← Chapters

အခန်း (၂၁၀)

Vol. 21 Ch. 210

အခန်း (၂၁၀)

Vol. 21 Ch. 210

ကျီဖေး၏အံ့အားသင့်နေသည့်အတွင်းစိတ်က ပြင်းထန်လွန်းသဖြင့် ချင်မိသားစုဝင်များထိတ်လန့်သွားခဲ့သည်။

လော့စုံတွဲသည် နောက်ဆုံးတွင် ချင်မိသားစု၏မကြာခဏထူးဆန်းသည့်တုံ့ပြန်မှုများနှင့်ပတ်သက်၍ထူးထူးခြားခြားတစ်ခုခုကို သတိပြုမိပြီး "တစ်ခုခုမှားနေလို့လား ?"

ချင်မိသားစုဝင်များက အတင်းအဖျင်းအကြောင်း မမေးပဲမနေနိုင်ပေ။

"မင်းရဲ့သားလော့ကျိုးနဲ့ အရမ်းရင်းနှီးပုံရတဲ့ မိန်းကလေးတစ်ယောက်ကို ငါတို့ တွေ့ဖူးတယ်။ သူက သူ့ရည်းစားလား?" မစ္စချင်က ပြုံးပြီးမေးသည်။

"သြော် ဒါက ငါတို့ရဲ့အကြီးဆုံးချွေးမရဲ့ဝမ်းကွဲပါ။ သူက ကျိုးကိုတော်တော်ကြိုက်တယ်၊ ငါတို့မိသားစုဆက်ဆံရေးခိုင်မာအောင်လုပ်နိုင်ရင် ကောင်းမယ်ထင်တယ်၊ အဲ့ဒါကြောင့်ကလေးတွေကို လွတ်လွတ်လပ်လပ် ဆက်ဆံခွင့်ပေးလိုက်တာပါ။" ဟု မစ္စလော့က ရှင်းပြသည်။

သားအကြီးဆုံးကိုတင်းကြပ်နေချိန်တွင်၊ မေးခွန်းထုတ်စရာမည်သူ့ကိုမျှ အိမ်သို့မခေါ်လာသရွေ့ သူတို့၏ဒုတိယသားကို ပိုသက်ညှာစွာဆက်ဆံကြသည်။

သို့သော် သူပြောပြီးသည်နှင့်တပြိုင်နက် ချင်မိသားစုဝင်များ ၏အမူအရာများ လုံးဝပြောင်းလဲသွားသည်ကို သူ သတိပြုမိလိုက်သည်။

မစ္စလော့သည် သူ့စိတ်ထဲမှ ရဲတင်းသည့်မှန်းဆချက်ကြောင့် နှလုံးခုန်နှုန်းမြန်လာကာ ချင်မိသားစု၏အငယ်ဆုံးသမီးချင်ရုန်အားတစ်ချက်လောက် လှည့်မကြည့်ပဲမနေနိုင်ပေ။

ချင်ရုန်၏ ထိတ်လန့်တုန်လှုပ်သည့်အမူအရာကိုမြင်တော့ သူ က "ဒါပေမယ့် ကျွန်မတို့ကျိုးက ဘာကိုမှစိတ်မဝင်စားသေးဘူး၊ စကားမစပ်၊ ရုန်အာ့မှာ ရည်းစားရှိလား?"

ဒါက ချင်မိသားစုဝင်တွေကို ပိုလို့တောင်တုန်လှုပ်သွားစေခဲ့သည်။

သူတို့က ဒီနေရာမှာ ဒရာမာကိုစောင့်ကြည့်ဖို့ရောက်နေရုံပဲလေ၊ သူတို့လမ်းကြောင်းထဲ အမှိုက်တွေပစ်ထည့်ခံရဖို့မဟုတ်ဘူး?

