← Chapters

အခန်း (၂၄၀)

Vol. 24 Ch. 240

အခန်း (၂၄၀)

Vol. 24 Ch. 240

"လာ အတူသောက်ရအောင်" ကျင်းရန် ပွင့်လင်းစွာပြောလိုရ်သည်။

အခြားသူများလည်း လောဖေး စိတ်ပေါ့သွားစေရန် ကူညီပေးလိုကြသည်။

"ငါ အဆင်ပြေပါတယ်၊ အခုအချိန်မှာ ငါ့ မားကို ကူညီပေးဖို့ လိုသေးတယ်" လောဖေး ပြောလိုက်သည်။ သူကြုံတွေ့ခဲ့ရသည့် အရာများသည် သူ့အတွက် ရိုက်ချက်ပြင်းခဲ့သော်လည်း သူ့လိုလူကြမ်းတစ်ယောက်အတွက်တော့ ကိုင်တွယ်နိုင်သည်။

သူ ချင်ရှန့်နှင့် ကျီဖေးတို့ကို အထူးကျေးဇူးတင်လိုက်သည်။

၎င်းတို့ကြောင့်သာမဟုတ်ပါက သူ့ဘဝ ဘာဖြစ်သွားမလဲဆိုတာ ဘယ်သူသိမှာလဲ?

"အဲဒါ ရှင့်ကြောင့်ပဲ..."

ရုတ်တရက် ဝူရှင်းချင်၏အသံသည် နောက်ကနေထွက်လာသည်။ ချင်မိသားစုသည် ချင်ရှန့်နှင့် ကျီဖေးတို့ကိုခေါ်၍ အိမ်ပြန်မည်ဟု ရည်ရွယ်ထားသောကြောင့် ဝူရှင်းချင်ကိုဘည်းခေါ်ဆောင်လာခဲ့သည်။

ဝူရှင်းချင်ကိုသိသည့် လူကြီးများသည် သူမကိုတစ်ယောက် တည်း မပြန်စေလိုသောကြောင့် အိမ်ကို လိုက်ပို့ပေးချင်နေကြသည်။

ဝူရှင်းချင် စိတ်အခြေအနေ မကောင်းသေးသော်လည်းလောဖေး၏ စကားကိုကြားပြီးနောက် ဖြစ်ခဲ့သည်များကို တွေးရင်း ချင်ရှန့်နှင့် ကျီဖေးကို ကျေးဇူးတင်စွာ ဦးညွှတ်လိုက်သည်။

သူမ ခေါင်းကိုမော့လိုက်သောအခါ သူမ၏မျက်လုံးများ သည် လောဖေး၏ မျက်လုံးများနှင့်ဆုံသွားသည်။

နှစ်ယောက်သား မျက်လုံးချင်းဆုံပြီး ခပ်မြန်မြန်အကြည့်လွှဲလိုက်က့သည်။

နှစ်ယောက်စလုံးသည် ကိုယ့်ကိုယ်ကို အပြစ်ရှိသလိုခံစားရကြသော်လည်း နစ်ဖက်သူကို အပြစ်မတင်ချင်သောကြောင့် အကြည့်ချင်းစုံဖို့ခက်နေသည်။ ၎င်းတို့၏ခံစားချက်များသည် ရှုပ်ထွေးနေပြီး စုံတွဲတစ်တွဲဆီမှ တူညီစွာအလိမ်ခံလိုက်ရသဖြင့် တစ်ယောက်ကိုတစ်ယောက် ထပ်မတွေ့ချင်ကြတော့ပေ။

သို့သော် တခြားသူများဟ အမြင်တွင်တော့ ၎င်းတို့နှစ်ယောက် မျက်နှာချင်းဆိုင် မတ်တပ်ရပ်နေသည်ကို မြင်လိုက်ရချိန်တွင် ၎င်းတို့သည် မကြာသေးမီက အလိမ်ခံလိုက်ရသောသူများဖြစ်သဖြင့် ၎င်းတို့စိတ်ထဲတွင် ထူးထူးခြားခြား ချိတ်ဆက်မိသွားသလို ခံစားလိုက်ရသည်။ ၎င်းတို့နှစ်ယောက်သည် အလွန်လိုက်ဖက်လောက်သည်။ ဤသို့ အခြေအနေမျိုးသာမဟုတ်ပါက ၎င်းတို့ အောင်သွယ်ပေးရန်ပင် ကြိုးစားကြပေမည်။

