အခန်း (၄၂၅)
Vol. 43 Ch. 425
သွမ့်ရီသည် သူမ ဘဝတစ်ခုလုံး ရယ်စရာကောင်းသည်ဟုသာ ခံစားမိသည်။ ထိုသည်မှာလည်း ၎င်းတို့ ကျေးဇူးများကြောင့်ပင်။ ထိုအမျိုးသမီးသည် အရာအားလုံးထက် သမီးအရင်းကိုသာ ချစ်သည်ဟုယုံကြည်နေသလို ထိုအမျိုးသမီးသည် သူ့သမီး၏ပျော်ရွှင်မှု အတွက် အားလုံးကို စွန့်လွှတ်ပေးနေသည်ဟုသာ ထင်နေသည်။
သွမ့်ရီ ရုတ်တရက် ရယ်ချင်လာသည်။ ထိုအရာအားလုံးသည် အန်တီမောင်အတွက် လက်စားချေနိုင်ရန် ကြိုးစားခြင်းသာဖြစ်သည်။ ဒါပေမဲ့ နောက်ဆုံးကျတော့ သူ့အတွက်ဆိုပြီး သူ့ဆီကို လွှဲချလာခဲ့တာ...
သူ့မှာ ဘာလို့ဒီလိုအမေမျိုးရှိနေရတာလဲ? ၎င်းက အရမ်း အသုံးမကျပေမဲ့ လောဘကြီးပြီး တစ်ကိုယ်ကောင်းဆန်တက်ရတာလဲ ?
သူ တစ်ချိန်က အမေဖြစ်သူ၏မေတ္တာကိုအနည်းငယ်မျှ တောင့် တဖူးသော်လည်း ယခုအခါ မမျှော်လင့်တော့ပြီဖြစ်ပြီး ထိုသည်မှာ သူ့အပြစ်ဟုမထင်ပေ၊ ဘာပဲဖြစ်ဖြစ် အဲ့တာ သူ့ အမေအရင်းမှ မဟုတ်တာ၊ အခု သူမသိလိုက်ရတာက သူ့ကို မေတ္တာနည်းနည်းလောက်ပဲပေးဖို့ နှမြောတွန့်တိုနေတဲ့ အမျိုးသမီးက သူ့ အမေအရင်းဖြစ်နေသည်တဲ့ ပြီးတော့ သူ့ကိုလည်း အရမ်းချစ်တယ်တဲ့.... ဖြစ်နိုင်တာ ၎င်း သူ့ကို တစ်ခြားတစ်ယောက်နဲ့ပဲ မှားတာလား?
ဟား ဟား ဟား!
သွမ့်ရီသည် ဤအဓိပ္ပာယ်မရှိသောဘဝကို အဆုံးသတ်ချင်မိသည်။ သူ အဲ့အမျိုးသမီးကို သေစေချင်တယ်! ပြီးတော့ သူမလည်း အသက်ဆက်မရှင်ချင်တော့ဘူး!
ထိုစဉ် သူမကို သက်တော်စောင့်များ နောက်တစ်ကြိမ်ထပ်တားလိုက်သည်။
"တောင်းပန်ပါတယ် အဟွတ်... တောင်းပန်ပါတယ် ရှောင်ရီရယ်... မား တကယ်မသိခဲ့ပါဘူး၊ ဒီလိုမျိုးဖြစ်လာမယ်လို့ အားတကယ်မသိခဲ့ပါဘူး ရှောင်ရီရယ်၊ မား သမီးကို အကောင်းဆုံးဘဝကို ပေးချင်တာပါ၊ တောင်းပန်ပါတယ် မားကို ခွင့်လွှတ်ပါ၊ အခုမှစပြီး သမီးကို မားကောင်းကောင်းဆက်ဆံမှာပါ၊ အမြဲ တမ်း သမီးလေးကို မား ကောင်းကောင်းဆက်ဆံပါ့မယ်"
အန်တီမောင်သည် သနားစရာကောင်းသော အမူအရာလေးဖြင့် ဂရုဏာသက်ဖွယ်ကောင်းသော အသံလေးဖြင့် ချောင်းဆိုးလျက်ပြောလာသည်။
သို့သော် သွမ့်ရီသည် ၎င်းကြောင့် စိတ်မပျော့သွားပဲကျယ်လောင်လှသော အသံဖြင့် "ကျွန်မပြောတာ နားထောင်! ဒီတစ် သက်မှာ ရှင့်ကို ခွင့်လွှတ်မယ်လို့ မထင်လိုက်နဲ့၊ ကျွန်မ သေရင် တောင် ကျွန်မရဲ့ခွင့်လွှတ်မှုကို မမျှော်နဲ့၊ ရှင်က ဘယ်လိုအမေမျိုးလဲ၊ ရှင်နဲ့ တကယ် ထိုက်တန်တယ်များ ထင်နေလား? ရှင် ကျွန်မ ဘဝကိုဖျက်ဆီးခဲ့တာ၊ ရှင့်ကြောင့်! အကုန် ရှင့်ကြောင့်ဖြစ်ရတာ! ကျွန်မ အရမ်းမုန်းတယ်! မုန်းတယ်! ရှင်က သေသွားသင့်တာ! သေစမ်း!"
