အခန်း (၁၈၀)
Vol. 18 Ch. 180
လောဖေးသည် တရားမျှတမှုကိုအလိုလားဆုံးသူဖြစ်သည်။ သူသည် ချင်ရှန့်ကိုအကြာဆုံးသိခဲ့သူဖြစ်ပြီး ၎င်းတို့သည် အရင်းနှီးဆုံးသူငယ်ချင်းများဖြစ်သည်။
ချင်ရှန့်၏အကျင့်သည် ငယ်စဉ်ကတည်းက အမြဲအေးစက်စွာနေတက်ပြီး အထီးကျန်ဆန်ကာ စိတ်ပိုင်းဆိုင်ရာတုံ့ပြန်ရန် အလွန်နှေးကွေးသည်။ လောဖေးသည် ချင်ရှန့် အခွင့်ကောင်း ယူခံရမည်ကို အမြဲစိုးရိမ်သော်လည်း အမှန်တွင် ချင်ရှန့်သည် ထက်မြက်လွန်းသောကြောင့် မည်သူမဆို သူ့ကိုအနိုင်ကျင့်ရန် ခက်ခဲလှသည်။ ထို့အပြင် လောဖေးသည် ချင်ရှန့်အပေါ်အလွန် အမင်းကာကွယ်ပေးတက်သည်။
ထို့ကြောင့် လောဖေးသည် ချင်ရှန့်၏ အိမ်ထောင်ရေးမှာ အခွင့် ကောင်းယူခံရသည်ဟု ခံစားမိသဖြင့်ပြီး ချင်ရှန့်၏အိမ်ထောင် ရေးကို အတော်လေးဝေဖန်ခဲ့သူဖြစ်သည်။ ချင်ရှန့်သည် လူမှု ရေးကိစ္စများကို ကိုင်တွယ်ဖြေရှင်းရာတွင်တော်သောကြောင့် တောင်းပန်ရန်ခဲယဉ်းလှသော်လည်း ၎င်းတို့၏နောက်ဆုံးအကြိမ်က အတန်းဖော်ဟောင်းများပြန်လည်ဆုံစည်းပွဲတွင် မည်သည့်စကားမှမပြောဘဲ ခေါင်းငုံ့ကာ ကျီဖေး၏အမှားအတွက်တောင်းပန်ခဲ့သည်။ ထိုအရာကိုမြင်သူတိုင်းသည် တကယ်အဆင်မပြေလှချေ။
ထိုအချိန်တွင် ချင်ရှန့်နှင့် ယုကျစ်တို့ ရုတ်တရက် လမ်းခွဲလိုက်ပြီးနော် ကျင်းယွဲ့ထံ ကြိုးစားရန်အခွင့်အရေးရှိလာမည်ဟု လူတိုင်းထင်ကြသည်။
ချင်ရှန့်နှင့်ရင်းနှီးဖို့ ကျင်းယွဲ့၏ချဉ်းကပ်ပုံကို သူတို့သိပ်သဘောမကျချေ။ ထိုသည်မှာ မိမိသူငယ်ချင်း၏ရည်းစားကို ခိုးသည့်ပုံပေါက်သော်လည်း ကျင်းယွဲ့အပေါ် ချင်ရှန့်၏ခံစားချက်များကို သူတို့မသိသောကြောင့် ၀င်စွက်ဖက်မည်မဟုတ်ချေ။ ထိုစဉ် ကျီဖေးရုတ်တရက်ပေါ်လာမည်ဟု ၎င်းတို့ မမျှော် လင့်ထားချေ။
အဆုံးတွင် ကျင်းယွဲ့သည် သူ့ကိုယ်ပိုင်လုပ်ရပ်များ၏အကျိုး ဆက်များကို ခံစားနေရသည်။
ဒါ တကယ့် မယုံနိုင်စရာပဲ။
ဒါပေမယ့် ယခုထိ သူတို့ ကျီဖေးအားလက်မခံနိုင်ကြသေးပေ။
