← Chapters

အခန်း (၂၀၃)

Vol. 21 Ch. 203

အခန်း (၂၀၃)

Vol. 21 Ch. 203

ထိုအပတ်အတွင်း ချင်မိသားစု၏အငွေ့အသက်သည် ဧကရာဇ်မင်းမြတ်ရှေ့ရောက်နေသော ကျေးကျွန်များပမာပင်။

တစ်မိသားစုလုံးသည် ကျီဖေးကို ချင်ရှန့်မည်သို့ လိုက်မည်ကို သူတို့အလွန်သိချင်သောကြောင့် ၎င်းတို့မဆုံ ဆုံအောင်တွန်းပို့တော့သည်။

သို့သော် ၎င်းတို့သည် ကျီဖေး၏ရှောင်လွှဲနိုင်သည့်စွမ်းရည်ကို သိသိသာသာလျှော့တွက်ခဲ့ကြသည်။ ၎င်းတို့ကြားတွင် လုံးဝ မြင်သာသော တိုးတက်မှုမရှိခဲ့သလို ချင်ရှန့်သည်လည်း မိန်းက လေးများကို မည်သို့ဆွဲဆောင်ရမည်ကို သိသော play boyတစ်ယောက်မဟုတ်ချေ။

ကျီဖေးလည်း ကူကယ်ရာမဲ့နေသည်။ အရာအားလုံးသည် ကသိကအောက်ဖြစ်လာသလို ခံစားရသည်။ ဒါတွေအားလုံးက ချင်ရှန့်ရဲ့အမှားပဲ၊ သူ့ကိုမျက်နှာချင်းတောင် မရင်ဆိုင်နိုင် တော့ဘူး။

ကံကောင်းထောက်မစွာ ချင်ရှန့်သည် တီဗီဒရာမာများထဲတွင် တွေ့နေကျဇာတ်ကောင်များကဲ့သို့မဟုတ်ဘဲ လုပ်ငန်းများစွာကို အာရုံစိုက်နေသောကြောင့် အမျိုးသမီးဇာတ်လိုက်ကို တနေကုန်လိုက်နေသည့် စီအီးအိုထက်တော့ အများကြီးသာသည်။ ချင်ရှန့်သည် အလွန်အလုပ်များနေသဖြင့် ၎င်းတို့ တစ်ယောက်နှင့်တစ်ယောက်တွေ့ရမည့် အချိန်များစွာမရှိပေ။ ယခင်ကနှင့် နှိုင်းယှဉ်ပါက တစ်ခုတည်းသော ကွာခြားချက်မှာ မကြာခဏ စာတိုများပေးပို့ခြင်းဖြစ်သည်။

သူသည် သတ်မှတ်ထားသောအချိန်များတွင် မက်ဆေ့ချ်ပို့တက်လာသည်။ ဥပမာ သူမ အိပ်ရာထသည့်အချိန်များတွင် good morning ဆိုပြီး ပို့တက်ကာ၊ မေးခွန်းများစွာလည်း မေးတက်ပြီး အကြောင်းအရာများကိုမျှဝေကာ အိပ်ရာမဝင်မီတွင် good night ဟူ၍ ပြောလေ့ရှိသည်။

အလုပ်နားချိန်တိုင်း သူမကို ဆက်သွယ်သလိုပင်။

ထိုအခိုက်အတန့်တွင် သူသည် သူမကိုလွမ်းနေကြောင်း ပြောတက်သေးသည်။

ကျီဖေး ဘာမှမလုပ်ခဲ့ရသော်လည်း ၎င်းတို့၏ဆက်ဆံရေးသည် ပြောင်းလဲသွားသည်ကို သူ တကယ်ခံစားနိုင်ခဲ့သည်။ ယခင်ကဆိုလျှင် ချင်ရှန့်သည် ဒီလိုမလိုအပ်သည့်အရာတွေကို ဘယ်တော့မှ လုပ်မည်မဟုတ်ချေ။

ကျီဖေးသည် ထိုသည်မှာ အွန်လိုင်းဆက်သွယ်မှုသာဖြစ်သဖြင့် မျက်နှာချင်းဆိုင်မဟုတ်သရွေ့ ကိုင်တွယ်ဖြေရှင်းနိုင်သည်...