သွမ့်ရီသည် သူ့ဘ၀တွင် အလွန်အကျွံ တောင်းဆိုဖူးတာ မရှိပေ။ သူလိုချင်သည့် အရာအားလုံးမှာ သူမအမေထံမှ ဂရုစိုက်မှုလေးတစ်ခုပင်။
သူသည် ချမ်းသာသော သခင်မလေး ဘဝကိုဘယ်သောအခါမှ မလိုအပ်ခဲ့ပေ။
သွမ့်ရီ မုန်းတီးမှုသည် ပြင်းထန်လွန်းသဖြင့် အန်တီမောင်ကို နာကျင်စေနိုင်ပုံရသော်လည်း ပတ်ဝန်းကျင်မှလူတိုင်းသည် သက်ပြင်းသာ ချနေကြသည်။ ၎င်းတို့လုပ်ခဲ့သည့် လုပ်ရက်ကြောင့် မည်သူမှ မသနားကြပေ။
"တော်လောက်ပြီ၊ ဒါက ချင်မိသားစုရဲ့အိမ်ပဲ၊ မင်းတို့ကိစ္စကို မင်းတို့အိမ်ပြန်ပြီး ရှင်းကြ!" ဆဌမမြောက်ဦးလေးချင်သည် ၎င်းတို့ကို မကြည့်ချင်တော့ပဲ
"မှတ်ထားပါ အဒေါ်မောင်၊ အခုချိန်ကစပြီး ချင်မိသားစုရဲ့ အိမ်ရိပ်ကိုတောင် ခင်ဗျားတို့ကို နင်းခွင့်မပေးဘူး! သူတို့ကို လိုက်ပို့လိုက်ကြစမ်း!"
တစ်ချိန်က အန်တီမောင်သည် ချင်ထျန်းထျန်းကို ရက်စက်စွာ လုပ်ကြံဖူးသောကြောင့် ချင်မိသားစုလည်း သူမကို လွယ်လွယ်နှင့် မလွှတ်ထားနိုင်ပေ။ သို့သော် ယခုအချိန်တွင် အိမ်သူအိမ် သားများကို တည်ငြိမ်အောင်ထားသာ ဦးစားပေးဖြစ်သဖြင့် အရှုပ်အထွေးများကို ထပ်မဖြစ်စေချင်တော့ပေ။
သိပ်မကြာခင် ၎င်းတို့သုံးယောက်ကို နှင်ထုန်လိုက်သည်။ ရောက်ရှိလာသော ဝန်ထမ်းများနှင့် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများသည် သူနာပြုကြီးများနှင့်အတူ ပူးပေါင်းစွာ ကုသပေးကြသည်။ ဆဌမဦးလေးချင်နှင့် ဇနီးဖြစ်သူသည် သူ့အား စာအိတ် အနီကြီး တစ်အိတ်ပေးလာကာ နောင်တွင် တစ်ခုခုလိုအပ်သည့်အခါတိုင်း အကူအညီတောင်းလို့ရကြောင့် ပြောကာ သူမကို မျက်နှာသာပေးကြောင်း ထင်ရှားစွာပြသလိုက်သည်။
သူနာပြုဆရာမကြီးသည် တာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့သော်လည်း အခကြေးငွေမယူရဲပေ။
ချင်မိသားစုသည် ညပိုင်းတွင် ကောင်းကောင်းမအိပ်ခဲ့ရသဖြင့် တက်ကြွနေသော ဆဌမဦးလေးချင်အိမ်တော်နှင့် ခြားနားစွာ အနားယူရန်ပြန်သွားခဲ့ကြသည်။
ညနေရောက်သည့်အချိန် ချင်ထျန်းထျန်းလည်း ပြန်ရောက်လာသည်။ ကျီဖေး အောက်ထပ်သို့ ဆင်းလာသောအခါ လူတိုင်းသည် ချင်ထျန်းထျန်းနှင့်အတူ ဝိုင်းဖွဲ့ကာ စကားစမြည်ပြောလျက် ရယ်မောနေကြသည်ကို တွေ့လိုက်ရသည်။