ချင်ရှန့်သည် အကျင့်စာရိတ္တကောင်းမွန်ပြီး သန်မာသောစွမ်းရည်ရှိသူဖြစ်ကာ အထူးကောင်းမွန်သလို ပြီးပြည့်စုံသည့်လူ ဖြစ်သည်။ ထိုသို့သော အတန်းဖော်တစ်ဦးရှိခြင်းကြောင့် ၎င်းတို့သည် ဘယ်သောအခါမှ မနာလိုမဖြစ်သည့်အပြင် ထိုသို့ အတန်းဖော်ဟောင်းရှိသည့်အတွက် ဂုဏ်တောင်ယူမိသည်။
ထို့အပြင် သူတို့မိသားစု၀င်များလည်း ချင်ရှန့်ကို သွေးသားရင်းချာအလားဆက်ဆံလုနီးပါးပင်။
ပုဂ္ဂိုလ်ရေးအရရော လုပ်ငန်းကိစ္စတွေမှာပါ သူတို့အားလုံး ချင်ရှန့်ကိုသဘောကျကြသည်။
ချင်ရှန့် ယုကျစ်နှင့် အတူရှိတုန်းက အရာအားလုံး ပြီးပြည့်စုံနေသည်ဟု သူတို့ ခံစားရသည်။
ထိုသည်မှာ လှပသည့် အရာနှစ်ခုတစ်ထပ်တည်းကျနေသလိုပင်။ သူတို့ထိုအတွဲကို အလွန်သဘောတူကြသည်။
သို့သော် ကျီဖေးသည် ချင်ရှန့်၏ပြီးပြည့်စုံမှုကို ပျက်စီးသူဖြစ် သည်။ ကျီဖေးကို သူတို့ ဘယ်လိုသဘောကျနိုင်မှာလဲ?
ထို့ကြောင့် လောဖေးသည် ကျီဖေးအားဖိတ်ခေါ်လိုက်ကြောင်း သိချိန် လူတိုင်းစိတ်ရှုပ်ထွေးသွားသည်။
ကျီဖေးသည် အမျိုးမျိုးသောရှိုးများတွင် ပါဝင်ခြင်းကြောင့် သူမ၏နာမည်ကျော်ကြားမှု တိုးတက်လာသော်လည်း ယခုတိုင် ၎င်းတို့အားလုံးသည် အတုအယောင်ဟုသာယုံကြည်နေကြဆဲဖြစ်သည်။
သူတို့ ချင်ရှန့်ကိုမတွေ့ရသည်မှာ တစ်နှစ်ခွဲနီးပါးရှိပြီဖြစ်သလို ကိုယ့်ကိစ္စနှင့်သာကိုယ် အလုပ်များနေသောကြောင့် ကျီဖေး၏ အပြောင်းအလဲမှုကြီးကို သူတို့တကယ်မသိချေ။
လော့ဖေးသည် သူ့သူငယ်ချင်းများ ညည်းညူမှုများကိုနား ထောင်ရင်း ကောင်မလေးဖြစ်သူအတွက် လက်ဖက်ရည်ပူပူတစ်ခွက်ကို ဦးစွာလောင်းထည့်ပေးပြီး "ငါ သူ့ကို ဖိတ်လိုက်ရတာ အကြောင်းပြချက်နှစ်ခုရှိတယ်"
အားလုံးသည် စပ်စုချင်စိတ်ကြောင့် တိတ်ဆိတ်သွားသည်။
"ပထမတစ်ချက်က သူ တကယ်ပြောင်းလဲသွားပြီ၊ အခုသူ့ကိုကြည့်ရတာ... ချင်ရှန့်ရဲ့မိဘတွေပြောပြနေတဲ့ ကျီဖေးနဲ့တူတယ်"
ချင်ရှန့်၏မိဘများသည် ကျီဖေးမှာ မည်သို့သောသူဖြစ် ကြောင်းပြောပြတက်သည်ကို လူအများစုမသိကြပဲ လောဖေးနှင့် ကျင်းရန်သာသိသည်။
ကျင်းရန် မျက်ခုံးပင့်လိုက်ပြီး "အသက်ဝင်တယ် ချစ်စရာ ကောင်းတယ်၊ စနောက်တက်ပြီး နေမင်းကြီးလိုတောက်ပနေတဲ့ ကျီဖေး ?"
