အခန်း (၃၅၄)
Vol. 36 Ch. 354
ချင်ရီအံ့အားသင့်သွားပြီး အလွန်စိတ်မသက်မသာဖြစ်သွားသည်။ သူ စိတ်ရှုပ်နေသောကြောင့် သူ့ စကားများအားသေချာ မတွေးတောနိုင်ခဲ့ပေ။ သို့သော် ကျီဖေးကတော့ နားလည်လိုက်သည်။
[ကျိုးရုရှစ်က ချင်ရီကို ကြိုက်နေတာသိသာတယ်။ ဒါပေမယ့် ချင်ရီက မကြိုက်ဘဲတာဝန်ယူချင်တဲ့စိတ်ကြောင့် သူ့ကို လက် ထပ်ချင်မှန်းသိတယ်။ သူ အဲလို့ဆက်ဆံရေးမျိုး မလိုချင်တာကြောင့်ငြင်းလိုက်တာပဲ။ ဒါ့ကြောင့် သူ ဘာမှမဖြစ်ချင်ယောင်ဆောင်ခဲ့တာ −သူ ချစ်တဲ့သူရဲ့ကြင်နာမှုကို အခွင့်ကောင်းမယူချင်တာ ]
ထိုစဥ် ကျီဖေးထံမှ တစ်ဆင့်ကြားသိလိုက်ရသည့် နှစ်ယောက်သည် စိတ်ပျက်စွာခေါင်းကုတ်လိုက်ကြသည်။
“ဒါဆိုလည်း အခြားနည်းနဲ့အလျှော်ပေးပါရစေ−ပိုက်ဆံ၊ အိမ် ဒါမှမဟုတ် အဆက်အသွယ်၊ သေချာပေါက် မင်းကို စော်ကားချင်တာမဟုတ်ဘူး….ဒီအတိုင်း”
ချင်ရီအပြစ်ရှိစိတ်ကြောင့် အမှားအားပြင်ဆင်ချင်ခဲ့သည်။
“ကျမ ဘာလျော်ကြေးမှမလိုပါဘူး။ အဲ့ဒါကို စိတ်ပူမနေပါနဲ့ ပါမောက္ခ။”
[လျော်ကြေးကို ဘာလို့ငြင်းတာလဲ။ အချစ်မရှိတဲ့ အိမ်ထောင် ရေးကိုမလိုချင်ဘူးဆိုရင်တောင် ပိုက်ဆံကိုတော့ယူလိုက်လေ။ သူက ချင်မိသားစုရဲ့သခင်လေး သူလက်ဖျောက်တစ်ချက်တီးလိုက်တာနဲ့ နင့် တစ်ဘဝလုံးပြောင်းလဲသွားမှာ။ ဘာတွေတွေးနေတာလဲ။ နင် ချင်ရီကိုကူခဲ့တယ်ဆိုပေမယ့် နင်လည်း သားကောင်ပဲလေ။ ဒါက အိုင်ဒေါဒရမ်မာရိုက်နေတာမဟုတ်ဘူး။ ဒါကိုလက်ခံလိုက်လို့ မာနထိခိုက်တယ်လို့တွေးမနေနဲ့။]
ကျီဖေး၏အတွေးများ လွှမ်းမိုးခံလိုက်ရသည့် ချင်ကျောက်နှင့် ချင်ရုန်တို့သည် သူ့ အမြင်အားသဘောတူကြသည်။ လူ မရနိုင်မှတော့ အနည်းဆုံးပိုက်ဆံယူမှပေါ့။ ဘာလို့ ကိုယ်ကိုကိုယ် ခက်ခဲအောင်လုပ်နေရတာလဲ ??
