← Chapters

အခန်း (၃၂၀)

Vol. 32 Ch. 320

အခန်း (၃၂၀)

Vol. 32 Ch. 320

ကျီဖေးအံ့အားသင့်သွားကာ လိုက်ပါလာသည့်လူသုံးယောက်အား အံ့သြစွာကြည့်နေသည်။ ချင်ရှန့်၊ သူ့အဖိုးမွေးနေ့ပွဲကို မသွားဘူးလား? ကျီဖေး မထိန်းနိုင်ပဲမေးလိုက်သည်။

"ဘာလို့လဲ? သူ့အဖိုးနဲ့ ပြဿနာရှိလို့လား?"

"မဟုတ်ဘူး၊ အတိအကျပြောရရင်၊ သူ Y City ကိုပြန်မှာမဟုတ်ဘူး" ချင်ရန်မှ စိုးရိမ်စိတ်များပြည့်နှက်နေသည့် မျက်လုံးများဖြင့် ပြန်ဖြေသည်။

ချင်မိသားစုသည် မူလက Y City တွင် ထင်ရှားကျော်ကြားသည့် မျိုးနွယ်တစ်ခုဖြစ်သည်။ ရှေးကျသည့်မူဝါဒများနှင့် အခြားအကြောင်းအမျိုးမျိုးကြောင့်၊ ချင်ရယ်ရယ်သည် ၎င်းတို့သည် မတည်မငြိမ်ဖြစ်နေနိုင်သည် သို့မဟုတ် ခေတ်ကာလအရ နောက်ကျကျန်ရစ်နိုင်သည်ကို သိရှိခဲ့သည်။ ထို့ကြောင့်၊ ချင်မိသားစုသည် ၎င်းတို့၏လုပ်ငန်းများအား ဤနေရာသစ်သို့ပြောင်းသည့် ပထမဆုံးသောသူများထဲတွင် ပါဝင်ခဲ့သည်။

သို့သော် ထိုစဉ်က အဘိုးချင်သည် အသက်အရွယ်ကြီးရင့်ပြီဖြစ်သောကြောင့် သူ့သားသမီးများအား တာဝန်ပေးအပ်ရလေသည်။

မွေးချင်းများထဲတွင် ဒုတိယအကြီးဆုံးဖြစ်သည့်ပါးပါးချင်သည် ညီအစ်ကိုမောင်နှမများနှင့် အလွန်လိုက်လျောညီထွေရှိသည့် ဆက်ဆံရေးရှိသည်။ ထိုစဉ်က သူသည် ချင်မိသားစုကိုဦးဆောင်ရန် တာဝန်ယူခဲ့ပြီး မိသားစု၏အရင်းအမြစ်အများစုအား ဤမြို့သစ်သို့ယူဆောင်လာကာ ချင်မိသားစု၏စီးပွား ရေးအင်ပါယာကို တည်ငြိမ်စေခဲ့သည်။

ချင်မိသားစု၏ဆွေမျိုးသားချင်းအများအပြားသည် ဤနေရာတွင် အခွင့်အလမ်းသစ်များနှင့် ဖွံ့ဖြိုးတိုးတက်မှုများရှာဖွေရန် ပါးပါးချင်နောက်သို့ လိုက်ကာ ထိုအချိန်အတောအတွင်း Y City တွင် ၎င်းတို့နှစ်ရှည်လများထူထောင်ခဲ့သည့် ဘဝများအားစွန့်လွှတ်ခဲ့သည်။

အမှန်ပင်၊ ဥများအားလုံးကို ခြင်းတောင်းတစ်ခုထဲထည့်ထားခြင်းသည် ပညာရှိလုပ်ရပ်မ‌ဟုတ်ပေ။ Y City တွင်သာမက နိုင်ငံရပ်ခြားတွင်ပါ ပါးပါးချင်၏အခြားမွေးချင်းများထံထားခဲ့သည့် ချင်မိသားစုစီးပွားရေးလုပ်ငန်းများလည်း ရှိသေးသည်။

ပါးပါးချင်တစ်ဦးတည်းသာ သူ့မိသားစုတစ်ခုလုံးအား ဤမြို့သစ်တွင် အမြဲတမ်းအခြေချနေထိုင်ရန် ပြောင်းရွှေ့ခဲ့သည်။

