အခန်း (၄၀၅)
Vol. 41 Ch. 405
ကျီဖေး၏အသံသည်အခန်းထဲရှိလူတိုင်းကြားနိုင်သည့်အတွက် သူမရဲ့စကားကြောင့် လူတ်ိုင်းအံ့ဩသွားကြကာ ကျီဖေးအား ပြူးကြည့်နေခဲ့သည်။
အထူးသဖြင့် ကျောက်ကျန်းဟယ်၊ ကျောက်ချန်လဲ့ နှင့် လုယွမ်ချင်တို့၏မျက်နှာသည် ကျီဖေး၏စကားကြောင့် ပိုဆိုးသွားခဲ့သည်။
ကျီဖေးသည် ပြောချင်ရာပြောပြီးသည့်နောက် ဘာမှမသိသလိုမျိုး ချင်ရှန့်၏ရင်ခွင်ထဲတွင်မှီကာ အပြစ်ကင်းချင်ယောင်ဆောင်နေခဲ့သည်။ ချင်ရှန့်သည်လည်း ဇနီးလေးထိတ်လန့်သွားမည်စိုး၍ လက်ဖြင့်ပခုံးလေးအားပုတ်ပေးနေခဲ့သည်။
ဒုတိယချင်မိသားစုဝင်များသည်လည်း ကျီဖေး၏စကားကြောင့်ထိုင်နေရင်း ခေါင်းမွှေးများတောင်ထောင်သွားခဲ့သည်။
ဟုတ်ပြီ ကျီဖေးပြောလိုက်တာနည်းနည်းတော့မများသွားဘူးလား အဟမ်း
အအံ့ဩဆုံးသူမှာ ချင်ရီပင်ဖြစ်သည်။ သူသည်ခုနလေးတင်ကမှ လုယွမ်ချင်းကို ဧည့်သည်အဖြစ်မိတ်ဆက်ပေးခဲ့တာဖြစ် သည်။
လုယွမ်ချင်းသည်ကျီဖေး၏စကားကိုတုံ့ပြန်ကာပြောခဲ့သော် လည်း သူ့ မျက်လုံးဝိုင်ဝိုင်းများက နီရဲနေကာမျက်ရည်များပြည့်နေခဲ့သည်။
“ဒို့ ကိုပြောနေတာလား”
“ဒါပေါ့ အန်တီ့ကိုပြောနေတာ အန်တီက အဲ့အငယ်အနှောင်းမဟုတ်ဘူးလား။ ခုနတုန်းက ခဲအိုနဲ့ မျက်စပစ်နေတာတွေ့လိုက်လို့လေ”
ကျီဖေး ထိုစကားအားဘာမှမဟုတ်သလိုပင် ပေါ့ပေါ့ပါးပါးပြောလိုက်သည်။
ကျီဖေး၏စကားကြောင့် တစ်ခန်းလုံးပြန်တိတ်သွားကာ လူတိုင်းက လုယွမ်ချင်းအား သံသယမျက်လုံးများဖြင့် ကြည့်နေခဲ့ကြသည်။
“မင်း အမကိုအထင်လွဲနေတာပဲ အမက ယုအာနဲ့စကားပြောနေတာပါ”
လုယွမ်ချင်သည် သူ့ ကိုယ် သူ မတရားခံရသည့်ပုံစံဖြင့် မျက် နှာကလေးသည် အားငယ်နေတဲ့အပြင် ပဉ္စမမဒမ်ချင် သူ့ သူငယ်ချင်းအား ကူညီပေးရန် မျက်လုံးများဖြင့်ကြည့်လိုက်သည်။
သို့သော် ပဉ္စမမဒမ်ချင်၏မျက်လုံးများထဲ သံသယအရိပ်အ ယောင်များဖြစ်ပေါ်နေခဲ့သည်။
