အခန်း (၁၈၄)
Vol. 19 Ch. 184
လေထုသည် ရုတ်တရက်ထူးဆန်းသွားသည်။
အကောင်းဆုံးကိုယ်ရည်ကိုယ်သွေးရှိသည့်လူနှစ်ယောက်သည် အဆင် မပြေမှုများကိုချိုးဖျက်ရန် အစပြုခဲ့ကြသည်။
" ငါတို့ အကြိမ်ရေတော်တော်များများတွေ့ ဖူးတယ်၊ ကျီဖေး နင် ငါတို့ကို မမှတ်မိတော့ဘူးလား? ဟားဟား ငါ ပိုင်ရှောင်းရှီလေ၊ မှတ်မိသေးလား?"
ကျီဖေး၏နံဘေးတွင်ထိုင်နေသည့်ပိုင်ရှောင်းရှီက နွေးထွေးပြီးတက်ကြွသည်။
ရောက်ရှိလာသူအားလုံးသည် အမှန်တကယ်တွင်ကျီဖေးထက် လေးငါးနှစ်ခန့်အသက်ကြီးကြပြီး ပိုင်ရှောင်းရှီသည် ညီမငယ်နှင့်စကားပြောနေသကဲ့သို့လေသံဖြင့် ပြောဆိုခဲ့သည်။
သို့ပေမယ့် သူ၏ချိုမြိန်ပြီးနုပျိုသည့်အသွင်အပြင်ကိုကြည့်လိုက်ရာ ကျီဖေးက သူ့ထက်ပင်ငယ်သည်ဟုထင်နေခဲ့သည်။
ပိုင်ရှောင်းရှီသည် သာမန်အခွင့်ထူးခံအလှလေးတစ်ယောက်ဖြစ်သည်-နုံအ၊ ချိုမြိန်ပြီး အကာအကွယ်အောက်မှာရှိနေ သည်။ သူသည် အကျင့်စာရိတ္တကောင်းမွန်ပြီး ကံကြမ္မာအရ သဘာဝအတိုင်းနှစ်သက် ဖွယ်ကောင်းသည့်သူတစ်ဦးကို ကိုယ်စားပြုပြီး တုန်နေအောင်ချစ်သည့် မိဘများဖြင့် ကြီးပြင်းလာခဲ့သည်။
ကျီဖေးသည် နောက်ဆုံးအကြိမ်စားပွဲကိုလှန်၍ မြင်ကွင်းတစ်ခုဖန်တီးခဲ့ရာတွင် လုံးဝထိတ်လန့်သွားပြီး ပိုင်ရှောင်ရှီးအပေါ် သက်ရောက်မှုရှိလုနီးပါးဖြစ်ခဲ့သည်။ သူသည်ယခုအချိန်အထိ နွေးထွေးနေနိုင်သေးသည်မှာ တစ်စိတ်တစ်ပိုင်းအားဖြင့် ချင်ရှန့်အပေါ်လေးစားမှုရှိခြင်းနှင့် ကျီဖေး၏ကိုယ်ရည်ကိုယ်သွေးသိသိသာသာပြောင်းလဲခြင်းနှင့် ပတ်သက်၍ စစ်မှန်သည့်သိချင်စိတ်ကြောင့်ဖြစ်သည်။
"ငါက သူ့ကောင်လေး၊ ပြီးတော့ မင်းခင်ပွန်းရဲ့ကောလိပ်အခန်းဖော်ဟောင်း ယွီယွဲ့ ပါ"
ယွီယွဲ့ သည် ပိုင်ရှောင်းရှီအား အနောက်ကနေဖက်လိုက်ပြီး ချောမောပြီးနွေးထွေးနေသည့်မျက်နှာဖြင့် ပြုံးပြလိုက်သည်။
ယွီယွဲ့ သည် ပိုင်ရှောင်းရှီကဲ့သို့ ဂရုမစိုက်ဟန်ပေါ်သော်လည်း သူ့အမေကို အသက်ငယ်ငယ်ကတည်းကဆုံးရှုံးခဲ့ရပြီး စဉ်ဆက်မပြတ်အစားထိုးနေသည့်မိထွေးများက သူ့အား အတွင်းပိုင်းအထိခံစားရစေခဲ့သည်။ ပိုင်ရှောင်းရှီနှင့်ာမဆုံခင်တွင် သူ တကယ်ချမ်းသာသည့်ကလေးတစ်ယောက်ပင်။ ပိုင်ရှောင်းရှီကိုမြင်မြင်ချင်းချစ်မိသွားပြီးမှ လုံးဝပြောင်းလဲသွားကာ သူတို့နှစ်ယောက်ကို ရယ်စရာစုံတွဲအဖြစ်လူသိများလာခဲ့သည်။