သို့သော် ဤတစ်ကြိမ်တွင်တော့ ကျီဖေးသည် တကယ့်ကို သည်းမခံနိုင်တော့ဘဲ ညစာစားပြီးသည်နှင့် ချက်ချင်းထွက်မသွားတော့ချေ။

အကြောင်းမှာ သူမ၏အတင်းအဖျင်းကို အလွန် နှစ်သက်သော စိတ်သည် စူးစမ်းချင်စိတ်ဖြင့် တောက်လောင်နေသောကြောင့်ဖြစ်သည်။ အနေရခက်မှုများသည် ယခုအခါအရေးမကြီးတော့ချေ။

[ဒါ ချင်ရှန့်ရဲ့ အပြစ်ပဲ၊ ဒီတစ်ပတ်လုံး သူငါ့ကို စိတ်ရှုပ်အောင်လုပ်ခဲ့လို့ အခုလို အရေးကြီးတဲ့ကိစ္စကြီးကိုမေ့မိသွားတာ၊ရွှမ်ရီ အဲ့နေ့ထဲက ကြိတ်စီစဉ်ထားတာ၊ ပုံမှန်ဆိုရင် ထန်အာကလောကျိုးရဲ့ဘ၀အမှန်ကို သိသင့်ပြီမဟုတ်ဘူးလား? အခုထိ လမ်းမခွဲရသေးပုံထောက်တော့ ထန်အာ ချက်ချင်းပြန်သွားလို့များ မသိလိုက်တာများလား]

ချင်ရှန့် ဖိတ်စာကို ကိုင်လျက်ပြုံးလိုက်သည်။ စိတ်ရှုပ်တယ် ? သူ့ကြောင့် စိတ်ရှုပ်ရတာလည်း ကောင်းတာဘဲ။

စားပွဲရှိ အခြားမိသားစုဝင်များသည် ချင်ရှန့်လိုမျိုးပေါက် ပေါက်ရှာရှာ မကြည်နူးတက်သောကြောင့် အတင်းအဖျင်းများတွေးနေဆသာ ကျီဖေးဆီကိုသာ အာရုံရောက်သွားသည် ။

ချင်ရှန့်သည် ထန်အာအကြောင်းပြောပြရန် စိတ်ကူးမရှိပေ။

ထို့ကြောင့် ချင်ကျောက်သာ ပြောပြရတော့သည်။

သူသည် ကိစ္စရပ်အားလုံးကို အသေအချာပြောပြနေသည်။

ထိုစဉ် ရည်းစားဟောင်းမှ မရီးဖြစ်သွားသည်ဆိုသည့် နေရာရောက်ချိန် သူတို့ မျက်နှာများ တစ်မျိုးဖြစ်သွားသည်။

ယခု သူတို့ ကျီဖေးအတွေးကိုကြားချိန် ထပ်မံဝေဝါးသွားပြန် သည်- ဒါပေမယ့် ထန်အာဆိုတာ ဘယ်သူကြီးလဲ ?

ချင်ရုန်သည် ထန်အာဆိုသည်မှာ ကျီဖေးတောင်းဆိုမှုကြောင့် သူမ၏မိတ်ကပ်ဆရာဖြစ်လာသည်ကို အမှန်ရသွားသည်။ သူ သည် ချင်ကျောက်နှင့် ကျီဖေးတို့အတွက် သီးသန့်မိတ်ကပ်ဆရာပင်။

ကျီဖေးနှင့် ချင်ရှန့်မှလွဲ၍ ညစာစားပွဲရှိလူတိုင်းသည် လက်ဖက် ရည်သောက်နေဟန်တူသော်လည်း အားလုံးဖုန်းကိုင်ထားကြသည်။