ကျောက်ကျန်းဟယ်သည် ဒီအတိုင်း မသိချင်ယောင်မဆောင်နိုင်တော့သဖြင့် ဝင်ပြောလိုက်သည်။
“စကားကိုသေချာကြည့်ပြော၊ သူက မင်းအဒေါ်ရဲ့သူငယ်ချင်းဖြစ်သလို မင်းထက် အကြီးဆိုလည်းဟုတ်တယ် အခုမင်းက ကိုယ့်ထက်ကြီးတဲ့သူက မရိုမသေလုပ်နေတာပဲ”
ကျီဖေးသည် သူ့ လေသံက်ိုခပ်မာမာပင်ထား၍
"အို့ ဟုတ်လား”
ထိုအချိန်တွင် ချင်မားမားသည် သူ့ ချွေးမအစားကူပြောပေးခဲ့သည်။
“ကဲကဲ တော်လို့ရပြီ အချင်းချင်းတွေပဲ အဲ့လောက်ထိ အတည်လုပ်နေစရာမလိုပါဘူး။ ပြီးတော့ကျီဖေးက သိပ်ပြီးအမျိုးတွေနဲ့မသိသေးလို့ပါ သူ ဒီကိုပထမဆုံးရောက်ဖူးတဲ့အပြင် ငယ်လည်းငယ်ကလေးပဲရှိသေးတော့ စကားသိပ်မပြောတတ်ဘူး အားနာလိုက်တာ”
ကျီဖေးသည် သူ့ယောက္ခမစကားကို ထောက်ခံသလိုရှက်ရှက်ဖြင့်ခေါင်းငြိမ့်ခဲ့သည်။
ကျီဖေး၏ အိုက်တင်ကိုကြည့်နေသောအခန်းထဲကလူများ”…”
တကယ်ကြီး ကလေးပေါ့လေ??
လူအချို့သည် ကျီဖေးပြောခဲ့သောစကားများကိုပြန်တွေးကာ ကျီဖေးနားလည်မှုလွဲနေသည်ဟုထင်နေကြသည်။
ထိုအချိန်တွင် ပဉ္စမမဒမ်ချင်၏ စကားသံထွက်လာခဲ့သည်။
“ဟုတ်ပါပြီ ကျွန်မ အားလုံးနဲ့တစ်ခါတည်းမိတ်ဆက်ပေးမယ်။ သူ့နာမည်ကလုယွမ်ချင်ပါ အဒေါ်ရဲ့သူငယ်ချင်းကောင်းဆိုလည်းဟုတ်တယ်။ မင်းလေးက ကျီဖေးလို့ခေါ်တာဟုတ် တွေ့ရတာဝမ်းသာတယ်၊ ပထမဆုံးတွေ့ရတာကို ကိစ္စလေးတွေကြောင့်အဆင်မပြေဖြစ်သွားတယ် နောက်ခါကြ အဒေါ်တို့ စကား သေချာလေးပြောကြတာပေါ့”
ကျီဖေးသည် ပဉ္စမမဒမ်၏စကားကို ယဉ်ကျေးစွာတုံ့ပြန်ခဲ့သည်။
“အဒေါ် ကျွန်မတကယ်တောင်းပန်ပါတယ်။ အစတုန်းကအဲ့တစ်ယောက်ကို အဒေါ်ရဲ့ယောကျာ်းဟောင်း တောင်းပန်ဖို့ခေါ်လာတဲ့ အငယ်အနှောင်းလို့ထင်လိုက်တာ အဒေါ့်ရဲ့သူငယ်ချင်း အရင်းကြီးဖြစ်နေမယ်မထင်ထားဘူးရယ်”
ကျီဖေး၏စကားကိုကြားတော့လူတိုင်းက သက်ပြင်းချလိုက်ပြီး ဒီကိစ္စပြီးသွားပြီဟု ထင်ခဲ့ကြသည်။
သို့သော် ကျီဖေးသည် သူ့အသံချိုချိုလေးဖြင့်ဆက်၍