ဖြစ်ပျက်နေသည်ကို သူ သိလိုက်သောအခါ ချင်ရုန်၏မျက်နှာသည် အစိမ်းရောင်ပြောင်းသွားသည်။

မစ္စချင်က ခပ်မြန်မြန်ဖြင့် " ကျွန်မတို့ရဲ့ရုန်အာက ငယ်သေးတော့ နိုင်ငံခြားမှာကျောင်းတက်ဖို့ စိတ်ကူးထားတယ်‌လေ။ ဟားဟား။ ရှင့်ရဲ့ကျိုးမှာ ရည်းစားရှိနေတာ တော်တော်ကြာနေပြီလို့ကြားဖူးတယ်၊ ကျမတို့က သူလို့ထင်ခဲ့တာ။ အခုသူရောက်နေတာဆိုတော့ မင်္ဂလာခေါင်းလောင်းသံတွေ ဝေဟင်မှာရှိနေပြီလို့ထင်တယ် ဘယ်တော့လက်ထပ်မှာလဲလို့ မေးချင်နေတာ။"

မစ္စ‌လော့၏မျက်နှာသည် ရှက်ရွံ့စွာဖြင့်နီရဲလာသည်။ သူသည် ချင်မိသားစု၏အဆက်အသွယ်အား မတွန်းထုတ်ပစ်ချင်ပဲ၊ ၎င်းမှာလည်း ၎င်းတို့၏ရည်ရွယ်ချက်မဟုတ်သောကြောင့် ဧည့်သည်များစိတ်မသက်မသာမဖြစ်စေရန် အကြောင်းအရာကိုအမြန်ပြောင်းခဲ့သည်။

"အိုး၊ ရှင်အဲဒါကိုကြားဖူးလား? တကယ်တော့ ကျွန်မတို့ သိပ်မရှင်းဘူး။ ကျိုးကသူ့ကို ကျွန်မတို့နဲ့တွေ့ဖို့ အိမ်ပြန်ခေါ်လာမယ်တဲ့။ ဒါပေမဲ့ သူဒီနေ့မလာဘူး။ ကျိုးရဲ့အပြုအမူကိုကြည့်ပြီး ခန့်မှန်းရရင် သူတို့ကွဲလိမ့်မယ်။ ရှင့်ရဲ့ချင်ရှန့်လောက် မတည် ငြိမ်ဘူး။" ဟု မစ္စလော့က ပြုံးကာရှင်းပြသည်။

ထိုအချိန်တွင်ကျီဖေးသည် အချက်အလက်အားလုံးကိုသိရှိပြီး စကားမပြောဘဲပြန်ဆိုခဲ့သည်။

လူစုလူဝေးရှိလူများပိုများလာကာ ရွှမ်ရီနှင့်လော့ကျိုး၏အ တိတ်ကဆက်ဆံရေးကို သတိပြုမိလာသည်။

ထို့ကြောင့်ချီလီမှ မိန်းကလေး၏အထောက်အထားကို ထုတ် ဖော်လိုက်သောအခါ အားလုံးကအံ့အားသင့်သွားသော်လည်း ဤအရာအားလုံးတွင် ရွှမ်ရီ၏အခန်းကဏ္ဍကိုပိုသိသည့် ကျီဖေးနှင့်ချင်ရှန့်တို့ကဲ့သို့ပင် အားလုံးကအံ့သြသွားကြသည်။

[ရွှမ်ရီ... တကယ်ပဲ စိတ်ရောဂါကုဆရာဝန်နဲ့ တွေ့ဖို့လို‌နေပြီ။ သူဘာလုပ်နေလဲ? သူ့ဝမ်းကွဲကို လော့ကျိုးနဲ့ယူခိုင်းဖို့ ကြိုးစားနေတာလား? အာ၊ ငါသိပြီ- လော့ကျိုးက သူ့ဝမ်းကွဲလိုမိန်းက လေးမျိုးကို မုန်းနေတာသိလို့ပဲ။ လက်ထပ်ဖြစ်ရင်တောင် သူတို့နှစ်ယောက်က အတူပျော်ရွှင်ရမှာမဟုတ်ဘူး၊ ဒီလိုနည်းနဲ့ လော့ကျိုးရဲ့အချစ်ကို သူ့ဆီကနေ အခြားမိန်းမတွေခိုးယူသွားမှာကို စိုးရိမ်စရာမလိုပဲ သူ ဆက်ထိန်းထားနိုင်မှာ။]

ချင်ရှန့်သည် ရွှမ်ရီ၏အတွေးများကြောင့် အံ့ဩသွားသည်။ ဘယ်လိုအာဃာတမျိုးက သူ့ဝမ်းကွဲသူထိခိုက်စေအောင်လုပ်တာလဲဟုသာ သွားမေးချင်မိသည်။

"မင်းနဲ့ ရွှမ်ရီတို့နှစ်ယောက်လုံး အဆင်ပြေရဲ့လား?"