ချင်ရုန်သည် သူ သိသော အတင်းအဖျင်းအားလုံးကိုအမြန်မျှဝေလိုက်သည်။

ကျီဖေး၏အတွေးများနှင့် ပေါင်းစပ်တွေးပါက သူ့ထံ ဒေါသ ထွက်စရာဒရမ်မာတစ်ခုခုရှိပေလိမ့်မည်။

မကြာခင်ပဲ ကျီဖေးသည် ၎င်းတို့အားအတည်ပြုပေးလာသည်။

[ထန်အာကော သိရဲ့လား? သူ နှစ်နှစ်ကြာထောက်ပံ့ပေးခဲ့တဲ့ ချစ်သူ၊ သူ အမြဲတမ်းအောင်မြင်မယ်လို့ ယုံကြည်နေတဲ့သူက လော့မိသားစုရဲ့ ကြီးကြီးတက်ချမ်းသာတဲ့ ဒုတိယသခင်လေးဖြစ်နေတယ်ဆိုတာကို သူ သိရဲ့လား? သူ ထန်အာရှေ့တမင် တကာ ဆင်းရဲချင်ယောင်ဆောင်နေတာကိုရော သိရဲ့လား? အဲ့နေ့က သူ လောကျိုးရဲ့မောက်မာပြီးချမ်းသာနေတဲ့ပုံကိုမြင်တော့ ချက်ချင်းလန့်ပြီးပြေးထွက်သွားတော့ သိလိုက်ပါ့မလား]

ချင်မိသားစုဝင်များ အားလုံးရင်မောသွားကြသည်။

ပါးပါးချင်: ဒါ တကယ်ကို ဒေါသထွက်စရာပဲ

မားမားချင်- လောမိသားစုရဲ့ ဒုတိယသားက ဦးနှောက်မရှိဘူးလား ?

ချင်ရန်: ဘယ်လောက် ရွံစရာကောင်းလိုက်လဲ ?

ချင်ကျောက်: မိန်းကလေးတစ်ယောက်ရဲ့ ခံစားချက်ကို ကစားနေတာလား? မဟုတ်မှလွဲရော သူ့မရီးအပေါ် ခံစားချက်တွေရှိနေတာလား?

ချင်ရုန်သည် ထန်အာနှင့် ကောင်းမွန်သော ဆက်ဆံရေးရှိသူဖြစ်သောကြောင့် ဒေါသအထွက်ဆုံးပင်။ ထန်အာသည် ဆရာဖြစ်သူ ဆူပူတုန်းကတောင် အရူးတစ်ယောက်လို ပြုံးနေတက်သူပင်။ သိပ်မကြာခင်တုန်းက ချင်ရုန်သည် ထန်အာကို နင့်ကောင်လေးက ဒီလိုဖြစ်နေတာ စိတ်မပျက်ဘူးလားဟု မေးဖူးသည်။

ထန်အာ စိတ်မပျက်မိချေ။ သူ ပြောသည်မှာ အခုခက်ခဲနေရင်တောင် ပျော်ရွှင်စရာ အနာဂတ်က သူမတို့ကိုစောင့်မျှော်နေပါလိမ့်မယ် ဟုပင်။ သူ့မျက်လုံးများ အလွန်တောက်ပလျက် အနာဂတ်တစ်ချိန်တွင် သူ့ကောင်လေးအောင်မြင်လာမည်ဟု ယုံကြည်ခဲ့သည်။ သူ့ကောင်လေးက အခွင့်အရေးတစ်ခုပဲလိုတာ။

အခုတော့ ချင်ရုန် ၎င်း၏ စကားများကို နည်းနည်းတော့ ယုံသွားသည်။ ဉာဏ်ကောင်းပြီး အသိပညာကြွယ်၀တာလား? သူသည် ချမ်းသာသည့်မိသားစုတွင် ကြီးပြင်းလာသော သခင်လေးတစ်ယောက်ဖြစ်သောကြောင့် သာမန်မိန်းကလေးတစ်ယောက်အမြင်တွင် ထက်မြက်ပြီးနေပုံပေါ်မှာ သေချာသည်။

ထန်အာသည် ထိုဆက်ဆံရေးကို အလွန်တန်ဖိုးထားသူတစ်ယောက်ဖြစ်သဖြင့် သူမ ယခုလိုအလိမ်ခံရသည်ကို ချင်ရုန် မည်သို့ သည်းခံနိုင်မလဲ?