ချင်ထျန်းထျန်း၏မျက်လုံးများသည် အကြိမ်များစွာ ငိုထားသကဲ့သို့ ရောင်ကိုင်းနေသည်။
သူ တကယ် ကံဆိုးခဲ့သည်။ ကျီဖေးနှင့် ချင်ရှန့်တို့သာမြန်မြန် ဆန်ဆန် အချက်အလက်များကို မရပါက ဆဌမဦးလေးချင် မိသားစုသည် ဤအဖြစ်ဆိုးကို ဖြတ်သန်းနိုင်မည်မဟုတ်ပေ။ သွမ့်ရီ မထင်မှတ်စွာ ပေါ်လာခဲ့လျှင်တောင် သူမကို ချက်ချင်း တားလိုက်နိုင်သည်။ ယခုအခါ အချိန်အခါ ကျကျဖြစ်ပေါ်ခဲ့ခြင်းပင်။
ဆဌမဦးလေးချင်နှင့် သူ့ဇနီးသည် ချင်ထျန်းထျန်းကို ဆုံးရှုံးလုနီးပါးဖြစ်ခဲ့သောကြောင့် သူမကို အလိုမလိုက်တော့ပဲ သေချာစောင့်ရှောက်ကြသည်။
"သွမ့်ရီ အခု ဘယ်လိုနေလဲ သိချင်လိုက်တာ" ချင်ထျန်းထျန်း ရုတ်တရက် သက်ပြင်းချကာ ပြောလိုက်သည်။
"နင် ဘာလို့သူ့အကြောင်းကို တွေးနေတာလဲ"
"ဟုတ်တယ်၊ သူက သနားစရာကောင်းပေမယ့် မင်း စိုးရိမ်စရာမလိုဘူး"
ချင်ထျန်းထျန်းက "ဒါပေမယ့် သူ့မှာ ဖြစ်ပျက်ခဲ့တာတွေက ကျွန်မနဲ့တော့ တစ်နည်းနည်းသက်ဆိုင်တာပဲလေ၊ သူက ကျွန်မရဲ့ အစားထိုးဖြစ်လာပြီး တိုက်ခိုက်မှုတွေအားလုံးကို ခံခဲ့ရဝာာ၊ ဟင့်အင်း အဲ့လိုလည်းမဟုတ်ပေမဲ့ ကျွန်မ သူ့အတွက် စိတ်မကောင်းဖြစ်မိတယ်။"
လူတိုင်းသည် သူမအား အတွေးလွန်ကာ ကြင်နာတက်လွန်းသည်ဟု ပြောလာကြသည်။
ကျီဖေးသည်တော့ နားလည်နိုင်သည်။ အဆုံးတွင် ၎င်းတို့သည် သူငယ်ချင်းကောင်းများဖြစ်ဖူးသောကြောင့် သူ မစိုးရိမ်ပဲမနေနိုင်ချေ။
ကျီဖေးသည် ၎င်းတို့ဖြစ်ပျက်ခဲ့သည်များကို သည်းမခံနိုင်တော့ပေ။
[သွမ့်ရီ ပြန်ရောက်တော့ သူ ချက်ချင်း ထွက်ပြေးသွားခဲ့တယ်၊ အန်တီမောင် သူ့ကို နေရာတိုင်းလိုက်ရှာပေမဲ့ မတွေ့ဘူး၊ အဲ့မှာ လင်ပါသားက ဘာတွေဖြစ်နေလဲဆိုတာ နားမလည်တာနဲ့ သွမ့်ရီကို အော်ငေါက်ပြီး အဒေါ်မောင်ကိုထမင်းချက်ခိုင်းခဲ့တယ်၊ အဲ့မှာ… ဟစ်! အန်တီမောင်က သူ့ကို ဓားနဲ့ထိုးလိုက်ရော]
ချင်ဒုတိယမိသားစုသည် ထိုစကားကိုကြားသောအခါ ထိတ် လန့်သွားသည်။
ဒါက သူ့သမီးအရင်းအတွက် နောက်ကျလှနေပြီဖြစ်တဲ့ လက် စားချေမှုလား ?