ဤအတွေးသည် ခဏတာဖြတ်ပြေးသွားသည်။ ဆွဲဆောင်မှုရှိသော အမျိုးသားနှင့် လှပသော အမျိုးသမီးတစ်ယောက်သည် အတူယှဉ်တွဲရပ်နေကာ ပြီးပြည့်စုံသောအရပ် ကွာခြားမှုနှင့် လိုက်ဖက်လှသော ကိုယ်ဟန်များကြောင့် လူတိုင်းအားမတွေးသင့်သည်များကိုတွေးမိနိုင်သည်။

သို့သော် ၎င်းတို့သေချာစွာပြန်တွေးလျှင် သူတို့နှစ်ယောက်သည် မတော်တဆသာမရှိပါက ဘယ်တော့မှ ဖြစ်နိုင်မည်မဟုတ်ကြောင်း သူတို့ သိလိုက်ကြသည်။

စကားအနည်းငယ်ပြောပြီးနောက် ဝူရှင်းချင်နှင့်အတူ ထွက်ခွာသွားခဲ့သည်။

ကားထဲတွင် ဝူရှင်းချင်လည်းရှိနေသောကြောင့် မကြာသေးခင်က ရွံစရာကိစ္စများကို ပြောရန် မသင့်တော်သဖြင့် ဝူရှင်းချင်၏ ဘ၀အကြောင်းကိုသာ ခရီးလှည့်လိုက်သည်။

သူမ မားမားသည် ထောင်ကျနေပြီး သူမ ပါးပါးသည်တော့ နိုင်ငံခြားမှာ စီးပွားရေးလုပ်နေပြီး ဝူရှင်းချင်သည် ဝူမိသားစုနေအိမ်နှင့် အဖိုးအဖွားများနေအိမ်တို့တွင် နေထိုင်တက်သည်။

သတင်းများ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။ ဝူရှင်းချင်သည် သူမ၏ အတွေးများကို စုစည်းပြီး အိမ်သို့ တစ်ယောက်တည်း တိတ်တဆိတ် ပြန်သွားချင်သော်လည်း ဖုန်းခေါ်ဆိုမှု အများအပြားကို လက်ခံရရှိပြီးနောက် သူမ၏ မိသားစုသည် စိတ်ပူနေသည်ဟုဆိုကာ အဖိုးအဖွားတို့ အိမ်ကိုသာ ပို့ပေးခဲ့သည်။

ကံကောင်းထောက်မစွာ လောမိသားစုဒရာမာနှင့် နှိုင်းယှဉ်ပါကသတင်းပျံ့နှံ့လာချိန်တွင် သူမအကြောင်းပါခဲသည်။ အဓိက အားဖြင့် လောဖေး၊ ထန်ယွဲ့နှင့် ဖန်ရှစ်တို့ကြားရှိ ထူးထူးဆန်းဆန်း အချစ်အကြောင်းအပြင် ပါးပါးလောနှင့် မားမားလောတို့ကြားရှိ ကွာရှင်းပြတ်စဲခြင်းတိုက်ပွဲတို့အပေါ် အဓိကအာရုံစိုက်ခံခဲ့ရသည်။

ကျီဖေး၏ "အထက်တန်းလွှာရဲ့ဒရမ်မာဘုရင်မ" ဟူသော ဂုဏ်သတင်းသည် အနုပညာလောကတွင် ခေတ်စားလာကာ လူအများစုသည် သူမကို အနုပညာလောကရော၊ အထက်တန်းလွှာလောကကိုပါရှင်းလင်းပေးသည့် တရားသူကြီးဟူသော memesသည် ပရိသတ်အသိုင်းအဝိုင်းများကြားတွင် ပျံ့နှံ့သွားခဲ့သည်။