ကောလိပ်ကနေယခုအချိန်အထိ ရှည်လျားလှသည့်ဆက်ဆံရေးကာလတွေတစ်လျှောက်ထိ သူတို့နှစ်ယောက်သည်စိတ်အားထက်သန်စွာချစ်နေကြဆဲပင်။ သူတို့ဟာ သူတို့၏လူမှုအ သိုင်းအဝိုင်းထဲ လိုက်ဖက်ညီသည့်အတွဲဟုသတ်မှတ်ခံရပြီး လူတိုင်းက ကောင်းချီးပေးကာထောက်ခံခဲ့ကြသည်။
အဲဒီလိုစုံတွဲတွေကိုကြည့်လိုက်ရင် စိတ်ခံစားချက်က တကယ်ကိုတိုးတက်လာမှာဖြစ်သည်။
"ဟယ်လို၊ ကျိန်းသေပေါက် ကျမ ရှင့်ကိုမှတ်မိတာပေါ့၊ ရှင်တို့ရဲ့ အချစ်ရေးက အရင်အတိုင်းပဲနော်"
[သိပ်တော့မဆိုးပါဘူး။ ယွီယွဲ့ ရဲ့ဘာမှမကောင်းတဲ့အဖေက သူ့ကို အခြားငယ်ငယ်ရွယ်ရွယ်ဇနီးတစ်ယောက်နဲ့ လက်ထပ်စေချင်ပြီး မင်္ဂလာပွဲအတွက် အတင်းအကြပ်ပြန်လာခိုင်းနေတာကလွဲရင်ပေါ့၊ ငယ်ရွယ်တဲ့စုံတွဲက စိုးရိမ်ကြောင့်ကြမှုမရှိဘဲ လက် ထပ်ဖို့တောင်ဆုံးဖြတ်ထားကြသေးတယ်။]
ရူးမိုက်မိုက်သည့်စုံတွဲသည် ၎င်းတို့၏ဆက်ဆံရေးအတွက် ချီးကျူးခံရခြင်းထက် ဘာကိုမျှမနှစ်သက်ခဲ့ဘဲ ကျီဖေးအား ချစ်ခင်မှုတွေချက်ချင်းတိုးလာစေခဲ့သည်။
သူပြုံးလိုက်ရင်း ပိုင်ရှောင်းရှီ၏မျက်လုံးများသည် လခြမ်းကွေးများကဲ့သို့ကွေးသွားသည် - "နင့်တို့ရဲ့ ဆက်ဆံရေးလည်း တိုးတက်လာပါပြီ"
ကျီဖေး၏အတွင်းစိတ်အတွေးများအား နားထောင်နေသည့်ချင်ရှန့်သည် ပိုင်ရှောင်းရှီ၏မှတ်ချက်ကိုကြားလိုက်ရသော အခါတွင် နားမလည်နိုင်လောက်အောင် ဝမ်းသာပီတိဖြစ်ခဲ့ရသည်။
သူ့အမူအရာက သိသိသာသာကိုပျော့ပြောင်းသွားသည်။
ပိုင်ရှောင်းရှီအား သူ့စကားများကိုဂရုမစိုက်ဘူးဟုထင်ခဲ့သည့် စားပွဲတွင် ရှိနေသည့်တခြားသူများက ချင်ရှန့်၏တုံ့ပြန်မှုကို အံ့ဩသွားကြသည်။
ကျီဖေးသည် ဤပြောဆိုချက်ကိုမဝေဖန်ဘဲ မူလကျီဖေးနှင့်ချင်ရှန့်၏ဆက်ဆံပုံနှင့် နှိုင်းယှဉ်ကြည့်လျှင် အနည်းဆုံးတော့သူ သူ့ကိုမမုန်းအောင်ကြိုးစားနေကြသည်။ အားလုံးက လမ်းခွဲခအတွက်ပဲ။
သို့ပေမယ့် ပိုင်ရှောင်းရှီဆိုလိုချင်တာမဟုတ်ဘူးဆိုတာကို ကျီဖေးနားလည်သွားသည်။
[အခု သူဒီလိုပြောပြီးပြီ... နောက်မှ ယုကျစ်ရောက်လာတဲ့အခါ သူ သဘောပေါက်သွားရင် အဆင်မပြေမဖြစ်ဘူးလား ? နောက်ဆုံး သူလည်း ယုကျစ်နဲ့လည်းရင်းနှီးခဲ့ဖူးတယ်။ နူးညံ့ ပြီး နုံအလွန်းတဲ့ယုန်လေးဆိုတော့ နောက်ပိုင်း ရှက်သွားတာ လေးကိုကြည့်ရတာ ပျော်စရာကောင်းလိမ့်မယ်။ ဟီးဟီး~]
ချင်ရှန့်:...