ဒါပေမယ့် သူ့ကို တစ်ချိန်လုံးလျစ်လျူရှုခဲ့တာမဟုတ်ဘူးလား?
[သူ့ကို ဆေးရုံအချိန်မှီပို့လိုက်တော့ မသေသွားပေမယ့် ဒဏ်ရာက တော်တော်ပြင်းထန်တယ်၊ အဲ့တာက သူ့ဘဝကိုတော်တော် လေး ပျက်စီးနိုင်တဲ့အထိပဲ၊ အမြဲတမ်း ဆူပူကြိမ်းမောင်းနေတဲ့ ပထွေးကလည်း အခုတော့ ကြက်ကြီးလည်လိမ်နေသလို ဘာမှမပြောနိုင်တော့ဘူး၊ သူ့သားအတွက် ဆေးဖိုးဝါးခတွေနဲ့ပဲ လုံးပန်းပန်းနေရတာ၊ အဒေါ်မောင်က လင်ပါးသားကို ဓားနဲ့ထိုးပြီးတာနဲ့ တစ်ခါတည်း သမီးကိုလိုက်ရှာဖို့ အပြင်ထွက်သွားတာ၊ နောက်ဆုံးတော့ သူ့ကို ရဲတွေကမိသွားပြီး အခု တရားရင်ဆိုင်ဖို့ စောင့်နေရပြီ၊ သူ့ သမီးဘပျောက်ဆုံးနေလို့ ရဲတွေကို ကူညီရှာပေးဖို့ပြောတော့ ရဲတွေကလည်း သူ့ကိုသနားပြီး ကူရှာပေးဖို့ သူ့အိမ်ကို ပြန်သွားခဲ့ပေမဲ့…]
ချင်ဒုတိယမိသားစုသည် ထိုင်ခုံအစွန်းနားတွင် တိုးကပ်ထိုင်နေကြပြီး နားထောင်လိုစိတ်များအပြည့်ပင်။
ထိုစဉ် ရုတ်တရက် ချင်ထျန်းထျန်းဖုန်း မြည်သွားသည်။ သူ ကောက်ကိုင်လိုက်ပြီး "သွမ့်ရီပဲ!"
လူတိုင်းလည်း ချက်ချင်းပင် သူမကို ဝိုင်းကြည့်လိုကမကြသည်။
ထိုသည်မှာ သွမ့်ရီဆီမှာ စာပင်။
"တောင်းပန်ပါတယ် ချင်ထျန်းထျန်း၊ ငါ အခုဆို အရမ်းမုန်းဖို့ကောင်းနေပေမဲ့ အရင်တုန်းက နင် ငါ့ကိုကူညီပေးခဲ့တာတွေအတွက် ကျေးဇူးတင်ပါတယ်.. ငါ အခုထွက်သွားတော့မယ်၊ နင် တစ်ချိန်က ငါ့ကို သူငယ်ချင်းအဖြစ် သတ်မှတ်ခဲ့တာတွေကို ငါ အမြဲသတိရနေမှာပါ"
ချင်ထျန်းထျန်း ထိတ်လန့်သွားသည်။ "သူ ပြင်းပြင်းထန်ထန် တစ်ခုခုလုပ်ဖို့ စဉ်းစားနေတာများလား"
မည်သူမှ တပ်အပ်မသိကြပေ။ ၎င်း၏အသံမှာ ထိုသို့ဖြစ်နေသော်လည်း မဟုတ်နိုင်ချေ။
"သူ မလုပ်ပါဘူး" ကျီဖေး ရုတ်တရက် ပြောလိုက်သည်။
"သူ အဖြေကို ရှာတွေ့သွားတာနေမှာ၊ သူ့ အမေရဲ့မေတ္တာတွေကိုတောင့်တမိနေတာကနေ လွတ်မြောက်သွားပြီး အခုဆို လွတ်လွတ်လပ်လပ် အဲ့ဒီမိခင်ကို ထားခဲ့နိုင်သွားတာဖြစ်မှာ၊ ဒါကြောင့် သူ တစ်နေရာရာမှာ ကိုယ်ပိုင်ဘဝကို အသစ်ပြန်စချင်နေတာ ဖြစ်နိုင်တယ်"