[ဒီလိုကိုး၊ လောကျိုးက သူ့မွေးနေ့ကျရင် အရေးကြီးတဲ့အရာတစ်ခုပြောစရာရှိတယ်လို့ ပြောဖူးတာပဲ၊ သူက ထန်အာကို ပွင့်ပွင့်လင်းလင်းရှင်းပြမယ်လို့ စိတ်ကူးထားတော့ သူမ စိတ်ကို ပြင်ဆင်ခိုင်းထားတာပဲ၊ ထန်အာက လောကျိုး အမှန်အတိုင်း ဝန်ခံမှာကိုစောင့်နေတယ်၊ သူက ဘာကိုရွေးရမလဲဆိုတာမသေ ချာဖြစ်နေခဲ့တာ၊ လောကျိုးက သူမ နှစ်နှစ်လောက်ချစ်ခဲ့ရတော့ သူမ သူ့ကိုလက်မလွှတ်ချင်ဘူး ဒါပေမဲ့ သူ့ရဲ့တစ်ခြားစိတ်ကလည်း သူ သူမ ကိုလိမ်ခဲ့တာလို့ပဲတွေးနေတယ်]

ချင်မိသားစု: ဒါဆို .. မွေးနေ့က မရောက်သေးဘူးလား?

အဆုံးမှာ ထန်အာသည် မိတ်ကပ်ဆရာတစ်ဦးအနေဖြင့်သာ ပွဲကိုသွားရမည်ဖြစ်သောကြောင့် ၎င်းတို့သာ အချင်းချင်းသေ ချာရှင်းပြီးပါက လောကျိုးသည် ထန်အာကို ထိုသို့အလုပ်မျိုး လုပ်ခွင့်ပြုမှာမဟုတ်ချေ။

[အဟမ်း! ကြည့်ရတာ ကောင်းကင်ဘုံကတောင် ရပ်မကြည့်နိုင်တော့ဘူးနဲ့တူတယ်၊ ဒါကြောင့် သူတို့ကို မကွဲကွဲအောင် ဖန်တီးခဲ့တာပဲ]

လူတိုင်းသည် ချက်ချင်းပင် နားစွင့်လိုက်ကြသည်- ဘာလဲ ? ကောင်းကင်ဘုံက ဘယ်က ဘယ်လိုပါလာရတာလဲ ?

[မွေးနေ့ပြီးသွားပေမယ့် လောကျိုးက အဲဒီနေ့မှာပြောဖို့နေနေသာသာ ထန်အာကိုတောင် မတွေ့လိုက်ရဘူး၊ ဘာလို့ဆို ထန်အာ မွေးနေ့မတိုင်ခင်တစ်ရက်အလိုမှာ သူ့ကို ယွမ် ၅၀၀၀၀၀ ချေးပေးဖို့ပြောလာလို့ လောကျိုး ဒေါသထွက်ပြီး ထန်အာကို အေးစက်စက်ချန်ထားခဲ့လို့ပဲ]

လူတိုင်း- ဘာ ? သူက ယွမ် 500,000 ကိုဘာလို့ ရုတ်တရက် ချေးရတာလဲ ?

ဒါ့အပြင် ငွေချေးရုံနဲ့ ထားခဲ့တယ်ဆိုတာ ဘယ်လိုကြီးလဲ?

ချင်ရှန့်သည် မူလက ဤအတင်းအဖျင်းစကားကို ဂရုတစိုက်သဖြင့် နားမထောင်မည့်အစား ကျီဖေးနှင့် အတူပွဲသွားရမည်ကို တွေးနေကာ သူစိတ်အတိုင်းသာဆို ပွဲသွားမည့်အစား ဒိတ်လိုက်သည်။

သို့သော် ထိုအသံကိုကြားတော့ သူ့ညီအစ်ကိုအကြောင်းကို သိချင်စွာ နားစွန့်လိုက်သည်။

ဒီကောင်ရူးသွားတာလားဘ?