အဖိုးကြီးချင်သည် ၎င်း၏အကြီးဆုံးအဒေါ်၊ တတိယဦးလေးတို့နှင့်အတူ Y City တွင်နေထိုင်ခဲ့ပြီး စတုတ္ထဦးလေးမှာ တစ်ဖက်မြို့၌ရှိနေကာ ပဉ္စမနှင့်ဆဠမမြောက်ဦးလေးတို့သည် နိုင်ငံရပ်ခြားတွင်ရှိနေခဲ့သည်။

ပုံမှန်အားဖြင့်၊ ချင်မိသားစုသည် အဘိုးချင်၏မွေးနေ့ပွဲများတွင်သာ အပြည့်အ၀စုရုံးနိုင်ခဲ့သည်။

သို့ပေမယ့် ချင်ရှန့် ဒီမြို့သို့ရောက်ကတည်းက သူ ဘယ်တော့မှမပြန်ပေ။

ကျီဖေးသည် လူတိုင်း၏စကားကို နားထောင်လိုက်သည်နှင့် သူ့မျက်ခုံးများကြုတ်လိုက်သည်။ ဤနေရာတွင် ဇာတ်လမ်းကြီးတစ်ခုရှိနေသည်ဟု မခံစားမိပဲမနေချေ။

သို့သော်၊ ဤအရာသည် ချင်ရှန့်နှင့်ဆက်စပ်နေနိုင်သည်ဟု တွေးလိုက်ခြင်းက သူ့အား အနည်းငယ် စိတ်မသက်မသာဖြစ်စေသည်၊ ထိုကဲ့သို့သောဇာတ်လမ်းသည် ကောင်းမွန်လိမ့်မည်မဟုတ်ပေ။

ချင်မိသားစုလည်း ချုံပုတ်တစ်ဝိုက်မရိုက်ချင်ပေ။ ကျီဖေးနှင့်ချင်ရှန့် တို့သည် ယခုအချိန်တွင် အလွန်ရင်းနှီးကြသဖြင့် တစ်ချို့အရာများအား သူ သိထားလျှင်ကောင်းမည်။

"တကယ်တော့ဒါက ငါ့အမှားတွေပါ။" ဟု မားမားချင်မှ အ တိတ်ကိုပြန်တွေးရင်း ခံစားချက်များဖြင့်လွှမ်းခြုံသွားသည်။

"ဒါ မင်းတစ်ယောက်တည်းရဲ့ အမှားမဟုတ်ပါဘူး။ မိဘတွေအနေနဲ့ ငါတို့ရဲ့တာဝန်ပဲလေ။ " ဟု ပါးပါးချင်မှ ချက်ချင်းနှစ်သိမ့်သည်။

၎င်းသည် ကျီဖေးအား ပိုလို့ပင်စိုးရိမ်စေသည်။

“ငါရှင်းပြမယ်။” ချင်ရန်သည် တာဝန်ကိုထမ်းဆောင်ရင်း ရှေ့တိုးလာခဲ့သည်။

အဆိုပါကိစ္စ၏ဇာစ်မြစ်သည် ချင်မိသားစု၏ စီးပွားရေးဦး တည်ချက်ပြောင်းရန် ဆုံးဖြတ်ချက်နှင့်လည်းဆက်စပ်နေ သည်။ ပါးပါးချင်သည် သူတို့၏ဘဝသစ်ကိုတည်ဆောက်ရန် ဤနေရာသို့ရောက်လာသောအခါ၊ မားမားချင်သည်လည်း သူ့အားထောက်ပံ့ရန် သဘာဝအတိုင်းလိုက်လာခဲ့သည်။

ထိုအချိန်တွင်ချင်ရန်သည် အသက်ငါးနှစ်ရှိပြီဖြစ်ပြီး သူငယ် တန်းတက်နိုင်သောကြောင့် သူ့အား ခေါ်ဆောင်လာရန်မှာ ပြဿနာမဟုတ်ပေ။ သို့သော် ချင်ရှန့်သည် အလွန်ငယ်သေးသည်၊ နှစ်နှစ်သုံးနှစ်ခန့်သာရှိသေး၏။ အထူးသဖြင့်ချင်ရှန့်သည် ချင်ရှီကဲ့သို့ပင် IQ မြင့်သည့်ကလေးအဖြစ်သတ်မှတ်ခံထားရပြီး အထူးပြုစုပျိုးထောင်မှုနှင့် လမ်းညွှန်မှုများလိုအပ်သောကြောင့် သူ့အားခေါ်ဆောင်လာခြင်းသည် မားမားချင်အားကိုင်တွယ်ရခက်ခဲစေသည်။