[ထားပါတော့၊ နင့်ကို အထင်သေးခဲ့မိတာပဲ။ ဒီလိုတွေးတာကိုး ဟာား ဟား ဟား။ နှစ်ပေါင်းများစွာ တစ်ဖက်သတ်ချစ်ခဲ့တဲ့သူနဲ့ မတော်တဆအိပ်ခဲ့တယ်။ ဒါက နင့်အတွက် jackpot ပေါက် သွားသလိုပဲ တစ်သက်လုံးအတူနေခွင့်မရှိရင်တောင်မှအိမ်မက် တောင် မမက်ရဲခဲ့တဲ့အရာကဖြစ်ပြီးခဲ့ပြီဆိုတော့ အိမ်မက်တစ်ခုတော့ပြည့်သွားတယ်ပေါ့လေ၊ နင် လောဘမကြီးတော့ဘူး ပေါ့၊ အေးပါ နင် ကောင်းကောင်းတွေးခဲ့တာပဲ၊ ဟားဟား]
ချင်ကျောက်နှင့် ချင်ရုန်တို့ ရယ်ချင်စိတ်အား ထိန်းလိုက်ရသည်။ တစ်ဖက်ကကြည့်ပါက လုံးဝအဓိပ္ပာယ်ရှိနေပြန်သည်။
ကျိုးရုရှစ်သည် အခွင့်ကောင်းရခဲ့ခြင်းဟုတွေးသဖြင့် ဒီလောက်နှင့် ကျေနပ်ရန်စဥ်းစားလိုက်သည်။
“ဒါပေမယ့်….” အကြွေးတင်မိသည်ဟု ခံစားရသည့် ချင်ရီမှာမျက်မှောင်ကြုတ်လိုက်သည်။
သူမ ကြိုက်တဲ့သူ ခက်ခဲနေသည်အားတွေ့လိုက်ရသဖြင့် သူမ ရည်ရွယ်ချက်အား အထင်လွဲသွားမည်ကိုစိုးရိမ်မိသွားသည်။ ခဏတွေးကာ သူ့ မျှော်လင့်ချက်လေးတစ်ခု ပြောရန်ဆုံးဖြတ်လိုက်သည်။
"ဒါဆို ကျမအတွက် အကြံပြုစာရေးပေးနိုင်မလား ? XXမှာ ကျောင်းပြောင်းကျောင်းသူအဖြစ် လျောက်ဖို့စဥ်းစားနေတာ လောင်ရှစ်ဆရာ အဲဒီမှာရှိတာမှတ်မိတယ်။ ကျမငို အကြံပြုပေးလို့ရမလား ? တိုက်ရိုက်တပည့် မဟုတ်ရင်တောင် သူ့ဆီကလမ်းညွှန်မှုကိုခံယူနိုင်ရင်ကိုရပြီ။”
ချင်ရီ၏ဆရာသည် ထူးကဲသာလွန်သည့် အဆင့်အတန်းရှိသူဖြစ်ကာ မည်သူမဆိုရနိုင်သည့်အခွင့်အရေးမဟုတ်ပေ။
ထိုတောင်းဆိုချက်ကိုကြားသော် ချင်ရီ စိတ်သက်သာရာရစွာ သက်ပြင်းတစ်ချက်ချလိုက်သည်။ သို့သော် သူမ ခံစားခဲ့ရသည်နှင့်ယှဥ်လျှင် မလုံလောက်သေးဟုခံစားရသည်။ သို့သော် သူမ တောင်းဆိုလာကတည်းက သေချာပေါက်ဖြစ်အောင်လုပ်ပေးမည်သာ။
“ဒါ ကိစ္စမရှိဘူး။ ငါ့ တာဝန်ထား….” ချင်ရီရပ်သွားပြီး ဆက်ပြောလာသည်။
“ မင်း….ငါ့တပည့်ဖြစ်ဖို့ ငြင်းခဲ့တာက ဒါ့ကြောင့် မဟုတ်လား။ ငါ မင်းကို တကယ်ကိုအကြွေးတင်နေမိပြီ။”