အချို့သည် သူတို့မိသားစုအခြေအနေများကို စာရင်းပြုစုလာကာ ၎င်းတို့တွင် ဒရာမာများရှိမရှိ စစ်ဆေးခိုင်းလာကာ၊ ရှိုးများကိုလည်း စုံစမ်းစစ်ဆေးရန်တောင်းဆိုလာကြသည်။

ကျီဖေးသည် အထက်တန်းလွှာများနှင့် ဆက်နွှယ်လာခဲ့သည်ဟု ဆိုနိုင်သည်။

ယင်းကြောင့် ဖေးကျဲသည် ကျီဖေးမှယ လူသိရှင်ကြား ပုံရိပ်အသစ်တစ်ခုကို ဖန်တီးဖို့ ကြိုးစားနေသည်ဟုထင်ကာ ဘာတွေဖြစ်နေတာလဲဟု ဖုန်းခေါ်ပြီးမေးလာခဲ့သည်။

ကျီဖေးသည် အပြစ်ကင်းစင်စွာ ပြောစရာစကားပျောက်ဆုံးနေခဲ့သည်။

ကိစ္စများအားလုံး ပြီးသည့်နေ့တွင် လောမိသားစုဒရာမာသည် ရေပန်းစားနေခဲ့ပြီး ဗီဒီယိုအတိုများကြောင့် hot searchပေါ်ကိုသာ ရောက်လာခဲ့သည်။ အမှန်တွင် ထိုသို့သော အတင်းအဖျင်းသည် ဇာတ်လမ်းတွဲထက် ပိုထင်ရှားပြီး အင်တာနက်သုံးစွဲသူ များကို သဘောကျစေသည်။

သို့သော် သုံးရက်မြောက်သောနေ့တွင် မားမားလောမိသားစု၏ အထူးအဆင့်အတန်းနှင့် လောဖေးသည်လည်း အခြေအနေကို တင်းတင်းကြပ်ကြပ်ထိန်းချုပ်ထားသောကြောင့် အွန်လိုင်းပေါ်ရှိ ဆွေးနွေးမှုအားလုံး ပျက်သွားခဲ့သည်။

စတုတ္ထနေ့တွင် ပါးပါးလောနှင့် မားမားလောသည် အောင်မြင်စွာကွာရှင်းပြတ်စဲခဲ့ပြီး ပါးပါးလောသည် ရွေးချယ်မှုအမှားများကြောင့် ငွေကြေးအရှုပ်အထွေးများ ဖြစ်လာတော့သည်။

လောမိသားစုသည် ပါးပါးလောမှာ အခြေအနေကို ကောင်းမွန်စွာမကိုင်တွယ်နိုင်သည့်အတွက် ဒေါသထွက်ကာကြီးမားသော ဆုံးရှုံးမှုများဖြစ်စေခဲ့သဖြင့် သူ့ကိုကူညီရန်ငြင်းဆန်ခဲ့ပြီး ဒေါသကြောင့် ဆေးရုံတင်လိုက်ရသည်။

["မားမားလောက တကယ်ကြောက်စရာပဲ၊ သူမက မယားငယ်မနိုင်ငံရပ်ခြားမှာ ပိုင်ဆိုင်တဲ့ အရာတွေအားလုံးကိုပျက်စီး အောင်လုပ်ပြီး ပါးပါးလောနဲ့ထန်ယွဲ့ကို အကူအညီတောင်ဖို့ နိုင်ငံကိုပြန်လာအောင်လုပ်ခဲ့တာပဲ]

ချင်မိသားစုသည် ဧည့်ခန်းထဲတွင် ထိုင်နေဟန်ဆောင်ကာ ကျီဖေး၏အတွေးများကို နားထောင်ရင်း အတင်းအဖျင်းများကို တွက်ချက်လိုက်သည်။

အရမ်းတော်တယ်၊ လျင်မြန်ပြီးတော့ ပြတ်သားတယ်!