လော့ဖေးသည် ပုံမှန်မဟုတ်သည်ကိုတွေ့ရှိခဲ့သည်။

"မင်း ကောင်မလေးရော?"

"အဲ့ စကားမပြောနဲ့။ အဲ့ဒီမိန်းကလေးက ငါ့ကို တစ်ဖက်သတ်ကြိုက်နေတာ၊ ငါနဲ့ ဘာမှမဆိုင်ဘူး။ ငါ့မိသားစုကငါ့ကို အိမ် ထောင်ပြုဖို့ အတင်းအကြပ်ခိုင်းမှာမဟုတ်ဘူး။ အဲ့တော့ ငါ့ကိုအဲ့အကြောင်းမေးနေတာရပ်လိုက်တော့။"

လော့ကျိုးသည် ဧည့်သည်များအား ဧည့်ခံမှုကိုရပ်လိုက်ပြီး စားပွဲပေါ်သို့ဖုန်းကိုဆောင့်ချလိုက်ကာ ကြမ်းတမ်းသည့်အကြည့်များပေးပြီးနောက် အရက်ခွက်ကိုကိုင်ကာ ပြင်းပြင်း ထန်ထန်သောက်လိုက်သည်။

" ငါအစောကတည်းကပြောချင်နေတာ ဒီနေ့ မင်းရဲ့စိတ်အခြေ အနေက ထူးထူးခြားခြားကိုကောင်းမနေဘူး။" ဟု ကျင်းယန်က မှတ်ချက်ပေးသည်။

"မင်းကောင်မလေး ဒီနေ့ရောက်မလာတာနဲ့ ဆက်စပ်နေတာလား?" ယွီယွဲ့သည် လော့ကျိုး၏ သူ့ချစ်သူကို မိသားစုနှင့်မိတ်ဆက်ပေးမည့် အစီအစဉ်အား ကြားသိရသဖြင့် အတင်းအ ဖျင်းအတွက် အငမ်းမရမေးလိုက်သည်။

"ဟက်" လော့ကျိုး ရယ်မောလိုက်သည်။

ထိုအသံတစ်ခုတည်းကြောင့် အခြားသူများမှသူ့အားဆိုးဆိုး ရွားရွားပြစ်မှားမိကြောင်း ညွှန်ပြနေသဖြင့် ကျီဖေးမှ သူ့အား ခေါင်းကိုရိုက်ချင်လာစေသည်။

လော့ကျိုးနှင့် အကောင်းဆုံးပေါင်းသင်းပြီး အတင်းအဖျင်းများအား အသိဆုံးသူဖြစ်သည့်ချီလီသည် " အဲ့ဒီမိန်းကလေးသူက သူ့ကိုလာဝန်ခံပြီး သူ့ရဲ့အကျင့်တွေကိုသိပြီး ဟန်ဆောင်နေတာပါဆိုပြီး တောင်းပန်လာမှာကိုစောင့်နေတာ။ ဒါတွေအား လုံးဖြစ်ပြီးသွား‌တာတောင် မင်း သူ့ကိုလမ်းမခွဲရသေးဘူးလား? မင်း ပြီးသွားပြီ လော့ကျိုး။"

"ဘာလဲ?! တကယ်လား? မင်းနှစ်ယောက်စလုံး သရုပ်ဆောင်‌ နေခဲ့တာလား?" ပိုင်ရှောင်ရှီ အံ့အားသင့်စွာအော်လိုက်သည်။