"ဘာ ? အဲ့လို ဘီလူးမကြီးကလား ?" လောကျောက်၏ အမူအ ရာသည် သူ အတော်လေးရွံရှာနေကြောင်းပြသနေသည်။
ချီလီသည် ကောင်မလေးတစ်ယောက်ကို ဖက်ထားလျက် သူ့ရင်ဘတ်မှာ နှိမ့်ချီမြှင့်ချီဖြစ်လျက် "တကယ်ကြီး ? သူက တကယ် အဲ့လိုပုံစံဟုတ်လို့လား ? ငါနဲ့ရန်ဖြစ်ပြီး စားပွဲခုံကြီးကိုတောင်လှန်ပစ်လိုက်တဲ့သူလေ၊ ချင်ရှန့်ရဲ့မိဘတွေကပန်းရောင် မျက်မှန်ကြီးနဲ့ သူ့ကို ကြည့်နေလို့များလား"
လောဖေးသည် ပခုံးတွန့်လိုက်ပြီး "ဘာပဲဖြစ်ဖြစ် အခုလက်ရှိ ကျီဖေးကတော်တော်စိတ်ဝင်စားဖို့ကောင်းတယ်၊ တခြားသူတွေကိုတော့ ငါ မသိပေမဲ့ သူနဲ့ ချင်ကျောက်က စွင်းမန်ကိစ္စကို ကူညီပေးခဲ့ကြတာ"
"ချင်ကျောက် လုပ်ခဲ့တာပဲဖြစ်မှာပါ..." ယွီယွဲ့ တွေးတောလိုက်သည်။
"ဘယ်လိုမှမဖြစ်နိုင်ဘူး၊ သူ့ညီက ကျီဖေးကို လုံး၀သဘောမကျတာ"
ပိုင်ရှောင်းရှီသည် ယွီယွဲ့ကို မှီလျက် သူ့ကောင်မလေးဘက်မှ အခိုင်အမာရပ်တည်လိုက်သည်။
စမ်ထင်သည် တစ်ခုခုပြောချင်သော်လည်း နှုတ်ဆိတ်နေသည်မှာအကောင်းဆုံးဟုသာထင်ခဲ့သည်။
သို့သော် ရွှမ်ရီသည် အပြစ်ရှိသလိုခံစားရသဖြင့် "ဖြစ်နိုင်တာ နောက်ဆုံးအကြိမ်တုန်းက သူ ငါ့ကို တကယ်စိတ်ဆိုးသွားလို့ဖြစ်နိုင်တယ်"
လူတိုင်းသည် စကားပြောရန် ချီတုံချတုံဖြစ်နေသည်။
လောဖေး ဆက်ပြောသည်။
"ဒုတိယအကြောင်းရင်းကတော့ ချင်ရှန့် ကျီဖေးကိုအတော်လေး ဂရုစိုက်နေလို့ ငါ အရမ်းသိချင်နေတာ"
ထိုစကားကိုကြားသောအခါ ချီလီ၏ရည်းစားနှင့် လောင်ဖေး ၏ကောင်မလေးမှလွဲ၍ အကုန်မှင်သက်ကုန်ကြသည်။ ၎င်းတို့အားလုံးသည် တုန်လှုပ်ခြောက်ခြားတွေးနေကြသည်: မင်း ဘာပြောလိုက်တာ ?
ချင်ရှန့် ယုကျစ်နှင့် အတူရှိတုန်းကတောင် ထိုသို့အထင်ခံရလျှင်အံ့သြစရာမဟုတ်ချေ။
သို့သော် ချင်ရှန့် သူမကို ဂရုစိုက်သည်ဟု ဘယ်သူမှမပြောဖူးချေ။
၎င်းတို့သည် အလိုက်ဖက်ဆုံးအတွဲဖြစ်သော်လည်း အချစ်တက်ဆုံးစုံတွဲတော့မဟုတ်ပေ။
ဒါဆို... ဂရုစိုက်တာက... အဲ့တာ ချင်ရှန့်တောင် ဟုတ်ရဲ့လား?