သတိမမူမိသေးသည့် ပိုင်ရှောင်းရှီကိုကြည့်ရင်း၊ ချင်ရှန့်သည် ကျီဖေးအား အနိုင်ကျင့်နေသည်ဟုခံစားမိသော်လည်း သူ့တွင်သက်သေမရှိပေ။
ယွီယွဲ့ က ယုကျစ်လာမယ်ဆိုတာကိုသတိရပြီး သူ့ချစ်ဇနီးအား နောက်မှအဆင်မပြေဖြစ်မှာကိုတားဆီးဖို့ သူက ကျီဖေးကို
" တခြားသူတွေကိုမှတ်မိသေးလား ? မိတ်ဆက်ပေးမယ်လေ "
ကျီဖေး သူတို့နှစ်ယောက်မှ အတင်းအဖျင်းပြောနေတာမျိုးမရှိသကဲ့သို့ တခြားသူများအားလှည့်ကြည့်လိုက်သည်။
"မိတ်ဆက် ပေးစရာမလိုပါဘူး၊ ငါ ကိုယ်တိုင်မိတ်ဆက်ပါ့မယ်။ မတွေ့ တာကြာပြီ၊ ငါက ကျင်းရန်ပါ"
မိတ်ဆက်သူမှာ မျက်မှန်တပ်ထားကာ ဉာဏ်ကောင်းသည့်ရုပ် ရည်ဖြင့်သန့်ပြန့်သူဖြစ်သည်။ သူ့အကြည့်တွေကလေးနက်နေပေမယ့် သူ့ အမူအရာကဖော်ရွေပြီးသင့်လျော်သည်။ သူသည်တစ်ဖက်တွင် ထိုင်ခုံအလွတ်တစ်ခုဖြင့် ယွီယွဲ့ ဘေးတွင်ထိုင်နေသည်။ သူသည် တစ်ဦးတည်းသော single အဖြစ် ရှိနေပုံရသည်။
သို့သော်လည်းသူ့ကိုနှုတ်ဆက်ပြီးနောက် ကျီဖေးသည် ထောင့် ဖြတ်ထိုင်နေသည့်အမျိုးသမီးဆီသို့ ချက်ချင်းလှည့်ကြည့်လိုက်သည်။ ထိုအမျိုးသမီးသည် အေးဆေးတိတ်ဆိတ်သောအပြင်ပန်းရှိ၍ ကြော့ရှင်းသောကိုယ်ဟန်အနေအထားဖြင့်ထိုင်နေကာ ပြောင်လက်တောက်ပနေခြင်းမရှိဘဲ ဇိမ်ကျကျဖြင့်ထူးခြားသည့်ဒီဇိုင်းထုတ်ထားသော ကျောက်စိမ်းလက်ဝတ်ရတနာများကိုဝတ်ဆင်ထားသည်။
ကျီဖေးရုတ်တရက်ကြည့်နေသည်ကို မြင်လိုက်တော့ သူလန့်သွားပြီး ဘာကြောင့်အာရုံတွေကရုတ်တရက် သူ့ဆီရောက်လာရသည်ကိုနားမလည်ပေ။
သူ ထိုင်နေရာသို့ပြန်သွားသောအခါ၊ ကျင်းရန်၏ခန္ဓာကိုယ်သည် မထင်မှတ်ထားသောအလှည့်တွင် အနည်းငယ်လှုပ်ရှားသွားသည်။
"နင် စမ်းထင်ကို မှတ်မိလား၊ အာ၊ ငါသိတယ် - သူက ကျင်းရန်ရဲ့ဝမ်းကွဲဖြစ်လာတော့မယ်ဆိုတာ နင် ကြားလိုက်လို့လား? ငါတို့အားလုံးက သူတို့ရဲ့မင်္ဂလာပွဲကို မကြာခင်တက်ရောက်ရတော့မှာလေ" ဟု ပိုင်ရှောင်းရှီက ပြုံးပြကာပြောသည်။
ကျီဖေး အစောပိုင်းက ဖော်ပြခဲ့သည့်အချက်အလက်များအား ချင်ရှန့် ပြန်သတိရမိသည်။