စမ်ထင်သည်လော့ကျိုးအား စကားတခွန်းမှမပြောဘဲ မှတ် ချက်ပေးရန်ငြင်းဆန်ခဲ့သည်။

ကျီဖေးကို လျှို့ဝှက်စွာစိုက်ကြည့်နေသည့်ဟန်ကျီယုသည် လူတိုင်းသရုပ်ဆောင်နေသည်ဟု မထင်ပဲမနေနိုင်‌ပေ၊ သူ့ idol ၏ ဆက်ဆံရေးကသာ အမှန်တကယ်ဖြစ်သည် ။

"သူ မင်းကို ရိုးသားလာဖို့စောင့်နေတာဖြစ်နိုင်တယ်" လော့ဖေးက အကြံဉာဏ်‌မ‌ပေးပဲမနေနိုင်ပေ။

လော့ကျိုးက ရယ်လိုက်ပြီး "သူ ငါ့ကို ပိုက်ဆံတောင်းတယ်။"

စားပွဲရှိ လူတိုင်း၏အမူအရာပြောင်းသွားသည်။

"နားလည်မှုများလွဲသွားတာလား ?" ကျင်းရန်က ဒီဆက်ဆံရေးနှင့်ပတ်သက်ပြီး မှတ်ချက်မပေးချင်ပေမယ့် တစ်ခုခုတော့ လွဲချော်သွားခဲ့သည်။

"သူက ငါ့ဆီကနေ ယွမ် 500,000 ရဖို့လိမ်ခဲ့တာ။ ငါ့ရဲ့ အ ထောက်အထားကိုမသိရင် ပိုက်ဆံမရှိတဲ့သူဆီက ပိုက်ဆံကိုဘယ်လိုတောင်းမှာလဲ၊ သိပ်မကြာသေးခင်ကမှသိလိုက်ပြီး လောဘကြီးလာတာ၊ အခု ငါ့ဆီကနေ ပိုက်ဆံရဖို့အတွက် နည်းလမ်းအမျိုးမျိုးနဲ့ကြိုးစားနေတယ်။ ပြီးတော့ ငါက..."

လော့ကျိုးက ဒေါသတကြီးနှင့် သူ့ဖန်ခွက်ကို ဆောင့်ချလိုက်သည်။

ထိုအချိန်တွင် မထီမဲ့မြင်ပြုသည့်အသံကို ကြားလိုက်ရသည်။

အသံက သိသိသာသာကိုဖော်ရွေမှုမရှိသလို လော့ကျိုးလည်း ပြတ်ပြတ်သားသား မော့ကြည့်လိုက်ရာ ကျီဖေးဖြစ်နေပြန် သည်။

"ဘာ ရယ်တာလဲ ?" လော့ကျိုးသည် ကျီဖေးမှလွဲ၍တခြားမည်သူကမှ မလှောင်ပြောင်ဘူးလို့ အတိအကျပြောနိုင်သည်။

"စိတ်ဝင်စားစရာကောင်းတဲ့အချက်က- လူတွေအရမ်းစိတ်ဆိုးတဲ့အခါ စိတ်အလိုလျောက်ရယ်တတ်တယ်" ဟုကျီဖေးမှ သူဘယ်သူ့ကိုစော်ကားမိပါစေ ဂရုမစိုက်ဘူးဟူသောအမူအရာဖြင့်ပြောလိုက်သည်။

"အဲဒါက ငါ့ဆီမှာ ဖြစ်‌နေတာလေ။"

စားပွဲတစ်ခုလုံးက ရှိုးပွဲကို စကြည့်ကြတော့သည် - ဒီနှစ်‌ ယောက်လုပ် ထပ်ပြီး ဒီလိုမျိုးအဆုံးသတ်သွားပြန်ရတာလဲ?

" မင်း ငါ့ကိုစိတ်ဆိုးနေတာလို့ ပြောနေတာလား? သူကငါ့ကို ပိုက်ဆံ‌ကြောင့်လှည့်စားခဲ့တဲ့သူပဲ..."

"နင်လည်း သူ့ကို ပိုက်ဆံကြောင့် လှည့်စားနေတာပဲမဟုတ်ဘူးလား? နင် ဘယ်လိုပုံစံနဲ့ နစ်နာသူလိုလုပ်ပြနေတာလဲ ?"