“ ဒါမဲ့ အဒေါ့်ကိုတကယ်လေးစားတယ်သိလား။ အခုလိုမျိုး အရမ်းသဘောကောင်း အရမ်းစိတ်ရှည်ပြီး မိသားစုပြဿနာတွေထဲဝင်ပါပေးနိုင်တဲ့ သူငယ်ချင်းရတာ။ ဒါပေမယ့် အဒေါ်ရယ် သေချာစဉ်းစားကြည့်ရင် အဒေါ့်ဘေးမှာ အဒေါ့်ဘက်မှာနေပေးနေတဲ့အမျိုးတွေအများကြီးရှိတာကို ဘာလို့မဆိုင်တဲ့သူစိမ်းတစ်ယောက်ကို အိမ်တွင်ရေးထိဝင်ပါခွင့်ပေးထားတာလဲ”
ကျီဖေး၏စကားကြောင့် လူတိုင်းလန့်ဖြတ်သွားခဲ့ပြန်သည်။
လူတိုင်းသည် ကျီဖေး၏စကားကြောင့် သံသယမျိုးစိတ်များဖြစ်လာခဲ့သည်။
ကျီဖေးပြောတာလည်းမှန်တာပဲ ဘယ်လောက်ပဲ သူငယ်ချင်းအရင်းကြီးလိုပဲပြောပြော ကွာရှင်းတဲ့ကိစ္စအထိဝင်ပါတာသင့်တော်လို့လား။ ပြီးတော့ ပဉ္စမမဒမ်က သာမန်အညာတရမှမဟုတ်ပဲ သူ့နောက်မှ ဒိတ်ဒိတ်ကြဲ ချင်မျိုးနွယ်ရှိတဲ့ဟာကို သူငယ်ချင်းက အဲ့လောက်ထိဝင်မပါသင့်ဘူးမလား။ သူ့မှာအလုပ်မရှိဘူးလား ?
သေချာပေါက် ထိုစကားများကိုအပြင်သို့ ထုတ်ပြောဖို့ခက်ပေသည်။ စိတ်ထဲတွင်သာ မေးခွန်းထုတ်နိုင်သည်။
ပဉ္စမ မဒမ်ချင်သည်လည်း ကျီဖေး၏စကားများကြောင့် ဟာ ကွက်များကို သတိထားမိလာခဲ့ပြီး ဘယ်လိုပြန်ပြောရမလဲတောင်မသိခဲ့ပေ။
လုယွမ်ချင်သည် ကျီဖေး၏စကားများကြောင့်ဇော်ချွေးများပြန်လာကာ အတတ်နိုင်ဆုံးမျက်နှာကိုထိန်းထား၍ပြောလိုက်သည်။
“ညီမလေးက စိတ်ပူလွန်နေတာပဲ အမက ယုအာကိုတစ် ယောက်တည်းစိတ်မချလို့ပါ။ အမက ယုအာတို့မိသားစုလေးပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းလာတာကို အကြာကြီးမြင်ခဲ့ရတဲ့သူဆိုတော့ ဒီမိသားစုလေး ပျက်စီးသွားမှာကိုမလိုချင်လို့ပါ
ယုအာရဲ့ စိတ်ထားကဒီလောက်နူးညံ့သိမ်မွေ့တာ သူက သူ့မိသားစုကိုကျောခိုင်းရက်တဲ့အထိ လုပ်ရက်ပါ့မလား။ အမက သူ့ကိုဖြောင်းဖြယုံပါပဲ”
ပဉ္စမ မဒမ်ချင်သည် လုယွမ်ချင်း၏စကားများကိုပထမဆုံးအကြိမ် စဉ်းစားကြည့်လေ ထူးဆန်းသည်လို့ခံစားခဲ့ရသည်။