"ငါသိပြိ ချင်ရှန့်ရဲ့ အကြီးမားဆုံးအားနည်းချက်က တာ၀န်ယူတက်တာပဲလေ၊ ကျီဖေးက သူ့မိန်းမ မို့လို့ ဂရုစိုက်တာနဲ့တူတယ်" လောကျောက် သူ့ ဘာသာဖြေသိမ့်လိုက်သည်။
ဤရှင်းပြချက်သည် အဓိပ္ပာယ်ရှိလှသည်ဟုထင်သဖြင့် လူတိုင်းသက်ပြင်းချနိုင်တော့သည်။
သို့သော် လောဖေး ခေါင်းခါပြပြီး အခြေအနေကိုအသေးစိတ်ပြောပြသည်။
ထိုစဥ်က ချင်ရှန့်သည် သူ့ကို စွင်းမန်ကိစ္စအား ကိုင်တွယ်ရန် ရုတ်တရက်တောင်းဆိုလာသည်။
လောဖေးသည် ချင်ရှန့်နှင့် စွင်းမန်တို့ ပတ်သက်မှု ရှိ၊ မရှိ သံသ ယဖြစ်နေမိသည်။
ထိုအခါက ချင်ရှန့် လောဖေးကိုပြန်ပြောလိုက်သည်။
"သူက ငါ့မိန်းမရဲ့စတူဒီယိုထဲက အလားအလာရှိတဲ့အနုပညာရှင်ပဲ"
အမှန်တွင် လောဖေးသည် ထိုအရာကို ကိုင်တွယ်ဖို့ တခြားလူကို စေလွှတ်လို့ရပေမဲ့ ချင်ရှန့်၏စကားများသည် သူ့ကို ထိတ် လန့်စေခဲ့သည်။ ချင်ရှန့်သည် သူ့ဇနီးအတွက် အကူအညီတောင်းရန် အမှန်တကယ်ပြောလာပြီး သူ့ညီကိုပင် သူမနှင့်အတူနေခိုင်းခဲ့သည်။ လောဖေးသည် ၎င်းနှင့် နှစ်ဝက်လောက်ဝေးကွာနေချိန်မှာ ကမ္ဘာကြီးအလွန်ပြောင်းလဲသွားသလို ခံစားမိသည်။
အဆုံးတွင် ရဲတပ်ဖွဲ့ကို ဖုန်းဆက်ရုံနှင့် ထိုကိစ္စမျိုးတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ပေသည်။
လှည့်ကွက်များစွာပါဝင်သည့် ဆက်ဆံရေးတစ်ခုဖြစ်သည်။
သူ ရောက်လာသောအခါ ချင်ကျောက်တောင် အံ့အားသင့်သွားပြီး သူ့အစ်ကိုကြီး အခုလိုတောင်းဆိုဖို့ မမျှော်လင့်ထားချေ။
ချင်ရှန့်၏လုပ်ရပ်များသည် သူ့ဇနီးအတွက် တစ်စုံတစ်ရာ အမှားအယွင်းမရှိစေချင်သလို ဇနီးဖြစ်သူကို အလွန်အရေးစိုက်ကြောင်းပြသခဲ့သည်။
ထို့ကြောင့် ဤအချက်နှစ်ချက်ကို ပေါင်းစပ်လိုက်ခြင်းဖြင့် လောဖေးသည် ၎င်းတို့နှစ်ဦးကြားရှိ လက်ရှိအခြေအနေသည် မည်သို့ရှိမည်ကို အမှန်ပင် မြင်ချင်လှသည်။
သူသည် ချင်ရှန့်ကို ညီအစ်ကိုတစ်ယောက်အနေနှင့် တကယ်ပဲ သဘောထားသည်။ သူ့ညီအစ်ကိုကသာ တကယ်ဂရုစိုက်တာတောင်ဆို သူ့ကိုယ်ပိုင်ခံစားချက်များကို လျစ်လျူရှုပြီး ခယ်မဖြစ်သူကို ကောင်းစွာဆက်ဆံပေမည်။
ချင်ရှန့်ကိုယ်တိုင်က တန်ဖိုးထားသဖြင့် သူလည်း ချင်ရှန့်မျက် နှာကို ဖြတ်ရိုက်သလိုမျိုး ကျီဖေးကို မရိုမသေမပြုလုပ်ချင်ပေ။
လောဖေး၏စကားကိုနားထောင်ပြီးနောက်...
