးသည် သူမ၏ လုပ်ရက်များအ‌ပေါ် နားလည်မှုလွဲသွားပြီး အခြေအနေကို ပိုမိုရှုပ်ထွေးသွားစေ သည်။ ထိုသည်မှာ နားမလည်နိုင်လောက်အောင် ရှုပ်ထွေးပေသည်။

"မင်းရဲ့ အလိမ်အညာတွေကို ငါဂရုမစိုက်ပါဘူး၊ ငါ ဘာအမှားမှမလုပ်ထားဘူး၊ မင်းက ငါ့ကိုရှင်းပြကိုပြရမယ်! ပြောစမ်း ဘယ်သူနဲ့လဲ"

ယွီပါးပါးသည် ယွီမိသားစုထဲရှိ လူများကို စူးစူးစိုက်စိုက်ဝေ့ကြည့်ကာ သူ့အကြည့်သည် နက်မှောင်နေသည်။

သို့သော် ခယ့်ယွမ်အာသည် တိတ်ဆိတ်စွာနေပြီး သစ္စာရှိသည့် ချစ်ခြင်းမေတ္တာကို သရုပ်ပြနေဆဲပင်။

သို့သော် ယွီမိသားစုရှိ တခြားအမျိုးသားများသည် သူမကို တိတ်ဆိတ်နေခွင့်မပေးချေ။ သူတို့တိကျသော အဖြေလိုအပ်ပေသည်။

ယွီရီ၏နှလုံးခုန်သံသည် ဆတိုးကျယ်လောင်လာသည်။ သူ စောစောက ခယ့်ယွမ်အာပြောခဲ့သည့် စကားအပေါ် အခြေခံပါက သူမနှင့် ယွီယွဲ့သည် နောက်ထပ်ကလေးတစ်ယောက်ယူရန် ဆွေးနွေးနေပုံရသည်။ ထိုညက ယွီယွဲ့လည်းမူးနေသဖြင့် သူကဲ့သို့ အဖြစ်အပျက်များကို မမှတ်မိနိုင်ချေ။ သို့ဖြစ်ရာ နား လည်မှုလွဲခြင်းအဖြစ် ရှောင်ရှားနိုင်သည်။

သို့သော် ယွီရီလှမ်းကြည့်လိုက်သောအခါ ခယ့်ယွင်အာကို လုံးလုံးလျစ်လျူရှုထားသော ယွီယွဲ့ကို တွေ့လိုက်ရသည်။ သူ တကယ် အဲ့လောက်ထိ ယုံကြည်မှုရှိနေတာလား?

ထိုအရာသည် ယွီရီကို စိတ်မသက်မသာဖြစ်စေသည်။

"မင်း မပြောဘူးပေါ့၊ ကောင်းပြီ ငါတို့ အတူတူ စုံစမ်းကြမယ်!" ယွီပါးပါး ခြိမ်းခြောက်လိုက်သည်။

ခယ့်ယွမ်အာ ထိတ်လန့်သွားသည်။ သူမသည် ချစ်ခြင်းမေတ္တာကြောင့် သူမကိုယ်သူမ စွန့်လွှတ်ကာ ယွီယွဲ့ကို ကာကွယ်ပေးခဲ့သည်။ သူယခင်က လျစ်လျူရှုထားလျှင်တောင် ဤအခြေအ နေကိုရောက်လာပါက ဝင်ပါလိမ့်မည်ဟုမျှော်လင့်သဖြင့် သူ့အား စောင်းငှဲ့ကြည့်လိုက်သည်။

သို့သော် ယွီယွဲ့သည် ဖုန်းထဲမှတစ်ခုခုကို ပိုင်ရှောင်ရှီအားပြနေပုံရပြီး သူမ၏ပါးကိုကြင်နာမှုများဖြင့် ဆွဲညစ်လိုက်သည်ကို တွေ့လိုက်ရသည်။

ပိုင်ရှောင်ရှီသည် ဖုန်းထဲတွင်သာ အာရုံစိုက်နေပြီး သူ့ကို စိတ် ဆိုးနေသော အကြည့်ဖြင့် ကြည့်လိုက်သည်။ ယွီယွဲ့ ရယ်မောလိုက်ကာ နှုတ်ခမ်းအနည်းငယ် စူပေးလိုက်ချိန် ပိုင်ရှောင်ရှီသည် ခြေချောင်းလေးများကို ထောက်ကာ သူ့ကို ခပ်ဖွဖွနမ်းလာသည်။

ထိုမြင်ကွင်းသည် ခယ့်ယွမ်အာ၏မျက်လုံးများကိုလောင်ကျွမ်း လုနီးပါးပင်။ သူမ ဒုက္ခရောက်နေတဲ့အချိန်တောင်... သူတို့က... ဘယ်လိုတောင်နေနိုင်တာလဲ ? ဘာကြောင့်လဲ ?

ခယ့်ယွမ်အာသည် ယခုအချိန် ယွီယွဲ့ အဘယ့်‌ကြောင့်ယုံကြည်ချက်ရှိနေသနည်းဟု မအံ့သြနိုင်လောက်အောင် မောပန်းနေပြီဖြစ်သည်။

သူ ရုတ်တရက် ရယ်မောလိုက်သည်။ သူ့ ရယ်မောသံသည် ခါးသီးမှုများနှင့် သစ္စာဖောက်ခံရသည့်အတိုင်း နာကျင်နေသည်။

"ရှင်က ဒီလောက် အကြင်နာမဲ့မှတော့ ကျွန်မကိုလည်းရက်စက်တယ်လို့ အပြစ်မတင်နဲ့၊ ကျွန်မ ငရဲသွားရရင်တောင် တစ် ယောက်တည်းတော့ မသွားဘူး"

ခယ့်ယွမ်အာ ယွီယွဲ့ ကို အော်ပြောလိုက်သည်။ သူမ၏ စကား များသည် လူတိုင်း၏အာရုံကို ရုတ်ခြည်းဆွဲဆောင်သွားသည်။

"ကျွန်မ ပျက်ကျသွားတဲ့ ကလေးက ရှင့်ဟာမဟုတ်ဘူး၊ အဲ့တာ ရှင့်သားဟာပဲ၊ ရှင်က အဘိုးတောင်ဖြစ်တော့မလိုလေ!"