'တစ်စုံတစ်ယောက်၏တဖက်သတ်အချစ်မှာ ၎င်းတို့၏ဝမ်းကွဲဖြင့် လက်ထပ်တော့မည့်အကြောင်းဖြစ်သည်။ '
ဝမ်းကွဲအကြောင်းပြောရင်း၊ ကျင်းရန်၏ဝမ်းကွဲ ဘယ်လိုလက် ထပ်မလဲဆိုတာကို သူ ချက်ချင်းစဉ်းစားမိပေမယ့် သတို့သမီးကတော့ သူတို့ရဲ့ သူငယ်ချင်းစမ်းထင်ဆိုတာ ထင်ရှားသည်။
သူတို့အားလုံးသည် တူညီသည့်အသိုင်းအဝိုင်းတွင်သူငယ်ချင်း များဖြစ် ကြသော်လည်း ရင်းနှီးမှုအတိုင်းအတာအမျိုးမျိုးရှိသည်။ ချင်ရှန့်၏မှတ်ဉာဏ်အရ ကျင်းရန်နှင့်စမ်းထင်တို့သည် ကောလိပ်မှာပင် တစ်ယောက်နှင့်တစ်ယောက်စကားသိပ်မပြောဖြစ်ကြဘဲ ဘွဲ့ ရပြီးချိန်မှာတော့ ၎င်းတို့၏အဖွဲ့ စုဆုံမှုများ သီးသန့်တွေ့ ဆုံမှုများမှလွဲ၍ ဘယ်တော့မှမတွေ့ခဲ့ကြေချေ။
ထို့ကြောင့် ခန့်မှန်းပြီးနောက်တွင်ပင် ချင်ရှန့်လုံးဝမသေချာနိုင်ပေ။
ကျီဖေး၏အတွင်းစိတ်အတွေးများ ထွက်မလာခင်အထိဖြစ် သည်။
[Holy shit!!! ဒါ မယုံနိုင်စရာပဲ။ ကျင်းရန်က စမ်းထင်ကို ဆယ်နှစ်နီးပါးလောက် တစ်ဖက်သတ်ချစ်ခဲ့မိပေမဲ့ စမ်းထင်ရဲ့ မျက် လုံးထဲမှာတော့ တစ်ယောက်နှင့်တစ်ယောက်က မသိသာဘူး။ စမ်းထင်ကပဲ ဒီလိုတွေးတာမဟုတ်ဘူး၊ သူတို့ရဲ့အသိုင်းအဝိုင်း ထဲကလူတိုင်းကပါ သူတို့ကို မရင်းနှီးဘူးလို့တွေးကြတယ်၊ ဒီအိမ်ထောင်ရေးကို မဟာမိတ်ကနေတဆင့် မတော်တဆဆက် စပ်သွားတယ်လို့ထင်နေကြတယ်။ ဘုရားရေ၊ ကျင်းရန်က လိပ်နင်ဂျာလား ဒါမှမဟုတ် ဘာလဲ?]
ချင်ရှန့်: ဒီတော့ ဒါကအမှန်ပေါ့။
ဆယ်နှစ်တောင်သတိမထားမိရုံမက တခြားဘယ်သူမှလည်းသတိမထားမိခဲ့ပေ ?!
ချင်ရှန့်သည် ကျင်းရန်မှ စမ်းထင်အားတိတ်တဆိတ်ချစ်မိပြီးနောက် သူ့ ခံစားချက်များကိုဝန်ခံရန် အဘယ်ကြောင့်မကြိုး စားခဲ့ရသနည်းကို နားမလည်ပေ။
[အိုး..အဲဒါက ဘယ်လိုလဲဆိုတာပေါ့..အဲဒါက တကယ့်အဖြစ် အပျက် လား? My goodness... ငါ စကားတောင် မပြောနိုင်တော့ဘူး...ဟုတ်ပြီလေ၊ ဒါဆိုလည်း သူချစ်ရတဲ့အမျိုးသမီးကို တခြားတစ်ယောက်ကလက်ထပ်သွားတာကိုပဲ ကြည့်နေလိုက်ပေါ့။]
ချင်ရှန့်: … နေဦးလေ၊ အချက်အလက်တစ်ခုမှထုတ်မပြောဘဲ မင်းရဲ့အတွးတွေကို မရပ်လိုက်နဲ့လေ၊ ဘာကြောင့်လဲ ?!