[ငါ နောက်ဆုံးတော့ နားလည်သွားပြီ၊ ထန်အာ အခုလိုငါးဆား နယ်ကောင်ကို ဘာလို့ အဲ့လောက်သည်းခံနေလဲဆိုတာ အစက နားမလည်ခဲ့ဘူး၊ တကယ်က ထန်အာတို့က မောင်နှမသုံးယောက်ရှိတာ၊ သူမမှာ အစ်မတစ်ယောက်နှင့် မောင်လေးတစ်ယောက်ရှိတယ်၊ သူမက အလတ်ဖြစ်တော့ မိဘနှစ်ပါးစလုံးရဲ့ အထူးအလေးပေးတာကိုမခံရဘူး၊ သူ့မိဘတွေက မျက်နှာ လိုက်တဲ့သူမဟုတ်သလို သူ့ကို မချစ်တာလည်းမဟုတ်ဘူး၊ သူတို့က ကလေး ၃ယောက်ထိန်းရတော့ ညီတူညီမျှမဆက်ဆံနိုင်တာပဲ]

[အဲ့မှာ မိသားစုတွေမှာဖြစ်လေ့ရှိတဲ့အရာတွေရှိတယ်၊ လျစ် လျူ ရှုခံထားရတဲ့ ကလေးကပိုပြီး နာခံမှုရှိလာတယ်၊ ပုံမှန်ဆို နာခံမှုရှိတဲ့ကလေး‌တိုင်းက လျစ်လျူရှုခံရတာပဲ၊ မိဘတွေက သူတို့ သားသမီးကို ဘယ်လောက်ချစ်လဲဆိုတာက အဲ့ကလေးကို ပိုထိန်းရလေလေပိုချစ်လေလေပဲ၊ ကြောင့်ပဲ ထန်အာက အိမ်မှာဆို တည်ရှိမနေတဲ့သတ္တဝါလေးလိုပဲ]

[သူမ အချစ်မခံရတာက သူ့အတွက် အလိုချင်ဆုံးအရာဖြစ် လာတာပဲ၊ ဒါကြောင့် သူက လောကျိုးကိုတွေ့ရဲ့ ဂရုစိုက်မှုတွေကိုခံရတာတော့ သူကလည်း တစ်ယောက်တည်းဖြစ်နေတာနဲ့ သူ လက်မလွှတ်နိုင်တော့တာပဲ]

ချင်မိသားစုသည် ထန်အာ၏ဘဝအကြောင်းကိုကြားချိန် သက်ပြင်းမချပဲ မနေလိုက်နိုင်ချေ။ ထန်အာ လောကျိုးကို နားလည်မှုလွဲနေတာ ကြားတော့ သူတို့ လက်သီးများကို ဒေါသတကြီး တင်းတင်းဆုပ်ထားလိုက်သည်။

သူ့ကို ဂရုစိုက်တာ ? ဒါလောကျိုးရဲ့ စမ်းသပ်မှုသပ်သပ်ပဲလေ။

သူမတစ်‌ယောက်တည်းသာ သူ့ဘဝတွင် ရှိသည်တဲ့လား? လောကျိုး သူ့အသိုင်းအဝိုင်းနဲ့ အဆက်အသွယ်ဖြတ်ထားတယ်လို့ ထန်အာ ကထင်သွားတာနေမှာ။

ခဏနေပါဦး ကျီဖေးရဲ့အတွေးတွေက တစ်ခုကနေ နောက် တစ်ခု ဘာလို့ ခုန်ကျော်သွားတာလဲ? သူ ပြောနေတာ...

သူတို့ စိတ်ရှုပ်နေစဉ် အဓိကအချက်ကိုကြားလိုက်ရသည်။

All Chapters