ခယ့်ယွမ်အာ၏ အမူအရာသည် ရူးသွပ်သွားသည့်ပမာ ယွီပါးပါးကို လှောင်ပြောင်လိုက်သည်။

အမှန်တရားကို သိပြီးသားသူမှလွဲလို့ လူတိုင်း အံ့အားသင့်သွားပြီး သူတို့ကြားလိုက်ရသည်ကို မယုံကြည်နိုင်ချေ။

ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်။

သူတို့သည် ယွီမိသားစုတွင် ယွီယွဲ့မှလွဲ၍ လူတိုင်းကိုသံသယရှိကြသည်။

ယွီယွဲ့သည် ပိုင်ရှောင်ရှီကို မည်မျှချစ်သည်ဆိုသည့် အကြောင်းမှာ အထက်တန်းများကြားတွင် လူသိများသော သတင်းဖြစ် သည်။ သူမှလွဲ၍ မည်သူသည် ဇနီးဖြစ်သူစော်ကားခံရုံလောက်နှင့် မိသားစုစီးပွားရေးကို လစ်လျူရှုနိုင်မည်နည်း ?

ထို့အပြင် ယွီယွဲ့ လုပ်ခဲ့သမျှသည် ပိုင်ရှောင်ရှီအတွက်သာဖြစ် သည်။ ထို့ကြောင့် ခယ့်ယွမ်အာနှင့် ဖောက်ပြန်သည်ဆိုသည့်အကြောင်းကို မည်သူမဆို နားလည်ရခက်နေသည်။

ပိုင်မိသားစုသည် ဦးစွာတုံ့ပြန်နိုင်သူဖြစ်ပြီး သူတို့သည် ယွီယွဲ့အပေါ် သံသယကင်းသော်လည်း သူရှင်းပြမည်ကို စောင့်မျှော်နေကြသည်။

သို့သော် ယွီပါးပါးသည် သားဖြစ်သူကို ထိတ်လန့်စွာစိုက်ကြည့်နေသည်။ သူသည် ယွီယွဲ့နှင့် ဘယ်တုန်းကမှ မရင်းနှီးခဲ့ဖူးပေ။ ကောင်လေးသည် သူ့အမေဆုံးပါးသွားသဖြင့် သူ့ကို နာကြည်းနေမှန်းသိသည်။

ထို့ကြောင့် ခယ့်ယွမ်အာ ပြောလာသည့်အချိန် ယွီပါးပါးမှာ သားဖြစ်သူ၏ လက်စားချေမှုဟု ယုံကြည်နေမိသည်။

ထိုစဥ် ယွီယွဲ့သည် မထင်မဲ့မြင်စွာပြောလာသည်။

"ငါက မျက်စိကန်းနေလို့ မင်းနဲ့အိပ်ရမှာလား ? မင်းကိုယ်မင်း အထင်ကြီးမနေနဲ့... ရွံစရာကောင်းချက်"

ယွီယွဲ့သည် ခယ့်ယွမ်အာကို ပြောချင်နေသည်မှာကြာပြီဖြစ်သလို ယခုမှအခွင့်အရေးရခြင်းဖြစ်သည်။

ခယ့်ယွမ်အာသည် ထိုသို့ ရက်စက်ကြမ်းကြုတ်သော စကား လုံးများကို ကြားလိုက်ရသောအခါ သူမ စိတ်ကူးထဲရှိ ပုံရိပ်သည် ကွဲအက်သွားသလိုမျိုး သူမလည်းအေးခဲသွားသည်။

သူတို့အတူတူတောင်အိပ်ပြီးပြီးကို ဒီလောက်ရက်ရက်စက် စက်ပြောနိုင်ရတာလဲ?

"ရှင် ဘာ...ဘာလို့ ဒီလိုပြောနိုင်ရတာလဲ ? ကလေးက ရှင့်ဟာဆိုတာကို မယုံတာလား? အဲဒီညက အိမ်ဟောင်းမှာဖြစ်ခဲ့တာကို ရှင် မမှတ်မိဘူးလား? ကျွန်မတို့နှစ်ယောက်လုံး သောက်ခဲ့တာ၊ ကျွန်မ ရှင့်အခန်းကိုလာခဲ့တယ်... မနက်ကျတော့ ရှင် ထွက်သွားပေမဲ့ ကျွန်မနဲ့ အိပ်ခဲ့တာ"

ခယ့်ယွမ်အာသည် သူမမှာ သစ္စာဖောက်ခံရသည့်အလား နာကျင်စွာ မေးခွန်းထုတ်လာသည်။

"ငါ သောက်ခဲ့ပေမယ့် မူးမ‌နေဘူး"

"ဟင့်အင်း... မဖြစ်နိုင်ဘူး! ရှင် ဒါကို ဝန်ခံဖို့ငြင်းနေတာပဲ!"

"ငါ ဘာလို့ ဝန်ခံရမှာလဲ ? ငါ အဲ့ညက အခန်းထဲမှာတောင်မရှိဘူးလေ ဟုတ်တယ်မလား...ယွီရီရှုရှု" ယွီယွဲ့သည် ယွီရီဘက်သို့ လှည့်လိုက်သည်။

All Chapters