ကျီဖေးသည် သူလိုချင်သောအနေအထားသို့ရောက်လာသဖြင့်ဆက်ပြောလိုက်သည်။
“ ဟုတ်လား အမကူညီပေးနေတာလို့ ညီမတော့ မထင်ပါဘူး။ ခုနကအမပြောနေတဲ့ပုံက အဒေါ့်ရဲ့ခင်ပွန်းဟောင်းကဖောက် ပြန်တာကို ညီမအဒေါ်က ကြည်ဖြူပြီးသည်းခံပေးရမဲ့ပုံနဲ့ပြောနေတာ ကျောက်မိသားစုကအမကို လာဘ်ထိုးထားလို့လား ဒါမှမဟုတ် အမက ညီမအဒေါ်ထက် အမခဲအိုဟောင်းကို ပိုဂရုစိုက်နေတာလား”
ကျီဖေးသည် သူ့ ဒရမ်မာကိုဆက်လက်သရုပ်ဆောင်နေခဲ့သည်။
“ အမှန်တော့လေ အဒေါ့်ရဲ့သူငယ်ချင်းကောင်းတစ်ယောက်အနေနဲ့ ဘာကိစ္စဖောက်ပြန်ခံရတာကို အမက သည်းခံခိုင်းနေတာလဲ။ အမလည်း မိန်းမပဲလေ နားလည်သင့်ပါတယ် အမယောကျာ်းသာ အမအပေါ်ဖောက်ပြန်နေရင် အမသည်းခံပြီးနေနိုင်မှာမို့လား။ အဲ့တာကိုဘာကိစ္စအဒေါ့်ကို အတင်းဖျောင်းဖြနေပြီရ ဘာမှမဖြစ်သလိုကျော်သွားဖို့ပြောနေရတာလဲဆိုတာ နားကိုမလည်နိုင်ဘူး”
လုယွင်ချမ်းသည် ကျီဖေး၏စကားများကြောင့် အထိတ်တလန့်ဖြစ်ကာ တခြားနည်းမစဉ်းမိတော့ပဲ မတရားခံရသလိုဟန် ဆောင်ကာငိုချခဲ့သည်။
“ကျီဖေး ညီမလေး အမ အပေါ်ဘာများမကျေနပ်တာရှိလို့လဲ။
အမက ဒီကို ယုအာကို ကူညီပေးဖို့လာတာပါ ရန်ဖြစ်ဖို့လာတာမဟုတ်ပါဘူး။ ဗုဒ္ဓကတောင် ဘုရားကျောင်းကိုဖျက်စီးတာထက် သူတစ်ပါးအိမ်ထောင်ရေးကိုကယ်တင်တာ ပိုမွန်မြတ်တယ်လို့ပြောခဲ့တာ။ ညီမလေး ဖုံးကွယ်ထားစရာမလိုပါဘူး။ အမကို မကျေနပ်တာရှိရင်ပြောလို့ရပါတယ်။ အမငယ်ငယ်ကလည်း မိကွဲဖကွဲဖြစ်ဖူးတော့ မိသားစုထရော်မာကို နားလည်လို့ပါ”
ကျီဖေးသည် လုယွမ်ချင်း၏စကားများကြောင့် ကြောင်သွားခဲ့သည်။
[ ဟယ် သူမ တကယ်ကြီးအဲ့လိုပြောရဲတယ်ပေါ့ ဘာတဲ့ ဗုဒ္ဓက ဘုရားကျောင်းကိုဖျက်စီးတာထက်သူတစ်ပါးအိမ်ထောင်ရေးကိုကာကွယ်ပေးတာပိုကောင်းတယ်ဟုတ်လား။ ငါ့နှယ့် ဘယ်ဘုရားကအဲ့လိုဟောခဲ့လို့လဲ]
လုယွမ်းချင်း၏ ငိုနေသောအမူအရာသည် ပီပြင်လွန်း၍