ထို့ကြောင့် ချင်ရယ်ရယ်သည် ချင်ရှန့်အား မွေးရပ်မြေတွင်ထားခဲ့ပြီး ၎င်းတို့ဇနီးမောင်နှံအား ထွက်ခွာ‌စေရန်ဆုံးဖြတ်ခဲ့သည်။ ထို့အပြင်၊ Y City သည် ထိုစဉ်က ကဏ္ဍတိုင်းတွင်အတိုး တက်ဆုံးဖြစ်ပြီး၊ ၎င်းသည် ကလေးငယ်များအား ပြုစုပျိုး ထောင်ရန် ပိုမိုသင့်လျော်စေသည်။ ထို့အပြင်၊ ထိုနေရာတွင် ၎င်းတို့၏ အရင်းနှီးဆုံးမိသားစုဝင်များနှင့်အတူ ချင်ရှန့်အားဂရုစိုက်ခြင်းသည် ပြဿနာရှိမည်မဟုတ်ပေ။

ချင်ရှန့်သည် အလွန်ထက်မြက်ပြီး နားလည်မှုရှိကာ ၎င်းကပင် ကြေကွဲဖွယ်ကောင်းသည့်ဖြစ်ရပ်ကို ဦးတည်သွားခဲ့သည်။ သူ့အား အကျိုးအကြောင်းရှင်းပြသောအခါတွင် ငိုယိုခြင်း သို့ ပြဿနာရှာခြင်းများမပြုခဲ့ပေ။ ဝန်လေးစွာဖြင့်၊ ပါးပါးချင်နှင့်မားမားချင်တို့သည် ၎င်းတို့၏ဘဝသစ်တည်ဆောက်ရန် ချင်ရန်နှင့်အတူ ထွက်သွားခဲ့သည်။

ဤတွင် အဘိုးချင်၏ဒုတိယဇနီး - အဘွားလုတစ်ဦးတည်းကိုသာရည်ညွှန်းထိုက်သည်။

ချင်မွေးချင်းခြောက်ယောက်စလုံးသည် ဆဋ္ဌမမြောက်ကလေးမွေးဖွားပြီးနောက် ဆုံးပါးသွားသည့် မိခင်အရင်းတစ်ယောက် တည်းမှ မွေးလာသည့်မွေးချင်းများဖြစ်သည်။ အဘွားလုသည် ကွယ်လွန်သူမစ္စချင်၏ အရင်းနှီးဆုံးသူဖြစ်ပြီး မစ္စချင်ကွယ် လွန်ပြီးနောက်တွင် ချင်မိသားစုနှင့်အတူ သားသမီးတစ်ဦးစီကို ပြုစုစောင့်ရှောက်ပေးခဲ့သည်။ သူ့အား မိသားစုမှအလွန်ပင်လေးစားသည်။

ယခင်ကအိမ်ထောင်ကျပြီး ကလေးရခဲ့ဖူးဟော်လည်း ခင်ပွန်းဖြစ်သူမှာ စောစောစီးစီးဆုံးပါးသွားသည့်အတွက် ချင်မိသားစုမှာပင် သူမ၏တစ်ဦးတည်းသောသမီးနှင့်အတူနေထိုင်ခဲ့သည်။

ဤနေရာတွင် ဒရာမာများမရှိချေ - အဘွားလုသည် သစ္စာ စောင့်သိမှုနှင့် ဝန်ဆောင်မှု၏အစဉ်အလာတန်ဖိုးများတွင် နက်ရှိုင်းစွာအမြစ်တွယ်နေသော ရှေးဆန်သည့်အမျိုးသမီးတစ်ဦးဖြစ်သည်။ အဖွားလုမှ အဖိုးချင်နှင့်လက်ထပ်ခြင်းသည် တခြားမိထွေးမှ သူ့သားသမီးများအား နှိပ်စက်မည်ကိုစိုးရိမ် သည့် မစ္စချင်၏နောက်ဆုံးဆန္ဒဖြစ်သည်။ အဘိုးချင်သည် သူ့ဇနီး၏ဆန္ဒအားမငြင်းပယ်လိုသဖြင့် သဘောတူလိုက်သည်။ နှစ်ယောက်စလုံးသည် လူကောင်းများဖြစ်ပြီး စည်းလုံးညီ ညွတ်စွာ အတူတကွနေထိုင်ခဲ့ကြသည်။