[ထန်ယွဲ့က ဆေးရုံတက်နေတဲ့ အဖေကိုရော ဖန်ရှစ်ကိုရော ဂရုမစိုက်ဘဲ ဟိုတယ်မှာ နေ့တိုင်းဝုန်းဒိုင်းကြဲနေတော့တာပဲ]

ခိုးနားထောင်သူ တစ်စုမှာ အော်ရယ်မတက်ပင်။

["ဖန်ရှစ်က စိတ်ဓာတ်ကျပြီး ရက်နည်းနည်းလောက် ဝမ်းနည်း ပက်လက်ဖြစ်ပြီး ကိုယ်ဝန်ကြောင့် ဆေးရုံတင်ခဲ့ရတယ်၊ သူမကထန်ယွဲ့ကို မဆက်သွယ်ဘဲ လောဖေးနဲ့ အတူနေတဲ့တိုက် ခန်းကို ပြန်လာတော့ လောဖေးက တိုက်ခန်းကိုရောင်းပြီး သူမရဲ့နေထိုင်သူအချက်အလက်ကို ဖျက်လိုက်လို့ ပစ္စည်းတွေအားလုံးကိုလည်းလုံခြုံရေးရုံးခန်းကသိမ်းသွားပြီ၊ ဖန်ရှစ်က ဆေးရုံမှာ အော်ငိုနေတော့တာ]

ချင်မိသားစု - သူမက ဘယ်လိုတောင် စိတ်ပျော့ရတာလဲ ? ပြီးတော့ အဲဒီကိုပြန်သွားဖို့ဆိုတာ ဘယ်လောက်တောင်အရှက်မရှိဖို့လိုလိုက်မလဲ?

["ဖန်ရှစ်က လောဖေး အလုပ်ခွင်ကိုသွားတော့ သူ ထွက်သွားတယ်ဆိုတာသိလိုက်ရတော့ အိမ်တော်ဆီသွားကြည့်တဲ့အချိန် ဘယ်သူမှ မရှိတဲ့အိမ်ကြီးဖြစ်နေတယ်]

ချင်မိသားစု - လောဖေးနဲ့ သူ့မားက ဖန်ရှစ်ရဲ့စိတ်ကိုသိတဲ့ပုံပဲ၊ သူ့ကို မတိုက်နိုင်ရင် အနည်းဆုံးတော့ ရှောင်သင့်တယ်ဆိုတဲ့သဘောပေါ့။

[ပြီးတော့ သူမက အပြင်ဘက်မှာ ထန်ယွဲ့ရဲ့ အမေနဲ့မထင်မှတ်တွေ့ခဲ့လို့ သူ့သားအတွက် အမွေဆက်ခံနိုင်မဲ့အခွင့်အရေးရအောင်ကြိုးစားတော့တာပဲ]

ချင်မိသားစု -... ငှက်မွှေးတွေကတော့ ဘယ်လိုပဲဖြစ်ဖြစ် စုမိနေတာပဲ၊ ထန်ယွီရဲ့ အရေးပါဆုံးအမျိုးသမီးနှစ်ယောက်မှာ တူညီတဲ့ အကြံအစည်ရှိနေတာပဲ

[ဖန်ရှစ်က သူမကိုတွေ့လိုက်တဲ့အခါ ထန်ယွဲ့ကိုရှာချင်နေတာ... ဟင့်အင်း... သူမက ရွေးစရာနှစ်ခုလုံးကိုရဖို့ ကြိုးစားနေတုန်းပဲ။]

ချင်မိသားစု၏ အမူအရာများအေးခဲသွားသည်။

["ဒါဆို ထန်ယွဲ့ရဲ့အမေက ဖန်ရှစ်ကို သူမ သားနဲ့မထိုက်တန်ဘူးလို့ပြောတယ်၊ ပြီးတော့ သူက သူ့သားရဲ့ကလေးကိုဗန်းပြပြီး တွယ်ကပ်နေတဲ့ အရှက်မရှိတဲ့မိန်းမဆိုပြီး ရန်ဖြစ်ကြရော၊ သူမကြောင့်မဟုတ်ရင် သူ့သားက အခုလိုမျိုးဖြစ်မှာမဟုတ်ဘူး၊ အခုလိုအခြေအနေရောက်မှာ မဟုတ်ဘူးဆိုပြီး ရန်ဖြစ်ကြတာ..ဘာ?! ကလေးပျက်ကျသွားပြီ!]