ကျိုးရုရှစ် အံ့အားသင့်သွားပြီး ချင်ရီ ဌာနမှူးထံမှတစ်ခုခုကြားခဲ့သည်အား နားလည်လိုက်သည်။ ခေတ္တတုံ့ဆိုင်းသွားပြီးနောက် ရိုးရိုးသားသားပြောရန် ဆုံးဖြတ်လိုက်သည်။
"လောင်ရှစ် ကျမကို တပည့်အဖြစ်လက်ခံဖို့ ဆုံးဖြတ်ခဲ့တယ်။ ဆိုလိုတာက ကျမရဲ့စွမ်းဆောင်ရည်ကို အသိအမှတ်ပြုတာပဲ၊ ဒါပေမယ့် ဒီကိစ္စဖြစ်ခဲ့သည်ဖြစ်စေ၊ မဖြစ်ခဲ့သည်ဖြစ်စေ လောင်ရှစ်ရဲ့တပည့်ဖြစ်မလာနိုင်ပါဘူး။”
ချင်ရီ သူမအား စိတ်ရှုပ်ထွေးစွာကြည့်လိုက်သည်။
တံခါးအပြင်ဘက်ရှိ ကျီဖေးသည် စိတ်လှုပ်ရှားစွာတုန်ရီနေပြီး ချင်ကျောက်နှင့် ချင်ရုန်၏လက်မောင်းများအား တင်းတင်းဆုပ်ကိုင်ထားသည်။
[သူ ဝန်ခံတော့မှာများလား ? အမှန်ပဲ အလုပ်မဖြစ်ဘူးဆိုတာ သိရင်တောင် ကိုယ့် ခံစားချက်ကိုဖွင့်ပြောခဲ့ နောင်တမရစေနဲ့။]
ချင်ကျောက်နှင့် ချင်ရုန်တို့ သည်းမခံနိုင်တော့ပေ။ မလုပ်သင့်မှန်းသိသော်လည်း တံခါးအဟလေးမှ မြန်မြန်ချောင်းကြည့်လိုက်ကြသည်။ ကျီဖေး၏မှတ်ချက်မှ တစ်ဆင့်သိရသည်ထက် live ကြည့်ရခြင်းမှာပိုစိတ်လှုပ်ရှားစရာကောင်းသည်ပင်။
"ဘာလို့လဲ ? ငါ့ သင်ကြားမှုက တစ်ခုခုမှားနေလို့လား ? ဒါမှမဟုတ်….”
“မဟုတ်ဘူး၊ ချင်….ချင်ရီ တကယ်တော့ ကျမ ရှင့်ကို အချိန်အကြာကြီးတစ်ဖက်သတ်ချစ်ခဲ့ရတာ။”
ကျိုးရုရှစ် သူ့အား မကြည့်ရဲဘဲ တစ်ချိန်လုံးခေါင်းငုံထားပြီး ဝန်ခံလိုက်သည်။
“ကျမ ရှင့်ကို ကြိုက်တယ်။ ဒါပေမယ့် သီချင်းဆိုရတာကိုလည်းကြိုက်တယ်။ ရှင့်ရဲ့တပည့်ဖြစ်လာရင် အာရုံမစိုက်နိုင်ဘဲ ရှင့်ဆီပဲ အာရုံရောက်နေမှာ။ ဒါကြောင့် အရင်တည်းကထွက် သွားဖို့ဆုံးဖြတ်ခဲ့တာပါ။ ရှင့်မှာ ကျမ အပေါ် ထပ်တူခံစားချက် မရှိတဲ့အတွက် တခြားဘာမှလည်းမမျှော်လင့်ခဲ့ပါဘူး။ လောင်ရှစ် ရှင့်ရဲ့ယုံကြည့်မှုကိုသစ္စာဖောက်ခဲ့မိလို့ တောင်းပန်ပါတယ်။ ဒါမယ့် ကျမ မကြာခင်ထွက်သွားမှာဆိုတော့ ရှင့်ကို ပြောပြချင်တယ်။ ရှင်က တကယ်အံ့သြဖို့ကောင်းတဲ့ လူတစ်ယောက်ပါ။ ကျောင်းသားတစ်ယောက်က ရှင့်ကို ချစ်မိတာမသင့်တော်ပေမယ့် ခံစားချက်ဆိုတာကထိန်းချုပ်ရခက်တယ်။ ရှေ့လျှောက် အစစအရာရာအဆင်ပြေပါစေလို့ ဆုတောင်းပေးပါတယ်”