ချင်ရှန့်ကို နှစ်အတော်ကြာသိကျွမ်းခဲ့သည့် သူများအတွက်တော့ လက်မခံချင်စရာဟုခံစားရသော်လည်း အမှန်တကယ်ဆန်းကြယ်သည်ဟုထင်မိသည်။
ထိုကြောက်စရာကောင်းသော တိတ်ဆိတ်မှုကြားတွင် ရွှမ်ရီသည် ရုတ်တရက် "အာ!"
လောကျောက် မျက်မှောင်ကြုတ်ကာ "ဘာဖြစ်လို့လဲ?"
ရွှမ်ရီသည် လောကျောက်ကို စူးစူးဝါးဝါး စိုက်ကြည့်ကာ
"ငါ မက်ဆေ့ချ်တစ်ခုရလို့... ယုကျစ် ပြန်ရောက်နေပြီတဲ့၊ သူ အတန်းပြန်ဆုံပွဲအကြောင်းကြားလို့ ဘယ်မှာလဲလို့ မေးနေတယ်၊ သူ ငါတို့ဆီ လာချင်တယ်တဲ့..."
လူတိုင်း၏ မျက်နှာများပြောင်းလဲသွားသည်။
လောဖေးသည် ကျီဖေးပြောင်းလဲသွားပြီဟုပြောခဲ့သည်။
သို့သော် နောက်ဆုံးအကြိမ်တုန်းက ယုကျစ်၏နာမည်ကိုကြားတာနဲ့ ကျီဖေးစိတ်လွတ်သွားခဲ့သည်။ သူတို့ မျက်နှာချင်းဆိုင်သာတွေ့ခဲ့ရင် ဆံပင်တွေတောင် ဆောင့်ဆွဲကြမလား ?
ထိုမြင်ကွင်းကို သူတို့ မမြင်ချင်ပေ။
လောကျောက်သည် "သူ လာပါစေ၊ အတန်းဖော်တွေလာဖို့အတွက် အတန်းတွေ့ဆုံပွဲကိုလုပ်တာပဲလေ"
ချီလီ မျက်ခုံးပင့်လိုက်ပြီး "ငါတို့ တမင်သက်သက် ပြဿနာရှာတာမဟုတ်ဘူး၊ ဒီအတိုင်း... ချင်ရှန့်ရဲ့ နှလုံးသားထဲမှာ ဘာရှိလဲဆိုတာမြင်ချင်ရုံပဲ"
လူတိုင်းလည်း ထိုဒရာမာကို ကြည့်ချင်စိတ်များထိန်းမရတော့ချေ။
လောဖေး ပါးစပ်တွန့်လိမ်သွားသည်။ သူကသာ အရင်ဖိတ်တဲ့သူမို့လို့တစ်ခုခုသာဖြစ်ပါက ကျီဖေး သူ့ကိုအပြစ်တင်လိမ့် မည်။
သူ ကြားခံလေးမဖြစ်ချင်လို့ ထိုအကြောင်းကို ချင်ရှန်းထံချက် ချင်းသတင်းပို့ရန်ပြင်ဆင်လိုက်သည်။ လာသည်ဖြစ်စေ မလာသည်ဖြစ်စေ ၎င်းတို့အပေါ်သာမူတည်သည်။
တခြားသူများသည် သူ့အား တားချင်ကြသည်။
သူတို့ ဒရာမာကိုအပျော်သဘောနဲ့ ကြည့်ချင်သေးတယ်လေ။
ထိုအချိန်တွင် ဒရာမာကိုကြည့်ရန် စိတ်အားထက်သန်နေသေ ကျီဖေးသည် စိတ်လှုပ်ရှားစွာ အမြန်လာနေပြီဖြစ်သည်။ ချင်ရှန့်ပင် သူ့နောက်တွင်ပြတ်ကျန်ခဲ့သည်ကိုမြင်သဖြင်ြ သူ နောက်ပြန်လှည့်ကာ "မြန်မြန်လုပ်၊ ကျွန်မတို့ နောက်ကျနေပြီ"
ချင်ရှန့်သည် မျက်မှောင်ကြုတ်ပြီး တွေးလိုက်မိသည်မှာ : ဘယ်သူနဲ့သွားလို့ ဘယ်လိုနောက်ကျနေတာလဲ ?