ချင်မိသားစု တုန်လှုပ်သွားသည်။ ၎င်းတို့ မြင်ကွင်းများကို စိတ်ကူးယဉ်ခဲ့ကြသော်လည်း ဖန်ရှစ်သည် သူမသား၏ က‌လေးကိုလွယ်ထားရပြီး တနည်းအားဖြင့် သူမ မြေးများကို မွေးပေးမည့်သူဖြစ်သည်။

သို့သော် အခြားရှုထောင့်မှကြည့်လျှင် ထိုကဲ့သို့သောမိဘမှာ မွေးဖွားလာပါက ထိုကလေးအတွက် အကြီးကျယ်ဆုံးသောကံဆိုးမှုတစ်ခုဖြစ်ပြီး ၎င်းတို့တွင် မည်သူတစ်ဦးတစ်ယောက်မျှ တာ၀န်ယူကြမှာမဟုတ်သဖြင့် မမွေးဖွားလာခြင်းကပင် ထိုကလေးအတွက် ကောင်းကင်ဘုံ၏မျက်နှာသာပေးခြင်းဖြစ် သည်။

နောက်တစ်နေ့တွင် ချင်မိသားစုသည် ကျီဖေးထံမှနောက်ဆက် တွဲ သတင်းကိုကြားလိုက်ရသည်။

["ထန်ယွဲ့က ပြန်ကုသလို့ပြီးသွားလို့ ပြန်ပေါ်လာပြီ၊ သူက ကလေးဆုံးရှုံးရလို့ ဝမ်းနည်းနေတဲ့ ဖန်ရှစ်ကို လုံးဝလျစ်လျူရှုပြီး သူ့ကိုတန်ဖိုးမရှိတော့ဘူးလို့ပြောပြီး သူ့ကို ထပ်မနှောင့် ယှက်ဖို့ သတိပေးလိုက်တယ်၊ ဖန်ရှစ် နောက်ဆုံးတော့ အမှန်တရားကိုမြင်သွားပြီ]

ချင်မိသားစု - သူ့ရင်သွေးကိုတောင် ဂရုမစိုက်ဘူးဆိုတော့ တိရစ္ဆာန်ထက်တောင်ပိုဆိုးနေပြီ။

[ဘုရားရေး! ဖန်ရှစ်က အဆောက်အဦးပေါ်ကနေ ခုန်ချပြီး သတ်သေဖို့ ကြိုးစားနေတယ်!] ကျီဖေးရုတ်တရက် လန့်သွားသည်။

ချင်မိသားစုလည်း ထိတ်လန့်တုန်လှုပ်သွားသည်။

[ခဏလေး... သူက လောဖေးပေါ်လာဖို့လုပ်နေတာလား ? သူမက သူနာပြုတွေကို လောဖေးက သူ့ရည်းစားဟောင်းပါလို့ ပြောပြီး သူနာပြုတွေဆီမှာ လောဖေးရဲ့ ဌာနကိုဆက်သွယ်ဖို့ အချက်အလက်ကိုတမင်ချန်ထားခဲ့တာပဲ]

ချင်မိသားစုသည် ထိုအချိန်တွင် စကားမပြောနိုင်တော့ပဲ ရလဒ်ကိုသာသိလိုကြသည်။

ထိုစဉ် ကျီဖေးသည် ရယ်မောခြင်းကိုထိန်းထားရသောကြောင့် တုန်ယင်နေပြီး သူမသည် ထိုင်တောင်မထနိုင်တော့ပဲ ချင်ရှန့် ၏ပုခုံးကို မှီကာ အသက်ရှုလို့မရသည်အထိ ရယ်မောနေခဲဘသည်။