[သွမ့်ရီက အိမ်ကို တိတ်တိတ်လေးပြန်လာပြီး သူ့ပိုက်ဆံအား လုံးကိုရော၊ သူမရဲ့ သက်သေခံဘစာရွက်စာတမ်းတွေကိုယူပြီး သူ ပိုင်ဆိုင်သမျှအားလုံးကိုဖျက်ဆီးပြီး ညတွင်းကြီးပဲ မြို့ထဲကနေထွက်ခွာသွားခဲ့တာ၊ ရဲတွေရောက်လာတော့ ကောင်မ လေးနေခဲ့ဖူးတဲ့အရိပ်အယောင်တောင် မတွေ့ဘူး၊ တစ်ခုတည်း သောအရာက သူတို့လေးယောက်ရဲ့မိသားစုဓာတ်ပုံနဲ့ သွမ့်ရီ၊ အဒေါ်မောင်တို့ပါတဲ့ ဓာတ်ပုံတစ်ပုံပဲ ဒါပေမဲ့ အခုတော့ အဲ့မှာ သွမ့်ရီတော့ မရှိတော့ဘူး]
ချင်ဒုတိယမိသားစုလည်း အံ့အားသင့်သွားသည်။ သွမ့်ရီသည် တစ်ရက်တည်းနှင့်ပင် လူအများစု တစ်သက်တာတွင်တောင် မဖြတ်သန်းဖူးသော အရာများကိုကြုံတွေ့ခဲ့ရသည်။ သို့သော် သူသည် အဆက်အသွယ်အားလုံးကို ဖြတ်တောက်ရန် လျှင်မြန်စွာဆုံးဖြတ်ချနိုင်သလို အကောင်အထည်ဖော်နိုင်ခဲ့သည်။
[ရဲတွေက ထောင်ထဲကနေ သမီးကိုရှာတွေ့ဖို့ စိတ်အားထက်ညသန်နေတဲ့ အန်တီမောင်ကို အဲ့ဓာတ်ပုံ ပေးလိုက်တယ်၊ ကံမကောင်းစွာနဲ့ သူ အချိန်အတော်ကြာကြာ အပြင်ထွက်လို့ရမှာမဟုတ်တော့ သူ့ သမီးနဲ့ တွေ့ဖို့ အခွင့်အရေးဆိုတာ ဘယ်တော့မှ ရှိလာမှာမဟုတ်တော့ဘူး]
ချင်ဒုတိယမိသားစုသည် ဆဌမဦးလေးချင်မှာ လက်ချောင်းတစ်ချောင်းပင် လှုပ်ရန်မလိုတော့ကြောင်း တွေးမိလိုက်သည်။ အန်တီမောင်သည် ယခုဆိုလျှင် အချိန်တိုင်း နှိပ်စက်ညှဉ်းပန်းခံရတော့မည်ဖြစ်သည်။
သူ့ သမီးအတွက် ပြီးပြည့်စုံသော အနာဂတ်ကို ပေးလိုသော အမျိုးသမီးသည် ယခုအခါ သမီးဖြစ်သူကို ထာဝရဆုံးရှုံးသွားခဲ့ပြီဖြစ်သည်။ သူ အချိန်တိုင်းလိုလို သူ လုပ်ခဲ့သောအရာများကို ပြန်အောက်မေ့ရင်း ထိန့်လန့်နေခဲ့ရသည်။
သူမသည် သမီးဖြစ်သူမှာ ငိုကြွေးလျက် သူ့ကို အကူအညီတောင်းနေပုံ၊ သူ့၏မေတ္တာတစ်ခုတည်းကိုပဲ လိုချင်တောင့်တခဲ့သည့် သမီးလေးကို သူလျစ်လျူရှုမိသည့် မှတ်ဉာဏ်များသည် ယခုအခါ သူ့စိတ်ဝိညာဉ်ကို ဓားမြှောင်များဖြင့်ထိုးသတ်နေသလို တစ်နေ့ပြီးတစ်နေ့ ပိုမိုနာကျင်လာရသည်။