ချင်ရှန့်သည် အတင်းအဖျင်းအားသိရန် ဤမျှအရေးတကြီးဖြစ်နေသည်မှာဖြစ်တောင့်ဖြစ်ခဲ့ပင်။
ကျင်းရန်နှင့် စမ်းထင်နှစ်ယောက်စလုံးသည် ကျီဖေးအား ထူးဆန်းစွာကြည့်နေကြသည်။
အဘယ့်ကြောင့်ဆိုသော် ကျီဖေးမှသူတို့အပေါ် စူးစူးစိုက်စိုက်ကြည့်နေသည်မှာ အတော်ထူးခြားသည်။
သို့သော်ကျီဖေးသည် သူ့အာရုံကိုအမြန်ပြောင်းလိုက်သည်။
တစ်စုံတစ်ယောက်က သူ့ကို ခေါ်လာသောကြောင့်ဖြစ်သည်။
"ဟေ့ ငါ့ကိုမှတ်မိသေးလား ?"
ချီလီသည်မျက်ခုံးပင့်ကာ သူ့လေသံသည် အတိအကျဖော်ရွေခြင်းမရှိသော်လည်း ထိပ်တိုက်ရင်ဆိုင်ခြင်းလည်းမရှိပေ။ ကျီဖေး၏ယခင်စော်ကားမှုများကြောင့် သူအနည်းငယ်စိတ် အ နှောင့်အယှက်ဖြစ်မိသေးသည်။
ချီလီသည် သူ့နှင့်ရင်ဆိုင်ရသောအခါတွင် လက်ရှိကျီဖေး၏ အဆင်မပြေသည့် အမူအရာမျိုးကို သူ မြင်ချင်သည်။
သို့ပေမယ့် ကျီဖေးမှ သူ့ဘေးနားကကောင်မလေးကိုမကြည့်ခင် ခဏလေးသာ သူ့ကိုစိုက်ကြည့်လိုက်သည်။
စိတ်ဝင်တစားဆန်းစစ်ကြည့်နေရာမှ ချီလီသည် ချက်ချင်းစိတ်ထိခိုက်သွားခဲ့သည်။
"ဘာကြည့်နေတာလဲ !" ချီလီက ပြောသည်။
“သူက…” ကျီဖေး စူးစမ်းလိုစိတ်ဖြင့်မေးသည်။
"သူက ဟန်ကျီယု" ချီလီသည် ဤလူမှာ သူ့ရည်းစားဖြစ်သည်ကိုမပြောဘဲ ဟန်ကျီယုအား လူတိုင်းကိုနှုတ်ဆက်ရန်လှုံ့ဆော်ခဲ့သည်။
အခြားသူများ၏အမူအရာများသည် ခဏတာသိမ်မွေ့ လာကာ ချင်ရှန့်သာလျှင်စူးစမ်းလိုစိတ်ဖြင့်ကြည့်ရင်း အစောပိုင်းက ကျီဖေးမည်သူ့ကိုဝေဖန်ခဲ့သည်ကို ရုတ်တရက်နားလည်သွားသည်။
ဟန်ကျီယုသည် အလွန်ငယ်သော်လည်း လှပမှုရှိစေရန် တမင် တကာ မိတ်ကပ်လိမ်းထားပုံရသည်။ သူသည် သူတို့၏အတန်းဖော်တစ်ဦးနှင့်တူသည်။
[ဪ ဒါဖြင့်သူက အဲ့ဒီအချစ်ဦးအတွက်အစားထိုးကိုး။ ဝိုး၊ လစဉ်လစာက ယွမ်ငါးသောင်းပဲ၊ ဒါက တကယ့်ကို.. တော် တော်ကောင်းတဲ့အလုပ်ပဲ၊ အယ် ? ဟားဟားဟား၊ ချီလီက သူပိုက်ဆံပေးထားပေမဲ့ ကောင်မလေး သူ့ကိုတကယ်ကြိုက်တယ်လို့ထင်နေတယ်၊ သူ့ခံစားချက်အစစ်အမှန်ကို ဖုံးကွယ်ဖို့ပိုက် ဆံယူတာလို့ သူ ထင်နေတာ ဘာလို့ဆို သူတို့ကြားမှာ သူ့ကိုချစ်ခွင့်မပေးဘူးဆိုတဲ့ သဘောတူညီချက်တစ်ခုရှိနေလို့ပဲ။ ဒီလိုယုံကြည်မှုမျိုးကို သူ ဘယ်ကရလာတာလဲ၊ Pfft ~ ကောင်မ လေးက ပိုက်ဆံအလုံအလောက်စုဆောင်းထားပြီးပြီ ဒီလလစာရပြီးရင် သူတို့ရဲ့သဘောတူညီချက်ကို အဆုံးသတ်ဖို့ စီစဉ်နေတယ်ဆိုတာ သူ မသိသေးဘူးပဲ!]