မိသားစုအမွေအတွက် မစ္စချင်၏သားသမီးများနှင့် ယှဉ်ပြိုင်နိုင်သည့်သားသမီးများအား ဘယ်သောအခါမျှ မွေးဖွားမည်မဟုတ်ကြောင်းပြသရန် အဖွားလုသည် လက်မထပ်မီလျှို့ ဝှက်စွာသားကြောဖြတ်ခဲ့သည်။ ထို့ကြောင့် ယခင်အိမ်ထောင်မှယူဆောင်လာသည့် အဖွားလု၏သမီးမှလွဲ၍ ချင်မောင်နှမအားလုံးသည် မောင်နှမအပြည့်ရှိကြသည်။

ဤသဟဇာတရှိသည့် မိသားစု၏တက်ကြွမှုသည် ချင်မိသားစုအတွင်း မည်သည့်အခါမှ ခိုက်ရန်ဖြစ်ပွားခြင်းမရှိသည့်အ တွက် Y City တွင် ကွဲလွဲမှုတစ်ခုဖြစ်စေခဲ့သည်။

အဖွားလုသည် မြေးများအား စိတ်နှလုံးအကြွင်းမဲ့ပြုစုစောင့် ရှောက်ခဲ့သူလည်းဖြစ်ရာ၊ ထို့ကြောင့် ပါးပါးချင်နှင့်မားမားချင်တို့သည် ချင်ရှန့်အား ၎င်းတို့၏မွေးရပ်မြေတွင် စိတ်ချလက်ချထားခဲ့နိုင်သည်။

သို့သော် ချင်ရှန့် အသက်ကြီးလာသည်နှင့်အမျှ၊ သူ၏ကိုယ်ရည်ကိုယ်သွေးတွင် ပြဿနာများစတင်ပေါ်ပေါက်လာသည်။

အစပိုင်းတွင် သူ၏ IQ မြင့်မားမှုသည် သူ့ပတ်ဝန်းကျင်ကမ္ဘာထဲသို့ ပေါင်းစည်းရန်ခက်ခဲစေသည်ဟုထင်ခဲ့ကြသည်၊ ထို့ ကြောင့် တဖြည်းဖြည်း စကားနည်းလာခဲ့သည်။ သို့ပေမယ့် အခြေအနေမှာ ပိုဆိုးလာသည်။ ချင်ရှန့် အသက်ငါးနှစ်ခြောက်နှစ်ခန့်ရောက်သောအခါ ပါးပါးချင်နှင့်မားမားချင်တို့သည် သူ့အား မခွဲနိုင်ကြောင်းသဘောပေါက်ကာ ၎င်းတို့နှင့်အတူနေထိုင်ရန် ခေါ်ဖို့ဆုံးဖြတ်ခဲ့သည်။

ကံမကောင်းစွာပင်၊ ထိုအခါက မားမားချင်သည် ချင်ကျောက်အားကိုယ်ဝန်ရှိနေခဲ့ပြီး ကိုယ်ဝန်သည် အထူးခက်ခဲသဖြင့် သူ့အား အချိန်ကြာမြင့်စွာဆေးရုံတင်ထားရခြင်းဖြစ်သည်။ ထို့ ကြောင့် ချင်ရှန့်အား ခေါ်ဆောင်မည့်အစီအစဉ်ကို ရွှေ့ဆိုင်းလိုက်ရသည်။

ထို့နောက် ချင်ရှန့်၏အခြေအနေသည် ပိုမိုဆိုးရွားလာခဲ့သည်။ သူသည် မည်သူနှင့်မျှမဆက်သွယ်ပေ၊ ထိုအချိန်တွင်၊ သူတို့၏ မွေးရပ်မြေရှိမိသားစုသည် တစ်ခုခုမှားနေပြီဟု သံသယရှိလာသည်။ ချင်ရှန့်အား IQ မြင့်ကလေးများအတွက် နွေရာသီစခန်းတစ်ခုသို့ပို့ခြင်းကဲ့သို့သော ဖြေရှင်းနည်းအမျိုးမျိုးကိုကြိုးပမ်း ခဲ့ကြသည်။ သို့သော် သူပြန်လာသောအခါတွင်မူ အစားအ သောက်နည်းလာကာ စိတ်ပိုင်းဆိုင်ရာတုံ့ပြန်မှုမျိုး မပြခဲ့ပေ။