ကျီဖေးက ချက်ချင်းပြန်ဟစ်လိုက်သည်။

လော့ကျိုး ခဏလောက်ဆို့နင့်သွားပြီး "သူနဲ့မတူဘူး၊ ငါက ငါတို့ကြားမှာ ပိုဖြူစင်တဲ့ချစ်ခြင်းမေတ္တာ‌တွေရှိဖို့အတွက် လုပ်ခဲ့တာ..."

"လိမ်လည်လှည့်ဖြားတာက အကြောင်းအရင်းမရှိလှည့်စားတာပါပဲ။ နင့်ကိုယ်နင် ဆင်ခြင်ပေးတဲ့နေရာမှာတော့ အရမ်းတော်တယ်နော်။ ဟက်၊ နင့်ကို တစ်ခုလောက်မေးပါရစေ- နင်တို့ချိန်းတွေ့တာ နှစ်နှစ်ရှိပြီ‌နော်၊ သူ နင့်ဆီက ပိုက်ဆံဘယ် လောက်လိမ်ခဲ့လဲ၊ ပြီးတော့ နင် သူ့ဆီက ဘယ်လောက်လိမ်ခဲ့လဲ ?" ကျီဖေး ပြုံးပြီးမေးသည်။

လော့ကျိုးက တစ်ဖန်ဆို့နင့်ကာ "သူ...သူ မလုပ်ရသေးဘူး..."

သူ့လုပ်ရပ်တွေကိုပြန်တွေးဖို့ ငြင်းဆန်တာကိုမြင်တော့ ကျီဖေး ဒေါသအကြီးအကျယ်ထွက်သွားသည်။ "ငါ သိတာတစ်ခုက နင်သာ သူ့အပေါ်ကိုမှားယွင်းခဲ့တာ၊ အကယ်၍သူသာ အခုချက်ချင်းပိုက်ဆံလိုနေပြီး နင်ကူညီဖို့ငြင်းဆန်နေတယ်ဆိုတဲ့အဓိပ္ပါယ်က..."

ကျီဖေး၏အေးစက်သည့်အကြည့်သည် သူ့အပေါ်လွှမ်းခြုံသွားပြီး ရုတ်တရတ်လော့ကျိုးသည် အေးစက်နေသည့် ချွေးစီးများကျလာကာ စိုးရိမ်ထိတ်လန့်သွားသည်။

"ဒါဆိုနင်က လုံးဝကိုရိုက်စားလုပ်တာပဲ။"

ကျီဖေး၏လေသံထဲတွင် သူတစ်ပါးဒုက္ခရောက်သည်ကိုအားရနေသည်ဟူသောအဓိပ္ပါယ်များဖြင့် ပြည့်နှက်နေသည်၊ သူသည်ထန်အာကို တကယ်ပဲ လော့ကျိုးနှင့်တွေ့စေချင်နေပြီး သူဘယ် လိုမျက်နှာမျိုးဖြစ်သွားမလဲဆိုတာကို တကယ်ကြည့်ချင်နေမိသည်။

လော့ကျိုး၏မျက်နှာသည် မည်းမှောင်သွားပြီး "မဟုတ်ဘူး၊ မဖြစ်နိုင်ဘူး။ သူက ငါ့အထောက်အထားကိုသိသွားတော့ စပြီးလောဘကြီးလာတာ..."