ချင်ရီ အံ့ဩသွားသည်။
ကျိုးရုရှစ်သည် ရင်ထဲမှစကားများအား ထုတ်ပြောပြီးနောက်စိတ်သက်သာရစွာပြုံးလိုက်သည်။ ထို့နောက်ဆရာနှင့်ကျောင်း သားအကြား နောက်ဆုံးနှုတ်ဆက်သည့်အနေနှင့် ဦးညွှတ်လိုက်ကာ အစမ်းလေ့ကျင့်ခန်းမှထွက်သွားခဲ့သည်။
သူတို့သုံးယောက်ဝင်လာချိန်ထိ ချင်ရီ မိန်းမောနေဆဲပင်။
သူ အိမ်ပြန်ရောက်ချိန်ထိပင် တုတ်တုတ်မလှုပ်လာချေ။
ထုံးစံအတိုင်းအောက်ထပ်ရှိလူတိုင်းသည် အရည်ရွှမ်းသည့် ဖရဲသီးစားရန်စုဝေးလိုက်ကြသည်။ ချောင်းနားထောင်ခဲ့သည့် ချင်ကျောက်နှင့် ချင်ရုန့်ကျေးဇူးကြောင့် ချောချောမွေ့မွေ့ အတင်းတုပ်နိုင်ခဲ့ကြသည်။
ချင်ဝမ်ရှန့် အခြေအနေအားသိလိုက်ရသောအခါ သူ့တိတိနှင့် ကျိုးရုရှစ်အား အောင်သွယ်ပေးရန်ပင် စဥ်းစားလိုက်သည်။ ကျိုးရုရှစ်သည် သူအားသဘောကျနေပြီး သူတို့ကြားဆက် နွယ်မှုလည်းရှိခဲ့သည်။ အမြဲတစ်ယောက်တည်းဖြစ်ခဲ့သည့် သူ့တိတိအတွက် အဖော်ရှာပေးရန်တွေးလိုက်မိသည်။
သို့သော် အခြားသူများမှ သဘောမတူလာကြချေ။
ဤသည်မှာ ကျိုးရုရှစ်၏ရွေးချယ်မှုပင်။ သူ့ အမြင်မှာအချစ်ဆိုသည်မှာ အပြန်အလှန်ဖြစ်ဖို့လိုသည်။ သူ စိတ်မလုံမခြုံဖြစ်နေခြင်းမဟုတ်ဘဲ ကိုယ့်အမြင်အား ရှင်းရှင်းလင်းလင်းနား လည်ထားသူပင်။ ချင်ရီသည် သူ့အားကောင်းကောင်းမွန်မွန် ဆက်ဆံမည်မှာ မှန်သော်လည်း ချစ်လာမည်မဟုတ်ချေ။ ထို့ ကြောင့် သူ့ အိမ်မက်နောက်လိုက်ရန်သာရွေးချယ်ခဲ့သည်။
ချင်ရီ သူ့အား ချစ်နိုင်မည်လားဆိုသည်အား စိတ်ပူပန်နေခြင်းမဟုတ်ပေ။ နောင်တွင် သူ့ အားစောင့်ရှောက်ပေးရန် ထိုနယ် ပယ်၌ရှိ အခြားသူများထံအကူအညီတောင်းနိုင်သည်။ သို့ သော် သူမအားမချစ်ပေးနိုင်သည့်အတွက် သူ့ ဘဝအားနှောက်ယှက်မည်မဟုတ်သလို အများဆုံး သူမ ဒုက္ခရောက်ခဲ့ပါက သူဝင်ကူညီပေးမည်သာ။