အဘိုးချင်သည် ချင်ရှန့်အတွက် စိတ်ပညာရှင်တစ်ဦးအား ချက်ခြင်းရှာဖွေခဲ့ပြီး မှတ်ဉာဏ်ရှုပ်ထွေးမှုနှင့် စိတ်ခံစားမှုများ တဖြည်းဖြည်းပျောက်ဆုံးသွားသဖြင့် အထီးကျန်စိတ်ဝေဒနာခံစားနေရကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။ ထိုနှစ်တွင် ချင်ရှန့်သည် ရှစ်နှစ်ရှိပြီဖြစ်သည်။

ပါးပါးချင်နှင့်မားမားချင်တို့သည် အရာအားလုံးစွန့်လွှတ်ခဲ့ပြီး နေရာတိုင်းတွင်ဆေးအကူအညီရယူရန် ချင်ရှန့်အား ခေါ်သွားခဲ့သည်။ သို့သော် ထိုစဉ်က စိတ်ပညာနယ်ပယ်သည် အဆင့်မမြင့်သေးပဲ စိတ်ရောဂါများအားကုသရန်ခက်ခဲသည်။ သူတို့ရှာတွေ့နိုင်သည့် တစ်ခုတည်းသောရှင်းပြချက်မှာတော့ ချင်ရှန့် ၏အခြေအနေသည် မိဘများဖြင့်ဝေးနေသောကြောင့်ဖြစ် သည်။ ထိုအချိန်မှစ၍ ပါးပါးချင်နှင့်မားမားချင်တို့သည် သူ့အား အနားတွင်ခေါ်ထားခဲ့သည်။

ချင်ရှန့် အသက်ကိုးနှစ်တွင် သတိမမူမိပဲ ကျီဖေးနှင့်တွေ့ခဲ့သည်။

အချိန်ကြာလာသည်နှင့်အမျှ၊ ပါးပါးချင်နှင့်မားမားချင်တို့ သည် ချင်ရှန့်မှာ စိတ်ပိုင်းဆိုင်ရာအထီးကျန်‌နေခြင်းမဟုတ်ကြောင်း ရှာတွေ့ခဲ့သည် —သူသည် ချုပ်တည်းထားခြင်းသာဖြစ်သည်။ သူ့အတွင်း၌ တက်ကြွမှုမီးပွားလေးတစ်ခုရှိနေသေးပြီး ၎င်းဟာ တောက်လောင်ဖို့လိုနေသည်။

အချိန်ကြာလာသည်နှင့်အမျှ ချင်ရှန့်သည် တဖြည်းဖြည်းပုံမှန်ပြန်ဖြစ်လာသည်။ သို့သော် ပြောင်းလဲလာသည့်သူပုံစံသည် သူ့ပုံစံစစ်စစ်လား၊ စိတ်ပိုင်းဆိုင်ရာရုန်းကန်မှုများ၏ရလဒ်လားဆိုတာ မည်သူမျှတပ်အပ်မပြောနိုင်ပေ။

သို့သော် သက်ရောက်မှုတစ်ခုကျန်နေခဲ့သည်- ချင်ရှန့်သည် Y City သို့ပြန်သွားရန် ငြင်းဆိုနေခဲ့သည်။

ပထမတော့ ချင်ရှန့်၏စိတ်ခံစားမှုများမှာ တိတ်ဆိတ်‌နေပြီး သူကြိုက်သည်မကြိုက်သည်ကို ဖော်ပြခဲသည်။ သူ့ခံစားချက်များအားပထမဆုံးအကြိမ် ရှင်းရှင်းလင်းလင်းထုတ်ဖော်လိုက်သည့်အချိန်သည် သူ့အား Y Cityသို့ပြန်ခေါ်ရန် ကြိုးစားချိန်၌ ဖြစ်သည် —သူ အော့အန်ပြီး အဖျားတက်လာကာ သတိမေ့မြောသွားသည်။

၎င်းအားကြားပြီး ကျီဖေးအံ့အားသင့်သွားကာ အချိန်အတော်ကြာတိတ်ဆိတ်သွားပြီးနောက် နောက်ဆုံးတွင် စကားပြန်ပြောလာသည်။

သူသည် ရန်လိုသောအရိပ်အမြွက်ပါသည့် လေသံမာမာဖြင့် “ဒါက Y Cityမှာ ဆိုးရွားတဲ့ငယ်ဘဝနဲ့ကြုံခဲ့ရတာလား? တစ် ယောက်ယောက်က သူ့ကို တိတ်တဆိတ်နှိပ်စက်နေတာလား?” ဟု မေးသည်။

ချင်ရန်က "ငါတို့ သူ့ကိုမေးတယ်၊ သူက မဟုတ်ဘူးတဲ့။"

All Chapters