"လောဘကြီးတဲ့သူဖြစ်တော့ ဘာဖြစ်လဲ?" ကျီဖေးရုတ်တရက် မေးလိုက်သည်။

"မင်း ဘာပြောလိုက်တာလဲ?" လော့ကျိုး မယုံနိုင်စွာမေးလိုက်သည်။

အခြားသူများကလည်း ကျီဖေးကို အံ့သြစွာကြည့်ကြသည်။

"သူသာ ဉစ္စာပစ္စည်းတွေကိုနှစ်သက်တဲ့သူဆိုရင် ပို‌တောင်ကောင်းဦးမယ် - အဲ့တာက သူ့ကို ထက်မြက်ပြီးရည်မှန်းချက်ကြီးတယ်ဆိုတာ သက်သေပြနေတာလေ။ မဟုတ်ရင် နင့်ကောင်မလေးက နင့်ကို ဘာကြည့်ပြီးကြိုက်တာလဲဆိုတာ ငါတကယ်နားမလည်ဘူး။ ချမ်းသာတဲ့မိသားစုမှာမွေးဖွားလာပြီး ပိုက်ဆံတွေပိုင်ဆိုင်ထားတာက နင့်ရဲ့အကြီးမားဆုံးအားသာချက်ပဲ မဟုတ်ဘူးလား? သူသာ နင့်ရဲ့ အကြီးမားဆုံးအားသာချက်ကိုကြိုက်တာမဟုတ်ရင် သူကြိုက်တာက နင့်ရဲ့ဆိုးရွားတဲ့အကျင့်စရိုက်တွေကိုလား၊ နူးညံ့သိမ်မွေ့မှုနည်းပါးတာကိုလား၊ သိမ်ငယ်စိတ်တွေကိုလား၊ နင့်ရဲ့လှည့်စားမှုတွေကိုလား ? နင့်ရဲ့ချစ်သူက အတော်လေးကိုဉစ္စာမက်တဲ့သူပဲဖြစ်ရမယ်။"

ဤစကားသည် စားပွဲရှိလူအားလုံးကိုရယ်မောစေခဲ့သည်။

လော့ကျိုးသာလျှင်မရယ်ဘဲ ကျီဖေးအားထိတ်လန့်စွာစိုက်ကြည့်နေသည်။

ကျီဖေးက ရိုးသားသည့်အမူအရာဖြင့်ဆက်ပြောသည် "အို၊ ငါ ဘက်လိုက်နေမိတာဖြစ်နိုင်တယ်။ နင့်မှာ စည်းစိမ်ဥစ္စာထက် အခြားချီးမွန်းစရာကောင်းတဲ့အရည်အချင်းတွေ ရှိနိုင်တယ်။ အဲဒါတွေက ဘာလဲဆိုတာကို ဘာလို့ ငါတို့ကိုမပြောပြတာလဲ။"

စားပွဲရှိလူတိုင်းက သေလုမတတ်ရယ်မောကြသည်။

တွေးကြည့်လိုက်တော့ သူ့တွင်အရည်အချင်းကောင်းအချို့ရှိလိမ့်မည်၊ သို့ပေမယ့် သူ၏အထင်ရှားဆုံးအားသာချက်ဟု‌ ပြောသောအခါတွင် ... အထူးအထင်ကြီးစရာကောင်းသည့် အသက်မွေးဝမ်းကြောင်းဆိုင်ရာအောင်မြင်မှုများ မရရှိခဲ့သည့်လော့ကျိုးအတွက်၊ ၎င်းဟာ တကယ်ပဲ 'ချမ်းသာခြင်း' ဖြစ် သည်။

ထို့ကြောင့် တစ်စုံတစ်ဦးသည် ၎င်း၏အထင်ရှားဆုံးအရည်အ သွေးအတွက် သူ့ကိုချစ်မိသွားပါက၊ ၎င်းသည် အနည်းငယ်ကျိုးကြောင်းဆီလျော်ပုံရသည်။

လော့ကျိုးသည် စိတ်ပိုင်းဆိုင်ရာနှင့်ရုပ်ပိုင်းဆိုင်ရာ ထိတ်လန့်မှုဒဏ်ကိုခံစားခဲ့ရပြီး စကားမပြောနိုင်ဘဲ နေခဲ့သည်။

"ဘာမှမစဉ်းစားနိုင်ဘူးလား? တခြားရှုထောင့်ကနေကြည့်ရအောင်- သူသာ ဥစ္စာပစ္စည်းမက်မောသူမဟုတ်ရင် နင်ဒုက္ခ ရောက်မှာ။ နောက်ဆုံးတော့ နင့်ရဲ့ချမ်းသာမှုတွေတိုးလာတဲ့အခါ နင့်ရဲ့ရုပ်ရည်၊ အသက်အရွယ်၊ ကာယဗလနဲ့ ခွန်အားတွေ ဆုတ်ယုတ်လာမယ်။ သူ့အချစ်ကို ဘယ်လိုထိန်းထားဖို့စီစဉ်ထားလဲ?"