[ဆေးရုံက သတ်သေဖို့ကြိုးစားတဲ့လူတွေအတွက်ကြိုတင် ပြင်ဆင်ထားတာမို့ ခေါင်မိုးကတံခါးအားလုံးကို သော့ခတ်ထားပြီးသား၊ သူ ဘယ်လိုမှသွားလို့မရဘူး၊ ဖျော်ဖြေရေးက ပရိသတ်မပါဘဲနဲ့ ရှေ့ဆက်လို့မရဘူး၊ ပြီးတော့ သူမ မလိုအပ်ဘဲချန်ထားခဲ့တဲ့ အဆက်အသွယ်အချက်အလက်ကြောင့် သူနာပြုတွေက သူ ခေါင်မိုးဆီသွားတာသိလို့ လုံခြုံရေးလှမ်းခေါ်လိုက်ပြီ၊ သူက မသတ်သေလိုက်ရရုံတင်မကဘဲ စိတ်ပိုင်းဆိုင်ရာချို့ယွင်းနေတယ်ဆိုပြီး စိတ်ကျန်းမာရေးဆေးရုံတောင် အပို့ခံခဲ့ရသေးတယ်၊ ပြီးတော့ ဖုန်းခေါ်ပေးတဲ့သူက လောဖေး မဟုတ်ဘူး၊ ဖန်ရှစ်ရဲ့အဝေးက ဆွေမျိုးတစ်ယောက်ပဲ၊ ဟားဟားဟား ငါ ရယ်ရလို့ သေတော့မယ်!"]

ချင်မိသားစုသည် ထိုအရာများကိုနားထောင်ပြီး ချင်ရှန့်မှလွဲ၍ မည်သူမှမရယ်ပဲမနေနိုင်လိုက်ချေ။ သူတို့ ရယ်ဖို့ တစ်နေရာရာကိုပင် ရှာရတော့မည်။

နောက်တစ်ရက် ကုန်သွားသည်။

လူတိုင်းသည် ဒရာမာ ပြီးသွားပြီဟုသာထင်နေကြသည်။

ထိုစဉ် ရုတ်တရက် ကျီဖေးသည် လေးနက်သောအမူအရာဖြင့် မတ်တတ်ထရပိလိုက်သည်။

[ဘာတွေဖြစ်နေတာလဲ ? ထန်ယွဲ့က အရှုံးမပေးသေးဘဲ ဝူရှင်းချင်ကိုလိုချင်နေသေးတယ်? ဖန်ရှစ် ကလေးပျက်ကျတာကို ဂရုမစိုက်တာက သူက ချမ်းသာတဲ့မိသားစုကိုပဲ လက်ထပ်ချင်လို့ တရားမ၀င်ကလေးတွေ ဘာတွေ မလိုချင်လို့ပေါ့? ]

ချင်မိသားစုရှိ အခြေအနေ တင်းမာလာပြီး မားမားချင်က ဝူရှင်းချင်ကို သတိပေးဖို့နည်းလမ်းရှာချင်ခဲ့သည်။ သို့သော် အရမ်းနောက်ကျသွားလေပြီ။

[မကောင်းတော့ဘူး! ထန်ယွဲ့က ဝူရှင်းချင် ရဲ့ ဖုန်းမှာခြေရာခံကိရိယာတစ်ခုကို တပ်ဆင်ထားတော့ ဒီည သူမတစ်ယောက် တည်း ဘားမှာသွားသောက်မယ်ဆိုတဲ့ အခွင့်အရေးကို အရယူဖို့၊ ဆေးတောင်ခတ်လိုက်တယ်! ပြီးတော့ သူ့ကို ဟိုတယ်ခန်းဆီ ခေါ်သွားခဲ့တာပေါ့!!!"]

ထိုအချိန်တွင် ချင်မိသားစုသည် ထိတ်လန့်သွားကာ မားမားချင် ချက်ချင်းမတ်တပ်ထရပ်လိုက်သည်။

ချင်ရှန့်သည် လောဖေးကို ဆက်သွယ်ရန် ကြံစည်လိုက်သဖြင့် သူ့ဖုန်းကို ချက်ချင်းထုတ်လိုက်သည်။ ရဲတပ်ဖွဲ့ကို ကိုင်တွယ်ဖြေရှင်းခိုင်းတာအလျင်မြန်ဆုံးဖြစ်သည်။

[လောဖေးလည်း အဲဒီကို သွားတာလား???!!!]

အားလုံး ခေတ္တရပ်တန့်သွားပြီး ကျီဖေးကို အံ့သြပြီးနှင့် သံသ ယများရောယှက်စွာ တိတ်တဆိတ်ကြည့်နေကြသည်။

ဘယ်လိုဖြစ်တာလဲ ?!

All Chapters