မျက်လုံးများကလည်းငိုထားတာကြောင့်နီရဲနေကော မျက် တောင်ရှည်များက မျည်ရည်များကြောင့်ကော့နေသဖြင့်
ပန်းပွင့်လေးလိုဖြစ်နေသည်။
သူ့ပုံစံက ပုရ်ိသယောကျာ်းတိုင်း၏သနားစိတ်ကိုဖြစ်စေသည်။
ကျီဖေးသည်လည်း အထားနပ်သောမိန်းကလေးတစ်ယောက်ဖြစ်သည့်အတွက် ကျောက်ကျန်းဟယ်ဘက်သို့ ကြည့်လိုက်သည်။
ကျောက်ကျန်းဟယ်၏မျက်လုံးများသည် လုယွမ်ချင်းအားကြည့်နေပြီး မျက်နှာတွင် စိတ်ပူနေသည့်အရိပ်အယောင်များလျှံထွက်နေခဲ့သည်။ ဘေးလူတွေသာမရှိလျှင် ကျောက်ကျန်း ဟယ်သည် သူ့လရောင်ဖြူလေးကိုရင်ခွင်ထဲတွင်ထည့်ကာ ချော့ပြီးလောက်ပြီဖြစ်သည်။
ကျောက်ချန်လဲ့သည် ကျီဖေး၏စကားများကိုမကျေမနပ်ဖြစ်ကာ ကျီဖေးအား အော်ပြောခဲ့သည်။
“အန်တီလုယွမ်က ဒီကိုလာကူပေးတာ။ အမက ဘာတွေအဲ့လောက်ဖြစ်ပျက်နေတာလဲ။ ဘာလို့ မဟုတ်က ဟုတ်ကတွေပြောပြီး သူများကိုစွပ်စွဲနေရတာလဲ။”
အကြီးအကဲချင် ရှိသည့်အတွက် လူတိုင်းဘယ်သူမှ ကျောက်ချန်လဲ့ကဲ့သို့အကြီးဖြစ်သူအား မအော်ရဲပေ။
သို့သော် ကျောက်ချန်လဲ့၏အသံသည် ကျယ်လောင်နေခဲ့ပြီး မျက်နှာများနီနေကာ ကျီဖေးအားရန်ရှာရန်အသင့်ဖြစ်နေပုံရသည်။
ကျောက်ချန်လဲ့အတွက်တော့လုယွမ်ချင်းသည် ပန်းလေးကဲ့သို့နုဖတ်ကာကြွေလွယ်သောအမျိုးသမီးဖြစ်ပြီး ရိုးသားကာ ကြင်နာတတ်သောလူဖြစ်သည့်အတွက် ကျီဖေးဆီကအနိုင်ကျင့်ခံနေရသည်ကို လက်ပိုက်ကြည့်မနေန်ုင်ဖြစ်နေခဲ့သည်။
ကျောက်ချန်လဲ့ဆက်မပြောရသေးခင်တွေ ချန်ရှန့်၏ အေးစက် စက်အသံထွက်လာခဲ့သည်။
“ငါ့ဇနီးက ပြဿနာရှာနေတာမဟုတ်ဘူး။ သူက ပဉ္စမအဒေါ်အတွက်ရပ်တည်ပြောပေးနေတာ။ ဒါပေမဲ့ ငါ ပြောချင်တာတစ်ခုရှိတယ် အဲ့တာ တစ်ချို့သားတွေက ခွေးထက်တောင်ဆိုးနေတယ်လေ။ ခွေးတောင်အနည်းဆုံးတော့ သခင်ကိုသစ္စာရှိသေးတယ်”
လူတိုင်းသည် ထိုစကားကြောင့်ထိတ်လန့်သွားခဲ့သည်။
ချင်ရှန့် ဘယ်တုန်းကမှတစ်ဖက်သူအား အရွဲ့တိုက်၍ပြောလေ့ရှိသူမဟုတ်ပေ။