" မင်း... ဒါက ဘယ်လိုတောင် လိမ်ညာတဲ့လောဂျစ်အမျိုးအစားလဲ? မင်းရဲ့အဆိုအရဆိုရင် စည်းစိမ်ဥစ္စာမက်တာက တကယ်တော့ ကောင်းတဲ့အရာပဲ?"

လော့ကျိုးသည် ဤထူးဆန်းသည့်အကြောင်းပြချက်ကို လက် မခံနိုင်ဘဲ၊ အထူးသဖြင့် ထန်အာနှင့် သူ၏လှည့်စားမှုသည် ဥစ္စာပစ္စည်းမက်သူနှင့် မအောင်မြင်သည့်ဆက်ဆံရေးကြောင့် စတင်ခဲ့ခြင်း ဖြစ်သည်။

ကျီဖေးတုံ့ပြန်ခါနီးတွင် ချင်ရှန့်က " မင်းအကိုက ရွှမ်ရီ သူ့ကိုလက်ထပ်တာကိုငွေမက်တယ်ဆိုပြီးမတွေးခဲ့ဘူး၊ ဘာလို့ဆို သူက ပေးနိုင်လို့ပဲ"

ရုတ်တရက် စကားတစ်ခွန်းသည် စားပွဲတစ်ခုလုံးအားတိတ် ဆိတ်သွား‌စေသည်။

အားလုံးက စကားလုံးများအား ခဏလောက်စဉ်းစားကြည့်ကာ လော့ကျိုး၏မျက်နှာဖြူဖျော့လာနေသည်ကို တွေ့လိုက်ရသည်။

နှလုံးသားကိုတိုက်ရိုက်ထိမှန်အောင် ဖြတ်တောက်ပစ်လိုက်တာက လုံးဝကိုကြေကွဲစရာပင်။

အမှန်မှာ၊ အမျိုးသားများသည် ၎င်းတို့၏အောင်မြင်မှုများကို အခြားသူများအားပြသရန်လိုသောအခါတွင်၊ ကိစ္စအများစု၌၊ သူတို့တွင် ငွေမည်မျှရှိကြောင်းဖြင့် သက်သေပြကြသည်။ သူတို့၏အမျိုးသမီးများက သူတို့၏ငွေများကိုသုံးစွဲသည့်အခါ ပို၍ပြီးမြောက်သည်ဟုခံစားရပြီး သူတို့၏အမျိုးသမီးများအား ဥစ္စာပစ္စည်းမက်မောသူဟု သို့မဟုတ် အလကားလူဟု ဘယ်တော့မှမတွေးခဲ့ကြချေ။

မတတ်နိုင်သည့်အခါမှသာ တစ်ဖက်လူမှဥစ္စာမက်သည်ဟုတွေးပြီး ဒေါသထွက်ကာ အရှက်ရသွားတတ်ကြသည်။

အရည်အချင်းရှိသည့် ယောက်ျားလေး၏ချစ်သူမှ ပိုက်ဆံကိုသဘောကျသည်ဆိုလျှင် သူ့ကိုပေးသာပေးလိုက်ပါ။ အဘယ် ကြောင့် 'ငါ့မှာပိုက်ဆံမရှိရင် မင်း ငါ့ကိုမချစ်တော့ဘူးလား' 'မင်း ပိုချမ်းသာတဲ့လူကိုချစ်မှာလား" ဟူသည့်မေးခွန်းများအား စွဲလမ်းနေရသနည်း ?

အဘယ်ကြောင့် 'ငါဘယ်လိုပိုက်ဆံရှာရမလဲနှင့် သူငါ့ကိုချစ်နေအောင် ဘယ်လိုလုပ်ရမလဲ' ဟူသည့် မေးခွန်းများအား ပိုအာရုံမစိုက်သနည်း ?