သူအား အလွန်စိတ်အနှောက်ယှက်ဖြစ်စေသည်မှာ ကျောင်းသူနှစ်ယောက် သူ့အပေါ်ခံစားချက်ရှိနေခြင်းကြောင့်ပင်။ သူ့ သင် ကြားမှုမှာ တစ်ခုခုမှားနေတာလား ? နောက်တပည့် မထားမီ သူ သေချာဆင်ခြင်သုံးသပ်ရန်လိုအပ်သည်။
ရက်အနည်းငယ်အကြာ ကျိုးရုရှစ်သည် နိုင်ငံခြားသို့သွားခဲ့သည်။ ချင်ရီသည် သူ့ကတိအတိုင်း သူမအား တပည့်အသစ်အဖြစ်လက်ခံရန် ဆရာဖြစ်သူအားဆက်သွယ်ခဲ့သည်။
ကျီဖေး ထိုသတင်းကြားသော် ရယ်မောလိုက်သည်။
[သူတို့ကို ဆရာနဲ့ကျောင်းသားဖြစ်မယ် ထင်ခဲ့တာ။ အခုတော့ ဆရာတူတပည့်ဖြစ်သွားကြတာပဲ။]
ဤကိစ္စအားဖြေရှင်းပြီးနောက် ချင်ကျားရှီ၏ကျောင်းအား အလည်လာခဲ့မည်ဟူသော သူ့ ကတိအား ကျီဖေးအမှတ်ရမိ သည်။ ထိုနေတွင် သွားရန်စီစဥ်ခဲ့သော်လည်း ချင်ကျားရှီ မနေ့ညကအိမ်ပြန်နောက်ကျကာ ယနေ့မနက်ကျောင်းစောစော သွားခဲ့သောကြောင့် အစီအစဥ်အားသေချာမပြောခဲ့လိုက်ရချေ။
ကျီဖေး နိုးလာချိန်တွင် ဧည့်ခန်းထဲရှိ အခြားသူများအားအစီအစဥ်ကိုပြောပြလိုက်သည်။
ထိုအချိန် အစေခံတစ်ဦး ဝင်လာကာ “မစ်ကျားရှီ ဒဏ်ရာရသွားတယ်…” သူမ ပြောချင်သည်မှာ ချင်ကျားရှီ ဒဏ်ရာရထားသဖြင့် အခြားသူများ သူ့ဆီသွားမလည်သင့်ဟုပင်။
သို့သော် သူပြောပြီးပြီးချင် အခြားသူများထိတ်လန့်သွားကြသည်။
“ဒဏ်ရာရတယ်၊ ဘာဖြစ်တာလဲ ?”
ချင်ကျားရှီ သူမအားပြောပြခဲ့သည်ကိုသာ သူမ သိထားခြင်းဖြစ်သည်။ သူမ လဲကျကာဒဏ်ရာရခဲ့သောကြောင့် အစေခံထံမှ လိမ်းဆေးတောင်းခဲ့ခြင်းပင်။
သို့သော် ကျီဖေး၏အမူအရာမှာ ချက်ချင်းပြောင်းလဲသွားသည်။
[သေစမ်း၊ အဲဒါ ဆန်ကုန်မြေလေး ချင်ဟန်ပဲ၊ မကောင်းတဲ့အ ကောင် ကိုယ့်ညီမအရင်းကိုအမြဲအနိုင်ကျင့်နေတယ်။ သူ့ကို ရမယ်ရှာဖို့ ကျောင်းထိတောင် တကူးတကသွားခဲ့သေးတယ်ပေါ့လေ။]