အမြဲတမ်း သူ၏အရှိန်အဝါကြောင့် သူ့အနားသို့ကပ်ရန်ခက်ခဲနေသောကြောင့်ဖြစ်သည်။
အခုကြတော့ တစ်မိုးအောက်ကချင်ရှန့်ကဒေါသထွက်နေတာပေါ့လေ။
ချင်ရှန့် ကျီဖေးကိုဆက်ဆံတဲ့ပုံကိုကြည့်ရမယ်ဆို သူ့ကိုချင်ရှန့်ဘယ်လောက်အလိုလိုက်လဲဆိုတာ အရူးတောင်ပြောနိုင်တယ်
ချင်ဒုတိယမိသားစုဝင်များသည် ချင်ရှန်၏ Protective စတိုင်ကြောင့် ဝမ်းသာအားရဖြစ်နေခဲ့သည်။
ကျီဖေးကြောင့်သာမဟုတ်လျှင်သူတို့သည်ချင်ရှန့် ဤကဲ့သို့အရေးတယူလုပ်၍ပြောသောစတိုင်ကိုမြင်ဖူးမည်မဟုတ်ပေ။
ကျောက်ချန့်လဲကိုခွေးထက်ဆိုးတယ်ပြောရဲတာသေချာပေါက်ချင်ရှန့်ကလွဲဘယ်သူပြောရဲမှာလဲ။
အေးပေါ့ နည်းနည်းတော့ စကားလွန်သလိုဖြစ်သွားပါတယ်။
ထိုအချိန်တွင် ဘယ်အမျိုးမှ ချင်ရှန့်အားကျော်၍ ကျောက်ချန့်လဲအားကူမပြောပေးကြပေ။
လူတိုင်းသည်း ကျောက်ချန်လဲ့အားဆူပူချင်နေသည်မှာကြာပြီဖြစ်သောကြောင့်ဖြစ်သည်။
ကျောက်ချန်လဲ့သည်လည်း ဤကဲ့သို့ဆိုးဆိုးရွားရွားပြောခံရမည်ဟုမထင်ထားခဲ့ပေ။
သူ အရင်က ချင်ရှန့်နှင့်မရင်းနှီးသလို သိပ်ပြီးနီးနီးကပ်ကပ်လည်းမနေဘူးပေ။
ချင်ရှန့်သည် သူတို့အမျိုးများကြားတွင် ကြည့်ကောင်းပြတ် သားထက်မြက်သော ယောကျာ်းတစ်ယောက်အနေဖြင့်အကြီး အကဲများဆီမှချီးကျူးမှုခံရလေ့ရှိသူဖြစ်သည်။
ကျောက်ချန်လဲ့သည် သူ၏ဝမ်းကွဲအားအမြဲတမ်း အားကျခဲ့ရသည်။
ဒါပေမဲ့ မိန်းမတစ်ယောက်ကြောင့် သူ့ကိုခွေးနဲ့နှိုင်းတယ်တဲ့လား ?
သူ့ မျက်လုံးများနီရဲလာခဲ့ပြီး မျက်ရည်များဝဲလာခဲ့သည်။
“အခုကိစ္စက သေချာပေါက် သူ…”
ကျီဖေးသည် ကျောက်ချန်လဲ့၏စကားကိုမသိချင်ယောင်ဆောင်၍ ဝင်ပြောခဲ့သည်။
“အမ ဒီလောက်ထိဖြစ်ဖို့မရည်ရွယ်ပါဘူး။ နည်းနည်းထူးဆန်းတယ်ခံစားရုံပါ ဒါပါပဲ”
ထို့နောက်ကျီဖေး၏နှုတ်ခမ်းမှ အပြုံးကပိုထင်ရှားလာကာ
“အဲ့ဒါကို ဘာလို့အဲ့လောက် ဆက်ဆက်ထိမခံဖြစ်နေရတာလဲ”