ကိုယ့်ကိုယ်ကိုအားထုတ်တာထက် တခြားသူတွေကို အလျှော့ ပေးခိုင်းတာက ပိုကောင်းသလား? စိတ်ရင်းမှန်ဖြင့်မေးသောဤမေးခွန်းသည် အမှန်တကယ်တွင် ပါးနပ်မှုတစ်ခုပါရှိသည်။

[ဟားဟားဟား၊ ချင်ရှန့် ပြောတာမှန်တယ်။ သူ ဘာပြောရမယ်မှန်း ဘယ်လိုလုပ် ကွက်တိသိ‌နေတာလဲ? ငါ အဲ့တာကို လုံးဝကိုသ‌ဘောကျတယ်။]

ချင်ရှန့်လန့်ဖျပ်သွားပြီး ကျီဖေးမှသူ့အား ဘလင်းဘလင်းအ ကြည့်များဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသည်။ သူ့နှလုံးက ချက်ချင်းပင်ခုန်လာကာ ချောင်းအနည်းငယ်ဆိုးပြီး ကျေနပ်သွားသည်။ သူ့ဘဒို၏အခက်အခဲနှင့် ပတ်သက်၍တော့...

တကယ်တော့လောကျိုး ကံဆိုးတာပင်။ ရွှမ်ရီ၏လှည့်စားခြင်းကိုခံခဲ့ရသည်။ ချီလီ မဟုတ်လျှင်ပင် အခြားဘယ်ယောက်ျားတစ်ဦးကမျှ လော့ကျိုးအား ဉစ္စာပစ္စည်းမက်မောသူဟူသည့် သီအိုရီအား မျှဝေမည်မဟုတ်ပေ။

သူတို့အားလုံး ချမ်းသာသည့်အတွက် ဂရုမစိုက်ကြပေ။

သို့သော်လော့ကျိုးသည် သူ့အစ်ကိုကဲ့သို့မချမ်းသာသောကြောင့် စွန့်ပစ်ခံရခြင်းမျိုးကြုံတွေ့ခဲ့ရပြီး ရွှမ်ရီသည် သူ့ထက်ဩဇာကြီးမားပြီး လွှမ်းမိုးမှုရှိသည့် သူ့အစ်ကိုကိုရွေးချယ်ခဲ့သည်။ ဤအရာက သူ့ကိုထိလွယ်ရှလွယ်နှင့် သံသယဖြစ်လွယ်စေခဲ့ပြီး ဤကဲ့သို့လိမ်ညာသည့်အခြေအနေသို့ ဦးတည်စေခဲ့သည်။

သူ့အကိုကြီးနှင့်တွေ့ပြီးတောင်မှ သူ့ကိုရွေးချယ်မည့်သူတွေရှိတယ်ဆိုတာကို သက်သေပြချင်ခဲ့သည်။

ထိုကဲ့သို့လူကို သူရှာတွေ့ခဲ့ပေမယ့် သူ့အပြုအမူကြောင့် ပျက် စီးသွားခဲ့သည်။

"မင်းတို့ အားလုံး!"

လော့ကျိုးသည် တစ်စုံတစ်ခုကို သင်ယူခဲ့သည်ဖြစ်စေ၊ မသင် ယူသည်ဖြစ်စေ ဒေါသကြီးသည်။

ထိုအခိုက်အတန့်တွင် သူသည် အဝေးသို့လှမ်းကြည့်လိုက်ရင်း သူ့မျက်လုံးများ ရုတ်တရက်ပြူးကျယ်သွားသည်။

အားလုံးက သူ့အကြည့်ကိုလိုက်ကြည့်နေကြပြီး ကျီဖေးနှင့်ချင်ရှန့်တို့ကသာ တုံ့ပြန်မှုမပြ‌ပေ။

[ထူးဆန်းလိုက်တာ၊ ထန်အာ ဘာလို့ဆင်းလာတာလဲ? အစော က သူ့ပုံက ဆင်းလာမဲ့ပုံမပေါ်ပါဘူး။ တကယ်ကြီး ထိပ်တိုက်ရင်ဆိုင်မှုတွေဖြစ်လာတော့မှာပါလား?]

All Chapters